xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: December 2010

Thursday, December 30, 2010

မြန်မာ့အနုမြူစီမံကိန်းနှင့် သံသယများ

( နိုဝင်ဘာ ၁၂ ရက်နေ့က အမေရိကန် PBS အသံလွှင့်ဌာနနဲ့ Pro Publica အဖွဲ့တို့ပေါင်းပြီး ထုတ်လွှင့်ခဲ့တဲ့ Stephen Engelberg ရဲ့ Experts, Intelligence Agencies Question a Defector’s Claims About Burma’s Nuclear Ambitions သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ )
ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့တုံးက မြန်မာနိုင်ငံက ဖိနှိပ်တဲ့ စစ်အစိုးရနဲ့ ပတ်သက်တဲ့ ထိတ်လန့်စရာကောင်းတဲ့ စွတ်စွဲချက် တစ်ခုက ကမ္ဘာကို တုန်လှုပ်သွားစေခဲ့တယ်။ မြန်မာ့ တပ်မတော်က ဘက်ပြောင်းလာတဲ့ ဗိုလ်မှူးဟောင်း တစ်ဦးက နည်းပညာအရ ခေတ်နောက်ကျနေတဲ့ သူ့နိုင်ငံဟာ အနုမြူဗုံးထုတ်လုပ်ဖို့ စီမံကိန်းကို စတင်နေပြီးလို့ ပြောဆိုခဲ့ပြီး သူ့ ပြောဆိုချက်တွေကို သက်သေပြတဲ့ ဓာတ်ပုံနဲ့ စာရွက်စာတမ်းတွေကို ထုတ်ပြခဲ့တယ်။
အရင်တုံးက ပေါ်ပေါက်ခဲ့တဲ့ မြန်မာနိုင်ငံ အနုမြူဗုံး ထုတ်လုပ်ဖို့ ကြံစည်နေတဲ့ စွတ်စွဲချက်တွေ တုံးကတော့ ဂရုစိုက်တဲ့ လူ နည်းနည်းပဲ ရှိတယ်။ အခု ပြည်ပရောက် ထိပ်သီးအတိုက်အခံ အဖွဲ့အစည်း တစ်ခုက ရေးသားပြုစု ထုတ်လွှင့်ခဲ့တဲ့ သတင်းမှာတော့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီမှာ နှစ်ပေါင်းများစွာ လုပ်ခဲ့သူလည်းဖြစ်၊ အမေရိကန် အစိုးရရဲ့ လက်နက်ရေးရာ သိပ္ပံပညာရှင် ဟောင်းလည်းဖြစ်တဲ့ ရောဘတ်ကယ်လီရဲ့ အစီရင်ခံစာကိုပါ ပူးတွဲပြီး ဖော်ပြထားတယ်။ ရောဘတ်ကယ်လီရဲ့ သုတေသနပြုမှု တစ်စိတ်တစ်ပိုင်းကို အမေရိကန် အစိုးရရဲ့ အထောက်အပံ့နဲ့ လုပ်ဆောင်တာဖြစ်ပြီး ကယ်လီက ရထားတဲ့ အထောက်အထားတွေ အရဆိုရင် မြန်မာနိုင်ငံဟာ အနုမြူဗုံး ထုတ်လုပ်ဖို့ စီစဉ်နေတယ် ဆိုတာကလွဲပြီး တစ်ခြားဘာမှ စဉ်းစားစရာ မလိုဘူးလို့ သုံးသပ်ထားတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေများ

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ

မြန်မာ့ အဏုမြူ စီမံကိန်းအကြောင်းတစေ့တစ်စောင်း

(လူပြောများနေတဲ့ မြန်မာနိုင်ငံရဲ့ အဏုမြူ စွမ်းအင် စီမံကိန်းနဲ့ ပတ်သက်ပြီး သိမှတ်ဖွယ် များကို ရေးပြထားတဲ့ ဦးအဏ္ဏ၀ါ စစ်သည်ရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ အဏုမြူ စွမ်းအင် စီမံကိန်းကို အခုမှမဟုတ် ဟိုတုံးထဲက နိုင်ငံ အကျိုးတွက် စဉ်းစားလုပ်ခဲ့တယ်။ လက်နက် အတွက် မဟုတ်ဘူး ဆိုတာ တင်ပြထားတဲ့ ဆောင်းပါးကောင်း ဖြစ်ပါတယ်။)
အယ်လ်ဂျာဇီးယား သတင်းဌာနမှ ထုတ်လွှင့် သွားသော မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်း အစီအစဉ်ကို စိတ်ဝင်တစား ကြည့်မိသည်။ ထိုသတင်းတွင် အဓိကအားဖြင့် မြန်မာအစိုးရက အဏုမြူ လက်နက် ထုတ်လုပ်ရန် ကြံစည် နေသည် ဆိုသည့် အချက်ကို အသား ပေးထားပြီး မြေပြင်မှ မြေပြင်ပစ် ဒုံးကျည် လက်နက် ထုတ်လုပ်ရန် ကြိုးစားမှု၊ မြေအောက် လှိုဏ်ခေါင်းများ တည်ဆောက်မှု စီမံကိန်း စသည်တို့ကို မြောက်ကိုရီးယားနှင့် ဆက်စပ် တင်ပြ သွားသည်ကို တွေ့ရသည်။ ထိုအထဲတွင် မြန်မာ နိုင်ငံက အဏုမြူ လက်နက် ထုတ်လုပ်ရန် ကြိုးစား နေသည် ဆိုသည့် စွပ်စွဲချက် ကတော့ ဂယက် အရိုက်ဆုံး ဖြစ်မည် ထင်သည်။ သို့သော် အစိုးရကမူ မြန်မာနိုင်ငံ အနေဖြင့် အဏုမြူ လက်နက် ထုတ်လုပ် နိုင်စွမ်းလည်း မရှိ၊ ထုတ်လုပ်ရန် ရည်ရွယ်ချက်လည်း မရှိကြောင်း၊ သုတေသန အတွက် ရုရှားနိုင်ငံမှ သုတေသန ဓာတ်ပေါင်းဖို တစ်ခု ၀ယ်ယူရန် စီမံခဲ့သော်လည်း ယခုအခါ လုံလောက်သော အရင်းအမြစ် မရှိခြင်းကြောင့် ရပ်ဆိုင်း ထားကြောင်း၊ ထို အစီအစဉ် ကိုလည်း IAEA ၏ အစီအစဉ် အောက်မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဖြေရှင်း ခဲ့သည်ကို တွေ့ရသည်။

ရေတွင်းတူးစ ရေကြည်မရနိုင်သည်က သဘာဝ

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် တွင် ပါတီစုံ ရွေးကောက် ပွဲကြီး တစ်ခု ပြီးသွား ပြီး ရလဒ် များ အပေါ် ဝေဖန်မှု ရှိများ ရှိခဲ့ သည်။ မဆန်းပါ။  “တွင်းဟောင်းရေကြည် အေးမြသည်" ဟု မြန်မာစကားပုံ တစ်ခု ရှိသည်။ သို့နှင့်တိုင် အမေရိကန် ပြည်ထောင်စု ကဲ့သို့ ဒီမိုကရေစီ အသားကျ ပြီးသော နိုင်ငံ၏ ရွေးကောက်ပွဲ ရလဒ်များကို ပင်လျှင် ဝေဖန်ခံရမှုများ ရှိနေ ဆဲ ဖြစ်သည်။
ကျွန်တော်တို့ နိုင်ငံကဲ့သို့ ယခုမှ ရွေးကောက်ပွဲဟူသော ရေတွင်းကို တူးရသူ တို့ အဖို့ ဒီမိုကရေစီ တည်းဟူသော ရေကြည်ရေသန့် ချက်ချင်း မရနိုင်ခြင်း က မဆန်းပေ။ ရေတွင်းတူးစ ရေကြည်မရသည်က သဘာဝဟု ပင် ကောက်ချက် ချရပေမည်။ “ရေတွင်းတူးဖို့ ခက်သည်ကို သာမက ရေကောင်း ရေသန့်ရဖို့ ပိုခက်သည်ကိုပါ တွေ့ရသည်။ သို့သော် သေချာသည်က ရေ လိုချင်လျှင် ရေတွင်းတော့ မဖြစ်မနေတူးရန် လိုပေသည်။
ရေတွင်းမတူးဘဲ ရေမရနိုင်၊ ရေကောင်းရေသန့် မရနိုင်ပေ။ရေတွင်း တစ်ခုတူးရန် မြေပြင်စစ်ဆေးမှု များစွာလုပ်ရသည်။ ထိုသို့ အဆင့်များစွာ ပြုလုပ်ပြီးမှ တူးသည့်တိုင် တစ်ခါတစ်ရံ မြေလွှာကြော အပြောင်းအလဲကြောင့် နေရာသစ် ပြောင်းရွှေ့ရှာဖွေ၍ တွင်းသစ်တူးရသည်။ ထို့ပြင် တွင်းတူးပြီးမှ ထွက်လာသောရေက သုံး၍၊ သောက်၍မရသော အဆင့်ဖြစ်နေသဖြင့် ထပ်တူးရသည်လည်း ရှိသည်”ဟု The Voice Weekly Vol 6, No 24 တွင် “ရေကြည်သောက်ချင်လျှင် ရေတွင်းတူးသည်ကို စောင့်ရပါသည်” ဟူသည့် ဆောင်းပါးဖြင့် ရေးသားခဲ့သည်ကို ပြန်ကောက် ယူရပေဦးမည်။

မပြောချင်လို့ကြည့်နေတာကြာပြီ


           ယခုတလော မြန်မာအတိုက်အခံဆိုသူများနှင့် ပြည်ပမှအသံလွှင့်ဌာနများတို့သည် သူတော်ချင်းချင်း
သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ ဆိုသကဲ့သို့အတိုင်အဖေါက်ညီစွာဖြင့် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များထဲ
တွင် နိုင်ငံရေးအကျဉ်းသား၂၀၀၀ကျော်ရှိကြောင်းနှင့် သူတို့ကို ချက်ချင်းနှင့် ချွင်းချက်မရှိ လွှတ်ပေးကြ  ရန်
တောင်းဆိုမှုများအသံကျယ်ကျယ်လောင်လောင်အော်လျက်ရှိကြပါသည် ခေါက်ရိုးကျိုးနေသောအောက်ပါအ
ချက်လက်များပါဝင်သောထုတ်လွင့်ချက်များကို နေ့စဉ်ဆိုသလို တွင်တွင်ကြီးထုတ်လွှင့်နေကြပါသည် ၄င်းနိုင်
ငံရေးအကျဉ်းသားများကို ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေသူများဆိုပြီး အမည်တမျိုးဖြင့်လည်းခေါ် ကြ
ပါသေးသည်။

အလားအလာကောင်းနေသော ရေနံနှင့်သဘာဝဓါတ်ငွေ့

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြားကုမ္ပဏီ ၃၀ မှ လုပ်ကွက် ၅၂ ကွက်၌ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြောင်း၊ ဖော်ထုတ်ပြီး ကမ်းလွန်လုပ်ကွက်များထဲတွင် နိုင်ငံခြားကုမ္ပဏီများ မြှုပ်နှံနိုင်သည့် လုပ်ကွက်အရေ အတွက်မှာ ၂၂ ကွက်သာ ကျန်ရှိသည်ဟု စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။
    ကုန်းတွင်းလုပ်ကွက်များထဲ တွင် နိုင်ငံခြားကုမ္ပဏီရှစ်ခုမှ လုပ် ကွက် ၁၂ ကွက်တွင် ရင်းနှီးမြှုပ်နှံထားကြောင်း၊ အဆိုပါလုပ်ကွက်များသည် မန်းရေနံမြေ၊ ရေနံ ချောင်း၊ ချောက်၊ ငလှိုင်တွင်း၊ ကျောက်ဖြူ၊ အင်းတော်-ရေနံ၊ ရွှေ ဘို-မုံရွာ၊ မဟူတောင်၊ စစ်တွေ၊ ဇီးဖြူတောင်-နန်းတော်၊ ဟူးကောင်း၊ ဥရုရေနံမြေများတွင် မြှုပ်နှံထားခြင်း ဖြစ်ကြောင်းသိရသည်။

         ကမ်းလွန်လုပ်ကွက်များထဲ တွင် ရေတိမ်ပိုင်း၊ ရေနက်ပိုင်း လုပ်ကွက်များထဲမှလုပ်ကွက် ၃၀ ၌ နိုင်ငံခြားကုမ္ပဏီ ၂၂ ခုမှ ရင်းနှီး မြှုပ်နှံထားပြီး မုတ္တမကမ်းလွန်တွင် တည်ရှိသည့် ရတနာသဘာဝဓာတ် ငွေ့စီမံကိန်းနှင့် ဇောတိကစီမံကိန်း၊ တနင်္သာရီကမ်းလွန်တွင် တည်ရှိသည့် ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်း နှင့်ရခိုင်ကမ်းလွန်တွင် တည်ရှိသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းများတွင် မြှုပ်နှံထားခြင်းဖြစ်ကြောင်း သိရသည်။
    မြန်မာနိုင်ငံတွင် လက်ရှိဖော် ထုတ်ပြီး လုပ်ကွက်မှာ စုစုပေါင်း ၅၂ ကွက်ဖြစ်ပြီး လုပ်ကွက် ၃၀ မှာ နိုင်ငံခြားကုမ္ပဏီများ ၀င်ရောက်ပြီးဖြစ်ရာ ထပ်မံမြှုပ်နှံလိုသည့် နိုင်ငံခြား ကုမ္ပဏီများအတွက် လုပ်ကွက် ၂၂ ကွက်သာ ကျန်တော့သည့် အနေအထားဖြစ်ကြောင်း သိရသည်။

Wednesday, December 29, 2010

လူ့အဆင့်အတန်းဆိုတာ ဘာလဲ

ရင်းနှီးတဲ့ မိတ်ဆွေတယောက်က ထူးခြားတဲ့ အကူအညီတခု လာတောင်းပါတယ်။ နိုင်ငံခြားရောက်နေတဲ့ သူ့သားဆီကို အဲဒီနိုင်ငံမှာနေတဲ့ တပည့်ရင်းတယောက် လောက်လွှတ်ပြီး နားချခိုင်းပေးစမ်းပါဆိုတဲ့ အကူအညီဖြစ်တယ်။


ပထမဆုံးကြုံဖူးတာ
သူ့စကားကြားတော့ တော်တော် အံ့အားသင့်သွားတယ်။ နိုင်ငံခြားသွားချင်လို့ အကြံတောင်းတာ၊ အကူအညီ တောင်းတာတွေ အမြဲကြုံတွေ့နေကျဖြစ်ပေမယ့် အခုလို နိုင်ငံခြားကသား ပြန်လာစေချင်လို့ အကူအညီ တောင်းတာမျိုးတော့ တခါမှ မကြုံဖူးဘူး။ ဒါ ပထမဆုံးပဲ။ သူ့သား နိုင်ငံခြားထွက်သွားတာ သုံးနှစ်ရှိပါပြီ။ မြန်မာပြည်မှာ ဖွင့်ထားတဲ့ နိုင်ငံခြားသား အများစုသင်တဲ့ ကျောင်းကြီးတခုက အထက်တန်းပြီးပြီးချင်း သွားလိုက်တာမို့ သွားစက ၁၈ နှစ်တောင် မပြည့်သေးပါ ဘူး။ ဟိုနိုင်ငံရောက်တော့ တက္ကသိုလ်ဝင်ခွင့်မရသေးဘဲ ဝင်ခွင့်သင်တန်း တနှစ်ကြာအောင် တက်ရပါတယ်။ မြန်မာပြည်မှာ မိဘက မျက်စိအောက်က အပျောက်မခံအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့တာဆိုတော့ ၁၈ နှစ်ရွယ်သား လေးဟာ ဟိုနိုင်ငံရောက်တော့ ဇောင်းထဲက လွှတ်တဲ့မြင်းလိုဖြစ်ပြီး ပျော်ချင်တိုင်း ပျော်မြူးနေပါတော့တယ်။

မြန်မာ-အိန္ဒိယ ကုလားတန် မြစ်ကြောင်း စီမံကိန်း

အမေရိကန်ဒေါ်လာ ရှစ်သန်းခွဲကျော် ကုန်ကျမည့် မြန်မာ-အိန္ဒိယ ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင် ရေး စီမံကိန်းဆိပ်ကမ်း တည်ဆောက်ရေး အုတ်မြစ်ချအခမ်းအနားကို ယခုလ ၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပြုလုပ် ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာန၀န်ကြီးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး HE Dr Villur Sundararajan Seshadri နှင့် အိန္ဒိယ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ၊ လုပ်ပိုင်ခွင့်ရ အိန္ဒိယကုမ္ပဏီ Essar Projects (India) Ltd နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
မြန်မာ-အိန္ဒိယ ကုလားတန်မြစ်ကြောင်း သယ်ယူပို့ဆောင်ရေးစီမံကိန်းအတွက် ဆိပ်ကမ်းနှင့် ဆိပ်ခံတံတားများ တည်ဆောက်ရန် Essar Projects (India) Ltd သည် အိန္ဒိယအစိုးရနှင့် မေလတွင် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ယင်းကုမ္ပဏီ၏ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။
ယင်းစီမံကိန်းသည် အိန္ဒိယ ရူပီငွေ သန်း ၃,၄၂၀ ( အမေရိကန်ဒေါ်လာ ၈ ဒသမ ၅၅ သန်း) ကုန်ကျမည်ဖြစ်ပြီး ၃၆ လအတွင်း အပြီးတည်ဆောက် သွားမည်ဖြစ်သည်။

တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်း

ရခိုင်ပြည်နယ် မြဒေးကျွန်းတွင် အကောင်အထည်ဖော်လျက်ရှိသည့် တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းရှိ ရေနံတင် ဆိပ်ကမ်း တည်ဆောက်မှုမှာ ယခုအခါ ပထမအဆင့် မြေသားအချောကိုင်တော့ မည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
သို့သော်လည်း ယခုအခါ ယင်းလုပ်ငန်းစဉ်များကို ခေတ္တရပ်နားထားရာ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြန်လည်စတင်မည်ဖြစ်သည်။
ကျောက်ဖြူမြို့ရှိ ဆိပ်ကမ်းတည် ဆောက်မှု ပထမအဆင့်မှာ ပြီးစီးလျက် ရှိရာ ၂၀၁၃ ခုနှစ် နှစ်စတွင် ပြီးစီးရန် ရည်ရွယ်ထားသည့် ယင်းရေနံ ဆိပ်ကမ်း မှာ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံစိမ်းအား မြဒေး ကျွန်းရှိ ရေနံ ဆိပ်ကမ်းမှတစ်ဆင့် မကွေး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်များကို ရေနံပိုက်လိုင်းဖြင့် ဖြတ်ကျော်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းသို့ ပို့ဆောင်မည် ဖြစ်သည်။
အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံစိမ်းအား တရုတ်ပြည်သို့ သယ်ဆောင်ရာတွင် ကြာမြင့်ချိန်ကို ယင်းဆိပ်ကမ်းကြောင့် လျော့ကျသွားစေမည်ဖြစ်ပြီး စွမ်းအင်နှင့်ပတ်သက်၍ မလက္ကာရေလက်ကြားကို အားထားနေရခြင်းမှ လျော့ပါးစေမည်ဖြစ်သည်။

Sunday, December 26, 2010

နိုင်ငံတစ်ခု၏ ဂုဏ်သရေ

Legitimacy ဆိုသော စကားလုံးကို တရားဝင်မှုဟု ဘာသာပြန်ရမည် ဖြစ်သော်လည်း နိုင်ငံရေးနှင့် ပတ်သက်လျှင် ဂုဏ်သရေဟု ဘာသာပြန်က ပိုမို ထိရောက်မည် ထင်ပါသည်။ ထို့ကြောင့် နိုင်ငံတစ်ခု၏ Legitimacy ဆိုသည်မှာ နိုင်ငံတစ်ခု၏ ဂုဏ်သရေဟု ဘာသာပြန်ရလိမ့်မည် ထင်ပါသည်။
နိုင်ငံတစ်ခု၏ ဂုဏ်သရေဟုပြောလျှင် အများစုက အစိုးရကို ပြေးမြင်ဖွယ် ရှိသော်လည်း နိုင်ငံတစ်ခု၏ ဂုဏ်သရေဆိုသည်မှာ အစိုးရ၊ နိုင်ငံ့မျက်နှာဖုံး လူပုဂ္ဂိုလ်များ၊ နိုင်ငံကိုယ်စားပြု သံတမန်များ၊ နိုင်ငံကိုယ်စားပြု အားကစားအသင်းများ၊ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အောင်မြင်မှုများမှသည် နိုင်ငံသား တစ်ဦးချင်း၏ အပြုအမူအဆုံး ပါဝင်ပတ်သက်သည်ဟု ဆိုရလိမ့်မည် ဖြစ်ပါသည်။

$ သန်း ၈၆၀၀ ကျော်တန် ထားဝယ်ရေနက်ဆိပ်ကမ်း



၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထိုင်းဝန်ကြီးချုပ် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး သုံးပတ်အကြာ ရွေးကောက်ပွဲ အကြိုကာလ နိုဝင်ဘာ ၂ ရက်နေ့တွင် နေပြည်တော်၌ ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Italian - Thai နှင့် မြန်မာနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာနတို့ ဒေါ်လာ ဂ ဒဿမ ၆ ဘီလီယံတန် ထားဝယ်ရေကန် ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ဆောက်ရေး စီမံကိန်း သဘောတူ စာချုပ် လက်မှတ် ရေးထိုးခဲ့ကြရာ ထိုစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော အထူး စီးပွားရေးဇုန် (Special Economic Zone) အဖြစ် ပေါ်ပေါက်လာမည် ဖြစ်ပြီး မြန်မာ့ စီးပွားရေးကို ဆွဲတင် သွားပေတော့မည်ဟု ယူဆရသည်။
ထိုစီမံကိန်းကို ဆယ်နှစ်အတွင်း ပြီးစီးအောင် အကောင်အထည် ဖော်သွားမည် ဖြစ်ကာ အဆင့်သုံးဆင့် ပါဝင်ပြီး ရေနက် ဆိပ်ကမ်း၊ စက်မှုဇုန်နှင့် ထိုင်းနိုင်ငံသို့ ကားလမ်း၊ ရထားလမ်းများဖြင့် ဆက်သွယ်ရေးတို့ ပါဝင်သည်။ စက်မှုဇုန်သည် အရှေ့တောင် အာရှဒေသ တစ်ခုလုံးတွင် အကြီးဆုံး စက်မှုဇုန် အဖြစ် ပေါ်ထွက်လာမည်ဟု ခန့်မှန်းထားကြသည်။

ခေတ်ပြိုင်နိုင်ငံရေးမြင်ကွင်းထဲက ဒုတိယပင်လုံ

ကလေးမြို့ကြေညာစာတမ်းအရ ဒုတိယပင်လုံညီလာခံကြီးကို ကျင်းပဖို့ စိုင်းပြင်းနေကြသည်။ တိုင်းရင်းသားလူမူမျိုးစုများနှင့် ညီညွတ်ရေးအတွက် ဆွေးနွေးရမည့် အခင်းအကျင်းကို ပြင်ဆင်ြခင်း တစ်ရပ်ဟု အဆိုပြုသူတွေက တင်သည်။ သို့သော်လည်း မြန်မာ့နိုင်ငံရေးတွင် ပင်လုံပုံရိပ်သည် အကောင်းထက် အဆိုး၊ ယုံကြည်မှုထက် သံသယကိုသာ ပွားစေနိုင်သည်ကို တွေ့ရသည်။ ပင်လုံကို စတင်ခ်ခဲ့သ့သည့် ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျှင် ပင်လုံနှင့်ပတ်သက်သည့် အငြင်းပွားစရာများကို ချန်ထားရစ်ခဲ့သည်။ ပင်လ်လုံကြောင့် ၁၉၄၇ ဖွဲ့ စည်းပုံ အခြေခံဥပဒေတွင် ၁၀ နှစ်ကြာသောအခါ ပြည်ထောင်စြုကီး ခွဲထွက်လိုလျှင် ခွဲထွက်ပိုင်ခွင့်ကို ပေးအပ်လိုက်ရသည်။ ယခု ဒုတိယပင်လုံကိုနားလည်ဖို့ ပထမပင်လုံကို အရင်စောကြောကြည့်ရန်လိုသည်။

Friday, December 24, 2010

လှေကြီးပေါ်တွင် လှေငယ်တင် ပဲ့စင်က လှုပ် လှိုင်းကပုတ်

“လှေကြီးပေါ် တွင်၊ လှေငယ်တင် ပဲ့စင်က လှုပ်၊ လှိုင်းကပုတ် . . .” နိုင်ငံတော်ဟူသည် လှေကြီး တစ်စင်း နှင့် တူ သည်။ မာလိန်မှူးနှင့် တူသော အစိုးရ တစ်ရပ် ရှိရသည်။ လှေသားများနှင့် တူသော အစိုးရ ယန္တရားများ ရှိရ သည်။ ရေကြောင်းပြနှင့်တူသော ပါတီအဖွဲ့အစည်း များရှိရသည်။ ခရီးသည်နှင့်တူသော ပြည်သူ လူထုလည်း ရှိရသည်။ တက်၊ရွက်တို့နှင့်တူသော စီးပွားရေးအင်အားရှိ ရသည်။ လှေဝမ်းခွံနှင့် တူသော စီးပွားရေး အခြေခံအဆောက်အဦများ လည်းရှိရသည်။ ယင်းအင်္ဂါရပ်များ တက်ညီလက်ညီ စုစည်း ကောင်း မွန်ပြည့်စုံမှ လိုရာခရီးသို့ ဆိုက်ဆိုက် မြိုက်မြိုက် ချောချောမွေ့မွေ့ ရောက်နိုင်သည်။ နိုင်ငံရေး အသုံးအနှုန်းအရ ယင်းသို့ နိုင်ငံ၏ အင်္ဂါရပ်လုပ်ငန်းဆောင်တာများ စုစုစည်းစည်းညီညီ ညွတ်ညွတ်ဖြင့် ချောချောမွေ့မွေ့ လည်ပတ်ဆောင်ရွက်နေသည်ကို နိုင်ငံရေးအရ စုစည်းမှုရှိသည်ဟု ဆိုကြ ၏။
သို့သော် . . . လှေကြီးပေါ်တွင် လှေငယ်တစ်စင်းထပ်၍ တင်လိုက်သကဲ့သို့ နိုင်ငံတော်စနစ်တစ်ခု အတွင်း၌ ရှိရင်း စွဲဥပဒေစည်းမျဉ်းမူဘောင်များနှင့် အကျုံးမ၀င်ဘဲ ယင်းနိုင်ငံတော်ယန္တရားနှင့် စင်ပြိုင်လှုပ်ရှားဆောင်ရွက်မှု တစ်ရပ်ပေါ်လာခဲ့လျှင် နိုင်ငံရေးမတည်မငြိမ်ဖြစ်လာတတ်သည်။

မသိမှု၏ အဆုံးစွန်

တရုတ်ပညာရှိ သုခမိန်ကြီး “တိန်းတီ”က ပြောဖူးတယ်။ “မသိဘဲ သိသည်ထင်ခြင်းသည် မသိမှု၏ အဆုံးစွန်တည်း၊ ယုတ်မာသည်ကို မြတ်သည်။ ထင်ခြင်းသည် ယုတ်မာမှု၏ အဆုံးစွန်တည်း”ပါတဲ့။ မသိတဲ့သူတွေ၊ တစ်စိတ်တစ်ပိုင်း လောက်သာ သိတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ အလွန်သိ၊ အလွန်တတ်တယ်လို့ တစ်ခါတစ်ခါ ထင်တတ်ကြပါတယ်။ စွန်ကို ရောက်နေတဲ့ သူတွေလို့ ပြောရင်ရပါလိမ့်မယ်။
မသိတာကို သိတယ်ထင်တာ၊ နည်းနည်းကလေး သိတာကို အများကြီး သိတယ်ထင်တာ၊ ရိုးတိုးရိပ်တိပ် သိတာကို ရှင်းရှင်းလင်းလင်း သိတယ်လို့ ထင်နေတာဟာ အလွန်ဆိုးပါတယ်။ လုံးဝမသိတာဟာ  အန္တရယ်မရှိပေမယ့် မသိသလိုလို သိသလိုလိုတွေက အလွန်အန္တရယ်ကြီးပါတယ်။ ရိုးသားတဲ့စိတ်ကို အခြေခြံပီး တစ်စိတ်တစ်ပိုင်းပဲ သိရင်တစ်စိတ်ပဲ သိပါတယ်။  ဆက်ပြီးတော့ လေ့လာရဦးမယ်လို့ ၀န်ခံတတ်တဲ့ သူတွေဟာ တကယ်ပဲ သမာသမတ်ကျတယ်။ တည်ကြည်တယ်လို့လည်း ပြောနိုင်ပါလိမ့်မယ်။

ငွေအကြွေတွေ တကယ်ပဲရှားနေသလား

ရန်ကုန်မြို့နေ လူထု တစ်ဝက်ခန့်မှာ ဘတ်စ်ကားစီး ခရီးသည်များ ဖြစ်ကြသည်။ နံနက် မိုးမလင်းမီ အရုဏ်အချိန်မှ စကာ ညသန်းခေါင် အချိန်အထိ ဘတ်စ်ကား၏ ကဏ္ဍက ကျယ်ပြန့်လှသည်။
ကိုယ်နေ သည့်အရပ်က ဒဂုံ(အရှေ့) ရေမနီး ကုန်း ဝေးအရပ်မှာမို့ အလုပ်ရှိရာ ဗိုလ်တထောင်သို့ လာရာတွင် ခြေလျင်ဖြင့် လမ်းထိပ်သို့ မိနစ်(၂ဝ)လျှောက်၊ ဘက်စ်ကား(၅ဝ) ကျပ်တန်စီး၊ တိုးကြောင်ကလေး ဘူတာမှာဆင်းပြီး အပြန်ကျပြန်တော့ အလုပ် ဆင်းချိန်က ရထားချိန်နှင့် တွက်မရ၍ စိန်ပေါလ်မှတ်တိုင်ထိ လမ်းလျှောက်ပြီး (၂၁ဝ)အထူး (၂ဝဝ)ကျပ်တန်ကားကို စီးရပြန်သည်။ နေ့စဉ်နှင့် အမျှ ရုံးသွားရုံးပြန် ကားခ၊ ရထားခပေးရာတွင် ငွေအကြွေပြဿနာက အမြဲပင်ကြုံတွေ့နေရ သည်။ (၅ဝ)တန် (၁ဝဝ)တန်ဆိုသည်များကလည်း ကိုယ့်အိမ်တွင်းထဲက နှိုက်တိုင်း မထွက်သည့် အရာများမို့ စပယ်ယာများနှင့် အမြဲအခြေအတင် ဖြစ်ရသည်။ သည်အကြွေကိစ္စက နေ့စဉ်ပင်ဖိစီးသည်၊ ဖြစ်သင့်ဖြစ်ထိုက်၊ ရှိသင့်ရှိထိုက်သည့် အခြေအနေတစ်ခုထက် ကျော်လွန်လာသောအခါ ထိုအခြေအနေတစ်ရပ်ကို တမင်ဖန်တီးနေသည့် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုက စနစ်တကျများ စီစဉ်လုပ်ကိုင်နေသလားဟု သုံးသပ်မိသည်။ နိုင်ငံတော်ဘဏ်မှလည်း လစဉ် သိန်းရာချီ လဲပေးနေပါလျှက်၊

ခက်ခဲစွာတည်ဆောက်ခဲ့ရသည့် ပင်လုံစိတ်ဓါတ် (၁)



အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားတွေ စည်းလုံး ညီညွတ်ပြီး လွတ်လပ်ရေး ပန်းတိုင်ကို ချီတက်ဖို့အတွက် သမိုင်းဝင် ပင်လုံ အစည်းအဝေးကြီး (၁၉၄၇)မှာ အခက်အခဲ အကျပ်အတည်း တွေနဲ့ ရင်ဆိုင် ရပြီးတော့မှ ပင်လုံစာချုပ်ကြီးကို (၁၂၊၂၊၁၉၄၇) နေ့မှာ ချုပ်ဆို နိုင်ခဲ့ပါတယ်။ ပင်လုံစာချုပ် လက်မှတ်ရေးထိုးစဉ်က တည်ဆောက်ခဲ့ရတဲ့ စိတ်ဓာတ်ကို နောင်အခါ ပင်လုံစိတ်ဓာတ်လို့ မွန်မွန်မြတ်မြတ် ကမ္ပည်းထိုးနိုင် ခဲ့ပါတယ်။ အလွယ်တကူဆောင်ရွက်လို့မရခဲ့သလို တိုင်းရင်းသားများ သွေးစည်း ချစ်ကြည်ရေးဟာ ရေရှည်တည်တံ့ခိုင်မြဲဖို့ လိုပါတယ်။ သိမ်မွေ့ပြီး သိပ်ပြီးလည်း အကဲဆတ်ပါတယ်။

အခင်းကျင်းသစ်ကို ချဉ်းကပ်မှုအသစ်ဖြင့် နားလည်ရန်လို



အခင်းအကျင်းသစ်ကို ချဉ်းကပ်မှု အသစ်၊ ယုတ္တိ အသစ်တို့ဖြင့် နားလည်ရန် လိုသည် ဆိုသည့် ဆရာမောင်စူးစမ်း ဂျာနယ်တစ်စောင်တွင် ဆရာနှစ်ပါး၏ အယူအဆနှစ်ခုကို ဖတ်ရသည်။ (ဆရာ) ကျော်ဝင်းနှင့် (ဆရာ) မောင်စူးစမ်း နှစ်ဦးလုံးသည် ဖြတ်သန်းပုံခြင်းလည်း မတူ ရပ်တည်ချက်ခြင်း မတူ။ သို့သော် ရည်ရွယ်ချက် ကတော့ သိပ်ပြီး ကွာကွာဟဟ မရှိလှ။
(ဆရာ)ကျော်ဝင်းက မြန်မာနိုင်ငံမှာ ရုရှားနှင့် မတူသလို၊ တရုတ်နှင့်လည်း တူသည်မဟုတ်ပါ။အလားတူ ယနေ့ဒီမိုကရေစီ ချန်ပီယံဆု ယူကြသော အမေရိကန်နှင့်လည်း မတူပါ။
မျက်မှောက်ခေတ် ဒီမိုကရက်တိုက်ဇေရှင်း၏ ဘာသာရပ်၏ ကနဦးကျမ်းအဖြစ် ပညာလောကက သတ်မှတ်ထားသော 'တတိယလှိုင်း' (The Third Wave) စာအုပ်တွင် ကျမ်းရှင် ပါမောက္ခဟန်တင်တန်က မြန်မာနိုင်ငံအကြောင်း အနည်းအကျဉ်းတို့ ထိထားသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ် အပြီး ပေါ်ထွက်လာခဲ့သော ဒီမိုကရတ်တိုက်ဇေရှင်း ဒုတိယလှိုင်းတို့တွင် အပါအဝင် ဖြစ်ခဲ့သည်ဟုသူ ဆိုသည်။ သို့သော် စစ်အေးတိုက်ပွဲ အရှိန်မြင့်မားခြင်းနှင့်အတူ ပေါ်ထွက်လာသော ဒုတိယဆန့်ကျင်လှိုင်းထဲ့သို့ ပြန်လည်ထိုးကျ သွားခဲ့ရသည်ဟု မှတ်ချက်ပြုခဲ့သည်။ ဤတွင် စိတ်ဝင်စားဖို့ကောင်းသည်မှာ ဆိုခဲ့ပါ နိဂုံးဇာတ်ကွက်တွင် ထူးထူးခြားခြား ပါဝင်ခဲ့သော လူမျိုးစုပြဿနာ ဖြစ်လိမ့်မည်ထင်သည်။

အမေရိကန်လေတပ် ၀ီကီလိခ် ပိတ်ပင်

အမေရိကန်လေတပ်က ၀န်ထမ်းတွေကို ၀ီကီလိခ်က ဖော်ကောင်လုပ်ထားတဲ့ အမေရိကန် စစ်ရေးနဲ့ သံတမန်ရေး လျှို့ဝှက်သတင်း တွေ ကို ပုံနှိပ်ထုတ်ဝေခဲ့တဲ့ သတင်းမီဒီယာ ၂၅ ခုရဲ့ ၀က်ဘ်ဆိုက်တွေကို ၀င်ရောက်အသုံးမပြုဖို့ ပိတ်ပင်လိုက်တယ်လို့ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြော ကြားခဲ့ပါတယ်။
ဒီလို ပိတ်ပင်လိုက်တယ်ဆိုတာဟာ ကေဘယ်အွန်လိုင်းတွေမှာလည်း သတင်းတွေ လွှင့်တင်ထားတဲ့ နယူးယော့ခ်တိုင်း(မ်)၊ ဂါးဒီးယန်း သတင်းစာနဲ့ Der Speigel အပါအ၀င် သတင်း ၀က်ဘ်ဆိုက်တွေကို ကွန်ပျူတာအသုံးပြုသူ လေတပ်ဝန်ထမ်းတွေ အသုံးပြုလို့ မရအောင် ရည်ရွယ်တာပါလို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဒေးဗ်လာ ပန်က အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။

ကဲ ကျွန်တော်တို့ ဘာတွေချန်ထားခဲ့ကြမှာလဲ

လူတိုင်းပါးစပ်ဖျားမှာ လွယ်လွယ်ပြောတတ်ကြတဲ့ ရှေးရိုးစဉ်လာ စကားတချို့ကို သဘောမကျ နိုင်ကြောင်း မကြာခဏဆိုသလို ရေးဖြစ်ခဲ့တယ်။ ဘုရားတောင် အမှီရှိမှပွင့်တယ်ဆိုတဲ့ စကား မျိုးဟာ ‘အတ္တာဟိ အတ္တနောနတ္ထော’ မိမိကိုယ်သာ ကိုးကွယ်ရာဆိုတဲ့ မြတ်စွာဘုရားသခင်ရဲ့ အဆုံးအမနဲ့ ဆန့်ကျင်နေရုံမျှမက ဘုရားသခင်ရဲ့ သဗ္ဗညုတ ရွှေဉာဏ်တော်ကိုပါ သေးသိမ် အောင်ပြုသလို ဖြစ်နေကြောင်း ရေးခဲ့ဖူးတယ်။

သီလကြောင်တွေက ခုတုံးလုပ်
အလားတူပဲ ‘အူမတောင့်မှ သီလစောင့်နိုင်တယ်’ဆိုတဲ့ စကားကို အကျင့်ပျက် သီလကြောင် တွေက ခုတုံးလုပ်ပြီး ထင်ရာစိုင်းတတ်တဲ့ အကြောင်းလည်း ရေးဖူးတယ်။ မကြာခင်လေး က တောင် ‘ရေကိုသားလို့ အကြားမထင်’ ဆိုတဲ့ တစ်သွေးတည်း တစ်သားတည်း စည်းလုံးညီ ညွတ်ရေး အညွှန်းစကားဟာ လူအမျိုးမျိုး စိတ်အထွေထွေ လောကမှာ မဖြစ်နိုင်ရုံသာမက ဒီမို ကရေစီရဲ့ သဘောနဲ့လည်း ဖီလာဆန့်ကျင် ဖြစ်နေတဲ့အကြောင်း ရေးဖြစ်လိုက်သေးတယ်။

စနစ်တကျ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပါ

ကွယ်လွန်သူ စာရေးဆရာ ကဗျာဆရာများအကြောင်း လွမ်းစာတွေရေးကြတဲ့အခါမှာ အရက်ဆိုင်ထဲ အရက်သောက်ရင်း ပြောကြဆိုကြတာတွေ အရေးများနေတဲ့အကြောင်း မကြာမီက ရေးလိုက်ပါတယ်။


စုတုပြု

ကွယ်လွန်သူတွေရဲ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေရုံသာမက စာကဗျာဝါသနာပါတဲ့ လူငယ်လေးတွေ အတုယူမှားဖွယ် ဖြစ်စေတာကြောင့် ရေးလိုက်တာပါ။ လူ့ဦးနှောက်ဆိုတာ 'စုတုပြု' ဆိုတဲ့ ဆိုရိုးစကားအတိုင်း ဖြည်းဖြည်းချင်းနှင့် တဆင့်ပြီး တဆင့် ဖွံ့ဖြိုးလာတာ ဖြစ်တယ်။ ရှေ့ကပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်တွေကို နောက်လူတွေက အတုယူကြတယ်ဆိုတာ သဘာဝ ဖြစ်ရိုးဖြစ်စဉ်ကိစ္စ ဖြစ်တယ်။

Wednesday, December 22, 2010

ပြည်တွင်းဖြစ်နိုင်ငံခြားသား ကိုရွှေဗမာများသို့

´ ကျွန်တော်တို့ စိတ်ဓာတ်တွေ အများကြီး ပြင်မှကို ဖြစ်မယ်ခင်ဗျ။ သူများတွေနဲ့ အများကြီး ပြတ်ကျန်နေရစ်ပြီ``စင်ကာပူမှာ ဆယ်နှစ်ကျော်သွားပြီး အလုပ်လုပ်နေခဲ့တဲ့ ကျောင်းသားဟောင်း တယောက် ခေတ္တပြန်လာတိုင်း၊ ကန်တော့နှုတ်ဆက်ရင်း ပြောလိုက်တဲ့ စကားဖြစ်ပါတယ်။ ဟိုနိုင်ငံ ဒီနိုင်ငံတွေက ပြန်ရောက်လာတဲ့ လူတိုင်းပြောမြဲ စကားမို့ မဆန်းတော့ပါဘူး။
ဘ၀င်လေဟပ်သူတွေရဲ့စကား
စိတ်ဓာတ်တွေ ပြင်ရမယ်လို့သာ ပြောတာ။ ဘာစိတ်ဓာတ်မျိုးတွေ ပြုပြင်ရမှာလဲ လို့တော့ တိတိကျကျ မပြောပါဘူး။ နိုင်ငံခြားပြန်တွေ ပြောနေကျ စကားတွေ ကြားရဖန်များလို့ ရိုးတောင်နေပြီ။
´´ မြန်မာတွေပျင်းတယ်``
´´မြန်မာတွေညံ့တယ်၊ ဖျင်းတယ်``
´´ မြန်မာတွေ စည်းကမ်းမဲ့တယ်``
´´ မြန်မာတွေ ကြိုးစားအားထုတ်မှု မရှိဘူး``
စတဲ့စတဲ့ အပေါ်စီးက ကြည့်တဲ့လေသံနဲ့ ပြောစကားမျိုးတွေ ဖြစ်ပါတယ်။

ဒုတိယပင်လုံနဲ့ဒေါ်စု

ဒေါ်စုကြည် ဘာကြောင့် အသက် ၄၂ နှစ်ကျော်မှ နိုင်ငံရေးလုပ်သလဲဆိုတာကို မြန်မာ့နိုင်ငံရေး အတိုက်အခံတို့က အချိန်မတန်သေးလို့ မလုပ်သေးတာလို့ ဖြေခဲ့ကြပါတယ်။ တချို့ကတော့ ၄၂ နှစ် ထိ နိုင်ငံရေးလုံးဝ မလုပ်ပဲ နိုင်ငံခြားမှာ အချိန်တန်တဲ့ထိ စောင့်မျှော်ရင်း နိုင်ငံရေး ဗဟုသုတပြည့်စုံအောင် လေ့လာနေတယ် လို့ ဆက်ဆက်ထိမခံ ပြန်ပြောကြပါတယ်။
ကိုင်း ဒါဆို ခုဆိုရင် နိုင်ငံခြားမှာလည်း နိုင်ငံရေးနဲ့ ပတ်သက်တာတွေ အများကြီး လေ့လာလို့ ပြီးခဲ့ပြီ။ အိမ်ထဲမှာလည်း အကြာကြီးလေ့လာပြီးခဲ့ပြီ။ အချိန်လည်း တန်ပြီလို့ ထင်ပါတယ်။ ဒီထက် အချိန်မတန်ရင်လဲ နောက်ဘဝမှ လုပ်ယုံသာ ကျန်တော့တယ်။ ဒီတော့ အသက်ကလည်း ၆၅ နှစ် ကျော်ပြီဆိုတော့ နိုင်ငံရေး ဗဟုသုတဆိုတာ ပြည့်စုံယုံမက လျှံထွက်နေပါပြီ။ ဆုတွေကလည်း သောက်သောက်လဲ ရထားပါသေးတယ်။ နိုဘယ်ဆုကြီးကလည်း ရထား၊ အတွေးအခေါ်ရှင်များ စာရင်းမှာလဲ ပါသူတစ်ယောက်ဖြစ်နေပြီး။ မြန်မာလူမျိုးအချင်းချင်း ကိုယ်တောင် မြန်မာ လိုမပြောနိုင်အောင် ပညာတွေ တတ်ကျွမ်းရင့်မာသူတစ်ယောက် ရဲ့ အသက် ၆၅ နှစ်မှာ ပထမဆုံး နိုင်ငံရေး ခြေလှမ်း ဖြစ်တဲ့ ဒုတိယ ပင်လုံ ဆိုတာကြီးရဲ့ အောင်မြင်မှု တွေ သုံးသပ်ကြည့်ရအောင်......။

Tuesday, December 21, 2010

သင်အစိုးရဆိုလျှင်ဘာလုပ်မလဲ ( ၁ )

နိုင်ငံအတွင်းလျှပ်စစ်မီးကောင်းစွာမရသည့်ကိစ္စနှင့်ပတ်သက်၍ -
- အစိုးရတွင်လုံးဝတာဝန်ရှိသည် ။ ဒေသတွင်းနိုင်ငံများနှင့်စာလျှင် အလွန်နည်းနေသည်
- မီးမလာ၍ မီးစက်များသုံးရ သဖြင့်စက်သုံးဆီကုန်သည်၊ နားညီးသည်၊ လေထု ညစ်ညမ်းသည်
- မီးခွက် ဖယောင်းတိုင်များသုံးရသဖြင့် မီးဘေးအန္တရယ် စိုးရိမ်ရသည်
- ခလေးတွေ စာကောင်းကောင်းမကျက်ရ ၍ ပညာရေး အတွက်ရင်လေးရသည်
- ကုန်ထုတ်လုပ်မှုတွင် မီးစက်များသုံးရ သဖြင်ထုတ်လုပ်မှုစရိတ် ကြီး၍ ကုန်ဈေးနှုံးတက်မည်
- မှောင်နေသဖြင့် ဒုစရိုက်မှု များပိုလာမည် 

ရုရှားနိုင်ငံလုပ် ညူကလီးယားဓါတ်အားပေးစက်ရုံတစ်ခုတည်ဆောက်ရေးလုပ်ငန်းခွင်တစ်ခုပုံ

ဒီတော့ အစိုးရက ရုရှားနိုင်ငံနှင့် ၁၀၀၀ မီဂါ ၀ပ်ထုတ်နိုင်သော နျူကလီးယားစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံတည်ဆောက် ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ( ၃၀၀၀) ကျော်အကုန်အကျခံ၍ တည်ဆောက်ရန်ညှိနှိုင်း သဘောတူခဲ့သည်...ခုနက ပြောနေကြသူများ ၀မ်းမြောက်စွာ ကြိုဆိုကြမည်ဟု မထင်လိုက်ပါနှင့်အောက်ပါအတိုင်း ဆက်ပြောကြသည်.....

ဝီကီလိခ် ဆိုတာမိတ်ဆွေပါ





အခုတလော ကမ္ဘာ့နိုင်ငံအတော်များများက အစိုးရတွေနဲ့ မီဒီယာလောကကြီးတစ်ခုလုံး ရင်တမမနဲ့ စောင့်ကြည့်နေကြရတဲ့ဖြစ်ရပ်ကြီးတစ်ခု ပေါ်ထွက်လာခဲ့တယ်။ အမေရိကန်အစိုးရရဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေကို '၀ီကီလိခ်' ဆိုတဲ့ အွန်လိုင်းမီဒီယာတစ်ခုက ဖွင့်ချဖော်ထုတ်နေတဲ့ကိစ္စဖြစ်တယ်။

အသုံးအများဆုံး Password ( ၂၀ )


ဝီကီလိခ်မှ ထိပ်တန်းဖော်ပြမှုများ


စတော့ဟုမ်း - ခရာတွတ်၍အသိပေးသော ၀က်ဘ်ဆိုက် ၀ီကီလိခ်သည် တိုတောင်းသည့် အချိန်ကာလ အတွင်း (ယခုရက် သတ္တပတ်အတွင်း) ထုတ်ဖော်ပြလိုက်သည့် သံတမန်ကြေးနန်း ၂၅၀,၀၀၀ အနက်မီးမောင်း ထိုးခံရ သည့် မှတ်တမ်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

အရူးတစ်သိုက်နဲ့ရူးမိုက်တဲ့နိုင်ငံရေး

ခုန်ချမဲ့ အမျိုးသမီးဘေးမှာ "ကျနော်နဲ့မြအေးနဲ့က လုပ်ဖော်ကိုင်ဘက်ပါ" လို့ ၀င်ပြောနေတာကတော့ 74 ကျောင်းသားအမည်ခံပြီး အင်္ဂလန်နိုင်ငံကို ရောက်လာတဲ့ ဒုက္ခသည် ခွန်ဆိုင်းဆိုသူပါ..ဘယ်လိုကနေ ဘယ်လို 74ကျောင်းသားအမည်လည်း ခံသေး မြအေးနဲ့လည်း လုပ်ဖော်ကိုင်ဖက်ပါ ဆိုတော့ စဉ်းစားစရာအောင် မလိုဘဲ ဖောနေတာသိသာနေပြီ..အင်္ဂလန်လည်းရောက်ရော ခွန်ဆိုင်းတယောက် ဟိုနေရာလည်း ပါ ဒီနေရာပါ ဖြစ်လာတော့တာဘဲ..(ဟိုနေရာလည်းတွေ့ ဒီနေရာလည်းတွေ့ရတာ များတာကတော့ ခွေးချေးဘဲ..ဟိုနေရာပါ ဒီနေရာပါဆိုရင် ဘာဖြစ်မလည်း ).ထိုင်းနိုင်ငံ မဲ့ဆောက်မှာနေတုန်းကတော့ အဲလိုပါလို့မရဘူး. သူ့ ထက်အပါ ကြမ်းတဲ့ကောင်တွေရှိနေတယ်မဟုတ်လား...အဲတော့ ခွန်ဆိုင်းဆိုတဲ့ ငနဲက ခပ်ကုပ်ကုပ်လေးပေါ့..တနေ့တော့ သူတပါးတွေဆီက အလကားရတဲ့ အရက်နဲ့ဘီယာကို အားမနာတမ်း သောက်စို့ပြီး(အင်္ဂလန်ကို ဒုက္ခသည်အဖြစ် သွားရတော့မယ်ဆိုတဲ့ အထိမ်းအမှတ်ပွဲ)အပြန်မှာ

ငါးမင်းဆွေမှ ဒေါ်စုကြည်သို့ ( ၃ )

မင်္ဂလာပါ မစု။ မစုလို့ ခေါ်ဝေါ် သုံးနှုန်းတာကို စာဖတ်ပရိသတ် အချို့က ဒါဟာ မရိုမသေ ခေါ်ဝေါ်တာ ဖြစ်ကြောင်း ဝေဖန် ပြောဆို လာကြပါတယ်။ ကျွန်တော့် အစ်မအကြီးဆုံး ဒေါ်ညိုဟာ မစုထက် တစ်နှစ်ကြီး ပါတယ်။ အစ်မကြီး ဒေါ်ညိုကိုလည်း ကျွန်တော် မညိုလို့ပဲ ခေါ်ခဲ့ပါတယ်။ မစုထံသို့ အိတ်ဖွင့်ပေးစာ (၁)နှင့် ''အမြန်ဆုံး ရုန်းထွက် လိုက်ပါတော့လား'' ဆောင်းပါးများကို ရေးခဲ့တဲ့ ၂၀၀၇ ခုနှစ် အချိန်တုန်းက မစုဟာ နေအိမ်မှာ အကျယ်ချုပ်နဲ့ နေထိုင်နေရတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ မစုကို ကရုဏာ ပိုခဲ့မိပြီး မစုလို့ ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီစာတွေထဲမှာ "မစုရေ" "မစုရေ" လို့ စာပိုဒ်ရဲ့ အစတိုင်းမှာ နွေးထွေးစွာ ခေါ်ဝေါ်ခဲ့ပါတယ်။ မျက်စိအောက်က ပျောက်သွားတဲ့ ဆယ်ကျော်သက်ရွယ် အစ်မကြီး တစ်ယောက်ကို စကားပြော တတ်ကာစ မောင်ငယ်လေး တစ်ယောက်က တစာစာ တမ်းတခေါ်နေတဲ့ သဘောပါပဲ။ နောက်ပြီး မစုဟာ ကျွန်တော်တို့ လွတ်လပ်ရေး ဖခင်ကြီးရဲ့ သမီး ဖြစ်တာကြောင့် အစ်မရင်း တစ်ယောက်လို သဘောထားခဲ့ မိပါတယ်။ ခု မစု လွတ်မြောက် လာချိန်မှာ ဒေါ်စုလို့ မခေါ်ချင်တော့ ပါဘူး။ ဟိုအရင်တုန်းက မစုအပေါ် ဖြစ်ပေါ်ခဲ့တဲ့ အကြင်နာ၊ ကရုဏာ စိတ်တွေဟာ ခုထက်ထိ ရှင်သန်နေဆဲ ဖြစ်တဲ့အတွက် မစုလို့ပဲ ဆက်၍ ခေါ်ခွင့်ပေးဖို့ အနူးအညွတ် မေတ္တာ ရပ်ခံ အပ်ပါတယ် မစု။

ငါးမင်းဆွေမှ ဒေါ်စုကြည်သို့ ( ၂ )

မင်္ဂလာပါ မစု။ ၂၀၁၀ နိုဝင်ဘာ (၁၃) ရက်နေ့ မှာ မစုလွတ်မြောက် လာတဲ့သတင်းကို ကြားသိရတဲ့အတွက် အတိုင်းမသိဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ကျွန်တော်က နိုဝင်ဘာ (၁၀) ရက်နေ့ ကတည်းက မွန်ပြည်နယ် ဆားကွင်းကိုရောက်နေတာမို့ မစုကို အပြေးအလွှား ဆီးကြိုချင်ပေမယ့် မဆီးကြိုနိုင်ခဲ့ပါဘူး။ ကိုယ်ဝန်အရင့်အမာကြီးလွယ်ထားတဲ့ သမီးကြီး သဲပိုင်ဦးကတော့ မစုကို အပြေးအလွားဆီးကြိုခဲ့ပါတယ်။ မစုကို ထောင်သောင်းချီတဲ့ မြန်မာပြည်သူလူထု ပရိသတ်ကြီးက ဝမ်းပန်းတသာ ကြိုဆိုကြတဲ့အကြောင်း ကြားသိရလို့ ကျွန်တော် အလွန်ကျေနပ်အားရဖြစ်ရပါတယ် မစု။

ဂုဏ်ယူစရာ နိုဘယ်ဆု


ယခုနှစ် (၂၀၁၀) အတွက် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆု ကြီးကို ရရှိသွားသူ တရုတ်နိုင်ငံမှ လူရှောင်ဘို (Liu Xiaobo) အား ဂုဏ်ပြုပါ၏...။ ၂၀၁၀ အတွင်းမှာ အစ္စရေး နှင့် ပါလစ်စတိုင်း စစ်ရေးပြဿနာ၊ အီရက်၊ အာဖဂန်နှင့် အမေရိကန် စစ်ရေးပြဿနာ၊ ဇင်ဘာဘွေနိုင်ငံ၏ ငြိမ်းချမ်းရေးပြဿနာ၊ မတည်ငြိမ်နိုင်သေးတဲ့ အိုင်ဗီကို့ ပြဿနာ၊ လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ အနီ၊ အဝါ၊ အပြာ ပြဿနာ၊ နောက်ဆုံး မြောက်ကိုရီးယားနဲ့ တောင်ကိုးရီးယားပြဿနာ... စတဲ့ မငြိမ်းချမ်းတဲ့ ပြဿနာပေါင်းများစွာကို ငြိမ်းချမ်းအောင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ဖြေရှင်းသူပေါင်း များစွာ ရှိတဲ့အထဲမှာမှ ထောင်ထဲကနေ ငြိမ်းချမ်းရေး နိုဗယ်ဆု ကို ရရှိသွားသဖြင့် ပိုပြီးတော့ လေးစားမိပါကြောင်း.....။

Monday, December 20, 2010

အိန္ဒိယနှင့် ကုန်သွယ်ရေး အရှိန် မြှင့်မည့် စစ်တွေဆိပ်ကမ်း

မြန်မာနိုင်ငံ၏ စတုတ္ထ အကြီးဆုံး ကုန်သွယ်ဘက် အိန္ဒိယနှင့် ကုန်သွယ်ရေး အရှိန်အဟုန် မြှင့်မည့် မြန်မာနိုင်ငံရှိ စစ်တွေ ဆိပ်ကမ်းနှင့် မြန်မာနှင့် ထိစပ်လျက်ရှိသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ကို ဆက်သွယ်မည့် ကုလားတန် မြစ်ကြောင်း ဘက်စုံ ပို့ဆောင်ရေး စီမံကိန်းတွင် ပါဝင်သော ဆိပ်ကမ်း တည်ဆောက် အကောင် အထည်ဖော်မှုကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စတင်လိုက်ပြီ ဖြစ်သည်။
ကုလားတန် မြစ်ကြောင်း ဘက်စုံ ပို့ဆောင်ရေး စီမံကိန်းသည် မြန်မာနိုင်ငံ စစ်တွေ ဆိပ်ကမ်းနှင့် အိန္ဒိယ-မြန်မာ နယ်စပ်ရှိ မီဇိုရမ် ပြည်နယ်တို့ကို ကုလားတန် မြစ်လမ်းကြောင်းတွင် ၁၅၈ ကီလိုမီတာ အကွာအဝေးဖြင့် ဆက်သွယ်ထားကာ ပလက်ဝမြို့တွင် အဆုံးသတ်မည် ဖြစ်ပြီး ယင်းနှင့် ၁၂၉ ကီလိုမီတာ ကွာဝေး သော အိန္ဒိယ-မြန်မာနယ်စပ်ရှိ မီဂျီနှင့် ချိတ်ဆက်ကာ အိန္ဒိယနိုင်ငံရှိ အမျိုးသား အဝေးပြေး လမ်းမကြီးနှင့်လည်း ချိတ်ဆက်မည် ဖြစ်ရာ အိန္ဒိယ အတွင်းပိုင်း ဒေသများနှင့်လည်း လမ်းကြောင်း ပွင့်သွားမည် ဖြစ်သည်။

Friday, December 17, 2010

ပညာကိုဟမ်ဘာဂါလိုရောင်းတဲ့ခေတ်

ဒီကနေ့ ပညာသင်ကြားရေးစနစ်က စီးပွားရေးလုပ်ငန်းကြီးတွေအတွက် ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးရုံသက်သက် ဖြစ်နေပြီး တက္ကသိုလ်တွေ ဟာလည်း ဘွဲ့ရလုပ်သားတွေ အစုလိုက် အပြုံလိုက် မွေးထုတ်ပေးတဲ့ စက်ရုံကြီးတွေ ဖြစ်နေပြီ။

WikiLeaks ဆိုသည်မှာ



ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆူနာမီပြီး လျှင် အကြီးဆုံးဟုဆိုရမည့် ငလျင်ကြီး တစ်ခု ဖြစ်ခဲ့သည်။ ထိုငလျင်က မြေ ပေါ်တွင်မဟုတ်၊ မိုးပေါ်တွင်ဖြစ်ခဲ့သည် မို့ အားလုံးအတွက် ထူးဆန်းနေသည်။


အထူးသဖြင့် ငလျင်ဗဟိုချက်က အမေရိကန် နိုင်ငံရေးနဲ့ သံတမန်အသိုင်းအ၀ိုင်းကို အကြီးအကျယ်အထိနာစေခဲ့ခြင်းဖြစ်သည်။ အမေရိကန် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လုံခြုံရေး၊ သံတမန်ရေး လျှို့ဝှက်ချက် လေးပုံတစ်ပုံကျော် ဖောက်ချ လိုက်တဲ့ ၀ိကိလိခ်စ် (WikiLeaks) အွန်လိုင်း ငလျင်ကြီးပင်။

ဦးနှောက်ယိုစီးမှုလား ဦးနှောက်ဖွံ့ဖြိုးမှုလား

w61113
ပြည်တွင်းက ပညာတတ်တွေ နိုင်ငံခြားထွက်သွားပြီး အလုပ်လုပ်ကြတာနဲ့ ပတ်သက်ပြီး အပြင် အယူအဆ အမျိုးမျိုး ရှိကြတယ်။ တချို့ကဒါဟာ ဦးနှောက်ယိုစီးမှု(brain drain) ဖြစ်တယ်။ ပညာသင်ကြားပေးခဲ့ရတဲ့ မိခင်နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ သဘောထားကြတယ်။

ပညာရှင်ဆိုတာ

အခုတလော ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ နိုင်ငံရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး၊ ဖွံ့ဖြိုးရေးစတဲ့ ပညာရပ်ဆိုင်ရာ စာအမျိုအစားတွေ တော်တော်လေး ထည့်သွင်းဖော်ပြလာကြတာ တွေ့ရတယ်။ အများစု က နိုင်ငံခြားစာအုပ်တွေကို ဘာသာပြန်တာ၊ တစ်ဆင့် ပြန်ပြောတာတွေ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို သုံးသပ်ဝေဖန်ပြီး ကိုယ်တိုင်ပြုစု ရေးသားထားတာမျိုး မတွေ့ရသလောက် ဖြစ်တယ်။ အဲဒါ ကြောင့် မြန်မာစာဖတ်ပရိတ်သတ်အတွက် အကျိုးရှိသင့်သလောက် မရှိဘူးလို့ ယူဆမိတယ်။


ဘိုစိတ်ပေါက်ပြီး ဘိုယိမ်းကနေကြလို့



မြန်မာနိုင်ငံရဲ့ လူဦးရေဟာ အခု ၂ဝ၁ဝ ပြည့်နှစ်မှာ သန်း ၆ဝ နီးပါးရှိ နေပြီလို့ သိရတယ်။ ၁၉၆ဝ ခုနှစ် ဆီလောက်က လူဦးရေ သန်း ၂ဝ ကျော်ရှိရာကနေ နှစ်ပေါင်း ၅ဝ အ တွင်းမှာ သန်း ၄ဝ တိုးတက်လာ တဲ့သဘောဖြစ်တယ်။

သမိုင်းကိုဘယ်သူဖန်တီးတာလဲ

သမိုင်းကိုဖန်တီးတာ ဘယ်သူလဲ။ လူစွမ်းကောင်းတွေလား၊ ပြည်သူပြည်သား လူအများလား။ ဒီမေးခွန်းကို အငြင်းပွားခဲ့ကြတာ နှစ်ပရိစ္ဆေဒတွေ မနည်းတော့ဘူး။ ယေဘုယျခြုံပြီးပြောရရင် လက်ယာသမားတွေက ရုစဗဲ့လို၊ ချာချီလို ဧရာမ ပုဂ္ဂိုလ်ကြီးတွေက သမိုင်းကိုဖန်တီးပုံဖော်တာလို့ဆိုကြပြီး လက်ဝဲသမားတွေက သမိုင်းဖန်တီးရှင်ဟာ ပြည်သူတွေသာဖြစ်တယ်လို့ ယုံကြတယ်။




ဘယ်သူနိုင်ငံရေးသမားလဲ


နိုင်ငံရေးမလုပ်တဲ့သဘော မဟုတ်ဘူး



ဒီလို မယူဆတာက နိုင်ငံရေးကို စိတ်မဝင်စားလို့ မဟုတ်ဘူး။ မနှစ်သက်လို့လည်း မဟုတ်ဘူး။ နိုင်ငံရေးနဲ့ လုံးဝ ကင်းကင်းရှင်းရှင်း နေလို့လည်း မဟုတ်ဘူး။ သတင်းစာ အလုပ် လုပ်ရင်းနဲ့ နိုင်ငံရေး သတင်းတွေရေးသလို သုံးသပ် ဝေဖန်ချက်၊ ထင်မြင် ယူဆချက်တွေလည်း ရေးခဲ့တယ်။ နိုင်ငံရေးသမားမျိုးစုံနဲ့လည်း ထိတွေ့ ဆက်ဆံခဲ့တယ်။ နိုင်ငံရေး ပါတီတခုထဲ ပါဝင်ပြီး အချိန်ပြည့် နိုင်ငံရေးလုပ်သူ မဟုတ်တာကြောင့် နိုင်ငံရေးသမား မဟုတ်ဘူးလို့ ယူဆထားတာ ဖြစ်တယ်။ လုံးဝ နိုင်ငံရေး မလုပ်ဘူးဆိုတဲ့သဘော မဟုတ်ပါဘူး။

အိုးဘိုထောင်မှာ သာတဲ့လ ( ၅ )


ကျေးဇူးရှင် ဆရာတော်ဘုရား၏ တရားသံအဆုံးတွင် သာဓုခေါ်သံများနှင့် အိုးဘိုထောင် နံရံများဆီသို့ မြည်ဟီး ရိုက်ခတ်လာသည်။ ကျေးဇူးရှင် ဆရာတော် တရားနာကြားခွင့် ရသူများထဲတွင် သေဒဏ် အမိန့် ကျခံထားရသော သူများလည်း ပါရှိသည်။ အခြား ဘာသာခြား တရားခံများလည်း ပါရှိသည်။ အိုးဘိုထောင်၏ တာဝန်ရှိသူများသည် အိုးဘိုထောင်အတွင်းရှိ ထောင်ကျ အကျဉ်းသား၊ အကျဉ်းသူများကို တရားနာကြားခွင့် ပြုသည့်အပြင် သီတဂူ ဆရာတော်ဘုရားကြီးမှ လှူဖွယ်ဝတ္ထုများ ဆက်ကပ်ခွင့် ပေးသည်မှာ ကျေးဇူးကြီးလှသည့် အစီအစဉ် ဖြစ်သည်။ အချို့မှာ အသံချဲ့စက်မှတဆင့် မိမိတို့၏အဆောင်တွင် တရားနာယူခွင့်ရကြသည်။ အချို့မှာနေရာအခက်အခဲကြောင့်သီတဂူဆရာတော် ဘုရား၏ တရားတော်ကို နာယူခွင့်မရကြ။ ထောင်ပိုင်ကြီးက အိုးဘိုထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသောအကျဉ်းသားအချို့နှင့် လွတ်လပ်စွာမေးမြန်းခွင့်ပြု ခဲ့သည်။

အိုးဘိုထောင်မှာ သာတဲ့လ ( ၄ )



အဇာတသတ် တိတ္ထိဆရာ ၆ယောက်ဆီ ရောက်ပြီးပြီ။ ငြိမ်းချမ်းရေးတရား နာရလား။ မနာရဘူး။ ခုနှစ်ကြိမ်မြောက် အစည်းအဝေးခေါ်တယ်။ ငါစိတ်တွေ ဆင်းရဲလွန်းလို့ ပြောကြစမ်းပါ။ ဘယ်သွား တရားနာရမလဲ။ တန်ဆောင်မုန်း လပြည့်နေ့ကြီး။ ဘယ်သူမှမပြောဘူး။ ငြိမ်နေတယ်။ ကြာတွေက ပွင့်လို့။ လကလည်းပဲ ကြည်လင်နေအောင် သာတယ်။ ကောင်းကင်ကလည်းပဲ မြူတွေ။ ဆီးနှင်းတွေမရှိဘူး။ ဒီလောက် သာယာကြည်နူးဖွယ် ကောင်းတဲ့ညချမ်း၊ ကာလမှာ ငါဘယ်သွားတရားနာရမလဲ။ ဘုရင်ကြီး စိတ်ဆင်းရဲနေတယ်။ ခြောက်အုပ်စုက ဂိုဏ်းဆရာခြောက်ယောက်ဆီ ပို့ပြီးပြီ။ နောက်တစ်ခုက ဘုရားဆီပို့ပို့ပဲ ကျန်တော့တယ်။ ဆရာဝန်ကြီးဇီဝက။ ဗုဒ္ဓဘာသာ၊ ကျောင်းဒကာ၊ သောတပန်သူ အဲဒီအစည်းအဝေးမှာ ပါတယ်။ ဒါပေမယ့် သူမပြောရဲဘူး။ ငြိမ်နေတယ်။ ဘာဖြစ်လို့လဲ။ တိတ္ထိကိုးကွယ်တဲ့အုပ်စုက ခုနှစ်ပုံ၊ပုံရင် ခြောက်ပုံရှိတယ်။ ဗုဒ္ဓယုံကြည်တဲ့သူက တစ်ပုံပဲရှိတယ်။ အဲဒါပဲ လောကမှာအနှစ်ကို အနှစ်ရံသော အုပ်စု၊အနှစ်ကို အကာရံသောအုပ်စု၊ အကာကို အနှစ်ရံသောအုပ်စု။ အကာကို အကာရံသောအုပ်စု။ အဖွဲ့အစည်းလေးမျိုးရှိတယ်။

အိုးဘိုထောင်မှာ သာတဲ့လ ( ၃ )


ဓမ္မထဲမှာပါဝင်တဲ့ သီလတစ်လုံးထဲရဲ့ အဓိပ္ပါယ်ဟာ အားလုံး အတွက် လူ့ဘဝနဲ့ တစ်ထပ်တည်းကျတယ်။ ဗုဒ္ဓမပွင့်မီ ဆရာကြီး (၆)ယောက်ရဲ့ စကားတွေဟာ အကုန်လုံး မုသာဝါဒတွေကြီးပဲ မဟုတ်ဘူးလား။ မုသာဝါဒ စကားတွေဟာ လောကကြီးတစ်ခုလုံးကို တစ်လွဲတစ်ချော် ဖြစ်စေတယ်။ မုသာဝါဒတွေ များများပြော ပြီးတော့ တိုင်းပြည်နဲ့လူမျိုးကို လမ်းမလွဲမိပါစေနဲ့။ ကိုယ်ကျင့်ကောင်းမှ တန်ဖိုးရှိကြမယ်။ အရင်းအနှီး ရှိကြမယ်။ ဒါကြောင့် ဘဝရဲ့တန်ဖိုး၊ ဘဝရဲ့တန်ခိုးကို အကျင့်တရားနဲ့ မြှုပ်နှံရင်းနှီးကြပါ။ သီလကောင်းမှ အကျင့်ကောင်းမှ ဘဝရဲ့လွတ်မြောက်ခြင်း တစ်ခုကိုရတယ်။ အကျဉ်းထောင်ထဲမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေ လွတ်မယ့်ရက်ကို အကုန်မျှော်တယ်နော်။ အကျင့်ကောင်းရင် လွတ်မြောက်ခြင်းကို ရတယ်။ လွတ်မြောက်ခြင်းဆိုတဲ့ ချမ်းသာအတွက် အားလုံး ကိုယ့်ကျင့်တရား အရင်းပြုရမယ်။ ကိုယ်ကျင့် တရားကောင်းရင် တစ်ချက်ထဲမှတ်ထား။ အပြစ်မှ လွတ်မြောက်တယ်။ သတ်တဲ့အပြစ် မရှိတော့ဘူး။ ခိုးတဲ့အပြစ် မရှိတော့ဘူး။ အပြစ်မှလွတ်မြောက်ခြင်းကို ရပါတယ်။ တစ်ချက်မှတ်ထား။

Thursday, December 16, 2010

အိုးဘိုထောင်မှာ သာတဲ့လ ( ၂ )


ဘုန်းကြီးတို့ ဘာသာမှာတော့ ဗုဒ္ဓကိုယ်တိုင်က ဟောတာ။ ဘာရည်ရွယ်ချက်နဲ့ ဟောတော်မူသလဲလို့ မေးရင် ရည်ရွယ်ချက် (၂)ပါး။ (၁)အားလုံး သတ္တဝါတွေဟာ ကောင်းကျိုးတွေ ဖြစ်စေချင်ပါတယ်။ ငါ့ကိုးကွယ်သူ ဖြစ်ဖြစ်။ ငါ့မကိုးကွယ်သူပဲ ဖြစ်ဖြစ် ဗုဒ္ဓကို ယုံကြည်လို့ပဲ ဖြစ်ဖြစ်၊ မယုံကြည်လို့ပဲဖြစ်ဖြစ် မည်သည့် သတ္တဝါမဆို၊ သက်ရှိ သတ္တဝါတိုင်းရဲ့ အပေါ်မှာ ကောင်းကျိုးတွေ ဖြစ်စေချင်ပါ တယ်။ တစ်ညီတည်း မိုးရွာသလို ဗုဒ္ဓရှင်တော်ရဲ့ မေတ္တာနဲ့ ကရုဏာ။ မိုးရွာတယ်ဆိုရင် ကောက်ပဲသီးနှံလေးတွေ ရှိတဲ့နေရာ ရွာသလိုပဲ ကောက်ပဲသီးနှံ မရှိတဲ့ တောအုပ်ကြီးထဲလည်း ရွာချလိုက်တာပဲ။ ပိုးကောင်လေးတွေ မရှိတဲ့ နေရာရွာသလိုပဲ။ ပိုးကောင်လေးတွေရှိတဲ့နေရာလည်း ရွာချလိုက်တာပဲ။ မိုးနဲ့တူတယ်တဲ့တစ်ညီတည်းသွားတယ်။ မြတ်ဗုဒ…္ဓ…၏မေတ္တာနဲ့ကရုဏာသည် မိုးလိုလူကောင်းသူကောင်းတွေချည်းပဲ မိုးရေချမ်း နဲ့ဆွတ်ဖျန်းပါစေ မဟုတ်ပါ ဘူး။ လူဆိုး သူဆိုးတွေအပေါ်လည်း မိုးရွာသွန်းပြီး ဆွတ်ဖျန်းမှာပဲ မိုးက တစ်ညီတည်းရွာတာ။ လူတွေသာအေးချမ်းပါစေ မဟုတ်ဘူး။

Wednesday, December 15, 2010

အိုးဘိုထောင်မှာ သာတဲ့လ ( ၁ )

ကျေးဇူးရှင် သီတဂူဆရာတော် ဒေါက်တာ ရှင်ဉာဏိနိဿရက ထောင်ထဲ ရောက်သည်နှင့် ထောင်ဆေးရုံသို့ သွားကြည့်သည်။ မန္တလေးအိုးဘိုထောင် ဆေးရုံမှာ အင်းစိန်ထောင်ဆေးရုံနှင့် သဘာဝချင်းမတူ။ သို့သော် သန့်ရှင်းအောင်၊ လေဝင်လေထွက် ကောင်းအောင် စီစဉ်ထားသည်။ ထောင်ဆေးရုံမှ အကျဉ်းသားအချို့ကို ပိုက်တန်းလန်းနှင့် လူအများပင် တွေ့ခဲ့ရသည်။ မန္တလေးအိုးဘိုထောင် သီတဂူအလှူပွဲသည် အင်းစိန်ထောင် အလှူပွဲလို မဟုတ်။ သီတဂူ အလှူရှင်များသည် သူ့အဖွဲ့နှင့်သူ ခွဲ၍ လှူဒါန်းကြခြင်း ဖြစ်သည်။ သီတဂူဆရာတော်ကတော့ သေဒဏ်ကျ ခံထားရသူများထံ ကိုယ်တိုင် သွားရောက်၍ မေတ္တာပို့ကာ အားပေးစကား ပြောကြားကာ ကိုယ်တိုင် လှူဒါန်းခဲ့သည်။ မန္တလေးအိုးဘိုထောင်၌ ကြိုးသမားများသည် သီတဂူဆရာတော် ဘုရားအား မန္တလေးအိုးဘိုထောင်ထွက်လက်ရာတစ်ခုဖြစ်သည့်ကြိုးပုတီးပေါင်း များစွာကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မယားခိုး အောင်ကျော်စိုး



ခေါင်းမှာ ခွပ်ဒေါင်းကိုစီး သံရုံးရှေ့တွေမှာကြွေးကြော် ပို့စတာတွေတကိုင်ကိုင်နဲ့ ပြောလိုက်ရတဲ့ မြန်မာနိုင်ငံ အစိုးရမကောင်းကြောင်း တောင်းလိုက်ရတဲ့ဒီမိုကရေစီ ထိုလူတွေကိုအထင်ကြီးလေးစားဘို့ အရေး ထိုလူတွေအကြောင်းတော့ သိဘို့လိုသေးမဟုတ်ပါလားဗျာ...နိုင်ငံရေးသမားအရေးခြုံ ဆားထဲကထွက်တဲ့လောက်ကောင်မြတ်ဗုဒ္ဓဟောတဲ့ ကံငါးပါးထဲက ကာမေသုကံကို ကြူးလွန်လို့ သူ့တပါးမယား ခလေးအမေကိုမရှောင် ဒီလောက်ကောင်ခိုးယူခဲ့တယ်ဗျာ...

8888 ဖြစ်ရပ်မှန်

မနက်ဖြန် လူထုအုံကြွမှုကြီးလုပ်မယ်။ သဘက်ခါ ဆန္ဒပြမယ်၊ တစ်ပက်အတွက် လှုပ်ရှားမယ်။ တစ်လအတွင်း ဆူပူမယ် ဆိုပြီး ကဗျာမျိးစုံစပ်၊ ကြေညာချက်မျိုးစုံထုတ်၊ ၈၈၈၈ တုန်းက စစ်တပ်က ပစ်ထားတဲ့ ဗွီဒီယိုဖိုင်တွေနဲ့ ပိုစ့်အသစ်တွေတင် (ဒါတွေချည်း ထပ်နေပြီ) နဲ့ ဘလော့ပေါ်မှာ ကီးဘုတ်ကိုင်ပြီး တက်ကြွနေကြတယ်။
ပူချင်ကြ၊ ဆူချင်ကြမှာပေါ့ သူတို့တွေမှ မပါရတာ။ တကယ်ဖြစ်တော့ နောက်ဆုံးကနေ ကြောက်ဒူးတုန်နေကြ။ ဘုမသိဘမသိ ပြည်သူတွေကို မိုက်ရူးရဲ ဖြစ်အောင် မြောက်ပေးကြ၊ သေခိုင်းကြတယ်။ ၈၈၈၈ လုံးကို မမေ့ဖို့ ခဏခဏပိုစ့် အသစ်တင်နေကြတယ်။ နောက်တစ်ကြိမ် ၈၈၈၈ ထပ်လုပ်ဖို့ အမြဲပြောနေကြတယ်။ ၈၈၈၈ ဆူပူမှုမှာ ကောင်းတာဘာရှိလဲ?? မသိတာလား၊ မသိချင်ဟန်ဆောင်ကြတာလား?? ၈၈၈၈ ဖြစ်တုန်းက နှပ်ချေးတွဲလောင်းနဲပ ဘုမသိဘမသိလူတွေ၊ ကျောင်းသားဘဝ ရူးသွပ်ခဲ့ကြသူတွေနဲ့ မမွေးသေးတဲ့ လူတွေကတော့ ၈၈၈၈ ကို နောက်တစ်ကြိမ်မကဘူး နောက် ၁၀ ကြိမ်ဖြစ်စေချင်မှာပဲ။ အဲ့တုန်းက အဖြစ်ပျက်မှန်တွေကို မြင်ထားတဲ့လူတွေကတော့ ဘယ်တော့မှ မဖြစ်ပါစေဖို့ ဆုတောင်းတယ်။ အမှန်တရားတွေကို မသိရင် သိအောင် ကြည့်ကြပါ။











ရလဒ်ကတော့ ကမ္ဘာ့အလည်မှာ အရှက်ကွဲ။ ပိုပြီးနောက်ကျ။ အပြစ်မဲ့ပြည်သူတွေသေကြ။ နိုင်ငံပိုင် ပစ္စည်းများစွာ ပျက်စီးဆုံးရှုံးရတာပဲ။ ကောင်းတဲ့ အချက်ဘာရှိလဲ???? ဘာမှမရှိဘူး။ စက်တင်ဘာ အရေးအခင်းရော ဘာထူးလဲ။ ပြည်သူတွေနဲ့ နိုင်ငံအတွက် ဘာမှမထူးဘူး အတူတူပဲ။ NLD-LA နဲ့ တချို့ ကမကထတွေ ကားစီးသွားရတာပဲ ရှိတယ်။ သူတို့တွေနဲ့ နိုင်ငံရေး ဒေါ်လာစားဘလော့ဂါတွေကတော့ တစ်လတစ်ခါ ဆူပူမှုဖြစ်လေ ကောင်းလေပဲပေါ့။ အနည်းဆုံး ပိုစ့်အသစ်ရတယ်။ အခြေနေကောင်းရင် ဒေါ်လာပိုရတယ်။ ကိုယ့်စီးပွားရေး အဆင်ပြေဖို့ ပြည်သူတွေသေခိုင်းဖို့၊ နိုင်ငံတော်ကို သိက္ခာချဖို့၊ ဖျက်စီးဖို့ ဝန်မလေးသူတွေပဲ ဆူချင်ပူချင်နေကြတာပဲ။

Saturday, December 11, 2010

နိုင်ငံရေး အလွယ်မတွေးစေချင်ပါ ( ၂ )

(၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ မှာဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ အတိုက်အခံများက ကလေးကြေညာချက်နဲ့ ဒုတိယပင်လုံညီလာခံ လှုပ်ရှားမှုကို စတင်အပြီး၊ ဒေါ်အောင်ဆန်းစုကြည်က ၂၁ရာစု ပင်လုံ ညီလာခံအဖြစ် အဲဒီအယူအဆကို ထပ်ဆင့် ပုံဖော်ခဲ့အပြီးမှာ ပထမဆုံး ပေါ်ထွက်လာတဲ့ အစိုးရရဲ့ သဘောထား ဖြစ်ပါတယ်။ )
ထိုကဲ့သို့ တစ်ဖက်က အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို အကောင်အထည် ဖော်နိုင်မည့်၊ ထာဝရ ထိန်းသိမ်း ထားနိုင်မည့် အခြေအနေ ကောင်းများကို ဖော်ဆောင် ပေးသကဲ့သို့ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ်များကို ထိခိုက်အောင်၊ ပျက်ပြားအောင် လုပ်ဆောင်လာသည့် ပြည်တွင်း ပြည်ပ အင်အားစုများ၏ အဖျက်အမှောင့် လုပ်ရပ်များကိုလည်း ကာကွယ် တားဆီး ခဲ့ရသည်။ နိုင်ငံ တစ်ဝန်းလုံးတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တရားများ အသက်ဝင် စေရန်။ ခိုင်မာအင်အား တောင့်တင်းသည့် အစိုးရတစ်ရပ် ဖြစ်ပေါ်စေရန် အတွက်လည်း လုပ်ဆောင် ခဲ့ရသည်။
ထို့ကြောင့် တပ်မတော် အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး လုပ်ငန်းစဉ်များသည် အတိတ် ကာလ ကကဲ့သို့ နိုင်ငံရေးသက်သက်၊ စစ်ရေး သက်သက် အမြင်ဖြင့် ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အုပ်ချုပ်ရေး စသည်ဖြင့် ဘက်စုံထောင့်စုံမှ စဉ်းစား ဆောင်ရွက်ခဲ့သည့် မဟာဗျူဟာ လုပ်ငန်းစဉ် တစ်ရပ် ဖြစ်သည်ကို တွေ့ရမည် ဖြစ်ပါသည်။
ဤကဲ့သို့ လုပ်ဆောင်ခဲ့သည့် အတွက်လည်း ယနေ့ အချိန်ကာလတွင် မည်သည့် ခေတ်ကနှင့်မျှ မတူအောင် မြန်မာနိုင်ငံ အနှံ့အပြားတွင် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှု၊ ဖွံ့ဖြိုး တိုးတက်မှုများ ရရှိ နေခြင်းလည်း ဖြစ်ပေသည်။

Friday, December 10, 2010

နိုင်ငံရေး အလွယ်မတွေးစေချင်ပါ ( ၁ )

(၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ အတိုက်အခံများက ကလေး ကြေညာချက်နဲ့ ဒုတိယ ပင်လုံညီလာခံ လှုပ်ရှားမှုကို စတင်အပြီး၊ ဒေါ်အောင်ဆန်းစုကြည်က ၂၁ရာစု ပင်လုံ ညီလာခံအဖြစ် အဲဒီအယူအဆကို ထပ်ဆင့်ပုံဖော်ခဲ့ အပြီးမှာ ပထမဆုံး ပေါ်ထွက်လာတဲ့ အစိုးရရဲ့ သဘောထား ဖြစ်ပါတယ်။)
မြန်မာ့နိုင်ငံရေး အကြောင်း ပြောလျှင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ချန်ထား၍ မရပေ။ မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်များကို ပြန်လည် သုံးသပ်လိုက်လျှင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ရရှိအောင် ကြိုးပမ်းမှုများ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပျက်ပြားအောင် သွေးထိုး လှုံ့ဆော်မှုများ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပြိုကွဲရသည့် အတွက် ဖြစ်ပေါ်ခဲ့ရသည့် ပဋိပက္ခများ၊ ထိုပဋိပက္ခများကြောင့် ပေါ်ပေါက် ခဲ့ရသည့် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု ပျက်ပြား ခဲ့ရသည့် အဖြစ်များ စသည်တို့က နေရာ အတော် များများ ယူထားသည်ကို တွေ့ရမည် ဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလကပင် မျိုးချစ် ခေါင်းဆောင်များ အနေဖြင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၏ လိုအပ်ချက်ကို နားလည်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ သူ့ကျွန်ဘဝ ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် ပေါ်ပေါက် လာခဲ့သည့် နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ဗမာ၊ ရှမ်း၊ ကရင်၊ ချင်း၊ ကယား စသည့် တိုင်းရင်းသား ခေါင်းဆောင်များသည် နီးစပ်ရာ ပူးပေါင်းပြီး နယ်ချဲ့ ဗြိတိသျှတို့အား တွန်းလှန် တိုက်ခိုက်ခဲ့သည်ကို တွေ့နိုင်ပါသည်။ သို့သော် စုစည်း ညီညွတ်သည့် ခေါင်းဆောင်မှု မရှိသည့်အတွက် နယ်ချဲ့ ဗြိတိသျှတို့က တော်လှန်ရေး အင်အားစု တစ်ခုချင်းကို အလွယ်တကူ ဖြိုခွင်းနိုင်ခဲ့ ပေသည်။ မြန်မာ့တော်လှန်ရေး အင်အားစုများကို နှိမ်နင်းနိုင်ခဲ့ပြီး နောက်ပိုင်းတွင်မူ နယ်ချဲ့ဗြိတိသျှတို့ အနေဖြင့် ၄င်းတို့၏ အုပ်ချုပ်မှုကို ခုခံတွန်းလှန်မည့် တော်လှန်ရေး အင်အားစုကြီး တစ်ရပ် ပေါ်ထွက် မလာစေရန် အတွက် မြန်မာနိုင်ငံ အုပ်ချုပ်ရေး စနစ်ကို အစီအစဉ်ရှိရှိ ချမှတ် လုပ်ဆောင်ခဲ့သည်။