xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: January 2011

Monday, January 31, 2011

ပြသနာရှာဦးမည့် ၀က်ဆိုဒ်တစ်ခု ထွက်ပေါ်

www.nldburma.org
ဒါကတော့ NLD ရဲ့ ၀က်ဘ်ဆိုဒ်ပါ ဒေါ်စုကြည်နဲ့ ဦးတင်ဦးရဲ့ နှုတ်ခွန်းဆက်လွှာတွေနဲ့ တာထွက်လာပါတယ် ဒါပေမဲ့ NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်ရဲ့ စကားကတော့ အဆန်းပါ...
"အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေနဲ့ လှုပ်ရှားမှုတွေကို ဒီအင်တာနက် စာမျက်နှာကနေ ကမ္ဘာတ၀န်း သိအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်... ဒါပေမဲ့ ဒီ အင်တာနက် စာမျက်နှာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လုပ်ကိုင်တာတော့ မဟုတ်ပါဘူး" လို့ ဆိုပါတယ် 
ဤပစ္စည်းသည် မောင်မြ၏ ပစ္စည်းဖြစ်သည်..သို့သော်မောင်မြသည် ကျွနိုပ် ဖြစ်သည် ဆိုပြီး မရှုပ် ရှုပ် အောင်ရေးထားတဲ့စာလိုပါပဲ...

မြန်မာ့စီးပွားရေးဦးမော့လာစေရေး NLD နေ့ပြန်တိုးပေး

ဒီကနေ့သည် မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း အတွက် မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာ့နိုင်ငံရေး သမိုင်းတွင် အရေးပါသည့် အခန်းကဏ္ဍ တစ်ခုဖြစ်သည့် နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇)ရပ်၏ ဆဋ္ဌမအဆင့်နှင့် သတ္တမအဆင့်ကို အကောင်အထည် ဖော်သည့်နေ့ ၊ ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးမှ ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်များ စုံစုံညီညီ တက်ရောက်ကြသည့် လွှတ်တော် အစည်း အဝေးကြီး စတင်ကျင်းပသည့် နေ့ဖြစ်ပါသည်။

ယင်းအစည်းအဝေးကြီးမှ နိုင်ငံတော် အတွက် အကျိုးစီးပွား ဖော်ဆောင် နိုင်မည့် အရေးကိစ္စများ၊ ပိုမိုဖွံ့ဖြိုး တိုးတက်စေမည့် အခွင့်အလမ်းများ အကောင်အထည် ဖော်ရေး၊ တိုင်းရင်းသားများ ပါမကျန် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေး အကောင်အထည် ဖော်ကြတော့မည် ဖြစ်ပါသည်။ ထို့ကြောင့် ဒီကနေ့အချိန်အခါသည် မြန်မာနိုင်ငံကို ချစ်မြတ်နိုး သူတိုင်း၊ နိုင်ငံ အကျိုးစီးပွားကို ဖော်ဆောင်ကြမည့် သူတိုင်းအတွက် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့တစ်နေ့ပင် ဖြစ်သည်ဟု ဆိုရခြင်း ဖြစ်ပါသည်။

တစ်ဖက် တွင်လည်း ဒေါ်စုကြည်နှင့် NLD ပါတီဝင်များမှာလည်း အလွန်ကြီးကျယ်သော နိုင်ငံရေး အလုပ်များကို လုပ်ကိုင် နေသည်ကို တွေ့ကြရမည် ဖြစ်ပါသည်။ ဒေါ်စုကြည်နှင့် NLDမှ ခေါင်းဖြူစွယ်ကျိုးမှ အစ လူငယ် အဖွဲ့ဝင်ဆိုသူများ ပါးစပ်မှ အမြဲတမ်း ပြောဆိုနေသည့် နိုင်ငံရေး လုပ်ဆောင်ချက်များကို ပြည်သူများ သိရှိစေရန် တင်ပြချင်ပါသည်။ ဒေါ်စုကြည် ထိန်းသိမ်း ခံရစဉ်က လုပ်ဆောင်ချက်များကို အသာထားပြီး ဒေါ်စုကြည် လွတ်မြောက်လာသည့် အချိန်မှစ၍ ဒေါ်စုကြည် ပြောကြားခဲ့သည်မှာ Twitter ဆိုသည့် အင်တာနက်သုံးစွဲလို ကြောင်း ပြောကြားခဲ့ပြီး ယခုဆိုလျှင် စတင်သုံးစွဲနေပြီ ဖြစ်ကြောင်း ပြည်ပရှိ ဒေါ်စုကြည် အလိုတော်ကျ မီဒီယာများ တွင် ဝေေ၀ဆာဆာ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

Friday, January 28, 2011

မြန်မာနိုင်ငံအား အိန္ဒိယမှ ဆိုက်ရောက်ဗီဇာပေးမည်


နယူးဒေလီမြို့ရှိ ရှေးဟောင်းလက်ရာ အဆောက်ဦးတစ်ခုပုံ


အိန္ဒိယနိုင်ငံသည် ဂျပန်၊ စင်္ကာပူ ၊ ကမ္မောဒီယား ၊ လာအို ၊ ဗီယန်နမ် နှင့် ဖိလစ်ပိုင် နိုင်ငံသား ခရီးသွားများအား ဆိုက်ရောက်ဗီဇာ စနစ်ဖြင့် လည်ပါတ်ခွင့်ပြုပြီးနောက် ခရီးသွားကဏ္ဍတွင် အကြီးအကျယ်အောင်မြင်မှု ရသောကြောင့် ဆက်လက်၍ မြန်မာ နှင့် အင်ဒိုနီးရှား နိုင်ငံသား ခရီးသည်များအား ဇန်နဝါရီလ ၂၅ ရက်နေ့က ဆိုက်ရောက်ဗီဇာဖြင့် လည်ပါတ်ခွင့်ပြုလိုက်ကြောင်း သိရသည်။
ဤစနစ်သည် နိုင်ငံခြား တိုင်းပြည်များမှ ခရီးသွားများအတွက် အလွန်အဆင်ပြေသော အစီအစဉ်ဖြစ်ကြောင်း ၊ ဒီဇင်ဘာလအတွင်း ဆိုက်ရောက်ဗီဇာဖြင့် လာရောက် လည်ပါတ်သူပေါင်း ၆၅၆၉ ဦးရှိကြောင်း၊ ထို့ကြောင့် ၎င်းအစီအစဉ်ကို မြန်မာ နှင့် အင်ဒိုနီးရှား နိုင်ငံသား ခရီးသည်များအတွက် တိုးချဲ့ခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

စကာင်္ပူ ရောက် မြန်မာများ


မန္တလေးမြို့မှ စင်ကာပူနိုင်ငံ သို့သွားရောက် အလုပ်လုပ်နေကြ သော မြန်မာလူငယ်များသည် အမေရိကန်
ဒေါ်လာနည်းတူ ကျဆင်း လာသော စင်ကာပူဒေါ်လာ၏ ငွေ ကြေးလဲလှယ်မှု ကျဆင်းမှုများ ကြောင့်နှင့် စင်ကာပူ လူနေမှုစရိတ် များကြီးမြင့်လာမှုတို့ကြောင့် မိမိ တို့နိုင်ငံသို့ ပြန်လည်အလုပ်လုပ် ရန်စိတ်ဝင်စားမှုများ ရှိလာကြောင်း စင်ကာပူနိုင်ငံ စီးပွားရေးကုမ္ပဏီ တစ်ခုတွင် အလုပ်လုပ်နေသူတစ် ဦးက 7 Day News သို့ ဖုန်းဖြင့် ဆက်သွယ်ပြောကြားသည်။

စင်ကာပူနိုင်ငံတွင် အများ အားဖြင့် စင်ကာပူဒေါ်လာ ၁၀၀၀ အောက်ရရှိသော ဝန်ထမ်း များသည် စင်ကာပူလူနေမှုစရိတ် နှင့် ငွေပိုလျှံခြင်း မရှိတော့ဘဲ စင်ကာပူဒေါ်လာ ၁၅၀၀ မှ ၃၀၀၀ အထိရရှိသော ကုမ္ပဏီ ဝန်ထမ်း များသာလျှင် အသုံးစရိတ်နှင့် လူနေမှုစရိတ် မျှတနိုင်သည့် အခြေ အနေရှိကြောင်း အထူးသဖြင့် စင်ကာပူနိုင်ငံတွင် နေအိမ်ငှား ရမ်းစရိတ် ကြီးမားလာမှုသည် အခြေစိုက် နေထိုင်သူများအတွက် အခက်အခဲ ဖြစ်လာကြောင်း ၎င်း က ထပ်မံပြောသည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ ထုတ်ပြန်ပြဋ္ဌာန်း

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဥပဒေအမှတ် (၈/၂၀၁၁) ဖြင့် မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေကို ၁၃၇၂ ခုနှစ် ပြာသိုလပြည့်ကျော် ၈ ရက်၊ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၂၇ ရက် နေ့စွဲဖြင့် ထုတ်ပြန် ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁၂) ခန်းပါရှိ
အဆိုပါ ဥပဒေတွင် အခန်း (၁၂)ခန်း ပါရှိပြီး အခန်း (၁) အမည်နှင့် အဓိပ္ပါယ် ဖော်ပြချက်၊ အခန်း (၂) ရည်ရွယ်ချက်များ၊ အခန်း (၃) အထူးစီးပွားရေးဇုန်၊ အခန်း (၄) မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် စီမံခန့်ခွဲမှု ကော်မတီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း တာဝန်များ၊ အခန်း (၅) ရင်းနှီးမြှုပ်နှံသူ၏ အထူးအခွင့်အရေးများ၊ အခန်း (၆) ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ၏ သီးခြားတာဝန်များ၊ အခန်း (၇) မြေအသုံးပြုခြင်း၊ အခန်း (၈) ဘဏ်နှင့် ငွေရေးကြေးရေး စီမံခန့်ခွဲခြင်းနှင့် အာမခံလုပ်ငန်း၊ အခန်း (၉) အကောက်ခွန်ဦးစီးဌာနက စီမံခန့်ခွဲခြင်းနှင့် ကုန်ပစ္စည်းများ စစ်ဆေးခြင်း၊ အခန်း (၁၀) ကူးစက်ရောဂါရှိမရှိ စစ်ဆေးခြင်းနှင့် ကူးစက်ရောဂါ ပြန့်ပွားမှု မရှိစေရန် သီးသန့်ထားရှိခြင်း၊ အခန်း (၁၁) အလုပ်သမားရေးရာ ကိစ္စရပ်များ၊ အခန်း (၁၂) အထွေထွေတို့ ဖြစ်သည်။

Thursday, January 27, 2011

မြန်မာ့သယံဇာတ ရောင်းရငွေတွေ ဘယ်ရောက်သွားလဲ ?

အထက်ပါမေးခွန်းသည် NLD အပါအ၀င် ပြည်ပမီဒီယာများက မကြာခဏမေးခွန်းထုတ် တိုက်ခိုက် နေကြသည့် အပြင် ၄င်း ငွေများကို နိုင်ငံတော်အကြီးအကဲနှင့် အစိုးရနှင့်နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင် များကခွဲဝေ ယူသွား ကြသယောင်ယောင် ထုတ်လွှင့်ရေးသားနေကြပါသည်။ထိုသို့ ပြည်ပမှ ထုတ်လွှင့်ရေးသားနေချိန် နှင့်တစ်ချိန် တည်းမှာပင် ပြည်တွင်းမီဒီယာအချို့ ကလည်း ကမ်းလွန်သဘာဓါတ်ငွေ့များ ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချ တော့မည် ဘာညာဆိုပြီးခေါင်းစဉ်အမျိုးမျိုး တပ်ကာ သူ့လူကိုယ့်ဘက်သားလုပ်ပြီး သံယောင်လိုက် ရေသား နေမှုများလည်း ရှိပါသည်။ထိုအထဲတွင် ELEVEN MEDIA GROUP သည် အဆိုးဆုံးဖြစ် ပါသည် ။ထိုငွေတွေ ဘယ်ရောက်သွားသလဲ ဆိုတဲ့မေးခွန်းအတွက် သာဓက အမြောက်အများအကြားမှ ထင်ရှားသော သာဓက (၂) ခုကိုထုတ်နှုတ် တင်ပြလိုပါသည်။

စွမ်းအင် ၀န်ကြီးဌာန နှင့် မြန်မာ့ ထုတ်ကုန်သွင်းကုန်လုပ်ငန်း၏ စာရင်းဇယားများအရ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေး နှစ် တွင် ပြည်ပမှ စက်သုံးဆီအမျိုးမျိုး တင်သွင်းမှု တန်ဘိုးမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၆၇၀ ကျော်ဘိုး ရှိပါသည် ။ ပြည်တွင်းထုတ်လုပ်မှုနှင့် မလုံလောက်သဖြင့် ပြည်ပမှ မှာယူတင်သွင်းရမှု မှာ ဤမျှ များပြာလှပါသည်။ ထိုသို့ ပြည်ပမှ အမေရိကန်ဒေါ်လာနှင့်ဝယ်လာသော စက်သုံးဆီများကို ပြည်တွင်းသုံး ကျပ် ငွေဖြင့် ပြန်လည်ရောင်းချပေးလိုက်သဖြင့် နိုင်ငံတော်အစိုးရထံသို့ ပြည်တွင်းသုံး ကျပ်ငွေများ သာ ပြန် ၀င်လာပါသည် ။ ထိုဝင်လာသောကျပ်ငွေများဖြင့် နောက်တစ်နှစ်အတွက် စက်သုံးဆီများတင်သွင်း၍ မရပါ ၊နောက်နှစ် တင်သွင်းရန်အတွက် စီးပွားရေးအမျိုးမျိုး ပိတ်ဆို့ထားသည့် ကြားမှ နိုင်ငံခြားသုံး ငွေ ထပ်၍ ရှာရ ပြန်ပါသည် ။ သဘာဝ ဓါတ်ငွေ့ရောင်းချရမှုအပါ အ၀င် အခြားသော ကုန်သွယ်မှုအမျိုးမျိုးမှ ၀င်လာသော နိုင်ငံခြားသုံးငွေများဖြင့် သာဝယ်ယူနေရပါသည် ။

Tuesday, January 25, 2011

ဝင်ငွေ မညီမျှမှု ကမ္ဘာတွင် အမေရိကန်က ထိပ်ဆုံးက ပြေးနေ

အမေရိကန်သမ္မတ အိုဘားမား

ဝင်ငွေ မညီမျှမှု ကမ္ဘာတွင် အမေရိကန်က ထိပ်ဆုံးက ပြေးနေ ဆင်းရဲ နွမ်းပါး သူများအား စား နပ် ရိက္ခာ ထောက်ပံ့ ပေးရသော ဌာန၏ အဆိုအရ လွန်ခဲ့သော သုံးနှစ် အတွင်း ထောက်ပံ့ရေး ရိက္ခာ ၆၀ရာခိုင်နှုန်းထိ တိုးတက် ပေးဝေ နေရကြောင်း သိရ သည်။ ကော်ပို ရေးရှင်းကြီးများနှင့် အလှူရှင်တို့၏ အရေအတွက် မှာလည်း ကျဆင်းလာပြီး ၄င်းတို့ အနေဖြင့်လည်း ဆက်လက် ထောက်ပံ့ခြင်းငှာ မစွမ်း နိုင်တော့ဟု ဆိုသည်။
အမေရိကန် ပြည်သူ လူဦးရေ၏ ၁၅ရာခိုင်နှုန်းမှာ ဆင်းရဲနွမ်းပါးမှုစံချိန်မျဉ်းကြောင်း အောက်တွင် အသက်ရှင် နေထိုင်ကြရ သည်ဟု အမှုဆောင် အရာရှိတစ်ဦးက Press TV သို့ ပြောကြားခဲ့သည်။ Hunger Action Network in New York ၏ အဆိုအရ နိုင်ငံရေး ဆုံးဖြတ်မှု မှားယွင်းခဲ့ခြင်းကြောင့် အငတ်ဘေးပြဿနာမှာ လွန်ခဲ့သော နှစ် ၃၀ ကပင် စတင် ခဲ့ခြင်းကြောင့် ယမန်နှစ်မှ စတင်၍ ရိက္ခာ ထောက်ပံ့ရေးဌာန၏ အသုံးစရိတ်များ ကို အစိုးရက လျှော့ချ ဖြတ်တောက် ခဲ့ပြီးလည်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတစ်ဝှမ်း အိုးမဲ့အိမ်မဲ့ဖြစ်လာရသူ ၉ရာခိုင်နှုန်း တိုးပွားလာရသည်ဟု ယမန်နှစ်ကိန်း ဂဏန်းများက ဆိုသည်။

လော့စ်အိန်ဂျလိစ်မှာ အထက်တန်းကျောင်းအတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွား

ကျောင်းရှေ့တွင် မိဘများ စိတ်ပူပင်စွာ စောင့်ဆိုင်းနေကြစဉ်

 လော့စ်အိန်ဂျလိစ်မှာရှိတဲ့ အဆငြ့်မင့် အထက်တန်း ကျောင်းတွင် အင်္ဂါနေ့(ဇန်န၀ါရီ ၁၈ ရက်) နံနက် ပိုင်းက သေနတ်ပစ်မှု ဖြစ်ပွားခဲ့ရာ လူသုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိ ရပါတယ်။ လော့စ်အိန်ဂျလိစ် မီးသတ်ဌာနရဲ့ အဆိုအရ သေနတ်ပစ်မှုဟာ အဆိုပါ ကျောင်းတွင်း၌ နံနက် ၁၀း၃၀ နာရီ လောက်မှာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။
 အမေရိကန် နိုင်ငံတစ်ဝန်းတွင် သေနတ် ပစ်မှုများ များပြားစွာ ပေါ် ပေါက် ဖြစ်ပွားခြင်းများအပေါ် စိုးရိမ် မှုများ မြင့်မား လျက် ရှိနေကြစဉ်မှာ အဆိုပါ သေနတ်ပစ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ သတင်းများအရ အနည်းဆုံး ကျောင်းသား နှစ်ဦးဒဏ်ရာရရှိခဲ့ တယ်လို့ ဆိုပါတယ်။

Monday, January 24, 2011

သင်အစိုးရဆိုလျှင်ဘာလုပ်မလဲ ( ၄ )

ဒီလို သာသနာတော်ကို တည်တံ့ ပြန့်ပွားအောင် စောင့်ရှောက်တော်မူနေတဲ့ သံဃာတော်တွေ ........

သြော်...အမေရိကန်...အမေရိကန် ( ၄ )

မစ္စက် ဂီးဖို့ဒ်

 (၈-၁-၂၀၁၁) နေ့က အမေရိကန်၊ အရီဇိုးနားပြည်နယ်၊ တက်ကဆန်မြို့မှာ သေနတ်နဲ့ အပစ်ခံရလို့ ဦးခေါင်းမှာ ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရတဲ့ အမေရိကန် ကွန်ဂရက် လွှတ်တော် အမတ် မစ္စက် ဂီးဖ်ဖို့ဒ် (အသက် ၄၀ နှစ်) ရဲ့ အခြေအနေဟာ အသက်အန္တရာယ် စိုးရိမ်နေရဆဲ ဖြစ်တယ်လို့ အင်တာနက် သတင်း တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
မစ္စက်ဂီးဖ်ဖို့ဒ်ဟာ ၂၀၁၀၊ နိုဝင်ဘာ၊ အမတ် ရွေးကောက်ပွဲမှာ အမတ် တတိယ သက်တမ်းအဖြစ် အရွေးခံရပြီး အခု သူ့ရဲ့ မဲဆန္ဒရှင် တွေကို စတိုးဆိုင်တစ်ခုအတွင်းမှာ နှုတ်ဆက်နေတုန်း သူ့ကို ပစ်မှတ်ထားကာ သေနတ်သမား တစ်ဦးက ရမ်းကား ပစ်ခတ်သွားတာပါ။ ဒီပစ်ခတ်မှုမှာ မစ္စက်ဂီးဖ်ဖို့ဒ် အသက် မသေခဲ့ပေမဲ့ အသက်(၉)နှစ်သား အရွယ် ကလေးငယ် တစ်ဦး အပါအ၀င် လူ (၆) ဦး သေဆုံးကာ လူပေါင်း (၂၀) လောက်လည်း သေနတ်ဒဏ်ရာတွေ ရသွားကြပါတယ်။
ဒေါ်စုကြည်ရဲ့ လုံခြုံရေးအတွက် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ ဆွေးနွေးမည် ဖြစ်ကြောင်း အမေရိကန် အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လီ ကပြောကြားပြီး မကြာခင်မှာပဲ ခုလို သတင်းတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

GSM ဖုန်းများ ပြည်တွင်း ပြည်ပ အပြန်အလှန် သယ်ယူအသုံးပြုနိုင်တော့မည်


မြန်မာနိုင်ငံ အတွင်းတွင်သာ အသုံးပြုသော GSM ဘိုင်းလ် တယ်လီဖုန်း Sim Card များကိုနိုင်ငံတကာ တွင်ရော နိုင်ငံတကာမှ GSM ဖုန်းများကိုလည်း မြန်မာနိုင်ငံ သို့ပါ အပြန်အလှန် သယ်ဆောင် အသုံးပြုနိုင်သည့် International Roaming Call ၀န်ဆောင်မှုကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ China Unicom Cooperation နှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု အရ စတင် စမ်းသပ်နေပြီ ဖြစ်ကြောင်း China Unicom က တရားဝင် သတင်းထုတ်ပြန်သည် ၂၀၁၀ပြည့်နှစ် ဩဒီဇင်ဘာလ ၂၂ ရက်နေ့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းတွင် China Unicom Cooperation နှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့ အကြား သဘောတူညီမှု စာချုပ်တစ်ရပ် ရေးထိုး ကြရာတွင် GSM ဖုန်းများ International Roaming ၀န်ဆောင်မှုခေါ် နိုင်ငံတကာ သို့ GSM ဖုန်းလိုင်းမှ တစ်ဆင့် အသံ Voice နှင့် အချက်အလက် သတင်းတို SMS ပေးပို့ခြင်းနှင့် လက်ခံခြင်းကို စတင် စမ်းသပ် အသုံးပြုရန် China Unicom က တာဝန် ယူပေးမည် ဖြစ်ကြောင်း တရုတ် အစိုးရ အာဘော် China Daily က သတင်း ဖော်ပြထားပါသည်။

Sunday, January 23, 2011

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးနှင့်ပတ်သက်သော အမြင်အမျိုးမျိုး

ဆရာခင်မောင်ညို (ဘောဂဗေဒ)

 ဤသို့လေ့လာမှတ်သားရပါကြောင်း-
(၁) အချို့က မြန်မာပြည်သူပြည်သားများကို ထိခိုက်နစ်နာစေသဖြင့် စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားသင့်သည်ဟု ဆိုကြသည်။
(၂) အခြားသူများက အစိုးရ၊ အစိုးရနှင့် ရင်းနှီးကျွမ်းဝင်သူများသည် သဘာဝသယံဇာတများ ရောင်းချရာမှ အကျိုးရှိနေသဖြင့် ၄င်းတို့ကို ဒုက္ခပေးရန် စီးပွားရေးပိတ်ဆို့မှု မြှင့်တင်သင့်သည်ဟု ဆိုကြပြန်သည်။
(၃) စီးပွားရေးပိတ်ဆို့မှုများသည် စီးပွားရေးပိတ်ဆို့ရန် ရည်ရွယ်ချက်ကို ရစေနိုင်ခြင်း မရှိဟု အများကကျယ်ကျယ်ပြန့်ပြန့် လက်ခံလာကြပြန်သည်။
(၄) အခြားအမြင်တစ်ခုမှာ-
(က) နည်းပညာ၊ အတတ်ပညာများ၊ အရင်းအနှီးနှင့် လူ့စွမ်းအားအရင်းအမြစ်များ၊ ဈေးကွက်လည်ပတ်ပုံ သတင်းအချက်အလက်များ၊ စီးပွားရေးလုပ်ငန်းများ စုစည်းပုံ၊ စီမံခန့်ခွဲမှု၊ လည်ပတ်ပုံ၊ ဘဏ်နှင့် ဘဏ္ဍာရေးအတွေ့အကြုံများ၊ အရင်းအနှီးဈေးကွက်၊ အုပ်ချုပ်ရေးကောင်း၊ ကုမ္ပဏီများ၏ လူမှုရေး တာဝန်ယူမှု သဘောထား၊ လူမှုဖူလုံရေး-
 အတိုချုပ်အနေဖြင့်ဆိုလျှင် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုမှ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်ခုဖြစ်ရန် လိုအပ်သည့် အမာထည် (Hardware) နှင့် အပျော့ထည် (Software) တို့သည် အနောက်နိုင်ငံများတွင်သာ စုစည်းပြီး ရှိနေသည်။

Saturday, January 22, 2011

သင်အစိုးရဆိုလျှင်ဘာလုပ်မလဲ ( ၃)

 သူတို့က မြန်မာ့အရေး စိတ်ပူနေတယ်ဆိုပါလား

အမေရိကန်အစိုးရ အနေဖြင့် မြန်မာ့နိုင်ငံရေး အတွင်းသို့ ခြေလှမ်းများ တစ်လှမ်းပြီး တစ်လှမ်းတိုး၍ ၀င်လာနေ သည်ကိုတွေ့နေရပါသည်။ဘယ်လိုခြေလှမ်းတွေလဲ သုံးသပ်ကြည့်ကြရ အောင်ပါ
(၁) ဒေါ်စုကြည်မလွတ်ခင်က ဒေါ်စုကြည်လွတ်မြောက်ရေး အထူးကြိုးစား ဆောင်ရွက်ခဲ့သည်။
(၂) ဒေါ်စုကြည်လွတ်လာသည့် နေ့တွင် အမေရိကန်သံတမန်တို့က အစောဆုံးဆက်သွယ်ခဲ့သည်။
(၃) အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ၀မ်းမြောက်ကြောင်းဟု အမည်တပ်ထားသည့် ကိုယ်ရေးစာ တစ်စောင် ကို အမေရိကန်သံတမန်များမှတဆင့် ပေးပို့ခဲ့သည် ။
(၄)သမ္မတ အိုဘားမားကလည်း ဂျပန်နိုင်ငံ တွင် ကမ္ဘာ့ စက်မှုထိပ်သီးအစည်းဝေး ကျင်းပနေရာမှပင် ထ၍    ၀မ်းမြောက်ခဲ့သည်။ ထိုသို့ဝမ်းမြောက်ကြောင်းကိုလည်း ကမ္ဘာ့မီဒီယာများမှ တဆင့်ပြောကြားခဲ့သည်။
(၅)ဒေါ်စုကြည် ၏လုံခြုံရေး အတွက် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဆွေးနွေး သွားမည် ဖြစ်
ကြောင်း အောက်လွှတ်တော်အမတ် ဂျိုးဇက် ခရော်လီကပြောဆိုခဲ့သည်။
(၆)၁၉.၁.၂၀၁၁ နေ့တွင် ဟီလာရီကလင်တန် က ဒေါ်စုကြည် ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေး မှု ပြုခဲ့သည်။
(၇)၂၁.၁.၂၀၁၁ နေ့တွင် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ အရေးယူထားမှုများအား လောလော ဆယ် အားဖြင့်ရုပ်သိမ်း ပေးမှာမဟုတ်ဟု အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ပီဂျေ ခရော်လီ ( P.J Crawley)  က ပြောဆိုခဲ့သည် ။

Friday, January 21, 2011

ပြည်သူ့လွှတ်တော် တပ်မတော်သား ကိုယ်စားလှယ် အမည်စာရင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
နေပြည်တော်
ကြေညာချက်အမှတ် (၁/၂ဝ၁၁)
၁၃၇၂ ခုနှစ၊် ပြာသိုလ် ပြည့်ကျော် ၁ ရက်
(၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်)
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
အမည်စာရင်း ကြေညာခြင်း
၂ဝ၁ဝ ပြည့်နှစ၊် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော် အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း(၈)ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ အမည်စာရင်း ပေးပို့လာသည့် အောက်ဖော်ပြပါ တပ်မတော်သားများအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီးဖြစ်၍ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၁အရ တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြောင်း ကြေညာလိုက်သည် -

အမျိုးသားလွှတ်တော် တပ်မတော်သားကိုယ်စားလှယ် အမည်စာရင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
နေပြည်တော်
ကြေညာချက်အမှတ် ( ၂ / ၂ဝ၁၁ )
၁၃၇၂ ခုနှစ်၊ ပြာသုလိ ပြည့်ကျော် ၁ ရက်
( ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်)
တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
အမည်စာရင်း ကြေညာခြင်း
၂ဝ၁ဝပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား လွှတ်တော်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း(၈) ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ အမည်စာရင်း ပေးပို့လာသည့် အောက်ဖော်ပြပါ တပ်မတော်သားများအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီးဖြစ်၍ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၁ အရ တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြောင်း ကြေညာလိုက်သည် -

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တပ်မတော်သားကိုယ်စားလှယ် အမည်စာရင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
နေပြည်တော်
ကြေညာချက်အမှတ် ( ၃ / ၂ဝ၁၁ )
၁၃၇၂ ခုနှစ၊် ပြာသိုလ် ပြည့်ကျော် ၁ ရက်
( ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်)
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ်
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း ကြေညာခြင်း
၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း (၈)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အမည်စာရင်း ပေးပို့လာသည့် အောက်ဖော်ပြပါ တပ်မတော်သား များအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီး ဖြစ်၍ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၁အရ တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြောင်း ကြေညာလိုက်သည် -

တော်လိုက်တဲ့ အောင်လင်းထွဋ်


တပ်မတော်ထဲမှာ (သို့မဟုတ်) တပ်မတော်နဲ့ ဆိုင်တဲ့ ထူးခြားဖြစ်စဉ်တွေဖြစ်ရင် အတိုက်အခံ ဒေါ်လာစား မီဒီယာတွေရဲ့ အားကိုးတကြီး မေးမြန်း အကြံတောင်းရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကတော့ ဦးအောင်လင်းထွဋ် ဆိုတဲ့ ပြည်ပြေး တစ်ယောက်ပဲဖြစ်ပါတယ်။ ထောက်လှမ်းရေး ခေတ်ကောင်းတုန်းက ထောက်လှမ်းရေးမှာ ကောင်းကောင်းကြီး ယူလာခဲ့ပြီးမှ ခေတ်မကောင်းချိန်မှာ တိုင်းတပါးသား ခံယူသွားသူဖြစ်ပါတယ်။ တပ်မတော်မှာ ဗိုလ်မှူး အဆင့်သာ တာဝန်ထမ်းဆောင်ဖူးသော်လည်း တပ်မတော်တစ်ခု လုံးအကြောင်းကို ခရေစေ့တွင်းကျ သိရှိသူသကဲ့သို့ တပ်မတော်ထဲ မရောက်ဖူးသူများကို ဖောနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ မီဒီယာတို့က ထင်မြင်ချက်တောင်းတိုင်း အမြဲ ကျိန်းသေဖြစ်မယ်ဆိုတဲ့ ထင်မြင်ချက်မျိုး ပေးတတ်ပါတယ်။ ပေးလိုက်တဲ့ထင်မြင်ချက်တိုင်းကလည်း တက်တက်စင်အောင် လွဲစမြဲပါပဲ။

Thursday, January 20, 2011

အမျိုးသား စစ်မှုထမ်း ဥပဒေနှင့် အတိတ်မေ့နေသူ ဦးတင်ဦး

 အမြင်တစ်ဘက်မကောင်းတော့သော ဦးတင်ဦး
ပြည်ပ အသံလွှင့် ဌာနများနှင့် ၀က်ဘ်ဆိုက်များ၊ ဘလော့ဂ်များတွင် အမျိုးသား စစ်မှုထမ်း ဥပဒေ ဆိုတာနှင့် ပတ်သက်ပြီး အတော် ပြောတာကို ကြားရဖတ်ရသည်။ ဒါပေမယ့် ဥပဒေ သဘောက ဘယ်လို၊ နိုင်ငံတကာမှာ ဘယ်နည်း ဆိုတာမျိုး မဟုတ်ဘဲ တပ်မတော် အစိုးရ လုပ်တာဖြစ်လို့ ဆန့်ကျင်ရမည် ဆိုသည့် သဘောနှင့် ရေးကြ ပြောကြတာက များသည်။ ဗိုလ်ချုပ်တင်ဦးလို လူကပင် သမိုင်းကို ဖုံးကွယ်ပြီး ဒီဥပဒေ ထုတ်ပြန်ပြီးသည်နှင့် အစိုးရက ချွေးတပ်ဆွဲသလို လူလိုက်စုမည့် သဘောပြောတာ တွေ့ရသည်။ ထို့ကြောင့် မိမိကြုံခဲ့သမျှ လေ့လာမိသမျှ မျှဝေပေးလိုပါသည်
စစ်မှုထမ်းခြင်းနှင့် ပတ်သက်လျှင် ဆန္ဒအလျှောက် စစ်မှုထမ်းခြင်း၊ မ၀င်မနေရ စနစ်ဖြင့် စစ်မှုထမ်းခြင်း နှင့် စစ်စည်းရုံးမှု ပြုလုပ်ပြီး စစ်မှု ထမ်းဆောင်ခြင်းဟု စနစ်သုံးမျိုး ရှိသည်။ အင်္ဂလိပ် ဘာသာဖြင့် Voluntary Service, Conscript or Draft, Mobilization ဆိုပြီး သုံးမျိုးရှိသည်။
မ၀င်မနေရ စနစ်ဖြင့် စစ်မှုထမ်းခြင်းကို ဒီမိုကရေစီ နိုင်ငံများတွင်ရော၊ ဆိုရှယ်လစ်၊ ကွန်မြူနစ် နိုင်ငံများတွင်ရော၊ အာဏာရှင် နိုင်ငံများ တွင်ရော ကျင့်သုံးသည်။ ထိုစနစ်အရ အသက်၁၈ နှစ်ကျော်သူတိုင်း သတ်မှတ်ထားသည့် ကာလ (တစ်နှစ် သို့ နှစ်နှစ်) စသည်ဖြင့် စစ်မှုထမ်းရသည်။ အချို့နိုင်ငံများတွင် သတ်မှတ်ကာလ ပြည့်လျှင် ပြီးပြီ၊ အချို့ နိုင်ငံများတွင်မူ နောက်ထပ် ဆယ်နှစ်၊ ဆယ်ငါးနှစ် အထိကို အရန်တပ်ဖွဲ့ဝင် အဖြစ် သတ်မှတ်ပြီး တစ်နှစ်လျှင် ရက်ပေါင်း မည်မျှ စစ်သင်တန်း တက်ရမည်ဟု သတ်မှတ် ထားသည်လည်း ရှိသည်။ အာရှတိုက်တွင် ထိုင်း၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ဥရောပတွင် ဆွစ်ဇာလန်၊ ဂျာမနီ၊ ရုရှားတို့မှာ ထိုစနစ် ကျင့်သုံးနေသော နိုင်ငံများ ဖြစ်သည်။ အမေရိကန်ကတော့ ဗီယက်နမ် စစ်ပွဲလွန် ၁၉၇၀ ပြည့်လွန် နှစ်များ နောက်ဆုံးပိုင်း အထိ မ၀င်မနေရ စစ်မှုထမ်း စနစ်ကို ကျင့်သုံးခဲ့ပြီး နောက်မှာ ဆန္ဒအလျှောက် စစ်မှုထမ်းသည့် စနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့သည်။ မ၀င်မနေရ စနစ်ကို ကျင့်သုံးသော နိုင်ငံများတွင် အခြေခံဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းလေ့ ရှိသကဲ့သို့ လွှတ်တော် ဥပဒေဖြင့် ပြဋ္ဌာန်း သည်လည်း ရှိသည်။

Wednesday, January 19, 2011

စီးပွားရေးပိတ်ဆို့မှု ဘာကြောင့် ရုပ်သိမ်းသင့်သလဲ


စီးပွားရေး ပိတ်ဆို့မှုဆိုတာကို Routledge ဘောဂဗေဒ အဘိဓာန်ထဲမှာ နိုင်ငံတခုရဲ့ အခြေခံ နိုင်ငံရေးစနစ် (သို့မဟုတ်) ပေါ်လစီများကို ပြောင်းစေဖို့အတွက် အဲဒီနိုင်ငံအပေါ်မှာ အခြားနိုင်ငံတခုကဖြစ်စေ၊ နိုင်ငံအများစုကဖြစ်စေ ပြုလုပ်တဲ့ ကုန်သွယ်မှုအတားအဆီးများနဲ့ ကုန်သွယ်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ ပြစ်ဒဏ်ခတ်အရေးယူမှုများလို့ အဓိပ္ပာယ်ဖွင့် ဆိုထားပါတယ်။ ဒီလိုစီးပွားရေးပိတ်ဆို့အရေးယူမှုကို နိုင်ငံခြားရေး မူဝါဒအနေနဲ့ အသုံးပြုခဲ့တာ အခုမှ မဟုတ်ပါဘူး။ ဘီစီ 5th century လောက်က အေသင်နိုင်ငံရဲ့ အကြီးအကဲဖြစ်တဲ့ Pericles က အေသင်ရဲ့ ရန်သူဖြစ်တဲ့ စပါတာတွေဘက်က ရပ်တည်ခဲ့တဲ့ Megra ဆိုတဲ့ မြို့ပြနိုင်ငံလေးကို ကုန်သွယ်မှုပိတ်ဆို့ဖို့ အေသင်အင်ပါယာတခုလုံးကို အမိန့်ပေးခဲ့ဖူးပါတယ်။ နောက်ပိုင်းကာလတွေမှာ ကမ္ဘာ့နိုင်ငံများအကြားက ဒီလိုပိတ်ဆို့အရေးယူမှုလေးတွေ ကြိုကြား ကြိုကြား ပေါ်ပေါက်ခဲ့ပေမယ့် နှစ်ဆယ်ရာစု ကနဦးပိုင်းကစပြီး၊ ကမ္ဘာ့နိုင်ငံရေးမှာ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတော့တယ်။ ဥပမာ- ၁၉၁၄- ၁၉၁၈ ကာလက ဗြိတိန်နိုင်ငံရဲ့ ဂျာမဏီနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ၊ Co- Com လို့ခေါ်တဲ့ နေတိုးအုပ်စုနဲ့ ဂျပန်ကနေ ဆိုဗီယက်ပြည်ထောင်စုအပေါ် ပိတ်ဆို့အရေးယူမှုတွေ၊ ကမ္ဘာ့ကုလသမဂ္ဂကနေ ၁၉၉၀- ၂၀၀၃ ကာလမှာ အီရတ်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ စတာတွေ ဖြစ်ပါတယ်။ ၁၉၆၅ ခု၊ စူးအက် အရေးမှာတုန်းကဆိုရင် အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ အစ္စရေးနိုင်ငံတို့ကိုပါ စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေ ရှိခဲ့ပါတယ်။
လူတွေမှာ ကိုယ်ကျိုးစီးပွားအတွက် ဘက်လိုက်မှုဆိုတာ ရှိသလို နိုင်ငံတော်အဆင့်တွေမှာလဲ ကိုယ်ကျိုးစီးပွား ဘက်လိုက်မှုဆိုတာလေးတွေ ရှိတာအတွက်ကြောင့် နိုင်ငံတကာတရားဥပဒေတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာတရားရုံးတွေရဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်မှုတွေမှာလဲ အားနည်းချက်တွေကတော့ ရှိနေဆဲပါပဲ။

ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ လေ့လာချက်


အနာဂတ် လွှတ်တော်နဲ့ ပတ်သက်ပြီး နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက အခြေခံ ဥပဒေ ပုဒ်မ ၄၄၃ အရ ကြိုတင် ပြင်ဆင်တဲ့ အနေနဲ့ ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေထဲမှာ လွှတ်တော်ဆိုင်ရာ ဥပဒေတွေကို အာရုံစိုက် ပြောနေကြပါတယ်။ ဒါပေမယ့် ဥပဒေပြုရေး မဏ္ဍိုင်လိုဘဲ တရားစီရင်ရေး မဏ္ဍိုင်ဟာလည်း ဒီမိုကရေစီ စနစ်မှာ အရေးကြီး ပါတယ်။ ဒါ့ကြောင့် အခု ထုတ်ပြန်လိုက်တဲ့ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို လေ့လာပြီး တင်ပြလိုပါတယ်။ အခု ထုတ်ပြန်ခဲ့တဲ့ ဥပဒေများနဲ့ ပတ်သက်ပြီး သတိပြုဖို့လိုတဲ့ အချက် တစ်ချက်ကတော့ ဒီဥပဒေများဟာ အခြေခံ ဥပဒေ အာဏာတည်တဲ့ နေ့ကစပြီး အာဏာတည်မှာ ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း မလုပ်မီ အထိသာ အတည် ဖြစ်တယ်လို့ ဥပဒေတိုင်းမှာ ဖော်ပြထားတဲ့ အချက် ဖြစ်ပါတယ်။ ဆိုလိုတာ ကတော့ ဒီဥပဒေတွေကို ပြည်ထောင်စု လွှတ်တော်က သာမန်အများစု မဲဆန္ဒနဲ့ ပြင်ဆင်၊ ဖြည့်စွက်၊ အစားထိုး လို့ရတယ် ဆိုတဲ့ သဘောပါ။ အခြေခံ ဥပဒေ ပြင်ဆင်ချက်လို ၇၅% ထောက်ခံဖို့၊ ပြည်သူ့ဆန္ဒ ခံယူပွဲလုပ်ဖို့ မလိုပါဘူး။ တစ်ချို့ မီဒီယာများက အခုပြဋ္ဌာန်း လိုက်တဲ့ ဥပဒေများရဲ့ အားနည်းချက်ကို ထောက်ပြတဲ့ နေရာမှာ စာဖတ်သူများ အဓိပ္ပါယ်ကောက် လွဲစေနိုင်တဲ့ ဒီဥပဒေအတိုင်း ရာသက်ပန် ကျင့်သုံးရတော့မယ် ဆိုတဲ့ သဘော ပြောနေတာ တွေ့ရလို့ ထောက်ပြတာ ဖြစ်ပါတယ်။
တရားစီရင်ရေး အခြေခံမူများ
အနာဂတ် တရားစီရင်ရေးဟာ အောက်ပါ အခြေခံမူများ နဲ့အညီ တရားစီရင်ရမှာ ဖြစ်ပါတယ်။
၁။ ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေး။
၂။ ဥပဒေအရ ကန့်သတ်ချက်များ မှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး။
၃။ ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့် ရရှိရေး။
၎။ ဥပဒေကို ပြည်သူများ နားလည်လိုက်နာ ကျင့်သုံးလာစေရန် ပညာပေးရေးနှင့် ပြည်သူများက ဥပဒေကို လိုက်နာသော အလေ့အကျင့် ပျိုးထောင်ပေးရေး။
၅။ ပြည်သူ အချင်းချင်းနှင့် ပတ်သက်သော အမှုကိစ္စများကို ဥပဒေ ဘောင်အတွင်း၌ ကျေအေး ပြီးပြတ်စေရေး။
၆။ ပြစ်မှု ကျူးလွန်သူကို အရေးယူ အပြစ်ပေးရာတွင် အကျင့်စာရိတ္တ ပြုပြင်မှုကို ဦးတည်ရေး။

Tuesday, January 18, 2011

ဂျာနယ်ကိုယ်စားပြုကော်မတီ ( CPC) အကွဲအပြဲ

 ဦးကိုကို ( ကိုကို-စက်မှုတက္ကသိုလ် )

CPC ဆိုတာကတော့ Committee for Professional Conduct ဖြစ်ပြီး မြန်မာဘာသာအားဖြင့် ဂျာနယ် ကိုယ်စားပြု ကော်မတီလို့ ခေါ်ပါတယ် ဒီအဖွဲ့ကို ၂၀၁၁ ခုဇန်န၀ါရီလ (၁၃) ရက်နေ့မှာစတင်ဖွဲ့စည်းပြီး CPC ကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)၊ အတွင်းရေးမှူးအဖြစ် ဦးမျိုးမြင့်မောင် (ညွှန်ကြားရေးမှူး၊ စာပေစိစစ်ရေး)တို့ ဖြစ်ပြီး ဦးမြတ်ခိုင် အပါအဝင် စာပေစာနယ်ဇင်းမှ ငါးဦး၊ ပြည်တွင်းဂျာနယ် ကိုယ်စားလှယ်များအဖြစ် ဦးဝင်းငြိမ်း (အလင်းတန်း ဂျာနယ်)၊ ဦးအောင်စိုးသူ(The First Music ဂျာနယ်)၊ ဦးယဉ်ကျော် (မှုခင်းသတင်း ဂျာနယ်)၊ ဦးဇင်ယော်နီ (မနောမယ ဂျာနယ်)၊ ဒေါက်တာဇော်သန်း (Health Care ဂျာနယ်)၊ ဦးခင်မောင်ညို (ဘောဂဗေဒ) (ကမ္ဘာ့စီးပွားရေး ဂျာနယ်)၊ ဦးကျော်မင်းဆွေ (The Voice ဂျာနယ်)၊ ဦးသန်းစိုး (အခွင့်အလမ်း ဂျာနယ်)၊ ဦးဝေသာ (တတိုင်းမွှေး ဂျာနယ်)၊ ဦးမြင့်ဆွေမြင့် (အင်အား အားကစား ဂျာနယ်)၊ ဦးထွန်းထွန်းဦး (အိုလံပစ် အားကစား ဂျာနယ်)၊ ဒေါ်ငြိမ်းငြိမ်းနိုင် (7 Day ဂျာနယ်)၊ ဦးချစ်မောင် (News Watch ဂျာနယ်)၊ ဒေါက်တာတင်ထွန်းဦး (ပြည်မြန်မာ သတင်း ဂျာနယ်)၊ ဒေါက်တာသိန်းမြင့် (Eleven Media Group)တို့နှင့် အတူ Freelance သတင်းသမား ၂ ဦး ဖြစ်သည့် ဦးကျော်ရင်မြင့်နှင့် ဦးရဲနိုင်မိုး တို့ ပါ ကြောင်းသိရှိရပါသည် ။
ပြည်တွင်းဂျာနယ် ၁၆၆ စောင်ကို ကိုယ်စားပြုမည့် ကိုယ်စားလှယ် ၁၅ ဦးကို ဂျာနယ် ကိုယ်စားလှယ်များက မဲပေးရွေးချယ်ခဲ့ပြီး သတင်း၊ ကျန်းမာရေး၊ အားကစား၊ နည်းပညာ၊ ဖျော်ဖြေရေး စသဖြင့် ကဏ္ဍအလိုက် ခွဲခြားရွေးချယ်ခဲ့ကြောင်း လည်းသိရှိ ရပါတယ် ။
ဒီလိုဖွဲ့စည်းပြီးနောက်တစ်နေ့ ဖြစ်တဲ့ ဇန်န၀ါရီလ (၁၄) ရက်နေ့မှာပဲ အင်အားကြီး သတင်းမီဒီယာအုပ်စု ဖြစ်တဲ့ Eleven မီဒီယာ အုပ်စုဟာ CPC သို့ အချက် (၆) ချက်တင်ပြတောင်းဆိုပြီး ကော်မတီဝင်တွေဟာ ဒီ စံ နှုန်းတွေနဲ့ မကိုက်ညီဘူးလို့ အကြောင်းပြပြီး အဖွဲ့ကနေနှုတ်ထွက်သွားးပါတယ် ။ Eleven ကတောင်းဆို တဲ့ အချက် (၆) ချက်ကတော့ အောက်ဖေါ်ပြပါအတိုင်းဖြစ်ပါတယ် ။ အဖွဲ့ဝင်တိုင်းဟာ..

NLD က မြန်မာ့ပညာရေးလောက ဦးမော့လာစေရန် တရားမ၀င် ကျူရှင်ဖွင့်

အမေ့ကြက်ခြံဟု ဒေသခံများနောက်ပြောင်ခေါ်နေကြသော NLD ၏ အမေ့အိမ် ကျောင်းဖွင့်ပွဲ 

ဒေါ်စုကြည်၏ ညွှန်ကြားချက်ဖြင့် ပထမဆုံး အခြေခံပညာအ ဆင့် အခမဲ့ ပညာသင်ကျောင်းကို ရန်ကုန်ုတိုင်း လှိုင်သာယာမြို့နယ်တွင်အမေ့အိမ်၊ ပညာဒါန (အခမဲ့) အမည်ဖြင့် လှိုင်သာယာ ၁၃ ရပ်ကွက် မေခလမ်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တစ်ဦး၏ နေအိမ်ခြံဝင်းအတွင်း ယနေ့ဖွင့်လှစ်ရာ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်းတင်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါသည်။

အဆိုပါကျောင်း ဖွင့်လှစ်မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အမှတ် ( ၃ ) အခြေခံပညာ ဦးစီးဌာန မှ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ဥပဒေနှင့်ညီညွတ်မှုမရှိသဖြင့် ဖွင့်လှစ်ခြင်းမပြုရန် တာဝန်ရှိသူ မြို့နယ် ပညာရေးမှုးမှ လာရောက်အကြောင်းကြားသော်လည်း လိုက်နာခြင်းမရှိပဲ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရ ပါသည်။ 
" NLD ကမူလတန်းကျောင်းဖွင့်တယ်ဆိုလို့သွားကြည့်တာ ခပ်သေးသေးလေးပါပဲ..အမေ့အိမ်ဆိုလား နာမည်ပေးထားတယ်ပြောတယ် အားမကိုးလောက်ပါဘူး ရပ်ကွက်ထဲက ခလေးတွေကတော့ အမေ့ကြက်ခြံ လို့နောက်ပြီး ခေါ်နေကြတယ် " ဟုလှိုင်သာယာ မှ ကျောင်းသားမိဘ တစ်ဦးကပြောကြားပါသည်။

" သူတို့ဖွင့်ချင်လို့သာဖွင့်နေတာပါ တကယ်တော့လာမယ့်ဖေဖော်ဝါရီ ဒုတိယအပါတ်ထဲမှာ ဒုတိယနှစ် ၀က်ဆုံးစာမေးပွဲတွေက ဖြေတော့မှာလေ..အဲဒါပြီးရင်ဒီစာသင်နှစ်ပြီးပြီ အဲဒါ ခုမှကျူရှင်ဖွင့် တယ်ဆိုတော့ မိုးလွန်မှ ထွန်ချဆိုတာမျိုး ဖြစ်နေတာပေါ့ " ဟု အထက်တန်းပြဆရာမတစ်ဦးလည်းဖြစ် ကျောင်းသားမိဘ တစ်ဦး လည်းဖြစ်သူ လှိုင်သာယာမြို့ခံတစ်ဦးကဆိုပါသည်။

၁၉၉၆ ခုနှစ်က မြန်မာကလေးငယ်များအတွက် ဂျပန်နိုင်ငံအစိုးရက မူလတန်းကျောင်း ၅၀၀ ဆောက်ပေး ဘို့ကမ်းလှမ်းချက်ကို ဒေါ်စုကြည်နဲ့ NLD က ပိတ်ဆို့တားဆီးခဲ့တဲ့ အတွက် မြန်မာကလေးငယ်များ နစ်နာ ခဲ့တာနဲ့စာရင် ဒီကျောင်းဟာ ဆင်သေကို ဆိတ်ရေနဲ့ဖုံးသလိုသာဖြစ်နေကြောင်းလည်း သုံးသပ်မိပါသည် ။


မြန်မာ့ဒီမိုကရေစီအရေးကို ဦးဆောင်ဦးရွက်ပြုမည်ဆိုသည့် အဖွဲ့အစည်းတစ်ခုက ယခုကဲ့သို့ ဥပဒေမဲ့လုပ်ဆောင် ခြင်းမှာ မသင့်တော်ကြောင်း မည်မျှပင် ရည်ရွယ်ချက်ကောင်းမွန်သည် ဖြစ်ပါစေ ဥပဒေနှင့် အညီ ဆောင်ရွက် လုပ်ကိုင်သင့်ကြောင်း NLD အနေဖြင့် ဘာလုပ်လုပ် အာဏာပိုင် တို့နှင့် အနည်းနှင့်အများ ပြသနာဖြစ်ပွားရန် ရည်ရွယ်ဆောင်ရွက်နေသည်မှာ ရေရှည်အနေဖြင့် ဆိုးကျိုး များသာ ရရှိစေမှာဖြစ်ကြောင်း ပြောဆိုမှုများရှိကြောင်း သိရှိရပါသည် ။


မဟာဗျူဟာ သဘော


မဟာဗျူဟာ သဘောကို သင်ကြားပို့ချလေ့ရှိသော ကျောင်းများတွင် ရလဒ်တစ်ခုသည် အသေအချာ ဖြစ်ပေါ် တော့မည်ကို အသေအချာ ကြိုတင်ခန့်မှန်းနိုင်ခဲ့၍ ကြိုတင်သိရှိပြီး လွှဲရှောင်ရန်လည်း မဖြစ်နိုင်ခဲ့လျှင် ထိုရလဒ်ထဲမှ အခြားသော ကောင်းကျိုးအမျိုးမျိုးကို ဖန်တီးကြည့်ရန် စဉ်းစားပုံအမျိုးမျိုးကို လေ့ကျင့် ပေးလေ့ရှိပါသည်။ Strategic Alternative ဟု သုံးနှုန်းလေ့ရှိပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးတွင် ထိုအခြေအနေမျိုး မကြာ ခဏကြုံ တွေ့လေ့ရှိသောကြောင့် ဤသဘောတရားကို ဤနေရာတွင် အနည်းငယ်ဆွေးနွေးလိုပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွင် ဖြစ်ကိုဖြစ်တော့မည်ဟု သေချာနေသော အဖြစ်အပျက် ကြီးနှစ်ခုရှိခဲ့ပါသည်။
(၁) ပထမအဖြစ်အပျက်မှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ဖြစ်ပါ သည်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို Value Judgement မပြုလုပ်ဘဲ Empirical Judgement ပြုလုပ်ကြည့်ခဲ့လျှင် ထိုရလဒ်ကို မေ့ပစ်လိုက် ရတော့မည်ဆိုသောအချက်ကို တဖြည်းဖြည်းမြင်သာလာမည်ဖြစ်ပေ သည်။ အထူးသဖြင့် အမျိုးသားညီလာခံကို ပြန်လည်ကျင်းပရန် ၃၀၈- ၂၀၀၃ နေ့တွင် ထုတ်ပြန်သည့် လမ်းညွှန်မြေပုံသည် ထိုသုံးသပ် ချက်ကို ပိုမို၍ခိုင်မာစေသည့်အကြောင်းရင်းဖြစ်နေသည်။

Monday, January 17, 2011

လွှတ်တော် ကိုယ်စားလှယ်များရဲ့ တာဝန် နဲ့ လုပ်ပိုင်ခွင့်များ

လွှတ်တော် ကိုယ်စားလှယ်များရဲ့ တာဝန်
လွှတ်တော် ဥပဒေပုဒ်မ ၉ မှာ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးရဲ့ တာဝန်ကို အခုလို သတ်မှတ် ပေးထားပါတယ်-
၁။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် တည်ဆဲ ဥပဒေများကို ကာကွယ် စောင့်ရှောက်ခြင်း။
၂။ နိုင်ငံတော်နှင့် စပ်လျဉ်းသော လျှို့ဝှက်ချက်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊
၃။ လွှတ်တော်သို့ တင်သွင်းသော ဥပဒေကြမ်းများ၊ အဆိုများနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ပြည်ထောင်စု၏ အကျိုး စီးပွားကို အဓိက ထားခြင်း။
၎။ နိုင်ငံသားများ၏ မူလ အခွင့်အရေးများ ရရှိ ခံစားနိုင်ရေးကို ရှေးရှု ဆောင်ရွက်ခြင်း။
၅။လွှတ်တော်က ပေးအပ်သော အခြားတာဝန်မျာကို ထမ်းဆောင်ခြင်း။

လွှတ်တော်အသီးသီးမှာ ဒီလိုဆွေးနွေးကြရမယ်


အခုတလော NLD အပါအ၀င် အတိုက်အခံများ ပြည်ပအသံလွှင့်ဌာနများ မှ လာမည့်လွှတ်တော်အတွင်းတွင် လွတ်လပ်စွာပြောဆိုခွင့်ရှိမှာ မဟုတ်တဲ့အကြောင်း လက်ရှိအစိုးရအနေဖြင့် အတိုက်အခံများအနေဖြင့် ဘာမှ ပြောဆိုဆွေးနွေးလို့မရအောင် ဥပဒေများဖြင့်ကြိုတင် ပြဌာန်းပိတ်ပင်ထားပြီးဖြစ်ကြောင်း ပြောဆိုနေကြပါတယ် ဒီဥပဒေကတော့ နည်းဥပဒေ ပုဒ်မ ၂၈ မှာ ကိုယ်စားလှယ်တော်ကြီးများအနေဖြင့် လွှတ်တော်အတွင်း ဆွေးနွေး ရာမှာ လိုက်နာရမည့်အချက် ( ၁၃ ) ချက်ကို အောက်ပါအတိုင်းဖေါ်ပြထားပါတယ်....

၁။ ကာကွယ်ရေး၊ လုံခြုံရေးနှင့် နိုင်ငံတော် လျှို့ဝှက်ချက် ကိစ္စများကို တံခါးပိတ် အစည်းအဝေး မှအပ အခြား အစည်းအဝေး၌ တင်ပြခြင်း မပြုရ။
၂။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အချင်းချင်း ရိုင်းပင်းကူညီရေး၊ ချစ်ကြည် လေးစားရေး တို့ကို ထိခိုက်ပျက်ပြား စေမည့် စကားမဆိုရ။
၃။ မည်သည့်ဘာသာ၊ သာသနာကိုမျှ ပုတ်ခတ် ပြောဆိုခြင်း မပြုရ။
၎။ တရားရုံး တစ်ရုံးက ဆုံးဖြတ်ချက် မချမှတ် ရသေးသော မည့်သည့် ကိစ္စကိုမျှ ရည်ညွှန်းထည့်သွင်း ပြောဆိုခြင်း မပြုရ။
၅။ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးအား ပုဂ္ဂလ အဓိဋ္ဌာန် အားဖြင့် စွတ်စွဲပုတ်ခတ် ပြောဆိုခြင်း မပြုရ။
၆။ လွှတ်တော် ပရ၀ဏ် အတွင်းတွင် ဖြစ်စေ၊ လွှတ်တော်တွင် ဖြစ်စေ၊ လွှတ်တော် အဖွဲ့အစည်း တစ်ရပ်ရပ်တွင် ဖြစ်စေ၊ ပြောဆို ဆွေးနွေးချက် များကို ထိပါးပုတ်ခတ် ပြောဆိုခြင်း သော်လည်းကောင်း၊ ယင်း အစည်းအဝေး များတွင် ဆောင်ရွက်သည့် ကိစ္စများကို မဖွယ်မရာသော အသုံးအနှုန်းဖြင့် ပြောကြားခြင်း သော်လည်းကောင်း မပြုရ။

အာဆီယံ၏ မြန်မာ့အရေးတောင်းဆိုမှု ထောင်ထွက် ဦးဝင်းတင်ဝေဖန်

အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်း၌ ကျင်းပနေသော အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးအပြီးတွင် အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသူ အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီး Marty Natalegawa နှင့်အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများက မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့အရေးယူမှု ရုပ်သိမ်းပေးရန် မနေ့က တောင်းဆိုလိုက်ကြောင်းသိရှိရ ပါသည်။
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားမှုကို ရုပ်သိမ်းပေးရန် အာဆီယံအဖွဲ့၏ တောင်းဆိုမှုသည် ရိုးသားမှု မရှိသဖြင့် မထောက်ခံဟု ထောင်ထွက်တစ်ဦးဖြစ်သူ NLD မှ ဦးဝင်းတင်က ပြောသည်။

“အာဆီယံ အဖွဲ့က တောင်းဆိုတာတွေဟာ စစ်အစိုးရရဲ့ အလိုကျ လိုက်ပြီးတော့ တောင်းဆိုတာသာဖြစ်တယ်” ဟု ၎င်းထောင်ထွက်ကဆက်၍ ဆိုပါသည်။

ထောင်ထွက် ဦးဝင်းတင် ( ပုံပါအင်္ကျီ အပြာတစ်ထည်သာရှိ၍ "ဒါဝတ်" ၀င်းတင်ဟုလည်းခေါ်ကြသည် )

လည်းကောင်းထောင်ထွက်ဦးဝင်းတင်ဆိုသူသည် မြန်မာ့စီးပွားရေး အခြေအနေအား အစဉ်တစိုက် ဝေဖန် နေသော်လည်း ၄င်းသည် သူ၏မိသားစုစီးပွားရေးကိုပင်ဦးဆောင်နိုင်သူတစ်ဦးမဟုတ်သဖြင့် မိသားစု၏ ဝေဖန်ခံနေရပြီး အ၀တ်တစ်ထည် ကိုယ်တစ်ခုဖြင့်နေရသူတစ်ဦး ဖြစ်ကြောင်းသိရပါသည်။

ခါတော်မီ တိုင်းပြည်ဖျက်မယ့် အကြံအစည်

NLD & CRPP 
နိုင်ငံဖျက်မည့်မီးစများ

NLD နဲ့ NLD ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဆိုတဲ့ CRPP တို့က ယင်းတို့ ပြောနေသော ဒုတိယ ပင်လုံညီလာခံကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဆိုတဲ့အကြောင်း၊ ဒုတိယ ပင်လုံညီလာခံ ဖော်ဆောင်ရေးအတွက် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၂၈)ရက်နေ့တွင် NLD ရုံးချုပ်၌ ပြုလုပ်မည့် ပင်လုံစိတ်ဓာတ်အကြောင်း ဟောပြောမည့် ဟောပြောပွဲတွင် ဒုတိယ ပင်လုံညီလာခံအဖြစ် တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များအကြား စိတ်ဝမ်းကွဲ နေမှုများ၊ ပြည်နယ် တိုင်းဒေသများအတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဥပဒေများအရ တစ်ပေါင်း တစ်စည်းတည်း အုပ်ချုပ်ပိုင်ခွင့်၊ ပြည်နယ် ပြည်မများအတွင်း လွတ်လပ်ပိုင်ခွင့်၊ တန်းတူ ညီမျှစွာ အကျိုးရလဒ်များ ခံစားပိုင်ခွင့်များကို ယခင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ချုပ်ဆိုခဲ့သော ပင်လုံ စာချုပ်ကဲ့သို့ နိုင်ငံရေးအရ ပြည်တွင်းရှိ တိုင်းရင်းသား လူမျိုးစု အသီးသီးနဲ့ ဒုတိယ ပင်လုံ ညီလာခံ စာချုပ်ကို ချုပ်ဆိုနိုင်ရေးအတွက် ထည့်သွင်း ကြေညာမှု ပြုလုပ်သွားမယ်လို့ ဆိုကြပါတယ်။ အဆိုပါ ဒုတိယ ပင်လုံညီလာခံ ရုပ်လုံးပေါ်ရန် ဦးတင်ဦး၊ ဒေါ်စုကြည်နဲ့ CRPP ခေါင်းဆောင် အချို့က နိုင်ငံရေးအရ ပင်လုံ စိတ်ဓာတ်အကြောင်း ဟောပြောပွဲ ပြုလုပ်ခြင်း ဖြစ်ပြီး ဒီဟောပြောပွဲ အကြောင်းအရာတွေကို အင်တာနက်က တစ်ဆင့်လည်းကောင်း၊ တိုင်းရင်းသား လူမျိုးစု ခေါင်းတွေနဲ့ တိုက်ရိုက် တွေ့ဆုံခြင်း၊ ဆက်သွယ် စကား ပြောခြင်း၊ ဆွေးနွေးခြင်းများ၊ ဒုတိယ ပင်လုံညီလာခံ ဖော်ဆောင်ရေးအတွက် ဆန္ဒသဘောထား အမြင်များ၊ အကြံပြု ဆွေးနွေးချက်များ ရယူပြီး NLD နဲ့ CRPP တို့က ဒုတိယ ပင်လုံ ညီလာခံအတွက် ဆုံးဖြတ်ချက် ချမှတ်သွားမယ်လို့ ဆိုကြ ပါတယ်။
ဒေါ်စုကြည်တို့ အခုလုပ်နေတဲ့ ဒုတိယ ပင်လုံညီလာခံ ဆိုတာ တကယ်တော့ တိုင်းပြည် စည်းလုံး ညီညွတ်အောင် လုပ်ဆောင်ခြင်းထက် စိတ်ဝမ်းကွဲပြားအောင် တိုင်းရင်းသားအချင်းချင်း သွေးစည်းမှု မရှိအောင် (တစ်နည်းအားဖြင့်) အယုံအကြည် ကင်းမဲ့စေအောင် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။

Sunday, January 16, 2011

တရုတ် ကိုယ်ပျောက် တိုက်လေယဉ်သစ် J-20

ချန်ဒူး-ဇန်နဝါရီ ၇ – ၂၀၁၁
တရုတ်နိုင်ငံမှ အသစ် ထုတ်လုပ်သည့် ရေဒါဖြင့် ဖမ်းယူ၍ မရနိုင်သော ကိုယ်ပျောက် တိုက်လေယဉ်သစ် J-20 stealth ကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူးမြို့တွင် စမ်းသပ် ပျံသန်းသည်ကို မြင်တွေ့ရသည်။
http://patheincity.com/news//HLIC/690641b8f90d0fa417a56c73f53a5386.jpg
http://patheincity.com/news//HLIC/6fb0a33f3dda9b2901691f7252e4b620.jpg
http://patheincity.com/news//HLIC/f0c8b3b886ff212a3a664d4590e15150.jpg
http://patheincity.com/news//HLIC/1925a1a60bf509842ea15412c92f0821.jpg
http://patheincity.com/news//HLIC/7c9b92203f49c3d53e19d4ee2a8268b3.jpg
အဆိုပါ J-20 ကိုယ်ပျောက် တိုက်လေယဉ် စမ်းသပ် ပျံသန်းသည့်ပွဲတွင် သတင်းထောက်၏ မေးမြန်ချက်များကို ကာကွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှုး Guan Youfei က တရုတ်နိုင်ငံ၏ စစ်တပ်သုံး လက်နှက်ပစ္စည်းများ တိုးတက် တီထွင်မှုများသည် အခြားသော မည်သည့် နိုင်ငံများအပေါ်မှ မရည်ရွယ်ပါကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။
PatheinCity News | Source:Xinhua

Saturday, January 15, 2011

သြော်...အမေရိကန်...အမေရိကန် ( ၃ )

ငွေကြေးထောက်ပံ့နေသော အမေရိကန်အစိုးရနှင့်အထောက်အပံ့ခံအတိုက်အခံတို့ဘ၀သရုပ်ဖေါ်ပုံ
အမေရိကန် အစိုးရက မြန်မာနိုင်ငံအတွက် ၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ သုံးစွဲဖို့ အမေရိကန် ဒေါ်လာ(၃၆.၈၅)သန်း လျာထားပြီး အောက်ပါ ခေါင်းစဉ်တွေနဲ့သုံးမယ်လို့ဆိုပါတယ်..
(၁) Economic Support Fund ခေါင်းစဉ်နဲ့ ကရင်ဒုက္ခသည်များကို ထောက်ပံ့ရန်
(၂) မြန်မာပြည်အတွင်း ဒီမိုကရေစီထွန်းကားရေး ဆောင်ရွက်ရန်
(၃) ပြည်တွင်းမှ အချိန်နဲ့ တစ်ပြေးညီ တိကျမှန်ကန်သော သတင်းများ ရရှိရေး ဆောင်ရွက်ရန်၊
(၄) မြန်မာပြည်တွင်းရှိ ဂျာနယ်သမားများ၏အဆင့်အတန်း မြှင့်တင်ရန်၊
(၅) မြန်မာပြည်တွင်းရှိ သတင်းနှင့်ဂျာနယ်များအနေဖြင့် အင်တာနက်အသုံးပြုကာ လုံခြုံစွာသတင်းရယူပြီး
     အချိန်နှင့်တပြေးညီ သတင်းများဖြန့်ချိနိုင်ရေး။....ဆိုတဲ့အချက်တွေပါတဲ့ဗျား

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အမေရိကန်အစိုးရရဲ့ ထောက်ပံ့တဲ့ ခေါင်းစဉ်တွေဟာ တကယ် လိုအပ်နေတဲ့ မြန်မာ နိုင်ငံသူ နိုင်ငံသားတွေအတွက် ထိမိတဲ့ အကျိုးသက်ရောက်မှု မရှိဘဲ ဒေါ်စုကြည်တို့လို နိုင်ငံတော်အစိုးရကို ထော်လော် ကန့်လန့် လုပ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို မြန်မာပြည်သူများကြားနဲ့ တစ်ကမ္ဘာလုံးက သိအောင် ၀ါဒဖြန့်တဲ့ လုပ်ငန်းတွေ အောင်မြင် တွင်ကျယ်လာရေး လုပ်ဆောင်နေတာ ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် ဒုတိယပင်လုံဆိုတာနဲ့ အမေရိကန်ရဲ့ မြန်မာ့အရေး ထောက်ပံ့မှုတွေဟာ အဆက်အစပ်ရှိရှိ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ လုပ်ရပ်တွေ သာ ဖြစ်ပါကြောင်း ။

ဒီလူ ဒီမူတွေနဲ့တော့ခက်ချေပြီ

နော်ဝေနိုင်ငံအခြေစိုက် ဘက်မလိုက် ကရင်အဖွဲ့မှ ဒီကေဘီအေ တပ်မဟာ ၅တပ်မှူး စောလားပွယ် (ခေါ်)နှုတ် ခမ်းမွေးအား ဒီဇင် ဘာလ ၄ရက်နေ့က ကရင့် ဒီမိုကရေစီ သူရဲကောင်း ဆု ပေးအပ် ချီးမြှင့် လိုက်ပါတယ်။
ကရင့်ခေါင်းဆောင်ကြီး စောဘဦးကြီး ၏ မူလေးချက် အပေါ် အခြေခံကာ အမျိုးသားရေး အတွက် မားမား မတ်မတ် ရပ်တည်ဆောင်ရွက် ပေးခြင်းကြောင့် အဆိုပါ ဆုကို လက်ခံ ရရှိသွားခြင်း ဖြစ်သည်ဟု ဆုပေးပွဲ စီစဉ်သူများကပြောကြားလိုက်ပါသေးတယ်။
ဒီတော့..ဒီနေရာမှာစောဘဦးကြီးရဲ့မူ (၄) ချက်ဆိုတာကြီးကိုသိဘို့လိုလာပါပြီ..ကဲကြည့်ကြရအောင်..
( ၁ ) လက်နက်ချစကား အလျဉ်းမပြောရ
( ၂ ) ကရင့်လက်နက် ကရင့်လက်မှာရှိရမည်
( ၃ ) ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်
( ၄ ) ကရင်ပြည်အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည်..................တဲ့..ကဲ..ကောင်းလိုက်တဲ့မူတွေ ..ဒီလူ ဒီမူတွေ နဲ့ကတော့ ရပါလိမ့်မယ်ငြိမ်းချမ်းရေး..ဖြစ်ပါလိမ့်မယ်ညီညွတ်ရေး..အောင်မြင်ပါလိမ့်မယ် ဒီမိုကရေစီ အရေး။

လူကုန်ကူးမှုများတွင်UNHCR နှင့် IOM၀န်ထမ်းများပါဝင်

အမေရိကန်နှင့်အနောက်နိုင်ငံအချို့သို့ တရားမ၀င် ဒုက္ခသည်အယောင်အဆောင်များကို ဒုက္ခသည် များ အဖြစ်ဖန် တီးပေးပြီး လူကုန်ကူးမှုဆောင်ရွက်ရာတွင် UNHCR ,IOM နှင့်ဒုက္ခသည်စခန်းမှတာဝန်ရှိ သူအချို့ပူးပေါင်းလုပ်ဆောင်နေကြသည်မှာ အချိန်ကာလ အတော်ကြာ မြင့်ပြီ ဖြစ်သည်ဟု ယခင် မဲဆောက် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးတွင် အမှု ထမ်းဖူးသူ တစ်ဦးက ပြောကြားသည်။

အစစ်အမှန် ပြည်တွင်းစစ်ဘေးဒဏ်ကြောင့်ထွက်ပြေးလာကြ သည့်ကရင်ဒုက္ခသည် မိသားစုများနေရာတွင် လူအစားထိုး ဆောင်ရွက်ကြခြင်းဖြစ်သည်။ လူတဦးအစားထိုးခမှာဘတ်ငွေ၁သိန်း ၅သောင်းမှ ၂ သိန်း ထိပေါက်ဈေးရှိသည်။ 
အစား ထိုးမှု များ တွင် ကရင် ဒုက္ခသည် များ သာမက မြန်မာ နိုင်ငံရေး အကျဉ်းသားများ နှင့် အကျဉ်းသား ဟောင်းများ ၏ နာမည် များ ကို ပါ အစားထိုးဖော်ပြသည် ။အချို့ နိုင်ငံရေး အကျဉ်းသားများ မှာ ထပ်မံ ထောဒဏ် အပြစ်ပေး ခံရပြီး မြန်မာ အကျဉ်းထောင်ထဲတွင် ရှိသော် လည်း ၎င်း တို့ ၏ နာမည် များ နှင့် အစားထိုး လူစားများ မှာ အမေရိကန် နှင့် ဥရောပ နိုင် ငံများ တို့ ရောက် နှင့်နေပြီး ဖြစ်သည်။ မိသားစုဝင် ၆ဦး ၇ဦးထိလူစားထိုးမှုများရှိသည်။ 
ထိုသို့လူစားထိုးရာတွင် ကာယကံရှင်မိသားစုမှာ တဦးလျင်ဘတ်ငွေ ၁သောင်း ၅ထောင်မှ ၂သောင်းထိသာရကြပြီး UNHCR , IOM ၀န်ထမ်းများနှင့်ဒုက္ခသည်စခန်း တာဝန်ရှိသူတို့ခွဲဝေယူကြသည်။ UNHCR မှဝန်ထမ်း အောင်ကျော်ဦးမှာမြန်မာ နိုင်ငံ ရန်ကုန်မြို့ရှိ တရုပ်သူဌေးများ ၏ မသိသူမရှိ ဖြစ် သည်။ မြန်ပြည်ရှိသူဌေးများသည် အမေရိကန်ပြည်ဝင်ခွင့်ရရန်ခက်ခဲသောကြောင့် ဒုက္ခသည်ယောင်ဆောင်ပြီး အမေရိကန်သို့ထွက်ခွာသွား ကြသည်မှာ ထောင်နှင်ချီရှိနေပြီဖြစ်သည်။ ထိုသူများမှာ ဒုက္ခသည်စခန်းတွင်တစ်ညမျှပင်မအိပ်ဘူးသူများဖြစ်ကြသည်။

Friday, January 14, 2011

အရူးကျော်သူရဲ့ အမေ့ကျေးဇူး


ဥပဒေ၊နည်းဥပဒေစာအုပ် (၁၇) မျိုးဖြန့်ချိ

ပြည်သူအများ လေ့လာ ဖတ်ရှုနိုင်ရေး အတွက် ပုံနှိပ်ထုတ်ဝေ ဖြန့်ချိလျက် ရှိသည့် ဥပဒေ၊ နည်းဥပဒေ စာအုပ် (၁၇) မျိုးအား လေ့လာ ဖတ်ရှုလိုသူ အထူးများပြား နေသည့်အတွက် ဇန်နဝါရီ ၁၄ ရက်မှစ၍ ရန်ကုန်မြို့ ကုန်သည်လမ်း စာပေ ဗိမာန် စာအုပ် အရောင်းဆိုင်၊ သိမ်ဖြူလမ်း သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း စာအုပ် အရောင်းဆိုင်နှင့် ပန်းဆိုးတန်းလမ်း (အောက်) ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးတို့၌ လိုအပ်သလောက် ဖြန့်ချိ ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း၊ အထူး အစီအစဉ် အနေဖြင့် ရုံးပိတ်ရက် များတွင်ပါ အရောင်းဆိုင်များ ဖွင့်လှစ် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အလားတူ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးများ၌လည်း ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။
၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ (၅) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။


ပထမ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး၊ ပထမအကြိမ် အမျိုးသား လွှတ်တော် အစည်းအဝေး၊ ပထမ အကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးများကို ၁၃၇၂ ခုနှစ် ပြာသိုလပြည့်ကျော် ၁၂ ရက် (၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်) တနင်္လာနေ့၌ စတင် ကျင်းပတော့မည် ဖြစ်ရာ လေ့လာဖတ်ရှုနိုင်ရေး အတွက် အောက်ပါ ဥပဒေ၊ နည်းဥပဒေ စာအုပ် (၁၇) မျိုးအား ပုံနှိပ်ထုတ်ဝေ ဖြန့်ချိလိုက်ကြောင်း သိရှိရသည်-
(က) နိုင်ငံတော် အထိမ်းအမှတ် တံဆိပ် ဥပဒေ၊ နည်းဥပဒေ
(ခ) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ
(ဂ) ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ
(ဃ) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် အစိုးရအဖွဲ့ ဥပဒေ
(င) ကိုယ်ပိုင်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ ဥပဒေ
(စ) နေပြည်တော် ကောင်စီဥပဒေ
(ဆ) နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥပဒေ
(ဇ) ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဥပဒေ
(ဈ) နိုင်ငံတော် အလံ ဥပဒေနှင့် နည်းဥပဒေ
(ည) နိုင်ငံတော် သီချင်း ဥပဒေနှင့် နည်းဥပဒေ
(ဋ) ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ
(ဌ) ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ
(ဍ) အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ
(ဎ) တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ
(ဏ) ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ
(တ) ပြည်ထောင်စု ရှေ့နေချုပ် ဥပဒေ
(ထ) ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ
အဆိုပါ ဥပဒေ၊ နည်းဥပဒေ စာအုပ်များအား ရန်ကုန်မြို့ ကုန်သည်လမ်း စာပေဗိမာန် စာအုပ် အရောင်းဆိုင်၊ သိမ်ဖြူလမ်း သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း စာအုပ် အရောင်းဆိုင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများတွင် ဝယ်ယူရရှိနိုင်ကြောင်း သတင်းရရှိသည်။

Thursday, January 13, 2011

အဲဒါတွေကြောင့်စိတ်ညစ်တာ

  • ရွေးကောက်ပွဲမလုပ်တော့မလုပ်လို့ လုပ်မယ်ဆိုတော့မ၀င်ဘူး..ကိုယ်တိုင်မ၀င်ယုံတင်မဟုတ်ဘူး ၀င်တဲ့သူတွေကိုပါကန့်ကွက်လိုက်သေး ပြီးတော့ ပြည်သူကိုမဲမပေးပဲနေကြဘို့ အရှက်မရှိတိုက်တွန်း လိုက်ကြသေးတယ်
  • ပါတီတွေမှတ်ပုံတင်ဆိုတော့မတင်ဘူး အချိန်ကျော်တော့မှရပ်တည်ရေးပြန်ကြိုးစားတယ်
  • နေအိမ်အကျယ်ချုပ်ချထားတော့ချထားလို့ လွတ်လာတော့ဈေးရောင်းနေတယ် အရူးကျော်သူအိမ် သွား လည်နေတယ် ၊ ဒီကြားထဲပန်းချီဆွဲလိုဆွဲ (ကလေးပန်းချီ) ၊ကရင်အင်္ကျီဝတ်ပြီးတာ လာပေါ့စားလိုစားနဲ့ လုပ်လိုက် သေးတယ်
  • DKBAဗိုလ်နှုတ်ခမ်းမွှေးကငြိမ်းချမ်းရေးချိုးဖေါက်ပြီးမြ၀တီမြို့နဲ့ဘုရားသုံးဆူမြို့တွေကိုတိုက်တော့ဒီမိုက ရေစီလိုလားတာ  တပ်က ပြန်တိုက်တော့တိုင်းရင်းသားလက်နက်ကိုင်တွေကိုအနိုင်ကျင့်တာ
  • တပ်ကသူ့အလုပ်သူလုပ်နေတော့အခွင့်ထူးခံနေတာ ဒါဆိုအားလုံးဝင်ကြဆိုတော့လူ့အခွင့်ရေးချိုး ဖေါက်တာ
  • လွှတ်တော်မခေါ်သေးတော့မခေါ်လို့ ခေါ်ပြန်တော့လည်းရပ်ကပ်နေလို့အဆင်သင့်မဖြစ်ဘူးတဲ့
  • တခြားပါတီတွေကပြည်ခိုင်ဖြိုးကိုတရားစွဲတော့အမှန်တရားအတွက်လုပ်တာ ပြည်ခိုင်ဖြိုးကတရား ပြန်စွဲတော့ ဒါမတရားလုပ်တာ အနိုင်ကျင့်တာ
  • အစိုးရသတင်းစာမှာဒေါ်အောင်ဆန်းစုကြည်ကိုဒေါ်စုကြည်လို့ခေါ်ရင်ဒါအသရေဖျက်တာသေးသိမ်အောင် လုပ်တာသူတို့ကလက်ရှိအစိုးရကို အာဏာရှင်အစိုးရ ၊ စစ်အစိုးရ ၊ နအဖလို့ခေါ်တော့   လွတ်လပ်စွာ ပြောဆိုကြတာ
  • ဒေါ်စုကြည်ဘုန်းကြီးအပါးတစ်ရာကျော်ဆွမ်းလောင်းတော့ ဒါဟာ....ဘာသာရေးကိုင်းရှိုင်းတာ ဦးခင်ရွှေသာသနာ့နုဂ္ဂဟ အသင်းနိုင်ငံတစ်ဝှမ်းမှာထောင်တော့ဘာသာရေးနဲ့နိုင်ငံရေးရောတာ
  • အမေရိကားနဲ့အနောက်ဥရောပနိုင်ငံတွေမှာစစ်မှုမထမ်းမနေရဆိုတော့ ဒီမိုကရေစီဆန်တာ မြန်မာပြည်မှာတော့ အသံကြားရုံပဲရှိသေးတယ် ဥပဒေချိုးဖေါက်တာ လူ့အခွင့်ရေးချိုးဖေါက်တာ
  • စီးပွားရေးကိုအစိုးရကချုပ်ကိုင်ထားတော့ထားလို့ပုဂ္ဂလိကပိုင်ပေးတော့လဲတသက်လုံးအစိုးရကိုဆန့်ကျင်နေ       တဲ့သူတို့တစ်တွေမရလို့မတရားပြန်ဘူး 
  • ဂီရိမုန်တိုင်းကို အစိုးရက သန်းထောင်ချီအကုန်အကျခံလုပ်နေတော့ဟိုဟာလိုတယ် ဒီဟာလိုတယ် NLD က သိန်း ၃၀ သွားလှုလိုက်မှအရာရာပြည့်စုံသွားတယ် 
  • အစိုးရစီးပွားရေးကိုတော့ကြေငြာချက်တွေဘာတွေထုတ်ပြီးဟိုလိုလုပ်လိုက်ပါလားဒီလိုလုပ်လိုက်ပါလားနဲ့  သူတို့ကြတော့တစ်နိုင်ငံလုံးမပြောနဲ့ NLD ရုံးချုပ်ကိုတောင်တိုးတက်အောင်မလုပ်နိုင်သေးဘူး အခမ်းအနားတွေမှာ ပလပ်စတစ်ခုံအစုတ်နဲ့နောက်ခံအနီရောင်ပိတ်အစုတ်ကခုထိမတက်သေးဘူး
  • နိုင်ငံတော်အကြီးအကဲ တရုတ်နိုင်ငံကိုချစ်ကြည်ရေးခရီးသွားတော့ တရုတ်အားကိုးတာ ဒေါ်စုကြည် တရုတ် သံအမတ်ကြီးနဲ့တွေ့တော့ အိမ်နီးချင်းအင်အားကြီးနိုင်ငံနဲ့ ဆက်ဆံရေးတည်ထောင်တာ

ကြံကြံဖန်ဖန်အပြစ်ရှာသူများ

သူများမကောင်း ကိုယ်အကောင်း ပြောမည့်သူများ
ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ပထမ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး၊ ပထမ အကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးနဲ့ ပထမ အကြိမ် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပသွားဖို့ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက တရားဝင် ကြေညာချက် ထုတ်ပြန်ပြီး လွှတ်တော် ခေါ်ယူရေး ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ (၁၇) မျိုးကိုလည်း ပုံနှိပ်ထုတ်ဝေ ဖြန့်ချိခဲ့ပါတယ်။
ထုံးစံအတိုင်း ပါပဲဗျာ။ ပြည်ပ အသံလွှင့် ဌာနတွေနဲ့ ပုဂ္ဂိုလ် တစ်ချို့က ဝေဖန်သံတွေ ကြားနေရတယ် ခင်ဗျာ့။ အပြစ်ရှာ နေတဲ့ နေရာမှာ ကြံကြံဖန်ဖန် ရှာတတ်တဲ့ သူတို့ရဲ့ အကျင့်အတိုင်း ချစ်တီးခေါင်း သန်းရှာ သလိုပါပဲ။ အခုလို လွှတ်တော်ကို ချက်ချင်း ခေါ်လိုက်တဲ့ အတွက် လွှတ်တော် ကိုယ်စားလှယ်တွေ အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုကြပြန်တယ် ခင်ဗျာ့။ တကယ်တော့ လွှတ်တော် ဥပဒေထဲမှာ အတိအလင်း ပါပြီးသားပါ။ အားလုံးလည်း သိပြီးသားပါ။ ရွေးကောက်ပွဲ ပြီးတဲ့နောက် ရက်ပေါင်း (၉၀) အတွင်း လွှတ်တော် ခေါ်ယူမယ် ဆိုတာပါပဲ။ ဒါကိုကြည့်ရင် တမင်သက်သက် အပြစ်ရှာ ပြောတယ် ဆိုတာ အလွန်ထင်ရှားလှ ပါတယ်ဗျာ။

ပြည်ပနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများကြောင့်ကျောက်ဖြူ၊ ထားဝယ်၊ စစ်တွေ၊ မုံရွာတို့၌ အိမ်ခြံမြေဈေးကောင်းလာ


ပြည်ပနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများကြောင့် ကျောက်ဖြူ၊ စစ်တွေ၊ ထားဝယ်နှင့် မုံရွာမြို့ တို့တွင်အိမ်ခြံမြေ ဈေးကောင်း ကြောင်း၊ မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း မှ ဦးသန်းဦးက ပြောသည်။ ထားဝယ်တွင် ထိုင်းနိုင်ငံမှ ရေနက် ဆိပ်ကမ်းစီမံကိန်း ကိုလည်းကောင်း၊ စစ်တွေတွင် အိန္ဒိယနိုင်ငံမှ ကုလားတန်ဘက်စုံ စီမံကိန်းကိုလည်းကောင်း၊ ကျောက်ဖြူ  တွင် တရုတ်နိုင်ငံမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည် ““ထားဝယ်မှာဆိုရင် မကြာမီ ပေါ်ပေါက်လာမယ့် စီးပွားရေးဇုန်တွေအတွက် နေရာကြိုယူတဲ့အနေနဲ့ ဈေးစကောင်းနေပါပြီ။ ကျောက်ဖြူမှာ ဈေးကွက်စနေပြီးစစ်တွေဆိပ်ကမ်းနဲ့နီးပြီး စီးပွားရေးအခြေခံကျတဲ့နေရာတွေမှာ အိမ်ခြံမြေအရောင်းအ၀ယ် ပိုကောင်းလာတယ်။ မုံရွာက အိန္ဒိယနဲ့ ကုန်သွယ်မှုပြုတဲ့ လမ်းကြောင်းမှာ အဓိကကျနေတဲ့အတွက် အဲဒီက အိမ်ခြံမြေတွေလည်း ဈေးကောင်းနေတယ်။ အထူးသဖြင့် မုံရွာ ကျောက္ကာလမ်းမကြီး၊ ကမ်းနားလမ်းမကြီး၊ ဗိုလ်ချုပ်လမ်းမကြီးတွေမှာ အရောင်းအ၀ယ်တော်တော်ဖြစ်တယ်။ ထားဝယ်၊ စစ်တွေ၊ကျောက်ဖြူမှာဆိုရင် အရင်ကျပ်သုံးသိန်း လောက်ရှိတဲ့နေရာက အခု ကျပ်ငါးသိန်းထိတက်လာပြီ”” ဟု ယင်းက ပြောသည်။

Wednesday, January 12, 2011

ပြည်သူ့စစ်မှုထမ်းဥပဒေ


Military Conscription Law Of SPDC -

သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ (၂၇-၁-၂၀၁၁)ရက်နေ့ နေပြည်တော်သို့ သတင်းပို့ကြရမည်

ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမနှင့် အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမတို့၌ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက် (တနင်္လာနေ့) နံနက် ၈ နာရီ ၅၅ မိနစ်တွင် စတင်ကျင်းပရန် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူထားရာ အဆိုပါ အစည်းအဝေးများ တက်ရောက်ရန် ဖိတ်စာများကို သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ ထံသို့ ပေးပို့ထားပြီး ဖြစ်သည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အစည်းအဝေးများအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရေးအတွက် ဖိတ်စာလက်ခံရရှိသည် ဖြစ်စေ၊ မရရှိသည်ဖြစ်စေ နေပြည်တော်သို့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၂၇ ရက် (ကြာသပတေးနေ့)အရောက် သတင်းပို့ကြရန် ဖြစ်ကြောင်း သတင်းရရှိသည်။
(၂၀၁၁ခုနှစ် ဇန်န၀ါရီ ၁၂ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၂၀ မှ ကူးယူဖော်ပြပါသည်။)

တရုတ် မော်တော်ယာဉ်များ မြန်မာ ဈေးကွက် သို့ ပိုမို ထိုးဖောက်ရန် ကြိုးပမ်း


တရုတ်နိုင်ငံ အခြေစိုက် မော် တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ များ အနေဖြင့် မြန်မာ့ ဈေးကွက် သို့ ပိုမို ထိုးဖောက် ၀င်ရောက်ရန် ကြိုး ပမ်း လျက် ရှိကြောင်း သိရသည်။
အဆိုပါ အစီအဉ် အရ မြန်မာ နိုင်ငံရှိ စက်မှုဇုန် ၁၈ ခု တွင် မော် တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း များ ပူးပေါင်း ဆောင်ရွက်ရန် တရုတ် ကုမ္ပ ဏီ များက စီစဉ် လျက်ရှိကြောင်း၊ မြန် မာ အစိုးရ က အပြည်ပြည် ဆိုင်ရာ စီး ပွားရေး ပူးပေါင်း ဆောင်ရွက် မှုများကို ခွင့်ပြု လိုက်ပြီး နောက် တရုတ် နိုင်ငံ လုပ် စက် ပစ္စည်း ကိရိယာ များနှင့် မော်တော် ယာဉ်များ မြန်မာ့ ဈေး ကွက် တွင်း သို့ ပိုမို ထိုးဖောက် ၀င် ရောက် လာ ခဲ့ကြောင်း၊ တစ်ချိန် တည်း မှာပင် ပြည်တွင်း မော်တော် ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း အချို့ က ဂျပန် နိုင်ငံ အခြေစိုက် ကုမ္ပဏီ များနှင့် ပူးပေါင်း ဆောင်ရွက်ရန် လည်း စီစဉ် လျက် ရှိကြောင်း၊ လက်ရှိ အချိန် တွင် တရုတ် မော်တော်ယာဉ် ကုမ္ပဏီ ငါးခု က မြန်မာ နိုင်ငံ နှင့် ပူးပေါင်း ဆောင် ရွက်ရန် ညှိနှိုင်း လျက် ရှိကြောင်း၊

Tuesday, January 11, 2011

ပထမအကြိမ်လွှတ်တော်အစည်းဝေးများကျင်းပမည်

ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ကြေညာချက်အမှတ် (၁/၂၀၁၁)ဖြင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း၊ ကြေညာချက်အမှတ် (၂/၂၀၁၁)ဖြင့် ပထမအကြိမ် အမျိုးသား လွှတ်တော် အစည်းအဝေး ကျင်းပရန်ခေါ်ယူခြင်း၊ ကြေညာချက် အမှတ် (၃/၂၀၁၀) ဖြင့် ပထမအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်းနှင့် ဥပဒေ နည်းဥပဒေ စာအုပ်(၁၇)မျိုးအား ပုံနှိပ်ထုတ်ဝေ ဖြန့်ချိခြင်း ကြေညာချက်များကို ၁၀-၁-၂၀၁၁ ရက်နေတွင် တရားဝင် ထုတ်ပြန် ကြေညာ လိုက်ပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ကြေညာချက်အမှတ် (၁/၂၀၁၁)
၁၃၇၂ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်
(၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်)
ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပရန် ခေါ်ယူခြင်း
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ နှင့် ပြည်သူ့ လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၃၂ တို့က အပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့် တာဝန်အရ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေပြည်တော်၌ ၁၃၇၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် (၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်) တနင်္လာနေ့ နံနက် ၈ နာရီ၊ ၅၅ မိနစ် အချိန်တွင် စတင် ကျင်းပရန် ခေါ်ယူကြောင်း ကြေညာ လိုက်ပါသည်။
သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

Monday, January 10, 2011

အမျိုးသားညီညွတ်ရေး ဖြိုခွဲနေသူ

ဒေါ်စုကြည်ကို နိုင်ငံတကာ စောင့်ကြည့်ရေး အဖွဲ့က ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသား သင့်မြတ်ရေး အတွက်စွမ်း ဆောင်တဲ့ အနေနဲ့ ဂုဏ်ပြုဆု တစ်ဆုကို ဆွစ်ဇာလန်နိုင်ငံမှ ချီးမြှင့်ရန် စီစဉ်ထားတယ်လို့ ကြားရပါတယ်။ ဒေါ်စုကြည်နဲ့ အတူ အမေရိကန် နိုင်ငံမှ ဟီလာရီကလင်တန်၊ အစ္စရေး ဝန်ကြီးချုပ်ဟောင်း၊ ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း အပါအဝင် အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင် (၅) ဦးအား ရွေးချယ်ဆုပေးရန် သတ်မှတ်ထားတယ် လို့လည်း ဆိုပါတယ်။ ဒီဆုကို ဒေါ်စုကြည် ပါဝင်ရရှိခဲ့ခြင်းဟာ ဒေါ်စုကြည် ထိန်းသိမ်းခံ ဘဝက ပြန်လွတ်လာတဲ့အခါ ပြည်တွင်းအမျိုးသား သင့်မြတ်ရေး အတွက် ဆောင်ရွက်ခဲ့မှု၊ ပြည်သူအတွက် အခွင့်အရေးတွေ ရရှိဖို့ ဆန္ဒပြု ကတိပေးခဲ့မှုနဲ့ ပြည်တွင်းအမျိုးသား ညီညွတ်ရေး ဦးတည် ဆောင်ရွက်ရေး အတွက် ရရှိခဲ့ခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ် ခင်ဗျာ။
ဒေါ်စုကြည် အနေနဲ့ နိုဘယ်လ်ဆု အပါအဝင် ဆုပေါင်း တစ်ရာကျော်လောက် ရှိသွားပြီလို့လည်း သိရပါတယ်။ အားလုံးနီး ပါးလောက် ဟာ အနောက်အုပ်စု နိုင်ငံတွေက ပေးတဲ့ဆုတွေပါဘဲ။ ပြီးခဲ့တဲ့ လတုန်းကလည်း အိုင်ယာလန် နိုင်ငံက ငြိမ်းချမ်းရေးဆု၊ အမေရိကန် နိုင်ငံကတော့ အမေရိကန် နိုင်ငံမှာ လူချစ်လူခင် အများဆုံး ပုဂ္ဂိုလ်စာရင်းမှာ ထည့်သွင်းပြီး မြှောက်စားချီးမြှင့် ဂုဏ်ပြုခဲ့ကြတယ်လေ။ ကနေဒါ နိုင်ငံကလည်း ဂုဏ်ထူးဆောင် နိုင်ငံသားဆု ဆိုလားပဲ ကိုယ်တိုင်လာ ယူဖို့ ဖိတ်တယ်။ နည်းမျိုးစုံနဲ့ မြှောက်စားချီးမြှင့် ဂုဏ်ပြုနေကြလေရဲ့။ ဘယ်လိုများ ချီးမြှင့်မြှောက်စား ရမလဲ ဆိုတာကိုပဲ အလုပ်မရှိ အလုပ်ရှာ စဉ်းစားနေကြဟန် တူပါရဲ့။ ပြည်သူ အများစုရဲ့ ဆန္ဒသဘောထားကိုတော့ အလေးမထား၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အပေါ်မှာသာ ဝိုင်းဝန်း မြှောက်စား နေကြတာ ကတော့ သူတို့ရဲ့ မြန်မာနိုင်ငံ အပေါ်မှာ ထားရှိတဲ့ မမှန် ကန်တဲ့ သဘောထားတွေ အထင်အရှား ပြနေတာပါဘဲဗျာ။

စစ်မှုမထမ်းမနေရ ဥပဒေဆိုင်ရာသိမှတ်စရာ



စစ်မှုမထမ်းမနေရ စနစ်ဆိုသည်မှာ တပ်မတော်အတွင်းရှိ တပ်ဖွဲ့အသီးသီးတို့အတွက် အမိန့်အရ မဖြစ်မနေ ဝင်ရောက်အမှုထမ်းစေသည့် စနစ်ဖြစ်သည်။ ရှေးဟောင်း အထောက်အထားများအရ ဤသို့သော စနစ်ကို ရှေးနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပေသည်။ ရှေးအခါက ဘာသာရေးဆိုင်ရာ အဆောက်အုံများ တည်ဆောက်မှုအတွက် မဖြစ်မနေ လာရောက် လုပ်အားပေးရန်အတွက် အရွယ်ရောက်သူတိုင်း မဖြစ်မနေ လာရောက်တာဝန်ထမ်းဆောင်စေခြင်း စနစ်ကို ကျင့်သုံးခဲ့ကြပြီး နောက်ပိုင်းတွင် အစိုးရအဖွဲ့အစည်းများမှ ၎င်းတို့၏ စည်းမျဉ်းများအရ တိုင်းပြည်အတွက် လိုအပ်ချက်ကြောင့် သက်ဆိုင်ရာ တပ်မတော်များသို့ နိုင်ငံသားများအား မဖြစ်မနေ အမှုထမ်းစေခြင်း စနစ်အဖြစ် အသွင်ပြောင်း အသုံးပြုခဲ့ကြသည်။


စစ်မှုမထမ်းမနေရ စနစ်သည် ဥပဒေ (သို့) စည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်းချက်အရ မဖြစ်မနေလုပ်ရသော အလုပ်ဖြစ်သည်။ စစ်မှုမထမ်းမနေရ စနစ်ကို အသုံးမပြုသော နိုင်ငံပေါင်းများစွာလည်ရှိသည်။ အခြား ဆင်တူရိုးမှား စနစ်များ ဖြစ်သည့် အပျော်တမ်းတပ်ဖွဲ့များ၊ အမြဲတမ်းမဟုတ်သည့် တပ်ဖွဲ့များ (စစ်ပွဲရှိချိန်မှသာ တာဝန်ထမ်းဆောင်ရသော တပ်ဖွဲ့များ) ဟူ၍လည်း ဖွဲ့စည်း ကျင့်သုံးကြသည်။


ဗြိတိန် နှင့် သြစတေးလျ နိုင်ငံများတွင် စစ်မှုမထမ်းမနေရ စနစ်ကို စစ်ပွဲဖြစ်စဉ် ကာလများတွင် ကျင့်သုံးသည်။ ဒုတိယ ကမ္ဘာစစ်ကာလတွင် ဂျပန်နိုင်ငံ၌ အမျိုးသမီးများနှင့် ကလေးများ အားလုံးကို စက်ရုံများသို့ အမှုမထမ်းမနေရ ထမ်းဆောင်စေသည့် စနစ်ကို ကျင့်သုံးခဲ့သည်။


တပ်မတော်တွင် စစ်မှုမထမ်းမနေရစနစ်ကို ပထမဆုံး ကျင့်သုံးခဲ့သူဟု ယူဆရသူမှာ ပြင်သစ်ဘုရင် နပိုလီယန် ဖြစ်သည်။ နပိုလီယန်သည် ပထမ ပြင်သစ်အင်ပါယာ၏ ဧကရာဇ်ဖြစ်ပြီး ၁၇၆၉ တွင် မွေးဖွားကာ ၁၈၂၁ တွင် ကွယ်လွန်ခဲ့သည်။ နပိုလီယန်လက်ထပ်တွင် စစ်မှုမထမ်းမနေရစနစ်ကို ကျင့်သုံးခဲ့ခြင်းကြောင့် ပြင်သစ်တပ်မတော်ကြီးသည် ဥရောပတွင် အင်အားအကြီးဆုံး ဖြစ်လာခဲ့သည်။


စစ်မှုမထမ်းမနေရ စနစ်သည် တိုင်းတပါးနှင့် စစ်ဖြစ်ပါက အကောင်းဆုံး ရလဒ်တွေကို ရရှိစေနိုင်ပြီး ဒီမိုကရေစီ သို့ အမြင့်ဆုံးနည်းနှင့် ချဉ်းကပ်ခြင်းဖြစ်သည်။ ဥပမာ ပထမ ကမ္ဘာစစ်အတွင်းက ကနေဒါ၊ အောစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေကို ကြည့်နိုင်သည်။ ဗီယက်နမ်စစ်ပွဲသည် အကောင်းဆုံး သာဓက ဖြစ်ပြီး ရုရှားနှင့် တရုတ်တို့လည်း ဤစနစ်ကို ကျင့်သုံးလာကြသည်။


နိုင်ငံအများစုတွင် စစ်မှုမထမ်း ဥပဒေ ကို အမျိုးသားများအတွက်သာ ပြဌာန်းခဲ့ကြသည်။ အစ္စရေးကဲ့သလို့သော အချို့နိုင်ငံများတွင်တော့ အမျိုးသမီးများကိုပါ တာဝန်ထမ်းဆောင်စေခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းတွင် ဗြိတိန်နိုင်ငံနှင့် ဆိုဗီယက်ပြည်ထောင်စုတို့တွင် စစ်မှုမထမ်းမနေရစနစ်ကြောင့် တာဝန်ထမ်းဆောင်လျှက်ရှိသော အမျိုးသမီး အများအပြားကို တွေ့နိုင်သည်။ အမေရိကန် တို့အနေနဲ့လည်း စစ်မှုမထမ်းမနေရကြောင့် ဝင်ရောက်တာဝန်ထမ်းဆောင်နေရသော အမျိုးသမီး စစ်သူနာပြု အများအပြားကို ဂျပန်နိုင်ငံသို့ စေလွှတ်ခဲ့ဖူးသည်။

Sunday, January 9, 2011

သြော်...အမေရိကန်...အမေရိကန် ( ၂)

ဒါကတော့အမေရိကန်တို့ရဲ့ကမ္ဘာကျော်CNNသတင်းဌာနကြီးကတကမ္ဘာလုံးကိုလိမ်ညာထုတ်လွှင့်ခဲ့တဲ့သတင်းထုတ် ပြန်ချက်တစ်ခုပါ၊ပင်လယ်ကွေ့စစ်ပွဲကာလအတွင်းက.CNN.သတင်းထောက်ဟာပင်လယ်ကွေ့စစ်အကြောင်းတိုက်
ရိုက်ထုတ်လွင့်ချက်တစ်ခုမှာ..သူဟာတကယ်သတင်းဖြစ်ပွားရာနေရာကိုရောက်နေတာမဟုတ်ဘဲဒီသတင်းကိုစတူဒီ
ယိုထဲမှာပဲရိုက်ကူးခဲ့တာကိုတွေ့ရမှာပါ...သတင်းခန်းထဲကလူကလဲခပ်တည်တည်နဲ့မေးနေတာကိုတွေ့ရမှာပါ....

အခုမြင်တွေ့ရမှာကတော့ထိုစဉ်ကCNNရဲ့တကမ္ဘာလုံးကိုထုတ်လွှင့်ခဲ့တဲ့မူရင်းသတင်းပါ




ဟော........ဒါကတော့ဒီသတင်းကိုပဲCNN၀ိုင်းတော်သားများပျော်ပျော်ပါးပါးကြီးဘေးကင်းရာစတူဒီယိုထဲမှာရိုက်ကူး
နေတာကိုတွေ့ရမှာပါခင်ဗျား.....