xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: February 2011

Monday, February 28, 2011

VOA နဲ့ RFA တို့ကပြောသော ကဒါဖီ၏ သက်တော်စောင့်များ

တစ်နေ့တစ်နေ့ အနောက်မျှော် သမားများနှင့် ပြည်ပသြဇာခံ ပေးတာယူ ကျွေးတာစားပြီး အစာကျွေးတာတဲ့ သခင် အားရအောင် မြန်မာနိုင်ငံအကြောင်း မကောင်းသတင်းတွေကို အပုပ်နံ့ တလှိုင်လှိုင်နဲ့ လေလှိုင်း ကြားမှာကော၊ ရုပ်မြင်သံကြား မှာကော၊ အင်တာနက် စာမျက်နှာတွေမှာပါ အပြိုင်အဆိုင် အလုအယက် ပြောဆိုနေကြတာကို တွေ့နေ မြင်နေ ကြားနေရတာ ကြာလို့ သူတို့ပြောသမျှ တွေကို မရိုးနိုင်တဲ့ ဟာဒယများ သဖွယ် နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ မဟုတ်မဟတ် လုပ်ဇာတ်တွေကို မြန်မာပြည်သူတွေက ကြားရဖန် များလာတော့ အစပိုင်းကတော့ ဟုတ်နိုးနိုး ထင်ယောင်ထင်မှား ဖြစ်မိကြသော်လည်း တစ်စတစ်စဖြင့် လိမ်လုံးတွေမှန်း သိလာကြပြီ ဖြစ်ပါတယ်။ သို့သော်လည်း သူတို့မှာလည်း အဲလို မဟုတ်မဟတ် အတင်းအဖျင်းလေး တွေကို ပြောဆိုပေးနေမှသာ သနားသဖြင့် ပေးကမ်းစွန့်ကြဲတဲ့ ဒေါ်လာများ ရမှာ ဖြစ်တာကြောင့် ခေါင်းစဉ် အမျိုးမျိုးတပ်လို့ တစ်မျိုး၊ ဇာတ်လမ်း အမျိုးမျိုးထွင်လို့ တစ်ဖုံ လေလှိုင်းကနေ သွေးဆောင် ဖျားယောင်းဖို့ ကြိုးစားနေကြပါတယ်။ 
ခုတလောတော့ အရှေ့အလယ်ပိုင်း မှာဖြစ်နေတဲ့ လူထုလှုပ်ရှားမှုတွေနဲ့ မြန်မာ ပြည် မတူတူအောင် ဇွတ် ကောက်ချက်တွေဆွဲပြီး ပြည်တွင်းမှာပါဆူပူမှု တွေ ဖြစ်လိုဖြစ်ညား ကြိုးစားနေကြပါသေးတယ်၊ လစ်ဗျား ခေါင်းဆောင် ဗိုလ်မှုးကြီးကဒါဖီကိုလဲ ရစရာမရှိအောင် ပြောာကဆိုကြ နဲ့ အမေရိကန်နဲ့ အပေါင်းပါတွေ ကဇာတ်လိုက် ကဒါဖီက ဗီလိန်ဖြစ်အောင် ဇာတ်ဆင်နေရတာလဲအမောပါပဲ ..အဲဒီထဲက တစ်ခုကိုကြည့်ရအောင် VOA နဲ့ RFA ထုတ်လွင့်ချက်တစ်ခုမှာ ကဒါဖီအာ အင်မတန် ချောမောလှပတဲ့ သက်တော်စောင့် လေးတွေနဲ့ သွားလာလေ့ရှိကြောင်း ပါရှိပါတယ်..ဒါနဲ့ နားထောင်ရတဲ့သူတွေအဖို့ မှာတော့ လစ်ဗျားခေါင်းဆောင်ကြီးဟာ ဂျိန်းစဘွန်းကားတွေထဲကလို များသွားနေသလား ဆိုပြီး ထင်မိပါတယ်..ဒါကြောင့် ကဒါဖီရဲ့ အင်မတန်ချောမောလှပတဲ့ သက်တော်စောင့်တွေရဲ့ ပုံတွေကို ရှာကြည့် မိပါတယ် အင်တာနက်ဆိုတော့လဲ တွေ့တော့တာပေါ့ဗျာ...ကဲ VOA RFA တို့ရဲ့ အင်မတန်လှပတဲ့ ကဒါဖီ ရဲ့ သက်တော်စောင့်တွေကို ကြည့်ရအောင်.....


ဒီအင်မတန် ချောမောလှပတဲ့ သက်တော်စောင့်တွေကို ဗွီအိုအေ က ကျော်ဇံသာနဲ့ ပေးစား ထားလိုက်ရင်  
တော်တော် ကောင်းမယ် မလှုပ်နိုင်အောင်လေ.....အသံပါ ပျောက်သွားအောင်.....

လစ်ဗျားအရေးအခင်းနဲ့ အရှေ့အလယ်ပိုင်း အနာဂတ်အလားအလာ

တူနီးရှားက စလိုက်တဲ့ ပြုပြင် ပြောင်းလဲရေး တောင်းဆိုမှု တွေဟာ လစ်ဗျား၊ ဘာရိန်း၊ ယီမင်နဲ့ နောက်ဆုံး အီရတ် အထိ ကူးစက် လာနေပါပြီ။ အဲဒီထဲမှာ အဆိုးဆုံး ကတော့ လစ်ဗျားပါဘဲ၊ လစ်ဗျားက ဖြစ်ရပ်တွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြမှု မဟုတ်ဘဲ ပြိုင်ဘက် အုပ်စုတွေကြား လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဖြစ်လာတဲ့ အပြင် ပြည်တွင်းစစ် ပုံစံကို ရှေ့ရှုလာ နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လစ်ဗျား ပုံစံဟာ တူနီးရှား၊ အီဂျစ်ပုံစံ ဘာလို့ မဖြစ်လဲလို့ ပြောမယ် ဆိုရင်တော့ လစ်ဗျားရဲ့ သမိုင်းကြောင်းကို နည်းနည်း ပြန်ကောက်ရပါ လိမ့်မယ်။
မြေထဲပင်လယ် ကမ်းရိုးတန်းမှာ ရှိတဲ့ လစ်ဗျားနိုင်ငံ ဖြစ်လာမယ့် နယ်မြေဟာ ဘာဘာလို့ ခေါ်တဲ့ အာရပ် အနွယ်ဝင် လူမျိုးတွေ နေထိုင်တဲ့နေရာ ဖြစ်ပါတယ်။ အဲဒီလူမျိုးစု တွေဟာ သဲကန္တာရထဲမှာ လှည့်လည် သွားလာတဲ့ လူမျိုးစုတွေ ဖြစ်ပြီး ဘာဘာ လူမျိုးစု ကနေပြီးတော့ မျိုးနွယ်စုတွေ အများကြီး ကွဲထွက် ခဲ့ပါတယ်။ ဒီမျိုးနွယ်စုတွေဟာ လှည့်လည် သွားလာနေတဲ့ လူမျိုးစုများရဲ့ ထုံးစံအတိုင်း မိမိအုပ်စုလိုက် သီးခြား နေထိုင်ပြီး တစ်စုတစ်စည်း အုပ်ချုပ်တဲ့ အာဏာပိုင် မရှိပါဘူး။ လွတ်လွတ်လပ်လပ် နေတတ်တဲ့ လူမျိုးစုများ ဖြစ်လို့ ဘယ်သူ့သြဇာမှ မခံချင် တာလည်း ပါပါတယ်။ မွန်ဂိုလူမျိုးစု တွေကို စုစည်းပြီး အင်ပါယာ ဖြစ်အောင် ထူထောင်ခဲ့တဲ့ ဂျင်ဂျစ်ခန်လို ခေါင်းဆောင်လည်း လစ်ဗျားမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။
အဲဒီဒေသကို စပြီး ခြေကုတ်ယူ လာတာကတော့ ကူးသန်း ရောင်းဝယ်ရေးကို အားသန်တဲ့ ပိုလီးနီးရှန်းတွေ ဖြစ်ပြီး ဒေသခံ ဘာဘာလူမျိုးစု ခေါင်းဆောင်တွေ ဆီက နိုင်ငံအနောက်ပိုင်းမှာ ဆိပ်ကမ်း တည်ထောက်ခွင့် ရယူပြီး ကုန်စည် ကူးသန်းခဲ့ပါတယ်။ နောက်တော့ ကျွန်တော်တို့ သိတဲ့ ကာသေ့ခ်ျ နိုင်ငံတော် ဆိုတာ ပေါ်လာပြီး ပိုလီးနီးရှန်း တွေက ဘာဘာတွေကို လက်အောက်ခံ အဖြစ် အုပ်ချုပ်ခဲ့ပါတယ်။ အခု မြို့တော်ဖြစ်တဲ့ ထရီပိုလီဟာ ကာသေ့ခ်ျခေတ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပြီး မြို့သုံးခုလို့ အဓိပ္ပါယ် ရပါတယ်။ ဒါဟာ Oea၊ Libdah နဲ့ Sabratha မြို့သုံးခုကို ပေါင်းစပ်ပြီး ခေါ်တာ ဖြစ်ပါတယ်။
ပိုလီနီးရှန်း တွေက အနောက်ဘက်မှာ နေရာယူတဲ့ အချိန်မှာ ဂရိတွေက အရှေ့ဘက်ခြမ်းမှာ ခြေကုတ် ယူပါတယ်။ အခု ဆိုင်ရင်နီးကား၊ ဘင်ဂါဇီ တို့ဆိုတဲ့ အဓိကမြို့တွေဟာ ဂရိတွေ တည်ထောင်ခဲ့တဲ့ ဆိပ်ကမ်းမြို့များ ဖြစ်ပါတယ်။ အာဖရိကတိုက်နဲ့ ဥရောပကြား ရေကြောင်း ဆက်သွယ်ရေးမှာ အချက်အခြာ ကျတဲ့ ဒီဒေသကို အဲဒီခေတ်က အင်ပါယာ နိုင်ငံအားလုံးက ထိန်းချုပ်ဖို့ ကြိုးစား ခဲ့ကြပါတယ်။ အဲဒီအချိန်က နိုင်ငံအင်အား ဆိုတာကလည်း ကုန်သွယ်ရေကြောင်း အင်အားကို အခြေခံ ထားတာကိုး။

Saturday, February 26, 2011

ကုန်ဈေးနှုန်းသတင်းနှင့် အကုသိုလ် သတင်းဌာနများ

အရှေ့အလယ်ပိုင်း နိုင်ငံများဖြစ်သော အီဂျစ် ဘာရိန်း လစ်ဗျား စသောနိုင်ငံများတွင်ဖြစ်ပေါ်နေသော လူထု လှုပ်ရှားမှုများကြောင့် ကမ္ဘာ့ရေနံထုတ်လုပ်မှု လျော့ကျကာ ရေနံစိမ်းဈေးတက်လျှက်ရှိသည်။တစ်စည်လျှင် ၁၂၀ ဒေါ်လာခန့်အထိတက်နေသဖြင့် ကမ္ဘာတစ်ဝှမ်းတွင် ကုန်ဈေးနှုံးတက် သည့်ပြသနာကိုရင်ဆိုင်နေရသည်။ ထိုကိစ္စပြေလည်စေရေးအတွက် ချမ်းသာသောနိုင်ငံကြီးများက အရံသိုလှောင်ထားသော ရေနံများကို ပြည်သူ သို့ ချရောင်းနေရသည်။ 
အမေရိကန်သမ္မတ ဘားရက်အိုဘားမား ကိုယ်တိုင် တိုင်းပြည်သို့ မိန့်ခွန်းများပြောကာ လစ်ဗျားအရေးကြောင့် ယာယီ ရေနံဈေးနှုံးတက်မှုများမှ ကုန်ဈေးနှုံး တက်နေခြင်းဖြစ်ကြောင်း လစ်ဗျားအရေး ပြေလည်က ပြန်လည် ကျဆင်း လာမှာဖြစ်ကြောင်း အကြိမ်ကြိမ် ပြောနေရသည်။
အိမ်နီးချင်းအိန္ဒိယ နိုင်ငံကြီးတွင်ပင် မြို့တော်နယူးဒေလီ၌ သောင်းနဲ့ချီသော လူထုကြီးက ကုန်ဈေးနှုံးတက်မှု ကို အကြောင်းပြု၍ မကြုံစဘူး ဆန္ဒ ပြတောင်းဆိုမှုများရှိနေသဖြင့် အစိုးရမှ အပူတပြင်း ကိုင်တွယ်ဖြေရှင်းနေရ၏။
အခြားအိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်သော ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ် က အချို့သောအခွန်များ လျော့ပေါ့ပေး မည် ဖြစ်ကြောင်း လုပ်ငန်းရှင်များအနေဖြင့် ကုန်ဈေးနှုံးများ ရုတ်တရက် တက်မသွားစေရေး ၀ိုင်းဝန်း ဆောင်ရွက် ကြရန် မေတ္တာရပ်ခံမှုများ ပြုလုပ်နေရ၏ 
ထို့နည်းတူပင် မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့စက်သုံးဆီ ဈေးနှုံး ပေါ်အကြောင်းပြု၍ စက်သုံးဆီဈေးနှုံး များ မြင့် တက်လာရာမှ သယ်ယူပို့ဆောင်ခများမြင့်တက်ကာ ကုန်ဈေးနှုံးများ တက်လာနေပါသည်။ ထိုအရေး ကိုထိမ်းသိမ်းသည့်အနေဖြင့် အစိုးရဓါတ်ဆီဆိုင်များမှ ဈေးမတက်ဘဲ ရောင်းပေးနေ၏ ။ ပုဂ္ဂလိ ကဆီဆိုင်များ မှ အနည်းငယ်တက်၏ ကမ္ဘာ့ ပေါက်ဈေးတွင် ရေနံစိမ်းတစ်စည်လျှင် ၉၇ ဒေါ်လာမှ ၁၂၀ ခန့် အထိတက်နေရာ မြန်မာငွေနှင့်တွက်ပါက ပျမ်းမျှ တစ်ဂါလံလျှင် ၄၅၀ ခန့် တက်သွားသော်လည်း ပြည်တွင်း ဈေး ကွက်တွင် တစ်ဂါလန် ၃၀၀ ခန့်သာတက်သဖြင့် များလှသည်ဟု မဆိုသာပေ။
ဤသည်ကိုပင် အနောက်အုပ်စု မီဒီယာများနှင့် ပြည်တွင်းပုဆိန်ရိုး အဖျက်သမားများက မြန်မာအစိုးရ စီမံခန့်ခွဲမှု ညံ့လို့ ၊ ငွေတစ်သောင်းတန်ထုတ်မည် ဆိုသောကောလဟာလများကြောင့် ၊ ၀န်ထမ်းများလစာတိုး မည်ဟူသော ကောလဟာလများကြောင့် ၊ ကုန်တင်ကားတွေကို အာဆီယံ စံနှုန်း နှင့် အညီ တင်ရမည်ဟု ကန့်သတ်လိုက်သောကြောင့် အစရှိသည်ဖြင့် ပြောဆိုကာ အစိုးရနှင့် ပြည်သူ ကြား အထင် မြင် လွဲစေရန် သိသိကြီးနှင့်အဓိက အကြောင်းရင်းကို ချန်ပြီး တမင်ပြောဆိုနေကြပါသည် ။ ကောင်းလားမကောင်းဘူးလား တရားသလားမတရားဘူးလား ကောင်းကြိုးကိုရှေ့ရှုလား အပျက်ဘက်ကိုရည်ရွယ်သလားဆိုတာ ရှင်းနေပါသည် ။ သေလျှင် ငရဲသို့မိမိဖာသာတူး ပြီးဆင်းရမည့်သူများ သာဖြစ်ပါကြောင်း။


Friday, February 25, 2011

ပိတ်ဆို့မှု ရုပ်သိမ်းရန် မစ္စတာရာဇာလီ တောင်းဆို

မြန်မာနိုင်ငံအပေါ် အမေရိကန် အပါအ၀င် ဥရောပနှင့် အနောက် နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဟောင်း မစ္စတာ ရာဇာလီ အစ္စမေးလ် က တောင်းဆိုလိုက်သည်။ စီးပွားရေး ပိတ်ဆို့မှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် သဘောမတူကြောင်း၊ မြန်မာနိုင်ငံ အနေ နှင့် စတင် ဖွံ့ဖြိုးကြီးပွားသင့်ပြီဟု ရာဇာလီ က ပြောဆို ကြောင်း၊ ယင်းတို့ကို Rediscovering Mediation in the 21st Century ခေါင်းစဉ်ဖြင့် ကျင်းပသော ညီလာခံတခုတွင် ပြောဆိုလိုက်ခြင်း ဖြစ်ပါသည်။ ၄င်းကဆက်လက်ပြောကြားရာတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုး တိုးတက်ရန် အချိန်တန်ပြီဖြစ်ကြောင်း ယခုကဲ့သို့ပိတ်ဆို့မှုမျိုး အစတည်းက မဆောင်ရွက်ခဲ့ပါက မြန်မာ အစိုးရ အနေဖြင့်လည်း ယခုလောက် သဘောထားတင်းမာမှုမျိုး တွေ့ရမှာမဟုတ်ကြောင်းေ ပြာကြားသွားခဲ့ပါသည်။

ဘယ်မှာနောက်လိုက်လုပ်မလဲ

ဆရာမောင်ဝံသ
အဖွဲ့အစည်း တွေမှာ ခေါင်းဆောင်က လူနည်းစု၊ နောက်လိုက်က အများစု ဖြစ်တယ်။ ဒါဓမ္မတာပါပဲ။ ငယ်သား တစ်ယောက် ဗိုလ် ၁၀ ယောက် ဖြစ်နေရင်လည်း ရယ်စရာ ဖြစ်နေမှာပေါ့။
နိုင်ငံရေး ပါတီတွေ တည်ထောင်တဲ့ အခါ အာဏာရ သို့မဟုတ် အာဏာ ရနိုင်တဲ့ အလားအလာ ရှိတဲ့ အဖွဲ့မျိုးဆိုရင် သောကော ရောကော အဖွဲ့ဝင်တွေ တိုးဝှေ့ ဝင်လာကြ စမြဲပဲဗျ။ နိုင်ငံရေး တကယ် လုပ်ချင်သူဟာ ဝါဒ လမ်းစဉ်တွေ၊ ခေါင်းဆောင်မှု တွေကို ကြည်ပြီး လေ့လာပြီးမှ အဖွဲ့ဝင်တယ်။ သည်အဖွဲ့ဟာ တိုင်းပြည်နဲ့ လူမျိုး အကျိုးကို တကယ်တမ်း ထမ်းရွက် နိုင်မှာလား၊ ထမ်းရွက်နိုင်တဲ့ အင်အားတွေနဲ့ ဖွဲ့စည်းထားတာ ဟုတ်ရဲ့လား၊ သေချာ လေ့လာပြီးမှ အဖွဲ့ဝင် အဖြစ် တာဝန် ယူကြတယ်ဗျ။
နိုင်ငံရေး အဖွဲ့သုံးမျိုး
နိုင်ငံတကာ နိုင်ငံရေး အဖွဲ့တွေကို ကြည့်ရင် အဓိကအားဖြင့် သုံးမျိုးတွေ့ရမယ်။
(က) ဝန်ကြီးချုပ် ဦးဆောင်တဲ့ အင်္ဂလန် ဝက်စ်မင်စတာ နိုင်ငံရေး ပုံစံမှာ ပါဝင် လှုပ်ရှားကြတဲ့ နိုင်ငံရေး သမားတွေ၊ (ဗြိတိန်၊ ဆွီဒင်၊ အစ္စရေး၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ ဩစတေးလျ၊ ကနေဒါ စသည်…)
(ခ) တိုက်ရိုက် လူထုမဲနဲ့ သမ္မတ ရွေးကောက်ပွဲ တင်မြှောက်တဲ့ စနစ်ထဲမှာ ပါဝင် လှုပ်ရှားကြတဲ့ နိုင်ငံရေး သမားတွေ၊ (အမေရိကန်၊ ပြင်သစ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ တောင်အာဖရိက၊ ဇင်ဘာဘွေ စသည်…)
(ဂ) တစ်ပါတီတည်းက တစ်ဆက်တည်း နှစ်ရှည် အာဏာ ရယူထားတဲ့ စနစ်ထဲမှာ ပါဝင် လှုပ်ရှားကြတဲ့ နိုင်ငံရေး သမားတွေ၊ (ကျူးဘား၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ တရုတ်၊ လာအို၊ စင်ကာပူ၊ မလေးရှား၊ အီဂျစ် စသည်…)
သည်နေရာမှာ ဆော်ဒီအာရေးဗျ၊ လစ်ဗျား စတဲ့ ဘုရင်စနစ် သို့မဟုတ် ဘုရင့် အာဏာထက်တောင် ပိုတဲ့ အာဏာရှင် စနစ်မျိုးကို ထည့်မပြောတော့ဘူး။ အများလက္ခဏာ ဆောင်တဲ့ နမူနာများကိုပဲ လေ့လာပါ့မယ်။

Thursday, February 24, 2011

ခေတ်သစ်တရုတ် ဘဏ္ဍာရေး စနစ်

ခေတ်သစ်တရုတ် ဘဏ္ဍာရေး စနစ်
နောင်တစ်ချိန်မှာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်ကြီးအဖြစ် ထွက်ပေါ်လာမယ့် တိန့်ရှောင်ဖိန်ဟာ ၁၉၇၄ ခုနှစ်မှာ တရုတ် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ကို ခေါင်းဆောင်ပြီး ကမ္ဘာ့ကုလ သမဂ္ဂအစည်း အဝေးတစ်ခုကို တက်ရောက်လာ ခဲ့ပါတယ်။ အစည်းအဝေး ပြီးသွားပြီ ဖြစ်ပေမယ့် တိန့်ရှောင်ဖိန်တို့ အဖွဲ့ဟာ တရုတ်ပြည် မပြန်နိုင်သေးဘဲ ကုလ သမဂ္ဂမှာ သောင်တင်နေတယ်။

ဘာကြောင့်ပါလိမ့်။ တခြားအကြောင်းတွေကြောင့်တော့ မဟုတ်ပါဘူး။ လေယာဉ်လက်မှတ်ဝယ်ဖို့ အပြန်စရိတ် မရှိလို့ ဖြစ်ပါသတဲ့။ တရုတ် ဘဏ်စနစ် တစ်ခုလုံးမှာ လေယာဉ်လက်မှတ်ဖိုး ပေးစရာ ငွေမရှိ သေးလို့ ခေတ္တခဏ နယူးယောက် မြို့မှာ စောင့်ဆိုင်းနေခဲ့ကြရတာပါ။

၁၉၇၈ ခုနှစ်မှာ တရုတ်ပြည်ရဲ့ ဘဏ္ဍာရေးစနစ် - Financial System အခြေအနေဟာ ပိုတောင်ဆိုးရွား သွားသေးတယ်။ အဲဒီတုန်းက တရုတ် ဘဏ္ဍာရေး စနစ်ဆိုတာ အဖွဲ့အစည်း တစ်ခုပဲ ရှိတယ်။ ပြည်သူ့ဘဏ် - People's Bank လို့ခေါ်တယ်။ ဘဏ်ရုံးချုပ်က ဘဏ္ဍာရေးဝန်ကြီး ဌာန အဆောက်အအုံရဲ့ တစ်နေရာမှာ ဖွင့်လှစ်ထားရှိတယ်။ ဝန်ထမ်းဦးရေ စုစုပေါင်း ၈ဝ ပဲရှိတယ်။

ပိစိကွေး ညောင်စေ့လေးက ဧရာမ ညောင်ပင်ကြီး ဖြစ်လာသလို တစ်ချိန်က အသေးအမွှား တရုတ် ဘဏ္ဍာရေး စနစ်ဟာ အခုတော့ ကမ္ဘာကြီးကိုတောင် ခါးစောင်းတင်ထားနိုင်တဲ့ ဧရာမ ဘဏ္ဍာရေး စနစ်ကြီး ဖြစ်နေပါပြီ။ တရုတ်ဗဟိုဘဏ်ရဲ့ လက်ထဲမှာ သုံးနိုင်တာထက်တောင် ပိုပြီး အမေရိကန် ဒေါ်လာတွေ တောင်ပုံရာပုံ ရှိနေတယ်။

ရက်ပိုင်း အတွင်း လှုပ်ခတ် နေသည့် စက်သုံးဆီ ဈေး၊ ရွှေဈေး၊ ငွေဈေး၊ အခြေခံ စားကုန် ဈေးနှုံးများ အခြေအနေ

ကမ္ဘာ့ ဈေးနှုန်း ပြောင်းလဲမှု များကြောင့် ပြည်တွင်း စက်သုံးဆီနှင့် ရွှေဈေး များ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ပြောင်းလဲမှုများ ဖြစ်ပေါ် လာပြီး ယင်းနှင့် ဆက်စပ် ပြီးစား သောက်ကုန် ဈေးနှုန်း အချို့လည်း ပြောင်းလဲ မြင့်တက် လာ ကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရသည်။
တစ်ပြေးညီ တက်ခဲ့သည့် စက်သုံးဆီ
ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်း တစ်စည် ဒေါ်လာ ၁၀၀ ကျော် ဖြစ်လာပြီး နောက်ပိုင်း ပြည်တွင်း စားသုံးဆီ၊ ဒီဇယ်ဆီ နှင့် အောက်တိန်း ဈေးနှုန်း များမှာလည်း တစ်ဂါလန် လျှင် ကျပ် ၃၅၀ ၀န်းကျင်စီ ပြောင်းလဲ မြင့်တက် လာကြောင်း သိရသည်။ ပုဂ္ဂလိ က စက်သုံးဆီ အရောင်းဆိုင် များမှ တင် သွင်း သည့် ဒီဇယ်နှင့် အောက်တိန်း ဈေးနှုန်း ပြောင်းလဲမှု ရှိခဲ့သော် လည်း အစိုးရမှ ဖြန့်ဖြူး ပေးလျက်ရှိသည့် ဓာတ်ဆီ ဈေးနှုန်း မှာမူ အပြောင်းအလဲ မရှိခဲ့ပေ။
ယခုကဲ့သို့ စက်သုံးဆီ ဈေးနှုန်း အပြောင်းအလဲ ဖြစ် လာခဲ့ခြင်းမှာ ကမ္ဘာ့ ရေနံစိမ်း ဈေးနှုန်း မြင့်တက် လာသကဲ့ သို့ ပြည်တွင်း၌ ကုန်ပစ္စည်း လျော့နည်း သွားသဖြင့်လည်း ဖြစ်သည် ဟု စက်သုံးဆီ အရောင်းဆိုင် တို့က အကြောင်း ပြ ပြောဆို ကြသည်။ “ရေနံစိမ်း တစ်စည် ဒေါ်လာ ၁၀၀ ကျော် သွားတယ်။ နောက် ပြည်တွင်း မှာလည်း ပစ္စည်းနည်း နေတာ ပါတယ်” ဟု ပြည်တွင် စက်သုံးဆီ အရောင်း ဆိုင် ကုမ္ပဏီ ဖြစ်သော နီလာရိုးမ စက်သုံးဆီ အရောင်းဆိုင်မှ   တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ပြည်တွင်း မှ စက်သုံးဆီ အရောင်းဆိုင် ကုမ္ပဏီများ စက်သုံးဆီ အဓိက တင်သွင်း သည့်နိုင်ငံမှာ စင်ကာပူ ဖြစ်ပြီး လတ်တလော တွင် ကုန်ပစ္စည်း နည်းပါး နေခြင်းမှာ သယ်ယူပို့ ဆောင်ရေး တွင် ကြန့်ကြာ နေသဖြင့်ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။ ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း အတက် အကျ နှုန်းထားမှာ ကမ္ဘာ့ ဈေးနှုန်း အပြောင်းအလဲ နှင့် တိုက်ရိုက် နီးပါး ချိတ်ဆက် လျက်ရှိပြီး ကမ္ဘာ့ ဈေးနှုန်း မှာလည်း အီဂျစ်၊ ဘာ ရိန်း နိုင်ငံရေး အခြေအနေ များကြောင့် လတ်တလော ပြန်  လည် ကျဆင်းရန် မျှော်လင့်နိုင်ခြင်း မရှိဟု စက်သုံးဆီ တင်သွင်း သူတို့က သုံးသပ်သည်။

Wednesday, February 23, 2011

အထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံသူများအား အခွန်ကင်းလွတ်ခွင့်များပေးမည်

အထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံသူများအား လုပ်ငန်း အမျိုးအစား အပေါ်မူ တည်၍ ဝင်ငွေခွန်၊ အကောက်ခွန်နှင့် အခြားအခွန်အခ များအား နှစ်အလိုက် ကင်းလွတ် သက်သာခွင့်များပြုသွားမည်ဟု မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေပါ ပြဋ္ဌာန်းချက် များ အရသိရသည်။အဆိုပါ ဥပဒေအရ ရင်းနှီး မြှုပ် နှံသူသည် ထုတ်လုပ်မှု သို့မဟုတ် ဝန် ဆောင်မှုလုပ်ငန်းများအား စတင် သည့်နေ့မှစ၍ ပထမ ၅ နှစ်အတွက် ပြည်ပ ရောင်း ရ ငွေအပေါ် ဝင်ငွေ ကင်းလွတ်ခွင့်လျှောက်ထားနိုင်ပြီး ဒုတိယ ၅ နှစ်အတွက် ပြည်ပ ရောင်းရငွေအပေါ် တည်ဆဲဥပဒေ အရ သတ်မှတ်သည့် ဝင်ငွေခွန် နှုန်းထား၏ ၅ဝ ရာ ခိုင်နှုန်း သက် သာခွင့်ရရှိနိုင်မည့်အပြင် တတိယ ၅ နှစ်အတွက် ပြည်ပတင်ပို့ရောင်း ချခြင်းမှ ရရှိသည့် မြတ်စွန်းငွေအား ပြန်လည်ရင်းနှီး မြှုပ်နှံပါက ထိုငွေ အပေါ် သတ်မှတ် ထားသော ဝင်ငွေ ခွန်၏ ၅ဝ ရာခိုင်နှုန်းအား သက်သာ ခွင့်လျှောက် ထားနိုင် ကြောင်း သိရသည်။ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများဖြစ်ပါက အခွန်ကင်း လွတ်ခွင့်နှင့် သက်သာခွင့်ကာလ များ ကုန်ဆုံးသွားသော်လည်း ပို့ ကုန်ပစ္စည်းတန်ဖိုးသည် ထုတ်လုပ် သည့်ပစ္စည်း တန်ဖိုးစုစုပေါင်းထက် အကြီးစားရင်း နှီး မြှုပ် နှံမှုလုပ်ငန်းများ တွင် ၅ဝ ရာခိုင်နှုန်းထက် ကျော် လွန်လျှင်သော်လည်းကောင်း၊ အ လတ်စား ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများ တွင် ၆ဝ ရာခိုင်နှုန်းထက် ကျော် လွန်လျှင်သော်လည်းကောင်း၊ အ သေးစားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တွင် ၇ဝ ရာခိုင်နှုန်းထက် ကျော် လွန်နေပါက အဆိုပါနှစ်အတွက် ဝင် ငွေခွန်ကင်းလွတ်သက်သာခွင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် အထူးစီးပွားရေးဇုန် မှ ထုတ်လုပ်သည့် ပို့ကုန်ပစ္စည်းများ အပေါ်

ရော့စ် ဒန်ကလီအား ယနေ့ရုံးထုတ်စစ်ဆေးမည်

ရန်ကုန်မြို့၊ အင်းစိန် အကျဉ်းထောင်တွင် ရောက်ရှိနေသော သြစတေးလျနိုင်ငံသား Mr.Ross Stmiling Dunkley အား (၂၄၊၂၊၂ဝ၁၁)ရက်တွင် ရန်ကုန်၊ ကမာရွတ်မြို့နယ် တရားရုံး၌ ရုံးတင်စစ်ဆေးမည်ဟု သိရှိရသည်။
ရန်ကုန်၊ ကမာရွတ်မြို့နယ် (၁)ရပ်ကွက်၊ အင်းယားလမ်း၊ အမှတ်(၂၆) A ၊ဦးဒေးဗစ်ကရင် ပိုင်ဆိုင်သည့် နေအိမ်တွင် ယာယီနေထိုင်သူ သြစတေးလျ နိုင်ငံသား Mr.RossStmilingDunkley (အသက်၄၅)နှစ် နိုင်ငံကူးလက်မှတ် (PP No. E 2084955 / 12.2.2008 MJ/ SNV) Myanmar Consol Dated MediaLtd. အမှုဆောင်၊ အရာရှိချုပ်သည် ရန်ကုန်မြို့၊ သိမ်ကြီးဈေးအနီး တွေ့ရှိရသည့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ မ....(၂၈)နှစ် တစ်ညလျှင် ကျပ် (၄ဝဝဝဝ)နှုန်းဖြင့် ညလုံးပေါက် ပျော်ပါးရန် ယင်းနေထိုင်ရာ အဆိုပါ အင်းယားလမ်းနေအိမ်သို့ ခေါ်ဆောင်ခဲ့ပြီး ပျော်ပါးခဲ့ကြောင်း၊ ထိုသို့ ပျော်ပါးပြီးနောက် မနက်ဖက်(၁၈၊၁၊၂ဝ၁၁) ရက် နံနက်ပိုင်းတွင် မ....မှ သူမ နေအိမ်သို့ပြန်လို၍ ကြိုတင်ညှိနှိုင်း သဘောတူညီရရှိထားသည့် လိင်ပျော်ပါးဆက်ဆံခ ကျပ်(၄ဝဝဝဝ)အား တောင်းဆိုခဲ့ရာ ယင်းနိုင်ငံခြားသားမှ မပေးဘဲ၊ မ....အားထပ်မံ၍ ဆေးပြား(၁)ပြားရှူခဲ့ရပြီး အိပ်ပျော် သွားခဲ့ကြောင်း၊ သူမအိပ်ရာမှနိုးလာသောအခါ ယင်းနိုင်ငံခြားသား နေအိမ်တွင်မရှိသည့်အတွက် စားပွဲအတွင်းမှာ ကြိုတင်ညှိနှိုင်း၍ ၄င်းသဘောတူညီမှုရရှိသည့် လိင်ဆက်ဆံပျော်ပါးခ ငွေကျပ်(၄ဝဝဝဝ)ကို ယူဆောင်၍ နေအိမ်သို့ ပြန်လာခဲ့ကြောင်း၊ ထိုနေ့ညပိုင်းတွင်

အစိုးရသစ်ဖွဲ့စည်းခြင်း မကြာမီ ပြီးဆုံးတော့မည်

မြန်မာနိုင်ငံတွင် မကြာမီ ကျင့်သုံးတော့မည့် ပါတီစုံ ဒီမိုကရေစီစနစ်သစ် အတွက် အစိုးရအဖွဲ့သစ် ဖွဲ့စည်းခြင်း မကြာမီ ပြီးဆုံးတော့မည် ဖြစ်ပါသည်။
အစိုးရသစ်ကို ဖွဲ့စည်းရန် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်များနှင့် ပြည်ထောင်စုလွှတ်တော် တို့ကို ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် စတင် ကျင်းပခဲ့ပါသည်။
လက်ရှိအချိန်တွင် သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် အရေအတွက်၊  နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ အဖွဲ့ဝင်အရေအတွက်နှင့် အမည်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ စသည့် ပုဂ္ဂိုလ်တို့ကို ရွေးချယ်ကြေညာပြီး ဖြစ်ပါသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်
တရားလွှတ်တော် တရား သူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်များကိုလည်း ရွေးချယ်ပြီး ဖြစ်ပါသည်။

လူကြီးသူမများရဲ့ဆုံးမစကား

အခုတလော စာရေးဖို့ စားပွဲမှာသွားထိုင်တိုင်း ဒေါ်ဒေါ့်(လူထုအမေမာ)ကို ပြေးပြီးသတိရနေမိတယ်။ ဒေါ်ဒေါ့်အသံကိုလည်း နားထဲမှာကြားယောင်နေတယ်။ ဒေါ်ဒေါ်က အသက်ကြီးလာလေလေသံယောဇဉ်ကြီးလေဖြစ်ပြီး သူ့ဆီကိုနေ့စဉ်လိုလိုဖုန်းဆက်စေချင်တယ်။

ဆရာတွေကိုသာလွမ်း
ဖုန်းပြောရင်မောမှာစိုးလို့ တစ်ခါတလေအမေ့ကောင်းပြီး မဆက်ဘဲနေလိုက်ရင် သူကကောက်ဆက်တော့တာ။ ဆက်တဲ့အခါတိုင်းလည်း "စာရေးတဲ့အခါသတိထားရေး၊ ကိုယ်ကစေတနာနဲ့ရေးပေမယ့် ဝေဒနာဖြစ်သွားတတ်တယ်။ ဘာအကြောင်းရေးရေး သူတစ်ပါးနားခံသာအောင် ပျော့ပျော့ပျောင်းပျောင်းနဲ့ ချိုချိုသာသာရေး"လို့ အမြဲဆုံးမလေ့ရှိတယ်။ အသက်ကြီးလာတော့ စိုးရိမ်စိတ်လည်း ပိုကြီးလာတယ်။ အခုတော့ အဲဒီလိုဆုံးမမယ့်သူမရှိတော့ဘူး။ ကိုယ်တိုင်ကသက်ကြီးတန်းဖြစ်နေပြီ။ ဒါပေမယ့် ဆုံးမတာ ခံချင်သေးတယ်။ ဦးကြီး(ရွှေဥဒေါင်း)၊ ဦးလေး(လူထုဦးလှ)နဲ့ ဒေါ်ဒေါ်တို့ကို လွမ်းလိုက်သတိရလိုက်တာ။

Monday, February 21, 2011

ပိတ်ဆို့အရေးယူမှုကင်းကင်းနဲ့ ခြေလှမ်းသွက်သွက်ခရီး ဆက်နိုင်ဖို့ အချိန်တန်ပြီ

(NLD နဲ့ ဒေါ်စုကြည်ကို ပြည်သူလူထုကို ပြန်တောင်းပန်ရမယ်ဆိုပြီး ပါလာလို့ အနောက်အုပ်စု မီဒီယာ တွေ သံပြိုင် ထအော်သွားစေတဲ့ မောင်မှတ်ရဲ့ဆောင်းပါးပါ )
 အနောက် နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေဟာ ပြည်သူ အများစုထက် တည်ဆဲ အစိုးရ အပေါ်မှာသာ ထိရောက်စေတာ ဖြစ်တဲ့အတွက် ဒီဒဏ်ခတ်မှုတွေ ဆက်ပြီး ရှိနေသင့်တယ်လို့ NLD ဒုတိယဥက္ကဋ္ဌက ပြောကြားကြောင်း အနောက် လေလှိုင်းတစ်ခုက ထုတ်လွှင့် သွားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှု တွေရဲ့ အကျိုး သက်ရောက်မှုနဲ့ ပတ်သက်လို့ NLD ရဲ့ လေ့လာ တွေ့ရှိမှုတွေ၊ စီးပွားရေး ပညာရှင်တွေရဲ့ အကြံပေး ဆွေးနွေးမှုတွေ အပေါ်မှာ အခြေခံပြီး အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ဖို့ ရှိတယ်လို့လည်း ဆိုခဲ့ပါတယ်။ ဒီသတင်းနဲ့ ရှေ့ဆင့် နောက်ဆင့်မှာပဲ မြန်မာ နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ခေါင်းစဉ်ပါ NLD ရဲ့ သဘောထား စာတမ်းကို ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
အဲဒီစာတမ်းမှာပဲ ''စီးပွားရေး ပိတ်ဆို့မှု များကို မြန်မာနိုင်ငံရှိ မည်သည့် နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်၏ တောင်းဆိုချက် များကြောင့် ချမှတ်ခဲ့ရသည် မဟုတ်ပါ။ သက်ဆိုင်ရာ နိုင်ငံများ၏ ဆုံးဖြတ်ချက် များသာ ဖြစ်ပါသည်'' ဆိုပြီး ဖော်ပြ ထားပါတယ်။ တကယ်တော့ ကျွန်တော်တို့ နိုင်ငံအပေါ် အမေရိကန်နဲ့ အနောက်အုပ်စုက စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ လုပ်လာခဲ့တာ အခုဆိုရင် ရှစ်နှစ်ထဲကို ရောက်လာပါပြီ။ ၂ဝဝ၃ ခုနှစ် ကတည်းက မြန်မာနိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ (Burmese Freedom and Democracy Act of 2003) ဆိုတာကို သမ္မတဘုရှ် ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ပြီး ပိတ်ဆို့မှုတွေ စတင် ခဲ့တာပါ။ အဲဒီလို ဖြစ်လာအောင်လည်း ပြည်တွင်းကနေ ဘယ်သူတွေက တောင်းဆိုခဲ့တယ်၊ ဘယ်လိုတွေ ဆက်သွယ်ပြီး ဘယ်လိုတွေ အခါတော် ပေးခဲ့တယ် ဆိုတာ ပြည်သူ အားလုံး သိထားပြီးသား ကိစ္စတွေ ဖြစ်နေပါပြီ။

Sunday, February 20, 2011

မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် Polerstar GPS


မြန်မာနိုင်ငံရှိ ကားများတွင် စာတန်းထိုးစနစ်နှင့် အသံပေးအချက်ပြ စနစ်ပါဝင်သော GPS ကို မကြာမီ ဖြန့်ချိပေးတော့မည် ဖြစ်ကြောင်း မြေပုံနှင့်ပတ်သက်သော မြို့ပြလမ်းညွှန် မြေပုံအနေဖြင့် ပြည်တွင်းမှ ပထမဦးဆုံး Software ရေးဆွဲထုတ်လုပ်ခြင်း ဖြစ်ကြောင်း Techonomotion Studios မှ အမှုဆောင် အရာရှိချုပ်ဦး ထွန်းမြင့်နောင်က ပြောကြားသည်။
မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့်အဆိုပါ Polerstar စနစ် GPS သည် တစ်နိုင်ငံလုံးကို သွားနိုင်သည့် လမ်းညွှန်မြေပုံပါသည့် GPS ဖြစ်ပြီး ပေ (၃၀) အကွာအဝေး အတွင်းတိကျသော လမ်းညွှန်မှုကို ပေးနိုင်ကြောင်း၊ မြေပုံစောင်းသွားခြင်း၊ ကားလမ်းဘေး ရောက်သွားခြင်းများ မဖြစ်စေရန် စီစဉ်ထားသလို မိမိသွားလိုသော လမ်းကိုသိရုံဖြင့် သွားလိုသော လမ်းကိုတွက်ချက်ကာ အတိအကျ ဖော်ပြပေးပြီး၊ အနီးဆုံးနှင့် အတိုဆုံး၊ လမ်းကိုမောင်းနှင်ပေးရန် အချက်ပေးသည်။
ကားမောင်းနေစဉ်အတွင်း အန္တရာယ်ရှိနိုင်သော အမြန်နှုန်းကို ရောက်ရှိလာပါက အသံဖြင့် အချက်ပေးသည်။ ထို့အပြင် ကားသွားရာ တစ်လျှောက်အနီးစပ်ဆုံး ရှိသည့်ဆေးရုံ၊ စားသောက်ဆိုင်၊ ဓာတ်ဆီဆိုင်များကိုလည်း ဖော်ပြပေးသလို ကော်ဖီနှင့် စားသောက်ဆိုင်များ ကိုလည်း ထည့်သွင်းထားသည်၊ သွားခဲ့ဖူးသော နေရာများကိုလည်း မှတ်တမ်းထားလိုပါက Save လုပ်ထားနိုင်ပြီး လမ်းနာမည် အက္ခရာများကို ရိုက်ထည့်လိုက်ပါက လျင်မြန်စွာ ဖော်ပြပေးကြောင်း ဦးထွန်းမြင့်နောင်က ပြောသည်။

အာရှ ရင်းနှီးမြှုတ်နှံမှုများကြောင့် မြန်မာ့စီးပွားရေး အရှိန်မြင့်လာမည်

မြန်မာ နိုင်ငံတွင် အဓိက ရင်းနှီး မြှုပ်နှံ ထားသော တရုတ်၊ တောင်းကိုရီးယားနှင့် ထိုင်း နိုင်ငံတို့မှ အကြီးစား ရင်းနှီးမြှုပ်နှံ မူများကြောင်း လာမည့် ၂ နှစ်အတွင်း မြန်မာ့ စီးပွားရေးမှာ အရှိန်မြင့် တိုးတက် နေဦးမည် ဖြစ်ကြောင်း နာမည်ကျော် Economist Intelligence Unit (EIU) ၏ ၂၀၁၁-၁၂ ခုနှစ် မြန်မာ စီးပွားရေး ခန့်မှန်းချက်အရ သိရသည်။ သို့ရာတွင် ရွေး ကောက် ပွဲကျင်းပ ခြင်း၊ လွှတ်တော် ခေါ်ယူခြင်း၊ အစိုးရအဖွဲ့ ၀င်အချို့ အပြောင်းအလဲ ဖြစ်ပေါ်ခြင်း စသော နိုင်ငံရေး အပြောင်းအလဲက မြန်မာ့ စီးပွားရေးအပေါ် ရုတ်ခြည်း ရိုက်ခတ်မှု ဖြစ်ပေါ်ဦးမည် မဟုတ် ကြောင်းနှင့် ယင်း တို့သည် ကမ္ဘာ့ အနောက်ခြမ်း နိုင်ငံများက မြန်မာနိုင်ငံ အပေါ် ထားရှိသော စီးပွားရေး ပိတ်ဆို့မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ကန့် သတ်မှုများ ကို လျော့ပါး စေဦးမည်မဟုတ် ကြောင်း EIU ၏ စီးပွားရေးအပိုင်း ခန့် မှန်းချက် တွင် ဖော်ပြ ထားသည်။
၂၀၁၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံ တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မှာ စံချိန်တင်တိုးတက်ခဲ့ပြီး ဓာတ် သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့နှင့် လျှပ်စစ်ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုများ အများဆုံးဖြစ်သည် ကို တရားဝင်ထုတ်ပြန်ထားသောအချက် အလက်များအရ သိရသည်။ ထိုကဲ့သို့သော နိုင်ငံ သယံဇာတ ရှာဖွေထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍတွင် အဓိကထားရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံစီးပွားရေးတိုးတက်မှု (Economic Growth) ကို ဖြစ်စေနိုင်သော်လည်း ထိုမှရရှိသော ၀င်ငွေကို နိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှုကို ဦးတည်သောကဏ္ဍများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံသင့်ကြောင်း စီးပွားရေးပညာရှင်အချို့က The Voice Weekly သို့ ပြောကြားသည်။
“ဖွံ့ဖြိုးမှုဆိုတွာမသတအ့ (တိုးတက် မှု) တစ်ခုတည်းအပေါ်မှာ မမူတည်ဘူး။ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ အလုပ်အကိုင် ရရှိရေး၊ ၀င်ငွေခွဲဝေဖြန့်ဖြူးရေးတို့ အပေါ်မှာလည်း ကြည့်သင့်တယ်။ ရေရှည်ဖွံ့ဖြိုးဖို့ဆိုရင် ၀င်လာတဲ့ဝင်ငွေကို ပညာရေး၊ ကျန်းမာရေးမှာ ပြန်မြှုပ်နှံရ မယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့ စီးပွားရေးကျွမ်းကျင်သူတစ်ဦးက သုံးသပ် ပြောကြားသည်။ တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံအတွင်းရှိ ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့် ရေအားလျှပ်စစ်စီမံကိန်း များတွင် အကြီးအကျယ်ရင်းနှီးမြှုပ်နှံ ထားပြီး မြန်မာနိုင်ငံ၊ ထားဝယ်ဒေသ၌ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့် ရေနက်ဆိပ် ကမ်းနှင့် အထူးစီးပွားရေးစက်မှုဇုန် စီမံ ကိန်းသည်လည်း အခြေခံအဆောက် အဦနှင့်ပတ်သက်၍ ယခုနှစ်ပိုင်းအတွင်း ထင်သာသော ရင်းနှီးမြှုပ်နှံမှုအသစ် တစ်ခုဖြစ်လာမည်ဖြစ်သည်။

ဆေးရုံစီမံကိန်း ၅ ခု နေပြည်တော်တွင် တစ်ပြိုင်တည်းစတင်

နေပြည်တော်မြို့၏ ညရှုခင်း
ပုဂ္ဂလိကနှင့် နိုင်ငံတော်ပိုင် ဆေးရုံကြီးများ အပါအ၀င် ဆေးရုံကြီး ၅ ခု တည်ဆောက်ရေး စီမံကိန်း များကို ယခုလ ၄ ရက်က တစ်ပြိုင်နက်တည်း စတင်ဆေင်ရွက်ခဲ့ကြောင်း နေပြည်တော်ရှိ ဆောက်လုပ်ရေး လုပ်ငန်းများ  အသိုင်းအဝိုင်းမှ သိရှိရသည်။
အဆိုပါ စီမံကိန်းများ၏ ပန္နက်တင်အခမ်းအနားကို ယခု လ ၄ ရက် နံနက်ပိုင်းက ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း ဆောက် လုပ်ရေး ကုမ္ပဏီများမှ ယူနီဗာဆယ်၊ မိုးကြယ်စင်၊ တီဇက်တီအမ်၊ တက်လမ်းစသည့် ကုမ္ပဏီများ ဖြစ်ကြောင်း ၊ ယူနီဗာဆယ် ကုမ္ပဏီမှာ လက်ရှိ လည်ပတ်နေသော ဥတ္တရသီရိ အထူးကုဆေးရုံကြီးကို တည်ဆောက်ခဲ့ပြီး လုပ်ကိုင် လျက်ရှိပြီး ယင်းနေ့က အခမ်းအနား တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်၊
“နောက်ထပ်ထပ်တည်ဆောက်မဲ့ ဆေးရုံကြီး ငါးခုက မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံ၊ ဦးနှောက်နဲ့ အာရုံကြော အထူးကု ဆေးရုံ၊ ကလေးဆေးရုံ၊ အရိုးအ ကြောအထူးကုဆေးရုံ၊ သားဖွား မီးယပ်နဲ့ ဗဟို အမျိုးသမီး ဆေးရုံ တွေဖြစ်ပြီး အဲဒီဆေးရုံတွေ အားလုံး ဥတ္တရသီရိ မြို့မှာ တည်ဆောက်မှာပါ။”ဟူ၍လည်း ၎င်းက ပြောကြား ခဲ့သည်။

Saturday, February 19, 2011

ရန်ကုန်မြို့ရှိ ၀န်ကြီးများရုံးအပါအ၀င် အအောက်အဦ ၅လုံး ရှေးမူမပျက် ပြုပြင်

ရန်ကုန်မြို့တော်ရှိ ဝန်ကြီးများ ရုံးအပါအဝင် ရှေးဟောင်းအဆောက် အအုံ ၅ လုံးအား ရှေးမူမပျက် ပြင် ဆင်နေပြီဖြစ်ကြောင်းမြို့ရွာနှင့် အိုး အိမ်ဦးစီးဌာနမှ သိရသည်။ ရှေးဟောင်းအဆောက်အအုံ များဖြစ် သော ဝန်ကြီးများရုံး (သိမ် ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်) မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ရုံး (စွမ်းအင်ဝန်ကြီးဌာန)၊ ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ဟိုတယ်နှင့် ခရီးသွား လာ ရေး ဝန်ကြီး ဌာနရုံး(ဆူးလေဘုရားလမ်း၊ ကျောက်  တံတားမြို့နယ်)၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံး (မဟာဗန္ဓုလ လမ်း၊ ကျောက်တံတား မြို့နယ်)နှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရုံး (ဗိုလ် ဆွန်ပက်လမ်း၊ ပန်းဘဲ တန်းမြို့နယ်) တို့အား မြို့ရွာနှင့်အိုးအိမ်ဦးစီးဌာနနှင့် မြန်မာ နိုင်ငံ အင်ဂျင်နီယာများအသင်း တို့ ကြီးကြပ်၍ ဆောက်လုပ်ရေး ကုမ္ပဏီငါးခုမှ ပြုပြင် နေကြောင်း အိုး အိမ် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။”

အာဆီယံ ပညာရေးမြှင့်တင်မှုစီမံကိန်း၌ မြန်မာပါဝင်

အာဆီယံ ဒေသ အတွင်း ပညာ ရေး မြှင့်တင်မှု စီမံကိန်း ကို ငါးနှစ်ကြာ စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ရာ မြန်မာ အပါအ၀င် အာဆီယံ အဖွဲ့ဝင် နိုင်ငံ အားလုံး ပူးပေါင်း ဆောင်ရွက် မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်း အရ ဇန်န၀ါရီ နှောင်းပိုင်း တွင် ကျင်းပ ခဲ့သည့် ဆဋ္ဌ မ အကြိမ်မြောက် အာဆီယံ ပညာ ရေး ၀န်ကြီးများ အစည်းအဝေး (6th Ased) တွင် အာဆီယ ဒေသ တွင်း နိုင်ငံ များ၏ ပညာရေး အဆင့်အ တန်း ကမ္ဘာ့ အဆင့်မီ စေရန် မဟာဗျူ ဟာ စီမံကိန်းများ ချမှတ် ဆောင်ရွက် ရေးကို အလေးထား ဆွေးနွေး ခဲ့ ကြောင်း၊ WPE အမည်ရှိ ပညာရေး အဆင့်မြှင့် တင်မှု ငါးနှစ်ကြာ စီမံကိန်း ကို အဓိက အားဖြင့် လေးပိုင်း ခွဲ ဆောင်ရွက် မည်ဖြစ်ရာ ပညာရေး အ ဆင့် အတန်း မြှင့်တင်ရေး၊ ပညာရေး မှ တစ်ဆင့် ထွက်ပေါ် လာသည့် စွမ်း ဆောင်ရည် မြှင့်တင်ရေး၊ တစ်သက် တာလုံး လေ့လာ ဆည်းပူးမှု (life long learning) နှင့် ပရော် ဖက်ရှင် နယ်ဖွံ့ဖြိုး တိုးတက်မှု စသည် တို့ပါ ၀င်ကြောင်း၊

ပြည်တွင်းဘဏ်အချို့ ATM ငွေထုတ်စက်များ အသုံးပြုတော့မည်

ပြည်တွင်း ပုဂ္ဂလိက ဘဏ် အချို့တွင် ATM (Automatic Teller Machine) ငွေ ထုတ် စနစ်အား စတင် အသုံးပြုရန် စီစဉ် နေပြီ ဖြစ်ကြောင်း ပြည်တွင်း ပုဂ္ဂလိက ဘဏ်လုပ် ငန်း အသိုင်းအ၀ိုင်း မှ သိရသည်။ အဆိုပါ ATM ငွေထုတ် စနစ် ဆိုသည်မှာ မိမိတို့၏ လက်ရှိ ငွေပမာဏ အား ATM စက်ရှိရာ နေရာ ဒေသ များတွင် ATM ငွေထုတ် ကတ်ဖြင့် အ လွယ် တကူ ထုတ်ယူ နိုင်သည့် စနစ်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ဘဏ်အနေနဲ့ သက်ဆိုင် ရာက ခွင့်ပြုချက် ရတာနဲ့ ၀န်ဆောင်မှု ပေးဖို့ ပြင်ဆင် ထားပါတယ်။ ဒီ ATM စနစ်နဲ့ ပတ်သက်ပြီးတော့ အမေရိကန်၊ စင်ကာပူ နဲ့ တရုတ် နိုင်ငံ တွေမှာလည်း လေ့လာ ပြီးပါပြီ။ ခုချိန် မှာ တခြား ပုဂ္ဂလိက ဘဏ် အချို့ကလည်း ပြင်ဆင် နေပြီ ဆိုတာကိုလည်း သိရ ပါတယ်” ဟု ကမ္ဘောဇ ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြား သည်။
အဆိုပါ ATM ငွေထုတ် စနစ်ကို ယခင်က မြန်မာ မေဖလားဝါး ဘဏ်တွင် အသုံးပြု ခဲ့ဖူး ကြောင်း၊ ၂၀၀၃ ခုနှစ် နောက်ပိုင်း မှစ၍ ပြည် တွင်း ၌ ဘဏ် အကျပ်အတည်းများ ဖြစ်ပွား ခဲ့ ခြင်းကြောင့် အဆိုပါ ATM ငွေထုတ်ကတ် စနစ်မှာ ရပ်ဆိုင်း သွားခဲ့ ခြင်းဖြစ်ကြောင်း ထပ်မံ သိရ သည်။
“ဒီစနစ်ကို သုံးဖို့ နည်းစနစ်တွေ အများ ကြီး လိုအပ် တယ်။ အထူး သဖြင့် အွန်လိုင်း နဲ့ ဆော့ဖ်ဝဲ စနစ် တွေပါ ကောင်းဖို့ လိုတယ်။ “ကျွန် တော်တို့ ဘဏ်အနေ နဲ့လည်း ကြိုတင် ပြင်ဆင် ထား ပြီးပါပြီ” ဟု ATM ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

Friday, February 18, 2011

အီရန်၊ အီဂျစ်နဲ့ နောက်ခံဇာတ်ကြောင်းများ

အီဂျစ်မှာ မူဘာရက် ပြုတ်ကျသွားတယ်။ ဆန္ဒပြမှုကို လူငယ်တွေ ဦးဆောင်တယ်။ ဆန္ဒပြပွဲ ကာလမှာ အီဂျစ် တပ်မတော်ဟာ ကိုင်ရိုမြို့ လမ်းတွေပေါ်မှာ နေရာယူ ထားပေမယ့် ဆန္ဒပြသူ တွေကို ပစ်ခတ်တာ မရှိဘူး။ နောက်ဆုံးတော့ အီဂျစ် တပ်မတော် ကပဲ နိုင်ငံတော် အာဏာကို လွှဲယူလိုက်တယ်။ ဒီဖြစ်ရပ်ဟာ မြန်မာ့ အတိုက်အခံတွေ အတွက် သည်းခြေကြိုက် ဇာတ်လမ်းလေး ဖြစ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ပြည်ထောင်စုနေ့ အခမ်းအနား အပြီး သတင်းထောက် တစ်ဦးရဲ့ မေးခွန်း ကို ဖြေကြားရာမှာ “လူတွေ သောင်းသိန်းချီ ဆန္ဒပြကြပေမယ့် အီဂျစ် တပ်မတော်က သူ့ပြည်သူ တွေကို မပစ်ဘူး။ သူ့ပြည်သူတွေ ဘက်က ရပ်တည်တယ်။ ဒါကို မြန်မာ့ တပ်မတော်က စံနမူနာ ယူသင့်တယ်” လို့ပြောသွားတယ်။
ဟုတ်ပါရဲ့။ ဒါပေမယ့် အီဂျစ်မှာ အီဂျစ်စစ်တပ်က ဘာကြောင့် မပစ်တာလည်း။ နောက်ခံ ဇာတ်ကြောင်းတွေက ဘာလဲ ဆိုတာလည်း ပြန်ကြည့်ဖို့ လိုပါတယ်။
အီဂျစ်ဖြစ်ရပ်ကို သုံးသပ်မှု မလုပ်ခင် ကျွန်တော်တို့အားလုံး သတိပြုသင့်တာက အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း ဒေသ ဒီမိုကရေစီ ဖော်ဆောင်ရေး အစီအစဉ်မှာ အီဂျစ်၊ တူနီးရှား၊ ယီမင်နဲ့ ပင်လယ်ကွေ့ ဒေသက ဆော်ဒီ၊ ကူဝိတ်၊ ယူအေအီး စတဲ့ စော်ဘွား နိုင်ငံများ လုံးဝမပါဘူး ဆိုတဲ့ အချက်ပါပဲ။ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်း ဒီမိုကရေစီ ဖော်ဆောင်ရေး ခေါင်းစဉ် အောက်က ပစ်မှတ်နိုင်ငံ တွေဟာ အမေရိကန်နဲ့ အစ္စရေးကို ဆန့်ကျင်နေတဲ့ အီရန်၊ ဆီးရီးယား၊ လစ်ဗျား နိုင်ငံများသာ ဖြစ်ပါတယ်။

Wednesday, February 16, 2011

အပယ်ငရဲမှာ နေရာကြိုယူထားသူများ

သာသနာရေး ၀န်ကြီးဌာနက အင်္ဂလန် နိုင်ငံမှာ ပညာသင်ကြား စေဖို့ အတွက် ရဟန်းတော် ၅ ပါး စေလွှတ်မှု ပြုခဲ့ပါတယ်။ အဲဒီလို ရဟန်းတော် ၅ ပါး အင်္ဂလန် နိုင်ငံမှာ ပညာတော်သင် သွားကြရာမှာ MA ဘွဲ့တွေကို ရဟန်းတော် ငါးပါးစလုံး ရရှိခဲ့ ကြပြီး ရဟန်းတော် နှစ်ပါးကတော့ဖြင့် လန်ဒန်တက္ကသိုလ်မှာ Ph,D ဆက်လက် တက်ရောက်ရေး အတွက် စီစဉ် ဆောင်ရွက်လျှက် ရှိပါတယ်။ ဒါကြောင့် အဆိုပါ ရဟန်းတော်များအတွက် ပြည်တွင်း/ပြည်ပက စေတနာ ထက်သန်ကြတဲ့ အလှူရှင် သူတော်စင်အပေါင်းက ပညာပါရမီ ကုသိုလ်တော် ယူနိုင်စေဖို့ မြန်မာ့အလင်း စာမျက်နှာ ၁၆ မှာ သာသနာရေး ၀န်ကြီးဌာနက အကျိုးအကြောင်းနဲ့ ထည့်သွင်း နှိုးဆော်ခဲ့ ပါတယ်။
အဲဒီ ကုသိုလ်တော် ယူနိုင်ရေး နှိုးဆော်မှုမှာ ပညာသင် ရဟန်းတော် နှစ်ပါးရဲ့ Ph,D တန်း လေးနှစ်အတွက် ပညာသင် စရိတ် စတာလင်ပေါင် ၉၆၀၀၀၊ ပထမနှစ်အတွက် အထွေထွေ စရိတ် စတာလင်ပေါင် ၆၀၀၀၊ စုစုပေါင်း စတာလင်ပေါင် ၁၀၂၀၀၀ ကို တစ်ကြိမ်တည်း ပေးသွင်းရမှာ ဖြစ်ပြီး ကျန် သုံးနှစ်အတွက် တစ်နှစ်လျှင် စတာလင်ပေါင် ၆၀၀၀ လှူဒါန်းရ မှာ ဖြစ်တဲ့အတွက် အလှူရှင်၊ စေတနာရှင်များ ပညာပါရမီ ကုသိုလ် ရရှိစေရေး အလို့ငှာ သာသနာရေး ၀န်ကြီးဌာနက ပြည်သူများကို အသိပေးခဲ့ခြင်း ဖြစ်ပါတယ်။
အခုလို အကျိုးအကြောင်းနဲ့ နိုင်ငံကို တိတိပပ ကျကျနန သာသနာတော် တိုးတက် ထွန်းကား ပျံ့ပွားရေးအတွက် စေတနာထား လုပ်ဆောင်နေခြင်းကို တစ်နည်းအားဖြင့် သာသနာပြုနေခြင်းကို ဒီမိုကရေစီ လိုလားသော ကျောင်းသားများ အဖွဲ့က ယင်းနှိုးဆော်ဟာ မြန်မာပြည်သူ လူထုကို လိမ်လည် အလှူခံနေတာ ဖြစ်ကြောင်း ဒါကြောင့် အဲဒီအလှူခံမှုကို မထည့်လှူကြရန် မဟုတ်မဟတ် လုပ်ဇာတ်များဖြင့် ရေးသားထားကြောင်း တွေ့ရှိရပါတယ်။

ပိတ်ဆို့မှု ရှင်းတမ်း ( ၃ )


(ယမန်နေ့မှ အဆက်)
မြန်မာနိုင်ငံ အပေါ် အနောက်အုပ်စု၏ ပိတ်ဆို့မှုများသည် သာမန် မြန်မာလူထု အပေါ် ထိုက်သင့် သလောက် ထိခိုက်မှု ရှိခဲ့ကြောင်း၊ သို့သော် နိုင်ငံ စီးပွားရေး ဗုန်းဗုန်းလဲ မကျသွားဘဲ ပြန်လည် နာလန်ထူလာ ခဲ့သည်မှာ နိုင်ငံတော် အစိုးရနှင့် ပြည်သူ လူထု၏ ကျားကုတ်ကျားခဲ ကြိုးပမ်း အားထုတ်မှု၊ နိုင်ငံ၏ သယံဇာတ တောင့်တင်းမှု၊ ပတ်ဝန်းကျင် ဒေသတွင်း နိုင်ငံများနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက် ဖွံ့ဖြိုးလာမှု တို့ကြောင့် ဖြစ်ကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။
ယခုအခါ ပိတ်ဆို့မှုကြောင့် အနောက်အုပ်စုက မျှော်လင့်ထားသည့် ရည်မှန်းချက်များကို မည်မျှ ထိရောက်စွာ ဖော်ဆောင် နိုင်ခဲ့သည် ဟူသော ထိရောက်မှု အပိုင်းကို ဆွေးနွေး တင်ပြသွားလိုပါ၏။
အနောက် အုပ်စု၏ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှု များသည် အဓိက အားဖြင့် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ တိုးတက် ပြောင်းလဲမှုများကို ဖော်ဆောင် လာစေရန်နှင့် မြန်မာ ပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်သည်ဟု ဆိုပါသည်။ ဤကား ထုတ်ပြန်ကြေညာ ပြောဆိုလေ့ ရှိသော ရည်ရွယ်ချက်များ ဖြစ်ပါ၏။
သို့သော် နိုင်ငံခြားရေး ဝါဒတို့၏ ထုံးစံအတိုင်း နောက်ကွယ်မှ တိုးတိုးတိတ်တိတ် ရည်ရွယ်ချက်၊ ရည်မှန်းချက် များလည်း ရှိနိုင်ပါသည်။ ယင်း ရည်မှန်းချက် မှာလည်း နိုင်ငံကို ထိန်းမနိုင် သိမ်းမရ ချောက်ထဲသို့ ကျစေပြီးမှ လက်ရှိ မြန်မာ အစိုးရ၏ နေရာတွင် ၎င်းတို့ လိုလားသည့် နိုင်ငံရေး အင်အားစုကို အစားထိုး ပြောင်းလဲ စေလိုသည့် Regime Change မူဝါဒ ဖြစ်ဖွယ် ရှိကြောင်းမှာလည်း ''မပြေးသော် ကန်ရာရှိ'' ဆိုသကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် နားလည် ထားကြသည့် ကိစ္စတစ်ရပ် ဖြစ်ပါသည်။
ဥပမာ အားဖြင့် ပိတ်ဆို့မှု လုပ်ရပ်များတွင် အဓိက ဦးစီးဦးဆောင် ဖြစ်နေသော အမေရိကန် အစိုးရ၏ မြန်မာ နိုင်ငံအား အဘက်ဘက်မှ လှုပ်မရအောင် နည်းလမ်း မျိုးစုံဖြင့် တမင် သက်သက် ထိုးနှက်ပိတ်ဆို့ ထိန်းချုပ်မှု များကို ကြည့်ပါက မြန်မာပြည်သူ တစ်ရပ်လုံးကို ဆင်းရဲခြင်း နွံတွင်း၌ အလူးလူး အလိမ့်လိမ့် ခေါင်း မဖော်နိုင်အောင် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပေါ်လွင်လှပါသည်။

ဗိုလ်ချုပ်အောင်ဆန်းအမျိုး ဘယ်နေရာက စပျက်သလဲ သိချင်ရင် ဒီဇယားလေးကြည့်ပါ


Credit : Myanmar Express

အထူးစီးပွားရေးဇုန်များ၌ လုပ်ငန်းကျွမ်းကျင်ရန် မလိုသည့်နေရာများ တွင် မြန်မာနိုင်ငံသားများကိုသာ ခန့်ထားရမည် ကျွမ်းကျင်မှုဆိုင်ရာ နေရာများတွင်လည်း သတ်မှတ်ထားသည့် ရာခိုင်နှုန်းအလိုက် နိုင်ငံ သားဝန်ထမ်းများ ခန့်ထားရမည်ဟု သိရ

မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေ အရ အထူးစီးပွားရေး ဇုန်များ၌ လုပ်ငန်း ကျွမ်းကျင်ရန် မလိုသည့် အလုပ်နေရာများ၌ မြန်မာနိုင်ငံသားများကိုသာ ခန့်ထားရန် သတ်မှတ်ထားကြောင်း သိရသည်။

လုပ်ငန်းကျွမ်းကျင် နေရာများတွင်လည်း သတ်မှတ်ထားသည့် ရာခိုင်နှုန်းအလိုက် နိုင်ငံသားများ ထည့်သွင်းခန့်ထားရမည် ဖြစ်ပြီး နိုင်ငံသားများ လုပ်ငန်းကျွမ်းကျင်မှု တိုးတက်လာစေရန် အတွက်လည်း လေ့ကျင့်ပေးခြင်း၊ သင်တန်းပေးခြင်းများ စီစဉ် ဆောင်ရွက်ပေးရန် သတ်မှတ်ထားကြောင်း သိရသည်။

''မြန်မာအထူးစီးပွားရေးဇုန် ဥပဒေ၊ အခန်း ၁၁၊ ပုဒ်မ ၅၁၊ ပုဒ်မခွဲ(ဂ) အရ ကျွမ်းကျင်မှု မလိုသော လုပ်ငန်းများတွင် နိုင်ငံသားများကိုသာ ခန့်ထားရမည်လို့ ဖော်ပြထားတယ်။ အဲဒီပုဒ်မရဲ့ ပုဒ်မခွဲ(က)မှာ ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအတွက် နိုင်ငံ သား ကျွမ်းကျင်သူ အလုပ်သမားများ၊ အတတ်ပညာရှင်များနှင့် ၀န်ထမ်းများကို ခန့်ထားရာတွင် လုပ်ငန်းစတင်သည့်နှစ်မှ ပထမငါးနှစ် ကုန်ဆုံးသည့် အချိန်တွင် နိုင်ငံသား အနည်းဆုံး ၂၅ ရာခိုင်နှုန်း၊ ဒုတိယငါးနှစ် ကုန်ဆုံးသည့်အချိန်တွင် အနည်းဆုံး ၅၀ ရာခိုင်နှုန်း၊ တတိယငါးနှစ် ကုန်ဆုံးသည့် အချိန်တွင် အနည်းဆုံး ၇၅ ရာခိုင်နှုန်းခန့် ထားရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ အဲဒီအတွက် ကျွမ်းကျင်လုပ်သား နေရာမှာလည်း မြန်မာနိုင်ငံသားတွေ အလုပ်အကိုင်ရဖို့ ရှိနေပါတယ်''ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Tuesday, February 15, 2011

ဦးကွီးထန် အား ချင်းပြည်နယ်အစိုးရ ၀န်ကြီးအမည်စာရင်းမှ ပယ်ဖျက်

ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်ငိုင်းက ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ သူ့ရဲ့ ၀န်ကြီး အမည်စာရင်းကို တင်သွင်းခဲ့ ပါတယ်။ အဲဒီ အမည်စာရင်း ထဲက ကန်ပက်လက် မဲဆန္ဒနယ် အမှတ် ၁ က ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် ဦးကွီးထန်ဟာ အခြေခံ ဥပဒေမှာ သတ်မှတ်ထားတဲ့ အသက် ၃၅ နှစ်မပြည့်တဲ့ အကြောင်း ချင်းအမျိုးသား ပါတီက ဦးဇိုဇမ်း ခေါင်းဆောင်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးက ကန့်ကွက်လွှာ တင်သွင်းခဲ့ ပါတယ်။ အဲဒီ ကန့်ကွက်လွှာကို ဒီကနေ့ ပြည်နယ်လွှတ်တော် ဥက္ကဌက လက်ခံပြီး စိစစ်တဲ့ အခါ ဦးကွီးထန်းဟာ အသက် ၃၅ နှစ်ပြည့်ဖို့ ၁၉ ရက် လိုနေတာကို တွေ့ရတဲ့ အတွက် ကန့်ကွက် ချက်ကိုလက်ခံပြီး ဦးကွီးထန်းရဲ့ အမည်စာရင်းကို လွှတ်တော်ကနေ ၀န်ကြီးစာရင်းက ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ ကြောင်း သတင်းရရှိပါတယ်။
ချင်းပြည်နယ် လွှတ်တော်မှာ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုး နှစ်ခုပေါင်းက အများစု ရရှိထားပေမယ့် အခု ကန့်ကွက်ချက်ကို အခြေခံ ဥပဒေပါ သတ်မှတ်ချက်များ၊ လွှတ်တော် စည်းကမ်းများနဲ့ အညီ စိစစ်ဆုံးဖြတ် ခဲ့တာကတော့ လွှတ်တော်တွင်း နိုင်ငံရေး လုပ်ဆောင်မှုများ အတွက် အားတက်စရာ ဖြစ်သည်ဟု ပြောဆိုမှုများ ရှိကြောင်းနှင့်  ဦးကွီးထန် နေရာမှာ ဘယ်သူကို အစားထိုး ခန့်အပ်မယ်ဆိုတာ ကိုတော့ မသိရသေး ကြောင်း သိရှိရပါတယ်။ ယခင်ခန့်အပ်ထားသော ၀န်ကြီးစာရင်း မှာ အောက်ပါအတိုင်း ဖြစ်ပါတယ် ။
ချင်းပြည်နယ် ၀န်ကြီးများ

ပြည်ခိုင်ဖြိုး ပါတီ
 ၄ဦး
ချင်းအမျိုးသား ပါတီ
၁ ဦး
ချင်းတိုးတက်ရေး ပါတီ
၁ ဦး
ပြင်ပအရပ်သားပုဂ္ဂိုလ်
၂ ဦး
တပ်မတော်
၁ ဦး

ထားဝယ်ဆိပ်ကမ်း အလားအလာ

ထားဝယ် ရေနက်ဆိပ်ကမ်းသည် ယခုအခါ နိုင်ငံတကာမှ အာရုံစိုက်ခံနေရသော မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန် ဖြစ်လာမှုနှင့်အတူ ဘီအိုတီစနစ်ဖြင့် လုပ်ကိုင်သော နှစ် ၆၀ စီမံကိန်းအရ တည်ဆောက်ဆဲ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ မြန်မာနိုင်ငံသားများအတွက် မည်သည့်အခွင့်အလမ်းနှင့် အကျိုးအမြတ်များ ရရှိလာနိုင်မည်ဖြစ်သည်ကို ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းအတွင်း လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီတစ်ခုမှ အကြံပေးအရာရှိဖြစ်သူ ဦးကျော်မျိုးဝင်း  နှင့်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်များမှ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
မေး - ထားဝယ်ရေနက် ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းရဲ့ အားသာချက်တွေကို သိပါရစေ။
ဖြေ - မြန်မာနိုင်ငံရဲ့ပထ၀ီအနေအထားအရ ထားဝယ်ရေနက်ဆိပ်ကမ်း ဟာ အရှေ့တောင်အာရှ ရေနက်ဆိပ်ကမ်းတွေထက် အားသာချက်တွေရှိတယ်။ ပြီးတော့ ဆိပ်ကမ်းတွေထဲမှာမှ ထားဝယ်ရေနက်ဆိပ်ကမ်း ရဲ့ရေဆူးဟာ ၁၆၊ ၁၇မီတာရှိတယ်။ စူးအက်နဲ့ စင်ကာပူဆိပ်ကမ်းက ရေဆူးနဲ့တူညီနေတယ်။ နိုင်ငံတကာက သင်္ဘောကြီးတွေ ၀င်ထွက်သွားလာနိုင်တယ်။ သင်္ဘော ၂၅ စင်း တစ်ပြိုင်တည်း ရပ်နားနိုင်တဲ့ အပြင် လက်ရှိစူးအက်နဲ့ တောင်တရုတ်ပင်လယ်၊ အိန္ဒိယသမုဒ္ဒရာဘက်ကနေ စင်ကာပူကို တိုက်ရိုက်သွားနေတဲ့ သင်္ဘောကြီးတွေဟာ ထားဝယ်ဆိပ်ကမ်းမှာ နားလိုက်ခြင်းဖြင့် သယ်ယူခနဲ့အချိန်ကို အများကြီး သက်သာသွားစေတယ်။ စင်ကာပူကို သွားမယ့်နေရာမှာ ထားဝယ်ကို ၀င်လိုက်ခြင်းဖြင့် နော်တီကယ်မိုင်၅၀၀၊ ၆၀၀ လောက်သွားရမယ့်ခရီးကို သက်သာစေတယ်။ သင်္ဘောကြီးတွေကုန်ကျမယ့် အမေရိကန်ဒေါ်လာ နှစ်သိန်း ကနေ သုံးသိန်းကြား သက်သာစေမယ့် Cost Centre ဖြစ်လာစေတာဟာ ထားဝယ် ရဲ့အားသာချက်ပါ။
မေး - စီးပွားရေးအရရော ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာစေမှာ လဲဆိုတာ ပြောပြပေးပါဦး။
ဖြေ - သူ့ရဲ့တည်ဆောက်ရေး စီမံကိန်းမှာကိုက အထူးစီးပွားရေးဇုန် ဖြစ်လာမယ်။ စီးပွားရေးဇုန်ဖြစ်လို့ လာတဲ့ကုန်မှန်သမျှကို တစ်ခါတည်း စက်မှုလုပ်ငန်းတွေထဲ စီးဆင်းသွားစေမှာ ဖြစ်တဲ့အပြင် ကိုယ့်နိုင်ငံကို မ၀င်ဘဲ တခြားနိုင်ငံကို တစ်ဆင့်ဖြန့် ဖြူးပေးနိုင်မယ့် Distribution Centre သဘောမျိုးလည်း အသုံးပြုလို့ရတယ်။ အဲဒီမှာ ဆိပ်ကမ်းရဲ့ ၀န်ဆောင်မှုက အရမ်းကို အရေးပါသွားပြီ။ သင်္ဘောတစ်စင်း ၀င်လာတာနဲ့ သူ့အတွက်အချိန်ကို လုံးဝသက်သာစေနိုင်မယ့် နည်းလမ်းမျိုးတွေ ဆိပ်ကမ်းက လုပ်ပေးနိုင်ဖို့ အရေးကြီးတယ်။

ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ပါတီငယ်များ ပါဝင်

ဒီကနေ့မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာ ပြည်နယ်/ တိုင်းဒေသကြီး ၀န်ကြီးချုပ်များက အစိုးရအဖွဲ့မှာ ပါဝင်မယ့် ၀န်ကြီး အမည်စာရင်းကို တင်ပြ ခဲ့ပါတယ်။ အဲဒီလို ဖွဲ့စည်းတဲ့ နေရာမှာ သက်ဆိုင်ရာ လွှတ်တော်မှာ အရွေးခံရတဲ့ အခြားပါတီများမှ ကိုယ်စားလှယ်များကိုလည်း ထည့်သွင်း ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။ အနည်းအများ ကတော့ အဲဒီ ပါတီငယ်များ လွှတ်တော်ထဲ ရောက်တဲ့ အင်အား အပေါ် မူတည်တဲ့ သဘော တွေ့ရ ပါတယ်။ ရရှိထားတဲ့ စာရင်းများ ကတော့
ကရင်ပြည်နယ် ၀န်ကြီးများ
ပြည်ခိုင်ဖြိုး ပါတီ
၃ ဦး
ဒီမိုကရေစီနှင့်ဖွံ့ဖြိုးရေး ပါတီ
၁ ဦး
ဖလုံ - စဝေါ် ပါတီ
၂ ဦး
မွန်ဒေသလုံးဆိုင်ရာ ပါတီ
၁ ဦး
ကရင်ပြည်သူ့ ပါတီ
၁ ဦး
တပ်မတော်
၁ ဦး
ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးများ
ပြည်ခိုင်ဖြိုး ပါတီ
၇ ဦး
တစည ပါတီ
၁ ဦး
တပ်မတော်
၁ ဦး
ရှမ်းပြည်နယ် ၀န်ကြီးများ
ပြည်ခိုင်ဖြိုး ပါတီ
၆ ဦး
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ
၂ ဦး
တပ်မတော်
၁ ဦး
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးများ
ပြည်ခိုင်ဖြိုး ပါတီ
၇ ဦး
တစည ပါတီ
၁ ဦး
တပ်မတော်
၁ ဦး
ရခိုင်ပြည်နယ် ၀န်ကြီးများ
ပြည်ခိုင်ဖြိုး ပါတီ
၅ ဦး
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ
၃ ဦး
တပ်မတော်
၁ ဦး
မွန်ပြည်နယ် ၀န်ကြီးများ
ပြည်ခိုင်ဖြိုး ပါတီ
၅ ဦး
တစညပါတီ
၁ ဦး
မွန်ဒေသလုံးဆိုင်ရာ ပါတီ
၂ ဦး
တပ်မတော်
၁ ဦး
မကွေးတိုင်းဒေသကြီး ၀န်ကြီးများ
ပြည်ခိုင်ဖြိုး ပါတီ
၇ ဦး
တစည ပါတီ
၁ ဦး
တပ်မတော်
၁ ဦး
ချင်းပြည်နယ် ၀န်ကြီးများ
ပြည်ခိုင်ဖြိုး ပါတီ
၎ ဦး
ချင်းအမျိုးသား ပါတီ
၁ ဦး
ချင်းတိုးတက်ရေး ပါတီ
၁ ဦး
ပြင်ပအရပ်သားပုဂ္ဂိုလ်
၂ ဦး
တပ်မတော်
၁ ဦး
ကချင်ပြည်နယ် ၀န်ကြီးများ
ပြည်ခိုင်ဖြိုး ပါတီ
၅ ဦး
စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ
၁ ဦး
ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီ
၁ ဦး
တစည ပါတီ
၁ ဦး
တပ်မတော်
၁ ဦး
ကယားပြည်နယ် ကတော့ တိုင်းရင်းသား ပါတီများ အရွေး မခံရတဲ့ အတွက် ပြည်ခိုင်ဖြိုး ပါတီနဲ့ပဲ ၀န်ကြီးအဖွဲ့ကို ဖွဲ့ထား ပါတယ်။
ဝန်ကြီး အမည်တွေလည်း ရပေမယ့် စာမျက်နှာကို ငှဲ့ပြီး မဖော်ပြ တော့ပါဘူး။ ပြည်ခိုင်ဖြိုးပါတီ အပါအ၀င် ပါတီများက ၀န်ကြီးများဟာ ပြည်နယ်တွေမှာ ဆိုရင် တိုင်းရင်းသား လူမျိုးတွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်နယ် အစိုးရတွေမှာ ညွန့်ပေါင်း အစိုးရပုံစံ တိုင်းရင်းသား ပါတီငယ် တွေကိုပါ အစိုးရအဖွဲ့ အစည်းထဲမှာ ထည့်သွင်း ဖွဲ့စည်းတဲ့ အချက်ရယ်၊ ၀န်ကြီးများဟာ တိုင်းရင်းသားများ ဖြစ်တယ်ဆိုတဲ့ အချက်ရယ်ဟာ ပြည်နယ်များမှာ တိုင်းရင်းသား ရေးရာများ၊ မိမိဒေသ အုပ်ချုပ်ရေးကို အကောင်အထည် ဖော်မှုများအတွက် အားတက် စရာ အချက်ပဲလို့ ဆိုချင်ပါတယ်။
Credit : ပိတောက်မြေ

ပိတ်ဆို့မှုရှင်းတမ်း ( ၂ )

ယမန်နေ့မှ အဆက်

ပိတ်ဆို့မှု များသည် မြန်မာ ပြည်သူလူထု အခြေခံ လူတန်းစား များကို မည်သို့မည်ပုံ ထိခိုက်စေ ခဲ့သည်ကို အနောက် နိုင်ငံမှ ပညာရှင်များ၊ လူအများ လေးစားလောက်သည့် ပုဂ္ဂိုလ်များ၊ နိုင်ငံခြားရေး ဌာနမှ တာဝန်ရှိသူများ ကိုယ်တိုင် ထုတ်ဖော် ခဲ့ပြီးဖြစ်၍ အနောက်ဘက် ကပြောမှ ယုံကြည်နိုင်သော သူများ လက်မခံ လိုသည့်တိုင် ငြင်းရ ခက်နေပေတော့ မည်ဟု ထင်မိပါ၏။

ထို့အပြင် မြန်မာနိုင်ငံ အတွင်းမှ ကိုယ်တိုင် ခံစား ခဲ့ကြရသည့် ကာယကံရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်နှင့် အသင်းအဖွဲ့ တာဝန်ရှိသူ များ၏ ပြောကြားချက်ကို သိလိုပါ သေးသည်ဟု ဆိုလျှင်လည်း ထုတ်ပြ ပါဦးမည်။

၂၀၀၉ ခုနှစ် သြဂုတ်လ (၃၁) ရက် စက်တင်ဘာလ (၆) ရက် သတ္တပတ်ထုတ် The Myanmar Times ဂျာနယ်တွင် သတင်းထောက် ရဲလွင်က Reconsider Sanctions, Say Businesses and workers ဟူသော သတင်းဆောင်းပါး တစ်ပုဒ် ရေးသား ဖော်ပြခဲ့ပါသည်။

ယင်းဆောင်းပါး၌ ‘‘အနောက် နိုင်ငံများက မြန်မာ နိုင်ငံအပေါ် နိုင်ငံရေး အကြောင်းရင်းခံ များဖြင့် ချမှတ်ခဲ့သော ပိတ်ဆို့မှု များသည် ပြည်တွင်း စီးပွားရေး လုပ်ငန်းများကို ဆိုးရွားစွာ ထိခိုက်ပျက်စီး စေခဲ့ပြီး၊ လူ့အဖွဲ့အစည်း၏ အဆင်းရဲဆုံး အလွှာ၌ အလုပ်လက်မဲ့များ တိုးပွားလာအောင် တွန်းအားပေးခဲ့သည်’’ ဟု အစချီ ထားသည့် သတင်းထောက်က ‘‘ပိတ်ဆို့မှုကြောင့် အထည်ချုပ် လုပ်ငန်းမှ အလုပ်လက်မဲ့ ဖြစ်သွား ခဲ့ရသူ မိန်းကလေးများသည် ပြည်တွင်း၌ ညကလပ်နှင့် အရက်ဘားများ တွင်လည်းကောင်း၊ နိုင်ငံခြား၌ လုပ်ခ အနည်းငယ်ဖြင့် ပင်ပန်း ဆင်းရဲစွာ လုပ်ရသော အလုပ်ရုံ များ၌ လည်းကောင်း၊ မလွှဲမရှောင် ရသော လုပ်ကိုင် နေကြရသည်ဟု လေ့လာ သူများက ပြီးခဲ့သည့် ရက်သတ္တပတ် ကပင် အစီရင် ခံခဲ့သည်’’ ဟုဆိုသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ ၂၀၀၃ ခုနှစ် စက်တင်ဘာလတွင် စတင် အလုပ်လက်မဲ့ ဖြစ်ခဲ့ပြီး သတင်းရေးသည့် ၂၀၀၉ ခုနှစ်တိုင်အောင် ပုံမှန် အလုပ်မရှိဘဲ လမ်းပေါ်၌ ပန်းရောင်းရသည့် မဥမ္မာ (၂၇)နှစ်ဆိုသူ အမျိုးသမီး တစ်ဦးကိုလည်း သတင်းထောက်က တွေ့ဆုံမေးမြန်း ထားသည်။ ဧရာဝတီတိုင်း ဒေသကြီး ဇာတိဖြစ်ပြီး လှိုင်သာယာရှိ အထည်ချုပ် စက်ရုံ တစ်ရုံ၌ လာရောက် လုပ်ကိုင်နေခဲ့သူ မဥမ္မာသည် အမေရိကန်သို့ အထည်များ မတင်ပို့ နိုင်တော့ ခြင်းကြောင့် စက်ရုံ ပိတ်လိုက်ရပြီး ကတည်းက အလုပ် လက်မဲ့ဖြစ်ကာ ဘ၀ရှင်သန် ရပ်တည်ရေးအတွက် ရရစားစား ဘ၀ဖြင့် နှစ်ပေါင်းများစွာ ရုန်းကန် နေရဆဲ ဖြစ်၏။

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ၂ဝဝ၃ ခုနှစ် ဇူလိုင်လတွင် စတင်သည့် အမေရိကန် ပိတ်ဆို့မှု ကြောင့် အထည်ချုပ် လုပ်သားပေါင်း ၈၅ဝဝဝ အလုပ်ပြုတ် ကုန်ကြပြီး ယင်းတို့ အနက် ၉၅% မှ ၉၈% မှာ အသက်(၁၈) နှစ်မှ (၃၅)နှစ် အကြား အရွယ်ကောင်း အမျိုးသမီးများ ဖြစ်သည်ဟု မြန်မာတိုင်းမ် ဂျာနယ်ကို ပြောပြခဲ့သည်။

‘‘ပိတ်ဆို့မှုတွေကို လူသားချင်း စာနာမှု အမြင်နဲ့ ပြန်ပြီး သုံးသပ်သင့်တယ်။ ဘာကြောင့်လဲ ဆိုတော့ ပိတ်ဆို့မှု တွေဟာ သာမန် ပြည်သူ လူထုကို ထိခိုက်စေလို့ပါ’’ ဟု ဦးမြင့်စိုးက မှတ်ချက် ပြုခဲ့သည် ဆို၏။

ပိတ်ဆို့မှု မတိုင်မီက မြန်မာနိုင်ငံတွင် အထည်ချုပ် စက်ရုံပေါင်း ၃ဝဝ ခန့် ရှိခဲ့ရာမှ ပိတ်ဆို့မှု ဒဏ်ချက်ကြောင့် ၂ဝဝ၉ ခုနှစ်တွင် စက်ရုံ ၁၂ဝ ခန့်သာကျန်ခဲ့ကာ အလုပ်သမ ၈၅ဝဝဝ ခန့်သာ ရှိခဲ့တော့သည်။

အမေရိကန် ပိတ်ဆို့မှုကြောင့် အထည်ချုပ် လုပ်ငန်းသာမဟုတ် ရေထွက်ပစ္စည်း လုပ်ငန်း၌လည်း ထိခိုက်မှု ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးလှမောင်ရွှေက ပြောကြားခဲ့သည်ဟု အဆိုပါ ဆောင်းပါး၌ ဖော်ပြထားသည်။ ၁၉၉၈ မှ ၂၀၀၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် အမေရိကန်သို့ ရေထွက်ပစ္စည်း တင်ပို့ရာ၌ စတုတ္ထ အများဆုံး အာရှနိုင်ငံ ဖြစ်ခဲ့ပြီး ပိတ်ဆို့မှုသာ မရှိခဲ့ပါက ဒုတိယ အများဆုံး တင်ပို့သည့်နိုင်ငံ ဖြစ်လာဖွယ် ရှိကြောင်း ၎င်းက ပြောကြားခဲ့ သည်ဟုဆို၏။

ပိတ်ဆို့မှုများသည် မြန်မာနိုင်ငံမှ သာမန်ပြည်သူ လူထုကို ထိခိုက်စေခဲ့ကြောင်း ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ လုပ်ငန်း ရှင်များ၏ အခြားပြောကြား ချက်များစွာ ရှိသေးသော်လည်း ယခုတင်ပြလာသည့် လူတန်းစားစုံ၊ အလွှာစုံ၊ နိုင်ငံစုံမှ လူပုဂ္ဂိုလ်များ၏ ပြောကြား ထုတ်ဖော်မှုများနှင့်ပင် သိသာနေ လောက်ပြီဖြစ်၍ ထိခိုက်မှုကို ဤမျှဖြင့်ပင် ရပ်ထားပါဦး မည်။ ဆက်လက်၍ NLD ၏ စာတမ်း၌ ဤကိစ္စအပေါ် မည်သို့မည်ပုံ စောဒက တက်ထားသည်ကို စောဒနာပြုကာ ဆန်းစစ် သွားပါမည်။

ပိတ်ဆို့မှုရှင်းတမ်း ( ၁ )

ဖေဖော်ဝါရီလ (၈) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် NLD ၏ "မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုများ" ဟု ခေါင်းစဉ် တပ်ထားသော စာတမ်းအပေါ် ကျွန်တော်၏ လေ့လာဆန်းစစ် တွေ့ရှိချက် အချို့ကို "ပိတ်ဆို့မှု၊ ဒေါ်စုကြည်နှင့် NLD" ဆို သော ဆောင်းပါးဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
ယခုအခါ မြန်မာနိုင်ငံအပေါ် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဩစတေးလျနှင့် နယူးဇီလန် စသော အနောက်နိုင်ငံများက ချမှတ် ထားသော ပိတ်ဆို့မှုများနှင့် ပတ်သက်၍ သဘောထား အမျိုးမျိုး ထွက်ပေါ်လာနေသည်ကို တွေ့ရ၏။ မြန်မာနိုင်ငံ၌ စစ်ဘက်က အုပ်ချုပ်မှု အဆုံးသတ်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်သူအများ ရွေးချယ်တင်မြှောက်သည့် ဒီမိုကရေစီ အစိုးရ အဖွဲ့သစ် ပေါ်ပေါက်လာနေပြီ ဖြစ်ရာ ဒီမိုကရေစီ အပြောင်းအလဲအတွက် ဦးတည် ရည်ရွယ်ချမှတ်ထားပါသည် ဆိုသည့် ပိတ်ဆို့မှုများကို ဖယ်ရှားသင့်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ အိမ်နီးချင်းများဖြစ်သည့် အာဆီယံ နိုင်ငံများက လည်းကောင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တရားဝင် နိုင်ငံရေး ပါတီများကလည်းကောင်း တောင်းဆိုခဲ့ကြသည်။ မှတ်သား ဖွယ်ကောင်းသည်မှာ ပိတ်ဆို့မှုကို ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည့် နိုင်ငံရေး ပါတီများမှာ လွှတ်တော် ကိုယ်စားလှယ်နေရာ အများစု ရရှိထားသည့် နိုင်ငံရေး ပါတီကြီးနှင့် လည်းကောင်း၊ အစိုးရအဖွဲ့နှင့် လည်းကောင်း နီးစပ်ခြင်း မရှိသည့် အပြင် အစိုးရနှင့်လည်း သဘောထားချင်း အမြဲတိုက်ဆိုင်သည်ဟု မဆိုနိုင်သော ပါတီများ ဖြစ်နေခြင်းပင်။ ထို့အပြင် ယင်းပါတီများ တွင် တိုင်းရင်းသား လူမျိုးစုပါတီများ လည်းပါဝင်နေ သည်ကို တွေ့ရသည်။
ထို့ကြောင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှားသင့်ကြောင်း သဘောထားအမြင် ရှိသူများမှာ မြန်မာ အစိုးရ အာဏာပိုင် အဖွဲ့တစ်ခုတည်းသာ မဟုတ်ဘဲ မြန်မာ့နိုင်ငံရေး အခြေအနေကို နီးနီးကပ်ကပ် လေ့လာသိရှိ ရသော ဒေသတွင်း အိမ်နီးချင်း နိုင်ငံများ၊ မြန်မာနိုင်ငံအတွင်း ဒေသအသီးသီး၊ တိုင်းရင်းသား လူမျိုးစု အသီးသီး၊ လူတန်းစားအလွှာ အသီးသီး၊ နိုင်ငံရေးအမြင် အသီးသီးကို ကိုယ်စားပြုသော ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်နေကြသည် ဖြစ်ရာ ကျယ်ပြန့်သော အခြေခံ (Broad Based) ရှိသည့် အမြင်တစ်ရပ် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
တစ်ဖက်တွင်လည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများကို ဦးဆောင်ချမှတ်သည့် နိုင်ငံဖြစ်သော အမေရိကန်က ပိတ်ဆို့မှုများ ကို ဆက်လက်ထားရှိဦးမည်ဟု ထုတ်ဖော်ပြောကြားခဲ့သကဲ့သို့ ယခုအခါ ဥပဒေကြောင်းအရ တရားဝင် ရပ်တည်ခွင့် မရှိ တော့ပြီ ဖြစ်သည့် NLD ကလည်း အထက်တွင် ဖော်ပြခဲ့သည့် စာတမ်းတစ်စောင်ကို ထုတ်ပြန်ကာ ပိတ်ဆို့မှုဘက်မှ ကာကွယ်ပြောကြားခဲ့သည်ကို တွေ့ရပြန်သည်။
ဤသို့ ပိတ်ဆို့မှုနှင့်ပတ်သက်၍ ဆက်ထားသင့်သည်၊ ဖယ်ရှားသင့်သည်ဟု ငြင်းခုံနေကြရာတွင် အများပြည်သူများအတွက် မိမိတို့ကိုယ်တိုင် ယထာဘူတကျစွာ စဉ်းစားဆင်ခြင် သုံးသပ်နိုင်ရန် သိရှိနားလည်ထားသင့်သော အချက်များကို "ဆိုရေးရှိ က ဆိုအပ်လှ၏" ဆိုသကဲ့သို့ ဤဆောင်းပါးဖြင့် ဆက်လက်တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

Monday, February 14, 2011

ပြောင်းလဲလာသော ခမောက် ဒီဇိုင်းများနှင့် NLD ဖက်ရှင်



ခမောက်လုံး
ခမောက်ချွန်
ခမောက်ပြား

ပိတ်ဆို့မှု၊ ဒေါ်စုကြည်နှင့် NLD

(၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားတဲ့ ရန်ကြီးအောင်ရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စီးပွားရေး ပိတ်ဆို့မှု သဘောထား အပေါ် အစိုးရဘက်က ပထမဆုံး တုန့်ပြန်ချက်လို့ ဆိုနိုင်ပါတယ်။ )

မြန်မာနိုင်ငံ အပေါ် အနောက်အုပ်စုက စီးပွားရေး ပိတ်ဆို့မှုများနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကြေညာချက် တစ်ရပ် ထုတ်ပြန် ခဲ့သည်ကို တွေ့ရသည်။ အင်္ဂလိပ် ဘာသာဖြင့် လေးမျက်နှာ၊ မြန်မာ ဘာသာဖြင့် ခြောက်မျက်နှာ ရှိပြီး မြန်မာ ဘာသာဖြင့် ထုတ်ပြန်ချက်မှာ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ပြန်ချက်ကို မြန်မာလို ပြန်ဆိုထားခြင်း ဖြစ်ဟန်တူသည်။ အကြောင်းမှာ မြန်မာ ဘာသာဖြင့် ထုတ်ပြန် ကြေညာချက်၌ ဖတ်ရှု၍ အဆင်မပြေ၊ ထောင့်၍နေသော ဝါကျများသည် အင်္ဂလိပ် ဘာသာ ကြေညာချက်၌ အောက်စဖို့ တက္ကသိုလ်ထွက် အင်္ဂလိပ် လူမျိုးတစ်ဦး ရေးသား ထားဘိသည့် အလား ချောမွေ့ပြေပြစ် လှသောကြောင့် ဖြစ်၏။ ထို့အပြင် အင်္ဂလိပ် ဘာသာဖြင့် ထုတ်ပြန်ထား သည့် ကြေညာချက်တွင် ပါရှိသော စာကြောင်းအချို့မှာ မြန်မာ ဘာသာဖြင့် ထုတ်ပြန်ရာ၌ ကျန်နေခဲ့သည်ကို တွေ့ရသည်။ (ဥပမာ - အင်္ဂလိပ် ဘာသာဖြင့် ကြေညာချက် စာမျက်နှာ သုံး၏ ဆဋ္ဌမမြောက် စာပိုဒ်၌ “The Participation of a broad spectrum of political forces is essential to the achievement of national reconciliation in Burma” ဟူသော စာကြောင်းမှာ မြန်မာဘာသာ ကြေညာချက်၌ ပါမလာခဲ့ပေ။)

သို့ဖြစ်ရာ ဤထုတ်ပြန် ကြေညာချက်သည် မြန်မာအစိုးရကို တောင်းဆိုခြင်း ဖြစ်သည်ဟု ရေးသားထား သော်ငြားလည်း အင်္ဂလိပ်စာကို အသုံးပြုသည့် နိုင်ငံ/အဖွဲ့အစည်း များကို ဦးတည် ရည်ရွယ်ထားပုံ ရပေ၏။ ထို့အပြင် အမေရိကန် အစိုးရ က မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှုများ ဆက်လက် ထားရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မကြာမီ ဤထုတ်ပြန် ကြေညာချက် ထွက်ပေါ်လာခြင်းက အချိန်ကိုက်စွာ အတိုင်အဖောက် ညီနေမှုကို ပေါ်လွင်နေစေသည်။

မည်သို့ပင် ဖြစ်စေ NLD ၏ ထုတ်ပြန် ကြေညာချက်သည် များစွာ စိတ်ဝင်စားဖွယ် ကောင်းပေ၏။ ဒေါ်စုကြည် လွတ်လပ်စွာ သွားလာ နေထိုင်ခွင့် ရခဲ့ပြီးနောက် မကြာမြင့်မီ မှာပင် စီးပွားရေး ပိတ်ဆို့မှုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် လေ့လာမည် ဖြစ်ကြောင်း ပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည့် အတွက် မြန်မာပြည်သူများ အနေဖြင့် မိမိတို့အပေါ် စီးပွားရေး ပိတ်ဆို့ထားမှုများ အဆုံးသတ် လေတော့မည် လောဟူသော မျှော်လင့်ချက် များဖြင့် စိတ်အား ထက်သန်စွာ စောင့်ကြည့်နေခဲ့ ကြလေ သည်။

ထိုအတောအတွင်း မြန်မာနိုင်ငံ၏ အိမ်နီးချင်း အာဆီယံ နိုင်ငံများက လည်းကောင်း၊ ပြည်တွင်းရှိ တရားဝင် နိုင်ငံရေး ပါတီများက လည်းကောင်း၊ အနောက်အုပ်စု၏ စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်း ဖယ်ရှားပေးရန် တောင်းဆို လာခဲ့ကြရာ မြန်မာ့ နိုင်ငံရေး ခေတ်ပြောင်း စနစ်ပြောင်း ကာလ၌ မြန်မာပြည်သူ တို့၏ မျှော်လင့်ချက်များမှာ ပို၍ပင် ကြီးမားလာခဲ့သည်။

သို့ရာတွင် နေပူကျဲကျဲ ကွင်းပြင်ထဲမှ အားခဲ၍ အပြေးလာသူကို အရိပ်သို့ မရောက်မီကလေး၌ ရင်ဝကို ခြေစုံကန် ခံလိုက်ရ သကဲ့သို့ အတိုင်အဖောက် ညီလှသော အမေရိကန် အစိုးရ၏ ပြောကြားချက်နှင့် NLD ၏ ထုတ်ပြန် ကြေညာချက်တို့က မြန်မာ ပြည်သူတို့၏ မျှော်လင့်ချက်များကို “ခဲလေသမျှ သဲရေကျ” ဖြစ်သွားရစေ လေတော့သည်။

မြန်မာတိုင်းမ် ဂျာနယ် ပိုင်ရှင် သြစတြေးလျ နိုင်ငံသား MR. Ross Striling Dunkley မြန်မာ အမျိုးသမီး တစ်ဦးအား စော်ကားမှုဖြင့် အဖမ်းခံရ

မြန်မာအမျိုးသမီး မခိုင်ဇာအား စော်ကားနှိပ်စက်မှုဖြင့် အဖမ်းခံရနေသူ မစ္စတာ ဒန်ကလီ

မြန်မာတိုင်းမ် ဂျာနယ် ပိုင်ရှင် သြစတြေးလျ နိုင်ငံသား MR. Ross Striling Dunkley အဖမ်းခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ပ သတင်း ဌာနတွေ ကနေ အမျိုးမျိုး ထင်မြင်ချက် ပေးပြီး မြန်မာနိုင်ငံ အပေါ် အပုပ်ချတဲ့ လန်ကြုတ်(လုပ်ကြံ) သတင်းတွေနဲ့ ထိုးနှက်လာတာ အဆက်မပြတ် ကြားသိနေရပါတယ်။ ဒါ့အပြင် အင်တာနက် စာမျက်နှာပေါ်တွေမှာလည်း သူတို့လိုရာ စွပ်စွဲမှုမျိုးစုံနဲ့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်မှု၊ သတင်း လွတ်လပ်မှုတွေကို ထိပါးစော်ကား လာတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ၁၂-၂-၂၀၁၁ ရက်နေ့မှာ BBC အသံလွှင့် ဌာနကနေ MR. Ross Striling Dunkley အဖမ်းခံရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ယင်းတို့ ထင်မြင်ချက်တွေ ပေးပြီး မြန်မာနိုင်ငံ အပေါ် ဖိနှိပ်တဲ့ သတင်းတွေကို ရေရေရာရာ သေသေချာချာ သိခြင်းမရှိပဲ တရားလက်လွတ် ထုတ်လွှင့် သွားတာ ကြားလိုက် ရပါတယ်။
VOA ကလည်း ၁၃-၂-၂၀၁၁ ရက်နေ့မှာ မြန်မာတိုင်းမ် အယ်ဒီတာ MR. Ross Striling Dunkley ကို ဖမ်းဆီးလိုက် တာဟာ စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေကြောင့် ဖြစ်တယ်လို့ အတိအကျ ထုတ်လွှင့် သွားပါတယ်။
BBC နဲ့ VOA ရဲ့ ထုတ်လွှင့်ချက်တွေ ဘယ်လောက် မှန်ကန်ပါသလဲ။ ဘယ်လောက် တိကျပါသလဲ။ မြန်မာနိုင်ငံနဲ့ မြန်မာ လူမျိုးတွေ အပေါ် ဘယ်လောက် အကျိုး ဖြစ်စေပါသလဲ။ အခု MR. Ross Striling Dunkley အဖမ်းခံရတဲ့ သတင်းက သက်သေပြ နေပါပြီ။ အကြောင်းအရာ တစ်ခုကို ဂဃနဏ သေသေချာချာ မသိဘဲ မြန်မာအစိုးရကို အပြစ်တင်ရရင် ပြီးရော မြန်မာ ပြည်သူလူထုနဲ့ နိုင်ငံတကာက မြန်မာအစိုးရ အပေါ် အထင်သေး အမြင်သေးရင် ပြီးရော မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေ ဖြစ်ရင် ပြီးရော ဆိုတဲ့ အကြံအစည်နဲ့ လုပ်ကြံ ဖန်တီး သတင်းတွေ ထုတ်လွှင့်နေတယ် ဆိုတာ အခု MR. Ross Striling Dunkley အဖမ်းခံရတဲ့ သတင်းက အထင်အရှား ဖြစ်လို့ နေပါတယ်။
တကယ်တော့ MR. Ross Striling Dunkley အဖမ်း ခံရတာဟာ စီးပွားရေး ကိစ္စလည်း မဟုတ် သူတို့ပြောတဲ့ လူဝင်မှု ကြီးကြပ်ရေး ကိစ္စလည်း မဟုတ်ပါဘူး။ အဲဒီ တဏှာရူး နှာဘူးကောင်က မခိုင်ဇာဆိုတဲ့ မြန်မာ မိန်းကလေးကို ပျော်ပါးဘို့ ခေါ်ယူပြီး မူးယစ်ဆေးတွေ သုံးစွဲစေခြင်းနဲ့ အဲဒီ မိန်းကလေးကို နောက်တစ်ကြိမ် ရှာဖွေပြီး ကာမ ရယူကာ ထိုးကြိတ် ရိုက်နှက်၊ ဆံပင်ကို ဆွဲကာ အုတ်နံရံ ကုတင်များနဲ့ ဆောင့်တိုက် လည်ပင်းကို ညစ်တာတွေကြောင့် မခိုင်ဇာဟာ အခုဆိုရင် ဂျပန်ဆေးရုံကြီးမှာ အတွင်း လူနာအဖြစ်နဲ့ ဆေးဝါးကုသ ခံနေရတာ ဖြစ်ပါ တယ်။
ဒီလို ညှဉ်းပမ်း နှိပ်စက်ခံရတဲ့ မခိုင်ဇာဟာ ရဲစခန်းကို သွားရောက် တိုင်တန်းလို့ အခုလို MR. Ross Striling Dunkley အဖမ်းခံရတာပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံမှာ ဖြစ်ဖြစ် ဒီလို လူသားမဆန်စွာ နိုင်ထက်စီးနင်း အပြုအမူ မျိုးတွေကို လက်ပိုက် ကြည့်နေမှာ မဟုတ်ပါဘူး။ တရား ဥပဒေအရ ထိရောက်စွာ အရေးယူမှာ ဖြစ်ပါတယ်။

Sunday, February 13, 2011

ထင်ကျော်ထက် ၏ ဒေါသသံ



ဒေါ်စုကြည် နှင့် NLD အဖွဲ့အား ဘလော့ဂါ လွဏ်းဆွေမှ အက်ဆစ် အမည်ခံ၍ ဝေဖန်စာတစ်စောင် ထုတ်ပြန်မှု အပေါ် ယခင် ပေါက်ခေါင်းမြို့နယ် လူ့ဘောင်သစ်ပါတီဥက္ကဌ ဟောင်း ယခု အမေရိက တွင် နေထိုင်သူ ထင်ကျော်ထက်မှ တုန့်ပြန် ပြောဆိုထားသော အသံဖိုင် ဖြစ်ပါသည် ။ ပြောဆိုမှု တစ်နေရာတွင် " ...အေး...ငါလဲမင်းလိုပဲ အရက်သမားတစ်ယောက်ပါပဲ...ဒါပေမဲ့..." ဟု ပါရှိပါသည် ။ နားဆင် ကြည့် ကြပါ ခင်ဗျား......