xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: June 2011

Thursday, June 30, 2011

တရုတ်ပြည်တွင် ကမ္ဘာ့အရှည်ဆုံးတံတားဖွင့်လှစ်

ကမ္ဘာ့အရှည်ဆုံးပင်လယ်ကူးတံတား 
 
ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကို ဖြတ်ဆောက်ထားတဲ့ တံတားကို တရုတ်နိုင်ငံမှာ ကြာသပတေးနေ့က ဖွင့်လှစ်လိုက်ကြောင်းသိရပါတယ် ဒီတံတားဟာ၂၂ မိုင်ရှည်လျားပြီး  တရုတ်နိုင်ငံ အရှေ့ပိုင်း ဆိပ်ကမ်းမြို့ ချင်ဒေါင်း (Qingdao) နဲ့ ဟွမ်ဒေါင်း (Huangdao) ကျွန်း အကြားက ဂျောက်ဇူး (Jiaozhou) ပင်လယ်ဝကို ဖြတ်ဆောက်ထားတာဖြစ်ပါတယ် ။

ဒီကမ္ဘာ့အရှည်ဆုံး တံတားကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၂,၃၀၀ လောက် အကုန်အကျခံ တည်ဆောက်ခဲ့တာဖြစ်ပြီး အဲဒီတံတား ဆောက်လိုက်တဲ့အတွက် အရင် ၄၅ မိနစ်သွားရတဲ့ ခရီးဟာ အခု မိနစ် ၂၀ ပဲ ကြာတော့မှာဖြစ်ကြောင်း အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

ဗြိတိန်တော်ဝင်မိသားစု တစ်နှစ်ဒေါ်လာသန်း ၃၂၀ ကျော်သုံး


ဗြိတိန် တော်ဝင်မိသားစုအသုံး စရိတ်မှာ ထုတ်ပြန်ထားသည်ထက် ငါးဆ ပိုမို များပြားနေကြောင်း တော်ဝင် မိသားစု ဆန့်ကျင်ရေးအဖွဲ့ Republic က ဇွန် ၂၃ ရက်တွင် ထုတ်ပြန်သည်။
အလိဇဘက် ဘုရင်မနှင့် မိသားစုဝင် တို့၏ အသုံးစရိတ်များမှာ ဗြိတိန် ပြည်သူများ ဆောင်ထားသော အခွန်များမှ ပေါင်သန်း ၂၀၀ ကျော် (အမေရိကန်ဒေါ်လာသန်း ၃၂၀) ကျော် ရှိကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။
ဗြိတိန်နန်းတော်က တရားဝင် ထုတ်ပြန်ချက် အရ တော်ဝင် မိသားစုသည် တစ်နှစ်လျှင် အခွန်ထမ်း ပြည်သူများ၏ အခွန် ပေါင်သန်း ၄၀ အောက်သာ သုံးစွဲကြောင်း ထုတ်ပြန်ထားသည်။
တော်ဝင်မိသားစုဝင်များ အတွက် လုံခြုံရေး ကုန်ကျစရိတ်၊ အခြား နိုင်ငံများနှင့် နိုင်ငံတစ်ဝန်း ခရီးသွားလာမှုများ ကုန်ကျစရိတ်၊ တော်ဝင်မိသားစုဝင်များ ပိုင်ဆိုင်သော မြေများနှင့် စီးပွားရေး လုပ်ငန်းများမှ ရရှိသော ၀င်ငွေများကို ပေါင်းလိုက်ပါက တစ်နှစ်လျှင် ပေါင်သန်း ၂၀၀ ကျော် ရှိကြောင်း Republic က ထုတ်ပြန်ခြင်း ဖြစ်သည်။
ဗြိတိန်ဘုရင်မ မိသားစုသည် နယ်သာလန်၊ ဒိန်းမတ်၊ အခြား ဥရောပ နိုင်ငံများရှိ ဘုရင်၊ ဘုရင်မ မိသားစုဝင်များထက် ပိုမို သုံးစွဲကြောင်း ယင်းအဖွဲ့မှ ပြောခွင့်ရ ဂရေဟမ်စမစ် က ပြောကြားသည်။ အသုံးစရိတ် ထုတ်ပြန်မှုနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု အားနည်းကြောင်း၊ ဗြိတိန်ဘုရင်မ မိသားစု အသုံးစရိတ်သည် နယ်သာလန်နိုင်ငံထက် နှစ်ဆ ပိုမိုများကြောင်း၊ သမ္မတစနစ် ကျင့်သုံးခြင်းသည် အကုန်အကျ ပိုနည်းကြောင်း ၎င်းကပြောကြားသည်။

ခိုက်ရန်ဖြစ်ပွားခဲ့သောတရုတ်လူငယ်များအား တရုတ်ပြန်ပို့ မန်းကျောက်ဝိုင်း ပုံမှန်အတိုင်းဖွင့်လှစ်


 
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ကျောက်မျက် ရတနာဈေးတွင် ဇွန် ၂၇ ရက်နေ့ နံနက်ပိုင်းက ကျောက်ကုန် သည်များ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ကျောက်ဝိုင်းအား ယာယီပိတ် လိုက်သော်လည်း ဇွန်လ ၂၈ ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ကြောင်း သိရသည်။
အဆိုပါရန်ပွဲမှာ တရုတ်ကျောက် ကုန်သည်ငါးဦးမှ မြန်မာကျောက်ပွဲစားတစ်ဦးအား ကျောက် အရောင်းအဝယ်ကိစ္စနှင့် ပတ်သက်၍မကျေနပ်ရာမှ ဝိုင်းဝန်းထိုး ကြိတ်ကြရာမှတစ်ဆင့် ဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး ဘေးပတ်ဝန်းကျင်ရှိ လူများက ဝင်ရောက်ဖျန်ဖြေရာမှတစ်ဆင့် ရန်ပွဲမှာ ကြီးထွားလာ ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် မဟာအောင်မြေရဲစခန်းနှင့် အမှတ် ၇ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လူစုခွဲခဲ့သည့်အတွက် ရန်ပွဲမှာပြီးဆုံးသွားခဲ့ကြောင်း၊ အဆိုပါရန်ပွဲကြောင့် မြန်မာကျောက်ပွဲစားဖြစ်သူ အသက် ၄ဝ နှစ် အရွယ်ခန့်ရှိ ကိုမော် ဆို သူမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီး၌ ပြင်ပလူနာအဖြစ် ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း၊ မြန်မာကျောက်ပွဲစား အား ဝိုင်းဝန်းထိုးကြိတ်ခဲ့သော တရုတ်ကုန်သည်ငါးဦးကိုမူ တရုတ်သံရုံးနှင့်ဆက်သွယ်ကာ အဆိုပါနေ့ညနေပိုင်း၌ တံတားဦးလေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ သက်ဆိုင်ရာမှပြန်လည် ထွက်ခွာသွားစေခဲ့ကြောင်း မန္တလေးကျောက်ဝိုင်းရှိ ကျောက်ကုန်သည်တစ်ဦးက ပြောသည်။
 
 ”စဖြစ်တာက ကျောက်ဖြတ်ဝိုင်းမှာ ကိုမော် ဆိုတဲ့ပွဲ စားက တရုတ်ကုန်သည်တွေကို မနက် ၈ နာရီခွဲလောက်မှာ ဖြတ်စတစ်ခု လာပြပြီးဈေးစကားပြောတယ်။ တရုတ်တွေက အဲဒီကျောက်ကို ၄၂ သိန်းပေးမယ်ဆိုပြီး ပြောတယ်။ ပထမတော့ ဈေးအဆင်ပြေပြီးကျောက်ကို ချိပ်စည်းပြီးပြီ။ ဒီအချိန်မှာပဲ တခြားကုန်သည်တစ်ယောက်က ၄၅ သိန်းပေးမယ် ပြောတော့ ကိုမော် က စောစော တုန်းက သူ့ကို ၄၂ သိန်း ပေးတဲ့ကုန်သည်ကို ဈေးထပ်တိုးပေးမလားမေးတယ်။ သူတို့က ဒီဈေးပဲပေးနိုင်မယ်ပြောလို့ ချိပ်စည်းထားတာကို နှစ်ဦးသဘောတူ ပြန်ဖျက် လိုက်တယ်။ ဒီနောက် ကို—က ၄၅ သိန်းပေးတဲ့ ကုန်သည်နဲ့ အရောင်းအဝယ်သွားလုပ်နေတုန်း ၄၂ သိန်းပေးတဲ့ တရုတ်ကုန်သည်တွေက ကို— ကို ဖုန်းဆက်ခေါ်ပြီး သူတို့ဆိုင်ထဲလည်း ရောက်ရောဝိုင်းထိုးကြတာပဲ။ ဒါကိုမြင်တဲ့သူတွေက ဝိုင်းဆွဲတော့ ဆွဲတဲ့သူတွေကိုပါ လိုက်ထိုးတယ်။ အရင်တုန်းက တရုတ်ကုန်သည်နဲ့ မြန်မာကုန် သည်တွေ ရန်ဖြစ်တဲ့အခါ မှားမှားမှန်မှန် မြန်မာတွေပဲအရေးယူခံရမှာဆိုတော့ ဘယ်သူမှမလုပ်ရဲဘူး။ နောက်တော့ ရဲတွေရောက်လာပြီး ရန်ဖြစ်တဲ့လူတွေကို အမှတ် ၇ ရဲစခန်းကိုခေါ်သွား သလို ကျောက်ဝိုင်းကိုလည်းလုံခြုံရေးအရ ခဏပိတ်လိုက်တယ်။

ပင်စင်စားတို့ ပျော်နိုင်ပါပြီ

ဒီကနေ့ မြန်မာ့အသံ ညနေ ခြောက်နာရီ သတင်းမှာ အစိုးရ ဘဏ္ဍာရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်ကို ထုတ်ပြန် သွားပါတယ်။ အဲဒီ ကြေညာချက်မှာ ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေး ဆုံးဖြတ်ချက် အရ အစိုးရ ၀န်ထမ်းများရဲ့ ပင်စင်လစာကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ပြင်ဆင် သတ်မှတ်ခဲ့တဲ့ လစာနှုန်းထား အသစ်များအရ ခံစားနေရတဲ့ ပင်စင် ခံစားခွင့်အတိုင်း ဇူလိုင်လ ပင်စင် လစာကနေစပြီး ခံစား ခွင့်ပြုလိုက်ကြောင်း ဖော်ပြထားပါတယ်။ 
 
၂၀၀၆ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တွေမှာ လက်ရှိ ၀န်ထမ်းများရဲ့ လစာကို အဆများစွာ တိုးပေးခဲ့ပေမယ့် ဟိုတုံးက လစာ နှုန်းထားဟောင်းများနဲ့ အငြိမ်းစား ယူခဲ့ကြတဲ့ ပင်စင်စားများရဲ့ အငြိမ်းစား လစာများကို တိုးမပေးခဲ့ပါဘူး။ ဒါ့ကြောင့် အချို့ ပင်စင်စားများရဲ့ လစာဟာ အခုခေတ် ကုန်ဈေးနှုန်းနဲ့ ဆိုရင် ထမင်း တစ်ပွဲစာတောင် မရှိတဲ့ဘ၀ ရောက်နေတဲ့ အတွက် ပင်စင်လစာတွေ တိုးပေးရေးဟာ ပင်စင်စားကြီးများရဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။

Wednesday, June 29, 2011

အစိုးရ၏သတိပေးချက်ကို NLD က စာတစ်စောင်ပေးပို့၍ မေတ္တာရပ်ခံ

ဇွန်လ ၂၉ ရက်နေ့ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာ ပြည်ထဲရေး ၀န်ကြီးဌာနက ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ သတိပေးတဲ့ အကြောင်းကြားစာပေးပို့ခဲ့ပါသည် ။

အဆိုပါသတိပေးချက်နှင့် ပတ်သက်၍ NLD က ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီးထံသို့ လိပ်မူ၍ စာတစ်စောင်ထုတ်ပြန်ကာ မေတ္တာရပ်ခံခဲ့ကြောင်းသတင်းရရှိပါသည် ။အဆိုပါစာကို ဒေါ်စုကြည်မှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ကြောင်းလည်းသိရပါသည် ။

အဆိုပါစာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း တရားဥပဒေစိုးမိုးရေးကို အလေးထား ပါကြောင်း တူညီသောလိုလားချက်များအပေါ် ညှိနှိုင်းဆွေးလိုပါသဖြင့် စီစဉ်ပေးနိုင်ပါရန် မေတ္တာရပ်ခံ ထားကြောင်း သိရပါသည် ။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှထုတ်ပြန်သောစာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

ရွေးချယ်ခွင့်က လက်ထဲမှာ

(ဦးအောင်ရွှေနှင့် ဒေါ်စုကြည်အား အစိုးရမှသတိပေးချက်ထုတ်ပြန်သည့် သတင်းနှင့် ယှဉ်တွဲဖေါ်ပြ ထားသည့်၂၉-၆-၁၁ နေ့ ထုတ် နိုင်ငံပိုင်သတင်းစာ များတွင်ဖေါ်ပြ ထားသော ဆောင်းပါး ရှင်ပြည့်စုံအောင်၏ ဆောင်းပါးဖြစ်သည် ၊ တစ်နည်း ဆိုသော် NLD အပေါ်လက်ရှိအစိုးရ၏ သဘော ထားကိုထင်ဟတ်နေသောဆောင်းပါးလည်းဖြစ်သည် )

ယနေ့ အချိန် ကာလသည် ခေတ်ပြောင်း စနစ်ပြောင်း ကာလဖြစ်သည်။ စနစ်ပြောင်း သွားပြီ ဖြစ်သကဲ့သို့ ခေတ်ကလည်း လိုက်လျော ညီထွေ ပြောင်းလဲ နေသည်။ ပြောင်းလဲလာသည့် ခေတ်စနစ်နှင့် အညီ အားလုံး၏ အတွေးအခေါ်၊ လုပ်နည်းလုပ်ဟန်၊ အနာဂတ် အစီအမံများက အစ ပြောင်းလဲ နေသည်။ အပြောင်းအလဲကို လိုအပ်နေသည့် ယနေ့ ပြည်သူတို့၏ ဆန္ဒနှင့်အညီ ချောမွေ့ တည်ငြိမ်စွာ ပြောင်းလဲနေခြင်း အပေါ် ကျွန်တော် တို့ အားရ ကျေနပ်မိသည်မှာ အမှန်ပင်ဖြစ်သည်။
ယနေ့ ကျွန်တော်တို့ နိုင်ငံတွင် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရန် အတွက် အခြေခံ အုတ်မြစ် ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ် ရှိပြီး နေပေပြီ။ အဆိုပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ပေါ်ပေါက် လာသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များသည်လည်း အသီးသီး လှုပ်ရှား သက်ဝင်နေပေပြီ။ ပြည်သူများ အနေဖြင့်လည်း မိမိတို့ ဆန္ဒအတိုင်း လွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ် တင်မြှောက်ပိုင်ခွင့်နှင့် မိမိကိုယ်တိုင် ရွေးချယ်ခံ ပိုင်ခွင့်များကို ရရှိခဲ့ပြီးကြ ပေပြီ။ ဤသည်များမှာ စည်းကမ်း ပြည့်ဝ သည့် ဒီမိုကရေစီ စနစ် ပေါ်ပေါက်နိုင်ရေး အတွက် လိုအပ်သည့် အခြေခံကောင်းများပင် ဖြစ်သည်။
၎င်းအခြေခံ ကောင်းများမှ တစ်ဆင့် ဒီမိုကရေစီ စနစ်ကို ခိုင်ခိုင်မာမာ အနှစ်သာရ ရှိရှိ မှန်မှန် ကန်ကန် ကျင့်သုံး နိုင်ရန် အတွက် နိုင်ငံရေး ပါတီများ အပါအဝင် အစိုးရအဖွဲ့၊ ဌာန ဆိုင်ရာများနှင့် ပြည်သူလူထု အတွင်း ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားရန် လိုအပ်သည်။ ဤသို့ ထွန်းကားနိုင်ရန် အတွက်လည်း အားလုံး အနေဖြင့် မိမိတို့၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ကျင့်သုံးရာဝယ် တည်ဆဲ ဥပဒေများနှင့်အညီ၊ ယဉ်ကျေးမှု ထုံးဓလေ့ကျင့် ဝတ်များနှင့်အညီ လိုက်နာ ကျင့်သုံးရန်လည်း မဖြစ်မနေ လိုအပ်ပေသည်။ လွတ်လပ်မှုနှင့် တာဝန်သိမှု၊ လွတ်လပ်မှုနှင့် စည်းကမ်း ရှိမှုများကို မှန်မှန် ကန်ကန် ကျင့်သုံးနိုင်မှသာ မြန်မာ့ လူ့အဖွဲ့အစည်း သည် ဒီမိုကရေစီ ကျင့်စဉ် ထွန်းကားသည့် လူ့အဖွဲ့အစည်း အဖြစ် ပေါ်ထွန်း လာနိုင်မည် ဖြစ်သည်ကို မမေ့အပ်ပေ။

Tuesday, June 28, 2011

ဒေါ်စုကြည်ကို အစိုးရကသတိပေးချက်ထုတ်ပြန်

ဇွန်လ ၂၉ ရက်နေ့ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာ ပြည်ထဲရေး ၀န်ကြီးဌာနက ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ သတိပေးတဲ့ အကြောင်းကြားစာ ပို့ခဲ့တယ်ဆိုတဲ့ သတင်းကို ဖော်ပြထားပါတယ်။ သတင်း ဖော်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
 ပြည်ထဲရေး ဝန်ကြီးဌာနက ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ဥပဒေနှင့် အညီ လိုက်နာ ဆောင်ရွက်ရန် ယနေ့ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့သည်။
အဆိုပါ အကြောင်းကြားစာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် အညီ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် မှတ်ပုံတင် တည်ထောင် ခွင့်ပြုသော ပါတီတစ်ခု ဖြစ်ပါကြောင်း၊ အဆိုပါအချိန်က တည်ရှိခဲ့သော နိုင်ငံရေး ပါတီများကို နိုင်ငံရေး ပါတီအဖြစ် ဆက်လက် တည်ထောင်လိုပါက ၂ဝ၁ဝ ပြည့်နှစ် မတ် ၈ ရက် က ထုတ်ပြန်သည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေ အမှတ် ၂/၂ဝ၁ဝ) ပုဒ်မ ၂၅ အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂ဝ၁ဝ ပြည့်နှစ် ဧပြီ ၉ ရက်စွဲပါ ကြေညာချက် (၁၈/၂ဝ၁ဝ)ဖြင့် ရက်ပေါင်း (၆ဝ)အတွင်း ကော်မရှင်သို့ လျှောက်ထားကြရန် ကြေညာ ခဲ့ပါကြောင်း၊ သို့သော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံရေး ပါတီအဖြစ် ဆက်လက် တည်ထောင်လိုကြောင်း လျှောက်ထားခြင်းနှင့် မှတ်ပံတင် ခွင့်ပြုရန် လျှောက်ထားခြင်းများ မပြုလုပ်ခဲ့ ပါကြောင်း၊ သို့ပါ၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံရေးပါတီ အဖြစ်မှ ဥပဒေအရ ပျက်ပြယ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်၍လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်၏ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာ (၁၄) ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက် အမှတ် (၉၇/၂၀၁၀) ဖြင့် နိုင်ငံရေးပါတီ အဖြစ် ဆက်လက် ရပ်တည်ခွင့် ပြုခြင်းနှင့် မှတ်ပုံတင်ခွင့် ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီဖျက်သိမ်းခြင်း ကြေညာချက်တွင် အခြားပါတီ(၄)ခု နှင့်အတူ ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပြီး ဖြစ်ပါကြောင်း။
 
အဆိုပါ ပါတီ ဖျက်သိမ်းခြင်းနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၀ပြည့်နှစ် နိုဝင်ဘာ ၅ ရက်တွင် နိုင်ငံတော် အပေါ် ၂၀၁၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေ ပုဒ်မ ၅ (က)၊ (ဇ)၊ (ည) နှင့် ၁၈၇၇ ခုနှစ် သီးခြား သက်သာခွင့် အက်ဥပဒေ ပုဒ်မ ၄၅ နှင့် ၅၅ အရ ပါတီ ဖျက်သိမ်းခြင်းမှာ တရား မဝင်ကြောင်း တရာရုံးချုပ် (ရန်ကုန်) သို့ လျှောက်ထား ခဲ့ပါကြောင်း၊ ထိုလျှောက်ထားချက်ကို တရားရုံးချုပ် (နေပြည်တော်)က ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၂၂ ရက်တွင် ပလပ်ခဲ့ပြီး ဖြစ်ပါကြောင်း။

သရုပ်ဆောင် Michelle Yeoh ပြည်ဝင်ခွင့် မရသဖြင့် ရန်ကုန်လေဆိပ်မှ လှည့်ပြန်

Michelle Yeoh
 
ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်များနှင့် ဂျိမ်းစ်ဘွန်း ရုပ်ရှင်များတွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီး မကြာမီရုံတင်တော့မည့် ဒေါ်စုကြည်အကြောင်းရိုက်ကူးထားသည့်  THE LADY ဇာတ်ကားတွင် ဒေါ်စုကြည်အဖြစ် သရုပ်ဆောင်ခဲ့သူ နာမည်ကျော် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် Michelle Yeoh သည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ဇွန်လ ၂၂ ရက်နေ့က လာရောက်ခဲ့သော်လည်း ပြည်ဝင်ခွင့်မရသဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တစ်နာရီကြာ အချိန်ဖြုန်းပြီး လှည့်ပြန်သွားရကြောင်း သတင်းရရှိပါသည် ။

The Lady ဇာတ်ကား၏ ဇာတ်ဝင်ခန်းတစ်ခု
 
မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်လည်သည့် Michelle Yeoh သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ တစ်ဆင့် ရန်ကုန် မြို့သို့ ထိုင်းလေကြောင်းလိုင်း TG-305 ဖြင့် ဇွန်လ ၂၂ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရောက်ရှိလာခဲ့ကြောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တစ်နာရီမျှသာ နေခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ထိုင်းလေကြောင်းလိုင်း ဝန်ထမ်းတစ်ဦး၏ပြောကြားချက်ကိုကိုးကား၍ AP သတင်းတစ်ရပ်တွင် ဖေါ်ပြထားပါသည် ။

Monday, June 27, 2011

မိတ္ထီလာရဲ လူကုန်ကူးသူများအား ရုပ်ရှင်ဆန်ဆန်ဖမ်းဆီး အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်စီချမှတ်

မိတ္ထီလာ၊ ဇွန် ၂၁- မိတ္ထီလာမှ လူကုန်ကူး သူများကို မိတ္ထီလာခရိုင်တရားရုံးက အလုပ် နှင့်ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။
    လားရှိုးမြို့မှ ဇေယျာလင်း(ခ) သားငယ်နှင့် မအိအိခိုင်တို့သည် မိတ္ထီလာ မြို့မှ အမျိုးသမီးငယ်များကို ငွေပေးဖြား ယောင်းသွေးဆောင်ပြီး မိတ္ထီလာမြို့ ပြည် သာယာမြောက်ရပ်ကွက်(၁)လမ်းနေ မလဲ့ လဲ့ဝင်းဆိုသူနှင့်ပူးပေါင်း၍ အခြေစိုက်နေ ထိုင်ပြီး လူကုန်ကူးရန်အတွက် အမျိုးသမီး ငယ်များစုဆောင်းနေကြောင်း သတင်းရရှိ ခဲ့သည်။ ဇေယျာလင်းနှင့် အိအိခိုင်တို့သည် အမျိုးသမီးငယ်များကို ငွေသုံးသိန်းပေး၍ တရုတ်နှင့် အတူနေရမည်ဖြစ်ပြီး ၎င်းက အ လုပ်အကိုင်ရှာပေးမည်ဖြစ်ကြောင်း၊ အပျော် မယားအဖြစ် ထားရှိမည်ဖြစ်ကြောင်း၊ မိတ္ထီလာတွင် အလုပ်လုပ်မည်ဆိုပါက ဒီလောက် ငွေရမည် မဟုတ်ကြောင်း၊ မက်လုံးအမျိုးမျိုး ပေး၍ အမျိုးသမီးငယ်များကိုစုဆောင်းနေ ကြောင်း သတင်းအတိအကျ စုံစမ်းရရှိခဲ့ သည်။ ထို့ကြောင့် မိတ္ထီလာခရိုင် ဒုစရိုက်နှိမ်နင်းရေးအဖွဲ့ မှ အမာခံသတင်းပေးအမျိုးသမီးငယ်တစ်ဦး အား ငွေသုံးသိန်းပေး၍ ၎င်းတို့နှင့်အတူ လိုက်သွားရန် စီစဉ်ခဲ့သည်။

မန္တလေးမြို့ကျောက်ဝိုင်းတွင် မြန်မာနှင့် တရုတ်လူငယ် အချို့ ခိုက်ရန်ဖြစ်ပွား

 
မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်အတွင်းရှိ ကျောက်မျက် အရောင်းအဝယ် ဈေးကွက်အတွင်း မြန်မာနှင့် တရုတ်လူငယ်အချို့အချင်းများရာမှ ရန်ပွဲဖြစ်လာ သောကြောင့်  ရဲတပ်ဖွဲ့ဝင်များက အချိန်မီ ထိန်းသိမ်း ခဲ့ရကြောင်း သတင်းရရှိပါသည် ။


အခင်းဖြစ်ပွားရာဆိုင်နှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည့်ဆိုင်ရှင်များ 
 
ဖြစ်ပွားပုံမှာ အဆိုပါကျောက်ဝိုင်းအတွင်းရှိ တရုတ်လူမျိုးပိုင် Path Travels & Tour မှ ဆိုင်ရှင် တရုတ်လူငယ်အချို့နှင့် မြန်မာလူမျိုးကျောက်ရောင်းသူ လူငယ်အချို့ ကျောက်အရောင်းအ ၀ယ်ပြုလုပ်ကြရမှ စကားများပြီး ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း အဆိုပါနေရာသို့ အနီးနားရှိလူများ ၀ိုင်းလာပြီး လူစုလူဝေးဖြစ်လာသဖြင့် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ထိန်းသိမ်းခဲ့ရကြောင်း သိရပါသည် ။

Sunday, June 26, 2011

ကရုဏာရှေးရှုမြန်မာမှု အစီစဉ်ဖြင့်စုပေါင်းသွေးလှူ


 
မြန်မာဘရူဝါရီ လီမိတက်၊ ကရုဏာရှေးရှုမြန်မာမှု အစီအစဉ်မှ ကြီးမှူးကျင်းပသည့် ၂ဝ၁၁ ခုနှစ် ကမ္ဘာ့သွေးလှူရှင်များနေ့ကို ဂုဏ်ပြုသောအားဖြင့် ၈ ကြိမ်မြောက် သွေးလှူပွဲကို ဇွန်လ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ အမျိုးသားသွေးဌာန၌ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည် ။

အဆိုပါမြန်မာဘရူဝါရီလီမိတက်သည် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နှင့် ဖက်စပ်လုပ်ကိုင်နေသော ကုမ္ပဏီ တစ်ခုဖြစ်ပြီး နာမည်ကျော် မြန်မာဘီယာကို ထုတ်လုပ်နေသော ကုမ္ပဏီဖြစ်ပါသည် ။

မြန်မာဘရူဝါရီ လီမိတက်ရဲ့ ကရုဏာရှေးရှုမြန်မာမှု အစီအစဉ်မှာ ၂ဝဝ၆ ခုနှစ်ကစတင်ပြီး ရန်ကုန်မြို့ နဲ့မန္တလေးမြို့တွေမှာ သွေးလှူဒါန်းပွဲများ ပြုလုပ်ခဲ့တာ စုစုပေါင်းသွေးပုလင်း ၃၆ဝဝ ကျော် လှူဒါန်းပြီး ဖြစ်ကြောင်းလဲသိရပါတယ် ။
အမျိုးသားသွေးဌာနမှအမည်မဖေါ်လိုသူ တာဝန်ရှိသူတစ်ဦးက " သွေးလှူရှင်များရဲ့ မွန်မြတ်သန့်စင်တဲ့ သွေးနဲ့လူနာများရဲ့ လိုအပ်ချက်များကို ပြည့်ပြည့်ဝဝ ဖြည့် ဆည်းပေးနိုင်မယ်လို့ယုံကြည်ပါတယ် ဘာလို့ဒီလိုပြောရသလဲ ဆိုတော့ ခုပဲဒီမှာကြည့် သွေးလှူမဲ့သူ ၄၀၀ ကျော်ရှိတယ် သူ့ဟာသူအစီစဉ်တကျအေးအေးဆေးဆေးပါပဲ တစ်ချို့က ၁၄ ယောက် ၁၅ ယောက်လောက်နဲ့ ဓါတ်ပုံလာရိုက်ပြီး နိုင်ငံရေးလုပ်စား တာမျိုးတွေရှိနေတော့ တခါတစ်လေ အင်မတန်စိတ်ညစ်ရတယ် အဲဒါမျိုးကိုကြတော့ သိပ်ပြီးမွန်မြတ်တယ်လို့ ပြောလို့မရဘူး.. "

စာခြောက်ရုပ်အိပ်မက်

ပြီးခဲ့တဲ့ရက်ပိုင်း ညနေ ဈေးထဲတိုးလို့ တုတ်ထိုးလေးစား ဖြစ်ပါတယ်။ လူတကာ သိတဲ့အတိုင်း ခုတစ်လော ကြားနေရတဲ့ မြင်နေရတဲ့ ပတ်ဝန်းကျင်ဟာ ခေတ်သစ်ကို ပြောင်းတော့မှာမို့ အားရ ဝမ်းသာတဲ့ မျက်နှာ၊ မျှော်လင့်ချက်တွေနဲ့ မကြာခင် ဖြစ်လာတော့မယ့် စီးပွားဘဝကို စိတ်ကူးနဲ့ ကြည်နူးနေတဲ့ မျက်နှာတွေဗျ။ လမ်းပေါ် ဈေးပျော်တို့ ပျော်တာလည်း ပျော်လောက်စရာ၊ နိုင်ငံတော် သမ္မတ ကိုယ်တိုင်က စပြီး လူကြီးတွေ အားလုံးက ပြောကြဆိုကြ စိတ်ရင်း စေတနာအမှန်နဲ့ တက်တက် ကြွကြွ လုပ်ကိုင်နေကြတာ တွေ့ရတော့ ကျုပ်တို့လည်း အတော်ကလေး ဝမ်းသာရသဗျား။ ချက်ချင်း ကြီးလားဗျာ၊ ဟာ--ဒီလိုတော့ မကပ်နဲ့ပေါ့။ အလွယ်ဆုံး လုပ်လို့ရတဲ့ ကြက်ဥ ကြော်တာတောင် ဆီကျက်အောင် စောင့်ရ၊ ကြက်ဥ ဖောင်းဖောင်းလေး ရအောင် ဆီလေး ပက်ပေးရနဲ့ လုပ်ရသေးတာ၊ နိုင်ငံ တည်ဆောက် တာတော့ ဒီထက်အချိန် ယူရလိမ့်မပေါ့။ ရိုးသားသူ တွေကတော့ ကြိုးစားသူတွေကို အသိအမှတ် ပြုပြီးသားဗျား။ အာနဲ့ စားနေတာ မဟုတ်ဘူးလေ။ မြေပြင်မှာ လုပ်ရတာဟာ စင်ပေါ်မှာ လေအလာဘက် မျက်နှာလှည့်၊ နှင်းဆီပန်း ၃ ပွင့်နဲ့ ပဲထုတ်ပြီး စပ်ဖြီးဖြီး အာဖျံကွီး လုပ်နေတာ ထက်တော့ အချိန်ယူရလိမ့်မပေါ့။

သွားရင်းလာရင်း တစ်ခါတစ်လေ ကျတော့လည်း ဒင်းတို့ ခြေလှမ်းပြင်နေတဲ့ သတင်းတွေ ကြားရတော့ စိတ်ထဲ ကိုးရိုးကားယား ဖြစ်ရပြန်သဗျ။ တူနီးရှား၊ အီဂျစ်၊ အောင်မာမင်း --- ဖြစ်နေလိုက် ကြတာများ။ တကယ်တော့ ဒါတွေဘယ်နား ရှိမှန်းတောင် သိတာမဟုတ်။ သူတို့ ဘယ်လိုနေကြလို့ ဘယ်လိုတွေ အခြေမကျ ဖြစ်နေမှန်းလည်း မသိ။ အခြေခံကိုလည်း ပြန်မကြည့်တော့၊ ဟော့ရမ်း ဆိုးသွမ်း သောင်းကျန်း နေကြတာကိုပဲ ဖန်သားပြင်ထဲ ကြည့်ပြီး အဲဒီလိုကြီး ပွဲလန့်ရင် ဖျာခင်းမဟဲ့ ဟန်ပြင် နေကြတာလေ။ မြန်မာတွေ အေးချမ်းနေတာကိုပဲ ဆန္ဒတွေလွဲလို့ အဲဒီနိုင်ငံတွေလို ရွဲပလဲ သွားအောင် မွှေချင် နှောက်ချင်နေကြပါကလား။ အင်း-- ခက်တော့ ခက်သား။ ကျုပ်တို့က မြန်မာပြည်သား အစစ်ဗျ။ ဒီမြေမှာမွေး၊ ဒီမြေမှာကြီးပြီး ဒီမြေကြီးပေါ်မှာပဲ အရိုးပြာဝဲရမယ့် မြန်မာနိုင်ငံသား တစ်ယောက်ပဲ။ အိမ်လည်း ဒါပဲနေ၊ ရေလည်း ဒါပဲသောက်၊ ကောက်စား တော့လည်း ဒီမြေပေါ်က အသီးပါ။ နှစ်ပေါင်းများစွာ ချူချာတဲ့ ဘဝတွေမှာ အနေကြာ လာခဲ့ရတော့ ဖွံ့ဖြိုးချင်လှပြီ။ စည်ပင်ချင်လှပြီ။ ဆူဆူညံညံ အသံတွေဆိုရင် နားခါးနေပြီဗျ။ ဆူပူမှု ဆိုတာ၊ ကျုပ်တို့မှာလည်း အလုပ်ပျက်၊ ကလေးတွေလည်း လမ်းပေါ်ထွက်၊ ဈေးသည်တွေ စီးပွားပျက်၊ လက်လုပ် လက်စားတွေ ငတ်တာ ညမနက်၊ နိုင်ငံကတော့ အနာဂတ် ဖုန်တက်၊ အဲဒီလို စိတ်ပျက်စရာမို့ အရေးအခင်း၊ ဆူခြင်းပူခြင်း အလျဉ်း မဖြစ်စေချင်တာ အမှန်ဗျ။

Saturday, June 25, 2011

ရုရှားက မြန်မာတွင် ဘူမိရူပဗေဒ၀န်ဆောင်မှု စင်တာဖွင့်

ရုရှားနိုင်ငံအခြေစိုက်ဘူမိရူပဗေဒဆိုင် ရာဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတစ်ခုဖြစ်သော Dalmorneftegeophysica (DMNG) က ၎င်း၏ငါးခု မြောက်ရုံးခွဲအားရန်ကုန်မြို့တွင် ဇွန်လ ၁၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သည်။
အမှတ် ၁၂၇ စိမ်းလဲ့ကန်သာလမ်း၊ ကမာရွတ်မြို့နယ်တွင်ဖွင့်လှစ်လိုက်သည့် အဆိုပါရုံးခွဲသည် ကုန်းတွင်းနှင့်ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်ငွေ့စီမံကိန်းများ၏ ဘူမိရူပဗေဒဆိုင်ရာ ၀န်ဆောင်မှုများ ရှာဖွေ တွက်ချက်ပေးနိုင်မည့် စင်တာ တစ်ခုဖြစ်လာသည်။ 
 
DMNG ၏ကမ္ဘာတစ်လွှားဆောင်ရွက်မှုအခြေအနေ

၎င်းစင်တာမှာ DMNG ၏ရုံးခွဲများ အနက် ရုရှားနိုင်ငံ Yuzhno-Sakhalinsk မြို့ရှိစင်တာပြီးလျှင် ဘူမိရူပဗေဒဆိုင်ရာ ရှာဖွေတွက်ချက် ပေးနိုင်သည့် ဒုတိယမြောက်စင်တာ ဖြစ်သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေခြင်း၊ သတ္ထုရှာဖွေခြင်းအတွက် ဘူမိရူပဗေဒဆိုင်ရာ တိုင်းတာခြင်းများဆောင်ရွက်ရာတွင်အချက်အလက်ရယူခြင်း၊ အချက်အလက်များ တွက်ချက်ခြင်းနှင့် ပုံဖော်ခြင်းဆိုသည့် အဆင့် သုံးခု တို့တွင် အချက်အလက်များတွက်ချက်ခြင်း အဆင့်ကို DMNG အနေဖြင့် ဆောင်ရွက်ပေးသည်။

Friday, June 24, 2011

မန္တလေး ၊ နေပြည်တော် ၊ ပြင်ဦးလွင် မြို့များတွင် ဗုံးပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွား

 မန္တလေး ဈေးချိုအနီးမှပေါက်ကွဲမှု ( ဓါတ်ပုံ The Voice Weekly )
  မန္တလေး
မန္တလေးဈေးချိုတော်ရှေ့တွင် ဇွန် ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီ ခန့်က ရပ်ထားသော ကားတစ်စီးပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ဈေးချိုတော် ၈၄ လမ်း ၂၇ လမ်းနှင့် ၂၈ လမ်းကြား မန်းမြန်မာ ပလာဇာနှင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုဟိုတယ် မြေညီထပ်ရှေ့တွင် ရပ်ထားသော ကားတစ်စီးပေါ်၌ ယနေ့ မွန်းတည့် ၁၂ နာရီခန့် အချိန်တွင် ပေါက်ကွဲခြင်း ဖြစ်သည်ဟု မျက်မြင်ကိုယ်တွေ့များထံမှ သိရှိရသည်။ လောလောဆယ်တွင်မူ အဆိုပါ ကားအနီး ကုန်ပစ္စည်း သယ်ပို့လုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းနှင့် ပေါက်ကွဲမှုကြောင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုပလာဇာ အပေါ်ထပ်မှ မှန်အချို့ ကွဲကာ ပြုတ်ကျခဲ့ကြောင်း သိရှိရသည်။ အဆိုပါကား၏ ယာဉ်အမှတ်မှာ ၃ခ/  ၁၉၀၄ ဖြစ်ကြောင်းနှင့် ထိခိုက်မှုအသေးစိတ်ကိုမူ သက်ဆိုင်ရာမှ စုံစမ်းဆဲဖြစ်ကြောင်း သတင်းရရှိပါသည် ။

နောက်ဆုံးရရှိသော သတင်းအရ မန္တလေးတွင် မွန်းလွဲ ၃နာရီခန်.က ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားပြီး ၈၄လမ်း ၃၁၊ ၃၂ ကြား  ပရိယတ္တိသာသနအသင်း အနီးတွင်ဖြစ်ကြောင်း သိရှိရပါသည် ။ 

မန္တလေး ဒေသခံတစ်ဦးက " ဈေးချိုဘက်မှာ ၁၂ နာရီလောက်ကကွဲတယ် ဒီတော့သက်ဆိုင်ရာက ၈၄ လမ်းကို ၂၆ ကနေ ၂၈ ထိ ပိတ်ပြီး စစ်ဆေးမှုတွေလုပ်နေတုန်း ထပ်ကွဲတာ ..စိန်စံပယ်ဖူး ရွှေဆိုင် နားလောက်မှာ "ဟု ပြောကြားသွားပါသည် ။


နေပြည်တော် 

မန္တလေးမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်းမှာပင် အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော် သပြေကုန်းဈေးတွင် ဗုံးပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း နေပြည်တော် ဒေသခံများက ဆက်သွယ်ပြောကြားကြောင်း ၊ နေပြည်တော် သပြေကုန်းဈေး ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ဒေသခံ တစ်ဦးကို ဆက်သွယ်မေးမြန်းရာ ဗုံးပေါက်ကွဲသည်မှာ မှန်ကန်ပြီး ပိတ်ထားသည့် ဈေးဆိုင်ခန်းမှ ဗုံးပေါက်ကွဲခြင်း ဖြစ်ပြီး ဆိုင်ခန်းအမိုး ပွင့်ထွက်သွားကြောင်းပြည်တွင်းထုတ် The Voice Weekly ၏ အင်တာနက်စာမျက်နှာတွင်ဖေါ်ပြသည် ။

Thursday, June 23, 2011

ကန်ဥပဒေပြုအမတ် အညှီအဟောက်ဓာတ်ပုံများ အမျိုးသမီးများထံ အွန်လိုင်းမှပေးပို့ခဲ့ကြောင်းဝန်ခံ

 
နယူးယောက်မြို့တော်ဝန်အဖြစ်လွှဲပြောင်းတာဝန်ယူရန် ရှေ့ဆုံးမှ အလားအလာရှိနေသည့် အမေရိကန်ဥပဒေပြုအမတ်တစ်ဦးသည် အားပေးသူ အမျိုးသမီးငယ်များရှိရာ အွန်လိုင်းပေါ်တွင် သူ၏အညှီအဟောက်မကင်းသောရုပ်ပုံ များကိုပို့ခဲ့ကြောင်း ၀န်ခံခဲ့သော်လည်း သူ့အနေဖြင့် ရာထူးမှနုတ်ထွက်သွားမည်မဟုတ် ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။   ဥပဒေပြုအမတ်၏ အမည်မှာ အန်သိုနီဝိုင်နာဖြစ်ပြီး အသက်(၄၆) နှစ် အရွယ်ရှိသူဖြစ်သည်။
 
မစ္စတာဝိုင်နာက သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပ ကာ သူ့အနေဖြင့် အွန်လိုင်းပေါ်တွင် အနည်း ဆုံး အမျိုးသမီးခြောက်ဦးနှင့်အဆက်အသွယ် ရှိခဲ့ကြောင်း ၀န်ခံသည်။ သတင်းစာရှင်းလင်း ပွဲတွင် သူသည် မျက်ရည်လည်ရွဲနှင့် စကား အထစ်အထစ်ဖြစ်ကာ သူသည်သူ၏ဘ၀ မှန်ကို လိမ်လည်၍ လိင်မှုရေးရာဆွဲဆောင် မှုပြုသော သူ့ကိုယ်တိုင်၏ ဓာတ်ပုံတစ်ပုံ ကို အမျိုးသမီးငယ်တစ်ဦးထံ Twitter မှနေ ၍ ပေးပို့ခဲ့သည်ဟု ဆိုခဲ့သည်။

    ကွန်ဆာဗေးတစ်ဘလော့ဂ်ဂါ  တစ်ဦးဖြစ်သူ မစ္စတာ အင်ဒရူးဘရိတ်ဘတ် က အွန်လိုင်းပေါ်တွင် အမျိုးသမီးတစ်ဦးထံ မစ္စတာဝိုင်နာပို့ခဲ့သော ဓာတ်ပုံများကို လူ အများသိစေရန် ပြုလုပ်ခဲ့ပြီးနောက် မစ္စတာ ၀ိုင်နာက ယခုကဲ့သို့ ၀န်ခံဖြောင့်ချက်ပေး လာခဲ့ခြင်း ဖြစ်သည်။ မစ္စတာဘရိတ်ဘတ် က သူ၏၀က်ဘ်ဆိုက်မှနေ၍ မစ္စတာဝိုင်နာ ၏ဓာတ်ပုံများကို တစ်ပုံပြီးတစ်ပုံ လှစ်ဟပြ ခဲ့ခြင်းဖြစ်သည်။ မစ္စတာ ဘရိတ်ဘတ်၏ ဖွင့်ချမှုနှင့်ပတ်သက်၍ မစ္စတာဝိုင်နာနှင့် သူ၏ရုံးအဖွဲ့ဝင်များမှာ ငြင်းဆိုမှုမပြုနိုင် သည်အထိဖြစ်သည်။ မစ္စတာဝိုင်နာ၏ ဓာတ်ပုံကို အွန်လိုင်းမှနေ၍ ပေးပို့ခဲ့သည့် အမျိုးသမီးမှာ အသက်(၂၆)နှစ်အရွယ်ရှိ မစ္စမီဂန်ဘ ရောက်ဆတ်ဆိုသူဖြစ်သည်။ မစ္စ ဘရောက်ဆတ်ကမူ သူမအနေဖြင့် မစ္စတာ ၀ိုင်နာနှင့် ပုဂ္ဂိုလ်ရေးအမှာစကားများ အပြန် အလှန်လဲလှယ်မှုပြုခဲ့ကြောင်း ပြောကြားခဲ့ သော်လည်း သူမအနေဖြင့် ဓာတ်ပုံများနှင့် ပတ်သက်၍ သံသယရှိခဲ့ကြောင်းကိုမူ ဖော် ပြခဲ့သည်။ 

ကြိုးဖုန်းများလည်း နေ့ချင်းပြီးရနိုင်ပြီ

 မြန်မာတစ်နိုင်ငံလုံးရှိ အော်တိုတယ်လီဖုန်း (ကြိုးဖုန်း)အလုံးရေ သုံးသောင်းခြောက်ထောင်ကျော်ကိုOne Stop Service နေ့ချင်းပြီးလျှောက်ထားနိုင်သည့်စနစ်ဖြင့် စတင် ချထားပေးပြီဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရ သည်။
 
အဆိုပါအော်တိုတယ်လီဖုန်းများကို မြို့တော်စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ မြို့နယ်များတွင် ဖုန်းအလုံးအရေအတွက် ကျန်ရှိသလောက် ကို ဈေးနှုန်းခြောက်သိန်းခွဲ၊ Deposit  ကျပ်ငါးသောင်းနှုန်းဖြင့် ချထားပေး သွားမည်ဖြစ်ပြီး သက်ဆိုင်ရာအိတ်ချိန်းအပိုင်ရုံးများတွင်One Stop Service အနေဖြင့် လျှောက်ထားနိုင်ကြောင်း၊ လမ်း ၄၀ အင်ဂျင် နီယာချုပ်ရုံးတွင်လည်း ပုံမှန်လျှောက် ထားနိုင်ကြောင်း သိရသည်။

    ''ဒီလိုအော်တိုဖုန်း(ကြိုးဖုန်း)တွေ ချထားပေးဖြစ်တာက အများပြည်သူတွေ ဆက်သွယ်ရေး ပိုမိုလွယ်ကူစေဖို့အတွက်နဲ့ ဖုန်းDensity  မြင့်မားစေရေးအတွက် ရည် ရွယ်ပါတယ်။ နောက်ပြီး ဖုန်းကို အရင်လို ဈေးကြီးပေးဝယ်ကိုင်စရာ မလိုတော့ဘဲ သက်သက်သာသာနဲ့ လူတန်းစားမရွေး ကိုင် နိုင်တော့မှာပါ။ အဓိကလိုင်းလက်ကျန် တွေကို ရှိသလောက်ချထားပေးသွားမှာပါ'' ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။

Tuesday, June 21, 2011

ဘန်ကီမွန်း ဒုတိယသက်တမ်း အတည်ဖြစ်ပြီ

 
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက လက်ရှိ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကို နောက်ထပ် ၅ နှစ် ဆက်ခန့်ထားဖို့ မဲပေး ဆုံးဖြတ်လိုက်ကြပြီဖြစ်ကြောင်းသိရပါတယ် ။ နိုင်ငံပေါင်း ၁၉၂ နိုင်ငံပါတဲ့ ဒီညီလာခံကြီးက ဇန်န၀ါရီလ ၁ ရက်နေ့မှာစမယ့် ဘန်ကီမွန်းရဲ့ ဒုတိယသက်တမ်း အတွက် မနေ့က  ဆုံးဖြတ်လိုက်ကြတာဖြစ်ကြောင်းလဲသိရပါတယ်။

အသက် ၆၇ နှစ် ရှိပြီဖြစ်တဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာဘန်ကီမွန်းဟာ အခုလို ထောက်ခံမှုတွေ ရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူမိကြောင်း ပြောခဲ့ပါတယ်။ သူဟာ ၂၀၀၇ ဇန်န၀ါရီလ ၁ ရက်နေ့ကတည်းက အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့တာဖြစ်ပြီး ခုရွေးချယ်ခံရတဲ့ ဒုတိယသက်တမ်းကတော့ ၂၀၁၆ မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
 
သူ့ကိုထောက်ခံသူတွေကတော့ သူဟာ ပြီးခဲ့တဲ့ သက်တမ်းအတွင်း ရာသီဥတု ပြောင်းလဲမှု၊ လက်နက်လျှော့ချရေး၊ ကျား မ ညီမျှမှုနဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကိစ္စတွေကို သူ့ရဲ့ ဦးစားပေး လုပ်ငန်းတွေအဖြစ် လုပ်ကိုင်ခဲ့တယ် ၊  ဒီကာလအတွင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အနေနဲ့ ဒုက္ခရောက်နေ တဲ့ နိုင်ငံတွေကို အကူအညီပေးတဲ့ အနေနဲ့ ပုဂ္ဂိုလ်ရေးအရလည်း အဆက်မပြတ် ဆောင်ရွက် ခဲ့သူ ဖြစ်တယ် ဆိုပြီး ပြောဆိုကြပါတယ် ။

မြန်မာ့အရေး ငါးစာချသည့် အမေရိကန်၏ လှည့်ကွက်များ

တရုတ်နိုင်ငံသည် စွမ်းအင် လိုအပ်ချက် မြင့်မားလာမှုနှင့် အတူ ဖွံ့ဖြိုးတိုးတက် လာသည်နှင့် အမျှ တရုတ်နိုင်ငံ စစ်အင်အား တိုးချဲ့မှုနှင့် ပတ်သက်ပြီး အမေရိကန် စိုးရိမ်မကင်း ရှိနေသည်။ ပင်လယ်ပြင် စိုးမိုးရေး ပင်လယ်ပြာ တပ်မတော် တစ်ရပ် ထူထောင်ရေး သည်လည်း အမေရိကန်တို့ ခေါင်းမီး တောက်အောင် ဗျာများ စေခဲ့သည်။ ထိုင်ဝမ် အရေးအခင်းတွင် ထိုင်ဝမ်နှင့် တရုတ်ပြည်မကြီး အကြား အမေရိကန် ရေတပ် သင်္ဘောများ ရောက်ရှိခဲ့ကြဖူး သော်လည်း မြောက်ပစိဖိတ် ပင်လယ်ပြင်တွင် တရုတ်ရေတပ် သင်္ဘောများ လှည့်လည်သွားလာ နေမည့် အဖြစ်ကိုတော့ အမေရိကန်တို့ လုံးဝ လက်ခံနိုင်မည် မဟုတ်ပေ။

အိုဘားမား အစိုးရ၏ အဖွဲ့ဝင်များ တရုတ်ပြည် ဆိုင်ရာ မဟာဗျူဟာ တစ်ရပ် သေချာစွာ ပြင်ဆင် ရေးဆွဲမပြီးသေးမှီ တရုတ်၏ ဖွံ့ဖြိုးမှုအရှိန် အဟုန်ကြောင့် အမေရိကန်ကို အံ့သြ မှင်တက် မိစေခဲ့သည်။ ငွေကြေး ပြဿနာ များတွင်လည်း တရုတ်သနားမှ အမေရိကန် သက်သာရမည့် အခြေအနေသို့ ရောက်နေသောကြောင့် အမေရိကန် အနေနှင့် တရုတ် ငွေကြေး ပေါ်လစီကို သံကုန်ဆန်ပြာ အပစ်တင် နေကြပြန်သည် ။ 
 
အမေရိကန် အနေဖြင့် စစ်အေးတိုက်ပွဲ အပြီးတွင် စစ်အင်အား ဟိုက်ပါပါဝါ အဖြစ်သို့ ရောက်ရှိခဲ့ပြီး အာဖဂန်နှင့် အီရတ် စစ်ပွဲတွေဟာ စမ်းသပ်ဆဲ စစ်လက်နက်များ စစ်မြေပြင်မှာ မှတ်ကျောက် တင်နိုင်တဲ့ လက်နက်သစ်များ ဖြစ်လာခဲ့ သော်လည်း အင်အားကြီးမားလှသည့် အမေရိကန် ရေတပ် လေယဉ်တင် သင်္ဘော များကို ဟန့်တားရန် အတွက် ချဉ်းကပ်လမ်း ဖျက်ဆီးခြင်း ဟူသည့် ဒေါင်ဖန်း ၂၁ ဒုံးကျည် များကို တရုတ်နိုင်ငံမှ မဟာဗျူဟာမြောက် ထုတ်လုပ်ပြသ ခဲ့သည်။ 

ဒီမိုကရေစီနဲ့ မအပ်စပ်တဲ့ လူတန်းစား

အထက်အညာ အင်းတော်ကြီးဒေသ မာန်လည်မြို့ကလေးက လူငယ်တစ်ယောက် ဂျာနယ်တိုက်တွေကို စုံစမ်းမေးမြန်းပြီး ရောက်လာတယ်။ ချစ်စရာ မြန်မာ့ရိုးရာ ဓလေ့အတိုင်း ရောက်ရောက်ချင်း ဦးချကန်တော့ပြီးမှ သူ့ကိုယ်သူ မိတ်ဆက်တယ်။ နောက်တော့ သူ့ရင်ထဲမှာ မျိုသိပ်ထားရတာတွေ များလွန်းလို့ ဘယ်လိုမှ အောင့်အီး မနေနိုင်တော့လို့ လာပြီး ရင်ဖွင့်တာပါလို့ နတ်သံမနှောဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။

ရွှေရှာကျောက်တူး
နေမကောင်းလို့ စာတောင်မရေးနိုင်တဲ့အချိန် ဖြစ်နေပေမယ့် သူ့ခမျာ ဒီလို ရင်ဖွင့်ဖို့ သက်သက် ဝေးလံခေါင်ဖျား ဒေသက တပင်တပန်း လာခဲ့ရရှာတာ ဖြစ်တဲ့အတွက် သက်သာသလို နေရင်း နားထောင်ပေးခဲ့တယ်။စကားပြောရင်သာ မောပြီး နားထောင်တာက မောမှမမောတာ။ သူပြောတာက သူတို့ဒေသ တစ်ဝိုက်က လယ်သမားတွေ လယ်မလုပ်တော့ဘဲ မြစ်ရိုးတစ်လျှောက် ရွှေရှာသူတွေက ရှာကြ၊ မှော်တွေထဲသွားပြီး ကျောက်တူးသူတွေက တူးကြ ဖြစ်နေတဲ့အတွက် တစ်ချိန်ချိန်မှာ သူများနိုင်ငံက ဆန်ကို ၀ယ်စားရတဲ့ အဖြစ်မျိုး ရောက်သွားမှာ စိုးရိမ်နေရပါတယ်တဲ့။ ''ရွှေမရှိတာက ဘာမှမဖြစ်ဘူး။ ဆန်မရှိရင်တော့ ဒုက္ခ အကြီးအကျယ်ရောက်မှာ ခင်ဗျ'

မျက်နှာစိမ်းတွေ
အနီးအနား ၀န်းကျင် ဒေသတွေက သာမက မန္တလေးလို နေရာက မျက်နှာစိမ်းတွေလည်း အများကြီး တွေ့မြင်ကြရတယ်တဲ့။ ခြံစောင့်ရရင် တော်ပါပြီ၊ သွားနေပြီး လုပ်စားကြပါ။ ထွက်သမျှ သီးနှံတွေ အကုန်ယူပါလို့ ပြောတာတောင် သွားနေချင်သူ မရှိတဲ့ နေရာတွေက ခြံမြေတွေကို သိန်းရာနဲ့ ထောင်နဲ့ချီ ပေးပြီး ၀ယ်တာကို မရောင်းချင်သူ ဘယ်သူရှိပါ့မလဲ။ ဒါသဘာဝပဲ။ အပြစ်တင်လို့လည်း မရဘူး။ မနေ့ကတောင် သန်လျင် သီလ၀ါဆိပ်ကမ်းသွားရာ လမ်းဘေးဝဲယာရှိ လယ်ကွက်တွေကို အ၀ယ်လိုက်နေလို့ တစ်ဧကကို သိန်း ၂၀ လောက်နဲ့ ရောင်းနေကြတယ် ဆိုတဲ့ သတင်းတွေ ဂျာနယ် တစ်စောင်မှာ ဖတ်လိုက်ရသေးတယ်။ 

ပြည်ခိုင်ဖြိုးပါတီမှ ဦးစိုးနိုင်ခေါင်းဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ တရုတ်သို့ ရောက်ရှိ

Li Jinhua (1st R), vice chairman of the National Committee of the Chinese People's Political Consultative Conference (CPPCC), meets with a delegation of Myanmar's Union Solidarity and Development Party led by U Soe Naing (1st L) in Beijing, capital of China, June 20, 2011. 
Li Jinhua (3rd R), vice chairman of the National Committee of the Chinese People's Political Consultative Conference (CPPCC), meets with a delegation of Myanmar's Union Solidarity and Development Party led by U Soe Naing (4th R) in Beijing, capital of China, June 20, 2011. 

လွှတ်တော်အထူးအစည်းအဝေးများ ကျင်းပမည်

ပထမအကြိမ် လွှတ်တော် အထူးအစည်းအဝေးများ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် မကြာမီ ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ၏ ပြောကြားချက် အရ သိရှိရပါသည်။

ပထမအကြိမ် လွှတ်တော် အထူးအစည်းအဝေးများကို ဇွန်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင် ကျင်းပမည်ဖြစ်ကြောင်းကို တက်ရောက်ရန် ဖိတ်စာလက်ခံရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ က ပြောကြားပါသည်။

လွှတ်တော် အထူးအစည်းအဝေးကို နံနက် ၁၀ နာရီတွင် စတင် ကျင်းပမည်ဖြစ်ကြောင်းနှင့် အထူး အစည်းအဝေး အကြောင်းအရာများနှင့် မူ မသိရှိရသေးကြောင်းနှင့် ဖိတ်စာ တွင်လည်း မပါရှိကြောင်း ဖိတ်စာ လက်ခံရရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောကြားချက် ကိုကိုးကား၍ ပြည်တွင်းထုတ် Eleven Media ၏ အင်တာနက်စာမျက်နှာတွင်ဖေါ်ပြထားပါသည် ။

Monday, June 20, 2011

ကမ္ဘာ့ စစ်အသုံးစရိတ် အခြေအနေ နှိုင်းယှဉ်ချက်

မည်သို့ပင် ဘတ်ဂျက်ပြဿနာ ရှိရှိ၊ လိုငွေ ဘယ်လောက်ပြပြ၊ အမေရိကန် ပြည်ထောင်စုသည် စစ်ရေး အသုံးစရိတ်ကို ၂၀၁၀ ခုနှစ်တွင် ဒေါ်လာ ၇၀၀ ဘီလီယံ ခန့် သုံးစွဲခဲ့ပါသည်။ တရုတ်၊ ရုရှား အပါအ၀င် အခြား စစ်ရေး အကြီးမားဆုံး တည်ဆောက်နေသည့် နိုင်ငံ ၁၇ နိုင်ငံ စုစုပေါင်း သုံးစွဲမှုထက် ပင်သာလွန်နေသည်ကိုတွေ့ရပါသည် ။

 
အထက်ပါ ပုံတွင် ၂၀၁၀ ခုနှစ် အမေရိကန် စစ်ရေး အသုံးစရိတ် ဒေါ်လာ ၇၀၀ ဘီလီယံနှင့် အခြားနိုင်ငံများ၏ သုံးစွဲမှု ဒေါ်လာ ဘီလီယံများကို နှိုင်းယှဉ်ပြထားပါသည်။ ထိုနိုင်ငံများရဲ့ ကာကွယ်ရေး အတွက် ဂျီဒီပီ သုံးစွဲမှု ရာခိုင်နှုန်းများကိုလည်း ယှဉ်တွဲ ဖော်ပြထားပါသည်။

ဒေါက်တာဦးမြင့်၏ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးလမ်းပြစာတမ်း မြန်မာပြန်

စာတမ်းရှင် ဆရာဒေါက်တာဦးမြင့်ကို သမ္မတကြီးဦးသိန်းစိန်နှင့်အတူ စာတမ်းဖတ်ပွဲတွင် တွေ့ရစဉ်
 
နိဒါန်း
  မြန်မာနိုင်ငံတွင်ဆင်းရဲနွမ်းပါးမှုလျော့ကျရေးအတွက် အောက်ဖော်ပြပါကိစ္စငါးရပ်ကိုထည့်သွင်းစဉ်းစားမည်။

ပထမဦးစွာ ရှေ့ဆက်ဆင်းရဲနွမ်းပါးမှုလျော့ကျရေး ဆောင်ရွက်ရန် မိမိတို့၏လက်ရှိအခြေအနေကို သိထားရ မည်။ မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးသူတို့၏ဘ၀ကိုမြှင့်တင် ပေးနိုင်ရေးအတွက် ဆင်းရဲသူတို့နှင့်ပတ်သက်သည့် လက်ရှိ အခြေအနေ၊ လိုအပ်ချက်နှင့် သူတို့၏လိုအင်ဆန္ဒများကို သိထားရန်လိုအပ်ပါသည်။ သူတို့၏လူနေမှုဘ၀တိုးတက် ကောင်းမွန်လာစေရေးအတွက် အရပ်ဘက်ဆိုင်ရာလူမှု အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အစိုးရအရာရှိများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင် များ၊ ပြည်တွင်းပြည်ပမှ အသိပညာရှင်အတတ်ပညာရှင် များ၏ နိုင်ငံတွင်းရှိ ဆင်းရဲနွမ်းပါးမှုလျော့ကျရေး အတွေ့ အကြုံများ၊ သင်ခန်းစာများကို ထုတ်နုတ်ရယူရန် လိုအပ် မည်ဖြစ်ပါသည်။ အထူးသဖြင့် ကျေးလက်နှင့်နယ်စပ်ဒေသ တို့တွင် တာဝန်ယူဆောင်ရွက်နေကြသည့် အဖွဲ့အစည်းတို့၏ အတွေ့အကြုံများသည်လည်း အရေးပါပါသည်။ ဖွံ့ဖြိုးမှု အခွင့်အလမ်းနည်းပါးသည့် တိုင်းရင်းသားလူမျိုးစုနှင့်နယ်စပ် ဒေသတွင် လူမှုဒုက္ခကြုံတွေ့နေရသည့် လူမှုအဖွဲ့အစည်း များ၏ အထူးလိုအပ်ချက်များကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်မည်။

ဒုတိယအချက်မှာ မိမိသွားလိုရာပန်းတိုင်ကိုသိရှိပြီး ပန်းတိုင်သို့ရောက်အောင်သွားရန် နည်းလမ်းကို တွေးတော ကြံဆရပါမည်။ တစ်နည်းအားဖြင့် ဆင်းရဲနွမ်းပါးမှုကို စနစ် တကျနှင့်ထိရောက်စွာလျော့ကျနိုင်စေရေးအတွက် မဟာ ဗျူဟာတစ်ရပ်ရှိရမည်ဖြစ်ပါသည်။ မဟာဗျူဟာချမှတ်ဆောင် ရွက်ရာတွင် ကာယကံရှင်ဆင်းရဲနွမ်းပါးသူတို့၏ ပြောကြား ချက်များ၊ လက်တွေ့ဆောင်ရွက်နေကြသူတို့၏ ဥာဏ်ပညာ များအပေါ်တွင်အခြေခံရမည်။ အလားတူပင် အိမ်နီးချင်း နိုင်ငံများနှင့် ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံတို့မှ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်ပတ်သက်၍ စီမံဆောင်ရွက် ခဲ့သည့် အတွေ့အကြုံကောင်းများမှတစ်ဆင့် သင်ခန်းစာယူ ရမည်လည်းဖြစ်ပါသည်။ ထိုနည်းတူစွာပင် ကုလသမဂ္ဂအဖွဲ့ ကြီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ပြုစုရေးသားထားကြ သော သုတေသနစာတမ်းများကလည်း များစွာအထောက် အကူပြုနိုင်ပါမည်။ ယခုအခါ ကုလသမဂ္ဂက ထောင်စုနှစ် ဖွံ့ဖြိုးရေးရည်မှန်းချက် Millennium Development Goals(MDGs)2 ကို ဆင်းရဲမှုလျော့ပါးစေရေးအတွက် ကြိုးပမ်းချမှတ်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း ထိုရည် မှန်းချက်များ အကောင်အထည်ဖော်ရေးအတွက် ပါဝင် ဆောင်ရွက်လျက်ရှိပါသည်။ ယခုကြိုးပမ်းအားထုတ်နေသော ဆင်းရဲနွမ်းပါးမှုလျော့ကျရေး မဟာဗျူဟာသစ်သည် အခွင့် အလမ်းသစ်များရယူနိုင်မည်ဖြစ် သကဲ့သို့ မြန်မာနှင့်ကမ္ဘာ တစ်ဝန်းတွင် ကြုံတွေ့နေရသောစိန်ခေါ်မှုအသစ်များကိုလည်း တုံ့ပြန်ဖြေရှင်းနိုင်ဖွယ်ရာရှိပါသည်။ ဆင်းရဲနွမ်းပါးမှုလျော့ ကျရေးမဟာဗျူဟာသစ်ကြောင့် နိုင်ငံအတွင်းရှိ ဆင်းရဲနိမ့်ကျ နေသော ပြည်သူလူထု၏ လူနေမှုဘ၀မြင့်မားစေရေးကို အထောက်အကူပြု လာမည်ဖြစ်ပါသည်။

Sunday, June 19, 2011

လစ်ဗျားတွင် နေတိုးစစ်အုပ်စု၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားများသေဆုံးကြပြန်

 
လစ်ဗျားနိုင်ငံ ထရီပိုလီ (Tripoli) မြို့တော်က လူနေရပ်ကွက် တခုကို နေတိုး ခေါ် မြောက်အတ္တလန္တိတ် စစ်အုပ်စုက တနင်္ဂနွေနေ့မှာ ဗုံးကျဲခဲ့လို့ ကလေးတွေ အပါအဝင် အရပ်သား အနည်းဆုံး ၇ ဦး သေဆုံးသွားပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ လစ်ဗျား အရာရှိတွေက ပြောကြားလိုက်ပါတယ်။

 နေတိုးဟာ အရပ်သားတွေရဲ့ နေအိမ်တွေကို တမင်ရည်ရွယ် ပစ်ချခဲ့တာ ဖြစ်တယ်လို့ လစ်ဗျား ဒု-နိုင်ငံခြားရေးဝန်ကြီး ခါလက်ဒ် ခါအင်မ် (Khaled Kaim) က ပြောကြားလိုက်ပြီး ဒီတိုက်ခိုက်မှုက အနောက်နိုင်ငံတွေရဲ့ ရက်စက်မှုကို ပြသနေတယ်လို့လည်း သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး နေတိုးတာဝန်ရှိသူတွေကတော့ အတည်ပြုချက်မပေးဘဲ စုံစမ်းဆဲဖြစ်တယ် လို့သာတုန့်ပြန်ပါတယ် ။ နေတိုးဟာ လစ်ဗျားမှာဒီနေ့ထိ အရပ်သားသေကြေမှုတွေ မရှိပါဘူးလို့  တစိုက်မတ်မတ် ငြင်းဆိုလာတာလဲဖြစ်ပါတယ် ။

ကျွန်ုပ် နှင့် ဒေါ်စုကြည်မွေးနေ့

 အလောင်းမင်းတရားကြီးစတိုင်ဖမ်းနေသောဒေါ်စုကြည် 

တနေ့သ၌ ကျွန်ုပ်သည် မြန်မာပြည်တစ်လွှားတွင် လွန်စွာပေါ်ပြူလာဖြစ်လှစွာသော ဒေါ်စုကြည်၏ မွေးနေ့ တွင် အသုံးပြုရန် တကမ္ဘာလုံးသို့ ဖြန့်ချိသော ဓါတ်ပုံကို ကြည့်မိလေတော့သည် ထိုဓါတ်ပုံပါသော အင်တာနက်စာမျက်နှာကို ဖွင့်ပြီး ရဲရဲပင်မကြည့်ရဲသဖြင့် အချိန်အတန်ကြာ မျက်နှာလွှဲနေပြီးမှ ပြန်ကြည့် ရသည်အထိ ဆွဲဆောင်မှုရှိလှသောပုံဖြစ်လေသည် ။

ထိုပုံတွင် ဒေါ်စုကြည်သည် မည်သည့်အဓိပ္ပါယ် ဟုတွေး၍မရသော ပိတောက်ပန်းအနွမ်းများ ကိုပန်ထားလေ၏ ၊ အ၀ါရောင်ဖျော့တော့တော့ကို ၀တ်ဆင်ထား၏ ၊ လက်တွင်နာရီအပြင် ကလေးများအားမိဘများက ၀တ်ဆင်ပေးလေ့ရှိသော ခမည်းနှင့်ဆင်တူသော အစိမ်းရောင် လက်ပတ်တစ်ခုကို ပတ်ထားပြန်လေ၏ မျက်လုံးမှာလဲ အနီးရှိသူများကိုမကြည့်ပဲ  အနောက်ဘက် သို့ မျှော်နေ သယောင်ယောင် ကြည့်နေပြန်လေ၏ ။


အဆိုးဆုံးမှာ ထိုဓါတ်ပုံထဲတွင် ဒေါ်စုကြည်သည် အစိုးရမှ မကြာခဏဆိုသလို သွန်းလောင်းထုလုပ်လေ့ရှိသော ရုပ်ထုကြီးများထဲမှ အလောင်းမင်းတရားကြီး၏ စတိုင်ကိုဖမ်းထားခြင်း ပင်ဖြစ်၏ ၊ အလောင်းမင်းတရားကြီးကဲ့သို့ပင် လက်ကို ပိုက်ထားလေ၏ သို့ရာတွင် အလောင်းမင်းတရားကြီး၏ ခန္ဓာကိုယ်သည် ကြံ့ခိုင်လှသည်ဖြစ်ရာ လက်ကိုမာန်ပါပါနှင့် ခပ်တင်းတင်း ပိုက်ထားနိုင်သော်လည်း ဒေါ်စုကြည်မှာမူ မိန်းမသားဖြစ်နေသည် က တစ်ကြောင်း ခန္ဓာကိုယ်မှာလဲ ပိန်လှသည်ကတစ်ကြောင်းကြောင့် လက်ကိုခပ်တင်းတင်းပိုက်ထားလျှင် မိမိကိုယ်ကိုယ် ညှစ်ထားသည်ဟု ပုံကြည့်သူတို့ အထင်ရောက်မည်စိုးသောကြောင့် လက်ကို ခပ်ဖွဖွအနေအထားဖြင့် ပိုက်ထားရရှာလေသည် ၊ ဤသည်ကပင် မာန်တင်း၍ တောင်ကြီးကိုဖြိုမည့်ကြံသော ခါးမသန်သည့် ခါချဉ်ကောင် ကဲ့သို့ ဖြစ်နေလေ၏ ။

Saturday, June 18, 2011

KIA နှင့် တိုက်ပွဲအခြေအနေ အစိုးရသတင်းထုတ်ပြန်

နေပြည်တော် ဇွန် ၁၇
ကချင်ပြည်နယ် အခြေစိုက် KIA အဖွဲ့သည် ကချင်ပြည်နယ် ဒေသဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်း ဆောင်ရွက်မှုများကို တားမြစ်ခြင်း၊ လုပ်ငန်းများ မအောင်မြင်အောင် နှောင့်ယှက်ခြင်း၊ ရေအား လျှပ်စစ် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက် နေသည့် တရုတ်နိုင်ငံသား ၀န်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ ဟန့်တား နှောင့်ယှက်ခြင်းများ ပြုလုပ်လျက် ရှိရာ ဧပြီ ၁၆ ရက်က မလိခမြစ် အရှေ့ဘက်ကမ်းရှိ ကျောက်ဖောက် လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်ခြင်း မပြုဘဲ ရပ်ဆိုင်းထားရန်၊ ၄င်းတို့၏ ခွင့်ပြုချက် ရရှိမှသာ ဆောင်ရွက်ရန် တားမြစ် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

အလားတူ မေ ၅ ရက်ကလည်း မလိခမြစ် အရှေ့ဘက်ကမ်းရှိ လာဆာ ရေအား လျှပ်စစ် စီမံကိန်းသို့ ဝင်ရောက်ပြီး တရုတ် နိုင်ငံသား ဝန်ထမ်းများအား မြစ်အနောက်ဘက်ကမ်းသို့ နှစ်ရက်အတွင်း ပြောင်းရွှေ့ရန်၊ မလိခမြစ် အရှေ့ဘက်ကမ်းသို့ စခန်းတိုးချဲ့ထားမှု အမြန် ရုပ်သိမ်းရန် ခြိမ်းခြောက် ဟန့်တားမှုများ ဆောင်ရွက်ခဲ့သည်။

ထို့ပြင် ဇွန် ၈ ရက် နေ့လယ်ပိုင်းက ကချင်ပြည်နယ် တာပိန် ရေအား လျှပ်စစ် စီမံကိန်းတွင် လုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသည့် တပ်မတော် လုံခြုံရေးတပ်ဖွဲ့မှ စစ်သည် တစ်ဦးအား KIA အဖွဲ့ ဒွန်ဘုံစခန်းမှ ခေါ်ယူ စစ်ဆေးပြီး ကျည်ဆန်များ ထည့်ထားသည့် ကျောပိုးအိတ်အား သိမ်းဆည်း ထားခဲ့သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ တပ်မတော် အရာရှိနှစ်ဦးက KIA စခန်းသို့ သွားရောက် ဖြေရှင်းရာ ၄င်းအရာရှိ နှစ်ဦးကို အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ KIA အဖွဲ့က ဖမ်းဆီး ထိန်းသိမ်း ထားခဲ့သည်။
ထို့ပြင် အခြေချ စစ်ဗျူဟာမှူး ဦးစီးသည့် စစ်ကြောင်းသည် ဗန်းမော်မှ တာပိန် ရေအား လျှပ်စစ် စီမံကိန်းသို့ ချီတက်လာစဉ် KIA ဆက်ဆံရေးရုံး ဆန်ခါစခန်းမှ လည်းကောင်း၊ တာပိန် ရေအား လျှပ်စစ် စက်ရုံအ၀င် တောင်ကုန်းထိပ် ထုံးဘိုမှ လည်းကောင်း KIA အင်အားစုများက စောင့်ကြိုပြီး ပစ်ခတ် တိုက်ခိုက်မှုများ စတင် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် မိမိစစ်ကြောင်း အနေဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ပြီး KIA အဖွဲ့မှ ဖမ်းဆီး ထိန်းသိမ်း ထားသည့် အရာရှိနှစ်ဦးကို ဇွန် ၉ ရက်တွင် ပြန်လည် ခေါ်ဆောင်နိုင်ခဲ့သည်။

Friday, June 17, 2011

အမေရိကန် စူပါပါဝါကြီး အကြွေးပြန်ဆပ်နိုင်ပါ့မလား


 အမေရိကန် အစိုးရက ၂ဝ၁၁ ပထမသုံးလပတ် စုစုပေါင်း ပြည်တွင်းထွက်ကုန်-Gross Domestic Product GDP အစီရင်ခံစာကို လွန်ခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့တယ်။ ၂ဝ၁ဝ နောက်ဆုံး သုံးလပတ်နှင့် နှိုင်းယှဉ်ရင် စီးပွားရေး ကဏ္ဍတိုင်း လိုလိုမှာ ကျဆင်းသွားတာ တွေ့ရတယ်။

၂ဝ၁၁ ပထမသုံးလပတ် ဂျီဒီပီ ကိန်းဂဏန်းတွေက မျှော်လင့်ထားတာထက်တောင် နှေးကွေးအားပျော့သွားတယ်။ စားသုံးသူများရဲ့ သုံးစွဲမှု ကျဆင်းသွားတယ်။ စီးပွားရေး လုပ်ငန်းတွေရဲ့ သုံးစွဲမှုကလဲ ပြုတ်ကျသွားတယ်။ အိမ်ရာ ဆောက်လုပ်ရေး ကဏ္ဍကလဲ နိမ့်ကျသွားတယ်။ နိုင်ငံခြား တင်ပို့မှုကလဲ တလိမ့်ခေါက် ကွေးကျသွားတယ်။ ဒီကြားထဲမှာ တက်လာတာ တစ်ခုပဲ ရှိတယ်။ ဒါက ငွေဖောင်းပွမှု။

ဒီတော့ ၂ဝဝ၈-၂ဝဝ၉ ခုနှစ်များ အတွင်း စီးပွားရေး ကျဆင်းတဲ့ ကာလမှာ စီးပွားရေး ပြန်လည်နိုးထ ရှင်သန်ရေးအတွက် အမေရိကန် ဗဟိုဘဏ် Federal Reserve က အမေရိကန် ဒေါ်လာ တစ်ထရီလီယံလောက် သုံးစွဲခဲ့တာ သိပ်ပြီး ထိထိ ရောက်ရောက်မရှိဘူးလို့ ပြောရမလို ဖြစ်သွားတယ်။ အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ Ben Bernanke က စီးပွားရေး နှေးကွေးနေပေမယ့် နောက်ထပ် နိုးထရှင်သန်ရေး အစီအမံတွေ -Stimulus Package လုပ်မှာ မဟုတ်တော့ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့တယ်။

အခုလို စီးပွားရေးအတွက် အလားအလာ မှေးမှိန်နေချိန်မှာ အိုဘားမား အစိုးရက ၂ဝ၁၂ ခုနှစ် ဘတ်ဂျက်လျာထားချက် ထုတ်ပြန်ခဲ့တယ်။ လိုငွေ
Deficits
အမေရိကန် ဒေါ်လာ ၁.၁ ထရီလီယံ ပြထားတယ်။ ဒီကိစ္စ အတွက်လဲ ပြဿနာ ရှိနေတယ်။ အမေရိကန် အစိုးရက လိုငွေကို ဖြည့်တင်းဖို့အတွက် ငွေချေးစာချုပ်တွေ ထုတ်ရောင်းပြီး ငွေချေးရတယ်။ တရုတ်ပြည်ဆိုရင် အမေရိကန်ချေး ငွေစာချုပ်တွေ ဝယ်ယူထားတာ အမေရိကန် ဒေါ်လာ ၁.၃ ထရီလီ ယံဖိုးလောက် ရှိတယ်။ ဂျပန်နိုင်ငံကလဲ အမေရိကန် ငွေချေးစာချုပ် ဝယ်ယူထားတာ အမေရိကန် ဒေါ်လာ ၈၈၆ ဘီလီယံဖိုး ရှိတယ်။

တောင်ကိုရီးယားတို့ မြေပြင်မှ မြေပြင်ပစ်ဒုံးများ နေရာချ

 တောင်ကိုရီးယားနယ်စပ်စခန်းတစ်ခုပုံ
 
တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ နီးတဲ့နယ်စပ်ဒေသအချို့ကို အမေရိကန်လုပ် မြေပြင် မှ မြေပြင်ပစ် ဒုံးပျံတွေ ရွေ့ပြောင်းနေရာချထားနေတယ်လို့ မြောက်ကိုရီးယားက လာတဲ့ သတင်းတွေ မှာဖေါ်ပြထားပါတယ် ။

ဒါကတော့ The high-mobility artillery rocket system (HIMARS) လို့ခေါ်တဲ့ ရွှေ့ပြောင်းဒုံးပစ်စင် တွေနဲ့  ATACMS missiles တွေကိုပစ်နေပုံပါ 

တောင်ကိုရီးယားတပ်တွေဟာ အမေရိကန်လုပ် The deployment of the Army Tactical Missile System (ATACMS) ဒုံးပျံတွေကို မြောက်ကိုရီးယားမြို့တော်ပြုံယမ်းကို ပစ်လို့ လက်လှမ်းမှီမယ့်နေရာတွေ ကို ရွှေ့ပြောင်းနေတာဖြစ်ကြောင်း ဒီလိုအမျိုးအစား ဒုံးပျံ အစင်းရေ  ၂၂၀ ကို အမေရိကန်ပြည်ထောင်စု က ရောင်းချပေးထားတာဖြစ်ကြောင်းနဲ့ ဒီဒုံးပျံတွေဟာ ၁၆၅ ကီလိုမီတာ အကွာဝေးလောက်ထိ ပစ်ခတ်နိုင်ကြောင်း အဆိုပါသတင်းမှာဖေါ်ပြထားပါတယ် ။

Thursday, June 16, 2011

အယ်လ်ဇာဝါရီ အယ်လ်ခိုက်ဒါးခေါင်းဆောင်သစ်ဖြစ်လာ


အယ်လ်ဇာဝါရီ
 
အိုစမာ ဘင်လာဒင် (Osama Bin Laden) နေရာကို ဆက်ခံဖို့အတွက် အီဂျစ်နိုင်ငံဖွား အိုင်မန် အယ်လ်ဇာဝါရီ (Ayman al-Zawahri) ကို ရွေးချယ်လိုက်ပြီလို့ အယ်လ်ခိုင်းဒါးအဖွဲ့ရဲ့ အစ္စလာမ် အင်တာနက် စာမျက်နှာတခုမှာ ဖေါ်ပြလိုက်ပါတယ်။

ဒီအဖွဲ့က အမေရိကန်နိုင်ငံနဲ့ အစ္စရေးနိုင်ငံတွေဟာ အစ္စလာမ်ဘာသာကို ကျူးကျော် စော်ကား ဖျက်ဆီးသူတွေ ဖြစ်တယ်လို့ သုံးနှုန်း ခေါ်ဆိုလိုက်ပြီး ဒီနိုင်ငံတွေကို ချက်ချင်းပဲ ဘာသာရေး စစ်ပွဲ၊ မြင့်မြတ်တဲ့ စစ်ပွဲတွေ ဆင်နွှဲသွားမယ်လို့ ကတိပြုလိုက်ကြပါတယ်။
 
အယ်လ်ဇာဝါရီ နှင့် ဘင်လာဒင် အတူလက်တွဲခဲ့စဉ်က 
 
အယ်လ်ခိုင်းဒါး အဖွဲ့ကပဲ အစ္စလာမ်ပိုင်နက် နယ်မြေထဲမှာ ကျူးကျော် ၀င်ရောက်နေတဲ့ ဒီတပ်တွေ မထွက်ခွာသ၍ တိုက်ပွဲ ဆက်ဝင်သွားမှာဖြစ်ကြောင်း လည်း ကြေညာလိုက်ပါတယ် ။ ခေါင်းဆောင်သစ် ဇ၀ါရီဟာ နောက်အပတ်မှာ အသက် ၆၀ ပြည့်မှာဖြစ်ပြီး သူဟာခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ကာ   ဘင်လာဒင် ရဲ့ လက်ထောက် အဖြစ် အချိန်ကြာမြင့်စွာ လုပ်လာသူ ဖြစ်ပါတယ်။

Wednesday, June 15, 2011

မီဒီယာသမားများအပေါ် နိုင်ငံ့ဝန်ထမ်းများ၏အမြင်

 
 
နိုင်ငံတစ်နိုင်ငံတွင် သတင်းနှင့်မီဒီယာ၏ အခန်းကဏ္ဍသည် များစွာအရေးပါသောအခန်းကဏ္ဍဖြစ်ကြောင်း စာဖတ်သူများ အားလုံးသိရှိပြီးဖြစ်ပါသည် ။ ထိုမျှအရေးပါသောကဏ္ဍတွင်ပါဝင်နေသော မီဒီယာသမားများသည် မီဒီယာလွတ်လပ်ခွင့်လိုကြောင်း မြန်မာနိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့်မရှိကြောင်း ၊ အစိုးရသစ်လက်ထက်တွင် အတိုင်းအတာတစ်ခုထိ လျော့ပေါ့မှုရှိလာသော်လည်း အရေးပါသောအခန်းကဏ္ဍ များတွင် ချုပ်ကိုင်ထားဆဲဖြစ်ကြောင်း အစရှိသဖြင့် ပြောဆိုကန့်ကွက်သံ ၊ တနည်းအားဖြင့် အစိုးရကို တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်၍ တစ်ဖုံ ကန့်ကွက်ပြောဆိုသံများကိုသာ ယနေ့မီဒီယာသမားဆိုသူများထံမှ ကြားနေရပါသည် ။ ထိုမီဒီယာသမားဆိုသူများကို ပြည်သူက မည်သို့သဘောထားကြောင်း သုံးသပ်ထားမှုများကိုမှု တစ်ကြိမ်တစ်ခါမျှမတွေ့ရဘူးပါ ။

သို့ဖြစ်ပါ၍ မီဒီယာသမားများ  အပေါ် ပြည်သူက မည်သို့မြင်ကြောင်း သုံးသပ်ပြောဆိုရန် လိုအပ်လာပြီဟု ထင်မြင်ယူဆပါသောကြောင့် မီဒီယာသမားများအပေါ်ပြည်သူမှ သဘောထားသည်ကို သိရှိနိုင်ပါရန် Voice Of Myanmar မှ သဘောထားမေးမြန်းမှုများပြုလုပ်ခဲ့ပါသည် ။ ထိုသို့မေးမြန်းမှုများအနက်မှ ယခုအပတ်တွင် နိုင်ငံဝန်ထမ်းများက မီဒီယာသမားများအပေါ် မည်သို့မည်ပုံ မြင်နေကြသည်ကို သိရှိနိုင်ပါရန် စုစည်းတင်ပြအပ်ပါသည် ။

" ဒီနေ့ပြည်တွင်းထုတ်ဂျာနယ်တွေနဲ့ ပြည်ပမီဒီယာတွေမှာကြားနေရတာက ဘယ်ဆေးရုံမှာတော့ ဘယ်ဆရာဝန်အမှားကြောင့် ဘယ်လူနာအသက်ဆုံးသွားတယ်  ဘယ်အထူးကုဆေးခန်းမှာတော့ ဆရာဝန်တွေနဲ့ စက်ကရိယာအားနည်းမှုကြောင့်လူနာသေသွားတယ် ဘယ်မှာတော့ ရုတ်တရက်ထိခိုက် လာတဲ့လူနာကို အချိန်မီဆေးရုံက ဆေးအကာအကွယ်မပေးနိုင်လို့ ဘာဖြစ်သွားတယ် စသည်ဖြင့်ပေါ့လေ ..ဒါမျိုးတွေပဲဖတ်နေရတယ် တနည်းပြောရရင်  ဆရာဝန်တွေကို အသပြာဆရာဝန်တွေ ၊ မကျွမ်းကျင်သူတွေ ပေါ့ဆသူတွေအဖြစ် သရုပ်ဖေါ်ထားတာတွေကိုဘဲ ဖတ်နေရတယ် ..ကျွန်တော်တို့ ဆေးဝါးကုသမှုအတွက် တပြားမှ မယူဘဲလုပ်ပေးလိုက်တဲ့လူနာတွေ မရေမတွက်နိုင်အောင်ရှိတယ် ဆရာဝန်ကြီးတွေကျွမ်းကျင်မှုကြောင့် အသက်ချမ်းသာရာ ရသွား သူတွေ ပျော်ရွှင် သွားတဲ့မိသားစုတွေ  အများအပြားရှိတယ် ..ဒါတွေတခါမှ မီဒီယာတွေမှာမဖတ်ဘူးပါဘူး မီဒီယာသမားတွေ ရေးရကောင်းမှန်းလဲမသိပါဘူး ပြည်သူလူထုနဲ့ ဆရာဝန်တွေကြားက အခိုင်အမာရှိပြီးသား ယုံကြည်မှုတွေကို ဖျက်ဆီးနေကြတဲ့သူတွေလို့ပဲမြင်ပါတယ် ဒါအားလုံးတော့ဟုတ်ချင်မှဟုတ်မယ် အများစုကိုတော့ ကျွန်တော့အနေနဲ့ ဒီသဘောပဲမြင်ပါတယ် " မန္တလေးမြို့ပြည်သူ့ဆေးရုံကြီး မှ ဆရာဝန်ကြီးတစ်ဦးရဲ့ အမြင် ဖြစ်ပါတယ် ။

ဘဲငါးရာတောင်ရတနာသိုက် ခေတ်မီနည်းပညာဖြင့် ရှာတွေ့ပြီ

ဘဲငါးရာတောင်
 
ရန်ကုန်၊ ဇွန် ၉- ရခိုင်ပြည်နယ် ဘဲငါးရာ တောင်အနီးမြှုပ်နှံထားသော ဘုရင့်ရတနာ သိုက်ကို ခေတ်မီ High Tech (NASA-Technology Digital Image)နည်းဖြင့် ရှာ ဖွေတွေ့ရှိနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

    မြှုပ်နှံထားသောနေရာကို  High Tech Geology (NASA ထုတ်ထားသော ဂြိုဟ်တု Lan-dsat-7 ETM+(2000) Digital Image Data ရှိ Spectrum လိုင်းများကို အထူးပြုလေ့လာခြင်း ဖြင့် ၎င်းရတနာ သိုက်များမြှုပ်နှံထားသည့် နေရာရှစ်နေရာတွေ့ရှိရသည်ဟု Global 9 Education  မှသိရ သည်။ ထို့ပြင် ယင်း နေရာများကို ကွင်းဆင်းတိုင်းတာပြီးမှ မြှုပ်နှံ သည့်နေရာကို အတည် ပြုထားခြင်းဖြစ် ကြောင်း သိရသည်။

    ''ဒီရှေးဟောင်းဘုရားတွေမြှုပ် နှံထားတဲ့နေရာကို တရားဝင်တူးဖော်ချင်ရင် နိုင်ငံတော်ကနေ တရားဝင်ခွင့်ပြုမိန့်တောင်း ခံရမယ်။ ပြီးရင် အဲဒီနေရာတွေကိုကွင်းဆင်း အသေးစိတ်တိုင်းထွာပြီးမှ စနစ်တကျတူးဖော်သင့်ပါတယ်။ ရှေးဘုရင် တွေမြှုပ်နှံထားတဲ့ ရတနာသိုက်တကယ်ရှိပြီ ဆိုတာကိုတော့ အတည်ပြုလို့ရပါပြီ''ဟု ဒဂုံ တက္ကသိုလ်ဘူမိဗေဒဌာနမှအငြိမ်းစား ပါ မောက္ခ ဦးစိုးသိန်းက ပြောသည်။ ယင်းရတနာသိုက်နေရာအား လွန်ခဲ့သည့်ငါးလလောက် က တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

      ဘဲငါးရာတောင်သည် ရခိုင် ပြည်နယ်ပုဏ္ဏားကျွန်းမြို့၏မြောက်ဘက် ၁၆ မိုင်အကွာကုလားတန်မြစ် အနောက် ဘက်ကမ်း ယိုးတရုတ်စံပြကျေးရွာကြီးအနီး စစ်တွေ-ရန်ကုန်ကားလမ်းမကြီး၏ အနောက်ဘက်တစ်မိုင်ခန့် အကွာတွင်  တည်ရှိသည်။ တောင်ထိပ်၏ အမြင့်မှာ ပေ ၁၃၆၀ခန့်မြင့်မားပြီး အရှည် ၅၆၃ ပေ နှင့် အကျယ် ၄၆ပေရှိကာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ၏ဗဟိုချက်မတွင် တည် ရှိကြောင်း သိရသည်။

ပါးစပ်ရာဇ၀င်ဖြစ်ခဲ့ပြီ

စာခြောက်ရုပ်က နယ်ကို ခရီးထွက်မလေး ဘာလေး ညောင်နာနာ မျက်နှာပေးနဲ့ ဆိုလာခဲ့တယ်။ သူမအားသေးလို့ပါ။ မကြာမီမှာ ထွက်ပါတော့မယ် ဘာညာပေါ့လေ။ အောင်မာမင်း--- မထွက်ခင် ကတည်းက ကျုပ်တို့နိုင်ငံတော် အစိုးရကို သူ့ရဲ့ သွားလေသူ အိမ်ဦးနတ်ရဲ့ အမျိုးတွေ အားကိုးနဲ့ ခြိမ်းခြောက်သလို ဘာလိုလို သူကဆိုလိုက်၊ ထဘီခြုံ နောက်မြီးဆွဲတို့က ဖွလိုက်၊ ဘက်ပေါင်းစုံမှ စကားတွေနဲ့ ဆွခဲ့သဗျ။ သူက ခရီးထွက်ပြမယ် ဆိုတာနဲ့ သူ့နောက်တော်ပါးတွေ၊ ထဘီခေါက်တဲ့ အဖွဲ့တွေက ထဘီခေါက်ရင်း သနပ်ခါး သွေးရင်း သန်းရှာရင်း အတင်းအဖျင်း ချလာကြတယ်။ မမလုံခြုံရေးကို စိုးရိမ်တယ်။ တီတီ့ လုံခြုံရေးကို စိုးရိမ်တယ်။ ဘာညာပေါ့လေ။ စိုးရိမ်မယ် ဆိုလည်း စိုးရိမ်စရာ၊ ဘာကြောင့် မလုံခြုံဆို ထဘီပေါ်ကို မီးပွား ကျထားလို့ ဆိုပဲ။ ဟဲဟဲ--- ကျုပ်ထင်တာကို ပြောတာပါ။ ကျုပ်တို့ အပါအဝင် တိုင်းပြည်တစ်ခွင်က လူတွေမှာ မကြာခင် ဖြစ်လာတော့မယ့် စီးပွား အခွင့်အလမ်း အတွက် မှန်းသမ်း တွက်ချက်နေရတာ မအားပါဘူး ဆိုတဲ့ကြား ကိုးရိုးကားယား စာခြောက်ရုပ်မ ခြေကြွတာကြီး လာလာပြီး ပုံကြီးချဲ့ နေတော့ စိတ်တော့ နည်းနည်း ထွက်တာပေါ့လေ။ မျောက်ဖြူ ဆရာကြီးများကလည်း လာလာချည်သေး။ စာခြောက်ရုပ် ကလေး ဘေးတွေ့ရင် လေးခွပြင် ထားမယ်တဲ့။ အဲလေ--- လက်နက်ပြင် ဝင်လို့ စွက်ဖက်မယ်တဲ့။ ဟဟား----ရယ်ချင်လိုက်တာ ဘူးထွား ဟားဟား။ မြတ်စွာဘုရား။ ဘယ့်နှယ် ဘယ့်နှယ် နေရင်းထိုင်ရင်း သူ့ဟာသူ ကုပ်ကမြင်း ထလို့ ခြေကြွတာကြီး လာပြီး တရားခံ လုပ်နေပြန်တယ်။ ဘယ်လိုမျှ အထောက်အထားမျှ မရှိပါဘဲနဲ့ နိုင်ငံတော် အစိုးရတစ်ရပ်ကို စွပ်စွဲစကား ဆိုလာခဲ့လေတော့ ငပွကြီး စရိုက်မှန်တို့ ပေါ်ပါပေါ့ဗျား။ ။ စာခြောက်ရုပ် လုံခြုံရေးကို အစိုးရက တာဝန်ယူရမယ်လို့ မဆီမဆိုင် လက်ပံသား ဓားနှင့်ချိုင် ဆိုသလို ဆိုင်းမဆင့် ဗုံမပါ တာဝန်ပေးလာ ပြန်တယ်။ ဒီမိုဘိုးအေ နိုင်ငံကြီးမယ် အလုပ်အကိုင် ရှားတယ် ထင်ပါရဲ့။ နိုင်ငံရေးသမား ဆိုသူ ကသမ်းကရမ်းတွေ၊ သူ့ထဘီ နှုတ်ခမ်းမှာ ကြမ်းပိုးရှာရင်း ခစားနေသူတွေ ဒါတွေကလည်း စာခြောက်ရုပ် တောထဲထွက်ရင် ထဘီထဲ “ကျွတ်” ဝင်မှာမို့ နယ်ထွက်ရင် သူ့လုံခြုံရေးကို စိုးရိမ်တယ်လို့ ဇာတ်လမ်း ထွင်လာပြန်တယ်ဗျ။ အောင်မာမင်း----- ဒါကြီး ချော်လဲလျှင်၊ အစားမှားလို့ ပန်းစကား ဖြစ်လျှင်၊ မရှိတဲ့ ဉာဏ်ကိုထုတ် ခေါင်းကုတ်လို့ ဟန်လုပ်ရင်း အုံးလွဲ (အကြောတင်)လျှင် ၊ ခြံဝမှာ ဟန်ပြရင်း နှာစေးလျှင်လည်း ကျုပ်တို့ အစိုးရပဲ တာဝန်ရှိတယ်လို့ ထုတ်ဖော် မပြောရုံ တမည်သာ ကျန်ပါတော့ သဗျား။
ဒါကမှ အစစ် နိုင်ငံတော် အစိုးရကို အပြစ်ရှာ ရန်စတာ ကြီးပဲလေ။ ကျုပ်ပြန် စဉ်းစားမိသလောက် ပြောရရင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ မတိုင်မီ ကလေးမှာ Commodore George Lambert က ရန်ကုန်မြို့ဝန်ကို စစ်ဖြစ်လိုစိတ် အရင်းခံနဲ့ အကြောင်းမဲ့ ရန်စခဲ့တဲ့ ပုံစံကို ပြန်မြင်ယောင် သဗျ။ မြန်မာတို့ရဲ့ ရေနန်းယဉ်သာ သင်္ဘောကို အသားလွတ်ကြီး ရန်စ ဆွဲယူသွား တဲ့အပြင် ပြဿနာတွေရဲ့ အဆုံးမှာ မြန်မာတွေကတောင် သူတို့ကို လျော်ကြေး ပြန်ပေးခဲ့ရသေး။ အခုလည်း ဒါမျိုး နောက်တစ်ခါ လုပ်လာပြန်ပြီလို့ စိတ်ထဲ ထင်မိ လာပါရဲ့။ အဲဒီထက် ရင်နာစရာ ကောင်းတာက Commodore George Lambert ကာလတုန်းက မြန်မာ-အင်္ဂလိပ် ပြတ်ပြတ်သားသား နှစ်ဘက် ဖြစ်ခဲ့ကြပေမယ့် အခုဟာကြီး မှာတော့ သစ္စာဖောက်မ ကြောင်တောင်ကန်းက ဟိုဘက် ရောက်နေတာ ပါပဲ။ စာခြောက်ရုပ်မ တစ်ခုခုဖြစ်လျှင် ပြည်ပစွက်ဖက်မှု ဝင်လာမယ်လို့ ခြိမ်းခြောက် လာတာကြီး ကတော့ ဒုတိယ Commodore George Lambert လုပ်ရပ်ပါ။ သို့သော် စာခြောက်ရုပ် လောက်ကို မေတ္တာ ရှိလို့တော့ ဟုတ်မထင်ပေါင်။ ခပ်ကြောင်ကြောင် ဓားစာခံ တစ်ယောက် မွေးထားတဲ့ သဘောသာပါ။

Tuesday, June 14, 2011

အသက်ငယ်ရွယ်သူများအား အရက်၊ဘီယာ ရောင်းချခြင်းမှ တားမြစ်သည့် ဥပဒေတစ်ရပ် ရုရှားတွင်ထုတ်ပြန်

 
ရုရှားနိုင်ငံတွင်  အရက် ၊ ဘီယာ အစရှိသော အယ်လ်ကိုဟော ပါဝင်သည့် ထုတ်ကုန်များအား အသက်အရွယ်ငယ်ရွယ်သူများ ၀ယ်ယူခြင်းမှ တားမြစ်သည့် ဥပဒေတစ်ရပ် ထုတ်ပြန်လိုက်ကြောင်း သတင်း ရရှိပါသည် ။ 

အဆိုပါဥပဒေသည် လာမည့် ၁၀ ရက်အတွင်း အသက်ဝင်လာမည်ဖြစ်ပြီး rules for purchasing alcohol ဟုခေါ်ဆိုကာ ဥပဒေဖေါ်ပြချက်များတွင် အရက်ဝယ်ယူသူများ၏ အသက်သတ်မှတ်ချက် အသေးစိတ်ပါ ၀င်ကြောင်း သိရှိရပြီး အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး ။

အသက်ငယ်နေတယ်ထင်ရင် ဆိုင်ရှင်က မှတ်ပုံတင် (ပတ်စ်ပို့) စစ်ဆေးပြီးမှ ရောင်းတော့မယ်လို့ ဆိုပါတယ်


ကီးယော့စ် ဟုခေါ်သော လမ်းဘေးဈေးဆိုင်ငယ် ကလေးတွင် အရက်ဘီယာရောင်းချသူတစ်ဦးကမူ " အသက် ၁၈ နှစ် မကျော်ရင် အရက်၊ ဘီယာ မရောင်းရတော့ဘူးလို့ပြောတယ် အချက် ၁၃ ချက်ပါတယ်ပြောတယ် သတ်မှတ်ချက်ကလေ....ခုတော့ ဒီ ၁၈ နှစ်မပြည့်ရင် မရောင်းရဘူးဆိုတာပဲ သိသေးတယ် အသေးစိတ်မသိရသေးဘူး  " ဟုပြောဆိုပါသည် ။

မြောက်ဦးဘုရားသတင်း နောက်ဆက်တွဲ ရှင်းလင်းချက်

ကျွန်တော်တို့ဆီကို ပေးပို့လာတဲ့ သတင်းအရ တင်ပေးတဲ့ မြောက်ဦးက ရွှေဘုရားတွေ့တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အရင်တုန်းက ဒီသတင်းကို လှုပ်လှုပ်ခတ်ခတ် ရေးခဲ့ကြတဲ့ မီဒီယာတွေက သတင်းမှားတယ် ဆိုတာကို မသိချင်ယောင် ဆောင်နေသလို ၀င်ဆွေးနွေးတဲ့သူ အချို့ကလည်း ကျွန်တော်တို့ သတင်းကို မယုံတဲ့ သဘော ပြောတာ တွေလည်း တွေ့ပါတယ်။ ဒါ့ကြောင့် မူလသတင်း ပေးပို့သူကို အသေးစိတ် အချက်များ တောင်းခံပြီး ထပ်ဖော်ပြ ပေးလိုက် ပါတယ်။
စတင်တွေ့ရှိမှု
မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသ သျှစ်သောင်း ဘုရားနားက လောကမဉ္စူ ဘုရားကို မန္တလေးမြို့က ဒေါက်တာ သိန်းထွန်းရဲ့ မတည်မှုနဲ့ ရတနာမာန်အောင် ဆရာတော်က ကမကထ လုပ်ပြီး ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နဲ့ စာကြည့်တိုက် ဦးစီးဌာနရဲ့ ကြီးကြပ်မှုနဲ့ ပြန်ပြင်နေတာ ဖြစ်ပါတယ်။ မေ ၃၀ ရက်နေ့ ညနေ ငါးနာရီ လောက်မှာ ဘုရား အောက်ခြေပိုင်းက အုပ်ခဲများကို ဖယ်ရှားရာ ကနေ ဌာပနာတိုက်ကို တွေ့ရပါတယ်။ ဇွန် ၁ ရက်နေ့ မနက်ပိုင်းမှာတော့ ရှေးဟောင်းက အရာရှိများရဲ့ ကြီးကြပ်မှုနဲ့ ဆက်တူးတဲ့အခါ ဘုရား ၃၂ ဆူ၊ ကြေးဌာပနာ ဘုရားငယ် ၁၅၈ ဆူ၊ ဓာတ်တော်ကြုတ် နှစ်ခု၊ ဓာတ်တော်လို့ယူဆရတဲ့ အရိုးများ နို့ဆီဘူး တစ်ဘူး မရှိတရှိကို တွေ့ရပါတယ်။
ရရှိတဲ့ ပစ္စည်းတွေကို မြောက်ဦးမှာ ရှိတဲ့ ရှေးဟောင်း သုတေသန ပြတိုက်မှာ ထားပါတယ်။ ဇွန်လ ၃ ရက်နေ့ မှာတော့ ပြည်နယ် ယဉ်ကျေးမှုဝန်ကြီး ဦးအောင်သန်းတင် (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ)နဲ့ အဖွဲ့ ရောက်လာပြီး တူးဖော်တဲ့ နေရာကို စစ်ဆေးပါတယ်။ ပြီးတော့ ပြတိုက်ကို သွားပြီး တူးဖော် တွေ့ရှိတဲ့ ဘုရားများကို ကြည့်ပါတယ်။ အဲဒီမှာ အခု ရွှေဘုရားလို့ ပြောခဲ့ကြတဲ့ ဆင်းတုတော်ကို ပန်းတိမ်ဆရာနဲ့ စစ်ဖို့ လမ်းညွှန်တဲ့ အတွက် ဘုရားဂေါပက တွေက ဇော်မင်းထွန်း ရတနာဆိုင်က ပိုင်ရှင်လည်းဖြစ်၊ ပန်းတိမ်ဆရာလည်း ဖြစ်တဲ့ ဦးဇော်မင်းထွန်းကို ခေါ်စစ်ခိုင်း ပါတယ်။ ညနေ နှစ်နာရီမှာ စစ်ဆေးပြီးတဲ့အခါ ဦးဇော်မင်းထွန်းက ၁၅ ပဲရည် ရှိတဲ့ ရွှေဘုရား ဖြစ်တယ်၊ အချိန် လေးပိဿာ ခြောက်ဆယ့် လေးကျပ်သား ရှိတယ်လို့ သတင်းပို့ပါတယ်။

Monday, June 13, 2011

မြိတ် NLD အဖွဲ့ဝင်များ အခြားလူမှုရေးအဖွဲ့များအား ခုတုံးလုပ်ကာ နိုင်ငံရေးအမြတ်ထုတ် လုပ်ဆောင်ခဲ့

၂၀၁၁ခုနှစ် ဇွန်လ ၅ရက်နေ့ ၁၀၀၀ နာရီအချိန် မြိတ်မြို့နယ် ပြင်းငယ်ကျေးရွာအုပ်စု မော်တောင်ရွာ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းသို့ မြိတ်မြို့ပေါ်ရှိ ဘာသာရေး လူမှုရေး အဖွဲ့အစည်းများဖြစ်သည့် စိတ္တရောင်ခြည်အဖွဲ့၊ လေးကျွန်းဆီမီး စေတီတော်ကြီး တနင်္ဂနွေ သန့်ရှင်းရေးအဖွဲ့ ၊ သောကြာသန့်ရှင်းရေးအဖွဲ့ ၊ EDU ဆောက်လုပ်ရေးအဖွဲ့၊ ဆိပ်ငယ်ဈေးကြီး လူမှုရေး အဖွဲ့၊ အဆောင်ကောင်း ကုမ္ပဏီ စသည့် အဖွဲ့ (၆)ဖွဲ့မှ အင်အား စုစုပေါင်း (၃၅၀)ဦးခန့် စုပေါင်း၍ တန်ဖိုး (၁၃)သိန်းကျော်ရှိ စာရေးကိရိယာနှင့် ဗလာစာအုပ်များသွားရောက်လှူဒါန်းခဲ့ပါသည်။ ၄င်းအဖွဲ့များသည် အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းသို့ လှူဒါန်းခဲ့သည်မှာ (၆)နှစ်ခန့် ဖြစ်ပြီဖြစ်ကြောင်း သိရှိရပါသည်။
 
အဆိုပါ လှူဒါန်းရာသို့ တရားမ၀င် ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မြိတ်မြို့နယ် ဥက္ကဋ္ဌ ဦးစိုးလွင် ခေါင်းဆောင်သော အင်အား (၂၀) ဦးခန့်သည် ဒေါ်စုကြည် ရုပ်ပုံပါသော အင်္ကျီ၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ ပါသော တီရှပ် အင်္ကျီ၊ ပင်နီ တိုက်ပုံနှင့် ရင်ထိုးတံဆိပ်များ တပ်ဆင်၍ သီးခြား လိုက်ပါလာပြီး ၄င်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ တန်ဖိုး (၇)သောင်း ရှိ စာရေးကိရိယာများ သီးခြားလှူဒါန်းခဲ့ခြင်း၊ လူမှုရေး အဖွဲ့ဝင်များအား ဓာတ်ပုံရိုက်ယူခြင်း၊ ၄င်းတို့ ၀တ်စုံဝတ်ဆင်ထားသူများ အနေဖြင့် လူမှုရေး အဖွဲ့အစည်းဝင်များထဲတွင် ရောနှော၍ ၄င်းတို့ အချင်းချင်း ဓာတ်ပုံရိုက်ယူခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ ပါသည်။ 

Sunday, June 12, 2011

MEDIA Vs MEDICINE

ယခု ရက်ပိုင်း တွင် ကျယ်လောင်စွာ ကြားရသော အသံများမှာ မြန်မာ ဆရာဝန်များ အရည်အချင်း မပြည့်မီဟူသော စွပ်စွဲချက် များပင် ဖြစ်သည်။ ယမန် နှစ်သွေးလွန်တုပ်ကွေး ဖြစ်ကာ ဆုံးပါးသွားသော မိန်းကလေး တစ်ယောက်နှင့် ခွဲစိတ်ဆရာဝန်ကြီး ကိစ္စမှ စတင်ကာ မြန်မာ ဆရာဝန်လောက အား ကျယ်ကျယ်လောင် လောင် ပြောင်ပြောင် တင်းတင်း ဝေဖန်လာခဲ့ကြပါသည်။ မီဒီယာ များမှာ ထို ကိစ္စများအား အထူး အာရုံစိုက်လာခြဲ့ပီး မြန်မာ ဆရာဝန်များ ၏ အားနည်းချက်ကို ထောက်ပြ တည့််မတ်သည့် သဘောအနေဖြင့် ဆရာဝန်များ၏ ပေါ့လျော့မှုများ၊ ဆေးကုသစရိတ် ကြီး မြင့်မှုများကို ဆောင်းပါးများဖြင့် တစ်ဖုံ၊ ကာတွန်းများဖြင့် တစ်သွယ် ဝေဖန်လာခဲ့ကြသည်။


မီဒီယာ များနှင့် သမားတော်များ


ထိုသို့ ဖော်ပြလာခဲ့ကြရာတွင် ရန်ကုန်မြို့မှ ခွဲစိတ်အထူးကု ဆရာဝန်ကြီးသည် ဖိအားအမျိုးမျိုးကြောင့်ဖြစ်ဟန်တူလျက် ရာထူးမှ နှုတ်ထွက်သွားသော အခါ မီဒီယာ သမားများအပေါ်တွင် ဆရာဝန်များ စတင် အမြင် ပြောင်းလာခဲ့ကြပေသည်။ ထို ကိစ္စတွင် ထပ်မံကြားသိရသလောက် မီဒီယာ သမားများသည် သတင်းအတိ အကျ ယူခဲ့ခြင်း မရှိဘဲ(နှစ်ဖက်အမြင်-Expert Opinion and Official Response) တစ်ဖက် ပြောစကားကို အခြေတည်ကာ တရားဝင်ရေးသား တိုက်ခိုက်ခဲ့သည်။ မြန်မာ လူမျိုးများသည် ဇာတ်သဘင်များကို အလွန်နှစ်ခြိုက်ခုံမင်သည်နှင့်အညီ ထိုအချက်ကို အထူး ပါးနပ်နားလည်စွာ သိမြင်သော မီဒီယာ သမားများကလည်း ဝမ်းနည်းကြေကွဲဖွယ် ဖြစ်အောင် စီမံရေးသားခဲ့ပြီး ထို ဆရာဝန်ကြီးအားလည်း ဗီလိန်သဖွယ် ရေးသား ခဲ့သဖြင့် ထိုကိစ္စတွင် လူအများသည် ထို ဆရာဝန်ကြီးအပေါ်အမြင်တိမ်းစောင်းခဲ့ပြီး ထိုဆရာဝန်ကြီး၏ ရာထူးစွန့်လွှတ်ပေးခဲ့ရကာ မီဒီယာများ အောင်ပွဲခံနိုင်ခဲ့ပါသည်။ အောင်ပွဲဟူသည်မှာ စီးပွားရေး အကျိုးအမြတ်အပြင်၊ မီဒီယာ သမားတို့၏ စနက်ကြောင့် ဆရာဝန်ကြီးတစ်ဦး ရာထူးစွန့်လွှတ်လိုက်ရခြင်းတည်း ဟူသော အဖြစ်ပင်ဖြစ်ပါသည်။သို့သော် ထိုသူတို့ မမြင်သော အချက်မှာကား နှစ်ပေါင်းများစွာ အစိုးရမှ အကုန်ကျခံ သင်ကြားပေးခဲ့ရသော အရည်အချင်းပြည့် ခွဲစိတ်ပါရဂူတစ်ဦးကို မြန်မာ နိုင်ငံမှ ဆုံးရှုံးလိုက်ရခြင်း ဟူသော အဖြစ် ဖြစ်ပေသည်။ တစ်ချိန်တည်းမှာ ပင် ထို အဖြစ်အပျက်နှင့် အတူ တွဲဖက် ပါလာသော ဆိုးကျိုးကား မြန်မာ ဆရာဝန်များ သည် အလုပ်လုပ်ရန် တွန်င့်္ဆုတ် သွားခြင်း ဖြစ်ပေသည်။ အလုပ်လုပ် ရန်တွန့်ဆုန်သွား ခြင်းဟူသည်မှာ ယခင်က လူနာအကျိုးကို ရှေးရှုလျက် ဒုက္ခရောက်နိုင်မှန်းသိသော်ငြားလည်း စွန့်စားကာ ကုသပေးခြင်းမျိုး ဖြစ်သည်။ ယခု ထိုကိစ္စ ဖြစ်သွားသော အခါ ဆရာဝန်များအနေဖြင့် လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည် ဖြစ်စေ ဆိုးကျိုးကို မရှာလိုသော သဘောများကို သိသာ စွာ တွေ့ရှိလာရပါသည်။ ထိုအခြင်းအရာသည် Technological Resources အပေါ်ထက် Man Power အပေါ်တွင် အဓိက ထားလည်ပတ်နေရသော မြန်မာနိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှုစနစ် အတွက် ဆိုးကျိုး တစ်ခု ပင်ဖြစ်ပါသည်။ လူအင်အားကို အဓိက ထားလုပ်ကိုင်နေသော စံနစ်တစ်ခုတွင် ထိုလူများသည် တက်ကြွမှု သိသာ စွာ လျော့နည်းလာပါက ထိုစံနစ်သည် တုန့်ဆိုင်းလေးကန်လာမည်မှာဧ ကန်ပင်ဖြစ်သည်။ ယခုအခါ ဆရာဝန်များက ကြောက်ရွံ့လာသဖြင့် မလိုလားအပ်သော ဆိုးကျိုးများကို ရှောင်ရန် ‘မလုပ်၊မရှုပ်” ဟူသော သဘောကို ကျင့်သုံးလာကြလျှင် မည်သူများ အရင်ထိခိုက် နစ်နာမည်နည်း။ ပြည်သူများ ပင်အရင် ထိခိုက်နစ်နာမည်ဖြစ်သည်။ ထိုကဲ့ သို့ဖြစ်လာလျှင် မည်သူက တာဝန်ယူပါမည်နည်း။

E. coli ဘက်တီးရီးယားပိုး ဆိုသည်မှာ

စပိန်နိုင်ငံမှ ပြန့်ပွားခြင်းဟု ယူဆရသော အီကိုလိုင်ဗက်တီးရီး ယားကြောင့် ကမ္ဘာ့နိုင်ငံအချို့ဝယ် ဇွန်လ ၇ ရက်နေ့အထိ သိရသော စာရင်းများအရ  ၂၂ ဦးသေဆုံးကာ လူပေါင်းနှစ်ထောင်ကျော် ကူးစက်ခံ နေ ရကြောင်း သိရှိရပါသည် ။ အဆိုပါသတင်းကြောင့် အီကိုလိုင်ပိုးအကြောင်းသည် ကမ္ဘာ့သတင်းမီဒီယာ များတွင် ပေါ်ပြူလာသတင်းတစ်ပုဒ်ဖြစ်လာပါသည် ။
 

အီကိုလိုင်ပိုး(Escherichia coli/ E. coli)ဆိုသည်မှာ များ သောအားဖြင့် အူသိမ်ထဲတွင်တွေ့ ရတတ်သော အချောင်းပုံသဏာန် ဗက်တီးရီးယားတစ်မျိုးဖြစ်ပြီး များသောအားဖြင့်မူ မည်သည့် အန္တရာယ်မျှ မပေးသော်ငြား အချို့သော အီကိုလိုင် ဗက်တီးရီး ယားတို့ကမူ စိုးရိမ်ရသော အစာ အဆိပ်သင့်ခြင်း ဝေဒနာမျိုးကို ဖြစ်ပွားစေတတ်ကြောင်းသိရသည်။အီကိုလိုင် ဗက်တီးရီးယားတို့ သည် အူသိမ်အတွင်းတွင် ရှင်သန် ပေါက်ဖွားနိုင်ခြင်းမျှသာမက လူ့ခန္ဓာ ကိုယ်ပြင်ပတွင်လည်း ရှင်သန်ပေါက် ဖွားနိုင်ကြပြီး ရှင်သန်ပွားများလွယ် သည့်သဘောရှိကြောင်း သိရပါသည် ။
 
ဂျာမန်ဗက်တီးရီး ယား ဗေဒပညာရှင်Theodor Escherich
 
ယင်းဗက် တီးရီးယားကို ဂျာမန်ဗက်တီးရီး ယား ဗေဒပညာရှင်Theodor Escherich က ၁၈၈၅ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သဖြင့် ဗက်တီးရီး ယား၏အမည်တွင် သူ၏အမည် ကိုပါ ဂုဏ်ပြုထည့်သွင်း၍ Escherichia coli ဟုခေါ်ဆိုရာမှ E  Coli ဟု အမည်တွင်လာခြင်း ဖြစ်သည်။
 

ရန်ကုန်မြို့ရှိ လမ်းဘေးအကင် ဆိုင်အချို့မှ ရောင်းချသော အကင် များတွင် အီကိုလိုင်ဗက်တီးရီး ယားကို ယမန်နှစ်က တွေ့ရှိခဲ့ ဖူးကြောင်း သိရသည်။

Saturday, June 11, 2011

အီကိုလိုင် ရောဂါပိုးကြောင့် EU မှဟင်းသီးဟင်းရွက် တင်သွင်းမှု ပိတ်ပင်ထားခြင်းအား ရုရှားပြန်လည်ရုပ်သိမ်း


European Commission President Jose Manuel Barroso (R), Russian President Dmitry Medvedev (C) and EU President Herman Van Rompuy (L) attend a press conference after the end of Russia-European Union (EU) talks in Nizhny Novgorod, Russia, on June 10, 2011.
 

လူတွေကို သေစေခဲ့တဲ့ အီးကိုလိုင် (E.Coli) ရောဂါ ပြန့်ပွားမှုကြောင့် EU ဥရောပသမဂ္ဂက ဟင်းသီးဟင်းရွက် တင်ပို့မှုကို ယာယီအားဖြင့် တားမြစ်ခဲ့တာကို ရုရှားနိုင်ငံက ပြန်လည် ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိပါတယ် ။

ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) နဲ့ ဥရောပသမဂ္ဂ ကော်မရှင် အကြီးအကဲတို့ဟာ ရုရှားအလယ်ပိုင်း မြို့ကြီး နစ်ဇ်နီ နော့ဗ်ဂိုရော့ဒ် (Nizhny Novgorod) မှာ ၂ ရက်ကြာ ဆွေးနွေးခဲ့အပြီး ရုရှားနဲ့ ဥရောပတို့က ပူးတွဲ ကြေညာချက်ထုတ်ပြီး အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

Friday, June 10, 2011

လျှပ်တစ်ပျက်ဂျာနယ်ပါ ဆောင်းပါးရှင်သံလျက်၏ " ဒီလို ရှိတယ်အိုဘယ့်ဆေးဆရာ" ဆောင်းပါးအား မြန်မာနိုင်ငံ ဆရာဝန်အသင်း (မန္တလေး) မှပြင်းထန်စွာရှုံ့ချကန့်ကွက်

၂၀၁၁ခု၊ ဇွန်လ (၃)ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၃)၊ အမှတ် (၃၉) စာမျက်နှာ (၁၃) တွင်ဖော်ပြပါရှိသော ဆောင်းပါးရှင် သံလျက် ၏ “ဒီလိုဒီလိုရှိတယ် အိုဘယ့်ဆေးဆရာ” ဆောင်းပါး အား ပြင်းထန်စွာဆန့်ကျင်ရှုံ့ချသည့် ကြေညာချက်တစ်စောင်အား မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) မှ ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါသည် ။

အဆိုပါကြေငြာချက်အား ၂၀၁၁ခုနှစ်၊ ဇွန်လ (၆)ရက် တနင်္လာနေ့တွင် ကျင်းပသော အလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်အရ အသင်း၏ ဥက္ကဌ ဖြစ်သူ ပါမောက္ခ ဒေါက်တာသစ်လွင်မှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီး ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။

မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)၏ သဘောထားကြေညာချက်


၁။အဖိုးတန်သောလူ့အသက်များစွာကို ကယ်တင်ရသည့် ဆေးပညာရှင်ဆရာဝန်များ အဖို့ ဆေးပညာရှင် ဆရာဝန်တစ်ဦးအဖြစ် လူနာအများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်မှာ ဆေးပညာ အတတ်ကို အောင်မြင်ပေါက်မြောက်စွာ တတ်ကျွမ်းပြီးဖြစ်သည်ဟု နိုင်ငံတော်အစိုးရနှင့် မြန်မာနိုင် ငံဆေးကောင်စီတို့က အသိအမှတ်ပြုရန် လိုအပ်ပေရာ ဆေးပညာရှင်များသည် ကောင်းမွန်စွာ လေ့လာ ဆည်းပူးထားသောအတတ်ပညာရှင်များ(Professionals)ဖြစ်ကြောင်းထင်ရှားပါသည်။ မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး) သည် ဆေးပညာရပ်များ ကို အောင်မြင်ပေါက်မြောက်စွာ တတ်ကျွမ်းပြီးဟု အသိ အမှတ်ပြုထားခြင်း ခံရပြီးသောဖြစ်သော အဖွဲ့ဝင်ဆရာဝန် များ ဖြင့်ဖွဲ့စည်းထားသောအသင်းကြီးဖြစ်ပါသည်။
 
၂။ ၂၀၁၁ခု၊ ဇွန်လ (၃)ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ(၃)၊ အမှတ် (၃၉) စာမျက်နှာ (၁၃) တွင်ဖော်ပြပါရှိသော ဆောင်းပါးရှင် သံလျက် ၏ “ဒီလိုဒီလိုရှိတယ် အိုဘယ့်ဆေးဆရာ” ဆောင်းပါးသည် အယူအဆမှား၊ အချက်အလက်မှား၊ အတွေးအခေါ်မှားတို့ဖြင့် ဆရာဝန်နှင့်လူနာအကြား၊ ဆေးပညာရှင်များနှင့် ပြည်သူလူထုအကြား အခိုင်အမာတည်ဆောက် ထားရှိပြီးဖြစ်သည့် ယုံကြည်မှုကို ပျက်ပြားစေနိုင်သည်ဟု မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး)က ယူဆပါသည်။

မြောက်ဦးမှ တွေ့ရတဲ့ဘုရားမှာ ရွှေဘုရားမဟုတ်ဟုဆို

ပြီးခဲ့တဲ့ဇွန်လ ၁ ရက်နေ့က မြောက်ဦးမြို့ လောကမဉ္စူ ဘုရား ပြုပြင်ရေး လုပ်နေစဉ် ရှာဖွေ တွေ့ရှိခဲ့ရတဲ့ ဘုရား ဆင်းတုတော်များထဲက အလေးချိန် လေးပိဿာကျော် ရှိတဲ့ ဘုရား ဆင်းတုတော်ကို ဇွန်လ ၅ ရက်နေ့မှာ ကျွမ်းကျင်သူ ပညာရှင်များနဲ့ စစ်ဆေး လိုက်တဲ့အခါမှာ မူလ သတင်းတွေထဲမှာ ပါသလို ရွှေဘုရား မဟုတ်ဘဲ ကြေးဆင်းတုတော်ကို ရွှေရည်စိမ် ထားတာသာ ဖြစ်တာကို တွေ့ရတယ်လို့ သတင်းရပါတယ်။
ဒီဆင်းတုတော်ကို တွေ့ပြီးတဲ့နောက် ရှေးဟောင်း သုတေသနဌာနက သူတို့ လုပ်ထုံး လုပ်နည်း အတိုင်း အမျိုးအစား ခွဲခြားဖို့ အတွက် နေပြည်တော်ကို သယ်ဆောင်ဖို့ စီမံနေတဲ့ အချိန်မှာ ရခိုင်အမျိုးသား တိုးတက်ရေး ပါတီအမတ် ယဉ်ကျေးမှုဝန်ကြီး ဦးအောင်သန်းတင်က ဒေသခံ ပန်းတိမ်ဆရာနဲ့ စစ်ဆေးပြီး ရွှေဘုရား ဖြစ်တယ်လို့ ဆုံးဖြတ်လိုက်တဲ့ အတွက် သံဃာများ၊ ဒေသခံများက နေပြည်တော်ကို ယူဆောင် စစ်ဆေးတာကို လက်မခံဘဲ ရတနာမာန်အောင် ဘုရားဂေါပကရုံးမှာ သိမ်းပြီး ကိုးကွယ်ဖို့ လုပ်ခဲ့တာ ဖြစ်ပါတယ်။
အခုတော့ နေပြည်တော်က ရောက်လာတဲ့ ပညာရှင်များနဲ့ ဒေသခံ ပန်းတိမ်ဆရာငါးဦး ပူးပေါင်း စစ်ဆေးတဲ့ အခါကျတော့ ရွှေဆင်းတု မဟုတ်ဘဲ ဝေသာလီခေတ် နောက်ပိုင်း လေးမြို့ခေတ်ဦး ဈာနမုဒြာဟန် ကြေးဆင်းတု ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ရှိ ထူးချွန်ဟက်ကာ ၄ ဦးတွင် တစ်ဦး FBI အတွက်အလုပ်လုပ်နေသူများဖြစ်

Cumbajohnny ဟုလူသိများသည့် အမေရိကန်အစိုးရဟက်ကာတစ်ဦး

ကွန်ပျူတာ ဟတ်ကာများ (hackers) က မိမိရဲ့ ဒေတာအချက်အလက်များ ဖောက်သွားမှာကို စိုးရိမ်နေပါသလား။ သို့မဟုတ် ဟတ်ကာ လူငယ်များ အလုပ်အကိုင်ကောင်း ရလိုပါသလား။The Guardian သတင်းစာကြီးက မကြာခင်က သတင်းထူးတစ်ခု အဖြစ်ဖေါ်ပြခဲ့ပါသည် ။

အဆိုပါသတင်းတွင် အမေရိကန်တွင် အထူးချွန်ဆုံး ဟတ်ကာများအနက် ၂၅ ရာခိုင်နှုန်း (လေးဦးတွင် တစ်ဦးနှုန်း) မှာ အမေရိကန် အစိုးရ သတင်းထောက်လှမ်းရေး အဖွဲ့ (FBI) အတွက် အလုပ် လုပ်ပေးနေသူများ ဖြစ်သည်ဟု ဆိုသည်။ ဖောက်ထွင်းဝိဇ္ဇာ ဟတ်ကာများက သူတို့ ထူးထူးခြားခြား နှိုက်ရရှိတဲ့အချက်အလက် များကို FBI အေးဂျင့်များသို့  တရားမ၀င်နည်းဖြင့် ရောင်းလေ့ရှိသည်။ ဟတ်ကာတွေက ငွေရရှိဖို့၊ သူတို့ ပြစ်ဒဏ်  လျော့ဖို့ အတွက် ထိုသို့ FBI နှင့် အလုပ်လုပ်ကြသည် ဟုဆိုပါသည် ။

အယ်လ်ဘတ် ဂွန်ဇာလက်
ဥပမာ အနေဖြင့်  ဆိုက်ဘာ အမှောင်လောကမှာ Cumbajohnny ဆိုပြီး လူသိများတဲ့ အဲလ်ဘတ် ဂွန်ဇာလဇ် ဆိုရင် နယူးယော့ခ် ဘဏ်စက်တစ်ခုမှ ငွေများစွာ ခိုးယူမှုနဲ့ ထောင်ကျခဲ့ပြီး၊ ယခု FBI အတွက် လျှို့ဝှက် အလုပ်လုပ်ပေးနေတဲ့ လူငယ် ဖြစ်သည်။ ဂွန်ဇာလဇ် ကို လစာအဖြစ်  FBI မှ တစ်နှစ် ဒေါ်လာ ၇၅,၀၀၀ လျှို့ဝှက်ပေးနေရပါသည် ။

Thursday, June 9, 2011

ဂျာနယ် ၆ မျိုး စိစစ်ရေး ကြိုတင်စရာမလိုဘဲထုတ်ဝေနိုင်ပြီ


လာမယ့် ဇွန်လ ၁၀ ရက် သောကြာနေ့ကစလို့ ဂျာနယ် ၆ မျိုးဟာ စာပေစိစစ်ရေး တင်စရာမလိုဘဲ ထုတ်ဝေခွင့် ရကြတော့မှာ ဖြစ်ပါကြောင်း  ဒီဂျာနယ်တွေအတွက် ထုတ်ဝေခွင့်ဆိုင်ရာ စည်းကမ်းချက်တွေ ထုတ်ပြန်ထားသလို အဲဒီထဲမှာ ပြဿနာ ဖြစ်လာတဲ့ ဂျာနယ်အတွက် ငွေဒဏ်ကနေ ထုတ်ဝေခွင့် ပိတ်တဲ့အထိ အရေးယူ ဆောင်ရွက်သွားမယ့် အဆင့်တွေကိုလည်း အသေးစိတ်လည်းဖေါ်ပြထားကြောင်း သတင်းရရှိပါတယ်။
အဲဒီဂျာနယ်အမျိုးအစားတွေကတော့ အားကစား၊ ကလေးစာစောင်၊ အနုပညာနဲ့ ဂမ္ဘီရအပြင် ကျန်းမာရေးနဲ့ နည်းပညာဆိုင်ရာတွေ အတွက် ထုတ်ဝေနေတဲ့ ဂျာနယ် ၆ မျိုး ဖြစ်ပြီး လာမယ့် သောကြာနေ့ကစလို့ စာပေစိစစ်ရေးကို တင်စရာမလိုဘဲ ထုတ်ဝေပြီးမှ တင်ပြတဲ့ ထုတ်တင်စနစ်နဲ့ စတင်တော့မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ယမန်နေ့ နေ့လယ်က ရန်ကုန် ပြန်ကြားရေးဌာနမှာ သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာတွေ၊ သတင်းထောက်တွေကို ခေါ်ပြီး ရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။
တင်ပြစရာ မလိုတဲ့ အတွက်ကြောင့် သူတို့ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ သက်သာခွင့် ရသွားတယ်ဆိုတော့ အဲဒါကတော့ ကောင်းမွန်ပါကြောင်း ဒါပေမဲ့ လက်တွေ့မှာ ဒီလိုမျိုး မူတွေ ချထားပေမဲ့ ဘယ်လိုဖြစ်လာမလဲ၊ လက်တွေ့ ဘယ်လိုမျိုး အရေးယူ ဆောင်ရွက်မလဲ၊ ဘယ်ဟာက စည်းကမ်းချက်နဲ့ ငြိတယ်၊ မငြိစွန်းဘူး၊ ဘယ်ဟာတွေကို ငွေရေးကြေးရေးနဲ့ အရေးယူမယ်၊ မယူဘူး ဆိုတဲ့ဟာကတော့ လက်တွေ့ကျမှပဲ ကျနော်တို့ သိနိုင်မှာဖြစ်ကြောင်း ပြည်တွင်းဂျာနယ် သတင်းထောက်တစ်ဦးက သုံးသပ်ပြောကြားခဲ့ပါတယ် ။

ချိန်ခွင်ကြိုးပြတ် လျှာကပ်နေပါတဲ့ US ရဲ့ လူ့အခွင့်အရေးမှတ်တမ်း

ကမ္ဘာ့ငပွကြီးက သူနဲ့ ဆက်ဆံခွင့် ရဖို့အရေး၊ Sanction ပယ်ဖျက်ပေးဖို့ အရေးတို့ အတွက် လူ့အခွင့်အရေး လူ့အခွင့်အရေးနဲ့ တစ်စာစာ အော်ရင်း ရှေ့တန်း တင်လာတယ်ဗျ။ ခက်တာက ကျုပ်တို့နိုင်ငံက ဘာတွေလုပ်မိလို့ ဘာတွေကို ရပ်တန့်ပေးရမှန်း မသိတာပါပဲ။
အဲဒီ အဓိပ္ပါယ်ဖွင့်ဆိုရ ရှုပ်ထွေးလှတဲ့ လူ့အခွင့်အရေး ဆိုတာကြီးဟာ စပြီး အသံကျယ်လာ ကတည်းက နားမလည် တလည်နဲ့ နိုင်ငံငယ်တွေ အပေါ် လူပေါ် လူဇော်လုပ်ဖို့ ထွင်လိုက်တဲ့ မာရ်နတ်ရဲ့ လက်နက်ကြီး ဆိုတာ သိပြီးသားလို့ ပြောရရင် လွန်မလားပဲ။ ဘာလို့ဆို ကျုပ်တို့လည်း နားထဲ ကျလိကျလိဖြစ်လို့ မနေနိုင်မထိုင်နိုင် Data တွေ ကိုင်ရတော့တာကိုး။ အဲဒီမှာတွင် US ရဲ့ စုတ်ပဲ့ချက်တွေကို သူ့အလိုလို တွေ့ရပါရောဗျား။ တကယ့်ကို ဆိုးရွားလှတယ်လို့ ကမ္ဘာက သတ်မှတ်ထားတဲ့ ခေါင်းဆောင်တွေကို သူ့အလိုကိုလိုက် သူ့အကြိုက်ကို ဆောင်တဲ့အခါ အဲဒီသူတွေ သူ့နိုင်ငံထဲမှာ ဘာတွေ လုပ်ပလေ့စေ၊ အမျိုးမျိုး ထောက်ခံ၊ ထောက်ပံ ခဲ့တာများ ရွံစရာကြီးပါဗျား။
ဆာနီအဘာချာ (နိုင်ဂျီးရီးယား)၊ အီဒီအာမင် (ယူဂန္ဓာ)၊ ဟူဂိုဘန်ဇာ (ဘိုလီးဗီးယား)၊ ဘာတစ္စတာ (ကျူးဘား)၊ ပစ်ဘိုသာ (တောင်အာဖရိက)၊ ဟန်ဘာတိုဘရန်ကို (ဘရာဇီး)၊ ရာအူးလ်ဆီးဒရက်စ် (ဟေတီ)၊ ဗီနီစီယိုဆီရီဇို (ဂွာတီ မာလာ)၊ ချန်ကေရှိတ် (တိုင်ဝမ်)၊ ရော်ဘာတိုဆူယာဇိုကော်ဒိုဗာ (ဟွန်ဒူရပ်စ်)၊ အယ်လ်ဖရက်ဒိုခရစ်ရှန်နီ (အယ်လ်ဆာဗေဒို)၊ ငိုဒင်ဇင်း (တောင်ဗီယက်နမ်)၊ ဆမ်မြူရယ်ဒိုး (လိုင်ဘေးရီးယား)၊ ဖရန်ကွိုက်စ် ဒူဗာလီယာ (ဟေတီ)၊ ဂျင်းကလော်ဒီဒူဗာလီယာ (ဟေတီ)၊ ဆော်ဒီဘုရင်အဇစ်ဖဒ်ဘင်အဗ္ဗဒူ၊ ဖရန်ကို (စပိန်)၊ ဟစ်တလာ (ဂျာမဏီ)၊ မော်ရိုကိုဘုရင်ဟက်ဆန် -၂၊ မားကို့စ် (ဖိလစ်ပိုင်)၊ မာတီနက်ဇ် (အယ်လ်ဆာဗေဒို)၊ မိုဘူတ (ဇိုင်ယာ)၊ နိုရီယေးဂါး (ပနားမား)၊ တူဂတ်အိုဇယ် (တူရကီ)၊ အီရန်ရှားဘုရင်၊ ဂျော့ခ်ျပါပါဒိုပေါလော့စ် (ဂရိ)၊ ပတ်ချွန်ဟီး (တောင်ကိုရီးယား)၊ ပီနိုချက် (ချီလီ)၊ ပိုပေါ့ (ကမ္ဘောဒီးယား)၊ စီတီဗန်နီရာဗန်ကူ (ဖီဂျီ)၊ အက်ဖရင်ရိုင်ယော့စ်မွန့်တ် (ဂွာတီမာလာ)၊ ဟေလီဆာလက်စီ (အီသီယိုးပီးယား)၊ အန်တိုနီယိုဆာလာဇာ (ပေါ်တူဂီ)၊ အနက်စ်တာစီယိုဆိုမိုဇာ-စီနီယာ (နီကာရာဂွာ)၊ အနက်စ်တာစီယိုဆိုမိုဇာ- ဂျူနီယာ (နီကာရာဂွာ)၊ အီယန်စမစ် (ရိုဒီးရှား)၊ အယ်လ်ဖရက်ဒိုစထရိုစ်နာ (ပါရာဂွေး)၊ ဆူဟာတို (အင်ဒိုနီးရှား)၊ ရာဖေးလ်ထရူဂျီလို (ဒိုမီနီကန်)၊ ဂျော့ခ်ျရာဖေးလ်ဗီဒဲလာ (အာဂျင်တီးနား)၊ ဇီယာအူးလ်ဟတ် (ပါကစ္စတန်) စတဲ့သူတွေဟာ သူတို့အနောက်က လူတွေ ပြုစုထားတဲ့ စာရင်းအရ လူ့အခွင့် အရေးဆိုတာ ချိုနဲ့လား မေးတဲ့သူတွေပဲ ဖြစ်တယ်ဗျ။ တစ်ချို့ဆို လူတွေ အစုလိုက် အပြုံလိုက်ကို သတ်ကြတာ။ ဒါတွေကို US က ထောက်ခံ ရပ်တည် ပေးခဲ့တာဆိုပဲ။ အဲဒီထဲက တစ်ချို့ကျတော့ US ရဲ့ ရန်သူတွေပါလို့တော့ မပြောနဲ့။ နဂိုက ဘာတွေ ဆိုးနေဆိုးနေ သူ့မထိခင်က အကောင်း ပြောနေပြီး၊ သူ့စကား နားမထောင် တော့မှ ထကြိတ်တော့တာ (ဥပမာ။ ဟစ်တလာ၊ နိုရီယေးဂါးပေါ့)
အဲဒီပုဂ္ဂိုလ်တွေထဲက အများစုဟာ CIA က ကြိုးကိုင်တဲ့ အာဏာ သိမ်းမှုတွေကနေ အာဏာ ရလာတာဆိုပဲ။ ဘာအတွက် အဲဒီပုဂ္ဂိုလ်တွေ လုပ်သမျှ US က မျက်စိမှိတ် လည်ပင်း ဖက်နေရသလဲဆို သူတို့ နိုင်ငံတွေထဲက သဘာဝ ရင်းမြစ်တွေကြောင့်၊ ဈေးချိုတဲ့ အလုပ်သမားတွေ ရလိုမှုကြောင့်၊ ကွန်မြူနစ်ဝါဒကို ပူးပေါင်း နှိမ်နင်းဖို့ အတွက်ကြောင့်လို့ ဆိုပါဗျား။ တစ်ချို့ဆို အခုထိ ထိမရ တို့မရ သက်ရှိ ထင်ရှား ရှိနေကြတယ် ဆိုပဲ။

Wednesday, June 8, 2011

ရန်ကုန် - မန္တလေး ရထားဗုံးခွဲခဲ့သည့် တရားခံမိပြီ

မေလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သော ရန်ကုန်-မန္တလေး အမြန်ရထား ပေါ်တွင် ဗုံးဖေါက်ခွဲခဲ့သည့် တရားခံ အား သက်ဆိုင်ရာမှ ပြည်သူများ၏ အကူအညီဖြင့် ဖမ်းဆီးရမိကြောင်း ယနေ့ထုတ်ကြေးမုံ သတင်းစာ တွင် ဖေါ်ပြထားပါသည်။

တရားခံမှာ ကရင်ပြည် နယ်သံတောင်မြို့နယ် လိပ်သိုရာဒို အုပ်စု ဒ၀ါလော်ချီးကျေးရွာမှ အဖ ဦးဖူးတဲ၏သား ကျော်ဒီ (ခ) မာရီနိုဖြစ်ကြောင်း ၄င်းသည် KNU သောင်းကျန်းသူများ ထံတွင် ဖေါက်ခွဲရေးသင်တန်း တက်ရောက်ကာ ၂နှစ်ခန့်တာဝန်ထမ်းဆောင်ဘူးသူဖြစ်ကြောင်း  ၊ ယခုအခါ KNU တပ်မဟာ ၂ ရင်း ၅ မှဖေါက်ခွဲရေးတာဝန်ခံ ဗိုလ်အဆင့်ရှိ ရှာလစ်ခွေနှင့် ဆက်သွယ်မိပြီး ၄င်း၏စေခိုင်းချက်အရ ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း နှင့် ၄င်း၏ ဖေါက်ခွဲရေးဆောင်ရွက်ခဲ့ပုံအဆင့်ဆင့်ကို  နိုင်ငံပိုင် သတင်းစာများတွင် အကျယ်တ၀င့်ဖေါ်ပြ ထားပါသည် ။

တရားခံ ကျော်ဒီ (ခ) မာရီနိုသည် ဖေါက်ခွဲမှု ပြုလုပ်ပြီးထွက်ပြေးလွတ်မြောက်ရန် ပင်လောင်းလမ်းအတိုင်း ပုန်းရှောင်ထွက်ပြေးစဉ် သက်ဆိုင်ရာလုံခြုံရေးဝန်ထမ်းများက ပြည်သူများ၏ ပူးပေါင်း ကူညီမှုဖြင့် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ပါသည် ။ 

ရထားဗုံးပေါက်ကွဲစဉ်က အစိုးရ၏ လုံခြုံရေးပေါ့လျှော့လေဟန် ၊ ပြည်သူများမလုံမခြုံနေရလေဟန် ညတွင်းချင်း သတင်းများဝေေ၀ဆာဆာထုတ်လွှင့်ခဲ့သော ပြည်ပမီဒီယာအသီးသီးဟာ တရားခံ မိချိန် မှာတော့ နှုတ် ဆိတ်နေတာကိုကြည့် ခြင်းအားဖြင့် ဒီအသံလွှင့်ဌာနတွေဟာ ရည်ရွယ်ချက်ကောင်း မရှိတာ ပေါ်လွင်နေတယ်လို့ သုံးသပ်ပြောဆိုမှုများရှိကြောင်း လည်းသိရပါတယ် ။

Tuesday, June 7, 2011

အကြံကုန်ဂဠုန်ဆားချက် ခရီးထွတ်တော့မယ်ဆိုတဲ့ မဟဝါ

စာခြောက်ရုပ်မ တစ်ယောက် နေအိမ် အကျယ်ချုပ်က လွတ်လာပြီး နည်းနည်းလေး အရှိန်ရလာတာနဲ့ နေမရထိုင်မရ ဖင်တကြွကြွဖြစ်လို့ ခရီးထွက်မယ် လုပ်လာပြန်ပါတယ်။ ထွက်ဆိုလည်း ထွက်စေပေါ့ဗျား။ သို့သော် မထွက်ခင် ကတည်းက လူဝါးဝလို့ အစိုးရမှာ သူ့လုံခြုံရေး တာဝန် ရှိတယ်တဲ့ဗျ။ သူကလည်း နှုတ်ထွက် စကားနဲ့ အရှက်တရား ဗလာ၊ အားမနာ လျှာမကျိုး လေဆိုး ထိုးလာသလို၊ သူ့နောက်ကနေပြီး အကြံကြီး ကြံနေတဲ့ ဒီမိုကရေစီ ဆရာကြီးတွေ၊ သူ့ရဲ့ နောက်မြီးဆွဲ၊ ထဘီထဲက မာန်ဖီနေသူတွေကလည်း ဆွဲဆွဲငင်ငင်နဲ့ အူသံပေးလာကြတယ်။ ကြားခါစက ကျုပ်တို့များ နားကြား မှားသလားလို့ နားဖာကလော်နဲ့ ချေးညှော်ထုတ်ဖို့ ကြိုးစားမိတယ်။ တကယ် ပြောတယ် ဆိုတာ သေချာတော့မှသာ၊ မြတ်စွာဘုရား ---- နိုင်ငံအတွက် ခြူးတစ်ပြား မနီး၊ အချည်းနှီး ဖြစ်တဲ့ သူ့ခရီးကိစ္စ၊ အစိုးရမှာ တာဝန် ရှိတယ်လို့ ဘယ့်နှယ် ပြောရဲပါလိမ့် ဆိုပြီးလည်း အူထဲကျလိ ကျလိ ဖြစ်အောင် ရယ်ချင်မိတယ်။ ဒီလောက် တောင်မှ ကိုယ့်လမ်းစဉ်ကိုယ် မယုံကြည်တော့ပါလား ဆိုပြီးတော့လည်း ဂရုဏာ သက်ပြင်းကြီး ချမိတယ်။ ပြည်သူကို သောက ပိုအောင် Sanction ကအစ ဒုက္ခ အဝဝ ကြုံတွေ့ရအောင် ခပ်ပြောင်ပြောင် လုပ်ထားတော့၊ ကြောက်မယ် ဆိုလည်း ကြောက်စရာပေါ့လေ။
တကယ်တော့ သူဟာ အခုချိန်မှာ ပြည်သူထဲက ပြည်သူ တစ်ယောက်ပါပဲ။ နည်းနည်းမှ စဉ်းစားမရတာက ဘာအတွက်နဲ့ သူ့ကိုမှ ကွက်လို့ လုံခြုံရေး လုပ်ပေးပါလို့ တောင်းဆို ရတာလဲ ဆိုတာကိုပါ။ မြန်မာနိုင်ငံမှာ သူ့ဘာသာ ခရီးသွားနေကြတဲ့ ပြည်သူတွေ အများကြီးဟာ နိုင်ငံတော်အနှံ့ ဥဒဟို သွားလာ နေလိုက်ကြတာများ ပျားပန်းခပ်လို့ပါ။ ဘယ်သူကမှ ဘာကိုမှ စိုးရိမ် ကြောင့်ကြစရာ မလိုဘူး။ နေ့နေ့ ညည အေးချမ်း လိုက်ပါဘိ။ နေရာတကာ လူတွင်ကျယ် လုပ်တတ်တဲ့ ဒီမိုကရေစီ ဘိုးအေ နိုင်ငံကြီးလို ၆ မိနစ်တိုင်းမှာ အမျိုးသမီး တစ်ယောက် မုဒိမ်းကျင့် ခံနေရတဲ့၊ မိနစ်တိုင်း လူတစ်ယောက် ဓားပြတိုက် ခံနေရတဲ့၊ ၃၄ မိနစ်တိုင်း လူတစ်ယောက် အသတ်ခံ နေရတဲ့၊ ၁၅ စက္ကန့်တိုင်း နေရာတစ်ခု ဖောက်ထွင်း ခံနေရတဲ့၊ ၂၇ စက္ကန့်တိုင်း ကားတစ်စီး အခိုးခံနေရတဲ့၊ ၅ စက္ကန့်တိုင်း တစ်ယောက်ယောက် အခိုးခံနေရတဲ့၊ ၂၂ စက္ကန့်တိုင်း တစ်ယောက်ယောက် အကြမ်းဖက် တိုက်ခိုက်ခံ နေရတဲ့၊ ၃ စက္ကန့်တိုင်း တစ်ယောက်ယောက် လုယက်ခံနေရတဲ့၊ ၃၄ စက္ကန့်တိုင်း တစ်ယောက်ယောက် လက်ရောက်မှု ကျူးလွန်ခံနေရတဲ့ အခြေအနေမျိုးတော့ အိမ်မက်တောင် မမက်ဖူးပါဗျား။