xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: September 2011

Friday, September 30, 2011

နိုင်ငံတော် သမ္မတက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ပေးပို့သော သဝဏ်လွှာမှ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် အချက် ၅ ချက်

နှစ် ၃၀ လျှပ်စစ် မဟာဗျူဟာ စီမံကိန်းအရ နောက်ထပ် ရေအားလျှပ်စစ် စီမံကိန်း ၆၄ ခုနှင့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အား စက်ရုံ ၃ ရုံ အပါအဝင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စက်တပ်ဆင်အား လေးသောင်းကျော် ထုတ်လုပ်နိုင်သည့် အလားအလာ ရှိပါသည်။

အဆိုပါ စီမံကိန်းများတွင် ကချင်ပြည်နယ်ရှိ မေခနှင့် မလိခ မြစ်ဝှမ်းရှိ ဧရာဝတီ မြစ်ဆုံ စီမံကိန်း ၈ ခု အပါအဝင် ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငွေအရင်းအနှီးဖြင့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပထမအဆင့် လုပ်ဆောင်လျက်ရှိရာ ယခုအခါ အဆိုပါမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း အောက်ပါအတိုင်း စိုးရိမ်ပူပန်မှုများ ရှိပါသည်။

(၁) ကချင်ပြည်နယ် မြစ်ဆုံပိုင်းအတွက် သဘာဝပေးထားသော Lank Mark များ ဖြစ်သည့် မြစ်ဆုံ သဘာဝအလှ ပျောက်ကွယ်သွားနိုင်ခြင်း

(၂) မြစ်ညာပိုင်းရှိ တိုင်းရင်းသား ကျေးရွာများ ရေမြုပ်၍ ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးပျက်စီးနိုင်ခြင်း

(၃) ပုဂ္ဂလိက ငွေအရင်းအနှီးများ စိုက်ထုတ်၍ စီးပွားဖြစ် စိုက်ပျိုးထားသည့် ကျွန်းခင်းနှင့် ရာဘာခင်းများ ပျက်စီးသွားနိုင်ခြင်း

(၄) ရာသီဥတု ဖောက်ပြန်မှုကြောင့် မြောက်ဖျားပိုင်းရှိ ရေခဲတောင်များ ပြိုခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြင်း၊ အင်အားပြင်းထန်သော ငလျင်များ ဖြစ်ပေါ်လာပါက မြစ်ဆုံအောက်ပိုင်းရှိ မြို့ရွာများ သေကြေပျက်စီး ဆုံးရှုံးနိုင်ခြင်း

Thursday, September 29, 2011

အမေရိကန်မှ တရုတ်(တိုင်ပေ)သို့လက်နက်ရောင်းချ တရုတ်ကအမေရိကန်သံအမတ်ကို ခေါ်ယူသတိပေး



စက်တင်ဘာ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံသည် တရုတ် (တိုင်ပေ)၏ F 16 တိုက်လေယာဉ် များအား နည်းပညာတိုးမြှင့် တပ် ဆင်ပေးရန် ဆုံးဖြတ်ချက် အပေါ် တွင် မကျေနပ်ကြောင်း တရုတ်နိုင်ငံ ၌ အမေရိကန် သံအမတ်ကြီးကို ခေါ်ယူ၍ သတိပေးစကား ပြောကြား ခဲ့သည်။  ယင်းလုပ်ရပ်မှာ အမေရိကန် နှင့် တရုတ်တို့၏ စစ်ရေးသဘော တူညီမှုနှင့် နှစ်နိုင်ငံရေး ဆက်ဆံ ရေးကို ထိခိုက်စေနိုင်ကြောင်း ထပ် လောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် အမေရိကန်နှင့် တရုတ်(တိုင်ပေ) တို့၏ စစ်ရေး ပူးပေါင်းဆောင်ရွက် နေမှုများအားလုံးကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဖော်ပြထားသည်။


ခြိမ်းခြောက်မှုများကြောင့် နှစ်နိုင်ငံ သံတမန်ရေးနှင့် စီးပွားရေး   ဆောင်ရွက်မှုများစွာမှာ ထိခိုက်မှုများ ရှိခဲ့ရကြောင်း သိရသည်။ ၄င်းကိစ္စကြောင့် တရုတ်ဒုတိယ သမ္မတကို ဆောင်းဦးပေါက် ရာသီ တွင် အမေရိကန်သို့စေလွှတ်ရန် ပြင် ဆင်ထားပြီး အဓိက အချက်မှာ အမေရိကန်နှင့် တရုတ်အကြား ပြန်လည် တည်ဆောက်ရေးကို အကောင် အထည်ဖော်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ 

Tuesday, September 27, 2011

ELEVEN မှာ Comment ရေးပါ



အေးချမ်းစွာဖြင့် တိုင်းပြည်ကို အပြုသဘောပြုပြင်ပြောင်းလဲနေသော နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကို အ မနာပ ပြောဆိုရေးသား လိုပါသလား....?

ပြည်ထောင်စုဝန်ကြီးများကို ပုတ်ခတ်ပြောဆိုခြင်း ၊ ဂုဏ်သရေညိုးနွမ်းအောင် ရေးသားခြင်း ဆဲဆိုခြင်း စွပ်စွဲပြောကြားခြင်းများ ကို တရားဝင်သဖွယ် ရေးသားလိုပါသလား ?


ပြည်ထောင်စုသမ္မတနိုင်ငံတော်အစိုးရနှင့် လွှတ်တော်များကို အသရေ ဖျက်သည့်ရေးသားချက်များကို ကမ္ဘာသို့ ပြန့်နှံ့လိုပါသလား ?

အိမ်နီးချင်းတရုတ်ပြည်သူ့သမ္မတ နိုင်ငံကို အပုတ်ချရေးသားလိုပါသလား ?

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဆက်ဆံဆောင်ရွက်နေသော နိုင်ငံတော်စီမံကိန်းမှန်သမျှကို ကန့်ကွက်ကြောင်း နှင့် ပျက်စီးရာပျက်စီးကြောင်း လှုံ့ဆော်လိုပါသလား ..?


ခိုင်မြဲလျက်ရှိသည့် တရုတ် - မြန်မာ ဆက်ဆံရေး ပျက်စီးရာပျက်စီးကြောင်း ရေးသားလှုံ့ဆော်လိုပါသလား..?


ပြည်တွင်းတွင်နေထိုင်လျှက်ရှိသော တရုတ်လူမျိုးများနှင့် မြန်မာလူမျိုးတို့ကြား ပဋိပက္ခ ဖြစ်ပွားစေမည့် အကြောင်းအရာများကို ရေးသားကာ နိုင်ငံရေးအမြတ်ထုတ်လိုပါသလား ?


နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား အထင်အမြင်လွဲမှားစေသော ရေးသားချက် များကို ရေးသားပြီး နိုင်ငံရေးလှုပ်ရှားမှုများ ဖြစ်ပေါ်လာအောင် သွေးထိုးလှုံ့ဆော်လိုပါသလား ?

ကေအိုင်အေ မပြောရဲတဲ့ ဗိုလ်ချုပ်ဂွမ်မော် အကြောင်း

 
(ကေအိုင်အေ အကြောင်း ပြောပြချင်လို့ပါ ဆိုပြီး ပေးပို့လာတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ စာရေးသူက ဆောင်းပါးရှည်ကြီး ရေးပို့လိုက်ပေမယ့် ပို့စ်တင်လို့ ကောင်းအောင် အကြောင်းအရာပေါ် မူတည်ပြီး နှစ်ပိုင်း ခွဲတင်ပေးဖို့ စီစဉ်ထားပါတယ်။ မြန်မာစာ အရေးအသားကို သဒ္ဒါစည်းမျဉ်းနဲ့ ညီအောင် မူရင်း ဆိုလိုချက် မပျက်စေပဲ ပြင်ဆင်တာနဲ့ ခေါင်းစဉ် ရွေးချယ်ပေး တာက လွဲပြီး စာရေးသူရဲ့ မူရင်း ရေးသားချက် အတိုင်း ဖြစ်ပါတယ်။)
 
အစိုးရ သတင်းစာက စက်တင်ဘာလ ၁ ရက်နေ့မှာ ကေအိုင်အေ ဌာနချုပ်မှာ အချင်းချင်း ပစ်ကြလို့ တစ်ယောက် သေပြီး တစ်ယောက် ဒဏ်ရာ ရတယ်လို့ ရေးခဲ့ပါတယ်။ ဒါကို မဟုတ်ဘူးလို့ ကေအိုင်အေက ငြင်းတာလည်း ကြားရပါတယ်။ တကယ်တော့ ဒီအဖြစ်အပျက်ဟာ တကယ်ဖြစ်ခဲ့ပြီး ကေအိုင်အေက ဖုံးဖိထားတာ ဖြစ်ပါတယ်။
 
တကယ်ဖြစ်ခဲ့တာက ဒီလိုပါ။ စက်တင်ဘာ ၁ ရက်နေ့ နေ့လည်မှာ လိုင်ဇာဟိုတယ် လေးထပ် မှာရှိတဲ့ အစည်းအဝေးခန်းကြီးထဲမှာ ကေအိုင်အေ ဗဟိုဌာနချုပ်က ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်၊ ဒုဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ ကေအိုင်အေက အနားယူထားတဲ့ အရာရှိဟောင်းတွေ အစည်းအဝေး လုပ်ပါတယ်။ လုပ်ရတဲ့ကိစ္စက အခု အစိုးရတပ်နဲ့ ပြန်တိုက်တဲ့ စစ်ဆင်ရေးတွေမှာ အရင်တုံးက အနားယူထားတဲ့ လူဟောင်းတွေကို ပြန်ပြီး တိုက်ခိုင်းဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် မြစ်ကြီးနားနဲ့ သံလမ်းရိုး တစ်လျှောက်မှာ အရင် တိုက်ခဲ့ဖူးတဲ့သူတွေကို ပြန်ခေါ်သုံးဖို့ ဖြစ်ပါတယ်။
 
အဲဒီမှာ လူဟောင်း အရာရှိတွေနဲ့ အခုခေါင်းဆောင် ဖြစ်နေတဲ့ ဂမ်ရှောင်၊ ဂွမ်မော်တို့ အငြင်း အခုန် ဖြစ်ကြပါတယ်။ လူဟောင်း အများစုက ငြိမ်းချမ်းရေး မရခင်နဲ့ ငြိမ်းချမ်းရေး ရခါစမှာ အနားယူခဲ့ သူတွေ၊ အနားပေးခံရသူတွေ ဖြစ်ပြီး ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်ပဲ ရှိသူတွေ ဖြစ်ပါတယ်။ အများစုက အဲဒီတုံးက တပ်ရင်းမှူး၊ တပ်မဟာမှူး ဖြစ်နေတဲ့ အင်ဘန်လ ဂမ်ရှောင်၊ ဂွမ်မော် တို့နဲ့ မပြေလည်လို့ အင်အား လျှော့တယ် ဆိုပြီး အနားပေးခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေး ကာလမှာ ကေအိုင်အို၊ ကေအိုင်အေ ခေါင်းဆောင်တွေ မြစ်ကြီးနား၊ မန္တလေး၊ ရန်ကုန်၊ လားရှိုး တက်ပြီး စီးပွားရေးလုပ်၊ မြေ၀ယ်၊ ဖားကန့်မှာ ကျောက်တူး ဆိုတာတွေ လုပ်ခွင့်မရခဲ့ပဲ အိမ်ဆိုင်လေးတွေ၊ စိုက်ပျိုးရေးလေးတွေ လုပ်ပြီး နေကြသူတွေပါ။
 
အဲဒီနေ့ အစည်းအဝေးကို လိုင်ဇာတစ်ဝိုက်၊ တပ်မဟာ ၃ နယ်မြေနဲ့ မြစ်ကြီးနား၊ ဗန်းမော်လမ်း တစ်လျှောက်မှာ နေနေတဲ့ တပ်ထွက် အရာရှိတွေ တက်ရတယ်။ ကေအိုင်အေ ထုံးစံက ကေအိုင်အေထဲ ၀င်ပြီးလို့ ထွက်ခွင့်မရဘဲ ထွက်ပြေးရင် မိဘက နောက်တစ်ယောက် ပြန်အစား ပေးရတယ်။ အဲဒီလို မပေးနိုင်ရင် တပ်ပြေးကို မိရင်သတ်ပါတယ်။ တရားဝင် ထွက်ခွင့် ပေးလိုက်ရင် နေမယ့်ရွာ၊မြို့မှာ ရှိတဲ့ ကေအိုင်အေ တပ်ထွက်တွေ အဖွဲ့ကို သတင်းပို့ရပါတယ်။ အစိုးရ စစ်မှုထမ်းဟောင်း အဖွဲ့လိုပါပဲ။ ကေအိုင်အေက လိုရင် ပြောက်ကျား အဖြစ် သူတို့အခေါ် VGF မှာ ပြန်အမှုထမ်း ရပါတယ်။ အခု အစည်း အဝေးကလည်း အဲဒီ တပ်ထွက်တွေကို တာဝန်ပေးဖို့လုပ်တာဖြစ်ပါတယ်။
 
အစည်းအဝေးမှာ တပ်ထွက် အရာရှိတစ်ချို့က ငြိမ်းချမ်းရေးပျက်ရတာကို အခု ကေအိုင်အေ ခေါင်းဆောင်တွေ ကြောင့်လို့ အပြစ်တင်ကြပြီး လူထုက စစ်မတိုက် ချင်တော့ဘူးလို့ ပြောတယ်။ အပြန်အလှန် အချေတင် ငြင်းရာကနေ ဗန်းမော်ဒေသ တပ်ထွက်အဖွဲ့ ဥက္ကဌ လုပ်နေတဲ့ ဗိုလ်မှူး လဖိုင်ဇော်ဘောက်က သေနတ်ဆွဲပြီး ပစ်ဖို့ လုပ်ပါတယ်။ အဲဒါကို ဂွမ်မော်ရဲ့ ကိုယ်ရံတော် ဗိုလ်ကြီး အောင်ဒွဲက ၀င်ဆွဲပါတယ်။ ဒါပေမယ့် မရတော့ဘဲ အောင်ဒွဲကို တစ်ချက်၊ ဂွမ်မော်ကို နှစ်ချက် မှန်သွားပါတယ်။ အောင်ဒွဲကတော့ ခေါင်းကို မှန်ပြီး ပွဲချင်းပြီး သေသွားပါတယ်။ ဂွမ်မော်ကတော့ ပေါင်နဲ့ ဗိုက်မှာမှန်ပြီး လိုင်ဇာက ခေါင်းဆောင်တွေ တက်တဲ့ ဆေးရုံကို သယ်သွား ရပါတယ်။ အစည်းအဝေးလည်း ပျက်သွားပါတယ်။

Monday, September 26, 2011

KIA အဖွဲ့က လုံခြုံရေးတပ်ဖွဲ့ဝင်များအားအကြောင်းမဲ့ ဖမ်းဆီး တပ်မတော်စစ်ကြောင်းများ လိုက်လံရှင်းလင်းလျှက်ရှိ

လွယ်ကန်ဒေသရှိ KIA ၏တပ်မဟာ ၄ ဌာနချုပ် အား google earth မှ တွေ့မြင်ရပုံ

သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာအစိုးရသစ်သည် တိုင်းရင်းသားလက်နက်ကိုင်များအား တရားဝင် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများပြုလုပ်ကာ ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်၍ လက်တွေ့ကျသော ချဉ်းကပ်ဆောင်ရွက်မှုများကြောင့် အချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပဏာမ ငြိမ်းချမ်းရေးသဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါသည် ။

အလားတူပင် KIA အဖွဲ့နှင့်လည်း ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပြီး ၊ နှစ်ဘက်တပ်များ ယာယီအားဖြင့် အပစ်အခတ်ရပ်စဲထားရန် သဘောတူညီခဲ့သော်လည်း KIA အဖွဲ့သည် လိုက်နာဆောင်ရွက်ခြင်းမပြုသည့်အပြင်  စက်တင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်တွင် မူဆယ်မြို့နယ်၊ မန္တလေး-မူဆယ်လမ်း၊ နမ်အွမ်ကျေးရွာမှ အရှေ့တောင်ဘက် (၈) မိုင်အကွာ ဒီမားကျေးရွာအနီး ရွှေပြည်သစ် ဘိန်းဖြတ်စခန်းနှင့် ကပ်လျက်ရှိသည့် ရဲဘက်အကျဉ်းစခန်းအား KIA တပ်မဟာ ၄ လက်အောက်ခံတပ်များက အကြောင်းမဲ့ ၀င်ရောက်စီးနင်းကာ အကျဉ်းသားများအား ဥပဒေမဲ့ လွှတ်ပေးခဲ့သည့် အပြင် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသူ ၈ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည် ။ မိမိ တပ်မတော်စစ်ကြောင်းများမှ ဆက်သွယ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြန်လည်လွှတ်ပေးရန် ညှိနှိုင်းဆက်သွယ်ခဲ့သော်လည်း ပြန်လည်လွှတ်ပေးခြင်းမရှိခဲ့ပါ ။


ထို့အပြင် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် မြို့သစ်တွင် စိုက်ထူထားသော ဆက်သွယ်ရေးမျှော်စင်ရုံး အား လည်း KIA  အဖွဲ့က စက်တင်ဘာ ၂၄ ရက် ညနေပိုင်းတွင် ၀င်ရောက်သိမ်းပိုက်ကာ လုံခြုံရေး တာဝန်ထမ်းဆောင်နေသူ ၅ ဦးကိုထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြန်ပါသည် ။

ရန်ကုန်မြို့တွင် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့

ဓါတ်ပုံ( 7 Day News ) 
 
ယနေ့ (စက်တင်ဘာ ၂၆) ရက်နေ့တွင် ၂၀၀၇ ခုနှစ် စက်တင်ဘာလ တွင်ဖြစ်ပွားခဲ့သော ရွှေဝါရောင်လှုပ်ရှားမှု လေးနှစ်ပြည့်သည်ကို အကြောင်းပြုကာ ဆန္ဒပြပွဲများ ရန်ကုန်မြို့ အချို့နေရာများတွင် သီးခြားစီဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိပါသည် ။ 
 
သွေးထိုးလှုံဆော်မှုတွေ မပါဘူးတဲ့လား (ဓါတ်ပုံ 7 day news ) 
 
ရန်ကုန်မြို့ ဆူးလေဘုရားအနီးတွင် အင်အား ၅၀ ခန့်ဖြင့်၎င်း  န၀ဒေးရုပ်ရှင်ရုံအနီးတွင် အင်အား ၂၀၀ ခန့်ဖြင့်၎င်း  မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် တပြိုင်နက်နီးပါးဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၏ လူစုခွဲရန် တားမြစ်ဆောင်ရွက်ခဲ့မှုများကြောင့် မွန်းလွဲ ၂ နာရီ ခွဲခန့်တွင် လူစုကွဲသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည် ။ 
 
မြို့တော်ခန်းမရှေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားစဉ်


“'ဒီလိုအချိန်မှာ ဆန္ဒစောတာ မဖြစ်သင့်ဘူး။ တစ်ဆင့် ပြီးတစ်ဆင့် လူယဉ်ကျေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန်ပေးသင့်တယ်။ ဒီလိုဟာကို အကြောင်းပြုပြီး အမျိုးသားရင်ကြားစေ့ရေးကို မလိုလားတဲ့သူတွေ က ဖျက်လိုဖျက်စီးလုပ်မယ့် အန္တရာယ်က ကြီးမားတယ်။ ပြည်သူတစ်ရပ်လုံးအနေနဲ့ စိတ်ရှည်ဖို့လိုပါတယ်”ဟု ၀ါရင့်သတင်းစာဆရာ လူထုစိန်ဝင်း က ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းထုတ် 11 Media Group ၏အင်တာနက်စာမျက်နှာတွင် ဖေါ်ပြပါသည် ။
 

အဆိုပါ လူထုဆန္ဒပြပွဲများကို ဦးဆောင်သူမှာ ဦးဝင်းချို နှင့် ဒေါ်နော်အုန်းလှတို့ ဖြစ်ကြောင်း လည်းသိရပါသည် ။

Voice Of Myanmar

ကေအိုင်အေ၊ ဗိုလ်ချုပ်ဂမ်ရှောင်နဲ့ စပေါ့မှော်လူသတ်ပွဲ

(ကေအိုင်အေ အကြောင်း ပြောပြချင်လို့ပါ ဆိုပြီး ပေးပို့လာတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ စာရေးသူက ဆောင်းပါးရှည်ကြီး ရေးပို့ လိုက်ပေမယ့် ပို့စ်တင်လို့ ကောင်းအောင် အကြောင်းအရာပေါ် မူတည်ပြီး နှစ်ပိုင်း ခွဲတင်ပေးဖို့ စီစဉ်ထားပါတယ်။ မြန်မာစာ အရေးအသားကို သဒ္ဒါစည်းမျဉ်းနဲ့ ညီအောင် မူရင်း ဆိုလိုချက် မပျက်စေပဲ ပြင်ဆင်တာနဲ့ ခေါင်းစဉ်ရွေးချယ်ပေး တာကလွဲပြီး စာရေးသူရဲ့ မူရင်း ရေးသားချက် အတိုင်း ဖြစ်ပါတယ်။)
ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ပြန်ပျက်တော့ ပြည်နယ်သူ၊ ပြည်နယ်သား အများစု စိတ်မချမ်းမြေ့ ကြပါဘူး။ ငြိမ်းချမ်းရေး ကာလတုံးက အေးအေး ချမ်းချမ်း သွားလာ နေထိုင်လို့၊ ရှာဖွေ စားသောက်လို့ ရတယ်။ အကောင်းဆုံးကတော့ အကြောက် တရားကနေ ဝေးနေရတာပဲ။ အကြောက်တရား ဆိုတာ တပ်မတော်ဘက်ကို ကြောက်ရသလို၊ ကေအိုင်အေဘက်ကို ကြောက်ရတာလည်း ပါပါတယ်။ ကချင်ပြည်နယ် အကြောင်း ပြောတဲ့အခါ လူတွေက စစ်တပ်ဘက်က ကျူးလွန်ခဲ့တဲ့ အဖြစ်တွေကိုပဲ ပြောကြပေမယ့် ကချင်ပြည်နယ် လူထုက စစ်တပ်ကို ကြောက်တာထက် ကေအိုင်အေကို ပိုကြောက်ပါတယ်။
ကျွန်တော်တို့ဆီမှာ လူတွေက ကေအိုင်အိုကို သိပ်မသိဘူး။ ကေအိုင်အေကို ပိုသိ၊ ပိုကြောက်တယ်။ တကယ်တော့ ကေအိုင်အိုက နိုင်ငံရေး အဖွဲ့ဖြစ်ပြီး ကေအိုင်အေက လက်အောက်တပ်ပါ။ ကေအိုင်အိုက နယ်တွေမှာ အုပ်ချုပ်ရေး အဖွဲ့တွေ ဖွဲ့ထားပေးပမယ့် ကေအိုင်အေ တပ်မှူးတွေကပဲ အရာရာကို ချုပ်ကိုင်ထားတာ ဖြစ်ပါတယ်။ ကချင်လို ပြောရရင် နယ်မြေ တစ်ခုမှာ တာဝန်ယူရတဲ့ ကေအိုင်အေ တပ်ရင်းမှူး ဆိုတာ မဂျီးရှာအီဒူ ခေါ်တဲ့ ပေါင်စား ဒူဝါကြီးတွေ ဖြစ်ပါတယ်။ ပေါင်စား ဒူဝါဆိုတာက သူ့နယ်မြေထဲမှာ အမဲလိုက်လို့ တောကောင် ရရင်တောင် မုဆိုးက ပေါင်တစ်ပေါင် ဆက်သရပါတယ်။ ကျန်တာကတော့ ပြောမနေနဲ့တော့။ သူ့နယ်ထဲမှာ ဘာလုပ်လုပ်၊ ဘာစားစား သူခွင့်ပြုမှ လုပ်လို့ ရပါတယ်။ ဒါဟာ ဂျင်းဖော လူမျိုးစုတွေ ကြားမှာ ကျင့်သုံးခဲ့တဲ့ ဂွမ်ဆာ (မြေရှင်) အုပ်ချုပ်ရေး စနစ်ရဲ့ အမွေဖြစ်ပါတယ်။
အခု ကေအိုင်အေ ဦးစီးချုပ် လုပ်နေတဲ့ ဗိုလ်ချုပ် ဂမ်ရှောင်ဟာ တပ်ရင်းမှူး ဘ၀တုံးက ကျွန်တော်တို့ ဖားကန့်ဒေသမှာ အင်မတန် ကြောက်ခဲ့ရတဲ့သူပါ။ အင်မတန်မှ ရက်စက်တဲ့သူ ဖြစ်ပြီး ဖားကန့်ဒေသမှာ အခုထိ ပြောစမှတ် တွင်ကျန်ခဲ့သူ ဖြစ် ပါတယ်။ သူ့လုပ်ရပ်တွေထဲက ကျွန်တော် ကိုယ်တိုင် လူငယ်ဘ၀က ကြုံခဲ့ရပုံလေးကို ပြောပြချင်ပါတယ်။
ဗိုလ်ချုပ်ဂမ်ရှောင်က အဲဒီတုံးက ဖားကန့်ဒေသမှာ လှုပ်ရှားနေတဲ့ ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း၆ က တပ်ရင်းမှူး (ဗိုလ်မှူး)ပါ။ သူက ဖားကန့်သား မဟုတ်ပါဘူး။ ဗန်းမော် ဘက်ကလို့ ကြားရပါတယ်။ ကေအိုင်အေ တပ်ရင်းတွေထဲမှာ တပ်ရင်း ၆ တပ်ရင်းမှူးက အင်မတန် အာဏာ ရှိပါတယ်။ ကျောက်စိမ်း မှော်တွေကနေ အခွန်ကောက်တာ၊ မှော်တွေထဲမှာ ဘိန်းဖြူ၊ ဘိန်းမဲရောင်းတာ၊ လောပန်းချင်း အငြင်းပွားတာက အစ သူပဲ ကိုင်ထားပါတယ်။ ကေအိုင်အို အတွက် အခွန်ငွေ အများဆုံး ရှာပေးတဲ့သူလည်း ဖြစ်တော့ ဗဟိုက အလွန်ယုံပြီး အားကိုးတဲ့သူကိုပဲ ထားတာပါ။ မှော်တွေကို မှော်သူကြီးတွေ၊ မှော်ကော်မတီတွေက တဆင့် အုပ်ချုပ်သလို ကိုယ်ပိုင် ကျောက်တွင်းလည်း လုပ်ပါတယ်။ အဲဒီအချိန်တုံးက အခုလို ဖက်စပ် တွင်းတွေ မရှိသေးဘူး။ အစိုးရတပ်က လုံးခင်းနဲ့ ဖားကန့်မြို့နားက အစိုးရတွင်းတွေကိုပဲ အုပ်ချုပ်နိုင်ပြီး အဝေးက မှော်တွေကတော့ ကေအိုင်အေ လက်အောက်မှာပဲ ရှိပါတယ်။
အဲဒီတုံးက ဗိုလ်မှူးဂမ်ရှောင်နဲ့ သူ့အောက်က မှော်တွေကို အုပ်ချုပ်တဲ့ ဗိုလ်ကြီး လှဆိုင်းတို့က မှော်တွေထဲကို ဖိုးဖြန့်တဲ့ လူတွေ ဆီကလည်း အခွန် ကောက်ပါတယ်။ အဲဒီလို လုပ်နေရာကနေ ဘာအဆင်မပြေ ဖြစ်သလဲ မသိဘူး ဂမ်ရှောင် အမိန့်နဲ့ ဖားကန့်၊ လုံးခင်းနယ်မှာ ဖိုးဖြန့်နေတဲ့ လူငါးဆယ်လောက်ကို မှော်တွေထဲမှာ ရင်း၆ က ၀င်ဖမ်းပါတယ်။ တစ်ချို့ကတော့ ဆက်ကြေး အကြွေးကျန်လို့ ဖမ်းတာလို့ ပြောတယ်။ တစ်ချို့ကတော့ ကေအိုင်အို ဗဟိုက ကျောက်စိမ်းပဲ အခွန် ကောက်ခိုင်းပြီး ဘိန်းဖြူ၊ ဘိန်းမဲအတွက် မကောက်ခိုင်းဘူး။ အမေရိကန်က ကေအိုင်အို မူးယစ်ဆေး လုပ်ငန်းမှာ ပါတယ်ဆိုပြီး ပြောလာလို့ ဂမ်ရှောင် ဖားကန့်နယ်က ဘိန်းအရောင်း အ၀ယ်တွေမှာ ၀င်ပါ မပါ တပ်မဟာ ၂ ကို စုံစမ်း ခိုင်းတာကြောင့် နှုတ်ပိတ်တဲ့ အနေနဲ့ သူနဲ့ ပတ်သက်ခဲ့တဲ့ လူတွေကို ဖမ်းတယ်လို့ ပြောတာပဲ။

Friday, September 23, 2011

ခွေးဖြစ်မယ့်တိုင်းပြည်

 အစိုးရလုပ်သမျှကန့်ကွက်မယ် ၊ ဖျက်လိုဖျက်ဆီးလုပ်မယ် ၊ တားမယ်၊ဆီးမယ် အစိုးရကဆက်လုပ်လို့ မှားသွားရင် ငါတို့အစောကြီးထဲကပြောသားပဲလို့ပြောမယ် ၊ မှန်သွားရင် ငြိမ်နေ လိုက်မယ် ဒီအချိုးမျိုးကလူတိုင်းချိုးတတ်တယ်။

နေစမ်းပါဦး...မီးမလာတုန်းကလဲခင်ဗျားတို့ပဲအမျိုးမျိုး ပြောခဲ့ကြတာလေ...ဘာတဲ့
 
- အစိုးရမှာလုံးဝတာဝန်ရှိတယ် ။ ဒေသတွင်းနိုင်ငံများနှင့်စာလျှင် အလွန်နည်းနေတယ်

- မီးမလာလို့ မီးစက်တွေသုံးရ လို့စက်သုံးဆီကုန်တယ်၊ နားညီးတယ်၊ လေထု ညစ်ညမ်းတယ်

- မီးခွက် ဖယောင်းတိုင်တွေသုံးရလို့ မီးဘေးအန္တရယ် စိုးရိမ်ရတယ်

- ခလေးတွေ စာကောင်းကောင်းမကျက်ရ လို့ပညာရေး အတွက်ရင်လေးရတယ်

- ကုန်ထုတ်လုပ်ရာမှာ မီးစက်တွေသုံးရ လို့ထုတ်လုပ်မှုစရိတ် ကြီးပြီးကုန်ဈေးနှုံးတွေတက်မယ် 

- မှောင်နေလို့ ဒုစရိုက်မှု များပိုလာမယ် ဆိုတာတွေလေ....မှတ်မိကြသေးလား
 
 ဒီတော့အစိုးရက အော်..ပြည်သူတွေတော့လျှပ်စစ်မီးတကယ်လိုနေပါလားဆိုပြီး ကမ္ဘာမှာအသုံးများနေတဲ့ ညူကလီယားကထုတ်မယ်ဆိုတော့လဲ အကြောင်းအမျိုးမျိုးပြပြီး ကန့်ကွက်တယ် ဒီတုန်းကလဲ ကန့်ကွက်တဲ့သူတွေ ပြန်ကြည့် ဒီလူတွေပဲ  နောက်ဆုံး အစိုးရကအလျော့ပေးလိုက် ရတယ်...ခင်ဗျားတို့အော်ခဲ့တာတွေ မေ့ချင်ယောင်ဆောင်မနေနဲ့ ကျုပ်ပြန်ပြောပြမယ်

- ဒါစစ် အစိုးရ အာဏာ တည်မြဲအောင်လုပ်နေတာ

- လျှပ်စစ်ထုတ်တာ ဘန်းပြပြီး လက်နက်ထုတ်မလို့နေမှာ

- မလုပ်တတ် မကိုင်တတ်နဲ့ ဓါတ်ငွေ့တွေ ယိုစိမ့်လာရင် လူထု ဒုက္ခရောက်မှာ

- ဒီလိုနည်းနဲ့လင်းမဲ့ အစား အမှောင်ထဲမှာသာနေလိုက်ချင်တော့တာပဲ

- ရုရှားကိုလဲ ပညာတော်သင်တွေ လွှတ်နေတယ်တဲ့ သေချာပါတယ်..ဒါလက်နက်လုပ်တော့မှာ...

- ဒီလိုသာ လက်နက်တွေထုတ်မယ်ဆိုရင် ဒါ.. နိုင်ငံတကာ ဥပဒေတွေကို ချိုးဖေါက်တာပဲ
 
- ဒေသတွင်းငြိမ်းချမ်းရေး ကိုထိခိုက်မယ်.... ဆိုတာတွေလေ..အတိတ်မေ့ကုန်ကြပြီလား......

 
ဒီတော့အစိုးရလုပ်တဲ့သူက ရေအားကနေထုတ်တယ် ရေအားက ထုတ်ရင်တော့ ရေအရင်းအမြစ်တွေမှာ ဆည်တွေဆောက်ရ မှာပဲမဟုတ်ဘူးလား..ဒါဆိုရင် ဒီမြစ်ဆုံရဲ့တရားခံဟာ ခင်ဗျားတို့ပဲမဟုတ်ဘူးလား.. ဘာလို့ အစိုးရကိုလက်ညှိုးထိုးချင်နေရတာလဲ ဘာအခုမှ ဧရာဝတီကိုကယ်တင်ပါတွေ ဧရာဝတီကဖျားတာတွေ ၊ ငိုတာတွေလာလုပ်နေတာလဲ

အရေးပါသော အပြောင်းအလဲများ ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ

(နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ ICG က စက်တင်ဘာ ၂၂ မှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံ အပေါ် သုံးသပ်ချက် ဖြစ်ပါတယ်။ အဲဒီ အဖွဲ့က ဘာသာ ပြန်ထားတဲ့ မြန်မာ ဘာသာ တင်ပြချက်ကို တိုက်ရိုက် ကူးယူ တင်ပြထားတာ ဖြစ်ပါတယ်။)
အရပ်သား တစ်ဝက်ပါသော အစိုးရသစ်သို့ (semi-civilian government ကိုဆိုလိုပါသည်။ ပိတောက်မြေ) အသွင်ကူးပြောင်းရေး ခြောက်လ ကြာပြီးနောက် မြန်မာနိုင်ငံတွင် အဓိက ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီ ဖြစ်ပါသည်။ သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ခုနှစ် မတ်လတွင် ၎င်း၏ အဖွင့် မိန့်ခွန်းတွင် ပြောကြားခဲ့သည့် ရည်ရွယ်ချက် ကြီးမားသော ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို လျှင်မြန်စွာ စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ပါသည်။ အစိုးရဟောင်းကို နှစ်ရှည်လများ ဝေဖန်ခဲ့သူများ အားလည်း အမြင်မတူသည်များ ဘေးဖယ်၍ တိုင်းပြည် ကောင်းကျိုး အတွက် အတူလက်တွဲ အလုပ်လုပ်ရန် အဆိုပြုပြီး လက်လှမ်း မီအောင် ကြိုးစားခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုအခွင့်အရေးကို အရယူပြီး နေပြည်တော်တွင် ခေါင်းဆောင်သစ်နှင့် တွေ့ဆုံခဲ့ပါသည်။ ထို့နောက် သမ္မတသည် တကယ့် အပေါင်း လက္ခဏာ ဆောင်သော ပြောင်းလဲမှုကို လိုချင်ကြောင်း သူမက ပြောပါသည်။ အရှေ့တောင် အာရှ အသင်းကြီးကလည်း မြန်မာနိုင်ငံသည် လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီဟု ယုံကြည်ပြီး၊ မကြာမီ ၂၀၁၄ တွင် အဖွဲ့ကြီး၏ ဥက္ကဌ နေရာကို မြန်မာနိုင်ငံအား ပေးအပ်ရေး အတွက် ဆွေးနွေး ကြမည် ဖြစ်ပါသည်။ ထိုအချက်သည် ပြည်တွင်းရှိ ပြုပြင် ပြောင်းလဲရေး ဝါဒီများကို စွမ်းအားများ ဖြစ်စေပြီး ၎င်းတို့ တိုက်တွန်း ထားသော နိုင်ငံရေးနှင့် စီးပွားရေး ပြန်လည် တည်ဆောက်ရေးကို လုပ်ဆောင်ရန် အချိန် သတ်မှတ် ပေးလိုက် သကဲ့သို့ ရှိနေပါသည်။ ယခုလို အချိန်မျိုးတွင် အနောက်နိုင်ငံ မူဝါဒ ချမှတ် သူများသည် တိုးတက် လာသော အခြေ အနေ အပေါ် တုန့်ပြန် ခြေလှမ်း လှမ်းသင့် ပါသည်။ နိုင်ငံရေး အကျဉ်းသား များအား လွှတ်ခဲ့ပါက အဓိက ခြေလှမ်း များဖြင့် တုန့်ပြန်ရန် ပြင်ဆင် ထားသင့်ပါသည်။
 
သြဂုတ်လ (၁၉)ရက်နေ့ မိန့်ခွန်းတွင် သမ္မတသည် ၎င်း၏ အမြင်ကို ရှင်းရှင်း လင်းလင်း ပြောကြားခဲ့ရာ ၎င်း၏ ရည်မှန်းချက်မှာ နိုင်ငံကို ခေတ်မီ၍ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန် ဖြစ်သည်ဟု ဆိုပါသည်။ ထိုသို့ တည်ဆောက်ရန် အတွက် မည်သည့် ခြေလှမ်းများ လှမ်းရမည် ဆိုသည်ကို လွန်ခဲ့သော (၆) လက ၎င်း၏ ရိုးသားပြီး လတ်ဆတ်သော အဖွင့် မိန့်ခွန်းတွင် ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ အချို့ စောင့်ကြည့် လေ့လာသူများက အဆိုပါ မိန့်ခွန်းကို ‘အပြော’ သာ ဖြစ်ကြောင်း ပြောဆိုပြီး လက်မခံခဲ့ပေ။ သို့သော် နှစ်ပေါင်း များစွာ နိုင်ငံရေး အရ လည်းကောင်း၊ စီးပွားရေး အရ လည်းကောင်း၊ တိုးတက်မှု မရှိဘဲ တန့်နေခြင်းထက် စာလျှင် များစွာ အဓိပ္ပါယ် ရှိပါသည်။ နှစ်ပေါင်း (၅၀)ခန့် အာဏာရှင် အုပ်ချုပ်ရေး စနစ် ပြီးနောက်၊ ယခု အစိုးရသည် မြန်မာနိုင်ငံတွင် နိုင်ငံရေး ခေါင်းဆောင်မှု ပုံစံသစ် ဖြစ်ပြီး၊ လုံးဝ ခြားနားသော အုပ်ချုပ်မှု ဆက်တင် အသစ် ဖြစ်ပါသည်။ ယခင်လ အနည်းငယ်က လုံးဝ မတွေးဝံ့ခဲ့သော ဆွေးနွေးမှုများနှင့် အစပြု လုပ်ဆောင်မှုများကို ခွင့်ပြု လာခဲ့သည်ကို တွေ့ရပါသည်။

ငလျင်ဆိုတိုင်း မတုန်လှုပ်နဲ့



ဒီနိုင်ငံမှာ ဖျက်အားပြင်းတဲ့ ငလျင် ငါးခုပဲလှုပ်ခဲ့ဖူးသေးတယ်။ ၁ ။ ။ ၁၈၃၉ ခု၊ မတ် ၂၁ နဲ့ ၂၃ တုန်းက လှုပ်ခဲ့တဲ့ အင်းဝ ငလျင်။ အင်းဝ၊ အမရပူရနဲ့ စစ်ကိုင်းတို့မှာ လူ ၃ဝဝ-၄ဝဝ သေတယ်။ မြို့ရိုးပြာသာဒ်နဲ့ နန်းတော်ဟောင်းတွေပြိုတယ်။ မြို့ထောင့်စေတီတွေလဲပြိုတယ်။ မင်းကွန်းပုထိုးတော်ကြီး ပျက် စီးတယ်။ နောက်ဆက်တွဲ ငလျင်ငယ်တွေ ခြောက်လ လောက်ဆက်လှုပ်ခဲ့သတဲ့။ 
 
၂ ။ ။ ၁၉၁၂ ခု၊ မေ ၂၃ မှာ လှုပ်တဲ့ မေမြို့ငလျင်။ J.C Brown (၁၉၁၄) က ဒါဟာကျောက် ကြမ်း ပြတ်ရွေ့ကြောင့်လို့ပြော တယ်။ ရစ်ချတာပမာဏ (၈) လောက်ရှိတယ်။ လူနေကျဲပါး တဲ့နေရာမှာ လှုပ်ခဲ့တာကြောင့် ပျက်စီးမှုနည်းတယ်။
 
၃ ။ ။ ၁၉၃ဝ-မေ ၅ ရက်မှာ လှုပ် လိုက်တဲ့ ပဲခူးငလျင်။ ရစ်ချ တာပမာဏ ၇.၃ ရှိတယ်။ ပဲခူးမြို့တောင်ဘက် မိုင် ၂ဝ လောက်ကို ဗဟိုပြုတယ်။ လူ ၅ဝဝ လောက် သေကြေခဲ့ တယ်။ ဒါဟာ စစ်ကိုင်းပြတ် ရွေ့ရဲ့ ရုတ်တရက်လှုပ်ရှားမှု ကြောင့်လို့ဆိုတယ်။ 
 
၎ ။ ။ ၁၉၅၆ ခု၊ ဇူလိုင် ၁၆ ရက်မှာ လှုပ်သွားတဲ့ စစ်ကိုင်းငလျင်။ ရစ်ချတာပြင်းအား-၇ ရှိ တယ်။ လူ ၅ဝ လောက်သေ ပြီး စစ်ကိုင်းမြို့လဲ တော်တော် ပျက်သွားတယ်။ 
 
၅ ။ ။ ပုဂံငလျင်။ ၁၉၇၅ ခု၊ ဇူလိုင် ၈ ရက်နေ့မှာ လှုပ်ခဲ့တာ။ ပြင်း အား ၆.၈ ပဲရှိတယ်။ ဒါပေ မယ့် ရှေးဟောင်းဘုရား တော် တော်များများ ထိခိုက်ပျက်စီး သွားတယ်။ လူအသေ အပျောက် မရှိဘူး။
 
ဆိုတော့ကာ ဒီကနေ့ လူပြော သူပြော သိပ်များနေတဲ့ စစ်ကိုင်းပြတ် ရွေ့တို့၊ ငလျင်ကြိုတင်ခန့်မှန်းတာ တို့ မြို့ပြရဲ့ ငလျင်မြေပုံထုတ်နေတာ တို့ဆိုတဲ့ ငလျင်ကိစ္စ အဝဝတွေဟာ သမိုင်းကြောင်းနဲ့ချီကြည့်ရင်၊ တကယ့်မှတ်တမ်းတွေနဲ့ ချိန်ထိုး ကြည့်ရင်၊ လှံဖျားပုစဉ်းနားသလို ဖြစ် နေတာတွေ့ရပေလိမ့်မယ်။ ငလျင်ဘယ်တော့လှုပ်မယ်၊ ဘယ်လောက် ပြင်းပြင်းလှုပ်မယ်ဆို တာ ဘယ်သူမှကောင်းကောင်းမသိနိုင် သေးဘူး။ ဘယ်ပညာရှင်ကမှ တပ် အပ်မပြောနိုင်သေးဘူး။ ဒီလိုဆိုရင် ပြောင်းပြန်ယူဆနိုင်တာက ငလျင်ဆို တာ လှုပ်ချင်လှုပ်မယ်၊ မလှုပ်ချင် မလှုပ်ဘူး။ ငလျင်ဇုန်ထဲမှာကျရောက် နေတယ်ဆိုတိုင်းလဲ လှုပ်နေတာ မဟုတ်ဘူး။ ဟိုး- မြေကြီးအောက် က အနက်ရှိုင်းဆုံးနေရာတွေကစတဲ့ ဇာတ်လမ်းကို ခန့်မှန်းဖို့ ခုထိမတတ် နိုင်သေးဘူး။ ပြတ်ရွေ့ရှိတိုင်းလဲ ငလျင်မလှုပ် ဘူး။ အကြောင်းတိုက်ဆိုင်မှုရှိမှ လှုပ် တာ။

Monday, September 19, 2011

ဧရာဝတီမြစ်ဝှမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(၃/၂၀၁၁)
ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆိုင်ရာ ခေါင်းစဉ်ပါ ပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဇော်မင်း၏ နှုတ်ခွန်းဆက် အဖွင့်အမှာစကား၊ အလုပ်ရုံဆွေးနွေးပွဲတွင် စာတမ်းရှင်များ၏ ဖတ်ကြားသည့် စာတမ်းများအား PDF ဖိုင်ဖြင့် လည်းကောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာသော သတင်း မီဒီယာများ၏ မေးမြန်းမှုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ဖြေကြားချက်များကို Voice Of Myanmar ပရိတ်သတ်ကြီး အတွက် ကျေးစေတမန် ဘလော့မှဖေါ်ပြချက်များကို ကူးယူ  တင်ပြအပ်ပါသည်။ 
၁၇.၉.၂၀၁၁ ရက်နေ့တွင် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရဲရွာခန်းမ၌ ကျင်းပသည့် ပညာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (၃/၂၀၁၁) "ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင် အပေါ် သက်ရောက်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ"တွင် ပြည်ထောင်စု ၀န်ကြီး ဦးဇော်မင်းက ပြောကြားသည့် နှုတ်ခွန်းဆက် အဖွင့်အမှာစကား
ယနေ့ကျင်းပတဲ့ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနရဲ့ ပညာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (၃/၂၀၁၁) ကို တက်ရောက် လာကြတဲ့ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ တာဝန်ရှိသူများ၊ ဤ၀န်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျှက် ရှိကြသော တိုင်းရင်းသား လုပ်ငန်းရှင်များ၊ အင်ဂျင်နီယာ အရာထမ်း ဟောင်းများနှင့် တာဝန် ထမ်းဆောင်လျှက် ရှိသော အရာထမ်းများ၊ ဤ၀န်ကြီးဌာန၏ In-house Consultants များဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် AF Colenco၊ ဂျပန်နိုင်ငံ အခြေစိုက် NEW JEC တို့မှ အသိပညာရှင်၊ အတတ် ပညာရှင်များနှင့် ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲသို့ စာတမ်း တင်သွင်းမည့် မြန်မာနိုင်ငံမှ BANCA ၊ တရုတ်နိုင်ငံ CPI ကုမ္ပဏီနှင့် Design Institute တစ်ခုဖြစ်သော CISPDR မှ အတတ် ပညာရှင်များ အားလုံး၊ အခြားသော စာတမ်းရှင်များ အားလုံး မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေ၊ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်ဝကြပါစေလို့ ဆုတောင်း မေတ္တာပို့သရင်း နှုတ်ခွန်းဆက်သပါတယ်။
အရည်အချင်း မြင့်မားပြီး အရည်အသွေး တောက်ပြောင်တဲ့ မျိုးဆက်သစ်များ အဖြစ် မွေးမြူ လေ့ကျင့်ခြင်းနှင့် တဆက်တည်းမှာဘဲ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး လုပ်ငန်းခွင်၌ လည်းကောင်း၊ နေ့စဉ် တွေ့ကြုံ ဖြတ်သန်းနေရတဲ့ဘ၀မှာ ကြုံတွေ့နိုင်တဲ့ ကိစ္စရပ်များနှင့် လည်းကောင်း ဆက်စပ်လျှက် ရှိတဲ့ အထွေထွေ ဗဟုသုတပိုင်း ဆိုင်ရာများကိုပါ အသိအမြင် ကြွယ်ဝလာစေမည့် Technical Workshop နှင့် Seminar တွေကို ၀န်ကြီး ဌာနအနေနှင့် စဉ်ဆက်မပြတ် ကျင်းပပေးလျှက် ရှိတယ်၊ ယခုဆိုလျှင် ဤ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွင်း၌ တတိယအကြိမ် အဖြစ် ကျင်းပပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနကို ရေအား လျှပ်စစ် စီမံရေးဦးစီးဌာန၊ ရေအားလျှပ်စစ် အကောင် အထည်ဖော်ရေး ဦးစီးဌာနနှင့် ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း ဟူ၍ ဦးစီးဌာန (၂)ခု၊ လုပ်ငန်းဌာန (၁)ခုတို့ဖြင့် ဖွဲ့စည်း ထားရှိပြီး၊ ရည်မှန်းချက် တာဝန်ကြီး (၃)ရပ် ချမှတ်ကာ ဆောင်ရွက်လျက် ရှိပါတယ်။ ရည်မှန်းချက် တာဝန်တွေကတော့-
(က) တည်ဆောက်ဆဲ လျှပ်စစ် စီမံကိန်းများ အမြန်ပြီးစီးရေး၊
(ခ) တည်ဆောက်ပြီး ဓာတ်အားပေး စက်ရုံများအား စက်စွမ်းအားပြည့် လည်ပတ်ရန်နှင့် ဓာတ်အား ထုတ်လုပ်ရန်၊
(ဂ) ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အသစ်များမှ လျှပ်စစ် ဓာတ်အား တိုးတက် ထုတ်လုပ်ရန်တို့ပဲ ဖြစ်တယ်။
မြန်မာနိုင်ငံဟာ ရေအား သယံဇာတ အရင်းအမြစ် များစွာ ဖွံ့ဖြိုးတဲ့နိုင်ငံ ဖြစ်သည့် အားလျော်စွာ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သော ရေအား လျှပ်စစ် စီမံကိန်းများကို အရှိန် အဟုန်နှင့် အကောင် အထည်ဖော်ပြီး၊ နိုင်ငံတော်၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို ပြည့်မီနိုင်စေရေး နည်းလမ်း (၃)သွယ်ဖြင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီ နည်းလမ်းတွေကတော့-
(က) ၀န်ကြီးဌာန ကိုယ်တိုင် အကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊
(ခ) ပြည်တွင်း လုပ်ငန်းရှင်များအား B.O.T စနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်စေခြင်း၊
(ဂ) နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုဖြင့် ပြည်ပကုမ္ပဏီများအား J.V/B.O.T စနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်စေခြင်းတို့ ဖြစ်ပါတယ်၊
ဒီလို အရှိန်အဟုန်နှင့် လျှပ်စစ် စီမံကိန်းများကို ဆောင်ရွက်ခဲ့တာကြောင့်၊ အမှတ်(၁) လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနဆိုပြီး မဖွဲ့စည်းခင် ၂၀၀၆ ခုနှစ်က နိုင်ငံတော်မှာ တစ်နိုင်ငံလုံး စုစုပေါင်း လျှပ်စစ်စက် တပ်ဆင်အား (၁,၅၄၆.၉) မဂ္ဂါဝပ်သာရှိပြီး၊ ယခု ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ အထိမှာ စက်တပ်ဆင်အား (၃,၃၆၀.၉) မဂ္ဂါဝပ် ဖြစ်ပေါ် လာတာကြောင့် နှစ်အနည်းငယ် အတွင်းမှာ ရေအား လျှပ်စစ်စီမံကိန်း (၇)ခု ပြီးစီးခဲ့၍၊ စုစုပေါင်း (၁,၈၁၄) မဂ္ဂါဝပ် တိုးတက်ခဲ့တာ ဖြစ်ပါတယ်။ ယခုလို လျှပ်စစ် ဓာတ်အားများစွာ တိုးတက် လာအောင် ဆောင်ရွက်ဖို့ အတွက် နိုင်ငံတော်က ဘဏ္ဍာငွေ မြောက်များစွာ သုံးစွဲခဲ့ရပါတယ်။ ယခု နိုင်ငံတော်က (Hydropower) ရေအား လျှပ်စစ် စီမံကိန်းများထက် ပိုအရေးကြီးတဲ့ လူမှုရေး ကဏ္ဍတွေမှာ ဘဏ္ဍာငွေများ သုံးစွဲရန် စီစဉ်ထားတဲ့ အတွက် (Hydropower) ရေအား လျှပ်စစ် စီမံကိန်းများ အတွက် ဘတ်ဂျက် ဘဏ္ဍာငွေဟာ နောက်ပိုင်းမှာ ရဖို့ အခက်အခဲ ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ် စက်မှု စီမံကိန်းများ အတွက် လိုအပ်မယ့် ဓာတ်အားအတွက် B.O.T စနစ်များ ကျင့်သုံးလာရခြင်း ဖြစ်ပါတယ်။ လျှပ်စစ် စီမံကိန်း အသေးစား၊ အလတ်စား၊ အကြီးစားတွေကို ရင်းနှီးမြှုပ်နှံ အကောင် အထည် ဖော်လိုတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်များကိုလည်း မည်သူမဆို လာရောက် ဆက်သွယ်၍ ရင်းနှီးမြှုပ်နှံ အကောင် အထည် ဖော်ခွင့် ခွင့်ပြုပေးမှာ ဖြစ်ကြောင်း အသိပေးလိုပါတယ်။ အထက်မှာ ဖော်ပြခဲ့သည့် ဤ၀န်ကြီးဌာန ကိုယ်တိုင် တည်ဆောက်တဲ့ လျှပ်စစ် စီမံကိန်းများ နည်းတူ J.V/B.O.T လျှပ်စစ် စီမံကိန်းများကိုလည်း သတ်မှတ်တဲ့ အချိန်ကာလ အတွင်း ပြီးစီးအောင် ကြိုးပမ်း ဆောင်ရွက် သွားမှာ ဖြစ်တယ်။ ဒီမိုကရေစီ နိုင်ငံတော် အဖြစ် တိုးတက် ပြောင်းလဲနေတဲ့ အချိန်မှာ စက်မှု ဖွံ့ဖြိုး တိုးတက်ရေးဟာ နိုင်ငံတော်ရဲ့ ရည်မှန်းချက် ဖြစ်ပြီး ဒီရည်မှန်းချက် အောင်မြင်ဖို့ အတွက် လျှပ်စစ် ဓာတ်အား တိုးတက် ရရှိရေးသည် အရေးကြီးသော ကဏ္ဍ ဖြစ်ပါတယ်။

Friday, September 16, 2011

ယနေ့မြန်မာ့ နိုင်ငံရေးရေစီးကြောင်း ပြောင်းလဲပြီလော

(၂၀၁၁ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်က ဆောင်းပါးရှင် သြရ ရဲ့ ဆောင်းပါး ဖြစ်ပါတယ်။)
၁၉၈၈ ခုနှစ်မှ စ၍ ၂၃ နှစ်ကြာ အုပ်ချုပ်လာခဲ့သော တပ်မတော် ခေါင်းဆောင်များရဲ့ စစ်အုပ်ချုပ်ရေး အာဏာဟာ ၃၀-၃-၂၀၁၁ နေ့မှာ ကုန်ဆုံးခဲ့ပြီး၊ ၃၁-၃-၂၀၁၁ မှာ အစိုးရသစ် သမ္မတ ဦးသိန်းစိန် အစိုးရကို အာဏာ လွှဲပြောင်း ပေးလိုက်ပါပြီ။
အဲဒီမှာ တပ်မတော် အုပ်ချုပ်ရေး လက်ထက်က ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန်က အခု အစိုးရသစ် အဖွဲ့မှာ သမ္မတ ဦးသိန်းစိန်အဖြစ် ခန့်အပ် တာဝန်ပေးခံရပြီး တစ်နိုင်ငံလုံးကို (ပြည်သူလူထု အားလုံးသို့) အဖွင့်မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းတွေအပေါ် အချို့ ပြည်သူတွေနဲ့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ အားလုံးက ကြိုဆို ထောက်ခံကြတာ တွေ့ရသလို အပြောနဲ့ အလုပ် တစ်ထပ်တည်း တစ်သားတည်း ကျပါသလားဆိုတဲ့ သံသယစိတ်နှင့် လည်း စောင့်ကြည့်ကြသေးတာပေါ့ ဆိုပြီး ဝေဖန် သုံးသပ်သူတွေကိုလည်း တွေ့ရပါတယ်။
ဒါပေမဲ့ အခု ရက်ပေါင်း ၁၅၀ ခန့် ရှိလာပြီ။ ဒီမိုကရေစီ အစိုးရ၊ ပြည်သူ့ အစိုးရလို့ ကြွေးကြော်လာတဲ့ ၂၀၁၁ အစိုးရသစ်ရဲ့ ဆောင်ရွက်လာမှုတွေကို ကြည့်ရင်း ရွှေ့ပြောင်းလာတာ တစ်ခုစ နှစ်ခုစ တွေ့နေရပါတယ်။ အစိုးရသစ်ရဲ့ သက်တမ်း နုနုလေးနဲ့ ဆောင်ရွက်ချက်တွေကို ယခင် အစိုးရဟောင်းရဲ့ ဆောင်ရွက်ချက်များနဲ့ နှိုင်းယှဉ် သုံးသပ်ကြည့်မှ တိုးတက် ပြောင်းလဲ လာသလား မပြောင်းလဲ လာဘူးလားဆိုတာ သိမြင်ရမှာပေါ့။
ခုပဲကြည့်လေ ရက်ပေါင်း ၁၀၀ မပြည့်မီ ကလေးမှာပဲ အစိုးရသစ်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၈ သိန်းခန့် ရှိတဲ့ လစာနည်း အငြိမ်းစား ပင်စင်သမားများကို တိုးမြှင့်ခံစားစေဖို့ ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ မှာပဲ အမိန့် ကြော်ညာစာ အမှတ် ၁၀၆/၂၀၁၁ နဲ့ ထုတ်ပြန်ခဲ့ပါတယ်။ အဆမတန် တိုးမြှင့် ရရှိလာတဲ့ ပင်စင် လစာသစ်ကြောင့် အငြိမ်းစား ၀န်ထမ်းများနှင့် မိသားစုဝင်များ အားလုံးဟာ ဝမ်းသာမဆုံး တပြုံးပြုံးနဲ့ပေါ့ အားလုံးက မုဒိတာပွားရ ပါတယ်။
နောက်ရှိသေးတယ်။ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစီမံမှု လုပ်ငန်းတွေကိုလည်း စတင် အကောင်အထည် ဖော်နေတာတွေကိုလည်း တွေ့နေရပါတယ်။ ဥပမာ အနီးစပ်ဆုံး ကြည့်မယ်ဆိုရင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၄ ခရိုင်ရှိ ၆ မြို့နယ်ကို သိန်း ၂၀၀၀၊ သမ၀ါယမ ဖွံ့ဖြိုးရေး ရန်ပုံငွေမှ တစ်ဧက ၃၀၀၀၀၊ နှုန်းနဲ့ ထုတ်ချေးမယ် ဆိုတဲ့ သတင်းတွေ ကြားသိနေရပြီ။ အစိုးရသစ်အနေနဲ့ တိုင်းပြည်အတွက် ပေါ်လစီရေးရာ ကိစ္စ၊ တွေ့ဆုံ ဆွေးနွေးရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ၊ အခြေခံ အလုပ်သမားနဲ့ ပျံကျ အလုပ်သမားတွေရဲ့ စားဝတ်နေရေး ကိစ္စ ဒါတွေကို တဆင့်ပြီး တစ်ဆင့် စီမံကိန်းချ ဆောင်ရွက် နေတာကိုလည်း တွေ့နေရပါပြီ။ ဆန္ဒမစောဖို့ လိုအပ်ပါတယ်။

Wednesday, September 14, 2011

လွှတ်တော်အရေးတွေးမိသမျှ

ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးတွေ ကျင်းပ လာလိုက်တာ တစ်လ နီးပါးရှိပါပြီ။ လွှတ်တော်ထဲမှာ မြိုင်မြိုင် ဆိုင်ဆိုင် ဆွေးနွေး နေကြတာဟာလည်း အနာဂတ် ဒီမိုကရေစီ ဖော်ဆောင်မှု အတွက် အားရစရာပါပဲ။ ပြည်ခိုင်ဖြိုး အမတ်မဟုတ်တဲ့ ဦးသိန်းညွန့် တင်သွင်းတဲ့ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် အဆိုကို တပ်မတော် ကိုယ်စားလှယ်တွေ အပါအ၀င်က ထောက်ခံ အတည်ပြုခဲ့တာ၊ အမျိုးသား လွှတ်တော်မှာ မြန်မာနိုင်ငံ အနေနဲ့ ပါရီမြို့မှာ အခြေစိုက်တဲ့ နိုင်ငံတကာ ဆည်များအသင်းမှာ ၀င်ဖို့၊ မြန်မာနိုင်ငံမှာလည်း ဆည်တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ လွတ်လပ်တဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ တောင်းဆိုခဲ့တာတွေ အပါအ၀င် မေးခွန်းတွေ၊ အဆိုတွေဟာ ပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်နေတာ တွေ့ရပါတယ်။
ဒါပေမယ့် တစ်ချို့ကတော့ လွှတ်တော် အမတ်တွေရဲ့ မေးခွန်းတွေဟာ ဒေသကိစ္စတွေပဲ များနေတယ်။ အကျိုးမရှိဘူး။ ဒါတွေဟာ ပြည်နယ် လွှတ်တော် အဆင့်မှ မေးရမယ့် မေးခွန်းတွေ ဖြစ်တယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲ ရောက်ရင် နိုင်ငံရေး နယ်ချဲ့ထွင်မယ် ဆိုတဲ့ ပြောလုံးတွေက အလကားပဲ၊ ဆိုပြီး အပြစ်တင်တာ တွေ့နေရပါတယ်။
ဒါဆိုရင် ဒီမိုကရေစီ နိုင်ငံတွေမှာ ဗဟိုအဆင့် လွှတ်တော်တွေမှာရော ဒေသကိစ္စ မေးတာ မရှိဘူးလားလို့ ပြန်ကြည့်ရအောင်။ အမေရိကန်၊ ဗြိတိန် အပါအ၀င် ပါတီစုံစနစ် ကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ ရှိပါတယ်ဗျာလို့ပဲ ဖြေလိုပါတယ်။ ဘာ့ကြောင့်လဲ။
ပထမ အကြောင်းကတော့ ဒီမိုကရေစီ နိုင်ငံအများစုမှာ ရွေးကောက်ပွဲ စနစ်ဟာ မဲဆန္ဒနယ် တစ်ခုမှာ ပါတီများက ကိုယ်စားလှယ်လောင်း တစ်ဦး အမည်စာရင်း တင်သွင်းပြီး ပြိုင်တဲ့စနစ်ကို ကျင့်သုံးပါတယ်။ Party List လို့ခေါ်တဲ့ ပါတီကို မဲပေးပြီး ပါတီအလိုက် တစ်ပြည်လုံးမှာ ရတဲ့ ထောက်ခံမဲ ရာခိုင်နှုန်း အလိုက် အမတ်နေရာခွဲပေး၊ ပါတီက ကိုယ်ရတဲ့ ခွဲတမ်းအတိုင်း ပါတီတွင်းမှာ ကိုယ်စားလှယ် ပြန်ရွေးတဲ့စနစ်ကို ကျင့်သုံးတာ မဟုတ်ပါဘူး။ ဒ့ါကြောင့် အမတ်တစ်ဦးက သူ့ကိုရွေးချယ် လိုက်တဲ့ မဲဆန္ဒနယ်ရဲ့ အကျိုးစီးပွားကို ပြန်ကြည့်ရသလို၊ ပါတီအနေနဲ့ တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ဖို့ အတွက်လည်း ကြည့်ရပါတယ်။ ဒါ့ကြောင့် လွှတ်တော် အစည်းအဝေး တစ်ခုနဲ့ တစ်ခုကြားမှာ ကိုယ်နယ်မြေကို ပြန်ပြီး မဲဆန္ဒရှင်များရဲ့ ဆန္ဒတွေကို မေးရပါတယ်။ မဲဆန္ဒရှင်တွေက စာရေးပြီး ပြောလာရင်လည်း ဖြေရပါတယ်။ အဲ ကိုယ့်မဲဆန္ဒရှင်တွေ ၀ါရှင်တန်ကို လာလည်လို့ လွှတ်တော်ထဲကို လှည့်လည် ကြည့်ချင်တယ် ဆိုရင်လည်း စီစဉ်ပေးရတယ်။ ဂျပန်မှာဆိုရင် အမတ်တစ်ဦးဟာ သာရေး၊ နာရေး အတွက်တောင် ပြန်ပြီး ကူညီရတယ်လို့ ဆိုပါတယ်။

Tuesday, September 13, 2011

သင်ရောမှတ်ကျောက်တင်ခံနိုင်ပါရဲ့လား ELEVEN MEDIA

ယမန်နေ့ညနေပိုင်းက ဖြစ်ပါသည်  Voice Of Myanmar တွင်အက်ဒမင် အလုပ်ကူညီလုပ်ကိုင်ပေးနေသောကျွန်ုပ်၏ တူတော်မောင်လေးသည် မိုးရွာကြီးထဲတွင် ရေးကြီးသုတ်ပြာ ဆိုသလိုရောက်လာပြီး...

" ဆရာရေ..ခုတစ်လော ပြည်တွင်းထုတ်မီဒီယာတွေမှာ အသံအတော်စွာလာတဲ့ မီဒီယာအုပ်စုကို ပြပါဆိုရင် ELEVEN MEDIA GROUP ကိုပြရတော့မှာပါပဲ.... ၊ အစိုးရဘက်ကနည်းနည်းလေး အားနည်းချက် မပေါ်လိုက်နဲ့ ပေါ်လိုက်တာနဲ့ ELEVEN ကိုဘာမှတ်နေသလဲ ဆော်လိုက်မယ် ဆိုတဲ့ပုံစံမျိုးနဲ့ လုပ်နေတာများနေပါပြီ ၊ လက်တွဲဖေါ် အခြားမီဒီယာများနှင့်လဲ အဆင်မပြေပဲ သူကလွဲရင်ကျန်တဲ့ မီဒီယာတွေဟာ..အစိုးရနောက်လိုက်တွေ ၊ သတ္တိမရှိတဲ့မီဒီယာတွေ ၊ သူကတော့ဒီမိုကရေစီလိုလားတဲ့ တစ်ခုတည်းသော မီဒီယာပုံစံမျိုးဖမ်းနေတာများနေပါပြီ " ဟုအဆိုင်းမတွပြောလေသည် ။

'ထိုင်စမ်းပါဦးမောင်ရင်ရာ...မင်းကြည့်ရတာ တစ်ခုခုဖြစ်လာပြီထင်တယ် ၊ ဘာတွေဖြစ်လာပြန်ပြီလဲ.. '  ဟု ကျွန်ုပ်ကမေးသောအခါ သူက

" ဖြစ်လာတာမဟုတ်ဘူးဆရာရေ..ဖြစ်နေတာ ခုအစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေအတော် ခရီးပေါက်နေတဲ့အချိန် ၊ ပြည်သူတွေလဲ အစိုးရနဲ့ဆက်ဆံရတဲ့အပိုင်းတွေ ရုံးလုပ်ငန်းတွေမှာ အဆင်ပြေမှုလေးတွေစရလာတဲ့အချိန် မှာELEVEN MEDIA က အစိုးရနဲ့ ပြည်သူကိုတိုက်ပေးတဲ့ သတင်းတွေ ဆက်တိုက်ထည့်နေတယ် ၊ အစိုးရနဲ့ပြည်သူတွေကြား ပဋိပက္ခကြီးသ ထက်ကြီးအောင်လုပ်နေတယ် ဆရာ..ခုနောက်ဆုံးတော့ ဧရာဝတီပေါ့ဆရာ လျှပ်စစ်ဝန်ကြီးရဲ့ပြောကြား ချက်တွေထဲက အားနည်းနေတဲ့နေရာတွေကို ခုတုံးလုပ်ပြီး အယ်ဒီတာချုပ် ဝေဖြိုးတို့ ၊ စီအီးအို ဒေါက်တာသန်းထွဋ်အောင် ၊ MD ဒေါက်တာသိန်းမြင့်တို့ဟာ လူစွမ်းကောင်းကြီးတွေလုပ်ပြီး အစိုးရကို ထိပ်တိုက်ရင်ဆိုင် လာတယ်ဆရာ..အစိုးရတာဝန်ရှိသူတွေကို စိတ်ပျက်တဲ့ အကြောင်းတွေ ပေါ်ပေါ်တင် တင် ဖေါ်ပြလာသလို အစိုးရတာဝန်ရှိသူတွေကို ဆဲရေးတိုင်းထွာထားတဲ့ ကော့မန့်တွေကိုတောင် သူတို့ ရဲ့ အွန်လိုင်းစာ မျက်နှာတွေနဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေမှာဖေါ်ပြပြီး မထေမဲ့မြင်ဆိုသလို လုပ်နေ တာတွေ တွေ့ရတယ် " ဟု သူ၏စိတ်တွင်ခံစားနေရသမျကို မျက်နှာအမူအရာမျိုးစုံနှင့် ပြောလေသည် ။

"အစိုးရကလျော့ပေးတာတွေများလာတော့ ငါတို့ကိုအစိုးရက ဘာမှလုပ်ရဲမှာမဟုတ်ပါဘူးကွာဆိုပြီးခေါင်းဝင် ကိုယ်ဆံ့ ဆိုသလိုလုပ်နေတယ် ၊ ရလေလိုလေအိုတစ္ဆေတွေလို့မောင်ရင်ကဆိုလိုချင်တာလား..."ဟု ကျွန်ုပ် ကပြန်မေးသောအခါသူက -

" ဒါကတစ်ပိုင်းပေါ့လေ... နောက်တစ်ပိုင်းက ဒါကိုကြာကြာလွှတ်ထားရင် အမှိုက်ကစပြဿဒ် မီးလောင်ဆိုသလို ပြည်သူနဲ့ အစိုးရကြားပဋိပက္ခတွေ ကြီးလာမှာသိပ်ပြီးစိုးရိမ်တာပဲ ဆရာရယ် ..၊ ဟု စိတ်မချမ်းမြေ့စွာပြောပြီးဆက်တိုက်ဆိုသလို ပင် ဆရာပဲကျွန်တော်တို့ကိုမကြာခဏ ဆိုသလိုပြောဘူး တယ်လေ...လောကကြီးမှာ Balance ဆိုတာရှိတယ် တစ်ခါတစ်လေ လောကကြီးက Balance လုပ်တာသိပ်ကြာနေရင် ကိုယ်က လောကကြီးကိုယ်စား Balance လုပ်ပေးရမယ်ဆိုတာလေ...

မောင်ရင့်ကို ဘယ်သူကများတားနေလို့လဲမောင်ရင်ရာ..မောင်ရင်လဲ Ph.D တွေ ဘာတွေတောင်ရပြီးနေမှပဲ  လုပ်ပေါ့ကွာ.. ဟုကျွန်ုပ်ကပြောလိုက်လေ၏ ။

ဒီလိုအင်အားကြီးတဲ့မီဒီယာကြီးကို ကျွန်တော်က ဘယ်လိုတိုက်မလဲဆရာ သူတို့မှာလူအားငွေအား တစ်ပုံတစ်ပင်သာတယ်မဟုတ်လားဆရာ...ဟု အားလျော့သည့် အမူအယာဖြင့်ပြောပြန်လေသည်..။

စစ်တိုက်တဲ့နေရာမယ် အင်အားကြီးတာငယ်တာဟာ အဓိကပေမယ့် အဓိအအကျဆုံးတော့မဟုတ်ဘူး တိုတိုရှင်းရှင်းပြောရရင် တစ်ဘက်ရန်သူရဲ့ နိုင်ကွက်ကို အချိန်ကိုက်တိုက်ခိုက်နိုင်ခြင်းသည်သာလျင် ပဓာနဖြစ်တယ် ... လာ..လာ ၊ ဟုပြောရင်း ကျွန်ုပ်၏ ကွန်ပြူတာရှိရာသို့ ကျွန်ုပ်၏ တူတော်မောင်ကို ခေါ်ကာ ELEVEN MEDIA ဆိုသောဖိုင်တစ်ခုက်ုဖွင့်ပြီးလျင် ...History ဆိုသောဖိုဒါတစ်ခုကိုဖွင့်၍ "  ဒါ..ဒီနေ့သိပ်နာမည်ကြီးနေတဲ့ အလဲဗင်းမီဒီယာရဲ့ သမိုင်းကြောင်းပေါ့ကွာ..

Monday, September 12, 2011

မြစ်ဆုံစီမံကိန်းကိစ္စ လျှပ်စစ်ဝန်ကြီး၏ ရှင်းလင်းချက်

  စက်တင်ဘာလ ၁၀ ရက်နေ့က နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန ၀န်ကြီးရုံးတွင် ပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင်အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားချက်အပြည့်အစုံဖြစ်ပါသည် ။

Saturday, September 10, 2011

ဒေါက်တာဆိတ်ဖွား၏ မြန်မာ့အတိုက်အခံများပေါ်အမြင်

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ Voice Of Myanmar ဘလော့တွင် အက်ဒမင် တစ်ဦးအဖြစ် ကူညီဆောင်ရွက်ပေးနေသူ တူတော်မောင်တစ်ဦးရောက်ရှိလာလေသည် ၊ သူသည် ပြည်ပနိုင်ငံတစ်ခု တွင်နေထိုင်သော်လည်း မြန်မာပြည်သို့ပြန်လည်ရောက်ရှိလာသည့်အခါတိုင်းတွင်မူ ကျွန်ုပ်ထံသို့ဦးစွာ လာရောက်လေ့ရှိလေသည် ။

သူရောက်လာသည့်အခါတိုင်းတွင် အွန်လိုင်းပေါ်တွင် ပြော၍ မ၀နိုင်သော မြန်မာ့နိုင်ငံရေးအကြောင်းများကို အားပါးတရဆိုသလို အမြင်ချင်းဖလှယ် ဆွေးနွေးလေ့ရှိလေသည် ။ ယခုတစ်ခေါက်တွင် လည်း မြန်မာ့နိုင်ငံရေးအကြောင်း အစိုးရအဖွဲ့အသစ်အကြောင်း ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အကြောင်းနှင့် ၄င်းတို့၏ သမိုင်းကြောင်းများကို အပြန်အလှန်ဆွေးနွေးကာ အမြင်ချင်း ဖလှယ် နေရာမှ မြန်မာ့နိုင်ငံရေး အတိုက်အခံများအကြောင်းသို့ ရောက်ရှိသွားသောအခါတွင်မူ ကျွန်ုပ်၏ တူတော်မောင်၏ မျက်နှာသည် တစ်မျိုးတမည်ပြောင်း၍ သွားလေသည် ။ တက်ကြွနေသော အရိပ်အရောင်များမှ စိတ်ပျက်သော အမူအရာသို့ တမဟုတ်ခြင်းပြောင်းလည်း သွားကာ အောက်ပါ တိုင်းပြောလေတော့သည်...

" ဆရာရယ်...ဒီအတိုက်အခံဆိုတဲ့လူတွေကို ကျွန်တော် တော်တော်စိတ်ပျက်မိတယ် ..အစိုးရဘာလုပ်လုပ်လိုက်ပြီးမကောင်းပြောနေတယ်ဆရာရယ် ဒီလူတွေကိုဘယ်လိုနားလည်ရမှန်း ကိုမသိတော့ပါဘူး.. အခုဆိုရင်အစိုးရသစ်လက်ထက်မှာ အပြောင်းအလဲတော်တော်များများ လုပ်နေ တာတွေ တွေ့ရတယ်မဟုတ်လားဆရာ..ပင်စင်လစာတွေတိုးပေးတယ် ၊ စီးပွားရေးဆိုင်ရာပြောင်းလဲ မှုတွေ ဆက်တိုက်ဆိုသလိုလုပ်လာတယ်..၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးဆိုတာတွေလုပ်လာတယ် ၊ သတင်းလွတ် လပ်ခွင့်တွေအရင်ကထက်စာရင်မထင် ရလောက် အောင် တိုးတက်လာတယ် ၊ ဒေါ်အောင်ဆန်း စုကြည်နဲ့တွေ့ဆုံမှုတွေဖြစ်လာတယ် ၊ တစ်ချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ပဏာမ ငြိမ်းချမ်းရေးရယူမှုတွေ ရလာတယ် ၊ ပြည်ပမှာအကြောင်းအမျိုးမျိုးနဲ့ရောက် ရှိနေတဲ့နိုင်ငံသားတွေကို သမ္မတကြီးကိုယ်တိုင်ပြန်လည်ဖိတ်ခေါ်နေ တယ် ထားပါတော့လေ..ခြုံပြောရရင် အကောင်းတွေဘက်ကိုပြောင်းလဲတိုးတက်မှုတွေအများကြီး သိသိသာသာ ရှိနေပါလျှက် မြင်နေရပါလျှက်နဲ့ အပျက်ဘက်ကနေပဲပြောနေကြ တုန်း ရေးနေကြတုန်းပဲဆရာ စိတ်ပျက်စရာပါပဲ "


တူတော်မောင်၏ စကားအဆုံးတွင် ကျွန်ုပ်သည် သူ၏မျက်နှာကိုစေ့စေ့ကြည့်ရင်း ပြုံးမိလေသည် ..တဆက်တည်းဆိုသလိုပင် သူက " ဘာပြုံးတာလဲဆရာ" ဟုမေးလာသဖြင့်....


" ဒါစိတ်ပျက်စရာမဟုတ်ဘူးကွ...ချဲလင့်(Challenge) လုပ်တာလို့ခေါ်တယ် ၊ မြန်မာ့နိုင်ငံရေးကိုချဲလင့် လုပ်နေတာ ၊ တစ်နည်းပြောရရင် စိန်ခေါ်နေတာပေါ့ကွာ...ဒီလိုချဲလင့်တွေရှိနေလို့လဲ အသက်မရှိတဲ့ တို့မြန်မာ့နိုင်ငံရေး ကြီးကအသက် ၀င်နေတာ....စိတ်ပျက်စရာမဟုတ်ဘူး ချဲလင့်.." ဟုပြောရလေသည် ။

Friday, September 9, 2011

ပြည်ပမှ မြန်မာနိုင်ငံကိုလက်ညိုးထိုးရောင်းစားနေသူများ (၁)


ဦးနုယယ်အစ္စလမ် (ညာဘက်ဒုတိယလူ) အာရခန်နီရိုဟင်ဂျာ (UK) ဥက္ကဌ ၊ အဖွဲ့ကလူ နှစ်ယောက်နဲ့ တစ်ပိုင်းပါ။ ဒါပေမယ့် ငွေမျက်နှာကြောင့် Burma Campign UK ဘာပွဲဘဲလုပ်လုပ် တလေးတစားနဲ့ ဖိတ်ခေါ်စကားပြောခြင်းခံရသူ
ကျွန်တော် ဒီဆောင်းပါးကို ရေးချင်နေတာ ကြာပါပြီ။ ရေးသင့်၊ မရေးသင့် အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး စဉ်းစား ချင့်ချိန်မိလို့ အနည်းငယ် နှောင့်နှေးသွားရတာပါ။ အခုတော့ မရေးမဖြစ်လို့ ရေးရတော့မယ်။ ဘယ်နယ့်ဗျာ မြန်မာပြည်တွင်းမှာ ပြည်သူ လူထုကြီးက ဒီလောက် အတိဒုက္ခ ရောက်နေကြတာ ပြည်တွင်းက လူထု ခေါင်းဆောင် တွေ၊ 88 မျိုးဆက် ကျောင်းသားတွေက ပြည်တွင်းမှာ ဒုက္ခခံ၊ ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့ တိုင်းပြည်အတွက်၊ မြန်မာလူမျိုးတွေ အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်း ဆောင်ရွက် နေကြတယ်။ ဒီအချိန်မှာ ပြည်ပရောက် မြန်မာ လူမျိုးတွေ အနေနဲ့ မိမိတို့ တတ်စွမ်းသရွှေ့ မြန်မာပြည် ငြိမ်းချမ်းအောင် တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်း ကျိုးပမ်း လုပ်ဆောင်ကြရမယ်။ အဲဒီလို ကြိုးပမ်းဆောင်ရွက်တဲ့ နေရာမှာ ပြည်တွင်းက လူထူ ခေါင်းဆောင်တွေ၊ 88 မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ ဟန်ချက်ညီညီ ချိတ်ဆက်ပြီး အချိန်ကိုက် လူပ်ရှားရမယ်။ အဲဒီ့လို ဟန်ချက်ညီညီ အချိန်ကိုက် လူပ်ရှားမှသာ မြန်မာပြည်မှာ အမြန်ဆုံး ငြိမ်းချမ်းရေးရပြီး၊ အတိဒုက္ခ ရောက်နေကြတဲ့ ပြည်သူလူထုတွေ အတွက် ကြိုးပမ်းမူဟာ ထိရောက် အောင်မြင်မှာပါ။
ဒီဆောင်းပါးဟာ ဘယ်သူတွေက ပြည်ပကနေ မြန်မာပြည်က ပြည်သူလူထုတွေ ဘယ်သူသေသေ ငတေမာရင် ပြီးရော၊ မြန်မာပြည်မှာ တော်လှန်ရေးကြီး အချိန်ကာလ ရှည်ကြာနေမှသာ ထောက်ပံကြေးတွေ၊ လုပ်စားဂွင်တွေ ဆက်ရနေပြီး ငါတကော ကောနေကြတဲ့ တစ်ကိုယ်ကောင်းဆန် အတုအယောင် လုပ်စားတွေကြောင့် တိုင်းပြည် ဘယ်လောက် နစ်နာလည်း၊ ပြည်သူလူထုတွေ ဘယ်လောက် ဆင်းရဲတွင်း နက်နေတာကို လှစ်လှူုရှူ ခဲ့ကြလည်း၊ ပြည်တွင်းက လူထူ ခေါင်းဆောင်တွေလည်း သူတို့ကြောင့် ဘယ်လိုမျိုး သွယ်ဝိုက်သောနည်းနဲ့ ဘေးကျပ် နံကျပ်ဖြစ်ခဲ့ ရလည်း ဆိုတာတွေကို မီးမောင်း ထိုးပြမှာ ဖြစ်ပါတယ်။
တစ်ကယ်တော့ မျိုးချစ်စိတ်ရှိပြီး မြန်မာနိုင်ငံရေးကို လုပ်ဆောင်နေတဲ့သူ ပြည်ပရောက် မြန်မာအများစုဟာ ပြည်တွင်း က လူတွေထင်သလိုမျိုး သက်တောင့် သက်သာ ဘဝမျိုးတွေ မရှိကြပါဘူး။ အမြဲတမ်း ကြိုးစား ရုံးကန်မှ တော်ရာကြတဲ့ သူတွေချည်းပါဘဲ။ အဲ ကြိုးစားခွင့်၊ လုပ်ဆောင်ခွင့်၊ လွတ်လပ်ခွင့် တော့ပိုရတာပေါ့ဗျာ။ ဆိုတော့ကာ ပြည်ပမှ မြန်မာနိုင်ငံရေးကို လက်ညိုးထိုး၍ ရောင်းစားနေသူ အများစုဟာ နိုင်ငံခြားသားတွေ ဦးဆောင်တဲ့ အဖွဲ့အစည်းတွေပါ။ သူတို့ဟာ မြန်မာနိုင်ငံရေးကို ဗမ်းပြပြီးတော့ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ရရှိအောင် ဝိုင်းအော် ချင်ယောင် ဆောင်ပြီးတော့ သူတို့ရေရှည် ရည်မှန်းချက်ကတော့ ကျွန်တော်တို့ မြန်မာပြည်ရဲ့ မြန်မာနိုင်ငံရေးကို အကြောင်းပြပြီးတော့ ငွေများများနဲ့ ကြာကြာ ရအောင် ရေရှည် စီမံကိန်းချပြီးတော့ လုပ်ဆောင် နေကြတာပါ။ ငွေရရှိရေး အဓိကသာဖြစ်လို့ မြန်မာပြည်အတွက် ဆိုးကျိုးဖြစ်စေမယ့် အရာတွေလည်း သူတို့ဂရူ မစိုက်ကြပါဘူး။ တစ်ကယ်တမ်း မြန်မာပြည်ကိုချစ်ရင် မြန်မာပြည်သူ လူထုတွေ ဘယ်လောက်ဆင်းရဲ ဒုက္ခရောက် နေကျလည်း၊ ဘယ်လောက် နာကျင်ခံစား နေရလည်း ဆိုတာကို ပထမဦးစားပေး စဉ်းစားရမှာလေ။
အင်း နိုင်ငံခြားသားတွေ မြန်မာပြည်ကို ချစ်တယ်လို့ပြောရင် မြန်မာလူမျိုးတွေက ရီတာပေါ့ဗျာ။ သူတို့အတွက် အကျိုးအမြတ်မရှိရင် ဘာမှမလုပ်တာ မြန်မာပြည် စစ်ကျွန်ဘဝရောက် စစ်ဝဋ်တွေကို ခံစားနေရတာ ဆယ်စုနစ်ပေါင်း များစွာ ဘယ်သူတွေက ဘာတွေများ ထိထိရောက်ရောက် ကူညီကြလို့လဲ။ မြန်မာပြည်မှာ ရေနံကမထွက်တော့လည်း ဝေးဝေးက လေနဲ့ ကူညီတာပေါ့ဗျာ။

Thursday, September 8, 2011

မြစ်ဆုံရေကာတာတည်ဆောက်ခြင်းကိုကန့်ကွက်နေကြသူများ ၊ ကန့်ကွက်ကြောင်းနှင့်ထိုစီမံကိန်းကို ဖျက်သိမ်းရန်ရေးသားနေကြသူများနှင့်ထိုစာများကိုယုံကြည်သူအ ပေါင်းတို့သည် မေခ ၊ မေလိခ အပါအ၀င် မြစ်ကြီးငါးသွယ် မြစ်ငယ် ငါးရာတို့မှ စီးဆင်းလာသောရေများ မြန်မာနိုင်ငံ အလည်တည့်တည့်မှဖြတ်ကာ  ပင်လယ်ထဲသို့ ချောချောမောမော အဟောသိကံ စီးဆင်းသွားကြသည် ကိုမြင်လိုကြသူ လူ့ငတုံးများသာဖြစ်ကြလေသည်  ။ဧရာဝတီလည်းချောချောမောမောအဓွန့်ရှည်ရှည် စီးဆင်းစေ ၊ တိုင်းပြည်လဲအကျိုးဖြစ်စေဆိုသည့် win - win အခြေအနေမျိုးကိုမစဉ်းစားကြ ။
ဒေါက်တာဆိတ်ဖွား


ဒီနေ့နိုင်ငံဝန်ထမ်းလုပ်နေတဲ့သူတွေသာ ခင်ဗျားတို့ပြောသလို တန်မှလုပ်မယ်ဆိုတဲ့ စိတ်မျိုးထားနေရင် နိုင်ငံဝန်ထမ်း လုပ်မယ့်သူတောင်ရှိမှာမဟုတ်ဘူး.. အားလုံးသော နိုင်ငံ့ ၀န်ထမ်းတွေဟာ အခုရတဲ့လစာငွေလောက်နဲ့ လုပ်နေကြတာဟာ ၀မ်းရေးတစ်ခုတည်းကြောင့်လို့ ထင်နေတဲ့ ခပ်ညံ့ညံ့အတွေးအခေါ်မျိုးကို ထုတ်ပစ်လိုက် ဖို့လိုပါပြီ...မျိုးချစ် စိတ်တွေဘာတွေကြီးကြီးကျယ်ကျယ်ပြော မနေချင်တော့ပါဘူး...လွယ်တယ် ထင်ရင် ခုပဲနိုင်ငံဝန်ထမ်း ၀င်လုပ်ကြည့်လိုက်ပါ...၀င်မလုပ်ရင် လဲ တောင်ပြောမြောက်ပြောပြော တာတွေ ပြင်ကြပါ...ဒါပါပဲ
ဒေါက်တာဆိတ်ဖွား


Wednesday, September 7, 2011

ဝီကီလိခ် ကြေးနန်းများ ဖတ်ရှုလေ့လာချင်ပါလျင်



ခုတစ်လောလူပြောများနေတဲ့ ၀ီကီလိခ်ကနေ ဖွင့်ချလိုက်တယ်ဆိုတဲ့ သံတမန်ကြေးနန်းတွေထဲက မြန်မာနိုင်ငံ ဆိုင်ရာအမေရိကန်သံရုံးကနေ မြန်မာ့နိုင်ငံရေးကို သံတမန်တစ်ယောက်လိုမဟုတ်ပဲ သူလျိုတစ်ယောက်လို လုပ်ပြီး ပေးပို့ခဲ့တဲ့ ကြေးနန်းတွေကို ဖတ်ချင်တယ်ဆိုရင် အောက်ကလင့်ကလေးကိုနှိပ်လိုက်ပါ။


သက်ဆိုင်ရာ ၀က်ဘ်ဆိုဒ်ကိုရောက်သွားပြီဆိုရင် ဇယားကော်လံ နံပါတ် (၁) မှာ Reference ID ဆိုတာရေးထားပါတယ် အဲဒီကော်လံအောက်မှာရှိတဲ့ reference ID နံပါတ်လေးတွေကို နှိပ်လိုက်ရင် သူနဲ့ယှဉ်တွဲဖေါ်ပြထားတဲ့ ကြေးနန်း ကျလာပါလိမ့်မယ် ။

သမ္မတသစ် အပေါ် သုံးသပ်ချက်

( ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြောင်းကို စာအုပ်ရေးခဲ့တဲ့ Christian Solidarity Worldwide အဖွဲ့က Benedict Rogers ရဲ့ Go on, Thein Sein, surprise us ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ထားတာ ဖြစ်ပါတယ်။ )
ပြီးခဲ့တဲ့ နှစ်ပတ် လောက်တုံးက လစ်ဗျား သူပုန်တွေ ထရီပိုလီမြို့ကို ဦးတည် ချီတက်နေပြီး ကဒါဖီ ပြုတ်ကျဖို့ ကလည်း သေချာနေတဲ့ အချိန်မှာ ကမ္ဘာ တစ်ဖက်ခြမ်းက နောက်ထပ် ဆိုးဝါးတဲ့ အာဏာရှင် အုပ်ချုပ်တဲ့ မြန်မာနိုင်ငံ မှာတော့ အံသြဖွယ်ရာ အဖြစ်အပျက်တွေ ဆက်တိုက် ဖြစ်ခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်တဲ့ သမ္မတသစ် ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး အကြိမ် တစ်နာရီကျော်ကြာတဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ ပါတယ်။
ပြီးခဲ့တဲ့ ကိုးလကျော် နေအိမ် အကျယ်ချုပ်ကနေ လွတ်လာပြီးကထဲက ဒေါ်အောင်ဆန်းစုကြည်ဟာ တွေ့ဆုံ ဆွေးနွေးဖို့ ဆက်တိုက် တောင်းဆိုခဲ့တာပါ။ ပြောရရင် ပြီးခဲ့တဲ့ ၂၃ နှစ်လုံးလုံး မြန်မာနိုင်ငံ လွတ်လပ်မှု အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ ချိန်မှာ တွေ့ဆုံ ဆွေးနွေးရေး ဆိုတာ သူ့ရဲ့ လက်စွဲ ဆောင်ပုဒ်ပါပဲ။ ၁၅ နှစ် ကျော်ကျော် နေအိမ်မှာ အကျယ်ချုပ် ခံထားရခဲ့ ပေမယ့်လဲ တွေ့ဆုံစကားပြောဖို့ တောင်းဆိုတာကို မလျှော့ခဲ့ဘူး။ ဒါပေမယ့် ရံခါဖန်ခါ တွေ့တာမျိုးက လွဲရင် ဗိုလ်ချုပ်ကြီးတွေဟာ သူ့ရဲ့ တောင်းဆိုချက်ကို မသိချင်ယောင် ဆောင်နေခဲ့တယ်။
ဒါဆိုအခုမှ ဘာဖြစ်လို့ တွေ့တာတုံး။ အစိုးရရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ အကြောင်းတွေ အများကြီး ရှိတယ်။ ချရေးပြရရင် ကမ္ဘာ အမြင်မှာ ရုပ်ပြ ကောင်းအောင် အထူးသဖြင့် ၂၀၁၄ ခုနှစ်မှာ ဥက္ကဋ္ဌ ရာထူး ယူဖို့ မျှော်မှန်းထားတဲ့ အာဆီယံ အဖွဲ့တွင်းမှာ ရုပ်ပြ ကောင်းအောင်၊ ဒါမှမဟုတ် အရင်ကလိုပဲ အတိုက်အခံတွေ ကြားမှာ သွေးကွဲသွားအောင် ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲ အပြီး စစ်အုပ်စု အတွင်း ဖြစ်လာတဲ့ အာဏာ လွန်ဆွဲပွဲတွေမှာ ပြုပြင် ပြောင်းလဲရေးဝါဒီ ဗိုလ်ချုပ်တွေ အနိုင်ရတာကြောင့်လည်း ဖြစ်နိုင်တယ်။

Tuesday, September 6, 2011

နိုင်ငံ့ဝန်ထမ်းလုပ်ကြမလား

ခုတစ်လောစာတွေမှာ နိုင်ငံ့ဝန်ထမ်းနေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို သမ္မတကစပြီး အောက်ဆုံးအဆင့် ၀န်ထမ်းလေးအထိ ပြည်သူကပေးတဲ့ လစာရိက္ခာကိုစားတဲ့ ပြည်သူ့ဝန်ထမ်း များ ဖြစ်ကြတယ်။ ပြည်သူ လူထုဟာ ကျေးဇူးရှင် ထမင်းရှင်များဖြစ်တယ်။ ၀န်ထမ်းတွေဟာ ပြည်သူရဲ့အစေခံဖြစ်တယ် ဆိုတဲ့အယူအဆကို ရှေ့တန်းတင်ပြီးရေးနေတာကိုတွေ့ရတယ်။

ဒီလိုပြောနေ ၊ ရေးနေကြတဲ့အထဲမှာ ပညာတတ်ပါတယ်ဆိုတဲ့ ပညာရှင်တွေလဲပါတယ် ၊ နိုင်ငံကျော်ပါတယ် ဆိုတဲ့ စာရေးဆရာတွေလဲပါတယ် ၊ လူတွေကလေးစားပါတယ်ဆိုတဲ့ နိုင်ငံရေးသမားတွေလဲပါတယ် ဒီလူတွေကို ဘယ်လိုနားလည်ရမှန်းမသိအောင်ဖြစ်ရတယ် ။

ကျွန်တော်ကတော့ဒီအယူအဆကိုလက်မခံဘူး လုပ်အားတန်ဘိုးပေးဆပ်ပြီး နိုင်ငံဝန်ထမ်းနေတဲ့သူတွေရော ၊ ကိုယ့်ဝန်ကိုယ်ထမ်းပြီးအခွန်ဆောင်နေတဲ့ သူတွေရော အားလုံးဟာအတူတူဖြစ်တယ် အပြန်အလှန် အကျိုးပြုနေကြသူတွေဖြစ်တယ် ဘယ်သူကသခင် ဘယ်သူက အစေခံဆိုတဲ့စိတ်ဓါတ်မျိုး မြန်မာမြန်မာချင်း ထားဘို့မသင့်ဘူး အပြန်အလှန်လေးလေးစားစားရှိဘို့ပဲလိုတယ်......ဘာမှမလုပ်ပဲငုတ်တုတ်ထိုင်ပြီးပြည်သူ့ ဆီကအခွန်ကို ထိုင်စားနေတဲ့နိုင်ငံ့ဝန်ထမ်းဆိုလို့ တစ်ယောက်တစ်လေမှမရှိဘူး....

အေး..တစ်ခုတော့ရှိတယ် ပြည်သူ့အခွန်စားရင်ပြည်သူ့အစေခံဘဲဆိုတဲ့ တစ်ယူသန်အယူအဆမျိုး ရှိတဲ့လူတွေရှိနေတယ်ဆိုရင်လဲ သားတကွဲမယားတကွဲ မိတကွဲဖတကွဲနဲ့အပြင် အသက်နဲ့ပါ ရင်းပြီး နိုင်ငံကာကွယ်ရေးလုပ်နေတဲ့စစ်သည်လေးတွေကို တစ်လ ၂၂၀၀၀ ကျပ်ပဲပေးနေတာ ၊ ဘ၀ရဲ့အချိန်တွေကိုပညာသင်တဲ့အလုပ်နဲ့ရင်းနှီးကုန်ဆုံးခဲ့ပြီး မနက်ကနေညနေ ထိ အာပေါက်အောင် သင်နေ တဲ့ဆရာတွေကို  တစ်လ ငွေ ၃သောင်းလောက်နဲ့ ခိုင်းနေတာတွေဟာ တန်ရာတန်ဘိုးမဟုတ် ဘူးဖြစ်နေတယ် ၊ခြုံပြောရရင် သခင်ဆိုတဲ့သူတွေက အစေခံဆိုတဲ့သူတွေကို ပေးတဲ့အခကြေးငွေဟာ သိပ်နည်းနေတယ် မတရားသဖြင့်ခိုင်းနေသလိုဖြစ်နေတယ် အခွန်လျော့ဘို့တောင်းဆိုမယ့်အစား အခွန်တိုးဆောင်ဘို့ တောင်း ဆိုရမယ် ။ဒီလိုမဟုတ်ဘူးလား....။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ အမှတ် (၃၄/၂ဝ၁၁)ကို စက်တင်ဘာလ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။အဆိုပါ အမိန့်ကြော်ငြာစာအပြည့်အစုံ မှာ အောက်ပါအတိုင်းဖြစ်သည် -


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငာစာ
(အမှတ်၊ ၃၄/၂ဝ၁၁)
၁၃၇၃ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်
(၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်)
 
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းခြင်း
 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးများကို မြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့အား ဆောင်ရွက်နိုင်ရန်အလို့ငှာ အောက်ပါ ပုဂ္ဂိုလ်များပါဝင်သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ကို ဖွဲ့စည်းလိုက်သည် -

(က)
ဦးဝင်းမြ
ဥက္ကဌ

သံအမတ်ကြီး(အငြိမ်းစား)

( ခ )
ဦးကျော်တင့်ဆွေ
ဒုတိယဥက္ကဋ္ဌ

သံအမတ်ကြီး(အငြိမ်းစား)

( ဂ )
ဦးထွန်းအောင်ချိန်
အဖွဲ့ဝင်

ပါမောက္ခ(အငြိမ်းစား)


သမိုင်းဌာန

(ဃ)
ဦးလှမြင့်
အဖွဲ့ဝင်

သံအမတ်ကြီး(အငြိမ်းစား)

( င )
ဦးသန်းဆွေ
အဖွဲ့ဝင်

ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)


သစ်တောဦးစီးဌာန

(စ)
ဒေါက်တာဥာဏ်ဇော်
အဖွဲ့ဝင်

ပြည်နယ်ဆရာဝန်ကြီး(အငြိမ်းစား)

(ဆ)
ဒေါက်တာ ဒေါ်သန်းနွဲ့
အဖွဲ့ဝင်

ပါမောက္ခ(အငြိမ်းစား)


ဥပဒေပညာဌာန

( ဇ )
ဒေါ်စောခင်ကြီး
အဖွဲ့ဝင်

ပါမောက္ခ(အငြိမ်းစား)


နိုင်ငံတကာ ဆက်ဆံရေးပညာဌာန

(စ် )
ဦးတင္ညိဳ
အဖွဲ့ဝင်

ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)


အခြေခံပညာဦးစီးဌာန

(ည)
ဦးခွထီးရို
အဖွဲ့ဝင်

ပြည်နယ်ဥပဒေအရာရှိ (အငြိမ်းစား)

( ဋ )
ဦးခင်မောင်လေး
အဖွဲ့ဝင်

ညွှန်ကြားရေးမှူး(အငြိမ်းစား)


အလုပ်သမားညွှန်ကြားမှုဦးစီးဌာန

( ဌ )
ဦးလဖိုင်ဇော်ဂွန်း
အဖွဲ့ဝင်

သံမှူးကြီး(အငြိမ်းစား)

(ဍ)
ဦးညွှန့်ဆွေ
အဖွဲ့ဝင်

ဒုတိယညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)


နိုင်ငံခြားရေးဝန်ကြီးဌာန

( ဎ )
ဒေါ်စန်းစန်း
အဖွဲ့ဝင်

ညွှန်ကြားရေးမှူး(အငြိမ်းစား)


အလုပ်သမားညွှန်ကြားမှုဦးစီးဌာန

(ဏ)
ဦးစစ်မြိုင်
အတွင်းရေးမှူး

ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)


လူမှုဝန်ထမ်းဦးစီးဌာန


အမိန့်အရ
(တင်မျိုးကြည်)
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့