xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: October 2011

Sunday, October 30, 2011

အာဖဂန်တိုက်ခိုက်ခံရမှုအတွင်း နေတိုးတပ်သား ၁၃ဦး ကျဆုံးကြောင်းအမေရိကန်အတည်ပြုပြောကြား



အာဖဂန်နိုင်ငံကာဘူးမြို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်ခံရမှုမှာ  နေတိုးတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးခဲ့ကြောင်း အမေရိကန် ကတရားဝင် အတည်ပြုခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်မှာဖေါ်ပြထားပါတယ် ။ အခုသေဆုံးမှုဟာ ယခုနှစ် သြဂုတ်လ အတွင်းက ဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ်တိုက်ခိုက်ခံရမှုမှာ အမေရိကန်တပ်သား ၃၀ သေဆုံးမှုပြီးရင် အရေအတွက်အများဆုံးသေဆုံးမှု ဖြစ်ပါတယ် ။



အသေခံဗုံးခွဲသမားဟာ ပေါက်ကွဲစရာတွေ တင်ဆောင်လာတဲ့ကားကို မောင်းပြီး နေတိုး တပ်ဖွဲ့ရဲ့ မော်တော်ယာဉ်တန်းကို ကဘူးမြို့မှာ ၀င်တိုက်ခဲ့တာဖြစ်ပါတယ်။ ၁၇ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေထဲမှာ နေတိုးရဲ့  အရပ်သားအမှုထမ်း ၅ ဦးနဲ့ အာဖဂန်နစ္စတန်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း အရပ်သား ၉ ဦး သေဆုံးခဲ့တယ်လို့ နေတိုးအဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။ သေဆုံးသူ ၁၇ ဦးထဲက ၁၃ ဦးဟာ အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားအမှုထမ်းတွေ ဖြစ်ပြီး သေဆုံးသူ နောက်တစ်ယောက်ကတော့ ကနေဒါနိုင်ငံသားဖြစ်တယ်လို့ ကနေဒါ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရသစ်လက်ထက်တွင် စတုထ္ထအကြိမ်တွေ့ဆုံကြ


 ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် အစိုးရသစ်လက်ထက် စတုတ္ထအကြိမ်မြောက် တွေ့ဆုံမှုအဖြစ် အောက်တိုဘာလ ၃၀ ရက်နေ့ (ယနေ့) မွန်းလွဲ ၁ နာရီမှ ၁နာရီ၅၅ မိနစ်အထိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ကြပါသည် ။ ထိုသို့တွေ့ဆုံဆွေးနွေးကြ ရာတွင် အောက်ပါကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည် ။ 
 
 ယခင်ဆွေးနွေးမှုများအပေါ် နိုင်ငံတော်က လိုအပ်သည်များကူညီဆောင်ရွက်ပေးနေသည့် အခြေအနေ တိုင်းပြည်စီးပွားရေးဖွံဖြိုးတိုးတက်လာစေရန်အတွက် လွတ်လပ်စွာကုန်သွယ်ခွင့် ကူးသန်းရောင်းဝယ်ခွင့် ရရှိရေးနှင့် လွတ်လပ်စွာငွေကြေးသုံးစွဲခွင့်ရရှိရေးတို့၏အရေးကြီးမှုနှင့်ပတ်သက်၍လွတ်လပ်စွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ထို့အပြင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ထာဝရငြိမ်းချမ်းရေး ရရှိရန် နိုင်ငံတော် ကဆောင်ရွက်ပေးနေမှုများတိုးတက်ဖြစ်ထွန်းမှုအခြေအနေ များနှင့်လွတ်ငြိမ်းချမ်းသာ ခွင့်ပေးသင့်သူများ ကိစ္စကိုလည်းဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားရန် လည်း သဘောတူညီခဲ့ကြပါသည်။

အစိုးရသစ်လက်ထက်၌  ဦးအောင်ကြည်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည်  ၂၀၁၁ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့ ၊ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၂ ရက်နှင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တို့တွင် တွေ့ဆုံခဲ့ပြီး ယခုတွေ့ဆုံမှုသည် စတုတ္ထအကြိမ်ဖြစ်ပါသည် ။

Saturday, October 29, 2011

မြန်မာနိုင်ငံနှင့်အာဆီယံဥက္ကဋ္ဌတာဝန်



မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်နိုင်ရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းမှ မှတ်ချက်အ မျိုးမျိုးပေး၍ ပြော ဆိုနေကြသော်လည်းလက်တွေ့အားဖြင့် ပြောရလျှင်အာဆီယံအဖွဲ့ကြီး အနေဖြင့် မြန်မာနိုင်ငံအား အလှည့်ကျဥက္ကဋ္ဌ အဖြစ်ထမ်းဆောင်ခွင့်ပြုရမည်မှာ အသေအချာပင် ဖြစ်ပါသည်။


ပွင့်ပွင့်လင်းလင်းပြောရလျှင် အာဆီယံနိုင်ငံများအားလုံးသည်တစ်နိုင်ငံ၏ အားနည်းချက်ကို အဖွဲ့အနေဖြင့် မဝေဖန်စတမ်းသဘောထား၍ ချီတက်လာခဲ့သောအစဉ်အလာသာရှိသည့် အဖွဲ့အစည်းဖြစ်ပါသည်။ အာဆီယံအဖွဲ့ကြီး လက်တွေ့ဆောင်ကြဉ်းနိုင်သည့်ရလဒ်ဟူ၍ AFTA ဟူသောအာဆီယံလွတ်လပ်သော စီးပွားဇုန်တည်ဆောက်ရေး သဘောတူညီချက် တစ်ခုသာရှိပြီး ကျန်ရလဒ်အားလုံးမှာ သံခင်းတမန်ခင်း အတွက်နှင့်အင်အားကြီးနိုင်ငံများကို စုစည်းရင်ဆိုင်သော COLLECTIVE ENGAGEMENT အတွက်တို့သာလျှင် ဖြစ်ပေသည်။


ယနေ့မြန်မာနိုင်ငံတွင် နိုင်ငံရေးအရအပြောင်းအလဲများ လျင်မြန်စွာဖြစ်ပေါ်နေပြီးများစွာသော အပြောင်းအလဲ များမှာ ဗီယက်နမ်၊ လာအို၊ဘရူနိုင်း၊ စင်ကာပူ စသော နိုင်ငံများ တွင်ပင်ဖြစ်နိုင်ခြေမရှိသေးသော တိုးတက်ပြောင်းလဲမှုများဖြစ်ပါသည်။ ထိုနိုင်ငံများတွင် မြန်မာနိုင်ငံမှ ယနေ့ အတိုက်အခံဟု ခေါ်ကြလေ့ရှိသည့် နိုင်ငံရေးပါတီများ အသံထွက်နေသလောက်နိုင်ငံရေးတွင် အသံထွက်ခွင့်မရှိပါ။ထိုနိုင်ငံများအသီးသီး အာဆီယံအဖွဲ့၏အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် ခဲ့ကြပြီးဖြစ်လျှင် မြန်မာနိုင်ငံအဘယ်ကြောင့် တာဝန်ထမ်းဆောင်ခွင့် မရှိရမည်နည်း ဆိုသော မေးခွန်းကိုသာ မေးရန်ရှိပါသည်။

Friday, October 28, 2011

ဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရသစ်လက်ထက်တွင် စတုထ္ထအကြိမ်တွေ့ဆုံမည်

 ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ အစိုးရသစ်လက်ထက်တွင် စတုထ္ထအကြိမ်မြောက် အဖြစ် အောက်တိုဘာလ ၃၀ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


အစိုးရသစ်လက်ထက်၌  ဦးအောင်ကြည်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည်  ၂၀၁၁ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့ ၊ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၂ ရက်နှင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တို့တွင် တွေ့ဆုံခဲ့ပြီး ယခုတွေ့ဆုံမှုသည် စတုတ္ထအကြိမ်ဖြစ်ပါသည် ။


ယခုတွေ့ဆုံမှုသည် အောက်တိုဘာလ ၂၄ရက်နေ့က မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်ခဲ့သည့်  အမေရိကန် အထူးကိုယ်စားလှယ် စေ့စပ်ညှိနှိုင်းရေးမှူး ဒဲရက်မစ်ချယ်၏ ဒုတိယခရီးစဉ်အပြီး ရက်သတ္တပတ်အတွင်း တွေ့ဆုံခြင်းဖြစ်ပါသည်။


အချိန်နှစ်လအတွင်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်ခဲ့သော ဒဲရက်မစ်ချယ်သည် နေပြည်တော်၌ အစိုးရအဖွဲ့ဝင်များနှင့်လည်းကောင်း၊ ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း သီခြားစီတွေ့ဆုံထားခဲ့သော်လည်း ၊ မြန်မာအစိုးရဘက်မှ၎င်း ဒေါ်အောင်ဆန်းစုကြည်ဘက်မှ၎င်း မစ္စတာဒဲရက်မစ်ချယ်ဘက်မှ၎င်း အဆိုပါခရီးစဉ်နှင့်ပတ်သက်၍  သီးခြားသတင်းထုတ်ပြန်ချက်များ မထုတ်ပြန်ခဲ့၍ပြည်တွင်းပြည်ပမှ အဆိုပါခရီးစဉ်အပေါ်စိတ်ဝင်စားမှုရှိနေချိန်တွင်  ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ယခုကဲ့သို့တွေ့ဆုံမှုသည် အမေရိကန်မြန်မာဆက်ဆံရေးတွင် ထူးခြားသောအပြောင်းအလဲများ ပေါ်ပေါက် လာနိုင်မည် လားဟု တွေးဆနေသူများလည်း ရှိနေကြောင်း သတင်းရရှိပါသည် ။

Tuesday, October 25, 2011

လျှို့ဝှက်သတင်းများ ထုတ်လွင့်မှု ရပ်နားတော့မည့် Wikileaks

Wikileaks ဝက်ဆိုက်ကို ထူထောင်သူ Julian Assange

အင်တာနက် လောကအတွင်းတွင် လျှို့ဝှက်သတင်းများ ဖောက်ချမှုဖြင့် နာမည် ထင်ရှား လှသည့် Wikileaks ဝက်ဆိုက်ကို ထူထောင်သူ Julian Assange မှာ၎င်း၏ လျှို့ဝှက်ချက်များ ထုတ်ဖော်နေမှုကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားလိုက်ကာ ၎င်းတို့ ဝက်ဆိုက်၏ ဘဏ္ဍာရေး ကိစ္စရပ်များ ပြန်လည် အခြေတည် နိုင်ရန် ယခုလို ပြုလုပ်မည် ဟု ကြေငြာ ရခြင်း ဖြစ်ကြောင်း ပြောကြား လိုက်သည်။ 



အမေရိကန် လျှို့ဝှက်ဌာနများမှ ထောင်ပေါင်း များစွာသော သတင်း အချက်အလက်များကို ဖွင့်ချခဲ့ပြီးနောက် wikileaks မှာ ငွေရေး ကြေးရေးနှင့် ဆိုင်သည့် လုပ်ငန်းကြီးများ ဖြစ်သည့် MasterCard နှင့်  PayPal တို့မှ အမည်ပျက် စာရင်း သွင်းခံလိုက်ရကာ ၎င်းတို့၏ ရပ်တည်ရေးမှာလည်း ယိုင်နဲ့လာခဲ့ရသည်။

Monday, October 24, 2011

ကမ္ဘာ့ ကုလသမဂ္ဂနှင့် အထွေထွေ အတွင်းရေးမှူးချုပ်များ



 အောက်တိုဘာ ၂၄ ရက်နေ့သည် ၆၆ နှစ်မြောက် ကမ္ဘာ့ ကုလသမဂ္ဂနေ့ဖြစ်သည်။ ကုလသမဂ္ဂ ရုံးစိုက်ရာ အမေရိကန်နိုင်ငံ၏ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်း အဝေး ကြီးသို့ အဖွဲ့ဝင်နိုင်ငံများအားလုံးမှ ထိပ်တန်း ခေါင်းဆောင်များ တဖွဲဖွဲရောက်ရှိ လာကြပေပြီ။ ကုလသမဂ္ဂအဖွဲ့ကြီး ကို လူတိုင်း အကြမ်းအားဖြင့် သိရှိ နိုင်ကြသော်လည်း အဖွဲ့ကြီးစတင် ပေါ်ပေါက်  လာကတည်းက တာဝန် ထမ်းဆောင်ခဲ့ကြသော အထွေထွေ အတွင်း   ရေးမှူးချုပ် များ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိအကျဉ်းကို သိလိုကြပေလိမ့် မည်။  ယခုလက်ရှိ တာဝန်ယူနေသော မစ္စတာဘန်ကီမွန်းသည် အဋ္ဌ မမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သည်။ မိမိတို့အာရှ တိုက်သားများ ထဲမှ ဒုတိယမြောက်ဖြစ်သည်။ အာရှ တိုက်သားထဲမှ ပထမဆုံးမှာ မိမိတို့ မြန်မာနိုင်ငံသား ဦးသန့်ဖြစ်သည်ကို ကြားဖူး ကြပေလိမ့်မည်။ ကမ္ဘာပေါ်တွင် အရေးပါဆုံးနှင့် အထင်ရှား ဆုံးသော အဖွဲ့အစည်းကြီးကို တာဝန်ယူလုပ်ဆောင်ပေး ခဲ့ကြသော အတွင်း   ရေးမှူးချုပ် များ၏ မှတ်တမ်းအကျဉ်း များကိုဖော်ပြ ၍ ကမ္ဘာ့ကုလ သမဂ္ဂနေ့ကို ဤဆောင်းပါးဖြင့် ဂုဏ်ပြု အပ်ပါသည်။
 
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးစတင်

ဒုတိယကမ္ဘာစစ်ကြီးပြီး နောက်နိုင်ငံ ပေါင်းချုပ်အသင်းကြီးကို အစားထိုး၍ ၁၉၄၅ ခုနှစ်တွင် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ထိုအချိန်က ရည်ရွယ်ချက်မှာ ကမ္ဘာစစ်ကြီး ရပ်စဲ၍ နိုင်ငံများအချင်းချင်းတွေ့ဆုံဆွေးနွေး မှုကို စားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာ ဖြေရှင်းကြရန် အတွက်အဓိကဖြစ်သည်။ ၁၉၄၅ ခု ဧပြီ ၂၄ ရက်နေ့က အမေရိကန်၊ ဆန်ဖရန်စစ္စကိုမြို့ တွင်ပြုလုပ်သော ကုလသမဂ္ဂ၏ ပထမဆုံး နိုင်ငံတကာ ညီလာခံတွင် နိုင်ငံပေါင်း ၅ဝ သာတက်ရောက်ခဲ့ သည်။ ယခုအခါ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံ အထိရှိလာနေပြီ ဖြစ်သည်။ သို့ရာတွင်နိုင်ငံများ၏  သဘော တူညီချက်အရ ကုလသမဂ္ဂနေ့ကို ၁၉၄၅ ခု အောက်တိုဘာ ၂၄ ရက် နေ့တွင် အသိအမှတ်ပြုခဲ့ကြသည်။
 
 

၁။ ထရိုင်ဂေးလိုင်း (Trygve Halvdom Lie)

ပထမဆုံးကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သည်။ နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ၁၈၉၆ ခု ဇူလိုင်လတွင် မွေးဖွားခဲ့ပြီး။ အသက် ၇၂ နှစ်၊ ၁၉၆၈ ဒီဇင်ဘာ ၃ဝ ရက်တွင် နော်ဝေနိုင်ငံ၊ ဂဲလိုမြို့တွင် ကွယ်လွန်ခဲ့သည်။ ကလေး ၃ ဦးနှင့် ဇနီးတို့ကျန်ရစ်ခဲ့သည်။ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို ၁၉၄၆   ဖေဖော်ဝါရီ ၂ ရက်တွင် စတင်ထမ်းဆောင်ခဲ့ပြီး နိုဝင်ဘာ ၉ ရက် ၁၉၅၂ တွင် နုတ်ထွက်သွားခဲ့သည်။
 
 


၂။ ဒက်ဟမ္မားရှိုး (Dag Hammarskjold Skjold)

ဒုတိယမြောက် အထွေထွေအ တွင်းရေးမှူးချုပ်ဖြစ်သည်။ ဆွီဒင်နိုင်ငံ Jonkoping မြို့တွင် ၁၉ဝ၅ခု ဇူလိုင် ၂၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အသက် ၅၆ နှစ် ၁၉၆၁ စက်တင်ဘာ ၁၈ ရက်တွင် ရိုဒီးရှားဖက်ဒရေး နိုင်ငံ Ndola မြို့တွင် ကွယ်လွန်ခဲ့သည်။ တာဝန်ထမ်းဆောင် နေစဉ်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသွားစဉ် အမေရိကန်သမ္မတ ဂျွန်ဖက်ကနေဒီက ‘ကျွန်တော်တို့ ရာစုတွင်အကြီးမားဆုံးလူသား’ ဟု မှတ်ချက်ပြုခဲ့သည်။
 


၃။ ဦးသန့် (U Thant)

တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သည်။ မြန်မာနိုင်ငံ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ တွင် ၁၉ဝ၉ ဇန်နဝါရီ ၂၂ ရက်နေ့ တွင် မွေးဖွားခဲ့သည်။ ၁၉၆၁ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်မှ ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ အထိ သက်တမ်း ၂ ကြိမ် ဆက်တိုက်တာဝန် ထမ်းဆောင်ခဲ့ပြီး အသက် ၆၅ နှစ် ၁၉၇၄ နိုဝင်ဘာ ၂၅ ရက်   နေ့တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင်အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။  ဦးသန့်၏ ဖခင်ဦးဖိုးနှစ်မှာ ဆန်ကုန်သည်ကြီး တစ်ဦးဖြစ်ပြီး သူရိယ သတင်းစာတိုက်ကိုထူထောင်ရန် ကူညီခဲ့သူတစ်ဦးဖြစ်သည်။ ဦးသန့် သည် မွေးချင်းသား ၄ ဦး အနက် အကြီးဆုံးသားဖြစ်သည်။ မိခင်မှာ ဒေါ်နန်းသောင်းဖြစ်သည်။ ဦးသန့် အသက် ၁၄ နှစ်အရွယ်တွင် ဖခင် သေဆုံးသွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ ဦးသန့်၏ ဇနီးမှာ ဒေါ်သိန်းတင်ဖြစ်ပြီး သား၂ ဦး သမီး ၁ ဦးထွန်းကား ခဲ့သည်။ သား ၂ ဦးလုံးပင် သေဆုံးသွားခဲ့ သည်။ သားကြီး မောင်ဘိုမှာ မွေးကင်းစကပင်သေဆုံးခဲ့ပြီး၊ သားငယ် တင်မောင်မှာ ရန်ကုန်တွင် ဘတ်စ်ကားပေါ်မှ လိမ့်ကျ၍ ကွယ်လွန်ခဲ့ကြောင်း သိရသည်။

အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ မြန်မာ ဗိုလ်လုပွဲတက်

အောက်တိုဘာ (၂၃)ရက်နေ့က ယှဉ်ပြိုင် ကစားခဲ့သည့် ၂၀၁၁ခုနှစ် အာဆီယံ ချန်ပီယံရှစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် မြန်မာ အမျိုးသမီး အသင်းက ဗီယက်နမ် အမျိုးသမီး အသင်းအား (၂-၁)ဖြင့် အနိုင်ရရှိကာ နောက်ဆုံး ဗိုလ်လုပွဲသို့ တက်ရောက် သွားပြီဖြစ်ကြောင်းသတင်းရရှိပါသည် ။

မြန်မာအသင်းသည် ဗီယက်နမ် အသင်း၏ ပထမပိုင်း (၄၃)မိနစ် ဦးဆောင်ဂိုးကြောင့် နောက်မှ လိုက်ကစား ခဲ့ရပြီး ဒုတိယပိုင်းတွင် သန်းသန်းထွေး၊ နော်အားလိုဝါးဖော တို့က ချေပဂိုးနှင့် အနိုင်ဂိုး တို့အား သွင်းယူပေးကာ ဖိုင်နယ် တက်ရောက် စေခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်း နည်းပြချုပ် ဖြစ်သူ ကူမာဒါက "ကျွန်တော်တို့ ရည်မှန်း ခဲ့တာက ပထမပိုင်းမှာ ဂိုးမရှိ သရေကျနေဖို့ပါ။ ပထမပိုင်း ပြီးခါနီ တစ်ဂိုး ပေးလိုက်ရတာကြောင့် ကျွန်တော်တို့ စိတ်ပျက် စရာ ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ စိတ်အေးအေး ထားဖို့နဲ့ မစိုးရိမ်ဖို့ မှာခဲ့ပါတယ်။ ဗီယက်နမ်က ပွဲကို အရှိန်လျှော့ချ ဖို့ ကြိုးစားလာတော့ ကျွန်တော်တို့ တောင်ပံတွေကို အားပြု ကစားခဲ့ရပါတယ်။ ဒါကပဲ ပွဲရလဒ်ကို အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်" ဟု ဆီမီးပွဲနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

ဗိုလ်လုပွဲကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည် ။

soccer myanmar

မြန်မာ့ပေါ်ဆန်းမွှေးဆန် ၂၀၁၁ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆန် ဆု ဆွတ်ခူးရရှိ



ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် အောက်တိုဘာလ ၂၁ ရက်က ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံ World Rice Conference 2011 တွင် မြန်မာနိုင်ငံမှဝင်ရောက်ယှဉ်ပြိုင်သော ပေါ်ဆန်း ဆန်ဖြူသည်  ၂၀၁၁ ခုနှစ်အတွက်အကောင်းဆုံးဆန် ဆု  ( world best rice 2011) အဖြစ်ရွေးချယ် ဆုချီးမြှင့်ခြင်းခံခဲ့ရကြောင်းသတင်းရရှိပါသည် ။

နိုင်ငံတကာတွင် မြန်မာ့ပုလဲဆန် ( Myanmar pearl rice ) ခေါ် ပေါ်ဆန်း ဆန်ဖြူသည် အနံ့အရသာထူးခြားကောင်းမွန်သည့် မြန်မာ့မျိုးရင်း ဆန်တစ်မျိုးဖြစ်သည် ။ ၂၀၁၀ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပသော World Rice Conference 2010 တွင် တတိယဆုဆွတ်ခူးရရှိခဲ့ပြီး ယခုနှစ်တွင်ပထမဆုရရှိခြင်းဖြစ်ကြောင်းလဲသိရပါသည် ။ 

ပြိုင်ပွဲတွင် အမှတ် ၁၅ မှတ်ပေးရာ ပေါ်ဆန်း ဆန်ဖြူသည် ၁၄ မှတ်ရရှိပြီး ထိုင်းနိုင်ငံ၏ နာမည်ကြီး jasmine rice ထက် ၀.၂၅ မှတ်သာလွန်ကာ ပထမဆု ဆွတ်ခူးခဲ့ခြင်းဖြစ်ပါသည် ။အဆိုပါ ဆန်စပါးညီလာခံသို့ မြန်မာနိုင်ငံဆန်စပါးအသင်းမှ အကြံပေးပုဂ္ဂိုလ် ဦးတင်ထွဋ်ဦး ၊ အသင်းဒုတိယဥက္ကဌ ဦးအောင်သန်းဦးတို့ ဦးဆောင်သော အဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်းလည်း သိရှိရပါသည် ။

Saturday, October 22, 2011

နိုင်ငံတကာမှပညာရှင်များ မြန်မာ့သိပ္ပံနှင့်နည်းပညာ စာတမ်းဖတ်ပွဲသို့ လာရောက်ဖတ်ကြားမည်



သိပ္ပံနှင့် နည်းပညာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံတကာက ပညာရှင်တွေရဲ့ လာရောက် ဆွေးနွေး၊ စာတမ်း ဖတ်ခြင်းကိုဒီဇင်ဘာလ (၁)ရက်၊ (၂)ရက် နေ့တွေမှာ ပြုလုပ်မယ်လို့ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနက သိရပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ ဂျာမနီ၊ စင်္ကာပူ၊ ဂျပန်၊ ထိုင်း၊ မလေးရှား၊ အစ္စရေး၊ ပြင်သစ် အစရှိတဲ့ နိုင်ငံတွေက သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ ပါမောက္ခနဲ့ သုတေသန ပညာရှင်ပေါင်း (၂၀)၀န်းကျင် ပါဝင်ကာ စာတမ်း ဖတ်ကြား ဆွေးနွေး ပေးမှာ ဖြစ်ပါတယ်။

ဒီလို ဆွေးနွေးရာမှာ သတင်းအချက် အလက်နဲ့ ဆက်သွယ်ရေး နည်းပညာတွေ၊ သိပ္ပံဆိုင်ရာ ပစ္စည်းများ တိုးတက် လာမှုတွေနဲ့ အာခီတက်နဲ့ သက်ဆိုင် တာတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘိုင်အို နည်းပညာ၊ ဘိုင်အို ဆေးပညာတွေနဲ့ အင်ဂျင်နီယာ ပိုင်းဆိုင်ရာ၊ အီလက်ထရောနစ်ပိုင်း ဆိုင်ရာတွေနဲ့ GIS စနစ် နည်းပညာတွေ အကြောင်း တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ International and Conference on Science and Engineering ကို (၂၀၀၉)ခုနှစ်က စတင် ပြုလုပ်တာ ဖြစ်ပြီး ယခုနှစ် ပြုလုပ်တာဟာ တတိယ အကြိမ်မြောက် ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန လက်အောက် မှာရှိတဲ့ နည်းပညာ တက္ကသိုလ် တွေကနေ ကြီးမှူးပြီး ကျင်းပတာ ဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေးပွဲ တွေကို ကျင်းပ ပေးရခြင်းမှာ သိပ္ပံနဲ့ နည်းပညာ လောက အတွင်း နိုင်ငံတကာ အတွေ့အကြုံ ရင့်ကျက်တဲ့ အင်ဂျင်နီယာနဲ့ လူငယ်တွေ ပိုမိုပေါ်ပေါက် လာစေဖို့၊ နိုင်ငံတကာက ပညာရှင်တွေရဲ့ ဆွေးနွေး ပို့ချမှုတွေကို သိရှိစေဖို့ အတွက် ဖြစ်ပါတယ်။

Thursday, October 20, 2011

လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီ သေဆုံးကြောင်း အသွင်ကူးပြောင်းရေးကောင်စီတပ်မှူးပြောကြား

  
  
လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီဟာ တိုက်ပွဲမှာရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးသွားပြီဖြစ်ကြောင်း လစ်ဗျားအသွင်ကူးပြောင်းရေးကောင်စီ (National Transitional Council (NTC)) ၏ရှေ့တန်းတပ်မှူး ဖြစ်သူ Momhemed Buras Ali Al-Maknee က ဆင်ဟွာသတင်းဌာနကို ကြာသာပတေးနေ့မှာ ပြောကြားလိုက်ကြောင်း သိရှိရပါတယ် ။

 
ကဒါဖီကို လစ်ဗျားနိုင်ငံအနောက်ပိုင်း မစ်ရာတာဒေသ Sirte မြို့တိုက်ပွဲမှာ ဖမ်းဆီးရမိတာဖြစ်ပြီး သူ့ကိုဖမ်းမိစဉ်မှာ ဒဏ်ရာအမြောက်အများရရှိထားတယ်လို့ သူကပြောပါတယ် ။ ကဒါဖီသေဆုံးကြောင်းကို အာရပ်ဘာသာနဲ့ထုတ်လွှင့်တဲ့  al-Jazeera TVကထုတ်လွှင့်ရာမှာ ထရီပိုလီအခြေစိုက် NTC စစ်ဘက်အကြီးအကဲ ကလည်း အတည်ပြုပြောဆိုခဲ့ကြောင်းသိရပါတယ် ။

ပခုက္ကူရွှေချောင်းတံတားကျိုး

ပခုက္ကူရွှေချောင်းတံတား ကျိုးကျသွားစဉ်

ပခုက္ကူမြို့အဝင် ဧရာဝတီ မြစ်လက်တက် ရွှေချောင်း ချောင်းကို ဖြတ်ကျော် တည်ဆောက်ထားပြီး မုံရွာ၊ မန္တလေးမြို့များနှင့် ကုန်သွယ်ရေးတွင် အရေးပါသော  ရွှေချောင်း တံတားသည် ယနေ့ နံနက် ၆ နာရီခန့်က မိုးများ အဆက်မပြတ် ရွာသွန်းနေစဉ် ရေလယ်တိုင် ၃ တိုင် ကျိုးသွားခဲ့ပြီး တံတားအနီး တည်ဆောက်ထားသည့် ဘုန်းတော်ကြီးကျောင်းနှင့် အိမ်အချို့ ရေတွင်မျောပါ သွားကြောင်းသတင်းရရှိပါသည် ။

အဆိုပါ ရွှေချောင်း ပခုက္ကူတံတားသည် ပေတစ်ထောင်ခန့် အရှည်ရှိသည့် သံကူ ကွန်ကရစ်အမျိုးအစား တံတား တစ်စင်းဖြစ်ပြီး ယင်းတံတား ကျိုးမှုကြောင့် မုံရွာ - မန္တလေးမြို့များနှင့် ဆက်သွယ် ရောင်းဝယ်နေမှုများ ပြတ်တောက်သွားနိုင်ကြောင်း မြို့ခံများက ပြောဆိုပါသည် ။

ရယ်ဒီကယ်တွေကို မေ့လိုက်တော့

အခုတစ်လော နိုင်ငံရေး အပြောင်း အလဲတွေက မြန်လွန်း လှသဖြင့် ဒဂုံသားတို့ ဘာမှ မရေးနိုင် ဖြစ်ခဲ့ရသည်။ ဖြစ်နေသမျှ သတင်းတွေကို လိုက်ဖတ်ရလို့ပင် မလောက်။ ဘာပဲဖြစ်ဖြစ် အခု အခြေအနေ အားလုံးကို သုံးသပ် လိုက်လျှင် အခြေခံဥပဒေ ဘောင်ထဲကနေ အလုပ်လုပ်လို့ ရနိုင်သည်ဟု သုံးသပ်ပြီး ရွေးကောက်ပွဲ င်ခဲ့သည့် ပါတီများ၊ ထိုကဲ့သို ရွေးကောက်ပွဲ ၀င်ရန် ထောက်ခံ ရေးသား အားပေးခဲ့သူများ မှန်သည် ဆိုတာတော့ ထင်ရှားလာပြီ ဖြစ်သည်။ ဟိုအချိန်တုန်း ကတော့ ဒီလူတွေကို စစ်တပ်နဲ့ ပေးစားခဲ့ကြပြီး အမျိုးသား သစ္စာဖောက် စာရင်းတောင် သွင်းခဲ့ကြသည်။ သားအရွယ် လောက် လူများက အဖိုး အရွယ်လောက် နိုင်ငံရေး သမားကြီးများကို အင်တာနက်ပေါ်မှာ ရစရာ မရှိအောင် ဖဲ့ခဲ့ကြသည်။ ကွန်ပြူတာ တစ်လုံးနဲ့ တော်လှန်ရေး လုပ်နေသူများက ရွေးကောက်ပွဲ ပျက်အောင် လက်နက်ကိုင် တိုက်ပွဲ ဆင်ကြစို့ဟု လှုံ့ဆော်ရင်း တပ်ပေါင်းစု ရန်ပုံငွေ ကောက်ခဲ့တာလည်း မှတ်မိသေးသည်။ အခုတော့ အဲဒီ တပ်ပေါင်းစု အသံလည်း မကြားရတော့၊ ငွေတွေလည်း ပလုံ ဖြစ်ကုန်ပြီ ထင်သည်။ 
 
မတ်လ ၃၀ ရက်နေ့ အစိုးရသစ် ပေါ်လာပြီးနောက် အပြောင်းအလဲ တွေက အားလုံးသိပြီး ဖြစ်၍ ပြန်မပြော ပြတော့ပါ။ သို့သော် ဒီအပြောင်း အလဲတွေက ရလာသည့် လွတ်လပ်မှုတွေကို ပြည်တွင်းမှာ ပျော်ပျော်ကြီး အသုံးချ နေသူများ ထဲတွင် ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး၊ စစ်ကျွန်ဘဲ ဆက်ဖြစ်နေမှာဟု ပြောဆိုခဲ့သူတွေက ရှေ့ဆုံးက ပါနေတာကို တွေ့ရတာလည်း တရားကျဖို့ ကောင်းသည်။ တစ်ခါတစ်ခါ ကျတော့လည်း ဒီလူတွေကပင် ဒီအစိုးရ လက်ထက်မှာ တိုးတက်မှု နှေးတယ်၊ အားမရဘူး ဆိုပြီး ပြောတာ တွေလည်း ကြားရသည်။ သို့သော် သူတို့ အဲဒီလို ပြောတာတွေကို ဂျာနယ်တွေပေါ်မှာ ဖော်ပြခွင့်ရ တာ၊ ပြည်ပ မီဒီယာတွေ အပေါ်မှာ ပြောလို့ ဘာမှအရေးယူမခံရတာတွေသည်ပင်လျှင် တိုးတက်မှု ဖြစ်သည် ကိုတော့ မြင်ပုံ မရကြပါ။ အစိုးရနှင့် စကားပြောနေသူ ဒေါ်အောင်ဆန်းစုကြည် ကိုပင် မသိမသာ ပုတ်ခတ် ပြောဆိုသည် အထိ လုပ်တာ၊ ဒေါ်အောင်ဆန်း စုကြည်က လေပြည် ထိုးနေချိန်မှာ နောက်က ဗိန်းဗောင်း တီးတာတွေ လုပ်နေတာလည်း တွေ့ရသည်။

တကယ်တော့ ဒီအပြောင်းအလဲများ အတွက် အဓိက ကျေးဇူးတင် ရမည့်သူတွေက အစိုးရနှင့် လွှတ်တော်ကို ထိန်းချုပ် ထားသည့် ပြည်ခိုင်ဖြိုး ပါတီတို့အနေဖြင့် သူတို့ စတင် လုပ်ဆောင် လိုသည့် အပြောင်းအလဲများ၊ ပွင့်လင်းမှုများသည် အန္တရာယ် မဟုတ်ကြောင်း လက်ခံလာအောင် အားပေးခဲ့သည့် လွှတ်တော် တွင်းရောက် နိုင်ငံရေး ပါတီများနဲ့ ဒေါ်အောင်ဆန်း စုကြည် တို့သာ ဖြစ်သည်။ 
 
ထို့ပြင် အခုအချိန်တွင် ပြန်တွေးမိသော အတွေး တစ်ခုလည်း ရှိသေးသည်။ ပညာရှင်တွေ ကတော့ သမိုင်းကို လေ့လာရင် အကယ်၍သာ ဆိုတဲ့ မေးခွန်း မမေးနဲ့လို့ ဆိုသည်။ သို့သော် ရွေးကောက်ပွဲ မတိုင်မီ အင်န်အယ်လ်ဒီ ပါတီ မှတ်ပုံတင် သင့်မသင့် စဉ်းစားနေချိန်မှာ ရွေးကောက်ပွဲ ဝင်လိုသည့် ဦးခင်မောင်ဆွေ တို့သာ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ ရှင်းပြခွင့် ရလျှင် ဆိုသည့် အတွေးက အမြဲ ဝင်လာသည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်ပ ဆက်သွယ်ရေး လမ်းကြောင်းသည် ရွေးကောက်ပွဲ လမ်းကြောင်းကို သဘော မတူသည့် ဦးဉာဏ်ဝင်း (အောင်ထက် အဆို ဦးဝင်းတင်- ဦးဉာဏ်ဝင်း ခေါင်းဆောင်သည့် ဝင်း- ဝင်း ဂိုဏ်း) နှင့် ပြည်ပ ရေဒီယိုများသာ ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်သာ သဘောထား အမြင် အမျိုးမျိုးကို နားထောင်ခွင့် ရလျှင် ဘာတွေ ဖြစ်လာမည် ဆိုသည်ကို မှန်းဆမိသည်။ အင်န်အယ်လ်ဒီသာ ရွေးကောက်ပွဲ ဝင်ခဲ့လျှင် အင်န်ဒီအက်ဖ်ထက် အခြေအနေ ကောင်းမှာ သေချာသည်။ ဒါဆိုရင် လွှတ်တော်ထဲမှာ ပြောရေးဆိုခွင့် ပိုရှိမည်။ အဲဒီလို အခြေအနေနှင့် ရွေးကောက်ပွဲပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်လာသည့် အခြေအနေ၊ အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တို့ ပေါင်းစပ် လိုက်နိုင်လျှင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲသည် အခုထက် ပိုပြီး ရင်ခုန်စရာ ဖြစ်ပေလိမ့်မည်။ အင်္ဂလိပ်ပေးသည့် လွတ်လပ်ရေးသည် အတုအယောင် လွတ်လပ်ရေးသာ ဖြစ်ရမည် ဆိုသည့် လက်ဝဲ ရယ်ဒီကယ်များလို လူတွေကြောင့် အခွင့်ကောင်း တစ်ခု လက်လွတ်ခဲ့ရသည်။ 

Wednesday, October 19, 2011

KIA က အယ်ဂျားဇီးယားသတင်းဌာနနှင့်ပူးပေါင်း၍ လုပ်ကြံသတင်းများထုတ်လွှင့်ရန်စီစဉ်နေဟုဆို

  သတင်းထောက် Abderrahim Foukara

အယ်ဂျားဇီးယားသတင်းဌာနမှ သတင်းထောက် Gabriel Elizondo နှင့် Abderrahim Foukara တို့ဟာ ရွှေလီမြို့ မှတစ်ဆင့် KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့တွင် ရောက်ရှိနေကြောင်း ကချင်နေ့စဉ်သတင်း ၏ အင်တာနက်စာမျက်နှာတွင်ဖေါ်ပြထားချက်အရသိရှိရပါသည် ။

 သတင်းထောက် Gabriel Elizondo

 
 မြန်မာအစိုးရတပ်ဖွဲ့တွေနဲ့ KIA  ဖြစ်နေသော တိုက်ပွဲများကြောင့် ကချင်လူထုမှာ တော်တော်လေး ဒုက္ခရောက်နေတဲ့အကြောင်းနဲ့ လက်ရှိတိုက်ပွဲများကြောင့် တရုတ်မြန်မာနယ်စပ်က ဒုက္ခသည်တွေဟာ ဆင်းရဲကျပ်တည်းမှုတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတဲ့ ပုံစုံမျိုးဖန်တီးရိုက်ကူးပြီး အယ်ဂျားဇီးယားသတင်းဌာနမှာ ထုတ်လွှင့်သွားမမှာဖြစိကြောင်း အဆိုပါသတင်းမှာဖေါ်ပြထားပါတယ် ။



အဓိကကတော့ KIA က ဒုက္ခသည်တွေအကြောင်းပြပြီး နိုင်ငံတကာမှ ကူညီငွေတွေရရှိလာအောင် လုပ်ချင်တာပါ။ လိုင်ဇာမှာရှိတဲ့ ဆင်းရဲတဲ့ရပ်ကွက်က လူတော်တော်များများနဲ့ အနီးနားရွာက လူတွေကိုပါခေါ်ပြီး တိုက်ပွဲသတင်းဗွီဒီယိုတွေနဲ့ ဒုက္ခသည်တွေရဲ့ဆင်းရဲကျပ်တည်းမှုတွေကို ဇာတ်လမ်းဖန်တီးရိုက်ကူးကာ ထုတ်လွှင့် သွားမည်ဟု သိရှိရပါသည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပွားနေသော 02B (Two) အမည်ရှိမုန်တိုင်း ကုန်းတွင်းပိုင်းသို့ဖြတ်ကျော်ဝင်ရောက်



 
 အပြည်ပြည်ဆိုင်ရာ အမည် 02B(TWO) ဟု အမည်ရသည့် ယခင် လေဖိအားနည်းရပ်ဝန်း 94B သည် စစ်တွေမြောက်ဘက် ၈၅ မိုင်ခန့် အကွာရှိ  မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ Tumbru အပေါ်မှဖြတ်၍ ယနေ့ညနေ ၄နာရီခွဲခန်ကတွင် ကုန်းတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

ယနေ.မြန်မာစံတော်ချိန်မွန်းလွဲ ၃း၃၀ အချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက် ပိုင်းတွင်ဖြစ်ပေါ်နေသောမုန်တိုင်းသည် ရခိုင်ပြည်နယ် မောင်းတောမြို.အနောက်ဘက် ၃၅မိုင်အကွာ သို.ရောက်ရှိနေပြီး ယနေ.ညမှ နောက်၁၂နာရီအတွင်းရခိုင်ပြည်နယ်မြောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက် မည်ဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန် ထားကြောင်းလည်း သိရပါသည် ။

မုန်တိုင်းဖြတ်ကျော်ဝင်ရောက်စဉ် မုန်တိုင်းဒီရေသည် ၆ပေမှ၈ပေခန်.ထိ မြင့်တက်လာနိုင် ဖွယ်ရှိပြီး လေတိုက်နှုန်းမှ တစ်နာရီမိုင်၆၀မှ မိုင်၇၀ထိတိုက်ခိုက်နိုင်သဖြင့်  အနီရောင်အရေးပေါ်အခြေနေ သတ်မှတ်ထားကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

ရခိုင်ကမ်းရိုးတန်းဒေသခံများအနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင်ရှားကြရန် အမျိုးသားသဘာဝဘေးကာကွယ်ဆောင်ရှောက်ရေးကော်မတီမှလည်း   နိုင်ငံပိုင်ရုပ်သံမီဒီယာများမှတစ်ဆင့် ကြိုတင်သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

Monday, October 17, 2011

မြန်မာ့နွေဦး ရောက်ပြီလား

(Foreign Policy မဂ္ဂဇင်း အောက်တိုဘာ ၁၃ ရက်နေ့ အင်တာနက် စာမျက်နှာမှာ တင်ထားတဲ့ JIM DELLA-GIACOMA ရဲ့ Burma Spring ကို ဆီလျော်အောင် ဘာသာပြန်ဆို တင်ပြလိုက်ပါတယ်။)
အခုအချိန် ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ဖို့အတွက် နှစ်ပေါင်းများစွာ စောင့်မျှော်လာခဲ့ သူတွေအတွက် စိတ်လှုပ်ရှားစရာ နေ့တွေပါပဲ။ စစ်ဗိုလ်တွေ အရပ်ဝတ် လဲပြီး အာဏာ ဆက်ယူထားဖို့ လုပ်ခဲ့တာလို့ စွတ်စွဲခံရတဲ့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ အစိုးရဟာ ရည်မှန်းချက် ကြီးမားတဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ် တစ်ခုကို ချပြခဲ့ပြီး အဲဒီအတိုင်း လုပ်နိုင်အောင် ကြိုးစားနေတာကို တွေ့နေရပါတယ်။ 
 
နှစ်နှစ်ဆယ်ကျော် လွှတ်တော်မရှိ၊ ဒီမိုကရေစီ ကျင့်စဉ်မရှိဘဲ ဖြစ်နေခဲ့ ပြီးတဲ့နောက် အစိုးရသစ်ဟာ လက်ရှိ အခြေအနေ ကနေ ပြောင်းလဲနိုင်ဖို့၊ အုပ်ချုပ်ပုံ နည်းလမ်းတွေကို ပြောင်းလဲနိုင်ဖို့ အံအားသင့်စရာ ကောင်းလောက်အောင် ကြိုးစား လာနေပါတယ်။ အစိုးရသစ်က ထောင်ထဲမှာ ရှိနေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်ချက်ဟာ သဘောထား ကွဲပြားနေတဲ့ နိုင်ငံအတွင်းမှာ အမျိုးသား ရင်ကြားစေ့ရေး အတွက် ကြိုးပမ်း လုပ်ဆောင်ချက် ဖြစ်ပါတယ်။ လွှတ်တော်က သမိုင်းတွင်မယ့် လွတ်ငြိမ်းချမ်းသာခွင့် ဆိုင်ရာ အဆိုကို အတည်ပြု ခဲ့ပြီးနောက် အောက်တိုဘာလ ၁၂ ရက်နေ့မှာ အစိုးရက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အဖြစ် အကျဉ်းသား ၆၃၅၉ ဦးကို ပြန်လွှတ် ပေးခဲ့ပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါတယ် ဆိုတာ အတိအကျ မသိရ သေးပေမယ့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကတော့ အနည်းဆုံး ၁၂၀ လောက် ပါတယ်လို့ ခန့်မှန်း ထားပါတယ်။
အရေအတွက် ဘယ်လောက်များတယ် ဆိုတာ ငြင်းစရာ ဖြစ်နေပေမယ့် ပါဝင်တဲ့ လူတွေရဲ့ အရည်အသွေးက အရေအတွက် လိုပဲ တာသွားပါတယ်။ လွှတ်ပေးလိုက်သူတွေ ထဲမှာ ရှမ်းပြည်တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ် ဆေးထင်နဲ့ ထင်ရှားတဲ့ လူရွှင်တော် ဇာဂနာတို့ ပါဝင်နေပါတယ်။ နောက်ပြီး အကျဉ်းသားတွေ လွတ်မြောက်ရေးကို လွှတ်တော်၊ အသစ်ဖွဲ့တဲ့ လူ့အခွင့်အရေး ကော်မရှင်နဲ့ သမ္မတရုံး စတဲ့ အင်စတီကျူးရှင်း အသစ်တွေကို ဖြတ်သန်းပြီး လုပ်ဆောင် ခဲ့တာဟာ ထူးခြားပြီး အရင်တုန်းက မရှိခဲ့တဲ့ အင်စတီကျူးရှင်းကို အခြေခံတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ဒါဟာ နောက်ပြန်လှည့်လို့ မရတဲ့ လုပ်ဆောင်ချက်မျိုးလည်း ဖြစ်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စကို လွှတ်တော်မှာ ဆွေးနွေးတော့ တပ်မတော်သား အုပ်စုတွေက ပါဝင်ဆွေးနွေးပြီး ထောက်ခံခဲ့တာကြောင့် ဒီလုပ်ဆောင်ချက်ကို တပ်မတော် ကလည်း ပွင့်ပွင့်လင်းလင်း ထောက်ခံတယ် ဆိုတာ သိနိုင်တယ်။ အရင် အကျဉ်းသားတွေ ပြန်လွှတ်တုန်းက ဒီလို လုပ်ဆောင်တာ မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံထဲက အတိုက်အခံ ခေါင်းဆောင်တွေ ကတော့ ဒီလွှတ်ပေးမှုဟာ ပထမ အဆင့်ပဲ ရှိသေးတယ်၊ နောက်ထပ် နှစ်သုတ်လောက် လွှတ်ပေးဦးမယ်လို့ ခန့်မှန်း နေကြတယ်။ 
 
ဒီလွှတ်ပေးမှုဟာ သီးခြားဖြစ်စဉ် တစ်ခု မဟုတ်ဘူး။ ပြီးခဲ့တဲ့လတွေ အတွင်းမှာ သမ္မတ ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး ခဲ့တယ်။ တိုင်းရင်းသား အဖွဲ့အစည်း တွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပြီး ဝ၊ မိုင်းလား အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လက်မှတ် ထိုးနိုင်ခဲ့တယ်။ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်နဲ့ အဖွဲ့အစည်း ဖွဲ့စည်းခွင့် တွေကို လျှော့ပေါ့ ပေးလာခဲ့တယ်။ မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဌ ရာထူးကို ရယူဖို့ မျှော်မှန်း ထားတာကြောင့် အိမ်နီးချင်း နိုင်ငံတွေနဲ့ ပိုမိုပေါင်းစည်း နိုင်ဖို့၊ နိုင်ငံအတွင်းက အမူအကျင့်ဟောင်း တွေကို ပြန်ပြင်နိုင်ဖို့ နောက်ထပ် အပြောင်းအလဲတွေ အများကြီး လုပ်ရဦးမှာ ဖြစ်ပါတယ်။ 
 
တစ်ချို့ ဝေဖန်သူတွေ ကတော့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေ အပေါ် သံသယ ရှိနေတုန်းပဲ။ ဒါပေမယ့် နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေး အဖွဲ့က စက်တင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ Myanmar: Major Reform Underway, စာတမ်းမှာ ခန့်မှန်းထားတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ ထဲက လက်တွေ့ ဖြစ်လာတာ တွေဟာ ကျွန်တော်တို့ အားလုံး မျှော်လင့်ထားတာထက် ကျော်လွန်နေပါတယ်။ အဲဒီထဲမှာ တရုတ်နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ မြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းကို ရပ်ဆိုင်း လိုက်တာလည်း ပါဝင်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်တွေ အားလုံးက မြန်မာနိုင်ငံဟာ အထီးကျန် ဘဝကနေ ရုန်းထွက်ဖို့ ကြိုးစားနေပြီ ဆိုတာ သက်သေ ပြနေတာလည်း ဖြစ်ပါတယ်။ 
 
အခုအချိန်မှာ မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ခဲ့သူတွေ အားလုံးကလည်း ဒီလိုပဲ မြင်ကြပါတယ်။ ဗီဇာတွေ ကလည်း ပြည်ပ မီဒီယာတွေ ကိုတောင် လွတ်လွတ်လပ်လပ် ထုတ်ပေး နေပါတယ်။ နော်ဝေ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Espen Barth Eide က ဖိုင်နယ်ရှယ်တိုင်းမ် သတင်းစာကို ပြောတဲ့အခါ မြန်မာနိုင်ငံက ပြန်လာတော့ သူတို့ဟာ လိုတာထက်တောင် ပိုပြီး မြန်မြန် ပြောင်းနေတယ်လို့ ခံစားမိတယ်။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒီလို မှတ်ချက် ပေးရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူးလို့ ထည့်ပြော သွားပါတယ်။ သူက ဝက်ဘ်ဆိုက် ပိတ်ထားတာ အများစုကို ဖွင့်ပေးလိုက်တာ၊ စာပေစိစစ်ရေး မူဝါဒ တွေကို ပြန်သုံးသပ်နေတာ၊ လွှတ်တော်အတွင်း လွတ်လပ်စွာ ဆွေးနွေး နေတာ၊ အစိုးရဲ့ ဝါဒဖြန့်ချိရေးတွေ အသံ လျော့သွားတာနဲ့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတနဲ့ တွေ့ပြီးတဲ့နောက် အပြုသဘော ဆောင်တဲ့ မှတ်ချက် ပေးတာတွေကို ထောက်ပြ သွားပါတယ်။ 

Friday, October 14, 2011

သဘောထားမှန် ၊ အယူအဆမှန်မှ လမ်းကြောင်းမှန်ဆီသို့

 ကျေးဇူးရှင်မင်းကွန်းဆရာတော်ဘုရားကြီး


ဒကာကြီးရယ် .... သဘောထားကွဲလွဲမှုဆိုတာ ဓမ္မတာအတိုင်း လောကမှာရှိတာမျိုးပေါ့ သူ့ဘက် ကိုယ့်ဘက် ပြောစရာရှိတာတော့ ပြောရမှာပေါ့ ...

ဒါပေမယ့်ငယ်သူကကြီးသူနဲ့ ပြောကြတဲ့အခါ သဘောထားကွဲလွဲမှုပင် ဖြစ်စေကာမူ ဂါရဝေါစနဲ့ ပြောရတယ် 

ကြီးသူကလည်းငယ်သူနဲ့ပြောကြတဲ့အခါ သဘောထားကွဲလွဲချက်ပင် ဖြစ်စေကာမူ  ငါအကြီးပဲဆိုပြီး အထက်စီးကနေမပြောရဘူး  နိဝါတောစ နဲ့ပြောရတယ် ...

( ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီး )


 မျက်မှောက်ကာလနှင့်ကိုက်ညီ

အထက်ပါဆရာတော်ကြီး၏ ဆုံးမသြဝါဒစကားသည် မြန်မာနိုင်ငံ၏ မျက်မှောက်ခေတ်အချိန်အခါနှင့် အလွန် ကိုက်ညီသော ဆုံးမစကားဖြစ်ပါသည် ။အမြင်သဘောထား မတူကြသူများ တစ်ဘက်နှင့်တစ်ဘက် တစ်ဦးနှင့်တစ်ဦး ဆွေးနွေးညှိနှိုင်း တိုင်ပင်ကြသောအခါ ကိုယ်နှုတ်အမူအယာတို့သည် များစွာအရေးပါပြီး အယူအဆ ကွဲပြားမှုများအပေါ်တစ်ဘက်နှင့်တစ်ဘက် သဲသဲမဲမဲဆိုသလို အားနည်းချက်များကို ဆုပ်ကိုင် ထိုးနှက်တိုက်ခိုက်ကြပါလျှင် အကောင်းဘက်သို့ ပြောင်းလဲလာနိုင်မည်မဟုတ်ပါ ...

အတ္တမာနကို မထိခိုက်ရန်လို 

ပြောဟန်ဆိုဟန် ကိုယ်နှုတ်အမူအယာတို့သည် တစ်ဘက်၏အတ္တမာနကို အခြားတစ်ဘက်က မထိခိုက်စေပဲ ဖျောင်းဖျောင်းဖြဖြ နှင့် ယဉ်ကျေးလိမ္မာစွာ ဆွေးနွေးညှိနှိုင်းရန် အထူးလိုအပ်လှပေသည်  အခြားတစ်ဘက်၏ အတ္တမာနကို ကျန်အခြားတစ်ဘက်က ထိပါးပုတ်ခတ်ပြောဆိုမိပါမူ တစ်ဘက်ကလည်း မှားမှန်းသိနေစေကာမူ အယူအဆဟောင်းကို လက်လွှတ်တော့မည်မဟုတ်ပါ ။

သဘောထားပျော့ပျောင်းသောအစိုးရ

လက်ရှိ ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရသစ်သည် စစ်ဗိုလ်ချုပ်ဟောင်းများ အများစုပါဝင်စေကာမူ ယခင်အဆက်ဆက်သောအစိုးရများထက် သဘောထားပျော့ပျောင်းသာ ၊ ပြည်သူ့အသံကို နားထောင်သော အကောင်းဘက်ဦးတည်သောအရွေ့ကို အရှိန်အဟုန်အတန်ငယ်နှေးနေစေကာမူ ရွှေ့နေသော အစိုးရဖြစ်သည် ဆိုသောအချက်မှာ နိုင်ငံတကာအပါအ၀င် ပြည်သူအများစုကပါ လက်ခံထားသော အယူအဆဖြစ်လေသည် ။


 ၆လအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ၂ ကြိမ်

အစိုးရသက်တမ်း ၆ လအတွင်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ၂ ကြိမ်ပေးကာမြန်မာနိုင်ငံတ၀န်းရှိ အကျဉ်းထောင်ပေါင်း ၄၂ ခု၊ အလုပ်ကြမ်း ရဲဘက်စခန်းပေါင်း ၁၀၉ ခုမှ အကျဉ်းသားဦးရေ ၆၀,၀၀၀ ကျော်ရှိသည့်အနက် ၂၁၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ပြီးဖြစ်လေသည် ။ ယခုနောက်ဆုံးအကြိမ် လွှတ်ပေးသော အကျဉ်းသား ၆၃၅၉ ဦးတွင် ထင်ရှားသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အများအပြားပါဝင်ခဲ့ရာ ထိုသူတို့၏ လှုပ်ရှားပြောဆိုမှုများ ၊ ထိုသို့လွှတ်ပေးခြင်းအပေါ်အကျိုးအကြောင်းအဆိုးအကောင်းကို နိုင်ငံတော်အစိုးရအနေဖြင့် စောင့်ကြည့် နေ မည်မှာ မလွဲဧကန်ဖြစ်ပေသည် ။ တစ်နည်းဆိုရသော် ယခုလွှတ်ပေးလိုက်သူတို့၏ ပြောဆို လှုပ်ရှားမှုအဖုံဖုံတို့သည် နိုင်ငံတော်၏ တည်ငြိမ်ရေးကို အာမခံချက်ရှိမှသာ ၊သို့တည်းမဟုတ် ယခုကဲ့သော လွှတ်ပေးလိုက်ခြင်းသည် ထင်ထားသလို စိုးရိမ်စရာမဖြစ်လာ ၊ အေးအေးချမ်းချမ်းရှိကြောင်း အစိုးရအနေဖြင့် ယုံကြည်လာမှသာ ကျန်ရစ်နေသော အကျဉ်းသားများ၏ လွတ်မြောက်ရေးကို ဆက်လက်စဉ်းစား မည်မှာ သေချာလှပါသည် ။

စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် က ELEVEN MEDIA ၏ CEO ဒေါက်တာသန်းထွဋ်အောင်သို့ တန်ဘိုးကြီးကားတစ်စီး အားလာဘ်အဖြစ်ပေးအပ်ခဲ့ကြောင်းသတင်းများဖြစ်ပေါ်နေ

ဦးဇော်ဇော်မှ ဒေါက်တာသန်းထွဋ်အောင်သို့ လက်ဆောင်အဖြစ်ပေးအပ်ခဲ့သော ကားနှင့် အမျိုးစားတူ ကားတစ်စီး၏ အတွင်းပိုင်းပုံ

စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က Eleven Media Group ၏ ဥက္ကဌနှင့် CEO ဖြစ်သူ ဒေါက်တာသန်းထွဋ်အောင် ထံသို့ ပြည်ပပေါက်ဈေး အမေရိကန်ဒေါ်လာ တစ်သိန်းကျော်တန်ဘိုးရှိ LEXUS အမျိုးအစား ကားတစ်စီးကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့ကြောင်း သတင်းများဖြစ်ပေါ်လျက်ရှိပါသည် ။

ဦးဇော်ဇော် ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ရဲ့ လတ်တလောမအောင်မြင်မှုများနှင့် သူပိုင် စီးပွားရေးလုပ်ငန်းများ အကြောင်း မီဒီယာမှတစ်ဆင့် ပျံ့နှံ့ ဖေါ်ပြခြင်း မရှိစေရန် ရည်ရွယ်ပြီး ခုလို တန်ဘိုးကြီး လက်ဆောင်များကို ရည်ရွယ်ပေးတာဖြစ်ကြောင်းလဲ အဆိုပါသတင်းများအရ သိရှိရပါတယ် ။

" ခုတစ်လော သူတို့နှစ်ယောက် ညနေတိုင်းလိုလို ညစာအတူစားနေကြတာတွေ့ပါတယ် ၊ ကျွန်တော်တို့လဲ ဒီသတင်းကြားပါတယ် လူတစ်ယောက်ကနေ တစ်ခြားသူခင်မင်ရာ လူတစ်ယောက်ကို သူပေးချင်ရာပေးတာ ဘာမှပြောစရာမရှိပေမယ့် ပေးတဲ့သူကလဲ ရည်ရွယ်ချက်တစ်ခုခုနဲ့ပေးမယ် ၊ ယူတဲ့မီဒီယာသမားကလဲ ဒါယူမိတဲ့အတွက် ပေးတဲ့သူရဲ့ ရည်ရွယ်ချက်ကို တစ်ဖက်လှည့်နဲ့ အကောင်အထည်ဖေါ်နေမယ် ဆိုရင် တော့ ပြည်သူတွေအနေနဲ့ ဒီမီဒီယာကို ယုံကြည်ဘို့ ခက်လာပါ့မယ် ခုပဲကြည့်လေ ဆက်တိုက်ဆိုသလို အရှုံးနဲ့ရင်ဆိုင်နေရ တဲ့ မြန်မာ့ဘောလုံးအသင်းနဲ့ပတ်သက်ပြီး အစိုးရကိုတောင်ဝေဖန်ဘို့ဝန်မလေးတဲ့  Eleven ကဘာမှဝေဖန်တာတွေမရှိပါဘူး  " ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောပါသည် ။

အခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက " ကျွန်တော်တို့ သိရသလောက် ကိုဇော်ဇော်ဟာ ဒေါက်တာ သန်းထွဋ်အောင်ကို တော်တော်ကြည့်မရတဲ့သူပါ ခုတစ်လော သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေး ကိုတော့နားမလည်နိုင်အောင်ပါဘဲ ကိုဇော်ဇော်ကို စီးပွားရေးသမားပီသပါပေတယ်လို့ပဲ ပြောရတော့မှာပါဘဲ " ဟုပြောပါသည် ။

" ဒီသတင်း ဟုတ်တယ်ဗျ တချို့ကလဲ သူ့ဖာသာသူပေးတာဘာဖြစ်လဲဆိုပြီးပြောကြတယ် ဒါဆိုရင် လဘ်စားတယ်ဆိုတာ ဘာလဲ ? ၊ အဂတိလိုက်စားတယ်ဆိုတာဘာလဲ ? ၊ ဆိုတာပြန်မေးရမလိုဖြစ်နေပြီ ဒါမျိုးယူတာမှတရားတယ်ဆိုရင် အစိုးရတာဝန်ရှိသူတွေ နဲ့စီးပွားရေးသမားတွေအကြားအပေးအယူ ရှိတယ်တို့ ဘာတို့ မီဒီယာတွေက ရေးမနေတော့နဲ့လေ... ဟုတ်တယ်မဟုတ်လား    " ပြည်တွင်း သတင်းအယ်ဒီတာတစ်ဦး၏ မှတ်ချက်စကားဖြစ်ပါသည် ။

Tuesday, October 11, 2011

နိုင်ငံတော်သမ္မတမှ အကျဉ်းသားပေါင်း ၆၃၅၉ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အမိန့်တစ်ရပ်ထုတ်ပြန်

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသားများအနက် အကျဉ်းသား (၆၃၅၉) ဦးကို  အောက်တိုဘာလ ၁၂ရက် (သတင်းကျွတ်လပြည့်နေ့) မှစတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ အမိန်အမှတ် ၄၉/၂၀၁၁ ကို  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ ( ၁၁.၁၀ .၂၀၁၁)ရက်စွဲဖြင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါသည် ။

နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သော အမိန့် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး 
အမိန့်အမှတ် ၄၉/၂၀၁၁

၁၃၇၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက်
(၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်)


လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း


၁။ နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။

၂။ဤသို့ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်သည် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက်ခဲ့သူများအား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များစီရင်ချမှတ်ခဲ့ရပါသည်။ ဤသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေးမကောင်းသူများ၊ ကိုယ်လက်အဂါင်္ချို့တဲ့သူများ အပါအ၀င် အကျဉ်းသားများအားလုံးထဲမှ ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်လာသောအကျဉ်းသားများအား နိုင်ငံတော်အစိုးရသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) ပါ ပြဌာန်းချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှအထောက်အပံ့ဖြစ်စေ သည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲပေးနိုင်ရန် အစီအမံများ စနစ်တကျ စီစဉ်ဆောင် ရွက်ပေးလိုပါသည်။

မြန်မာ့လူ့အခွင့်အရေးကော်မရှင်က နိုင်ငံတော်သမ္မတထံ အကျဉ်းသားများလွတ်မြောက်ရေးအတွက် မေတ္တာရပ်ခံ

ပည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်- နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်က မေတ္တာရပ်ခံ တင်ပြသည့် အိတ်ဖွင့် စာတစ်စောင်ကို ယနေ့ရက်စွဲဖြင့် ပေးပို့ခဲ့သည်။ အဆိုပါ အိတ်ဖွင့်စာ အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်သည်-

နိုင်ငံတော်သမ္မတခင်ဗျား-
 
၁။ နိုင်ငံတော် သမ္မတအနေဖြင့် ပြည်သူများ မျှော်လင့်နေကြသည့် ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ၊ ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားရေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ တရားဥပဒေစိုးမိုးမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုစသည့် မူများအပေါ် အခြေခံကာ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြင်သာ ထင်သာ ရှိသည့် လုပ်ဆောင်ချက် တစ်ရပ်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းသို့ ဖွဲ့စည်း တည်ထောင်ခြင်းကို မြန်မာနိုင်ငံ ပြည်သူများ ထောက်ခံကြိုဆို ကြမည်ဟု ယုံကြည်ပါကြောင်း ဦးစွာ ဖော်ပြအပ်ပါသည်။
 
၂။ ယခုကဲ့သို့ ဖွဲ့စည်း တည်ထောင်ရာတွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် အမှတ်၊ A/RES/48/134 ၌ ဖော်ညွှန်းထားသည့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်း တည်ထောင်ခြင်း ဆိုင်ရာ အခြေခံမူများ [ (principles relating to the status of national institutions ) Paris Principles)] (ပါရီ အခြေခံမူများ) ကို အခြေခံ၍ ဖွဲ့စည်း တည်ထောင် ထားခြင်း ဖြစ်သည်။ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံတွင် ကျွန်တော်တို့ ကော်မရှင်သည် မဉ္စမမြောက် ကော်မရှင် ဖြစ်ပါသည်။
 
၃။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့ကို ဆောင်ရွက်နိုင်ရန် အလို့ငှာ ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့် များတွင်လည်း နိုင်ငံသားများ၏ မူလအခွင့်အရေး ချိုးဖောက် ခံရကြောင်း တိုင်ကြားစာ လက်ခံခြင်း၊ စုံစမ်း စစ်ဆေးခြင်းနှင့် စစ်ဆေး တွေ့ရှိချက်များကို ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသို့ လွှဲပြောင်းပေးရန်လည်း တာဝန်တစ်ရပ်အနေဖြင့် ပါဝင်ပါသည်။ ကော်မရှင်အနေဖြင့် ဖွဲ့စည်းတည်ထောင်သည့် နေ့မှစ၍ ကော်မရှင်၏ တာဝန်များကို အပြည့်အဝ ထမ်းဆောင်ပြီး နိုင်ငံသားများ၏ မူလအခွင့်အရေးများ မြှင့်တင်ရန်နှင့် ကာကွယ်ရန် သန္နိဌာန်ချ ထားပါသည်။

Monday, October 10, 2011

ရုရှားတို့၏ Glonass ဂြိုလ်တု လမ်းညွှန်စံနစ်အကြောင်း



ရုရှားနိုင်ငံဟာ နိုင်ငံရဲ့ ကမ္ဘာလုံး ဆိုင်ရာ တည်နေရာပြစနစ်ရဲ့ ဂြိုဟ်တု အုပ်စုဖြစ်တဲ့ ဂလိုးနက်စ်ဂြိုဟ် တုတွေ အာကာသတွင်း နေရာချထားခြင်းကို အပြီးသတ် ဆောင်ရွက် ပြီးစီးပြီ ဖြစ်ကြောင်း ရုရှား အာကာသ အေဂျင်စီ ရို့စ်ကိုစ်မို့စ် အကြီးအကဲ ဗလာဒီမာ ပိုပေါ့ကင်က ပြောကြား ခဲ့ပါတယ်။ အဆိုပါ ဂလိုးနက်စ် လမ်းညွှန် တည်နေရာပြ စနစ်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ GPS စနစ်နဲ့ တူညီပြီး စစ်ဘက်ရော အရပ်ဖက်ကပါ အသုံးပြုနိုင်အောင် ဒီဇိုင်း ထုတ်ထားပါတယ်။ 
 


Glonass စံနစ်သုံး လမ်းညွှန်ကရိယာတစ်ခုပုံ

 
အဆိုပါ ရုရှား လမ်းညွှန် တည်နေရာပြ စနစ်မှာ တစ်ကမ္ဘာလုံးကို လွှမ်းခြုံပြီး လုပ်ငန်း လုပ်ဆောင်နိုင်ဖို့အတွက် လုပ်ငန်း လည်ပတ်မှု ဆိုင်ရာ ဂြိုဟ်တု (၂၄)ခုနဲ့ သီးသန့် ဂြိုဟ်တု (၂)ခုမှ (၃)ခုအထိ လိုအပ်ပါတယ်။


လေကြောင်းချီစစ်သည်တော်တစ်ဦးတွင် တပ်ဆင်ထားသော glonass equipment  တစ်ခု

ရုရှား နိုင်ငံဟာ အခု အောက်တိုဘာလ အစောပိုင်းမှာ ဂလိုးနက်စ် အမ် ဂြိုဟ်တုကို အာကာသ အတွင်း အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ တဲ့အတွက် ပတ်လမ်းအတွင်း ဂြိုဟ်တုတွေ ချထားခြင်း ပြီးဆုံးပြီ ဖြစ်ကြောင်း ဂလိုးနက်စ် လမ်းညွှန် တည်နေရာပြ ဂြိုဟ်တုတွေဟာ အချိန် အနည်းငယ် အတွင်းမှာ အသုံးပြုနိုင် တော့မှာ ဖြစ်ကြောင်း ရို့စ်ကို့စ်မို့စ် အကြီးအကဲ ပိုပေါ့ကင်က ပြောကြား ခဲ့ပါတယ်။

Sunday, October 9, 2011

အသွင်ကူးပြောင်းရေး မှတ်တိုင် ဖြစ်သွားသော မြစ်ဆုံ



အစိုးရတို့ မည်သည် ပြည်သူလူထု၏ လိုအင်ဆန္ဒနှင့် ပြောင်းပြန်ကိုသာ ဆုံးဖြတ်လေ့ ရှိသည်ဟု ၎င်းတို့၏ နှစ်ပေါင်း ၅၀ခန့် အတွေ့အကြုံအရ ယူဆထားကြသော ပြည်သူလူထုသည် အောက်တိုဘာလ ၃၀ နေ့က ထုတ်ပြန်သော နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ သဝဏ်လွှာကို မျက်မြင် ကြုံတွေ့ကြရသော အခါ မည်သို့မျှ မယုံနိုင်အောင် ဖြစ်ခဲ့ကြရပြီး သမ္မတကြီးကိုလည်း လှိုက်လှိုက်လှဲလှဲ ထောက်ခံအားပေး ခဲ့ကြသည်ကို တွေ့ခဲ့ရပါသည်။ မြန်မာနိုင်ငံနှင့် မြန်မာ နိုင်ငံသားများသည် နှစ်ပေါင်း ၅၀ ခန့် အတွင်း လူထုလိုလားသော ခေါင်းဆောင် တစ်ဦးကို ပထမဆုံး အကြိမ် ပြန်လည် ရရှိခဲ့ကြခြင်းလည်း ဖြစ်ပါသည်။

အမှန်အားဖြင့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်သော လှုပ်ရှားမှုများမှာ မြန်မာနိုင်ငံ၏ အသွင် ကူးပြောင်းရေးသည် အဆင့်သစ် ဖြစ်သည့် Liberalization ခေါ် လွတ်လပ်မှုများ စတင် ခွင့်ပြုသည့် အဆင့်သို့ ကူးပြောင်း ရောက်ရှိသွားပြီ ဖြစ်ကြောင်း သက်သေထူခဲ့ခြင်း ဖြစ်ပါသည်။

အသွင်ကူးပြောင်းရေး၏ ကနဦး Transition စတင်သည့် အချိန်တွင် မရေရာမှုများ ကြီးစိုးချိန် ဖြစ်ပြီး Rule of the Game လည်း ထင်ရှားခြင်း မရှိသောကြောင့် အနာဂတ်ကို ခန့်မှန်းနိုင်သူ အနည်းငယ်သာ ပေါ်ထွက်လေ့ ရှိပြီး သတင်း အချက်အလက်ရော သီအိုရီပါ သိသော အီလိ (Elite) အနည်းငယ်၏ လှုပ်ရှားမှု အဖြစ်သာ မြင်နိုင်သည်ဟု အသွင်ကူးပြောင်းရေး သီအိုရီများက ဆိုသည်။ ( ဥပမာ-၂၀၁၀ ရွေးကောက်ပွဲ - မောင်စူးစမ်း)

နိုင်ငံတော်သမ္မတကြီး အိန္ဒိယသို့ ချစ်ကြည်ရေးခရီးသွားမည်



နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ  အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက် မည်ဖြစ်ကြောင်း သတင်းရရှိပါသည် ။  အဆိုပါခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံသမ္မတကြီးနှင့် တာဝန်ရှိ သူများကို တွေ့ဆုံသွားမည်ဖြစ်ပြီး နိုင်ငံရေး ၊ စီးပွားရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရေး ကိစ္စရပ်များကို  ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ 


နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်သည်  ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ယခုနှစ် မေလ ၅ရက် နေ့က  (၁၈)ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတက်ရောက်ရန် သွားရောက်ခဲ့ပြီးဒုတိယ အကြိမ်မြောက် ပြည်ပခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ယခုနှစ် မေလ ၂၆ ရက်နေ့တွင် ချစ်ကြည်ရေး ခရီးစဉ်သွားရောက်ခဲ့ကာယခုခရီးစဉ်မှာ နိုင်ငံတော်သမ္မတကြီး၏ သမ္မတသက်တမ်းအတွင်း တတိယမြောက် ခရီးစဉ်ဖြစ်ပါသည် ။

အာဏာရှင် အနံ့အသက်တွေ ကင်းရှင်းဖို့

'မိကျောင်းမင်း ရေခင်းပြသလို' ဖြစ်မှာတော့ စိုးတယ်။ ဒါပေမယ့် 'ပညာရှိ သတိဖြစ်ခဲ' မဖြစ်ဖို့အတွက် ရေးသင့်ရေးထိုက်တာလေးတွေတော့ ရေးပါရစေ။ ဒီလိုရေးဖို့အတွက် စာနယ်ဇင်းသမားဆိုတာ ရှိနေရတာ မဟုတ်လား။


ရာထူးကြီးလေ ဇိမ်မရှိလေ

ခေါင်းဆောင်တွေဆိုတာက နေ့စဉ်နဲ့အမျှ စားချိန်၊ အိပ်ချိန်မှာတောင် တိုင်းရေးပြည်ရေးတွေ စဉ်းစားရင်းနဲ့ စားကြအိပ်ကြရတာပါ။ ရာထူးကြီးလေ ဇိမ်မရှိလေလို့တောင် ဆိုနိုင်တယ်။ အရေးကြီးကိစ္စမှန်သမျှ ကိုယ်တိုင်ဆုံးဖြတ်ရတာဖြစ်လေတော့ တာဝန်သိပ်ကြီးပြီး စိုးရိမ်ကြောင့်ကြရတာတွေ သိပ်များတယ်။ ကိစ္စကြီးတွေကို ခေါင်းထဲမှာထည့်ထားပြီး စက္ကန့်နဲ့အမျှ စဉ်းစားခန်းထုတ်နေရတာကြောင့် တော်ရုံ ကိစ္စလေးတွေကို 'သတိမမူ ဂူမမြင်' ဖြစ်နေတတ်တယ်။ အဲဒီလိုအခါမျိုးမှာ သတင်း စာတွေကို အားကိုးအားထားပြုရတယ်။ စဉ်းစားရလွန်းလို့ ခေါင်းတွေပူလာတဲ့အခါ သတင်းစာတွေကို လှန်လှောကြည့်ရင်း ခေါင်းအေးအောင် လုပ်ကြရတယ်။
 

ထမင်းစားရေသောက်သလို

သတင်းစာဆိုတာက လူ့လောကအတွင်း ဖြစ်ပျက်သမျှ ကိစ္စကြီးငယ်မျှသမျှ ရေးသားဖော်ပြကြ တာဖြစ်လေတော့ သာမန်အချိန်တွေမှာ သတိမထားမိတဲ့ ကိစ္စလေးတွေကို သတိထားမိသွားတတ်တယ်။ အဲဒါကြောင့် တိုင်းရေးပြည်ရေး ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်မှန်သမျှ သတင်းစာတွေကို နေ့စဉ် ထမင်းစားရေသောက်တဲ့ အလုပ်တွေလုပ်သလို တာဝန်တစ်ရပ်အဖြစ် သဘောထားပြီး မဖြစ်မနေဖတ်ဖို့ လိုအပ်တယ်။ သတင်းစာမဖတ်သူဟာ ဘယ်နည်းနဲ့မှ တာဝန်ကျေတဲ့ခေါင်းဆောင် ကောင်းတစ်ယောက် မဖြစ်နိုင်ဘူး။
 

ခွဲခြမ်းစိတ်ဖြာပေးရ

သတင်းစာတွေကလည်း စတုတ္ထမဏ္ဍိုင် ပီသဖို့အတွက် ခေါင်းဆောင်တွေအပါအ၀င် တိုင်းသူပြည်သားအားလုံး သိရှိသင့်တဲ့၊ လုပ်ကိုင်ဆောင်ရွက်သင့်တဲ့ ကိစ္စမှန်သမျှကို ကိစ္စကြီး ကိစ္စငယ် မခွဲခြားဘဲ ဖော်ထုတ်ရေးသားကြဖို့ လိုအပ်တယ်။ အကြောင်း အရာအလိုက် ဆစ်ပိုင်းပြီး ခွဲခြမ်းစိတ်ဖြာ ပြသင့်တဲ့အခါလည်း ပြရတယ်။ သတင်းစာဖတ်သူတိုင်းဟာ အားလပ်နေကြသူတွေ မဟုတ်ကြဘူး။ သတင်းစာက ခွဲခြမ်းစိတ်ဖြာပြတဲ့အတွက် အချိန်ကုန်သက်သာပြီး အများကြီး အထောက်အကူဖြစ်စေတယ်။ ဒါကြောင့် တာဝန်သိ သတင်းစာသမားတိုင်း ဒီကိစ္စကို အထူးအလေးထား လုပ်ဆောင်ကြရတယ်။



ကျန်နေတဲ့ အားအင်ကလေးနဲ့

အသက်ခုနစ်ဆယ်ကျော်ဆိုတာ မြန်မာလူမျိုးတို့ရဲ့ သက်တမ်းအရပြောရရင် နောက်ဆုံးဆယ်စုနှစ် ထဲ ရောက်နေပြီလို့ပြောရမှာပါ။ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ အချိန်မရွေး ဖြုတ်ခနဲ ကြွေကျသွားနိုင်တယ်။ ဒီအချိန်မှာ ပိုက် ဆံရဖို့တို့၊ နာမည်ကြီးဖို့တို့ မလိုတော့ပါဘူး။ ကျန်ရှိနေသေးတဲ့ အားအင်ကလေးနဲ့ တိုင်းကျိုးပြည်ကျိုး အများအကျိုးကို သယ်ပိုးထမ်းရွက်လိုတဲ့စိတ်ပဲ ရှိပါတော့တယ်။ ဒီစိတ်ကလေးနဲ့ပဲ ရေးသင့်တယ်ထင်တာလေးတွေ ရေးနေပါတယ်။ အခု ရေး မယ့်ကိစ္စကလည်း ဘယ်သူ့အပေါ်မှာမှ အမြင်မကြည်လင်လို့ မဟုတ်ပါဘူး။'ပညာရှိသတိဖြစ်ခဲ' မဖြစ်စေချင်လို့ပါ။
 
တော်ရုံကိစ္စလေးတွေကို 'သတိမမူ ဂူမမြင်' ဖြစ်နေတတ်တယ်။ အဲဒီလိုအခါမျိုးမှာ သတင်းစာတွေကို အားကိုးအားထား ပြုရတယ်။ စဉ်းစားရလွန်းလို့ ခေါင်းတွေပူလာတဲ့အခါ သတင်းစာတွေကို လှန်လှောကြည့်ရင်း ခေါင်းအေးအောင် လုပ်ကြရတယ် .. .

အကျဉ်းသားများ လွတ်မြောက်ရေးအလားအလာ . ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းပြောဆို


 
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားတွေကို လွှတ်ပေးရေးကိစ္စ မကြာခင်ရက်ပိုင်း အတွင်းမှာ အကောင်အထည် ပေါ်လာနိုင်ကြောင်း ပြည်သူ့ လွတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုလိုက်ကြောင်း သိရပါတယ် ။

အောက်တိုဘာလ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မှာ အတူလိုက်ပါလာတဲ့ NRK လို့ခေါ်တဲ့ နော်ဝေရုပ်သံဌာနကို သူရဦးရွှေမန်းက ခုလို ပြောခဲ့တာဖြစ်ပါတယ် ။ နော်ဝေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာ့နိုင်ငံရေး မှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးလောကထဲက ပါသင့်ပါထိုက်သူတွေ ပါဝင်လုပ်ကိုင်နိုင်ဖို့ လိုတယ်လို့ အကြံပြု ပြောဆိုခဲ့တယ်လို့ဆို ပါတယ်။

သတင်းခေတ်ရဲ့ အရှင်သခင်ဖြစ်ဖို့





သတင်းအချက်အလက်နှင့် နည်းပညာအရေးပါသောခေတ်

ကျွန်တော်တို့တစ်တွေဟာ ၂၁ ရာစုကြီးကိုဖြတ်သန်းနေကြတဲ့ လူ သားတွေပါ။ ဒီရာစုကိုပဲ သတင်း အချက်အလက်နဲ့ နည်းပညာခေတ် -IT လို့ကင်းပွန်းတပ် ကြပြန်တယ်။ ပညာခေတ်-Kowledge Age လို့လဲ ပြောကြပြန်ပါတယ်။ ဒီခေတ်ကြီးမှာ သတင်းအချက်အလက် နည်းပညာ ရပ်တွေဟာ တစ်ဟုန်ထိုး တိုးတက် လာတဲ့အတွက် သတင်းတွေကလဲ လျင်မြန်လိုက်ပါဘိ။ ဒီသတင်းတွေ ကြောင့်ပဲ လူတစ်ဦးချင်းစီအပေါ်မှာ ရော၊ အဖွဲ့အစည်း တစ်ခုခုအပေါ်မှာ ရောသက်ရောက်လာတဲ့ အကျိုးသက် ရောက်မှုကလဲ မြန်မှမြန်ပါပဲ။ ကုန် ကုန်ပြောရရင်တော့ သတင်းအချက် အလက်ဟာ လူ့အဖွဲ့အစည်းတစ်ခုလုံး အပေါ် လွှမ်းခြုံပြီးပြောင်းလဲဖြစ်ပျက် လာတဲ့အတွက် ကမ္ဘာ့ရွာခေတ်၊ ဂလို ဘယ်လိုက်ဇေးရှင်း-Globalization လို့ ထပ်ပြီးကင်းပွန်းတပ်လိုက်တာ အားလုံးလဲ သိပြီးသားဖြစ်ပါတယ်။ 


ခေတ်ရဲ့သားကောင်တွေ

ဒီလိုမြန်ဆန်လွန်းလှတဲ့ သတင်း နဲ့ နည်းပညာခေတ်ကြီးမှာ ပညာ အခြေခံ ရှိကြတဲ့ လူသားတွေကတော့ သတင်းရဲ့ ထောက်ကူအား-Leverage ကိုရယူနိုင်ကြပြီး နေ့ချင်းညချင်း တိုးတက်ကြီးပွားပြီး အောင်လံလွှင့် ထူနိုင်ကြပေမယ့် ပညာအခြေခံနည်း ကြတဲ့ လူသန်းပေါင်း များစွာကတော့ ခေတ်ရဲ့သားကောင်အဖြစ်နဲ့ အသက် ရှင်နေထိုင်ကြရပါတယ်။ ဒါကြောင့် လဲ ပညာခေတ်ဆိုတာ ပိုပေါ်လွင်လာ တာပေါ့။  အဲဒီတော့ ဒီခေတ်ကြီးမှာ သတင်း ကြောင့် ထောက်ကူအား မရနိုင်ရင် တောင် သတင်းရဲ့ သားကောင် ဖြစ် မသွားဖို့တော့ အရေးကြီးပါတယ်။ 


ခေတ်ရဲ့သားကောင်မဖြစ်စေဘို့ ပညာအရေးပါ

သတင်းခေတ်ကြီးမှာ သတင်း ရဲ့သားကောင် ဖြစ်မသွားဖို့အတွက် ပထမဆုံး သိ သင့် တာကတော့ သတင်းဘာကြောင့် ကိုယ့်ဆီကို ရောက်လာတာလဲ ဆိုတဲ့အကြောင်း ရင်းပါ။ သတင်းဆိုတဲ့ Information တစ်ခု ကိုယ့်ဆီကို ရောက်လာတာ ဟာ သတင်းပို့သူ Sender ကတစ် ဆင့် သတင်းဆက်ကြောင်း- Channel တစ်ခုကို အသုံးပြုပြီး ကျွန်တော် တို့ဆီ ရောက်လာတာပါ။ ကျွန်တော် တို့က သတင်းလက်ခံသူ-receiver တွေပေါ့။ သတင်းပို့သူကနေ သတင်း လက်ခံတဲ့ သူဆီကို ရောက်ရှိအောင် လုပ်ဆောင်တဲ့လုပ် ငန်းစဉ်-Process ကိုတော့ ဆက်သွယ်ရေး-Communication လို့ခေါ်ပါတယ်။ ဒီခေတ်ကြီးမှာ သတင်းအချက် အလက်ပေါင်း မြောက်မြားစွာဟာ အင်တာနက်ကပဲဖြစ်ဖြစ် မီဒီယာတွေ ဖြစ်ကြတဲ့ ရုပ်သံဌာနတွေ၊ စာအုပ် စာပေတွေ၊ သတင်းဂျာနယ်တွေ၊ မဂ္ဂ ဇင်းစာစောင် တွေကနေပဲဖြစ်ဖြစ် အချိန်တိုအတွင်းမှာ အမျိုးစုံ၊ အရောင် စုံ ဝင်ရောက်လာနေကြတာဟာ အားလုံးလဲသိပြီးသား၊ ကြုံနေပြီးသားပါ။ ဒီနေရာမှာ သတင်းလက်ခံသူတွေ အနေနဲ့ ခေတ်ရဲ့ အရှင်သခင်-Master ဖြစ်ဖို့ အခွင့်အသာဆုံး နေရာက တော့ အင်တာနက် စာမျက်နှာတွေ ဖြစ်သလို ခေတ်ရဲ့သားကောင်-Victim ဖြစ်သွားဖို့ တွန်းအားပေးတဲ့ နေရာ ဟာလဲ အင် တာနက်စာမျက်နှာတွေ ပါပဲ။ ဘာကြောင့်လဲဆိုတော့ မြန် လွန်း၊ လွတ်လပ်လွန်းတဲ့ အတွက် ကြောင့်ပါ။ ခလုတ် တစ်ချက်နှိပ်ရုံနဲ့ ကမ္ဘာတစ်ဝန်း အကုန်ရောက်နိုင် တယ်လေ။ ဒါကြောင့် အင်တာနက် ရဲ့ အားသာချက်တွေကို ရယူနိုင်ကြ ဖို့ ပညာဟာ သိပ်ကို အရေးပါလာ ပါတယ်။ 


 သတင်းဖန်တီးပို့လွှတ်သူရဲ့ ရည်ရွယ်ချက်တွေ

သတင်းတစ်ခု ဖြစ်ပေါ်လာတဲ့အ ခါ ဒီသတင်းကို ပို့လွှတ်သူဟာ ရည်ရွယ်ချက် လေးရပ်နဲ့ ပို့လွှတ်တတ် ကြပါတယ်။ ပထမဆုံးရည်ရွယ်ချက် ကတော့ Control ထိန်းချုပ်ချင်တဲ့ အတွက်ပါ။ နောက်ဒုတိယအချက်က တော့ Inspiration လှုံ့ဆော်အားပေး ချင်လို့ပါ။ တတိယ ရည်ရွယ်ချက်က တော့ Emotional Expression စိတ်ခံစားချက်ကို ဖော်ပြချင်လို့ပါ။ နောက်ဆုံးတစ်ချက်ကတော့ Circulation ပျံ့နှံ့ရောက် စေချင်တဲ့အတွက် ပါ။ ဒီရည်ရွယ်ချက်တွေကိုကြည့်ရင် သတင်းပို့ လွှတ် သူဟာ ဘယ် လောက် အရေးကြီးတယ်။ လူ့အဖွဲ့ အစည်းအတွက်ရော လူတစ်ဦး တစ် ယောက်အတွက်ရော ဘယ်လောက် အန္တရာယ် ပြုနိုင်တယ်ဆိုတာ သိမြင် နိုင်ကြမယ်ထင်ပါတယ်။ ဒါကြောင့် အကြောင်းရင်းကိုသိ အောင် ကြိုးစားကြစေချင်ပါတယ်။ 

မြန်မာ့လူ့အခွင့်အရေးကော်မရှင် တိုင်တန်းချက်များလက်ခံ

၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့ကို ဆောင်ရွက်နိုင်ရန် အလို့ငှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်း၍ ၄င်းကော်မရှင်ရုံးကို ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်း အမှတ်(၂၇)တွင် ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါသည်။
၂။ နိုင်ငံသားတစ်ဦးသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးကို ဖောက်ဖျက်ခံရပါက အောက်ဖော်ပြပါ အချက်အလက်များ ပြည့်စုံစွာ ဖော်ပြလျက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်တန်းနိုင်ပါသည်-
(က)
တိုင်တန်းသူ၏အမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန် လိပ်စာ အပြည့်အစုံ (ဖုန်း၊ ဖက်စ်နှင့် e-mail တို့ ရှိပါလျှင် ထည့်သွင်း ဖော်ပြပါရန်)၊
(ခ)
တိုင်တန်းသူသည် မည်ကဲ့သို့ မူလအခွင့်အရေး ဖောက်ဖျက်ခံရသည်ကို အချက်အလက်များ ပြည့်စုံစွာ ဖော်ပြရန်၊
(ဂ)
တိုင်တန်းဖော်ပြချက်သည် မှန်ကန်စွာ ရေးသားဖော်ပြခြင်း ဖြစ်ကြောင်း ၀န်ခံချက်ပြု၍ လက်မှတ် ရေးထိုးရန်။
၃။ တိုင်တန်းချက်ကို တိုင်တန်းသူ၏ နိုင်ငံသား စိစစ်ရေးကတ် မိတ္တူ ပူးတွဲလျက် အတွင်းရေးမှူး၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အမှတ်(၂၇) ပြည်လမ်း လှိုင်မြို့နယ် ရန်ကုန်မြို့သို့ လိပ်မူ၍ မှတ်ပုံတင်စာဖြင့် ဖြစ်စေ၊ ကော်မရှင်ရုံးသို့ လာရောက်၍ ဖြစ်စေ ပေးပို့နိုင်ပါသည်။
၎။ ကော်မရှင် အနေဖြင့် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် အတွက် အထက်ဖော်ပြပါ အပိုဒ် ၂(က)၊ (ခ)နှင့် (ဂ)တို့တွင် ဖော်ပြပါရှိသည့် အချက်များကို ပြည့်စုံစွာ ဖော်ပြရန် လိုအပ်ပါသည်။
၅။ တရားရုံး တစ်ရပ်ရပ်သို့ အမှုဖွင့် တိုင်တန်းထားပြီး အမှုများ၊ တရားရုံး တစ်ရပ်ရပ်က စစ်ဆေးဆဲ အမှုများနှင့် တရားရုံး တစ်ရပ်ရပ်က ဆုံးဖြတ်ချက် ချမှတ်ထားပြီးသော အမှုများနှင့် စပ်လျဉ်းသည့် ကိစ္စရပ် များသည် ဤကြော်ငြာစာတွင် အကျုံးဝင်ခြင်း မရှိပါ။

Saturday, October 8, 2011

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တရုတ် အကျိုးစီးပွားများ

အခုအချိန်မှာ မြန်မာနိုင်ငံဘက်က မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းထား လိုက်တာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက် ဘယ်လို တုန့်ပြန် လာနိုင်သလဲ ဆိုတာ အမျိုးမျိုး မှန်းဆနေ ကြပါတယ်။ မြစ်ဆုံကိစ္စကို ဘယ်လို တုန့်ပြန်မလဲ ဆိုတာဟာ နောက်ထပ် မြန်မာနိုင်ငံထဲမှာ တရုတ်အတွက် ဘာအကျိုး စီးပွားတွေ ရှိနေသေးသလဲ၊ အဲဒါတွေက သူ့နိုင်ငံအတွက် ဘယ်လောက် အရေးကြီးသလဲ ဆိုတဲ့ အချက် ပေါ်မှာလည်း မူတည်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံ အပေါ်မှာ ရှိနေတဲ့ တရုတ်ရဲ့ ရည်မှန်းချက်တွေ၊ အကျိုးစီးပွား တွေက ဘာတွေ ဖြစ်နိုင်သလဲ။
 
စွမ်းအင် ( ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း၊ ရေအားလျှပ်စစ်)
 
၂၀၁၀ ဇွန်လက စပြီး တရုတ်ဘက်က ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းနဲ့ ဓာတ်ငွေ့ ပိုက်လိုင်းကို စတည်ဆောက် နေပြီ။ ဒီ ပိုက်လိုင်း ပြီးသွားရင် မလက္ကာ ရေလက်ကြားကို မှီခိုနေရတဲ့ တရုတ်အတွက် အတော် စိတ်သက်သာရာ ရမယ်။ အခု တရုတ်အတွက် ရေနံ ၈၀% ကို အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနေယူနေရပြီး အဲဒါအားလုံးဟာ မလက္ကာ ရေလက်ကြားကို ဖြတ်ပြီး သယ်နေရတာ ဖြစ်တယ်။ မလက္ကာ ရေလက်ကြားက အကြမ်းဖက်မှု၊ ပင်လယ် ဒါးမြတိုက်မှုတွေကြောင့် ပိတ်သွား နိုင်သလို အမေရိကန်နဲ့ ပဋိပက္ခ ပြင်းထန်ချိန်မှာ အမေရိကန်ဘက် ကလည်းအချိန်မရွေး ပိတ်လို့ရတယ်။ နောက်ဆုံး တောင်တရုတ် ပင်လယ် ဋိပက္ခကြောင့် အာဆီယံ နိုင်ငံတွေနဲ့ ပဋိပက္ခ ဖြစ်ခဲ့ရင်တောင် အာဆီယံ နိုင်ငံတွေက ပိတ်ထားလို့ ရတဲ့နေရာ မျိုး ဖြစ်တယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံက ဖြတ်သွားတဲ့ ရေနံပိုက်လိုင်းဟာ မလက္ကာ ရေလက်ကြားကို လုံးလုံး မှီခိုနေရတဲ့ အခြေအနေကို သက်သာစေမှာ ဖြစ်တယ်။ ဒါဟာ တရုတ်အတွက် မဟာဗျူဟာ စီမံကိန်းပဲ။ 
 
နောက်တစ်ခါ ရခိုင်ကမ်းလွန်က ရတဲ့ သဘာဝဓာတ်ငွေ့ဟာ တရုတ် အနောက်တောင်ဘက် ပြည်နယ်တွေ အတွက်အရေးကြီးတယ်။ အဲဒီ ဓာတ်ငွေ့တွေကို ၂၀၁၃ ခုနှစ်မှာပို့ပြီဆိုရင် တရုတ်ဟာ ထိုင်းကို ကျော်တက်ပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဓာတ်ငွေ့ ဖောက်သယ် နိုင်ငံဖြစ်လာမယ်။ 
 
ရေအားလျှပ်စစ်ကတော့ နောက်ထပ် တရုတ်အတွက် အရေးကြီးတဲ့ အကျိုးစီးပွား ဖြစ်တယ်။ မြန်မာနိုင်ငံက ရေအရင်းအမြစ်ရဲ့ ၃% နီးပါးကိုပဲ ရေအားလျှပ်စစ် အတွက်ထုတ်ပြီး သုံးရသေးတယ်။ တရုတ်နိုင်ငံရဲ့ လျှပ်စစ် စွမ်းအင် လိုအပ်ချက် အများစုက ကျောက်မီးသွေးက ရနေတာ ဖြစ်ပြီး အဲဒီ ကျောက်မီးသွေးသိုက် တွေက ကုန်ခမ်းတော့မှာ ဖြစ်တယ်။ ဒီတော့ မြန်မာနိုင်ငံက ရေအားလျှပ်စစ် ကိုသာ ယူနိုင်ရင် မကုန်ခမ်းနိုင်တဲ့ စွမ်းအင် အရင်းအမြစ်ကို ရမှာ ဖြစ်တဲ့အပြင် ကျောက်မီးသွေး စက်ရုံတွေကြောင့် ဖြစ်တဲ့ လေထုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ကိုလည်း လျှော့ချနိုင်မှာ ဖြစ်တယ်။ 
 
အနောက်ဘက်ထွက်ပေါက်
 
မော်စီတုံး လက်ထက်ထဲက တရုတ် မဟာဗျူဟာ သမားတွေက တရုတ်ဟာ ပင်လယ် တစ်ခုထဲကို အားကိုး နေရတဲ့ ဘဝကနေ ပင်လယ်နှစ်ခု ပိုင်တဲ့ ဘဝရောက်အောင် လုပ်ရမယ်လို့ စဉ်းစားခဲ့ကြ တယ်လို့ ဆိုတယ်။ ပင်လယ်တစ်ခု ဆိုတာက ပစိဖိတ် သမုဒ္ဒရာဘက်ကိုပဲ မျက်နှာမူနေရတဲ့ဘ၀ကနေ ပင်လယ်နှစ်ခုအဖြစ် အိန္ဒိယ သမုဒ္ဒရာ ဘက်ကိုပါ မျက်နှာ မူနိုင်ရမယ်။ ဒါမှာ အမေရိကန်နဲ့ ဂျပန် ရေတပ်ရဲ့ ပိတ်ဆို့ခြင်း ကနေ ထွက်ပေါက် ရမယ်လို့ ဆိုတာ ဖြစ်တယ်။ ဒါ့ကြောင့်လည်း အရင်တုံးက ဗမာပြည် ကွန်မြူနစ် ပါတီကို ငွေ၊ ပစ္စည်း၊ လူပုံပြီး ထောက်ခံခဲ့တာ ဖြစ်ပြီး ဗကပတွေ အလုပ် မဖြစ်နိုင်မှန်း သိတော့မှ နဝတဘက် ကိုလုံးလုံး မျက်နှာမူပြီး ပူးပေါင်း ကူညီလာတာ ဖြစ်တယ် သုံးသပ်မယ် ဆိုရင် သုံးသပ်လို့ ရတယ်။ ၁၉၈၈ နောက်ပိုင်း အနောက် နိုင်ငံတွေက မြန်မာကို ပိတ်ဆို့ထာားတဲ့ အတွက်လည်း တရုတ်တို့ မဟာဗျူဟာ အကောင်အထည် ဖော်ရတာ ပိုပြီး လွယ်သွားတာလည်း ဖြစ်နိုင်တယ်။ 

Thursday, October 6, 2011

မြစ်ဆုံဆည်စီမံကိန်းကိစ္စ CPI ဥက္ကဌ မစ္စတာလူကျိကျိုးနှင့် China Daily သတင်းစာတို့၏ အင်တာဗျူး ဘာသာပြန်

( မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို တာဝန်ယူတည်ဆောက်နေတဲ့ တရုတ် လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုတ်နှံမှုကော်ပိုရေးရှင်း CPI ဥက္ကဌ မစ္စတာ လူကျိကျိုး နဲ့ CHINA DAILY သတင်းဌာနတို့ရဲ့ အင်တာဗျူး ဘာသာပြန်ဖြစ်ပါတယ် ၊ အသေးစိတ်ဖတ်ရှုနိုင်ရန်ပုံပေါ်သို့နှိပ်ပါ )
 

Voice Of Myanmar

မြန်မာကို ကူညီဖို့ အချိန်ကြပြီ

(အောက်တိုဘာ ၄ ရက်နေ့ထုတ် New York Time သတင်းစာပါ သန့်မြင့်ဦးရဲ့ In Myanmar Seize the Moment ဆောင်းပါး ဆီလျော်အောင် ဘာသာ ပြန်ထားပါတယ်။ သန့်မြင့်ဦးဟာ သမိုင်းပညာရှင်နဲ့ ကုလသမဂ္ဂ အရာရှိဟောင်း ဖြစ်ပြီး အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ မြေး ဖြစ်ပါတယ်။)

တရုတ်နဲ့ အိန္ဒိယ ကြားညပ်နေတဲ့ မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်း ပြီးချိန်ကစလို့ ပထမဆုံးအကြိမ် အဖြစ် အရေးအကြီးဆုံး နိုင်ငံရေး အပြောင်း အလဲတွေ ဖြစ်လာနေပါပြီ။ လာမယ့် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ အိုဘားမား အစိုးရအနေနဲ့ အဲဒီ အပြောင်း အလဲတွေကနေ အာရှတိုက်ရဲ့ နောက်ဆုံး ဒီမိုကရေစီ ပြောင်းလဲမှုကြီး ဖြစ်လာအောင် လုပ်ပေးနိုင်ဖို့ အခွင့်အလမ်း ရှိပါတယ်။

အိုဘားမားအနေနဲ့ မြန်မာအစိုးရထဲက သဘောထား တင်းမာသူတွေက အခု အပြောင်း အလဲတွေကို နောက်ပြန်လှည့် သွားအောင် မလုပ်နိုင်ခင်မှာ အခု ဖြစ်နေတဲ့ အပြောင်းအလဲတွေကို ကြိုဆိုကြောင်း လူသိရှင်ကြား ထုတ်ပြောသင့်ပြီး လက်တွေ့လည်း အကူ အညီ ပေးသင့်တယ်။

လွန်ခဲ့တဲ့ ခြောက်လ လောက်တုံးက ဆိုရင် အခုလို အကောင်းမြင်နိုင်ဖို့ အတော် ခက်ပါတယ်။ အဲဒီတုံးက ရွေးကောက်ပွဲတော့ လုပ်နိုင်ပါရဲ့၊ ဒါပေမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူး ဆိုပြီး ကျယ်ကျယ် ပြန့်ပြန့် ကန့်ကွက် ခဲ့ကြတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူသွားပြီး စစ်အစိုးရ နေရာမှာ ဗိုလ်ချုပ်ဟောင်းတွေ ပါတဲ့ အခြေခံ ဥပဒေအရ ဖွဲ့စည်းတဲ့ အစိုးရ ပေါ်လာ ပေမယ့်လည်း လူနည်းနည်း လောက်ကပဲ သေးငယ်တဲ့ အပြောင်းအလဲတွေ ရှိနိုင်လိမ့်မယ်လို့ မျှော်လင့် ခဲ့ကြတယ်။
ဒါပေမယ့် ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်က လူတိုင်းကို အံ့အား သင့်အောင် လုပ်ပြခဲ့တယ်။ သူရဲ့ ရာထူး လက်ခံ မိန့်ခွန်းမှာ သမ္မတက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး၊ လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရေးနဲ့ နိုင်ငံရေးအရ ပြန်လည် သင့်မြတ်ရေးတို့ကို အားတက် သရော ပြောခဲ့တယ်။ ဇွန်လ ရောက်တော့ ဆင်းရဲသူ အများစုပါတဲ့ ပင်စင်စားတွေရဲ့ လစာကို အများကြီး တိုးပေးခဲ့တယ်။ အခွန်တွေကို လျှော့ချပြီး လက်ဝါးရိုက်ပြီး ပေါင်းစားနေတဲ့ ကုန်သွယ်ရေး အုပ်စုတွေကို ဖျက်သိမ်းခဲ့တယ်။ ပညာရှင်တွေ၊ စီးပွားရေး သမားတွေနဲ့ တိုင်ပင်ပြီး ဘဏ်ဥပဒေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကို ပြင်ဆင်ဖို့ လုပ်နေတယ်၊ ငွေကြေး လဲလှယ်နှုန်းကိုလည်း ပြင်ဖို့ လုပ်နေတယ်။ စစ်တပ်က အရပ်သား ပညာရှင်တွေ စကားကို ဘယ်တော့မှ နားမထောင်ခဲ့တဲ့ နိုင်ငံမှာ အဲဒီလို တိုင်ပင်ပြီး လုပ်တယ် ဆိုတာကကို အင်မတန် ကြီးမားတဲ့ ပြောင်းလဲမှုကြီးပဲ။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ထောက်ခံသူ ထောင်ပေါင်း များစွာဟာ နှစ်ပေါင်းများစွာ အတွင်း ဥပဒေနဲ့အညီ အေးအေး ဆေးဆေး ချီတက် အလေးပြုခွင့် ရခဲ့တယ်။ ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေကို ဖော်ပြခွင့် ရလာတယ်။ မျက်နှာဖုံး တင်လို့ ရလာတယ်။

သြဂုတ်လ ကျတော့ လွှတ်တော် အစည်းအဝေးတွေမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ ကျေးလက် ဒေသတွေမှာ အသေးစား ငွေချေး လုပ်ငန်းတွေ လုပ်ဖို့၊ အလုပ်သမား အဖွဲ့အစည်းတွေ တရားဝင်ဖွဲ့ဖို့ ဆိုတဲ့ အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေး လာကြတယ်။ အင်တာနက်ကို ထိန်းချုပ်ထားမှုတွေ ဖယ်ရှားပေးခဲ့တယ်။ သြဂုတ်လ ၁၈ ရက်နေ့ လူမှု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာ သမ္မတက တိုက်ခိုက်နေတဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့နဲ့ ပြည်ပရောက် မြန်မာတွေ ပြန်လာဖို့ ဖိတ်ခေါ်ခဲ့တယ်။ နောက်နေ့ကျတော့ သမ္မတဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ယောက်ထဲ နှစ်နာရီကျော် တွေ့ဆုံ ဆွေးနွေးခဲ့တယ်။

Wednesday, October 5, 2011

နိုင်ငံပိုင်မီဒီယာများအပေါ် ဒေါက်တာဆိတ်ဖွား၏အမြင်



သမ္မတကြီးဦးသိန်းစိန်ဦးဆောင်သော မြန်မာအစိုးရသစ်လက်ထက်တွင် အပြောင်းအလဲ များစွာကို အကောင်းဘက်သို့ ဦးတည်သောအရွေ့ဖြစ်အောင် ကြိုးစားလုပ်ဆောင်နေသည်မှာ ထင်သာမြင်သာရှိပြီး အပြုသဘောဆောင်သည်မှာ အငြင်းပွားဖွယ်မရှိပါ ။အချို့သံသယဖြင့်စောင့်ကြည့်ဦး မည်ဟု ပြောဆိုမှု များရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အပြောင်းအလဲများသည် တဖြည်းဖြည်းရုပ်လုံးပေါ် လာပြီဖြစ်၍ အဆိုပါသံသယများသည်လည်း လျော့ပါးတန်သလောက် လျော့ပါးလာ သည့်အခြေအနေမျိုးဖြစ်လေသည်  ။ နှစ်ပေါင်းများစွာအယုံအကြည်ကင်းမဲ့နေရာမှ ဤမျှသောအချိန်တို အတွင်းတွင် ယခုလောက် ယုံကြည်မှုရရှိလာခြင်းဆိုသည်မှာ ပင်အပေါင်းလက္ခဏာ သဘောပင်ဖြစ်ပြီး သံသယရှိသူများကိုလည်း အပြစ်မတင်ထိုက်ပါပေ ။

မီဒီယာကဏ္ဍလည်းပါ 

ထိုသို့သောပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် မီဒီယာကဏ္ဍတွင်လည်း အရေးပါသော အပြောင်းအလဲများကိုပြုလုပ်လာသည်ကိုတွေ့ခဲ့ရပေသည်  ။တင်းကြပ်သောစာပေစီစစ်ရေးသည် မထင်ရလောက်အောင်ပင် လိုက်လျောဖြေလျော့မှုများပြုလုပ်လာသည် ။ အချို့ဂျာနယ်များကို စီစစ်ရေးပင်မလိုတော့ပဲ ထုတ်ဝေပြီးမှ စီစစ်ရေးကို တင်ပြရသည့်အခြေအနေမျိုးရောက်လာလေ၏ ။စီစစ်ရေးသို့ တင်ပြပြီးမှထုတ်ဝေခွင့်၇သော ဂျာနယ်များနှင့်စာများသည်လည်း အတော်အတန်လွတ်လပ်စွာ ရေးသားလာနိုင်သည်ကိုတွေ့ရလေသည် ။ ဒေါ်အောင်ဆန်းစုကြည်၏လှုပ်ရှားမှု သတင်းများ ၊ သူမနှင့်အင်တာဗျုးများ ၊ ဆောင်းပါးများကို အဖြတ်အတောက်မရှိသလောက် နီးပါးဖေါ်ပြခွင့်ရရှိလာခြင်း ၊ NLD မှဦးဝင်းတင်၏ စာအုပ်များတစ်အုပ်ပြီးတစ်အုပ် ထုတ်ဝေခွင့်ရရှိလာခြင်းတို့သည် ထင်ရှားသောသာဓကများဖြစ်သည်  ။

ပြည်ထောင်စုဝန်ကြီးကိုပါဝေဖန်လာနိုင်

မြစ်ဆုံဆည်ကိစ္စတွင် အစိုးရနှင့်သဘောထားခြင်းဆန့်ကျင်သည့်အယူအဆများကို တွင်တွင်ကျယ် ကျယ် ဖေါ်ပြခွင့်ရလာသည် ၊ အလားတူပင်အစိုးရနှင့်သဘောထားမတူ ဆန့်ကျင်ဘက် အသွင်ဆောင်သော ဟောပြောပွဲများ ၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခွင့် ရလာလေ၏ ၊ ဖေါ်ထုတ်ခွင့်ရလာလေ၏ ၊ ထိုကိစ္စတွင် ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း၏ သတင်းစာရှင်းလင်းပွဲတစ်ခု တွင်  ဖြေကြားချက်မှ အားနည်းသည်များကိုကောက်နှုတ်ကာ အဆိုပါပြည်ထောင်စု ၀န်ကြီးအား ပြင်းပြင်း ထန်ထန် ဝေဖန်သည့်သတင်းဖေါ်ပြချက်များ ၊ ဆောင်းပါးရေးသားချက်များကို အကန့်အသတ်မရှိဖေါ်ပြလာလေ၏ ၊ဖေါ်ပြခွင့်လည်းရရှိလာလေ၏ ၊ အဆိုပါသတင်းဖေါ်ပြချက်များ၏ အကျိုးဆက်ကြောင့်ပင် နောက်ဆုံးတွင် မြစ်ဆုံရေကာတာကြီးကို မိမိတို့ အစိုးရလက်ထက်တွင် ဆက်လက်တည်ဆောက်ခြင်းမပြုပဲ ရပ်ဆိုင်ထားတော့မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတမှ ကြေငြာရသည်အထိ ဖြစ်ခဲ့လေသည်  ။

ပုဂ္ဂလိက မီဒီယာများခေါင်းထောင်လာ 

ဆိုလိုသည်မှာ နိုင်ငံတော်မှပြောင်းလဲ ကျင့်သုံးလာသော စာပေနှင့်စာနယ်ဇင်းဆိုင်ရာမူများကြောင့် ပုဂ္ဂလိက မီဒီယာကဏ္ဍသည် အတော်ပင်တိုးတက်ပြောင်းလဲလာလေ၏ ၊ နိုင်ငံရေးနှင့်ပတ်သက်သောဂျာနယ် အတော်များများ ပေါ်ပေါက်လာခဲ့လေသည် ။ ပြည်သူများလည်းသတင်းများကို အချိန်နှင့်တပြေးညီသိခွင့်ရလာလေ၏ ၊ သတင်းနှင့်စာနယ်ဇင်း ဆိုင်ရာလွတ်လပ်မှုနှင့်အတူ ဘေးထွက် ဆိုးကျိုးများလည်း ကျွဲကူးရေပါဆိုသလိုပင် ပါလာလေ၏ ပြည်သူလူထုနှင့် အစိုးရအကြား ထင်ယောင်ထင်မှား ဖြစ်စေနိုင်သောသတင်းများကို သတင်းအရင်းအမြစ်မသေချာပဲ ဖေါ်ပြလာလေ၏ ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပြည်သူများကြားသဘောထားကွဲလွဲနိုင်သည်များကို အထင်နှင့်ရေးသားမှုများ အကြားနှင့်ရေးသားမှုများ ၊ တာဝန်ရှိသူတို့၏ပြောကြားချက်များကို တစ်လွဲကောက်ချက်ချမှုများ ပြုလုပ် လာကြလေ၏ ၊ လွှတ်တော်တွင်းသတင်းရယူရာတွင် အချို့သတင်းမီဒီယာများက အတွေ့အကြုံရှိသူဝါရင့် သတင်းထောက်ကြီးများကိုစေလွှတ်သတင်းရယူမှုမျိုးရှိသော်လည်း အချိုကသောသတင်းမီဒီယာများကမူ လွှတ်တော်ဆိုသောအရာကို မည်သို့အရာမှန်းမသိသူများ ၊ တစ်ခါဘူးမှအတွေ့အကြုံမရှိသူများကို လွှတ်တော်အတွင်းတွင် သတင်းထောက်အဖြစ် သတင်းယူရန်စေလွှတ်သည်များလည်းရှိလေသည် ။လွှတ်တော်များနှင့်အဆက်ပြတ်ခဲ့သည်မို့ အပြစ်မတင်သာသော်လည်း လွှတ်တော်ဟူသောနေရာ ကိုကား လေးစားသမှုရှိသင့်သည် ။

နောက်ကျကျန်နေသော နိုင်ငံပိုင်မီဒီယာများ

နိုင်ငံပိုင်မီဒီယာများ ဆိုသည်မှာ နိုင်ငံပိုင်သတင်းစာများနှင့် ရုပ်မြင်သံကြား ဌာနများကိုဆိုလိုပါသည် ။ ပုဂ္ဂလိက မီဒီယာများက အရှိန်နှင့်ချီတက်နေချိန်တွင် မှန်သည်များလည်းရှိ၏ မှားသည်များလည်းရှိမည်မှာ ဓမ္မတာပင်ဖြစ်သည် ၊ ထိုအမှားအမှန်များကို ချိန်ညှိရန် balance လုပ်ရန် တာဝန်မှာ နိုင်ငံပိုင်မီဒီယာများ၏ တာဝန်သာဖြစ်သည် ။ သတင်းမှန်များကို အချိန်နှင့်တပြေးညီ ဖေါ်ပြ ထုတ်ပြန်ပေးရန် အထူးတာဝန်ရှိလှပေသည် ။ မီဒီယာများသည်  အစိုးရ၏ ပြုပြင်ရန်လိုအပ်နေသည်များ အားနည်းချက်များကိုထောက်ပြရန် ၊ ပြည်သူ့အသံများကိုအစိုးရတာဝန်ရှိသူများသိရှိရေးဆောင်ရွက်ရန် တာဝန် ရှိသကဲ့သို့ အစိုးရ၏အသံကို ၊ အစိုးရ၏အခက်အခဲများကို ၊ အပြောလွယ်သလောက် အလုပ်ခက်နေပုံများကို  အကြောင်းအရာတစ်ခုတွင် အစိုးရ၏ ရှုထောင့်မှ အမြင်ကို ပြည်သူများသိရှိရန် လည်းတာဝန်ရှိလှပေသည် ။ထိုတာဝန်ကိုအဓိကယူရမည့်သူများမှာ နိုင်ငံပိုင်မီဒီယာများပင် ဖြစ်လေသည် ။ဤသို့ဆိုလိုက်သဖြင့် အစိုးရ၏ အနာဂတ်စီမံကိန်းများ ၊ လျှို့ဝှက်ချက်များ ၊ ကုန်သွယ်ရေး ဆိုင်ရာအချက်အလက်များ ၊ စစ်ရေးဆိုင်ရာလျှို့ဝှက်ချက်များ  ကိန်းဂဏန်းများကို ဖေါ်ပြပေးရ မည်ဟုမဆိုလိုပါ ၊ ပြည်သူလူထုသိသင့်သိထိုက်သည့်အပိုင်းများကိုသာ ဆိုလိုပါသည် ။

ထိုင်းဝန်ကြီးချုပ်သစ် မြန်မာနိုင်ငံသို့ရောက်ရှိ



ထိုင်းဝန်ကြီးချုပ်သစ် ယင်းလတ် ရှင်န၀ပ်ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက် ရှိနေပြီဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်သစ် အနေနဲ့ ဒီမြန်မာခရီးစဉ်ဟာ ပထမဆုံး တရားဝင် ချစ်ကြည်ရေးခရီးစဉ် ဖြစ်ပါတယ်။

ဒီ ခရီးစဉ်ဟာ အာဆီယံအတွင်းက ၀န်ကြီးချုပ်သစ် တဦးအနေနဲ့ နိုင်ငံချစ်ကြည်ရေးခရီးစဉ်ထွက် မိတ်ဆက်တဲ့ လုပ်ရိုးလုပ်စဉ်လိုဖြစ်နိုင်ပေမယ့် ဒီထက်ပိုတဲ့ ဆွေးနွေးမှုတွေ ရှိနိုင်တယ်လို့ သုံးသပ်မှုများလဲရှိနေပါတယ် ။

သူမရဲ့ခရီးစဉ်ဟာ ၁ ရက်သာ ကြာမြင့်မှာဖြစ်ပြီး နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အပါအ၀င် ထိပ်တန်းတာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ ညပိုင်းတွင် ညစာစားပွဲတက်ရောက်ပြီး ညတွင်းချင်း ဆိုသလို ထိုင်းနိုင်ငံကို ပြန်လည်ထွက်ခွာသွားမှာဖြစ်ကြောင်းလည်းသိရပါတယ် ။

သူမ၏ အကိုဖြစ်သူ သက်ဆင်ရှင်နာဝပ် လက်ထက်တုံးကတော့ မြန်မာ အစိုးရနဲ့ နှစ်နိုင်ငံဆက်ဆံရေးအထူး ကောင်းမွန်ခဲ့ပြီး နောက်ပိုင်းတက်လာတဲ့ဝန်ကြီးချုပ်အဘီဆစ် လက်ထက်မှာတော့ နှစ်နိုင်ငံဆက်ဆံရေးဟာ ပုံမှန်အဆင့်သာရှိတော့တယ်လို့ သုံးသပ်သူများက ဆိုပါတယ် ။

ကမ်းလွန်သယံဇာတ ဘယ်သူပိုင်သလဲ

နေပြည်တော်က လွှတ်တော် အစည်းအဝေးမှာ ရခိုင်အမတ် တစ်ဦးက ကျောက်ဖြူကနေ ၂၅ မိုင်အကွာမှာ ရှိတဲ့ ရွှေ သဘာဝ ဓာတ်ငွေ့ စီမံကိန်းက ရတဲ့ ဓာတ်ငွေ့ကို သုံးပြီး ကျောက်ဖြူကို လျှပ်စစ်မီး ပေးဖို့ ရှိမရှိ မေးတော့ စွမ်းအင်ဝန်ကြီးက အဲဒီလို အစီအစဉ် မရှိဘူး၊ စာချုပ် စည်းကမ်းအတိုင်း ရောင်းရမှာ ဖြစ်တယ်၊ ရခိုင်ပြည်နယ် အတွက် အခု ဆောက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်း သုံးခုကနေ မီးပေးမယ်၊ အခု လိုင်းတွေဆွဲဖို့ ပြင်နေပြီလို့ ဖြေတယ်။ 
 
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်တွင်းက CRPP ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးအေးသာအောင်နဲ့ ပြည်ပရောက် ရခိုင်ပညာရှင် တစ်ချို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ သူတို့ ဆိုလိုချက် ကတော့ ဒါဟာ ရခိုင်ပြည်နယ်က ထွက်တာဖြစ်လို့ ရခိုင်ပြည်နယ်နဲ့ ဆိုင်တယ်။ သူတို့ပဲ သုံးခွင့်ရှိတယ် ဆိုတဲ့ အချက်ပါပဲ။ 
 
ဒီပြောဆိုချက်များဟာ ပြည်ထောင်စုစနစ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ အမြဲဖြစ်လေ့ရှိတဲ့ ပြည်ထောင်စု အစိုးရ အခွင့်အရေးနဲ့ ပြည်နယ် အခွင့်အရေးကြား အငြင်းပွားမှု ပါဘဲ။ ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ ဘယ်လိုရှိသလဲ ဆိုတာကို လေ့လာ တင်ပြချင်ပါတယ်။ 
 
ထုံးစံအတိုင်း ပြည်ထောင်စုစနစ် အပီပြင်ဆုံးလို့ ပြောနိုင်တဲ့ အမေရိကန်ကို ကြည့်ရအောင်။ အမေရိကန်က ကမ်းလွန် ပင်လယ်ပြင်ကနေ အမေရိကန်ရဲ့ ရေနံထုတ်လုပ်မှု ၂၇% နဲ့ ဓာတ်ငွေ့ထုတ်လုပ်မှု ၁၄% ကို ထုတ်လုပ်ပါတယ်။ တကယ်တော့ ဒီထက် အများကြီး ထုတ်လုပ်နိုင်ပါပေမယ့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရယ်၊ မိမိနိုင်ငံက ရေနံကို အရန်ထားပြီး ပြည်ပက ရေနံကို သုံးမယ်ဆိုတဲ့ မဟာဗျူဟာကြောင့် ဒီလောက်ပဲ ထုတ်တာပါ။ 
 
အဲဒီ ကမ်းလွန် သဘာဝဓာတ်ငွေ့နဲ့ ရေနံတွင်း အများစုဟာ ကယ်လီဖိုးနီးယား၊ လူဝီစီယားနားနဲ့ အလာစကား ပြည်နယ်များရဲ့ ကမ်းလွန်ဒေသမှာ ရှိပါတယ်။ အမေရိကန်ဟာ ၁၈၉၆ ခုနှစ်ကစပြီး ကယ်လီဖိုးနီးယား ကမ်းခြေမှာ ဖောင်တွေပေါ်က တဆင့် ပင်လယ်ကမ်းခြေမှ ရေနံတူးတာ စခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ထဲက ရေနံတူးဖော်ခွင့်ကို ပြည်ထောင်စု အစိုးရ ပေးမှာလား၊ ပြည်နယ် အစိုးရက ပေးမှာလား ဆိုတာ စကား များခဲ့ကြပါတယ်။ အမေရိကန် အခြေခံဥပဒေ ရေးဆွဲတုန်းက ရေနံလုပ်ငန်း မရှိသေးတော့ ဒီိကိစ္စကို အခြေခံ ဥပဒေထဲမှာ ပြည်ထောင်စု လုပ်ပိုင်ခွင့်လား၊ ပြည်နယ် လုပ်ပိုင်ခွင့်လား ဆိုတာရေး မထားခဲ့ဘူး။