xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: March 2011

Thursday, March 31, 2011

အာလူးပုံ ကမ္ဘာကြီး

 
ဒီပုံကတော့ ကမ္ဘာ့မြေဆွဲအား အနည်း အများအခြေအနေကို ဖေါ်ပြထားပုံဖြစ်ပါတယ်။ Goce ခေါ် သိပ္ပံပညာဆိုင်ရာ လေ့လာရေး ဂြိုလ်တု ကနေပေးပို့ ထားတဲ့ပုံဖြစ်ပြီး ဒီဂြိုလ်တုဟာ သိပ္ပံဆိုင်ရာ လေ့လာချက်များကို ကမ္ဘာနဲ့ အနီးဆုံး ကနေတိုင်းတာရေးတွေပြုလုပ်နေတာ ဖြစ်တယ်လို့လဲသိရ ပါတယ်။

Goce သိပ္ပံသုတေသန ဆက်သွယ်ရေးဂြိုလ်တု
  

ပုံမှာ အ၀ါရောင် ပြထားတဲ့နေရာဟာ ကမ္ဘာ့မြေဆွဲအား အများဆုံးနေရာများ ဖြစ်ပြီး အပြာရောင် ပြထားတဲ့နေရာကတော့ မြေဆွဲအား အနည်းဆုံးနေရာများ ဖြစ်တယ်လို့ သိရှိရပါတယ်။ခု ပြထားတာကတော့ မြန်မာနိုင်ငံပါဝင်တဲ့ အိန္ဒိယ သမုဒ္ဒရာ ဘက်မြင်ကွင်းဖြစ်ပါတယ်။

ကမာရွတ်မြို့နယ်မှ ထူးဆန်းသောမီးလောင်မှု

 
ရန်ကုန်မြို့ ကမာရွတ်မြို့ နယ် ၊ ထန်းတစ်ပင်လမ်းရှိ  နေအိမ်တစ် အိမ်တွင် မွေ့ရာ ၊ အင်္ကျီ ၊စောင် အစရှိသော ပစ္စည်းများမှ အလိုလျောက် မီးထလောင်မှု ဖြစ်ပွားခဲ့ကြောင်း ၊ မတ်လ ၂၄ မှ ၂၆ ရက်အတွင်း ၇ ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် မိသားစုများနှင့် ပတ်ဝန်းကျင်မှ စိုးရိမ်မှုများ ဖြစ်ပေါ်ကာ အိမ်ရှင်များနှင့်အတူ ရပ်ကွက် တာဝန်ရှိသူများ အရန်မီးသတ် မှ တာဝန်ရှိသူများက စောင့်ကြည့် နေရ ကြောင်းထူးခြား ဖြစ်စဉ် ဖြစ် ပါက အချိန်နှင့် တပြေးညီ ကူညီဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရပါတယ်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူ မဖြူဖြူက "လောလောဆယ်တော့ ထူးခြားဖြစ်စဉ်အနေနဲ့ ထပ်ဖြစ်တာ မရှိသေးပါဘူး။ ၂၆ ရက်နေ့မှာ လောင်ပြီးတဲ့နောက်ပိုင်း အခုချိန်ထိ ထပ်လောင်တာမျိုးတော့ မကြုံရသေးဘူး။ ၂၄  ရက်နေ့ကတော့ မြို့နယ်အဆင့် မီးသတ်အရာရှိ ကိုယ်တိုင်လာပါတယ်။ သူတို့ ကိုယ်တိုင်လည်း ကိုယ်တွေ့ တွေ့သွားတဲ့အတွက် ထူးခြားဖြစ်စဉ် အနေနဲ့ မှတ်တမ်းရေးယူသွားပါတယ်။ ကျွန်မတို့ ကိုယ်တိုင်ကတော့ လောလောဆယ် ထိတ်လန့်တာရယ်၊ ပစ္စည်းတွေဆုံးရှုံးတာကြောင့် စိတ်ညစ်တာရယ်ပဲ ရှိပါတယ်။ ဘေးပတ်ဝန်းကျင်က အထင်အမြင်လွဲမှာလည်း စိုးရိမ်မိပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးကိုသွားပြီး အကျိုးအကြောင်းပြောထားတဲ့အတွက် အခုလို စောင့်ကြည့်ပေးတာမျိုး တွေလုပ်ပေးတာပါ။ လူအင်အားလေးရှိနေတော့ ကျွန်မတို့တစ်စုံတစ်ခု ထပ်ဖြစ်လည်း အင်အားရှိတာပေါ့လေ။ ကျွန်မတို့ ဒီအိမ်မှာနေလာတာ အနှစ်နှစ်ဆယ်ကျော်နေပါပြီ။ ကန်ထရိုက်တိုက် ဆောက်ဖြစ်တာကတော့ သိပ်မကြာသေးဘူးပေါ့လေ။ အခုလိုဖြစ်ရပ်မျိုး ကြုံရတာ အရမ်းကို အံ့သြပါတယ်။ စိုးရိမ်ပူပန်တဲ့စိတ်ကတော့ ပိုများပါတယ်"ဟု ပြောကြားခဲ့ပါသည်။

လစ်ဗျားနိုင်ငံခြားရေးဝန်ကြီးနှုတ်ထွက် ၊ ဗြိတိန်တွင်ခိုလှုံ

 
လစ်ဗျား နိုင်ငံခြားရေးဝန်ကြီး မူဆာ ကူဆာ (Moussa Koussa) ဟာ လစ်ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး မိုမာ ကဒါဖီ (Moammar Gadhafi) ရဲ့ အစိုးရအဖွဲ့ထဲကနေ နှုတ်ထွက်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိ ခိုလှုံ သွားကြောင်းသတင်းရရှိပါတယ် ။
သူဟာ တူနီးရှားနိုင်ငံကနေ တဆင့် လာရောက်ခဲ့တာဖြစ်ပြီး မိမိဆန္ဒအလျောက် ရာထူးကနေ နှုတ်ထွက်ခဲ့တာဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ ဒါ့အပြင် မစ္စတာ ကဒါဖီရဲ့ အနားမှာရှိတဲ့ တခြား တာဝန်ရှိသူတွေ အနေနဲ့လည်း အနာဂတ် လစ်ဗျားနိုင်ငံ ကောင်းစားရေးကို ရှေ့ရှုပြီး သူ့ကိုစွန့်ခွာ ထွက်သွားကြဖို့လည်း ၄င်းက တိုက်တွန်းလိုက်ကြောင်းလဲသိရပါတယ်။

Wednesday, March 30, 2011

သမ္မတကြီး ဦးသိန်းစိန်၏ မိန့်ခွန်း အပြည့်အစုံ

နေပြည်တော် မတ် ၃ဝ
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် ယနေ့ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန် အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားသည်။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်း အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
လွှတ်တော်နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
နာယကကြီးနဲ့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ ကြပါစေရန် ဆုတောင်းမေတ္တာ ပို့သရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ် ခင်ဗျား။
ဤလွှတ်တော်က ကျွန်တော့်အား နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံရပြီးနောက် ပြည်ထောင်စု လွှတ်တော်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ကို တာဝန်ခံရမည့် ကျွန်တော့်အနေဖြင့် ပြည်ထောင်စု အစိုးရသစ်ရဲ့ မူဝါဒ သဘောထား လမ်းစဉ်များကို ပြောကြားဖို့ တာဝန်ရှိ လာပါတယ်။
ကျွန်တော်နှင့်တကွ ကိုယ်စားလှယ်များ အားလုံးဟာ ပြည်သူက ရွေးချယ် တင်မြှောက်လိုက်တဲ့ ပြည်သူ့ ကိုယ်စား လှယ်များ ဖြစ်ကြတဲ့အတွက် ပြည်သူအများ ထောက်ခံ အတည်ပြု ပေးထားတဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာ ကာကွယ်စောင့်ရှောက် သွားကြရမယ့် တာဝန် ရှိလာကြောင်း ပထမဦးစွာ ပြောကြားလိုပါတယ်။
အဲဒီလို တာဝန်ရှိလာ ကြတဲ့အတွက် ကျွန်တော်နှင့်တကွ ကိုယ်စားလှယ်များ အားလုံးတို့ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒီဥပဒေအရ တည်ဆောက်ကြမယ့် ဒီမိုကရေစီ နိုင်ငံတော်ကြီးကို နှစ်နှစ်ကာကာ ယုံကြည်ချစ်ခင် မြတ်နိုးကြဖို့နဲ့ အသက်နဲ့ လဲလှယ်ပြီး ကာကွယ် စောင့်ရှောက်ကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။
ကျွန်တော်တို့ နိုင်ငံဟာ ကိုလိုနီနယ်ချဲ့ အောက်က လွတ်မြောက်ဖို့အတွက် တိုင်းရင်းသား အားလုံး သွေးစည်း ညီညွတ်စွာဖြင့် လွတ်လပ်ရေးကို အသက်ပေးပြီး ရယူခဲ့ကြပေမယ့် လွတ်လပ်ရေးရပြီး နောက်ပိုင်း တိုင်းပြည်ကို ပြန်လည် ထူထောင်ကြရမယ့် အစား ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ လူမျိုးစွဲတွေကြောင့် လက်နက်တွေစွဲကိုင်ပြီး တိုင်းရင်းသား အချင်းချင်း သွေးချောင်းစီး တိုက်ပွဲတွေ ဆယ်စုနှစ် ငါးခုလောက် ဖြစ်ပွားခဲ့လို့ ပြည်သူတွေ ဒုက္ခ ပင်လယ်ဝေခဲ့ကြရ တာကိုလည်း ကိုယ်စားလှယ်ကြီးများ အားလုံးအသိပဲ ဖြစ်ပါတယ်။

ကဒါဖီ၏တပ်များ ထိုးစစ်ဆင် ၊ သူပုန်များဆုတ်ခွာ

 
လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ရဲ့ တပ်တွေ ၀ိုင်းလာတဲ့အတွက်  ရေနံထုတ်လုပ်ရာ အဓိက မြို့တမြို့ဖြစ်တဲ့ ရပ်စ် လန်နုဖ် (Ras Lanuf) ကနေ ပြန်ဆုတ်ပေးခဲ့ရကြောင်း လစ်ဗျား အတိုက်အခံ တပ်ဖွဲ့တွေက ပြောဆိုလိုက်ကြပါတယ်။
အစိုးရလိုလားတဲ့ တပ်တွေက အမြောက်တွေ၊ ရော့ကက်တွေနဲ့ အကြီးအကျယ် ပစ်ခတ်မှုတွေနဲ့အတူ ဒီနေ့မှာလည်း နောက်ထပ် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့လည်း သိရှိရပါတယ်။
သူပုန်တပ်ဖွဲ့ အမြောက်အမြားဟာ ထရပ်ကားတွေနဲ့ အရှေ့ဘက်ဒေသကို ပြန်လှည့်ပြေးနေကြပြီး ၊အစိုးရဆန့်ကျင်သူ တပ်ဖွဲ့တွေရဲ့ အနောက်ဘက်ဒေသ ထိုးစစ်တွေအတွင်း အစိုးရ တပ်တွေက သံချပ်ကာကားတွေ၊ လက်နက်ကြီးတွေနဲ့ မနေ့တုန်းက တန်ပြန် တိုက်ခိုက်ခဲ့တဲ့အတွက် သူပုန်တပ်တွေ ရပ်စ် လန်နုဖ်မြို့က ထိတ်လန့်တကြား ပြန်ဆုတ်ခဲ့ကြရတာ ဖြစ်ကြောင်းလဲ သိရပါတယ်။

စစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်ရှိ မြို့ကြီးများ ငလျင်အန္တရာယ်ရှိ

 
လူဦးရေထူထပ်ပြီး အဆောက်အအုံကြီးကြီးမားမားရှိသော မန္တလေး မှ ရန်ကုန်အထိ စစ်ကိုင်း ပြတ်ရွေ့ တစ်လျှောက်ရှိ မြို့ကြီး များတွင် နေထိုင်သော ပြည်သူများသည် ငလျင်အန္တရာယ်ကို ဂရုပြုသင့် သည်ဟု ငလျင်ကော်မတီအတွင်း ရေးမှူးဦးစိုးသူရထွန်းက ပြောသည်။

မန္တလေးမှ ရန်ကုန်အထိ စစ် ကိုင်းပြတ်ရွေ့တစ်ကြောရှိ ငလျင် အန္တရာယ်သတိပြုရမည့် မြို့ကြီးများ မှာ မန္တလေး၊ စစ်ကိုင်း၊ မိတ္ထီလာ၊ တောင်ငူ၊ နေပြည်တော်(ပျဉ်းမနား) ပဲခူး၊ မှော်ဘီ၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွနှင့် ရန်ကုန်မြို့တို့ ဖြစ်သည်။

မြန်မာနိုင်ငံရှိ ဒေသအားလုံးနီး ပါးသည် ငလျင်ဒဏ်ကို တိုက်ရိုက် ခံရသည့်နေရာနှင့်  သွယ်ဝိုက်ခံရ သည့်နေရာများချည်းဖြစ်ကြောင်း  ကချင်ပြည်နယ်အတွင်းရှိ     မြစ်ကြီး နားမြို့၏ အနောက်ဘက် မိုင် ၂ဝ ခန့်နေရာမှ မုတ္တမပင်လယ်ထဲ အထိ   ဖြတ်သန်းသွားသောစစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်နှင့်   ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းတွင်   ငလျင်ကြီးများ လှုပ် ခဲ့ဖူးသလို ငလျင်ကြီးထပ်မံလှုပ်နိုင် ခြေလည်းရှိကြောင်း သိရသည်။

နိုင်ငံတော် သမ္မတသစ် ဦးသိန်းစိန် ရုပ်မြင်သံကြားမှ မိန့်ခွန်း ပြောကြား

  
မတ်လ ၃၀ ရက်နေ့မှာ သမ္မတသစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် နိုင်ငံတော် အုပ်ချုပ်ရေးကို လွှဲပြောင်း ရယူခဲ့တဲ့ သမ္မတသစ် ဦးသိန်းစိန်ဟာ သူ့အစိုးရ အဖွဲ့ရဲ့ ရှေ့ဆက်လုပ်မယ့် မူဝါဒများကို ပြည်ထောင်စု လွှတ်တော်ကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ အဲဒီမိန့်ခွန်းကို ဦးသိန်းစိန် အသံနဲ့ ရုပ်မြင်သံကြားက ထုတ်လွှင့် ပေးခဲ့ပါတယ်။ အဲဒီမိန့်ခွန်း ထဲက အရေးကြီးတဲ့ အချက်များကို စုစည်းဖော်ပြ ပေးလိုက်ပါတယ်။
အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး
သမ္မတက မတူညီတဲ့ သဘောထား အမြင်တွေ ရှိကြမှာ ဖြစ်ပေမယ့် တိုင်းပြည် အကျိုးစီးပွားအတွက် တူညီတဲ့ ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့၊ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး လုပ်ပိုင်ခွင့် အာဏာကို တရားနည်းလမ်း တကျ ရယူဖို့ တိုက်တွန်း သွားပါတယ်။
ကာကွယ်ရေး
နိုင်ငံ ကာကွယ်ရေးကို ပေါ့ပေါ့ သဘောထားရင် ခေတ်သစ် ကျွန်ပြုတာ ခံရလိမ့်မယ်လို့ သတိပေးခဲ့ပြီး လက်ရှိ တပ်မတော်ကို အင်အားတောင့်တင်းတဲ့ တပ်မတော် ဖြစ်အောင် တည်ဆောက်မယ်၊ နိုင်ငံတော် ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်လို့ ပြောသွားပါတယ်။
စီးပွားရေး
စီးပွားရေးမှာ ဈေးကွက် စီးပွားရေးကို ပီပြင်အောင် ကျင့်သုံးမယ်၊ ဈေးကွက်စီးပွားရေးက ရလာတဲ့ အကျိုးစီးပွားများကို အခြေခံ လူတန်းစား အောက်ခြေအဆင့် အထိ ပျံ့နှံ့စေရမယ်၊ လက်ဝါးကြီးအုပ် စနစ် မဖြစ်အောင် အစိုးရက အတိုင်းအတာ တစ်ခုအထိ ထိန်းပေးမှာ ဖြစ်ပေမယ့် တတ်နိုင်သမျှ ၀င်ရောက် စွက်ဖတ်မှု၊ ထိန်းချုပ်မှု အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်မယ်လို့ ပြောသွားပါတယ်။ နောက်ပြီး ဆင်းရဲချမ်းသာ ကွာဟာမှု လျှော့ချရေး၊ မြို့ပြ-ကျေးလက် လူနေမှုအဆင့် ကွာဟမှု လျှော့ချရေးကို စဉ်းစားပြီး သဟဇာတ မျှတတဲ့ ဈေးကွက် စီးပွားရေးစနစ် ပေါ်ထွန်းအောင် လုပ်ဆောင်မယ်လို့ ကတိပေး သွားပါတယ်။

ဒုတိယ၀န်ကြီးများ အမည်စာရင်း

(၁) ဗိုလ်ချုပ် ကျော်ညွှန့် (ဒုတိယဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန)
(၂) ဗိုလ်မှူးကြီး အောင်သော် (ဒုတိယဝန်ကြီး ကာကွယ်ရေး ဝန်ကြီးဌာန)
(၃) ဗိုလ်မှူးချုပ် ကျော်စံမြင့်(ဒုတိယဝန်ကြီး ပြည်ထဲရေး ဝန်ကြီးဌာန)
(၄) ဗိုလ်ချုပ်ဇော်ဝင်း (ဒုတိယဝန်ကြီး နယ်စပ်ရေးရာ ဝန်ကြီးဌာန)
(၅) ဦးမောင်မြင့် (ဒုတိယဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာန)
(၆) ဒေါက်တာမျိုးမြင့် (ဒုတိယဝန်ကြီး နိုင်ငံခြားရေး ဝန်ကြီးဌာန)
(၇) ဦးစိုးဝင်း (ဒုတိယဝန်ကြီး ပြန်ကြားရေး ဝန်ကြီးဌာန)
(၈) ဦးအုန်းသန်း (ဒုတိယဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန)
(၉) ဦးခင်သော် (ဒုတိယဝန်ကြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန)
(၁ဝ) ဦးဝင်းသန်း (ဒုတိယဝန်ကြီး ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန)
(၁၁) ဦးစိုးတင့် (ဒုတိယဝန်ကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန)
(၁၂) ဦးကျော်လွင် (ဒုတိယဝန်ကြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန)
(၁၃) ဒေါက်တာ ကံဇော် (ဒုတိယဝန်ကြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန)
(၁၄) ဒေါက်တာပွင့်ဆန်း (ဒုတိယဝန်ကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန)
(၁၅) ဦးတင့်လွင် (ဒုတိယဝန်ကြီး ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန)
(၁၆) ဦးဖုန်းဆွေ (ဒုတိယဝန်ကြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန)
(၁၇) ဦးသန်းထွန်း (ဒုတိယဝန်ကြီး သမဝါယမ ဝန်ကြီးဌာန)
(၁၈) ဦးမြင့်သိန်း (ဒုတိယဝန်ကြီး အလုပ်သမား ဝန်ကြီးဌာန)
(၁၉) ဦးဝင်းရှိန် (ဒုတိယဝန်ကြီး ပို့ဆောင်ရေး ဝန်ကြီးဌာန)
(၂ဝ) ဦးဌေးအောင် (ဒုတိယဝန်ကြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန)

အစိုးရ အဖွဲ့သစ် ၀န်ကြီးများအမည်စာရင်း

၁။ ဗိုလ်ချုပ်လှမင်း - ကာကွယ်ရေးဝန်ကြီးဌာန

၂။ ဒုဗိုလ်ချုပ်ကြီး ကိုကို- ပြည်ထဲရေးဝန်ကြီးဌာန

၃။ ဗိုလ်ချုပ် သိန်းဌေး -နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန

၎။ ဦးဝဏ္ဏမောင်လွင်- နိုင်ငံခြားရေးဝန်ကြီးဌာန

၅။ ဦးကျော်ဆန်း- ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန

၆။ ဦးမြင့်လှိုင်-လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

၇။ ဦးဝင်းထွန်း -သစ်တောရေးရာဝန်ကြီးဌာန

၈။ ဦးလှထွန်း-ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာန

၉။ ဦးခင်မောင်မြင့်-ဆောက်လုပ်ရေးဝန်ကြီးဌာန

၁ဝ။ ဦးတင်နိုင်သိန်း-  စီမံ/စီးပွား ၊ မွေးရေ

၁၁။ ဦးဝင်းမြင့်- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

၁၂။ ဦးသိန်းထွန်း- ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန

၁၃။ ဦးအောင်ကြည် - အလုပ်သမား ၊  လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး

၁၄။ ဦးသိန်းထိုက်- သတ္တုတွင်းဝန်ကြီးဌာန

၁၅။ ဦးအုန်းမြင့်- သမဝါယမဝန်ကြီးဌာန

နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီ ဖျက်သိမ်း၊ ပြည်ထောင်စု အစိုးရသစ် ဖွဲ့စည်း

 
နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ကြေညာချက်အမှတ် ၅/ ၂၀၁၁ ကို ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် ရက်စွဲဖြင့် ထုတ်ပြန် ကြေညာပါသည်။
အဆိုပါ ကြေညာချက်တွင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များအား ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုပြီးသည့် အချိန်မှစ၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ကျင့်သုံးလျက်ရှိသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အာဏာများကို လွှဲပြောင်းပေးလိုက်ကြောင်း ကြေညာလိုက်သည်ဟု ဖော်ပြပါရှိပါသည်။
ကြေညာချက် အပြည့်အစုံတွင် ''၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်၍ အာဏာတည်ခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်၊
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအား သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်းခြင်း၊ ရွေးချယ်တင်မြှောက်ခြင်းနှင့် လွှတ်တော်၏ သဘောတူညီချက် ရယူခြင်းများကို ဆောင်ရွက်ပြီး ဖြစ်ပါသည်။ သို့ပါ၍ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ်တင်မြှောက်ခြင်း၊ လွှတ်တော်၏ သဘောတူညီချက် ရယူခြင်းများ ဆောင်ရွက်ပြီးသည့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များအား ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာ ပြုပြီးသည့် အချိန်မှစ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ကျင့်သုံးလျက်ရှိသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အာဏာများကို လွှဲပြောင်းပေးလိုက်ကြောင်း ကြေညာလိုက်သည်။
အထက်အပိုဒ် ၂ ပါ အတိုင်း ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ ကတိသစ္စာပြုပြီးသည့် အချိန်မှစ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းလိုက်သည်''ဟု ဖော်ပြထားသည်။

Tuesday, March 29, 2011

လစ်ဗျားအရေး အိုဘားမားလက်ရှောင်

 
 ကွန်ဂရက်လွှတ်တော်၏ ထောက်ခံမှုရယူခြင်းမရှိပဲ လစ်ဗျားနိုင်ငံအား အမေရိကန်တပ်များ ၀င်ရောက် တိုက်ခိုက်မှု အပေါ် အမေရိကန်သမ္မတ အိုဘားမား အား ရီပတ်ဘလီကင် လွှတ်တော်အမတ်အချို့က အခြေခံ ဥပဒေကို စော်ကား ချိုးဖေါက်လိုက်ခြင်း ဖြစ်ကြောင်း ပြစ်တင် ပြောကြားလိုက်ပါသည် ။

" အမေရိကန်တပ်မတော်ကိုရှင်ဘုရင်က အုပ်ချုပ်နေတာမဟုတ်ပါဘူး၊ သမ္မတ တစ်ယောက်ထဲ ဆုံးဖြတ်ပြီး လစ်ဗျားကို တပ်တွေစေလွှတ်လိုက်တာဟာ အခြေခံ ဥပဒေကို စော်ကားလိုက်တာပါပဲ "ဟု ကွန်ဂရက်အမတ် တစ်ဦးဖြစ်သူ ရော့စကို ဘားလက်က Hill မဂ္ဂဇင်းသို့ ပြောကြားလိုက်ပါသည်။ House Of Representative ဥက္ကဌ ဖြစ်သူ ဂျွန်ဘိုနာကလည်း အလားတူ ပြစ်တင်ဝေဖန်မှုမျိုး ပြုလုပ်ခဲ့ကြောင်းလည်းသိရ ပါတယ်။

အမေရိကန်အခြေခံဥပဒေ အရ သမ္မတသည် နိုင်ငံတစ်ခုကို စစ်ကြေငြာရန်အတွက် လွှတ်တော်၏ထောက်ခံမှုကို ရယူရန်လိုအပ်ကြောင်း ဖေါ်ပြထားပါတယ်။

တပ်မတော်နေ့ကို ဘယ်သူကသတ်မှတ်ခဲ့သလဲ

တပ်မတော်နေ့နှင့် ပတ်သက်ပြီး ပြည်ပအသံလွှင့် ဌာနများမှ လည်းကောင်း၊ အင်တာနက် စာမျက်နှာများ၌ လည်းကောင်း ဆွေးနွေးမှုများ ကြားခဲ့ရပါသည်။
ထိုဆွေးနွေးချက် များထဲတွင် ဦးတင်ဦးလို ဦးစီးချုပ် အဆင့်အထိ တာဝန်ယူ ခဲ့သူလည်း ပါသည်။ သူတို့၏ ပြောဆိုချက်များကို နားထောင်သည့်အခါ မတ်လ ၂၇ ရက်နေ့ကို ဖက်ဆစ် တော်လှန်ရေးနေ့ အဖြစ်သာ သတ်မှတ် သင့်ကြောင်း၊ တပ်မတော်နေ့ အဖြစ် သတ်မှတ်ခြင်းသည် ဦးနေ၀င်း သဘောဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောဆိုနေသည်ကို တွေ့ရသည်။ တပ်မတော်နေ့ အမည် ပြောင်းလဲသည့် နှစ်နှင့် ပတ်သက်ပြီး ပြောရာတွင်မူ ၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်ဟု ပြောသလို ၁၉၆၂ ခုနှစ် နောက်ပိုင်း တော်လှန်ရေးကောင်စီ လက်ထက်ဟု ပြောဆိုသည် ကိုလည်း တွေ့ရသည်။
တပ်မတော်နေ့ သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုသူ အားလုံးလောက် နီးနီးမှာ လက်ရှိ တပ်မတော် အစိုးရကို ဆန့်ကျင်နေသူ ဦးစီးချုပ်ဟောင်း ဦးတင်ဦးလို လူမှအစ မနေ့ တစ်နေ့က တပ်မတော်ကို စွန့်ခွာ သွားခဲ့သူ စိုင်းသိန်းဝင်း အထိ ပါနေသည်ကို တွေ့ရသည်။ သို့သော် ပြောဆိုသူများ အနေဖြင့် အာဃာတကို ရှေ့ထားပြီး သမိုင်း အချက်အလက် မှန်ကို မှားယွင်းစွာ ပြောဆိုနေသည်ကို တွေ့ရသည်။

Monday, March 28, 2011

ဒီအစိုးရကိုလက်မခံလို့ ဘယ်အစိုးရကိုလက်ခံမလဲ ? ( ၂ )

(ယမန်နေ့ကအဆက်)

နိုင်ငံတကာ အသိအမှတ်ပြုလက်ခံတဲ့ ရွေးကောက်ပွဲမဟုတ်ဘူး
မြန်မာနိုင်ငံကကျင်းပတဲ့ရွေးကောက်ပွဲကို မြန်မာနိုင် ငံပါဝင်တဲ့ ဒေသတွင်းအဖွဲ့ အစည်းကြီးတစ်ခုဖြစ်တဲ့ အာဆီယံ အသင်းကြီးအပါအ၀င် ကမ္ဘာ့နိုင်ငံများစွာ ထောက်ခံကြိုဆိုခဲ့ကြသည်။
 

အာဆီယံ အသင်းဝင်မဟုတ်သော အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် တရုတ် ၊ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများကလည်း ဒီမိုကရေစီ၏ လမ်းစအဖြစ် ထောက်ခံကြိုဆိုကြောင်း အသိအမှတ်ပြုပါကြောင်း သတင်းများထုတ်ပြန် ၍၄င်း ၊ ထိုနိုင်ငံများရှိ အစိုးရအာဘော်သတင်းစာများမှ ၄င်း တရားဝင် ကြေငြာခဲ့ကြလေသည် ။ 

သြစတေးလျ လိုနိုင်ငံမျိုးကပင် မြန်မာနိုင်ငံ ကို ထွက်ပေါက်မရှိတဲ့နိုင်ငံအဖြစ်ရှု မြင်နေသူတွေအတွက်တော့ ဒီရွေးကောက်ပွဲဟာ ထွက်ပေါက်တခုပါပဲ ပြည်သူတွေ မဲပေးမှုဟာ အဓိကကျတဲ့ ကိစ္စပါပဲ ဒါကြိုဆိုရမယ့်ကိစ္စ ပါလို့ ပြောကြားခဲ့ပါတယ်။

 ဒါဆိုရင် နိုင်ငံတကာအသိအမှတ်မပြုဘူးဆိုတာ ဘာကိုပြောတာပါလဲ ၊  မြန်မာကို  နိုင်ငံရေးအရ အဆင်မပြေလို့ စီးပွားရေး ပိတ်ဆို့ထားတဲ့ အမေရိကန်နဲ့ အီးယူ နိုင်ငံတွေက မထောက်ခံလို့ နိုင်ငံ တကာအသိအမှတ် မပြုဘူးလို့ ပြောချင်တာလား ၊ နိုင်ငံတစ်ခုက မထောက်ခံရင် ကျန်တဲ့ နိုင်ငံတွေ ဘယ်လောက် ထောက်ခံထောက်ခံ နိုင်ငံတကာအသိ အမှတ်မပြုဘူးလို့ ပြောလို့ရပါသလား ဒါဆို အပြန် အလှန်သဘောနဲ့ အမေရိကန်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို မြန်မာက မထောက်ခံဘူးလို့ ပြောလိုက်ရင် အဲဒီ အမေရိကန်နိုင်ငံ မှာကျင်းပနေတဲ့ရွေးကောက်ပွဲ ကရောနေရင်းထိုင်ရင်း နိုင်ငံတကာ အသိအမှတ်မပြုတဲ့ရွေးကောက်ပွဲ ဖြစ်သွားမလား  ကုလသမဂ္ဂ ကတော့ နိုင်ငံတိုင်းဟာ တန်းတူအခွင့်အရေးရှိတယ်လို့ ဆိုထားတယ် ။ ဒီလိုဘယ်ဖြစ်နိုင်ပါ့မလဲ....။ကမ္ဘာပေါ်မှာ ဘယ်ကိစ္စမှာများ နိုင်ငံအားလုံး စိတ်တူ ကိုယ်တူ ရှိခဲ့တယ်လို့ သမိုင်းမှာသင်ဘူးပါသလဲ....။

သတင်းမှားနဲ့ သတင်းမှန်

မတ်လ ၂၅ ရက်နေ့မှာ လူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက် တစ်ခုကို အတည်ပြု ခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက် မူကြမ်းကို ဥရောပသမဂ္ဂ (အီးယူ) က ပြုစု တင်သွင်းခဲ့တာ ဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံတွေက ဆွေးနွေးခြင်း၊ စာသားကို ပြန်လည် ပြင်ဆင်ခြင်းတွေ ပြုလုပ်ပြီး မဲခွဲရန် မလိုပဲ Consensus နဲ့ အတည်ပြု ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံ အစိုးရအနေနဲ့ ရွေးကောက်ပွဲလွန် ကာလတွေမှာ လူ့အခွင့်အရေး ဆိုင်ရာ တိုးတက်မှုတွေ လုပ်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထိရောက်စွာ အရေးယူဖို့ ဖော်ပြထားသလို ပြည်တွင်းက တိုးတက်မှု အချို့ကိုလည်း အသိအမှတ် ပြုထားပါတယ်။
အခု ဆွေးနွေး ချင်တာက ဆုံးဖြတ်ချက် ကိစ္စထက် ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောဆိုတဲ့ နေရာမှာ အချက်မှန်များကို ထိမ်ချန်ထားပြီး ပရိသတ် မျက်စိလည်အောင် လုပ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဗွီအိုအေနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ NCGUB က ဒေါက်တာ သောင်းထွန်းက အခုလို ပြောတဲ့အကြောင်း ဗွီအိုအေ သတင်းမှာ ဖော်ပြထားပါတယ်။
“War Crimes and Crimes against Humanity ကို သူတို့မပြင်ဘူး။ အဲဒီ အသုံးအနှုန်းပေါ့။ တချို့ ဖြစ်သွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ စစ်ရာဇ၀တ်မှု မြောက်တယ်။ လူသားတရပ်လုံးကို ကျူးလွန်တဲ့ ပြစ်မှုတွေ မြောက်တယ် ဆိုတဲ့ အပိုဒ်ကို သူတို့မပြင်ဘူး။ ဒါက တော်တော် ထူးခြားချက် ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီဟာကို အိမ်နီးချင်း နိုင်ငံတွေကပါ လက်ခံတဲ့ သဘော ရှိတယ်။ ဒါက သဘောက ဒီလိုမျိုး War Crimes and Crimes against Humanity တွေ ဖြစ်တယ် ဆိုတာကို အိမ်နီးချင်း နိုင်ငံတွေက အသိအမှတ် ပြုထားရင် နောက်တဆင့် စုံစမ်း စစ်ဆေးရေး ကော်မရှင်တွေ သွားဖို့ ကိစ္စတွေ အပေါ်မှာ ကျနော်တို့ ဆက်ပြီးတော့ လုပ်လို့ ရတယ်။ လက်ခံနိုင်တဲ့ အလား အလာတွေ ဖြစ်လာအောင် ကျနော်တို့ ဖန်တီးလို့ရတယ်။ ဒါကိုတော့ သုံးသပ်လို့ရတယ်။”
တကယ်တော့ လူ့အခွင့်အရေး ကောင်စီရဲ့ နောက်ဆုံး အတည်ပြု လိုက်တဲ့ ဆုံးဖြတ်ချက် revised text မှာ အဲဒီ အချက်လုံးဝ မပါပါဘူး။ ဒီစကားလုံးကို အီးယူက ပထမတင်တဲ့ မူကြမ်းမှာ ပါပြီး အားလုံး ဆွေးနွေး ပြီးတဲ့အခါ အောက်မှာ ဖော်ပြထားတဲ့ ( ) ထဲက စာသားများကို ပယ်ဖျက်ပြီးမှ အတည်ပြုခဲ့ပါတယ်။

အစိုးရသစ် ပေါ်ပေါက်ပြီးပါက ဂျာနယ်၊ မဂ္ဂဇင်း အမျိုးအစားအချို့ စိစစ်ရေးတင်ရခြင်းမှ ကင်းလွတ်ခွင့် ရလာတော့မည်

 
လက်ရှိ တင်းကျပ်ထားသည့် ပုံနှိပ်ထုတ်ဝေရေးဆိုင်ရာ မူဝါဒကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အဆင့်လိုက် ဖြေလျော့ပေးသွားရန် ရှိကြောင်းနှင့် အစိုးရသစ် ပေါ်ပေါက်ပြီးပါက ဂျာနယ်၊ မဂ္ဂဇင်း၊ ၀တ္ထု၊ ရုပ်ပြ၊ ပုံပြင် စသည်တို့ထဲမှ အမျိုးအစားအချို့ စိစစ်ရေး တင်ရခြင်းမှ ကင်းလွတ်ခွင့် ရလာတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
စိစစ်ရေးတင်ရခြင်းမှ ကင်းလွတ်ခွင့် ရလာတော့မည့် အမျိုးအစားအချို့ဟု ဆိုရာတွင် အနုပညာ သုတရသ၊  အားကစား၊ ကျန်းမာရေး၊ ကလေး၊ ဂမ္ဘီရ၊ နည်းပညာ အမျိုးအစားများကို ဆိုလိုခြင်း ဖြစ်ကြောင်း လက်ရှိ ထုတ်ဝေနေသော ဂျာနယ် ၁၇၂ စောင် အနက် ၈၄ စောင်၊ မဂ္ဂဇင်း ၁၈၄ စောင်အနက် ၁၁၃ စောင်တို့ စိစစ်ရေးတင်ရခြင်းမှ ကင်းလွတ်ခွင့် ရလာမည် ဖြစ်ကြောင်း သိရသည်။

ပုဂံမြို့ အလှပုံ များနှင့် ခရီးသွား လမ်းညွှန်များ ပါဝင်သော iPhone Application တစ်ခု ရောင်းချ

 
မြန်မာ လူမျိုး တို့၏ ရှေးဟောင်း အမွေ အနှစ် လက်ရာ စေတီ ပုထိုး ပေါင်း များစွာ တည် ရှိ သည့် ပုဂံမြို့၏ အလှ ဓာတ်ပုံ များနှင့် ခရီးသွား လမ်းညွှန် အချက် အလက်များ ပြည့်စုံစွာ ပါဝင် သည့် iPhone နှင့် iPod Touch Applicationတစ်ခုကိုဗြိတိန်အခြေစိုက်ParklaneEditionsကုမ္ပဏီကအင်တာနက်မှတစ်ဆင့် ရောင်းချ နေပြီ ဖြစ်ရာ
နိုင်ငံခြားသား ခရီးသွား များနှင့် မြန်မာ နိုင်ငံ၏ ခရီးသွား လုပ်ငန်း အတွက် ပိုမို အထောက် အကူ ဖြစ်လာ ကြောင်း ခရီးသွား အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦး က ပြောကြား သည်။
အဆိုပါ Application ကို Asia treasures-Bagan 1.0 ဟု အမည် ပေးထားပြီး ပုဂံမြို့၏ ရှုခင်းအလှ ဓာတ်ပုံ များကို  HD အရည်အ သွေးဖြင့် ထောင်ပေါင်း များစွာ ထည့်သင်း ပေး ထား ကြောင်း နှင့် ပုံညွှန်းစာ များ ကိုလည်း အင်္ဂလိပ်၊ ပြင်သစ် နှစ် ဘာသာ ဖြင့် ဖတ်ရှု နိုင်သည့် အပြင် မြန်မာ နိုင်ငံနှင့် ပုဂံမြို့၏ မြေပုံ များ၊ ခရီးသွား လမ်း ညွှန်များ၊ ဟိုတယ် လမ်းညွှန် များ စသည် တို့ ပြည့်စုံ စွာ ပါရှိသည်။

Sunday, March 27, 2011

ဒီအစိုးရကိုလက်မခံလို့ ဘယ်အစိုးရကိုလက်ခံမလဲ ?

မကြာမီရက်ပိုင်းအတွင်းတွင် လွှတ်တော်အသီးသီး၏ အစည်းဝေးများကျင်းပပြီးစီးကာ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပြီး  အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာပေတော့မည် ။ မြန်မာ့ အတိုက်အခံတို့သည် အစိုးရသစ်ကို လက်မခံ ဟုဆိုလာကြပြန်လေသည်။ အဘယ်ကြောင့်လက်မခံ ကြပါသနည်းဟု မေးသော် ၂၀၀၈ ဖွဲ့စည်း ပုံကြောင့် ဟု ဆိုကြပြန်လေ၏ ။  ပြည်သူ ၉၀% ကျော်က ထောက်ခံမဲပေးကာ အတည်ပြုထားသော ဖွဲ့စည်း ပုံ အခြေခံ ဥပဒေကို ဘာကြောင့် မကြိုက်ရတာလဲ ဟုဆက်မေးသော် တိကျသော အဖြေမျိုးကို မရတော့ စစ်အာဏာရှင် စံနစ်ကို သက်ဆိုးရှည်အောင်လုပ်ထားလို့ ဟူသော ယေဘူယျ အဖြေကလွဲ၍အခြားသော အချက်အလက်ပါသည့်  အဖြေမထွက် အချို့ကမူ သမ္မတ ကစစ်ရေးအမြင်ရှိရမယ်လို့ပါတယ်လေ..ဒါစစ်တပ် ကပဲ သမ္မတ လုပ်မလို့နေမှာပေါ့ဟု စောဒက တက်ကြလေသည် ။ ယခု လွတ်တော်တွင် သမ္မတ အမည်စာရင်းတင် သွင်းလာသော အရပ်သားပုဂ္ဂိုလ် များကို စစ်ရေးအမြင်ရှိသည်ဟု လွတ်တော်က သတ်မှတ် ခဲ့သည်ကို ကြည့်ခြင်းဖြင့် အရပ်သားများလည်းသမ္မတ ဖြစ်ခွင့်ရှိသည်မှာပေါ်လွင်လာလေသည် ။အတိုက်အခံ တို့ စွတ်စွဲစရာတစ်ခုလျော့သွားသည်။

နောက်တစ်ခုအပြောများတာက စစ်တပ်က အမတ်နေရာ ၂၅%  ပါလို့ဆိုသော အချက်တစ်ခုဖြစ်လေသည်၊တပ်မတော်သားကိုယ်စားလှယ်တို့သည် သက်ဆိုင်ရာမဲဆန္ဒနယ်များတွင် အချက်အချာကျသော နေရာများ၌အနိုင်ကျင့်ပြီး ၀င်ပါသည်မဟုတ်  ပြည်နယ်တိုင်း အသီးသီး တွင်  ပြည်သူ တွေ ရွေးကောက်တင်မြှောက်သော နေရာများတွင် ၀င်မပါ ၊  ပြည်သူတွေ မိမိတို့ စိတ်ကြိုက်ရွေး ၊ ထိုရွေးပြီးသော ပြည်သူ့ကိုယ်စားလှယ်များနှင့် ပူးပေါင်း၍ တာဝန်ထမ်းဆောင်ရန် ထပ်ဆောင်းထားခြင်းမျှသာ ဖြစ်လေသည် ။ ယခုအခါ ထိုတပ်မတော်သား ကိုယ်စားလှယ်များသည် သက်ဆိုင် ရာပြည်နယ် တိုင်းဒေသကြီးများ၏ လုံခြုံရေးနှင့် ဆိုင်သော ၀န်ကြီးဌာန များတွင် တာဝန်ထမ်းဆောင်နေကြ ပါလေပြီ ။ထိုအရာကို ဘာကြောင့်များကန့်ကွက်ကြပါလေသနည်း ။ ပြည်သူလူထု က ရွေးချယ်တင်မြောက် ထားသော ပြည်သူ့ကိုယ်စားလှယ်များကို ထပ်ဆောင်းအားပြုထားသော အင်အားစု ကို ကန့်ကွက်သည်ဆိုသည်မှာမှန်ကန်ပါ၏လော...

ကမ္ဘာ့ လက်နက် အရောင်းချဆုံးနိုင်ငံများ

ဆွီဒင်နိုင်ငံအခြေစိုက် SIPRI  (Stockholm International Peace Research Institute) ရဲ့ သုတေသနပြု လေ့လာ ချက်များအရ ကမ္ဘာ့လက်နက် အရောင်းချဆုံးနိုင်ငံများမှာ အမေရိကန် ၊ ရုရှား ၊ ဂျာမဏီ ၊ပြင်သစ် နဲ့ ဗြိတိန် နိုင် ငံတို့ဖြစ်ကြတယ် လို့ဆိုပါတယ် ။နိုင်ငံအလိုက် လက်နက်ရောင်းချမှုရာခိုင်နှုန်း တွေကိုတော့ အောက်ကပုံမှာ ဖေါ်ပြ ထားပါတယ်။
 


ဒီနိုင်ငံကြီးတွေဟာ သူတို့နဲ့ နိုင်ငံရေးအရ အဆင်ပြေတဲ့နိုင်ငံတွေ ကိုတိုက်ရိုက်ရောင်းပြီး သိပ်အဆင်မပြေရင် တော့ ကြားခံ နိုင်ငံတွေကနေတဆင့် ရောင်းချနေတယ်လို့ စစ်တမ်းမှာဖေါ်ပြထားပါတယ်။ လုံးလုံးအဆင်မပြေတဲ့ နိုင်ငံတွေကို ရောင်းရင်တော့ ရောင်းသူဝယ်သူကို တရားမ၀င်လက်နက်ရောင်းဝယ်မှုနဲ့ အရေးယူပါတယ် ။

The Stockholm International Peace Research Institute မှ ပညာရှင်အဖွဲ့ရဲ့ အဆိုအရ ထို လက်နက် ရောင်းချမှု ပမာဏဟာ ယခင် ၅ နှစ်ကာလဖြစ်တဲ့ ၂၀၀၁-၂၀၀၅ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်း အရေအတွက် တိုးမြင့်လာကြောင်းနှင့် ဒေသလုံခြုံရေး၊ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးစတဲ့ ခေါင်းစဉ်များဖြင့် တရားဝင် ရောင်းချခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ် ။ ဒီနေရာမှာ တရားဝင်တယ်ဆိုတာ ဒီနိုင်ငံ ကြီးတွေ ဒီလိုလက်နက်တွေ ရောင်းနေတာကို ကမ္ဘာ့ငြိမ်းချမ်းရေး လုံခြုံရေးကို အလေးပေးဆောင်ရွက် နေပါတယ်ဆိုတဲ့ ကုလသဂ္ဂလုံခြုံရေး ကောင်စီက သဘောတူတယ် ခွင့်ပြုတယ် ဆိုတဲ့သဘောပါ။

Saturday, March 26, 2011

မြ၀တီမြို့နှင့် ပတ်ဝန်းကျင်တွင် လက်ကမ်းစာစောင်များဖြန့်ဝေ


ပုံပေါ်နှိပ်၍ အကြီးချဲ့ကြည့်ရှုနိုင်ပါသည်


ကရင်ပြည်နယ် မြ၀တီမြို့ ပေါ်နှင့် ပတ်ဝန်းကျင်ဒေသများတွင်  ပြီးခဲ့သည့်နှစ် နိုဝင်ဘာ လ ၇ ရက်မှ စတင်၍ အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်များကို ချိုးဖေါက်ကာ ဗိုလိနှုတ်ခမ်းမွှေး ဦးဆောင်သော DKBA ခွဲထွက် တပ်ဖွဲ့များ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် အပြစ်မဲ့ပြည်သူများ သေဆုံး ဒဏ်ရာရ ရှိပုံ ၊ဒေသခံများ တဖက်နိုင်ငံသို့ ဘေးလွတ်ရာပြေးရင်း အတိ ဒုက္ခ ရောက်ရပုံ ဗိုလ်နှုတ်ခမ်းမွှေး၏ ဦးဆောင်မှု ညံ့ ဖျင်းသဖြင့်၎င်း လက်နက်ကိုင်လမ်းစဉ်ကို မနှစ်သက်တော့၍၄င်း ဗိုလ်နှုတ်ခမ်းမွှေး ၏လက်အောက်မှ တပ်ဖွဲ့ဝင်များသည် မိမိတပ်မတော်စစ်ကြောင်းများဖြင့် လာရောက်ပူးပေါင်း နေပုံများ ဆက်လက် ၀င်ရောက်လာမည့်သူများအား လက်ကမ်းကြိုဆိုကြောင်း ဖေါ်ပြပါရှိ သည့် "ရွှေလက်ကမ်းလို့ ကြိုလင့်လျက် " အမည်ရှိ လက်ကမ်းစာစောင်များအား ဒေသဆိုင်ရာ တာဝန်ရှိသူများ နှင့် ငြိမ်းချမ်းရေး လိုလားသူများက ယခုရက်ပိုင်းများတွင် လိုက်လံဝေ ငှလျက်ရှိကြောင်း သတင်းရရှိ ပါသည်။

ဂျပန် ဆူနာမီအတွက် ဒေါ်စုကြည်မှ ကဗျာများ ပေးပို့ကူညီမည်

ယနေ့ (မတ်လ ၂၆ ) ရက်နေ့ မနက်ပိုင်း  RFA သတင်းထုတ်လွှင့်ချက်တစ်ခုတွင် ဒေါ်စုကြည်မှ ဂျပန်နိုင်ငံ ငလျင်နှင့် ဆူနာမီ ဒဏ်ခံရသူများအား စာနာပါကြောင်း သူ့အနေဖြင့်လည်း ကူညီမှုများ တတ်နိုင်သရွေ့ ပေးအပ်သွားမှာဖြစ်ကြောင်း ခုလောလောဆယ်တော့ ဘာမှပေးစရာမရှိကြောင်း ဒါကြောင့် တတ်နိုင်သည့် ကဗျာများပေးပို့ရန်စီစဉ်နေကြောင်း ၊ ထိုကဗျာများမှာ ဆူနာမီနှင့်ပတ်သက်သော ကဗျာများ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။
ပြည်တွင်းမှ ရရှိသော အခြားသတင်းတခုတွင်မူ ထိုကဗျာများထဲတွင် ဦးဝင်းတင်ဆိုသူ ရေးသော ကဗျာတစ်ပုဒ်လဲပါဝင်ကြောင်း ထိုကဗျာကို ဦးဝင်းတင်က ဂျပန်ရိုးရာ ကဗျာရေးနည်း တမျိုးဖြင့် ရေးသားထားပါကြောင်း သိရှိရပါသည်။
ဤသတင်းနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပမှ ဒေါ်စုကြည်အား အမေဟု၎င်း၊ လူထုခေါင်းဆောင်ဟု၎င်း ၊မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဟု၎င်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဟု ၄င်း အမျိုးမျိုး မြှောက်ပင့်ကာ ကြံဖန်ချီးမွမ်းသည့်အလုပ်ဖြင့်အသက်မွေးဝမ်းကြောင်းပြုရရှာသူများက  အောက်ပါအတိုင်းတုန့်ပြန်ကြလေသည်။

ဖူကူရှီးမား အနုမြူဓါတ်ပေါင်း ဖိုအနီး ရေဒီယိုသတ္တိကြွမှု အလွန်မြင့်မားနေ

 
ဂျပန်နိုင်ငံ တွင် ငလျင်ဒဏ်အကြီးအကျယ်ခံလိုက်ရတဲ့ ဖူကူရှီးမား အနုမြူ ဓါတ် အားပေးစက်ရုံ မှာရှိတဲ့  ဓါတ်ပေါင်းဖို ၆ခု အထဲက တစ်ခုဟာ လုံးဝပျက်စီးသွားပြီ ဖြစ်တဲ့အကြောင်း အစိုးရ ကတရားဝင်ကြေငြာ သွားခဲ့ပါတယ်။
ဒီဓါတ်အားပေးစက်ရုံရဲ့အနီးတ၀ိုက်မှာ ရေဒီယိုဓါတ်သတ္တိကြွမှုဟာ အလွန်မြင့်မားနေကြောင်း သာမန်ရှိသင့် တာထက် အဆ ၁၂၅၀ ဆ ပိုမိုနေတာကိုစစ်ဆေးတွေ့ ရှိရကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသွားခဲ့ပါတယ် ။
ဂျပန်အစိုးရ၀န်ကြီးအဖွဲ့ အတွင်းဝန်ချုပ် ယူခိယို အဲဒနို (Yukio Edano) ကလည်း ဒီဓါတ်ပေါင်းဖိုရဲ့ ၁၂ မိုင်ကနေ ၁၈ မိုင်ပတ်လည်အတွင်း နေထိုင်ကြသူတွေ အမြန်ဆုံး  ရွှေ့ပြောင်းသွားကြဖို့ ယမန်နေ့က တိုက်တွန်းပြောကြားခဲ့ပါတယ်။

Friday, March 25, 2011

အနုမြူ ဓါတ်အားပေးစက်ရုံနှင့် ၁၈ မိုင်ပတ်လည်မှ အမြန်ဆုံးပြောင်းရွှေ့ ကြဘို့ ဂျပန်အစိုးရ တိုက်တွန်း

ဝန်ကြီးချုပ် နာအိုတိုခန်
 
ဂျပန်နိုင်ငံ ဖူကူရှီးမားခရိုင်က အမှတ် (၁) လျှပ်စစ်ဓါတ်အားပေးစက်ရုံရဲ့ နံပါတ် (၃) အနုမြူဓါတ်ပေါင်းဖို အတွင်းပိုင်းဟာ ဆိုးဆိုးဝါးဝါးပျက်စီးသွားပြီး ဒီဓါတ်ပေါင်းဖိုရဲ့ အန္တရာယ်ရှိတဲ့ အနေအထားဟာ မြင့်မားနေဆဲဖြစ်တယ်လို့ ဒီကနေ့ ၀န်ကြီးချုပ် နာအိုးတိုးခန် (Naoto Kan) က ရုပ်မြင်သံကြားကနေ တိုင်းပြည်ကို ပြောကြားသွားခဲ့ပါတယ်။ ဒီကနေ့ ရေဒီယိုသတ္တိကြွရောင်ခြည်တွေ ပျံ့လွှင့်မှုမြင့်တက်လာ နေတာကြောင့် ဂျပန်တနိုင်ငံလုံး သတိဝီရိယနဲ့ ရှိနေကြရမယ်လို့လည်း ၀န်ကြီးချုပ် ခန်က ပြောပါတယ်။
 
ဂျပန်အစိုးရ၀န်ကြီးအဖွဲ့ အတွင်းဝန်ချုပ် ယူခိယို အဲဒနို (Yukio Edano) ကလည်း ဒီဓါတ်ပေါင်းဖိုရဲ့ ၁၂ မိုင်ကနေ ၁၈ မိုင်ပတ်လည်အတွင်း နေထိုင်ကြသူတွေ အမြန်ဆုံး  ရွှေ့ပြောင်းသွားကြဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

NLD ၏ အရက်သမားကွန်ယက်

မြန်မာနိုင်ငံတွင် လယ်သမားများ၏ အကျိုးကို ထိရောက်စွာ ဖော်ဆောင်ရေး အတွက် လယ်သမား ကွန်ရက်ကို ၂၀၁၁ ခုနှစ် မတ်လ (၁၀)ရက်နေ့တွင် ဖွဲ့စည်း လိုက်တယ်လို့ ဆိုပါတယ်။ NLD ဗဟို အစည်းအဝေးခန်းမမှာ မတ်လ(၉)ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ဧရာဝတီတိုင်း စည်းရုံးရေး ခေါင်းဆောင်များ၊ မြို့နယ် စည်းရုံးရေး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင် တက်ရောက်လာကြသော NLD အဖွဲ့ဝင် တောင်သူ လယ်သမားများ စုစည်းပြီး လယ်သမားကွန်ရက်ကို ဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလယ်သမား ကွန်ရက်မှာ ပါတဲ့ လယ်သမားဆိုတဲ့ ငနဲတွေ အကြောင်း ပြည်သူတွေ သိအောင် ပြောပြချင်ပါတယ်။
အရင်ဆုံး ပြောလို တာကတော့ အဲဒီ လယ်သမားကွန်ရက်မှာ ပါဝင်သူတွေဟာ ဘယ်သူတွေ ဖြစ်တယ် ဆိုတာပါပဲ။ NLD က ဒေါ်စုကြည်တို့ ဦးတင်ဦးတို့ ဦးဝင်းတင်တို့က လယ်သမားတွေ ပါလို့ ပြည်သူကို ကြေညာပြီး လယ်သမားကွန်ရက်မှာ ပါဝင်ကြသူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-

ဒေါ်စုကြည် ဧရာဝတီနဲ့ DVB တို့ စားခွက်လု ကြလေပြီ

NLD Irrawaddy DVB 
မြန်မာနိုင်ငံ၏မီးစများ

ပြီးခဲ့သည့်နှစ် ဒေါ်စုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ချိန်မှ စပြီး ယင်းတို့၏ ရန်ပုံငွေ သုံးပုံ တစ်ပုံခန့် ဖြတ်တောက် ခံခဲ့ရကြောင်း ထိုင်းအခြေစိုက် Irrawaddy Media Group နဲ့ နော်ဝေအခြေစိုက် Democratic Voice of Burma (DVB) က ပြောကြားခဲ့ပါတယ်။ အဲဒီလို ရန်ပုံငွေ ဖြတ်တောက်မှုကြောင့် အဆိုပါ သတင်းဌာနတွေရဲ့ လုပ်ငန်း လည်ပတ်မှုတွေ ထိခိုက် နစ်နာခဲ့ရတယ်လို့လည်း ဆိုကြပါတယ်။

နိုင်ငံတကာ အလှူရှင်များက ၎င်းတို့အတွက် ရန်ပုံငွေတွေ လျှော့ချခြင်းနဲ့ ပတ်သက်ပြီး ဒေါ်စုကြည်နဲ့ NLD တို့ဟာ အဓိက တရားခံတွေ ဖြစ်ကြောင်း ထိုင်းနေ့စဉ်ထုတ် သတင်းစာ Matichon နဲ့ တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှ ဧရာဝတီ မီဒီယာ အုပ်စုရဲ့ အယ်ဒီတာချုပ် အောင်ဇော်က ပြောဆိုခဲ့ပါတယ်။ ပြည်ပြေး မီဒီယာတွေကို ရန်ပုံငွေ ပေးမယ့်အစား NLD ရဲ့ လူမှု အဖွဲ့အစည်းတွေနဲ့ လူသားချင်း စာနာထောက်ထားတဲ့ အစီအစဉ်တွေအတွက် လှူဒါန်း ပေးကမ်းသင့်တယ်လို့ ဒေါ်စုကြည်ရဲ့ ဆွဲဆောင် တောင်းဆိုမှုတွေကြောင့် ဧရာဝတီ မီဒီယာအနေနဲ့ ၎င်းတို့ နှစ်စဉ် ရနေတဲ့ ရန်ပုံငွေတွေထဲက တစ်သန်းကျော် ဖြတ်တောက်ခံရပြီး DVB အနေနဲ့ ယူရိုငွေ ၅သိန်းခန့် ဖြတ်တောက်ခံရတယ်လို့ ဆိုကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ရာမှာ NLD ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အောင်ဇော်ရဲ့ စွပ်စွဲချက်တွေကို ချေပ ပြောဆိုခဲ့ပါတယ်။ မကြာသောကာလတွင် NLD အနေဖြင့် ကိုယ်ပိုင် မီဒီယာကို အကောင်အထည် ဖော်ရန် စီစဉ်နေကြောင်း၊ သို့မှသာ ယင်းတို့အနေနဲ့ ပြောလိုတဲ့ ကိစ္စတွေကို ပြောကြားပေးရန် ပြည်ပြေး မီဒီယာတွေကို မှီခိုနေရမှု ကင်းဝေးလိမ့်မည် ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမြေငလျင် နောက်ဆက်တွဲသတင်း (၄)

တာလေမြို့ မြေငလျင် ဒဏ်ခံရသည့် နေရာများ၏ သတင်းဓါတ်ပုံများဖြစ်ပါသည်။
 



မြန်မာနိုင်ငံမြေငလျင် နောက်ဆက်တွဲသတင်း (၃)


နိုင်ငံပိုင်မီဒီယာများ၏ ယနေ့မွန်းလွဲ တွင် ကြေညာချက်အရ ရှမ်းပြည်အရှေ့ပိုင်း ငလျင်ကြောင့် သေဆုံးသူ ၇၄ဦးရှိကာ  ၁၁၁ ဦး ဒဏ်ရာရရှိပြီး  နေအိမ်အလုံး ၃၉၀၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနှင့် ဌာနဆိုင်ရာ အဆောက်အဦ ၉ လုံးတို့ ပျက်စီးကြောင်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့များ ငလျင်ဒဏ်ခံဒေသ တွင် ကယ်ဆယ်ရေးလုပ်ငန်းများ စတင်နေပြီး နောက်ထပ် ကယ်ဆယ်ရေးအဖွဲ့များလည်း ထပ်မံသွားရောက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
သေဆုံး ဒဏ်ရာရ ရှိသူများတွင် တာချီလိတ် ၊ ကျိုင်းတုံ ၊ တာလေ မြို့ များမှ အများဆုံး ပါဝင်ကြောင်း တံတားအချို့လဲ ပျက်စီးမှုရှိကြောင်း သတင်းရရှိ ပါတယ် ။ တာလေမြို့ခံတစ်ဦးကမူ " မြို့ဝင်တံတားကတော့ ၅ ပေလောက် ပြတ်ထွက်သွားတယ် စိန်ပန်းနီဆိုင် ရှေ့က တိုက်တွေဆိုလဲမရှိတော့ဘူး .ပြိုကျကုန်ပြီ ကယ်ဆယ်ရေးတွေလဲရောက်နေကြပြီ..သူတို့လဲတတ်နိုင်သရွေ့တော့ စလုပ်နေကြပြီ" ဟု ပြောကြားသွားခဲ့ပါသည် ။
 
တာချီလိတ်မြို့မှ ဒေသအာဏာပိုင်တစ်ဦးကမူ " နောက်ထပ်ရရှိတဲ့သတင်းတွေအရ ဒီငလျင်မှာ  သေဆုံးသူ ၁၀၀ ကျော်သွားပြီ ဒဏ်ရာ ရရှိတဲ့သူအရေ အတွက်လဲ တိုးလာနေတယ် ..နောက်..ပျောက်ဆုံးနေတဲ့ သူတွေလဲ ရှိသေးတယ်ဆိုတော့ အတည်ပြုလို့တော့မရသေးဘူး ..တာချီလိတ်တစ်ခုတည်းကို ပြောတာမဟုတ်ဘူးနော် အားလုံးကိုပြောတာ ..ဒီအရေအတွက်က  " ဟုပြောကြားခဲ့ပါသည်။

Thursday, March 24, 2011

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စာအုပ်ရေးသားသူ အဖမ်းခံရ

ဘစ်နဒစ်ရော်ဂျာရေးသား သော ဗိုလ်ချူပ်မှူးကြီး  သန်းရွှေ အကြောင်း စာအုပ်မျက်နှာဖုံးပုံ

 ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း စာအုပ်ရေးသားခဲ့တဲ့ Christian Solidarity Worldwide (CSW) အဖွဲ့ဝင် Mr. Benedict Rogers ကို ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့ Summit Parkview Hotel မှာမြန်မာအစိုးရတာဝန်ရှိသူများက  ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး  သက်ဆိုင်ရာနိုင်ငံသံတမန် တာဝန်ရှိသူများထံသို့ လွဲပြောင်းပေးလိုက်ကာ  ပြည်တွင်းမှ ပြန်လည်ထွက်ခွာသွားစေခဲ့ကြောင်း သတင်းရရှိပါတယ်။

 Mr. Ben Rogers ဟာ သာမန်ဧည့်ဗီဇာနဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ခဲ့ပြီး၊ ၅ ရက်အကြာမှာခုလိုထိန်းသိမ်းခံခဲံရတာဖြစ်ကြောင်း  သူဟာ မြန်မာနိုင်ငံအတွင်းနေထိုင်စဉ်အတွင်း အစိုးရနဲ့ ဆန့်ကျင်ဘက်အသွင်ဆောင်တဲ့ သဘောထားရှိသူများနဲ့တရားမ၀င်တွေ့ဆုံခဲ့ကြောင်း လည်းသိရှိရပါတယ်။
 

 
မစ္စတာ ရော်ဂျာဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (သို့မဟုတ်) အာဏာရှင်တဦးရဲ့ မျက်နှာဖုံးကို ခွာကြည့်ခြင်း ဆိုတဲ့ စာအုပ်ကို ရေးသားကာ ၂၀၁၀ ဇူလိုင်လ ၁ ရက်နေ့တွင်ဖြန့်ချိခဲ့ပြီး အဆိုပါစာအုပ်အတွက် ပြည်တွင်း မှ အစိုးရနဲ့နီးစပ်သူ အမျိုးမျိုးထံမှ အချက်အလက်များရယူ စုဆောင်းခဲ့ကြောင်းလည်း သတင်းရရှိပါတယ်။

မြေငလျင် နောက်ဆက်တွဲ သတင်း ( ၂)

ထိုင်းနိုင်ငံချင်းရိုင် မြို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်မှုများကို ချင်းရိုင် ဆေးရုံမှ သူနာပြုများက ပြုစုမှုများဆောင်ရွက်နေပုံ
 
တာလေမြို့ ဗဟိုပြု မြေငလျင်ကြောင့် မန္တလေး နှင့် နေပြည်တော် မြို့များတွင်လည်း အနည်းငယ်လှုပ်ခတ်မှုများရှိကြောင်း ထပ်မံသတင်းရရှိပါတယ် မန္တလေး မြို့ခံ တစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင်မူ " ကျွန်တော်ကတော့ အဲဒီအချိန်က ကားမောင်းနေတာ သိတောင်မသိလိုက်ဘူး အိမ်ရောကတော့ အမေက ငလျင်လှုပ်တာနင်မသိဘူးလား လို့မေးမှ လှုပ်သွားတယ်ဆိုတာ သိရတာပါ " ဟု ပြန်လည် ပြောကြား ခဲ့ပါသည်။
 
နေပြည်တော် ၀န်ကြီးဌာန မှ အရာရှိတစ်ဦးကိုမေးမြန်းခဲ့ ရာ " လှုပ်တယ်..စက္ကန့်ပိုင်းလောက်ပါပဲ ကျွန်တော်နေတဲ့နေရာတော့ ဘာမှမဖြစ်ဘူး ကျွန်တော့သူငယ်ချင်းအိမ်မှာတော့ မှန်ကွဲသွာတယ်ပြောတယ်...ပြူတင်းပေါက်က မှန်.."  ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံမြေငလျင် နောက်ဆက်တွဲသတင်း

 
တာချီလိတ် မြို့ခံတစ်ဦးအား Voice Of Myanmar မှ ဆက်သွယ်မေးမြန်း ကြည့်ရာ တာချီလိတ်တွင်လည်း လှုပ်ခတ် မှုများရှိကြောင်း အပျက်အစီး အနည်းငယ်ရှိကြောင်း ည ၈းနာရီ၂၅ မှ ယခုသတင်းရေးသားချိန် မြန်မာ စံတော်ချိန် ည ၁၂ နာရီအထိ ၁၂ ကြိမ်ခန့် လှုပ် ခတ်ခဲ့ကြောင်း တာလေမြို့နှင့် ဖုန်းအဆက်အသွယ်မရသေးကြောင်းတံတားများပျက်စီးမှုရှိသည်ဟု ကြားသိရကြောင်း  ပြောကြားသွားခဲ့ပါ သည်။
ည ၁ နာရီခန့်တွင် ထပ်မံ လှုပ်မည်ဟု သတင်းများဖြစ်ပေါ်နေသဖြင့် တာချီလိတ်မြို့ခံများ အနေဖြင့် စိုးရိမ်ပူပန်မှုများရှိပြီး ယခုအခါ ကွင်းပြင်များတွင်ထွက်၍ နေနေ ကြကြောင်း ။ တာချီလိတ် တစ်ဘက်ကမ်းရှိ မယ်ဆိုင်မြို့ တွင်လည်းအလားတူစိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သတင်းရရှိပါသည်။

မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်း တာလေမြို့အနီး ပြင်းအား ၆.၈ မဂ္ဂနီကျု့ ရှိ မြေငလျင် တစ်ခုလှုပ်

မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း တာလေမြို့ အနီး (မြောက်လတ္တီကျု့ ၂၀.၉၄၉ နှင့် အရှေ့လောင်ဂျီကျု့၉၉.၉၄၉) ကို ဗဟိုပြု၍ ပြင်းအား ၆.၈ မဂ္ဂနီကျု့ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရှိရပါသည် ။
 အဆိုပါငလျင်သည် ဒေသစံတော်ချိန် ည ၈နာရီ ၂၅ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှု သတင်းများ မရရှိသေးကြောင်း သတင်းရရှိပါသည် ။





Wednesday, March 23, 2011

ကျွန်ုပ် နှင့် ထူးဆန်းသော ပန်းချီဆရာ ၂ ဦး ( အပိုင်း ၂ )

တနေ့သ၌ ဖြစ်ပါသည် ....ထိုနေ့သည် မြန်မာ့နိုင်ငံရေးတွင် လွန်စွာပေါ်ပြူလာဖြစ်သောဒေါ်စုကြည် နေအိမ် အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီး မကြာမီ ချိန်ကဖြစ်ပါသည် ။ ထိုဒေါ်စုကြည်ဆိုသူ အမျိုးသမီး သည် နေအိမ်အကျယ် ချုပ်တွင် အချိန်ကြာမြင့်စွာနေခဲ့ ရပြီးမှ ပြန်၍ လွတ်လာသောကြောင့်လား မပြောတတ် သူသည် လွန်စွာမှ စကားပြောချင်နေလေသည် ။မြင်မြင်သမျှတို့အား ရောက်တတ်ရာရာများကို နေ့ည ဆိုသလို မနားတမ်း ပြောဆိုနေလေတော့သည် ။ရေသောက်ရန်ပင်မေ့နေသဖြင့် အနားတွင်ရှိသော တပည့်တပန်းများက ရေခွက်အတင်းဇွတ်ထိုး ပေးရသည်အထိ မနားတမ်းပြောဆို နေသည်ဟုဆိုလေ၏။ သူမပြောဆိုသည့်အထဲတွင် လွန်ခဲ့သောနှစ်ပေါင်း များစွာက သူမ၏ ဖခင်ကြီးကိုယ်တိုင် ကျင်းပခဲ့သော ပင်လုံဟူ သောညီလာခံကြီးကို တဖန်ပြန်လည်ကျင်းပမည့် အကြောင်းလဲပါ၏ ၊ တွတ်တာ ဟုခေါ်သော လူမှုကွန်ယက်ကို သုံးချင်သည်ဟုလည်းပါ၏ လူငယ်တွေအသံကို နားထောင်ချင်သည်ဟုလည်းပါ၏ ၊ ပြည်ပ မီဒီယာ တစ်ခုမှ လမ်းဆုံက ဂျမ်းဘုံ အစီအစဉ်တင်ဆက်သူအားလည်း နှုတ်ခွန်းဆက်ကြောင်းလဲပါ၏ ၊ အိမ်တွင်ထမင်းချက်သည့်ကိစ္စသည် နိုင်ငံရေးဖြစ်သည့် အကြောင်းလဲပါ၏ ထိုသို့ ရောက်တတ်ရာရာများပြောဆိုရာတွင် အများဆုံးပါသော စကားစုတစ်ခုမှာ "အားလုံးဝိုင်းလုပ်ကြတာပေါ့" ဟူသောစကားစု ဖြစ်လေ၏ ။ ထို့အပြင် လူထုအားလည်း မိန့်ခွန်းပြောချင်နေသည်မှာလည်း တစ်ပိုင်းသေသကဲ့သို့ ဖြစ်နေသဖြင့် အမြန်စီစဉ်ပေး ရပြန်လေ ၏ ထိုသို့လူထုအား မိန့်ခွန်းပြောဆိုနေစဉ်တွင် သားဖြစ်သူထံမှ ဖုန်းလာသဖြင့် လူထုအားခဏထား၍ ဖုန်းပြေးပြောပြန်လေ၏ တဖန်ပြန်ထွက်လာသောအခါ လက်ထဲတွင်   ပြည်သူလူထုအား သူမအနေဖြင့်ချစ်ခင်ကြောင်း ဆော့ ပင်ဖြင့် ရေးသား ထားသော စာရွက်ကြီးအား ထောင်ပြပြန်လေ၏ ထိုသို့ထောင်ပြနေရင်းနှင့်ပင် အကြောင်းမဲ့ ရီပြန်လေ၏  ထိုသို့ မိန့်ခွန်း ပြောလိုက် အထဲဝင်သွားလိုက် ပြန်ထွက်လာလိုက် စာရွက်ကြီးထောင်ပြီးလှည့်ပြလိုက် အကြောင်းမဲ့ရီပြလိုက် အသံချဲ့စက်အသံက တိမ်ဝင်သွားလိုက် ဖြစ်နေသည်ကို ပွဲကြည့်သကဲ့သို့ ကြည့်နေသော လူထုကြီးက လက်ခုပ်များ တီး လိုက်၊ ရီလိုက် လုပ်ကြလေတော့သည် ။
 

ထိုသို့ လုပ်နေစဉ်နေတွင်ပင် ထိုဒေါ်စုကြည်က အရှေ့ကလူတွေနောက်သွား နောက်ကလူတွေရှေ့လာဟု ဆိုပြန်သဖြင့် လူထုကြီးမှာ ရုတ်ရုတ်သဲသဲဖြစ်ရပြန်လေ၏ ဘိနပ် ပျောက်သူများလဲပျောက်ကြလေတော့ သည် ။တချို့ကလဲဘယ်မှ မသွားပဲထပြီးပြန်ထိုင်ကြလေ၏ အချို့လဲအပြီးပြန်သွားကြလေ၏ နောက်မှ ရှေ့သို့ တိုးဝှေ့ လာကြသူများလဲ ရှိလေသည် ပွဲဈေးတန်းကဲ့သို့ ဖြစ်နေသဖြင့် မြေနီကုန်းတစ်ဝိုက်မှ ဈေးသည်လေး များကလည်း ထိုအနီးအနားတ၀ိုက်တွင် ရေသန့် ၊ အအေး ကွမ်းယာ အစရှိသော မုန့်ပဲသွားရည် စာများကို ဈေး တင်၍ ရောင်းကြ ကုန်လေ၏ လူထုအပေါင်းကလဲ ၀ယ်၍စားသောက်ကြကုန်လေ၏ ထိုအထဲတွင် ပင်နီ တိုက်ပုံဝတ်ထားသူတစ်ယောက်လဲပါလေ၏ သူက ALPINE ဟူသော ရေသန့်ဘူးအား ၀ယ်သောက်ရန် ဈေး ဘယ်လောက်လဲ မေးရာ ရေသန့်ရောင်းသော သူငယ်လေးက ၂၀၀ ပါခင်ဗျ ဟု ပြောရာ အဆိုပါပင်နီ တိုက်ပုံနှင့် လူက ဈေးကြီးတယ် မင်းတို့လိုကောင်တွေကြောင့် တိုင်းပြည်မတိုးတက်တာ ..၁၀၀ ပဲယူ မကျေနပ်လဲ မတတ်နိုင်ဘူး ငါတို့က မတရားတာမကြိုက်ဘူးကြားလားဟု ကြီးနိုင်ငယ်ညှင်း ဟိန်းဟောက် ပြောဆိုသဖြင့် ထို သူငယ်လေးလည်း ရေသန့်ဘူးတစ်ဘူးကိုထိုလူလက်သို့ ထိုးပေးပြီး ထိုသူပေးသော ငွေတစ်ရာကို မျက်နှာငယ်ငယ်နှင့် ယူကာ သူသည် ရေသန့်ဘူးကို ငွေ ၂၀၀ နှင့်ရောင်းမိသည့်အတွက် တိုင်းပြည် မည်သို့မည်ပုံ မတိုးတက် ဖြစ်ရသည်ကို စဉ်းစားကာ အခြားတနေရာသို့ ထွက်သွားလေတော့သည်။ ၂ နာရီကျော် ကျော်ခန့် ကြလေသော် ထိုပွဲလမ်းသဘင်ကြီးသည် လူစုကွဲသွားကြလေတော့သည် ထိုသူတို့ လူစု ကွဲသွားသော်လဲ ထိုဒီမိုကရေစီလိုလားသူတို့ ဖွခဲ့သော အမှိုက်သရိုက်များမှာမူ မကွဲသွားပဲ လေတိုက်ရာလွင့်ပါးနေကြသဖြင့် ထိုမြို့နယ်ကိုတာဝန်ယူရသော စည်ပင်သာယာဝန်ထမ်းတို့က ဘာမဆိုင်ညာမဆိုင် EXTRA  DUTY ဆင်းရလေတော့သည် ။

စီးပွားရေး ဆက်လက်ပိတ်ဆို့ ထားဘို့လိုလားကြောင်း ဒေါ်စုကြည် ပြောကြား


မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့ထားတာတွေကို ဆက်ပြီး ထားဖို့ လိုအပ်မှာဖြစ်တဲ့အကြောင်း ဒေါ်စုကြည်က မတ်လ ၂၃ ရက် ဒီကနေ့ ဂျာမနီက သတင်းစာတစောင်နဲ့ မေးမြန်းခန်းမှာ ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းရေး ဥရောပသမဂ္ဂက ပြန်လည် စဉ်းစားမဲ့ အချိန်မှာ ဒေါ်စုကြည်က ခုလို ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။
 
ဒေါ်စုကြည်က ဂျာမန်သတင်းစာ Franfurter Rundschau နဲ့ မေးမြန်းခန်းမှာ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ ဆိုရင် တိုးတက်မှု အပြောင်းအလဲတခုခု မြင်တွေ့ရဖို့ လို ကြောင်း နိုင်ငံရေး အကျဉ်းသား တွေလွှတ်ပေးဘို့ လိုကြောင်း ခုထိ ထင်ရှားတဲ့တိုးတက်မှုတွေ မရှိသေးတာကြောင့် ပိတ်ဆို့မှုကို ဆက်လက်ထားရှိဘို့ လိုမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ် ။
 

 ဒေါ်စုကြည်နဲ့ တွေ့ဆုံတဲ့ဂျာမန်သတင်းစာဟာအမေရိကန်အခြေစိုက် သတင်းမီဒီယာကြီးများရဲ့ သြဇာလွှမ်းမိုးမှုရှိတဲ့ သတင်းစာတစ်စောင် ဖြစ်  ပြီး လက်ရှိ ဂျာမဏီ အစိုးရဟာ ပိတ်ဆို့အရေးယူရေးကို ရုတ်သိမ်း ဘို့ လိုလားနေချိန်မှာ ဒေါ် စုကြည် အနေ နဲ့ ဂျာမဏီက ဒီလိုသတင်းဌာန တစ်ခုနဲ့ ခုလိုတွေ့ဆုံခဲ့တယ်ဆိုတာ သာမန် တိုက်ဆိုင်မှုမျိုး မဟုတ်ဘဲ အစီအစဉ်ရှိရှိ ဆောင်ရွက်နေတာဖြစ်နိုင်ကြောင်း နိုင်ငံရေး အကဲခတ်များက ပြောဆို သုံးသပ်လျက် ရှိကြောင်းလည်း သတင်းရရှိပါတယ် ။

အစ္စလမ်မစ် တပ်မတော်များအားလုံး မိမိနှင့်ပူးပေါင်းကြရန် ကဒါဖီတိုက်တွန်း


အမေရိကန်နှင့် အပေါင်းပါ နိုင်ငံများက ကုလသမဂ္ဂ လုံခြုံ ရေကောင်စီ ၏ ဆုံးဖြတ်ချက်ဖြင့် လစ်ဗျားနိုင်ငံအတွင်းသို့ စစ်ရေးအရ ၀င်ရောက်ကျုး ကျော်တိုက်ခိုက် ပြီးနောက် ၄ ရက်မြောက်သောနေ့တွင် လစ်ဗျားခေါင်းဆောင် ကဒါဖီသည် လူထုရှေ့ သို့ ပထပဦးဆုံးအကြိမ် ထွက်လာပြီး ၄င်းကိုထောက်ခံသူများအား မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါတယ် ။
ကဒါဖီက အစ္စလမ်မစ် တပ်မတော်များအားလုံး မိမိနှင့် ပူးပေါင်းကြပါ ရန် တိုက်တွန်း ပြောကြားလိုက်ပြီး အဆုံး တစ်နေ့တွင် မိမိတို့ဟာ အောင်မြင်သူများ ဖြစ်လာကြလိမ့် မယ်လို့ ပြောကြားခဲ့ကြောင်း AP သတင်းတစ်ရပ်အရ သိရှိ ရပါတယ် ။
ထိုသို့ ပြောကြားချက်ကို လစ်ဗျားရုပ်သံ မှာထုတ်လွှင့်ခဲ့ပြီး ကဒါဖီဟာ ကျန်းကျန်းမာမာရှိနေတယ်လို့ စောင့် ကြည့် အကဲခတ်သူများက ဆိုကြောင်းသတင်းရရှိပါသည်။


Tuesday, March 22, 2011

လစ်ဗျားအရေးသုံးသပ်ဆင်ခြင် အမှန်တစ်ခုမြင်စေချင်


လစ်ဗျား နိုင်ငံကို နိုင်ငံတကာတပ်တွေ နေ့ညဆိုသလို တိုမဟော့ခ် ကဲ့သို့သောဒုံးလက်နက်များ ဝေဟင် မှ မြေပြင် ပစ် ဒုံးလက်နက်များ ရာပေါင်းများစွာကို အမေရိကန် ဗြိတိန် ပြင်သစ် ဦးဆောင်သော တပ်များက လစ်ဗျားနိုင်ငံရဲ့ မြို့တော် ထရီပိုလီနဲ့ ဒုတိယမြို့တော် ဘန်ဂါဇီ အပါအ၀င် ပစ်မှတ် အမြောက်အများ ကို ပစ်ခတ်နေတာ ဒီနေ့ဆို ၄ ရက်မြောက်နေ့ ရှိလာပါပြီ ။
ဒီနိုင်ငံစုံတပ်တွေ ခုလိုတိုက်ခိုက်နေရတာဟာ ဘာလို့လဲဆိုတဲ့အကြောင်းပြချက်ကို ပြန်ကြည့်ရင် လစ်ဗျားခေါင်းဆောင် ကဒါဖီက သူ့နိုင်ငံတွင်းမှာရှိတဲ့ သူ့ကိုတော်လှန်နေသူတွေကို လေယာဉ်တွေနဲ့ ဗုံးကြဲ နှိမ်နင်း နေလို့  ပြည်သူတွေကိုကာကွယ်တဲ့ အနေနဲ့ တိုက်ခိုက်ရတာပါလို့ ပြောပါတယ် ။
 
ကဒါဖီ ကတစ်နေ့ကိုလေယာဉ်လေး ၃ ၊ ၄ စင်းနဲ့ အကြိမ်ရေအနည်းငယ်သာ တိုက်ခိုက် ပစ်ခတ်နေတာဖြစ်ပါတယ် ။ ဒီလိုတိုက်ခိုက်ရတာကလဲ သူ့နိုင်ငံက သူပုန်ဆိုသူတွေဟာ လေယာဉ်ပစ်လက်နက် တွေအပါအ၀င် ပခုံးထမ်း ဒုံးလက်နက်တွေ အမြောက်အများ နဲ့ တော်လှန်နေတာဖြစ်ပါတယ် ။ မျက်ရည်ယိုဗုံးတို့ ရော်ဘာကျည်တို့ နဲ့ ဟန့်တားလို့ ရနိုင်တဲ့ တော်လှန်သူ အမျိုးအစား မဟုတ်ပါဘူး။
 
ကဒါဖီ တပ်တွေကသုံးနေတဲ့လေယာဉ်တွေ ကလည်း ပြင်သစ်ကရောင်းထားတဲ့ မီရာ့ခ်ျ အမျိုးအစား တိုက်လေယာဉ်တွေပါဘဲ ၊ ဆိုလိုတာက ခုနိုင်ငံစုံတပ်တွေက သုံးနေတယ်ဆိုတဲ့လေယာဉ်တွေနဲ့ စွမ်းရည်ချင်း သူမသာ ကိုယ်မသာလောက် ဖြစ်ပါတယ်။ပစ်မှတ်ကို တိတိကျကျ ပစ်ခတ်နိုင်ပါတယ် ။

 ကဲ ဒါဆိုရင် မေးစရာမေးခွန်းလေးတွေ ဒီနေရာမှာရှိလာပါပြီ.....

- ကဒါဖီ လေယာဉ်နဲ့ ဗုံးကြဲလို့ ပြည်သူတွေ သေတယ်ဆိုရင် နိုင်ငံစုံတပ်တွေကဒါဖီထက် အဆ တစ် ရာကျော် ကြဲ နေတဲ့ အခါကြတော့ လူတွေမသေတော့ဘူးတဲ့လား...........

- ကဒါဖီရဲ့ တပ်တွေကိုပဲ ရွေးပစ်တာပါ ဆိုရင်လဲ ..ကဒါဖီတပ်က တပ်သားတွေကရော..လူတွေမဟုတ်ဘူး  လား..

- လောကကြီးက ကဒါဖီကိုတော်လှန်သူတွေသေရင် မတရားဘူး ၊ ကဒါဖီကို လိုလားသူတွေသေရင် တရားတယ်....ဒီလိုလား...

- ခုနိုင်ငံစုံတပ်တွေကို ကဒါဖီရဲ့ တပ်တွေကို နှိမ်နင်းဘို့ တာဝန်ပေးလိုက်တာလား.လစ်ဗျားမှာရှိတဲ့ လူတွေ သေကြေမှု မရှိအောင်ဟန့်တားဘို့ တာဝန်ပေးလိုက်တာလား...

- အာဖဂန်မှာ ဒီအမေရိကန်တွေဘဲ တာလီဘန်တွေကို နှိမ်နင်းတယ်ဆိုပြီး ဗုံးတွေ ခုလိုဘဲကြဲချ ရော့ကက်တွေ ဒုံးပျံတွေနဲ့ ပစ် တာ အရပ်သားတွေ တစ်ယောက်မှ မသေပါဘူးလို့ ပြောပြီး နှစ်နဲ့ချီကြာမှ ၀ီကီလိက အရပ်သား သောင်းနဲ့ချီပြီး သေခဲ့တဲ့ အထောက်အထား ဗီဒီယိုမှတ်တမ်းတွေကို ဖွင့်ချခဲ့လို့  အရှက်တကွဲဖြစ်ခဲ့ ရတာတွေရော မေ့နေကြပြီလား...

- ဒီလောက်လူတွေအများကြီးနေတဲ့ မြို့ တွေကို ရာပေါင်းများစွာသော ဒုံးလက်နက်တွေနဲ့ ပစ်တာ အရပ်သား တွေ တစ်ယောက်မှမသေ ပါဘူးဆိုတာကိုရော ..ယုံကြည်ရမှာလား ( ပစ်တဲ့လက်နက်က ကဒါဖီနေတဲ့ ၄ထပ် အဆောက်အဦကို တစ်ချက်ထဲမှန်တာ အဲဒီ ၄ထပ်အဆောက်အဦ ပြိုကျ တဲ့အထိ ပြင်းထန်ပါတယ် )

- ဗုံးနည်းနည်း ကြဲလို့ လူတွေသေတာကို ဗုံးများများကြဲချလိုက်ရင် တစ်ယောက်မှ မသေတော့ဘူးဆိုတာကရော ၂၀၁၁ မှာအသစ်ထွက်တဲ့ သီအိုရီအသစ်လား...
 
-ကုလသမဂ္ဂ ရဲ့ လေယာဉ်မပျံသန်းရေဇုံ ဆိုတာကရော ဘာ အဓိပါယ်လဲ ကဒါဖီဆီဗုံးကြဲဘို့တခြားနိုင်ငံတွေကနေ လစ်ဗျားနိုင်ငံထဲကို လာတဲ့လေယာဉ်တွေဆိုရင်ပျံချင်သလိုပျံကြ  လစ်ဗျားက ကိုယ့်လေပိုင်နက်မှာကိုယ်  လေယာဉ်ပျံ ရင် အရေးယူမယ် မပျံရဘူး...ဒီလိုလား

စတဲ့ လားပေါင်းများစွာသော အမေးများကို မေးစရာတွေဖြစ်နေတဲ့အချိန်မှာ အမေရိကန်သမ္မ တ က ဘာပြောနေလဲ တချက်လောက်ကြည့်ရအောင်ပါ... ..

အမေရိကန် USF- 15 ဂျက်တိုက်လေယာဉ် တစ်စင်းပျက်ကျ


အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စု ပူးပေါင်းတပ်တွေဟာ လစ်ဗျားမှာရှိတဲ့ ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်လျက် ရှိ ရာ တတိယနေ့ မှာတော့ အမေရိကန် က USF -15 ဂျက်တိုက်လေယာဉ် တစ်စင်း ဟာ လစ်ဗျားနိုင်ငံ ဘန်ဂါဇီ မြို့ အရှေ့ဘက် ကျေးရွာ တစ်ရွာအနီးက ကွင်းပြင်ထဲမှာ ပျက်ကျခဲ့ပါတယ် ။
လေသူရဲ ၂ဦးစလုံးကတော့  safely ejected ထိုင်ခုံစံနစ်တွေကတစ်ဆင့် လွတ်မြောက် ခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ် ။လေယာဉ်ဟာ စက်ချွတ်ယွင်းမှု ကြောင့်ပျက် ကျခဲ့ရတာဖြစ်ပြီး လေသူရဲ ၂ ဦး ကတော့ဒေသစံတော်ချိန် ၁၁း၃၀ မှာ ကယ်ဆယ် ပြန်လည် ရောက်ရှိခဲ့တယ်လို့ AP သတင်းတစ်ရပ်မှာ ဖေါ်ပြထားပါတယ်။
ခုလို အင်အားသုံးတိုက်ခိုက်မှုတွေ မှာအရပ်သားပစ်မှတ်တွေ ပါဝင်နေပြီး အရပ်သားသေဆုံး ဒဏ်ရာ ရရှိမှုတွေရှိနေတဲ့အတွက် ရုရှားနဲ့ အာရပ်အဖွဲ့ချုပ် က ကန့်ကွက်ထားပါတယ် ။

Monday, March 21, 2011

UnionPay ကတ်သုံးနိုင်မည့် စာရင်း၌ မြန်မာပါဝင်

ကမ္ဘာ့နာမည်ကြီးဘဏ် တစ်ခုဖြစ်သည့် Citibank အနေဖြင့် မြန်မာနိုင်ငံ အပါအ၀င် အာရှခုနစ်နိုင်ငံတွင် တရုတ်နိုင်ငံ၏ UnionPay cards များကို လက်ခံသုံးစွဲနိုင်ရန် တရုတ် ဘဏ်ကတ်အသင်းနှင့် Citibank တို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း ယခုလ ၁၀ ရက်နေ့တွင် ရှင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။
အဆိုပါသတောတူညီချက်ကို ယခုလ ၁၇ ရက်နေ့တွင် China's Bankcard Association ၊ China UnionPay တို့ က Citibank နှင့် လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။ 


ယင်းသဘောတူညီချက်အရ Union Pay cards များ အသုံးပြုခွင့်ရ အာရှ ခုနစ်နိုင်ငံမှာ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာ နှင့် အိန္ဒိယနိုင်ငံတို့ဖြစ်ကြောင်း၊ ယင်းကတ် ကိုင်ဆောင်သူများအတွက် အွန်လိုင်းဆားဗစ်ကိုလည်း Citibank က မကြာခင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်ုပ် နှင့် ထူးဆန်းသော ပန်းချီဆရာ ၂ ဦး

( Voice Of Myanmar အနေဖြင့် သတင်းများ ၊ သတင်းဆောင်းပါးများ ကိုသာ ဖေါ်ပြလေ့ရှိသော်လည်း  ဦးဂွမ်တီ  အမည်ခံ စာရေးသူတစ်ဦး၏ ဖြစ်ရပ်မှန်ဝတ္ထုတိုကလေးကိုမူ ကြိုက်နှစ်သက်မိပါသည့်အပြင် ၊ သတင်းဖတ် ပရိတ်သသတ်များလည်း နှစ်သက်မည်ဟု ယူဆပါသဖြင့် အဖွဲ့၏ သဘောတူညီချက် ကိုရယူကာ ဖေါ်ပြလိုက်ပါသည် )

တနေ့သ၌ ကျွန်ုပ် သည် ရောက် တတ်ရာရာများကိုစဉ်းစားတွေးတောနေရင်း အနုပညာ အကြောင်းများသို့ ရောက် သွားလေသည် ။ ထိုသို့စဉ်းစားမိသည့်အထဲတွင် သီချင်းများအကြောင်းလည်းပါ၏ ၊ ထိုသို့ သီချင်းများအကြောင်းစဉ်းစားရာတွင် ကျွန်ုပ်လွန်စွာကြိုက်နှစ်သက်သော ကွယ်လွန်သူ တေးရေး တေးဆို ဆရာ စန္ဒယားချစ်ဆွေအကြောင်းလည်းပါလေ ၏ ဆရာ၏ သီချင်းများထဲတွင် မောင့်အချစ်မြှားစူး ဆိုသော အလွမ်းသီချင်း ကိုလွန်စွာနှစ်သက်လေသည် ထိုသီချင်းထဲတွင် " မောင့်အချစ်မြှားအသည်းမှာစူး ..နှုတ်လဲနှုတ်ချင်လေဘူး..." ဆိုသော သီချင်းစာပိုဒ် ကိုကျွန်ုပ်အနေဖြင့် အကြိုက်ဆုံးဖြစ်လေသည်။တနည်းဆိုရသော် ဆရာစန္ဒယား ချစ်ဆွေ၏ မောင့်အချစ်မြှား သည် အခြားသူများ ကိုမည်သို့မည်ပုံခံစားရသည်ကိုမသိသော်လည်း ကျွန်ုပ် ကဲ့သို့ အနုပညာ နလပိန်းတုံး ၏ ရင်ကိုမူ လာ၍ စူးလေသည်ဟု ဆိုချင်ပါသည် ။အနုပညာ၏ အစွမ်းကား ထက်လှပါပေ၏ ဟူ၍လည်း တိတ်တိတ် မှတ်ချက် ပြုမိ ပါသည်။

ဆရာစန္ဒယားချစ်ဆွေနှင့် ဆရာမင်းသိင်္ခ

ထိုမှတဖန် စာပေအကြောင်းများကိုရောက်ရှိသွားပြန်လေသည် စာပေအကြောင်း အတွေးရောက်ချိန်တွင် ကျွန်ုပ် လွန်စွာမှ လေးစားရသော ဆရာကြီးမင်းသိင်္ခ အကြောင်းကို အတွေးရောက်ရှိ သွားလေတော့သည် ။ ဆရာကြီး၏ လွန်စွာကျော်ကြား အောင်မြင်ခဲ့သော ၀တ္ထုများအကြောင်း ဆရာကြီး ၏ ဇာတ်ကောင်ဖန်တီးမှု အတတ်ပညာများအကြောင်းစဉ်းစားရင်း အတွေးနယ်ချဲ့  နေလေတော့သည်။
လူ၏ စိတ်သည်လွန်စွာထူးဆန်း၏ ထိုသို့ စဉ်းစားနေစဉ်တွင် ရုတ်တရက်ဆိုသလို  ဆရာခ ၏ပုံကိုဖမ်း နေသော အခြားလူတစ်ယောက် ထံသို့ ရောက်ရှိသွားပြန်လေသည် ။ ထိုသူကားအခြားမဟုတ် ယနေ့ နာရေးကူညီမှုအသင်း ကို ကမကထပြုကာ မြန်မာ့နိုင်ငံရေးတွင် ကန့်လန့် ဆိုသလိုဝင်ရောက်ပါနေ သော မောင်ကျော်သူဆိုသူပင်ဖြစ်ပါသည်။ ထိုအချိန်ခဏတွင် ခုလိုအေးအေး အတွေးနယ်ချဲ့ ချိန်တွင်  ဒီလူ့ဆီမှ ရောက်ရလေသလားဟု ကျွန်ုပ် ၏ စိတ်ကို အပြစ်တင်မိလိုက်ပါသေးသည်။

ကျွန်ုပ် အထက်တွင်ဆိုခဲ့ သလို လူ၏စိတ်သည် လွန်စွာထူးဆန်းလေသည် ..မတွေးချင်ပါဘူးဆိုမှပင် ထိုလူအကြောင်း ဆက်၍ ဆက်၍ တွေးမိနေသဖြင့် မထူးတော့ပါဘူးလေဟု စဉ်းစားကာ ထိုသူ့ အကြောင်းကို ဆက်၍ ဆက် ၍တွေးလိုက်မိပါတော့သည် ။ သူသည်တချိန်က ရုပ်ရှင်သရုပ်ဆောင် လုပ်ခဲ့ဘူးလေသည်။ မြန်မာရုပ်ရှင်လောကတွင် စကားမပီဘဲ မင်းသားဖြစ်သူကို ပြပါဆိုလျှင် ထိုသူ့ ကိုပြရပေမည် ။ ထို့အပြင် နာရေးကူညီသည်ကို အကြောင်းပြုကာ နိုင်ငံရေးလောကသို့ ၀င်ရောက်လာခဲ့သော ပထမဦးဆုံး ရုပ်ရှင်သရုပ်ဆောင်ကိုပြပါ ဆိုလျင်လည်း သူ့ကိုပင် ပြရပေမည် ။ သူသည် တိန်ကော့နော်ဂျာ ဟူသော တပ်မတော်နေ့ ဂုဏ်ပြု ဇာတ်လမ်းကိုရိုက်ဘူး၏ ထိုဇာတ်ကားတွင် သူသည် KIA ခေါ် ကချင် လက်နက်ကိုင်များကိုနှိမ်နင်းရသော တပ်မတော်သားအဖြစ်သရုပ်ဆောင် ရလေသည်  ထိုဇာတ်ကားပြသခါနီးတွင်မှ KIA အဖွဲ့များနှင့် ငြိမ်းချမ်းရေး လမ်းစပေါ်လာသဖြင့် မပြလိုက်ရသည်အထိ အနုပညာနှင့် အကျိုးပေးသူတစ်ဦးလဲဖြစ်လေ၏ ၊ထိုဇာတ်ကား၏ တစ်ခုသောဇာတ်ဝင်ခန်းတွင် တပ်မတော်သားအဖြစ်သရုပ်ဆောင်ရသောမောင်ကျော်သူလေးမှ တစ်ဖက်ရန်သူအား တပ်မတော်အရာရှိများကိုင်လေ့ရှိသော ၉မမ ပစ္စတိုကို လက်တစ်ဘက်တည်းဖြင့် မောင်းတင်ကာ ပစ်ရသည့် အခန်းတစ်ခန်းပါရှိလေရာ မောင်ကျော်သူလေးသည် ၃ ရက်တိတိ လေ့ကျင့်ယူရသည်အထိ လက်နက်အရာတွင် ပါရမီထူးသူလည်းဖြစ်လေသည်။  ဒီအထိ ထိုမောင်ကျော်သူလေးအား ကျွန်ုပ်၏ စိတ်တွင်တစ်စုံတစ်ရာ အပြစ်မမြင်မိပါကြောင်း ဦးစွာဝန်ခံရပေမည်။

အချိန်ခါမဟုတ် ရွာသွန်းခဲ့သည့် မိုးနှင့်လေပြင်းများ ကြောင့် ပင်လယ်ပြင်တွင် မျောပါနေသော မြန်မာရေလုပ်သား ၆၀၀ကျော်အား တပ်မတော်ရေ စစ်ရေယာဉ်များမှ ကယ်ဆယ်

(ပြည်ပ အသံလွှင့်ဌာနတခုက သတင်းဖြစ်သော်လည်း သတင်းစာမျက်နှာပေါ် ရောက်ရှိမလာတဲ့ သတင်းများ ဆိုတဲ့အစီအစဉ်ကို တင်ဆက်နေပါတယ် ၊ဒီသတင်းကတော့ သတင်းဖြစ်သော်လည်း ပြည်ပမီဒီယာများ ပေါ်  သို့ ရောက်ရှိမလာသော သတင်းတစ်ပုဒ်လို့ဆိုရမှာပါ ပဲ)



အချိန်အခါမဲ့ ရွာသွန်းခဲ့သည့် မိုးနှင့်လေပြင်းများ တိုက်ခတ်ခဲ့၍ ဖောင်ပျက်၊ စက်လှေနစ်ရာမှ ပင်လယ်ပြင်တွင် မျောပါနေသော မြန်မာရေလုပ်သား ၆၀၀ ကျော်အား ကယ်တင်နိုင်ခဲ့ပြီး ကျန်ရှိသည့် ရေလုပ်သားများအားလည်း ဆက်လက် ရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရှိရပါသည်။
တောင်တရုတ်ပင်လယ်၊ မလက္ကာ ရေလက်ကြောင်း၊ ကပ္ပလီပင်လယ်အော်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းများတွင် ဖြစ်ပေါ်နေသည့် မိုးတိမ်တောင်များကြောင့် မြန်မာနိုင်ငံတွင် အချိန်အခါမဲ့ မိုးများရွာသွန်းခဲ့ပြီး လေပြင်းများ တိုက်ခတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ရာသီဥတု ဆိုးရွားမှုများကြောင့် မုတ္တမပင်လယ်ပြင်တွင် ငါး၊ ပုစွန် ဖမ်းဆီးသည့် ကျားဖောင်များ၊ စက်လှေများ နစ်မြုပ်မျောပါခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နစ်မြုပ်မျောပါနေသည့် ရေလုပ်သားများအား ကယ်ဆယ်ရန် အတွက် မတ်လ ၁၈ နေ့ ညပိုင်းတွင် အမှတ် ၁ ဗျူဟာစစ်ရေယာဉ်စု (တပ်မတော်ရေ) လက်အောက်ရှိ စစ်ရေယာဉ်သုံးစင်း သွားရောက်ခဲ့ကြောင်း သိရသည်။ ရေလုပ်သား ၅၉၀ ဦးအား ခေါ်ဆောင်လာခဲ့သော စစ်ရေယာဉ်သည် မတ်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ နန်းသီတာဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ပြီး ကယ်ဆယ်ခဲ့သည့် ရေလုပ်သားများတွင် ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ်မှ အများဆုံးဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တွံတေး၊ ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့များမှ ရေလုပ်သားများလည်း ပါဝင်ကြောင်း သိရသည်။ အခြား ရေလုပ်သားများကိုမူ ရတနာကုမ္ပဏီမှ ပတ္တမြားသင်္ဘောက ကယ်တင်ခဲ့ပြီး ရန်ကုန်မြို့သို့ ယင်းနေ့တွင် ပင် ရောက်ရှိခဲ့ကြောင်း သိရသည်။

မြန်မာရေလုပ်သားကြီးများအား နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးနေစဉ်

အဆိုပါ ရေလုပ်သားများအားရန်ကုန်မြို့မှသက်ဆိုင်ရာ ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ လူမှုဖူလုံရေးနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တို့မှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အမေရိကန်စပိုင် တစ်ဦအား ကျူးဘားတရားရုံး ထောင်ဒဏ်စီရင်


အမေရိကန်စပိုင်ဟု ဆိုသည့် အဲလန်ဂလော့စ် အားကျူးဘား တရားရုံးက ၄င်းတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဥပဒေကိုထိပါးမှုဖြင့် ထောင်ဒဏ် ၁၅ နှစ်ကျခံရန် ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က အမိန့်ချမှတ်လိုက်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်အရ သိရှိရ သည်။
တရားဝင်သတင်းဖော်ပြချက် များအရ ဂလော့စ်သည် ထိုစီရင်ချက်အား ဆန့်ကျင်ကန့်ကွက်နိုင် ခြေရှိကြောင်း၊ ၅ နှစ်မျှ လျှော့ပေါ့ ပေးရန် တောင်းဆိုထားကြောင်းသိ ရသည်။ ဂလော့စ် သည် ၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့က  တည်းကအဖမ်းခံခဲ့ရပြီး အစိုးရနှင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများထံ သို့ ဂြိုဟ်တုဆက်သွယ်မှုစနစ် သုံး ကာ ဆက်သွယ်မှုကြောင့် ဟာဘား နားလေဆိပ်တွင် အဖမ်းခံ ခဲ့ရခြင်း ဖြစ်သည်။
သို့သော် အမေရိကန်ဘက်မှမူ ဂလော့စ်သည်Development Alternative ဆိုသည့် ကုမ္ပဏီတစ်ခု မှဝန်ထမ်းတစ်ဦးသာဖြစ်ပြီး ကျူးဘားရှိ ဂျူး များနှင့် နိုင်ငံရပ်ခြား ရှိဂျူးများကို ကူညီဆက်သွယ်ပေး ခြင်းသာဖြစ်ကြောင်း ဖုံးကွယ် ပြောကြားခဲ့ သည်။
အမေရိကန်အစိုးရသည် ၄င်းတို့ ၏ စပိုင်များနှင့် ပတ်သက် ၍ မည်သည့်အခါကမှ ၀န်ခံပြောကြားလေ့ မရှိကြောင်း  ၄င်းသည် အမေရိကန်စပိုင်တစ်ဦးဖြစ်ကြောင်းမိမိတို့တွင် အထောက်အထား အပြည့်အစုံ ရှိကြောင်း ကျုးဘားတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ဆင်ဟွာသတင်း ဌာနမှ ကိုးကားဖေါ်ပြပါသည်။

Sunday, March 20, 2011

လစ်ဗျားကို လေကြောင်းမှတိုက်ခိုက်မှုတွင် အရပ်သားပစ်မှတ်များပါဝင် ၊ အာရပ်အဖွဲ့ချုပ်နှင့် ရုရှားကန့်ကွက်

အာရပ်အဖွဲ့အတွင်းရေးမှူးချုပ် အမ် မူဆာ


လစ်ဗျားနိုင်ငံအပေါ် နိုင်ငံတကာ တပ်တွေက လေကြောင်းကနေ တိုက်ခိုက်နေတဲ့အပေါ် အာရပ်အဖွဲ့ချုပ် ခေါင်းဆောင်က ဝေဖန်လိုက်ပါတယ်။ အာရပ်အဖွဲ့ချုပ်က ပြီးခဲ့တဲ့ အပတ်ကပဲ လစ်ဗျားနိုင်ငံအပေါ် မပျံသန်းရဇုန် သတ်မှတ်ဖို့ ကုလသမဂ္ဂကို တောင်းဆိုခဲ့တာမှန်ပေမယ့် အဲဒီလေယာဉ် မပျံသန်းရဇုန် သတ်မှတ်ဖို့ တောင်းဆိုတဲ့အခါတုန်းက အာရပ်အဖွဲ့ချုပ်က လိုလားခဲ့တာထက် ပိုပြီး စစ်ရေးအရ တိုက်ခိုက်ခဲ့တယ်လို့ အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် အမ် မူဆာ (Amr Moussa) က ပြောပါတယ်။ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးဖို့ အာရပ်အဖွဲ့ချုပ်က လိုလားတာပါ၊ သူတို့အပေါ် ဗုံးကြဲဖို့ မဟုတ်ပါဘူးလို့ သူက ကိုင်ရိုမှာ သတင်းစာဆရာတွေကို ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ကာတာနိုင်ငံက လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ကို ဆန့်ကျင်တဲ့ နိုင်ငံတကာ စစ်ဆင်ရေးကို ကူညီဖို့ လေယာဉ်တွေကို ပို့ပေးနေတယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက  ကြေညာလိုက် ကြောင်းလဲသိရပါတယ်။
လစ်ဗျားမှာ မဆင်မခြင် အင်အား အသုံးပြုနေတယ်လို့ ရုရှားက ပြောဆိုပြီး အရပ်သား ပြည်သူတွေ သေကျေနေတဲ့အတွက် ဒါကို ရပ်လိုက်ဖို့ ရုရှားက နိုင်ငံတကာအသိုင်းအ၀ိုင်းကို  တနင်္ဂနွေနေ့က တောင်းဆိုလိုက်ပါတယ်။လစ်ဗျားနိုင်ငံအပေါ် လေကြောင်းကနေ စီးနင်းတိုက်ခိုက်ရာမှာ စစ်ရေးပစ်မှတ် မဟုတ်တဲ့ ပစ်မှတ်တွေ ပါဝင်နေတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Tomahawk ( တိုမဟော့ ) ဒုံးကျဉ်အကြောင်း



အမေရိကန်တပ်ဖွဲ့ ၀င်များ ကလစ်ဗျားနိုင်ငံကို စစ်ရေးအရ ၀င်ရောက်တိုက်ခိုက်ရာမှာ ပထမဦးဆုံး အသုံးပြုခဲ့တဲ့ လက်နက်ကတော့ တိုမဟော့ ( Tomahawk) အမျိုး အစားဒုံးလက်နက်တွေပဲဖြစ်ပါတယ် ။ပထမနေ့ တစ်ရက်ထဲမှာပဲ ဒုံးကျဉ်ပေါင်း ၁၁၀ လစ်ဗျားနိုင်ငံအတွင်းကို ပစ်ခတ်ခဲ့တယ်လို့ ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့် ရှိသူက အတည်ပြုပြောကြားခဲ့ပါတယ် ။
ဒီတိုမဟော့ ဒုံးကျဉ်များဟာ လေယာဉ် ၊ စစ်သင်္ဘော ၊ မြေပြင်ဒုံးပစ် စင်များအပြင် ရေငုတ်သင်္ဘော ကပါ ပစ်ခတ်နိုင်သော အဖျက်စွမ်းအား ကြီးတဲ့ ဒုံးလက်နက်တစ်မျိုးဖြစ်ပါတယ် ၊ ၄င်းဒုံးပျံ များဟာ ညူကလီး ယားထိပ်ဖူးအပါအ၀င် အခြား ထိပ်ဖူး အမျိုးမျိုး ကိုသယ်ဆောင်သွားနိုင်ပြီး ပစ်မှတ်ကို ဂြိုလ်တုကတဆင့် ထိမ်းကြောင်းပြီး  ထိရောက်စွာပစ်ခတ်နိုင်သော လက်နက်အမျိုးအစားဖြစ်ပါတယ် ။
ဒီ ဒုံးကျဉ်တွေဟာ အရွယ်အစားအားဖြင့် အရှည် ၂၀.၅ ပေ ရှိပြီး ၊ အချင်း ၂၀.၄  လက်မ ရှိပါတယ် ။အလေးချိန် ၂၉၀၀ ပေါင် ( ၁၃၀၀ ကီလိုဂရမ် ) လေးပါတယ် ။ ဒေါင်လိုက်ပစ် နဲ့ အလျားလိုက် ပစ် ဆိုပြီး ၂မျိုး ထုတ်လုပ်ပါတယ် ။(Vertical Launch System (VLS) and horizontal submarine torpedo tubes ) ။

ဒုံးကျဉ်၏ အဖျက်စွမ်းအားပေါ်မူတည်၍ တန်ဘိုး အမျိုးမျိုး ကွဲပြားသော်လည်း ဒုံးကျဉ်တစ်စင်းရဲ့ အခြေခံတန်ဘိုးဟာ အမေရိကန်ဒေါ်လာ ၅၆၉၀၀၀ ဖြစ်ပါတယ် ၊ ခုပစ်လိုက်တဲ့ ဒုံးကျဉ် ၁၁၀ ရဲ့ အခြေခံ တန်ဘိုးဟာ အမေရိကန်ဒေါ်လာ ၆၂ သန်းကျော် တန်ဘိုးရှိကြောင်းလဲသိရှိရပါတယ် ။အကွာအဝေး နော်တီကယ်မိုင် ၁၃၅၀ ၊ကီလိုမီတာ ၂၅၀၀ ( nautical miles 1350, 2500 Km )  ကို အမြန်နှုံး တစ်နာရီ ၅၅၀ မိုင်နှုံး ( 550mph , 880 km /hr ) နဲ့ ပစ်ခတ်နိုင်တဲ့ Subsonic အမျိုးအစား ဒုံးလက်နက်တစ်မျိုးလည်း ဖြစ်ပါတယ်။

ရေရှည်စစ်ပွဲ ဆင်နွှဲသွားမည်ဟု လစ်ဗျားခေါင်းဆောင် ကဒါဖီ ပြောကြား

 အောက်ဖေါ်ပြပါဓါတ်ပုံတွေကတော့ အမေရိကန်နဲ့ အနောက်အင် အားကြီးနိုင်ငံတွေက လစ်ဗျားကို စစ်ရေးအရ ၀င်ရောက်တိုက်ခိုက်ပြီး လစ်ဗျားနိုင်ငံ ဘန်ဂါဇီ ( Benghazi ) မြို့ အနီးမှာပေါက်ကွဲမှုတွေ ဖြစ်နေတာ ဖြစ်ပါတယ် ။
ဒီတိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူ အနည်းဆုံး ၁၅၀ခန့်ဒဏ်ရာရရှိပြီး ၄၈ ဦးသေဆုံးခဲ့တယ်လို့ လစ်ဗျားနိုင်ငံပိုင် ရုပ်မြင်သံကြားက ကြေငြာ သွားပါတယ် ။ ဒီထက်ပိုနိုင်တယ်လို့လဲ အကဲခတ်များက သုံးသပ်နေကြပါတယ် ။


လစ်ဗျားခေါင်းဆောင် ကဒါဖီကတော့ ရေရှည်စစ်ပွဲကို ဆင်နွှဲ သွားမှာဖြစ်ကြောင်း တုန့် ပြန်ပြောဆိုခဲ့ပါတယ်။
အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက အခုလို လစ်ဗျားနိုင်ငံ အရေးကို ၀င်ရောက် စွက်ဖက်နေတာဟာ လုံးဝ တရားမျှတမှု မရှိဘူးလို့ တိုင်းပြည်ကို ရုပ်မြင်သံကြားကတဆင့် တယ်လီဖုန်းနဲ့ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ မစ္စတာ ကဒါဖီက ထည့်သွင်း ပြောကြားလိုက်တာပါ။ အခုလို လေကြောင်းက တိုက်ခိုက်မှုဟာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုနဲ့ တူတယ်လို့ ဆိုပါတယ်။