xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: November 2011

Wednesday, November 30, 2011

ဟီလာရီကလင်တန် ခရီးစဉ်မှတ်တမ်းဓါတ်ပုံများ

 ဒီအလည်အပတ်ခရီးဟာ ဆယ်စုနှစ်ငါးစုအတွင်းပထမဆုံးခရီးဖြစ်ပါတယ်။ အဆွေတော်ရဲ့ခရီးဟာ သမိုင်းဝင်ခရီးဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက် စာမျက်နှာသစ်ဖြစ်ပါတယ်။ ရင်းနှီးသောဆက်ဆံ ရေးအတွက် အဆွေတော်ဖန်တီးပေးလိုက်တဲ့ ၀န်းကျင်အခြေအနေအတွက် အဆွေတော့်ကိုအထူးပဲကျေးဇူးတင်ပါတယ်။ (သမ္မတကြီး ဦးသိန်းစိန် )



 သမ္မတဦးသိန်းစိန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်နှင့် ဒီဇင်ဘာ ၁ရက် နံနက် ၁၀နာရီ က သမ္မတရုံးတွင် တွေ့ဆုံစဉ်။


 အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ပါဝင်သောအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးရုံးတွင်ဆွေးနွေးကြစဉ်။

ဟီလာရီကလင်တန် နေပြည်တော်သို့ရောက်ရှိ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် ယနေ့ညနေ ၄နာရီ ၂၀ ခန့်တွင် နေပြည်တော်လေဆိပ်သို့ အထူးလေယာဉ်ဖြင့်ရောက်ရှိလာရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမျိုးမြင့် လာရောက်ကြိုဆိုခဲ့ကြောင်း သိရှိရသည်။
 

      အမေရိကန်အစိုးရ၏ နှစ် ၅၀ အတွင်း  မြန်မာနိုင်ငံသို့ လာရောက်သော အဆင့်မြင့်ဆုံး အရာရှိဖြစ်ပြီး သူမနှင့်အတူထင်ရှားသည့်ပြည်ပ သတင်းဌာနများမှ သတင်းထောက် ၁၅ ဦးပါဝင်ပြီး၊ သူမအပါအ၀င် အဖွဲ့ဝင် စုစုပေါင်း ၄၄ ဦးပါဝင်လာပြီး အဆိုပါခရီးစဉ်သို့ပြည်တွင်းပြည်ပ သတင်းထောက် ၁၅၀ ၀န်းကျင်ခန့်လာရောက် သတင်းရယူနေကြကြောင်း သိရှိရပါသည်။

စံနမူနာဖြစ်လာနေတဲ့မြန်မာနိုင်ငံ

(နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် Wall Street Journal က Myanmar: Dissidents’ New Model for Freedom? ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆို ဖော်ပြလိုက် ပါတယ်။)


မြန်မာ ခေါင်းဆောင်တွေ ပြုပြင် ပြောင်းလဲမှုတွေကို ရှေ့တိုး လုပ်ဆောင်နေချိန်မှာ အရှေ့တောင် အာရှနိုင်ငံတွေက အစိုးရနဲ့ သဘောထား ကွဲလွဲသူတွေဟာ မြန်မာနိုင်ငံကို စံနမူနာပြပြီး သူတို့နိုင်ငံက အစိုးရတွေကို ထောက်ပြ ဝေဖန်လာကြတယ်။ နောက်ဆုံး အဖြစ်တစ်ခုမှာ မလေးရှားနိုင်ငံက တက်ကြွ လှုပ်ရှားသူ Ambiga Sreenevasan ကဆိုရင် မြန်မာနိုင်ငံမှာ အတည်ပြု လိုက်တဲ့ ငြိမ်းချမ်းစွာ ထုတ်ဖော် ဆန္ဒပြခွင့်ဆိုင်ရာ ဥပဒေဟာ မလေးရှား အစိုးရက လုပ်နေတဲ့ ပြည်တွင်း လုံခြုံရေး ဥပဒေ( Internal Security Act ) ပြင်ဆင်ရေး လုပ်ဆောင်ချက်ထက် အများကြီး ပိုကောင်းတယ်လို့ ထောက်ပြ သွားခဲ့တယ်။


ပြီးခဲ့တဲ့အပတ်က မြန်မာနိုင်ငံမှာ အတည်ပြု လိုက်တဲ့ ဥပဒေမှာ ဆန္ဒပြသူတွေဟာ စက်ရုံများ၊ ဆေးရုံများ၊ အစိုးရ ရုံးများရဲ့ လုပ်ငန်းများကို မထိခိုက်စေပဲ လွတ်လပ်စွာ ဆန္ဒပြခွင့်ရမှာ ဖြစ်တယ်။ ဆန္ဒပြခွင့်ကို ဟောပြောမယ့်သူတွေရဲ့ အချက်အလက်တွေနဲ့ အတူ ငါးရက်ကြိုပြီး ခွင့်ပြုချက် တောင်းရမှာ ဖြစ်တယ်။ မလေးရှားမှာ အသစ် ပြင်ဆင်တဲ့ ဥပဒေက ဆန္ဒပြမယ်ဆိုရင် ရက်သုံးဆယ် ကြိုပြီး ခွင့်ပြုချက် တောင်းဖို့ လိုသလို လမ်းပေါ် အပါအ၀င် နေရာအတော် များများမှာ ဆန္ဒပြခွင့် မရှိဘူးလို့ ပိတ်ပင်ထားတယ်။ ဒါ့ကြောင့် Ambiga Sreenevasan မြန်မာဥပဒေက မလေးရှား ဥပဒေထက် ခြောက်ဆပိုပြီး ဒီမိုကရေစီ ကျတယ်လို့ ဝေဖန်ခဲ့တယ်။ သူက မြန်မာဥပဒေက မလေးရှား ဥပဒေထက် ပိုပြီး လစ်ဘရယ် ကျတယ်။ သူတို့ လမ်းပေါ်မှာ စီတန်း ဆန္ဒပြတာကို ပိတ်ပင်မထားဘူး။ မြန်မာက မလေးရှားထက် ပိုပြီး လစ်ဘရယ်ကျတဲ့ ဥပဒေကို ပြဋ္ဌာန်းနိုင်တာဟာ မလေးရှား အစိုးရအတွက် ရှက်ဖို့ ကောင်းတယ်လို့ ဆိုတယ်။ နောက်ဆုံးသူက မလေးရှား အစိုးရက သံသယ ကြီးလွန်းတယ်လို့ ကောက်ချက် ချလိုက်တယ်။


မလေးရှား ၀န်ကြီးချုပ် နာဂျစ်ကတော့ မလေးရှား ဥပဒေက မြန်မာ ဥပဒေလောက် မကောင်းဘူး။ ဖိနှိပ်လွန်းတယ် ဆိုတာကို လက်မခံဘဲ အဲဒီ ပြောဆိုချက်တွေဟာ အခြေအမြစ် မရှိဘူး။ ဆန္ဒပြခွင့်က ရက်သုံးဆယ် မဟုတ်ဘဲ ဆယ်ရက်ပဲ ကြိုတင် ခွင့်တောင်းရမှာ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတယ်။ ၀န်ကြီးချုပ်က မလေးရှား ဥပဒေက နိုင်ငံတကာ စံတွေနဲ့ ညီတယ်။ လမ်းပေါ်မှာ စီတန်း လှည့်လည် ခွင့်မပြုတာဟာ ပြည်သူတွေ အနှောင့်အယှက် ဖြစ်မှာ စိုးရိမ်လို့ ဖြစ်တယ် ဆိုပြီး ပြောခဲ့တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အင်္ဂါနေ့ ကတော့ မလေးရှားရှေ့နေ ငါးရာလောက်နဲ့ တက်ကြွ လှုပ်ရှားသူတွေဟာ ပါလီမန်ရှေ့မှာ သွားပြီး လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်ရဖို့ အတွက် ဆန္ဒပြခဲ့ကြတယ်။

အရေးယူပိတ်ဆို့မှုတွေကိုမကျေနပ်တဲ့ပြည်သူများက အီရန်က ဗြိတိသျှသံရုံးကို ဆန္ဒပြ စီးနင်းတိုက်ခိုက်

 
ဗြိတိန်နိုင်ငံက အီရန်နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေ ချမှတ်လိုက် တာကို မကျေနပ်ကြတဲ့ အီရန်ပြည်သူတွေက မနေ့ကအင်္ဂါနေ့မှာ တဟီရန်မြို့တော်က ဗြိတိသျှသံရုံးကို စီနင်းတိုက်ခိုက်ခဲ့ကြကြောင်းသိရှိရပါတယ် ။




ဆန္ဒပြသူတွေက ဗြိတိသျှသံရုံးအတွင်းကို ပြူတင်းပေါက်တွေကတစ်ဆင့် ၀င်ရောက်ပြီး သံရုံးထဲက စာရွက်စာတမ်းတွေနဲ့ ဗြိတိသျှ ယူနီယံဂျက်အလံတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ဒါ့အပြင် သံရုံးထဲက အဲလစ္စဘက်ဘုရင်မကြီးရဲ့ ဓာတ်ပုံတစ်ပုံကိုလည်း ဖြုတ်ယူသွားကြပြီး သံရုံးအပြင်ဘက်မှာလည်း ဗြိတိန်နိုင်ငံ ကျဆုံးပါစေဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ မခံမရပ်နိုင်သောဆန္ဒပြ လူအုပ်က ဗြိတိသျှသံရုံးရဲ့ ကားတစ်စီးကိုပါ မီးရှို့ခဲ့ကြကြောင်း သိရှိရပါတယ် ။



တဟီရန်မြို့မြောက်ဘက်က ဗြိတိသျှသံရုံးဝန်ထမ်းတွေနဲ့ ဗြိတိသျှကျောင်းသားတွေ နေထိုင်ရာ အိမ်ခြံဝင်းကို စီးနင်းခဲ့တဲ့ ဆန္ဒပြသူတွေက သံရုံးဝန်ထမ်း ၆ ဦးကို ၀ိုင်းထားခဲ့တာကိုတော့ အီရန်ရဲတပ်ဖွဲ့က အချိန်မီ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

Monday, November 28, 2011

တရုတ် ဒုသမ္မတနှင့် မြန်မာကာကွယ်ရေးဦးစီးချုပ်တွေ့ဆုံ



တရုတ်ပြည်သူ့သမ္မတနိုင်ငံဒုတိယသမ္မတ မစ္စတာ Xi Jinping ဟာ ချစ်ကြည်ရေး ခရီးရောက်ရှိနေတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကို ဒီနေ့ ( နိုဝင်ဘာ ၂၈ ) မနက်ပိုင်းက ဘေဂျင်းမြို့မှာရှိတဲ့ ပြည်သူ့ခန်းမဆောင်ကြီးမှာ လက်ခံတွေ့ဆုံခဲ့ပါတယ် ။

ဒုတိယသမ္မတ မစ္စတာ Xi Jinping ဟာ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ရဲ့ ဒုတိယဥက္ကဌလည်းဖြစ်ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်သလို မြန်မာ - တရုတ် မဟာဗျုဟာမြောက် ဆက်ဆံရေးကိုလည်း ပိုမို ကျစ်လစ်ခိုင်မာအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းတစ်ရပ်အရ သိရှိရပါတယ် ။
 
မြန်မာကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကတော့ တပ်မတော်နှစ်ရပ်အကြား အစဉ်အလာအရ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် အနာဂတ်မှာ ကဏ္ဍသစ်တွေမှာပါ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ခုလိုပူးပေါင်းဆောင်ရွက်မှုတွေဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို မထိခိုက်စေပဲဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ အဆိုပါသတင်းအရသိရှိရပါတယ် ။

Friday, November 25, 2011

KIA ကဆောက်လုပ်ရေးယန္တရားများအားဖျက်ဆီး



ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ မြစ်ကြီးနား ဆွမ်ပရာဘွမ် ကားလမ်းပေါ်က က၀ပန်ရွာမှာ လမ်းပြင်နေတဲ့ ကားနဲ့ ယန္တရားတွေကို နိုဝင်ဘာလ ၂၃ ရက်နေ့က မိုင်းထောင်ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
 
ကေအိုင်အေတပ်ဖွဲ့ဝင် ၃၅ ယောက်လောက်ဟာ နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၂ နာရီလောက်မှာ က၀ပန်ရွာကို ရောက်လာကြပြီး လမ်းဖောက်တဲ့နေရာမှာသုံးတဲ့ ကားနဲ့ စက်ယန္တရားတွေကို ဗုံးခွဲဖျက်ဆီးခဲ့ကြကြောင်း က၀ပန်ရွာသားတစ်ဦးရဲ့ ပြောပြချက်ကို ကိုးကား၍ ကချင်နေ့စဉ်သတင်းကဖေါ်ပြလိုက်ပါတယ် ။

ကေအိုင်အေအဖွဲ့ရဲ့ဗုံးခွဲဖျက်ဆီးမှုကြောင့် ဖောအမျိုးအစား ၁၀ ဘီးကား ၁ စီးနဲ့ ၆ ဘီးကား ၂ စီး၊ ယူဒီ ၁ စီး ၊ ဘတ်ဟိုး ၁ စီး၊ ဂရေဇာ ၁ စီး ပျက်စီးသွားခဲ့ရပြီး  လမ်းအထူးအဖွဲ့ ၃ အသုံးပြုနေတဲ့ ယာဉ်များ ဖြစ်ကြောင်းလည်း အဆိုပါသတင်းမှာဖေါ်ပြထားပါတယ် ။

KIA ရဲ့ ပိန်းခွန်ယန်စခန်းကိုအစိုးရတပ်သိမ်းပိုက်

 
ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေရဲ့ စခန်းတစ်ခုဖြစ်တဲ့ ပိန်းခွန်ယန်စခန်းကို နိုဝင်ဘာ လ ၂၂ ရက် နေ့မှာ အစိုးရတပ်ရင်းတစ်ရင်းမှ သိမ်းယူသွားကြောင်း သတင်းရရှိပါတယ်။
 
တိုက်ပွဲမှာ အစိုးရတပ်ဘက်က ပစ်အားသုံးတိုက်ခိုက်ခဲ့ပြီး အချိန်နှစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်ကြပြီး နောက် ပိန်းခွန်ယန်စခန်းမှ ကေအိုင်အေတပ်ဖွဲ့ တွေဆုတ်ခွာ ထွက်ပြေးသွားကြတဲ့အတွက် အစိုးရတပ်မှသိမ်း ယူလိုက်ကြောင်း သိရပါ တယ်။

အစိုးရတပ်ဘက်က မနက်၉နာရီမှာစတင်ပစ်ခတ်ခဲ့ပြီး ပိန်းခွန်ယန်စခန်းဟာ ကေအိုင်အေစစ်သား ၅၀ လောက် နေရာယူထားတဲ့ အခိုင်အမာစခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။

ဟီလာရီကလင်တန်လာတာမှသတင်းတဲ့လား

အကယ်၍သာ အခုဒေသစာရီ ကြွချီတော်မူလာတဲ့  စွယ်တော်မြတ်ဟာ ဒေါ်အောင်ဆန်းစုကြည်က ကမကထပြုပြီး အမေရိကန်နိုင်ငံကသာ ကြွလာမယ်ဆိုရင် ဒီလူတွေဒီလို အေးတိအေးစက်နေမယ် မထင်ပါဘူး ။ ဘုရားကြွလာတာတောင် တရုတ်နဲ့ အစိုးရပေါင်းလုပ်တာမို့ မထောက်ခံဘူး ဘုရားကိစ္စဖြစ်နေလို့သာ ထပြီးမကန့်ကွက်တာ ဆိုတဲ့ အတွင်းစိတ်ခံတွေက ဒီနေရာမှာ အထင်းသားလာပေါ်နေတယ်  ။

ဒေါက်တာဆိတ်ဖွား၏  စိတ်ပျက်မိတယ်စတုတ္ထမဏ္ဍိုင်ရယ်( ၁ )  ဆောင်းပါးမှကောက်နှုတ်ဖေါ်ပြသည် ။

Tuesday, November 22, 2011

စိတ်ပျက်မိတယ် စတုတ္ထမဏ္ဍိုင်ရယ်.... ( ၂ )

ဒီကနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ သတင်းစာဆရာ မောင်ဝံသက အောက်ပါ အတိုင်း ရေးသားထားတာတွေ့ရပါတယ် ၊ သူဆိုလိုတာက ဇေကမ္ဘာ ဦးခင်ရွှေကိုရည်ရွယ်ဟန်တူပါတယ် ၊ ဒါပေမယ့် သူ့အရေးအသားက ပြည်သူကိုစော်ကားတာနဲ့တူနေတယ်  ဒီမိုကရေစီမဆန်ဘူးဖြစ်နေတယ် ၊ ဘာဆန်နေလဲဆိုတော့ လူမိုက်ဆန်နေတယ် ၊ မိုက်ကြေးခွဲတာနဲ့တူနေတယ် .. ဘာရေးထားလဲဆိုတော့ 
 
 "သတင်းစာဆရာဘ၀ (ယနေ့ခေတ် အခေါ်အဝေါ်နဲ့ဆိုရင်) မီဒီယာသမားဘ၀ကို ကျွန်တော် အလွန်မှ ဂုဏ်ယူ အလွန်မှ တန်ဖိုးထားခြင်းနဲ့ တစ်ချိန်တည်းမှာ ကျွန်တော်တို့မြတ်နိုးဂုဏ်ယူတဲ့ ဘ၀၊ ကျွန်တော်တို့ တန်ဖိုးထားတဲ့ မီဒီယာလောကကို စော်ကားမော်ကား၊ ထိကပါး ရိကပါး လုပ်လာရင်လည်း ကျွန်တော်ကတော့ မခံဘူးဗျ။ ဘယ်လောက် အကောင် ကြီးကြီး အမြီးရှည်ရှည် မှတ်လောက် သားလောက်အောင် ဆုံးမရမှာပဲဗျ။ စတုတ္ထမဏ္ဍိုင်ကို မထိပါးပါနဲ့ " (မောင်ဝံသ) ..လို့ရေးထားတယ်...။
 
သူဆိုလိုတာက ငါတို့ကတော့ သမ္မတကနေ ပြာတာအထိပြောချင်သလိုပြောမယ် ၊ စွပ်စွဲချင်သလိုစွပ်စွဲမယ် ၊ ရေးချင်သလိုရေးမယ် ရေးချင်တာရေးခွင့်မရရင်လည်း မတရားဘူးလို့ရေးမယ်၊ အေး.....ငါတို့ကိုတော့ ဘာမှလာမပြောနဲ့ မခံဘူး မှတ်လောက်သားလောက်အောင်ဆုံးမရမှာပဲလို့  အဓိပ္ပါယ်ရတယ်။
 
 ခင်ဗျားပြောသလိုသာ ကိုယ်မြတ်နိုးဂုဏ်ယူတဲ့ ဘ၀၊  တန်ဖိုးထားတဲ့ ဘ၀တွေကို စော်ကားမော်ကား၊ ထိကပါး ရိကပါး လုပ်လာတိုင်းသာ မှတ်လောက်သားလောက်ဆုံးမနေရရင် ခင်ဗျားတို့ဒီနေ့ထိတောင် အသက်ရှင်မနေဘူး၊ နိုင်ငံ့ဝန်ထမ်းတွေ ဆုံးမတာနဲ့တင် သေတာကြာလှပြီ ... သူတို့မြတ်နိုးဂုဏ်ယူလို့ လုပ်နေတဲ့ နိုင်ငံ့ဝန်ထမ်း ဘ၀တွေကို ခင်ဗျားတို့အကြိမ်ကြိမ်စော်ကားခဲ့ကြတယ်..ခုလဲစော်ကားမော်ကား ၊ ထိကပါးရိကပါးလုပ်နေကြတုန်းပဲ...

 မီဒီယာသမားတွေ ပြောချင်ရာပြောတာကိုတော့ လွတ်လပ်စွာပြောဆိုခွင့်လို့ပြောမယ် မီဒီယာသမားကို လွတ်လပ်စွာဝေဖန်ရင်တော့ မှတ်လောက်သားလောက်အောင်ဆုံးမမယ် ဒီလိုလားဆရာမောင်ဝံသ ....။
ဇေကမ္ဘာ ဦးခင်ရွှေကို မီဒီယာတွေက အမျိုးမျိုးပြောဆိုပုတ်ခတ် နေတုန်းကတော့တရားတယ် ဦးခင်ရွှေကမီဒီယာတွေကို ပြန်ပြောတော့ စုပြီးလက်မှတ်ထိုးကြမယ်တဲ့..... ဟား..ဟား...ဟား...ဟား. ..ခပ်ညံ့ညံ့မီဒီယာသမားတွေပါလား..

ဒေါက်တာဆိတ်ဖွား

Monday, November 21, 2011

သမ္မတကြီး ဦးသိန်းစိန်နှင့် တွေ့ဆုံခြင်း


 
မေး- ဘီဘီစီက ကိုချိုပါခင်ဗျ။ အခုဆိုရင် အာဆီယံဥက္ကဋ္ဌ ရာထူးလဲရပြီ။ အဲဒီတော့ တာဝန်တွေပိုကြီးလာပြီး လုပ်စရာတွေရှိတယ်လို့ သမ္မတကြီးပြောတယ်လို့ သိရပါတယ်။ အဲဒီတော့ တာဝန်ဆိုတာ ဘာကိုပြောတာပါလဲ ခင်ဗျာ။


ဖြေ- တာဝန်ဆိုတာကတော့ ပထမဆုံး အာဆီယံဥက္ကဋ္ဌရဲ့တာဝန်။ အာဆီယံဥက္ကဋ္ဌတာဝန်ဆိုတော့ ကျွန်တော် တို့က အာဆီယံမိသားစုဝင်နိုင်ငံဆိုတော့ ဒီတာဝန်ဟာလဲ မဖြစ်မနေ ကျွန်တော်တို့ လုပ်ရမယ့် တာဝန်ပေါ့လေ။ ဒါလဲ Right တစ်ခုပါပဲ။ အဲဒီတော့ ဒီတာဝန်ကို ကိုယ့်နိုင်ငံကယူရတဲ့အချိန်မှာ အောင်အောင်မြင်မြင်နဲ့ ကျွန်တော်တို့ပါ အဆင်ပြေအောင် လုပ်နိုင်ဖို့အတွက်ပါ။ ဒီတာဝန်တွေက တော်တော်လေးကြီးလာတယ်။ အဲဒီတော့ ကျွန်တော်တို့အာဆီယံရဲ့ဥက္ကဋ္ဌတာဝန်ယူဖို့အတွက် သဘောတူတယ်ဆိုကတည်းက ကျွန်တော်တို့ ခေါင်းထဲမှာတော့ အလုပ်တွေ ခုနကလို အများကြီးစဉ်းစားနေရတာပေါ့။ ခင်ဗျားတို့အကူအညီတွေလဲ အများကြီးလိုတာပေါ့။
 


မေး- သမ္မတကြီး ခင်ဗျာ၊ ပွင့်ပွင့်လင်းလင်းမေးရရင်  ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးက အရင်လက်ထက်က ထက်စာရင် သာလွန်ကောင်းမွန်လာနိုင်ပါ့မလား။


ဖြေ- ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာမှာ ဒီမိုကရေစီဆိုတာ ခင်ဗျားတို့က ဘာတွေနဲ့နှိုင်းလဲ၊ တိုင်းတာလဲ မသိဘူးပေါ့နော်။ ကျွန်တော်တို့ဆီမှာ ဒီမိုကရေစီအကြောင်းပြောရရင်တော့ အခုအစိုးရသက်တမ်းက ရှစ်လပဲရှိသေးတယ်။ အထူးသဖြင့် အနောက်နိုင်ငံ ဒီမိုကရေစီချင်းနှိုင်းမယ်ဆိုရင် အနောက်နိုင်ငံတွေက ဒီမိုကရေစီကို နှစ်ပေါင်းရာထောင်ချီပြီးတော့ သူတို့က ကျင့်သုံးလာတာ။ အဲဒီတော့ ဒီမိုကရေစီနိုင်ငံတွေနဲ့ ကျွန်တော်တို့နဲ့ တစ်ထပ်တည်းဖြစ်ဖို့ အံဝင်ခွင်ကျဖြစ်ဖို့ ကျွန်တော်တို့ တော်တော်လေးကြိုးစားရဦးမှာပေါ့။ အဲဒီတော့ အံဝင်ခွင်ကျဖြစ်အောင်လို့ပဲ လုပ်လို့ရမယ်။ တစ်ထပ်တည်းလုပ်လို့တော့ရမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ တစ်အချက်က ကျွန်တော်တို့ရဲ့ လူမျိုးချင်းလဲမတူဘူး။ နောက်တစ်ခုက ကျွန်တော်တို့ ကိုးကွယ်တဲ့ဘာသာချင်းလဲ မတူဘူး။ ဓလေ့စရိုက်ချင်းလဲ မတူဘူး။ အစားအသောက်ချင်းလဲ မတူဘူး။ အဲ့ဒီတော့ လေးထောင့်ထဲ အ၀ိုင်းစွပ်ရင် အံဝင်ခွင်ကျဖြစ်မှာ မဟုတ်ဘူး။ အ၀ိုင်းကို လေးထောင့်စွပ်ရင်လဲ အံဝင်ခွင်ကျဖြစ်မှာမဟုတ်ဘူး။ သို့သော်လဲပဲ ကိုယ့်လူမျိုးတွေအတွက် အခုနကလို ကျွန်တော်တို့ ဒီအကျိုးရှိမယ့် ဒီမိုကရေစီမျိုးပေါ့။ ဒါကတော့ ကိုယ့်တိုင်းပြည်ရဲ့အခြေအနေ၊ ကိုယ့်လူမျိုးရဲ့အခြေအနေ၊ ဒါတွေကြည့် ပြီးတော့မှ ကျွန်တော်တို့ ဒီမိုကရေစီရှင်သန်အောင်တော့ လုပ်သွားရမှာပေါ့။ ဒီမိုကရေစီရှင်သန်အောင်လုပ်ဖို့ ဆိုတဲ့ နေရာမှာ ဘာတွေလဲဆိုတော့ တစ်အချက်က တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့လိုမယ်။ အဲဒီတော့ တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့အတွက် ကျွန်တော်တို့နှစ်ပိုင်းပေါ့။ ခုနက ကျွန်တော်တို့ ပြည်တွင်းက သဘော ထားအမြင်အမျိုးမျိုးရှိနေတဲ့ပုဂ္ဂိုလ်တွေနဲ့ သဘောထားချင်းတူညီအောင် ညှိကြ၊ ပြုကြတဲ့အပိုင်းပေါ့။ အဲဒီတော့ ဒီသဘောထားအမြင်အမျိုးမျိုးရှိနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကျွန်တော်တို့နဲ့ သဘောထားအမြင်ချင်းတူပြီဆိုလို့ရှိရင် ပြည်ပကလဲ ဘာပဲဖြစ်ဖြစ် ဒါဟာ ဖိအားတွေလျော့နည်းလာမှာပဲ။ ခုလိုပေါ့။ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ကြ၊ ပြုကြ၊ ကိုယ့်ရဲ့ ညီအစ်ကိုမောင်နှမတွေလိုပဲ သဘောထားပြီးတော့ ကျွန်တော်တို့ စိတ်စေတနာတွေ နားလည်သွားတယ်။ ကျွန်တော်တို့နဲ့တွေ့ပြီး နောက်ပိုင်းမှာလဲ ခုနကလို အပြုအမူတွေအပြောအဆိုတွေ ဒါတွေကလဲ အများကြီးပြောင်းလဲသွားပါတယ်။ ဒီပြောင်းလဲတဲ့အပေါ်မှာ မူတည်ပြီးတော့ ပြည်ပကလဲ လိုက်ပြီး ပြောင်းလဲပါတယ်။ ခုဒီကနေ့ဆိုရင် အစည်းအဝေးမှာ အိုဘားမားအနေနဲ့လဲ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဒါ လတ်တလောပေါ့လေ။ ဒါနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေ ဘာပဲဖြစ်ဖြစ် ဖော်ထုတ်ပြီးတော့ ပြောကြားသွားတာ တွေ ရှိပါတယ်။ အကုန်လုံး ပကတိအကောင်းချည်းပဲလားဆိုတော့လဲ မဟုတ်သေးဘူး။ ဆက်ပြီးတော့ ကျွန်တော်တို့လုပ်ရမယ့်ဟာတွေ၊ ဆက်ပြီးတော့ သူ့အနေနဲ့ ဒါကို စောင့်ကြည့်ရမယ့်ဟာ ဒါကိုလဲ ကျွန်တော်တို့ ပြောပါတယ်။ သို့သော်လဲပဲ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ဖြစ်ပေါ်တိုးတက်မှုကို အသိအမှတ်ပြုတယ် ဆိုကတည်းက ကိုယ့်နိုင်ငံအတွက်တော့ အများကြီးကောင်းတယ်လို့ပဲ ပြောရမှာပေါ့။

မြန်မာနိုင်လို့ ငိုတဲ့ည

 

 သွန်းနေစိုး

ဒီညနေ လက်ဘက်ရည်ဆိုင်က ပြန်ထွက်လာတဲ့အခါ လူက ခြေထောက်နဲ့ မြေကြီး ထိတယ်လို့ကို မထင်တော့။
ဘောလုံးပွဲကြည့်ပြီး ပြန်လာတာပါ။ သူငယ်ချင်းတွေနဲ့ စုကြည့်ချင်လို့ လက်ဘက်ရည်ဆိုင် သွားကြည့်ကြတယ်။
သူငယ်ချင်း အိမ်နားကနေဆိုတော့ ကိုယ့်အိမ်ကို တက္ကစီငှားပြန်လာရပါတယ်။ တက္ကစီကို လုံးဝ ဈေးမဆစ်မိ။ သူပြောတဲ့ဈေးအတိုင်း တက်စီးလိုက်တယ်။ ခုနေအချိန်များ ကျနော့်အလုပ်ရှင်က အလုပ်ဖြုတ်လိုက်ပြီဆိုတောင် ခဏတော့ ရယ်နေမိမလား မပြောတတ်ပါ။

ဘာလို့လဲ? မြန်မာနိုင်ပြီလေ?
တတိယနေရာလုပွဲမှာ ဗီယက်နမ်ကို လေးဂိုး တဂိုးနဲ့ အပြတ်တီးလိုက်တာ။
ကျနော်က ဘောပညာရှင်မဟုတ်ပါဘူး။ ဒီတော့ ကစားကွက်တွေက ဘာညာ၊ ဘယ်သူတွေက ဘယ်လို မပြောသာဘူးပေါ့ဗျာ။
ဒါပေမဲ့ သေချာတာက ကျနော် ပျော်တယ်။ ပျော်တာမှ အရမ်းကို ပျော်တာဗျ၊ သိလား။
ကျနော်တင် မကဘူး ကျနော်တို့ အားလုံးရဲ့ မျက်နှာတွေမှာ ပွင့်ဖူးနေတာက ဂုဏ်ယူ မာန်ဝင့်နေတဲ့ အပြုံးတွေ။
အပြုံးတွေချင်း တစ်ယောက်နဲ့တစ်ယောက်ဖလှယ်ကြ။
ငါတို့လေထုကြားမှာ သင်းပျံ့မွှေးမြနေတဲ့ သတင်းစကားတစ်ခုက မြန်မာနိုင်ပြီလို့ပါပဲ။
ဟုတ်ပါတယ်။ တတိယနေရာကလေးပါပဲ။ ကြေးလောက်လေးပဲ ရတာပါ။ ပြီးတော့ ကမ္ဘာ့ဖလားလဲ မဟုတ်ဘူး။ အရှေ့တောင်အာရှ ဖလားလေးပဲ။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ပျော်တယ်။ အရမ်းကို ပျော်တယ်။

ကျနော်တို့ကဗျာ။ အရင်က ရွှေထီးဆောင်းခဲ့တာကြီး တမ်းတတယ် မဟုတ်ပါဘူး။
အရင်ကဆို အာရှမှာ လက်မထောင်ပြီး နေခဲ့တာပါ။

မြန်မာ - ဗီယက်နမ် Highlights ( 4 - 1 )


စင်္ကာပူမှလာရောက်အားပေးခဲ့သော မြန်မာပရိတ်သတ်ကို ဦးဇော်ဇော်က အဆင်ပြေအောင်စီစဉ်ပေးခဲ့

စင်ကာပူတွင်  ရောက်ရှိ နေထိုင်လျှက် ရှိကြသည့် မြန်မာ ဘောလုံးချစ် ပရိသတ် (၃၅)ဦးခန့်သည် အင်ဒိုနီးရှားသို့ ကိုယ်တိုင် ကိုယ်ကျ လိုက်ပါ အားပေးခဲ့ကြခြင်း ဖြစ်ပြီး ဂျာကာတာရောက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များအား ကူညီ ဆောင်ရွက် ပေးခဲ့သည်ဟုလည်း သိရသည်။ ၎င်းတို့ အဖွဲ့အား မလေးရှားနှင့် ပွဲစဉ်တွင် VIP ပွဲကြည့်စင်မှ ကြည့်ရှုနိုင်ရန် စီစဉ်ပေးခြင်း၊ မြန်မာနိုင်ငံ အလံပါ အင်္ကျီများ ဝေငှပေးခြင်း အပြင် ဦးဇော်ဇော်ကလည်း တစ်ဦးလျှင် အမေရိကန် ဒေါ်လာ (၂၀၀)စီ ချီးမြှင့်ခဲ့သည်ဟု သိရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဦးဇော်ဇော်က "သူတို့တတွေ မျိုးချစ်စိတ်နဲ့ ဒီအထိ လိုက်လာပြီး အားပေးတာ တွေ့ရလို့ တကယ့်ကို ၀မ်းသာပီတိ ဖြစ်ရပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်ကို လေးစားတာရယ်၊ သူတို့တတွေ အပြန် ခရီးမှာ သုံးလိုရာ သုံးနိုင်ဖို့ အတွက် ကျွန်တော်က ချီးမြှင့်ပေးတဲ့ သဘောပါ" ဟု ဖွင့်ဟ ပြောကြားခဲ့သည်။

တတိယဆုရ မြန်မာဘောလုံးအသင်းအားမြန်မာလုပ်ငန်းရှင် များက ဆုငွေ ဒေါ်လာ တစ်သိန်းခွဲ ချီးမြှင့်


ဗီယက်နမ် အသင်းအား (၄-၁)ရလဒ်ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူကာ ကြေးတံဆိပ်ဆု ဆွတ်ခူး ရရှိခဲ့သည့် မြန်မာ ယူ-၂၃ အသင်းသည် ယနေ့ တတိယလုပွဲ ပွဲစဉ် အပြီးတွင် အမေရိကန် ဒေါ်လာ (၁.၅)သိန်း ချီးမြှင့်ခြင်း ခံခဲ့ရကြောင်း သိရသည်။

 
အဆိုပါ ပွဲစဉ်တွင် မြန်မာအသင်း ဘက်၌ ကွင်းလယ် ကစားသမား ကျော်ဇေယျာဝင်းနှင့် ကျော်ကိုကိုတို့ အထူး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ဗီယက်နမ် ဂိုးပေါက်ထဲသို့ (၄)ကြိမ်တိုင်တိုင် သွင်းယူ နိုင်ခဲ့သည်။ မြန်မာအတွက် ဂိုးများအား ကျော်ဇေယျာဝင်းက (၂)ဂိုး၊ ကျော်ကိုကိုက တစ်ဂိုးနှင့် ဗီယက်နမ် နောက်ခံလူ ကိုယ့်ဂိုးကိုယ်သွင်း မိသည့် တစ်ဂိုးတို့ဖြင့် အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။

Saturday, November 19, 2011

သမ္မတကြီးဦးသိန်းစိန်က မြန်မာသတင်းသမားများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်

နိုင်ငံတော်သမ္မတကြီးကို RFA သတင်းထောက်ဦးခင်မောင်စိုး ၊ ဦးကိုကို ( ကိုကို -စက်မှုတက္ကသိုလ် ) တို့နှင့်အတူ ရင်းရင်းနှီးနှီးတွေ့ရစဉ် ။


 သမ္မတကြီးနှင့်သတင်းစာဆရာများ
-၀ဲမှယာ ဒေါ်ခင်စိုးဝင်း(ဗီအိုအေ)၊ဦးတင်မောင်အေး(အဆာဟီရှင်ဘွန်း)အင်ဒိုနီးရှားတမ်ပိုသတင်းထောက်၊ ဦးခင်မောင်စိုး(အာရ်အက်အေ)၊သမ္မတကြီး၊ ဦးကိုကို(ရန်ကုန်မီဒီယာ)၊ဦးမြတ်သူရ(ကျိုဒိုသတင်း)၊ကျော်ဆုမွန်(မြန်မာတိုင်းမ်)၊တမ်ပိုသတင်း ထောက်။
 
 
ဒီကနေ့ ဘာလ်ီကျွန်းက ဟိုတယ်နီကိုးမှာ သမ္မတကြီးဦးသိန်းစိန်က မြန်မာသတင်းသမားများ ကိုရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ် ။အဲဒီလိုတွေ့ဆုံရာမှာ သမ္မတကြီးက သတင်းကောင်းတွေဆက်တိုက်ဆိုသလို ကြားနေရကြောင်း ပထမသတင်းကောင်းက အိုဘာမားရဲသဘောထာ့းကြေငြာချက်၊ဒုတိယသတင်းကောင်းက နိုင်ငံခြားရေးဝန်ကြီးဟီလာရီ ကလင်တန်လာလည်မယ့်ကိစ္စ၊နောက်သတင်းက ဒေါ်အောင်ဆန်းစုကြည်ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင် မယ်ဆိုတဲ့သတင်းနဲ့ ဆီးဂိမ်းမှာ မြန်မာတွေရွှေ(၈)ဆုရတဲ့သတင်းလို့ပြောပါ တယ်။အခုဘောလုံးပွဲမှာ မြန်မာတွေနိုင်အောင် ၀ိုင်းဆုတောင်းကြဖို့လဲ သမ္မတကြီးက ပြောကြားခဲ့ကြောင်းသိရှိရပါတယ် ။

Myanmar, U.N. discuss strengthening ties


နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်တို့သည် နိုဝင်ဘာလ ၁၉ရက်နေ့ အင်ဒိုနီးရှား ဒေသစံတော်ချိန် နံနက် ၇နာရီအချိန်က ဘာလီရှိ Nikko ဟိုတယ်တွင် တွေ့ဆုံခဲ့ကြပြီး ၄၅မိနစ်ကြာ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ကြပါသည်။

(Reuters) - Myanmar and the United Nations discussed strengthening cooperation on Saturday, Myanmar's foreign minister said, in another sign of the reclusive state's sudden engagement with the world after a half-century of isolation and oppressive rule.
The U.N. Secretary General Ban Ki-moon said separately in a briefing he had accepted an invitation from Myanmar President Thein Sein to visit the Southeast Asian country "as soon as possible." Such a visit could happen within a few months, Ban's special advisor for Myanmar, Vijay Nambiar, said.
Myanmar Foreign Minister Wunna Maung Lwin held talks with Ban during the East Asia Summit, a meeting of leaders from 18 countries, on the Indonesian island of Bali.
"It was a very fruitful meeting," he told Reuters. "We discussed about better cooperation between Myanmar and the United Nations," he said, without elaborating on details of the cooperation.
Myanmar has embarked on a series of reforms since the army nominally handed power in March to civilians after the first elections in two decades, a process mocked at the time as a sham to seal authoritarian rule behind a democratic facade.

Friday, November 18, 2011

မြန်မာနိုင်ရမည်


NLD ပါတီမှတ်ပုံတင်ရေးဆုံးဖြတ်ချက်မချမီ နာရီပိုင်းအလို အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည် ဖုန်းပြောဆိုခဲ့



NLD ပါတီမှတ်ပုံတင်ရေးဆုံးဖြတ်ချက်မချမီ နာရီပိုင်းအလိုတွင် သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်  တို့သည် တယ်လီဖုန်းဖြင့်ဆက်သွယ် စကားပြော ခဲ့ကြကြောင်း သိရှိရပါသည် ။ သမ္မတ အိုဘားမားသည် ဘာလီသို့ Air Force One လေယာဉ်ဖြင့် ထွက်ခွာလာစဉ် ကြာသပတေး ည (၁၇၊ နိုဝင်ဘာ) ကဒ်ါအောင်ဆန်းစု ကြည်နှင့် ဖုန်းဆက်စကားပြောခဲ့ ကြောင်း ကန်အစိုးရထိပ်တန်း အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ၀ါရှင်တန်ပို့ သတင်းစာက ဖေါ်ပြပါသည် ။

ထိုသို့တယ်လီဖုန်းဖြင့်ဆက်သွယ်နိုင်ရန်အတွက် အမေရိကန်သံရုံးတာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယခုလ ၁၈ ရက်နေ့မတိုင်မီ အဆက်အသွယ်ရရှိရေး ကြိုတင်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းလည်း သိရပါသည် ။

 အဆိုပါသတင်းတွင်မြန်မာနိုင်ငံအတွင်း တိုးတက်မှု ရလဒ်မျာကို စူးစမ်းသောအားဖြင့် အမေရိကန် သမ္မတအိုးဘားမား က ၎င်းသည် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား မြန်မာ နိုင်ငံသို့ လာမည့်ဒီဇင်ဘာလတွင် စေလွှတ်မည်ဖြစ်ကြောင်းလည်းဖေါ်ပြထားပါသည် ။

ထိုသတင်းများထွက်ပေါ်လာပြီးနောက် NLD ပါတီ၏ ဆောင်ရွက်ချက် ၊ ဆုံးဖြတ်ချက်များအပေါ်တွင် အမေရိကန်၏ သြဇာသက်ရောက်မှုရှိနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများလည်း ဆက်တိုက်ဆိုသလိုထွက်ပေါ်လာပါတယ် ။ 

အမေရိကန်သမ္မတနှင့်ဖုန်းပြောပြီး နာရီပိုင်းအကြာတွင်ကျင်းပသည့် NLD ၏ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ချက်တစ်စုံတစ်ရာမချမီ ဒေါ်အောင်ဆန်းစုကြည်က  "ပွင့်ပွင့်လင်းလင်းပြောရရင် ကျမက မှတ်ပုံတင်ရေးဘက်က ရပ်တယ် ၊ ရွေးကောက်ပွဲကိုလည်း (၃) နေရာ စတိအစား လစ်လပ်နေရာအားလုံးကို ယှဉ်ပြိုင်စေချင်တယ်" ဟုကြိုတင် ပြောကြားခဲ့ပြီး ထိုသို့ဖိအားပေးပြောဆိုမှုများအောက်တွင်

Thursday, November 17, 2011

ဝိုင်းမော် ကန်ပိုက်တီးလမ်းကြောင်းပေါ်က အရေးပါတဲ့ KIA စခန်းတစ်ခုကို အစိုးရစစ်ကြောင်းသိမ်းပိုက်


နိုဝင်ဘာလ ၁၄ ရက်နေ့က ကေအိုင်အေရဲ့ စီးပွားရေးအရရော စစ်ရေးအရပါ အရေးပါတဲ့ စခန်းတစ်ခုဖြစ်တဲ့ ၀ိုင်းမော် ကန်ပိုက်တီးလမ်းကြောင်းပေါ်က  ကေအိုင်အေရဲ့ လုကြည်စခန်းကို အစိုးရစစ်ကြောင်းတစ်ခုက သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။

အခုသိမ်းပိုက်ခံလိုက်ရတဲ့ လုကြည်စခန်းဟာ ကေအိုင်အေ တပ်မဟာ ၁ နှင့် ၅ ကို ဆက်သွယ်ရာမှာ အဓိက ကျပြီး အရေးပါတဲ့စခန်းတစ်ခုဖြစ်ကြောင်းလည်းသိရပါတယ်။ ဆဒုံးမြို့နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဒီစခန်းဟာ ၀ိုင်းမော်-ကန်ပိုက်တီးသွားတဲ့ ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေကို အခွန်ကောက်နေတဲ့ စခန်းတစ်ခုဖြစ်လို့ စီးပွားရေးအရ အလွန်အရေးပါတယ်လို့လဲသိရပါတယ်။ ဒီစခန်းကျဆုံးသွားလို့ ဆဒုံး၊ဝေါခြုံ နယ်မြေနဲ့ အင်ဂျန်ယန်နယ်မြေများကို ထိန်းချုပ်ထားတဲ့ တပ်မဟာ ၁ နဲ့ တပ်မဟာ ၅ ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ခံရတဲ့ အနေအထားဖြစ်လာနိုင်တယ်လို့ တရုတ်-မြန်မာ စစ်ရေးအကဲခတ်များက ပြောကြားပါတယ်။
 
 ဒီလို စစ်ရေးနဲ့ စီးပွားရေးအရ အရေးကြီးတဲ့ စခန်းဖြစ်တာကြောင့် KIA စစ်သည်တော်များ အပြင်းအထန်ခုခံခဲ့ပေမဲ့ အစိုးရစစ်ကြောင်းနဲ့ အင်အားခြင်းမယှဉ်သာတာကြောင့် ဆုတ်ခွာပေးခဲ့ရကြောင်း လုကြည်စခန်းက ဆုတ်ခွာလာတဲ့ KIA အရာရှိတစ်ဦးမှ ပြောပြပါတယ်။
 
ဒီစခန်းမရှိတော့တဲ့အတွက် စခန်းပတ်ဝန်းကျင်မှာရှိနေတဲ့ လုကြည်၊လုမြန်၊ဝေါခြုံ၊ဆဒုံး၊စကားပါ၊စမားဟော် ရွာများအနီး KIO ခွင့်ပြုချက်နဲ့ စိုက်ပျိုးထားတဲ့ ဘိန်းခင်းများကို အစိုးရစစ်ကြောင်းများက ဖျက်ဆီးမှာ စိုးရိမ်နေကြပါတယ်။

မြန်မာအသင်း ဆီမီးဖိုင်နယ်တွင် လက်ရှိ ချန်ပီယံ မလေးရှားနှင့် ရင်ဆိုင်ရမည်

 
ယနေ့ ညနေပိုင်းက ယှဉ်ပြိုင် ကစားခဲ့သည့် ဆီးဂိမ်းစ် အုပ်စု လက်ကျန် ပွဲစဉ်များ အားလုံး ယှဉ်ပြိုင် အပြီးတွင် မြန်မာ ယူ-၂၃ အသင်း အနေဖြင့် လက်ရှိ ချန်ပီယံ မလေးရှား အသင်းနှင့် ဆီမီးဖိုင်နယ်တွင် ရင်ဆိုင် ရမည်ဖြစ်ကြောင်း သိရသည်။


မလေးရှား အသင်းသည် အိမ်ရှင် အင်ဒိုနီးရှား အသင်းအား တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိ ခဲ့ခြင်းဖြစ်ပြီး အုပ်စုတွင်း ပွဲစဉ်များတွင် ရှုံးပွဲမရှိ ရမှတ် (၁၀)မှတ်ဖြင့် အုပ်စု ပထမ နေရာတွင် ရပ်တည် နိုင်ခဲ့ခြင်း ဖြစ်သည်။ အင်ဒိုနီးရှား အသင်းသည် အစောပိုင်း အုပ်စုပွဲစဉ်များ အားလုံးတွင် ရာနှုန်းပြည့် နိုင်ပွဲဆက်ခဲ့ သော်လည်း မလေးရှား အသင်း၏ ပထမပိုင်း သွင်းဂိုးတစ်ဂိုးအား ပြန်လည် ချေပနိုင်ခြင်း မရှိကာ ယခုကဲ့သို့ အုပ်စု ဒုတိယဖြင့် ကျေနပ် ခဲ့ရသည်။ ထို့ကြောင့် ၎င်းတို့ အသင်းသည် အုပ်စု (ခ)မှ ပထမ ရထားသည့် ဗီယက်နမ် အသင်းနှင့် ဆီမီးဖိုင်နယ် အဆင့်တွင် ရင်ဆိုင်ရမည် ဖြစ်သည်။

ကေအိုင်အေစစ်သားများအကျအဆုံးများနေ ရွာသားတွေစစ်မှုထမ်းဖို့ဗိုလ်ချုပ်ဂမ်ရှောင်ပြောပြီ



လိုင်ဇာဌာနချုပ်မှ သတင်းတွေအရ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေနိုဝင်ဘာ၁၄ ရက်နေ့ အထိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ KIA တပ်ဖွဲ့ဝင်(၂၂)ဦးကျဆုံးပြီး (၅၈) ဦးဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ ဒီကိစ္စ တွေပတ်သက်လို့ ဗိုလ်ချုပ်ဂမ်ရှောင်က ကျဆုံး၊ထိခိုက်ဒဏ်ရာရနဲ့ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင်တွေနေရာမှာ အင်အား ဖြည့်တင်းဖို့ ရွာတွေမှာရှိနေတဲ့ ယောက်ျားမှန်သမျှ ဖမ်းဆီးခေါ်ဆောင်လာဖို့ တပ်မဟာမှူးတွေကို ပြောကြားထား တယ်လို့ သိရပါတယ်။ဒါကြောင့် ဒေသခံရွာသားတွေဟာ အိမ်ထောင်စုအလိုက် KIAတပ်ဖွဲ့တေနဲ့ဝေးရာ ဒေသများ ကို ရွှေ့ပြောင်းနေထိုင်ကြပါတယ် ။

ထူးဥက္ကဋ္ဌ ဦးတေဇ စင်ကာပူ၌ တိုက်ဂါးဝုဒ်နှင့် ဂေါက်ရိုက်



ထူးကုမ္ပဏီများအုပ်စု၏ဥက္ကဋ္ဌ ဦးတေဇသည် နိုဝင်ဘာ ၃ ရက်နေ့တွင် ကမ္ဘာကျော်ဂေါက်သီးကစားသမားတိုက်ဂါးဝုဒ်နှင့်အတူ စင်ကာပူနိုင်ငံ၌ ဂေါက်သီးရိုက်ကစားခဲ့ကြောင်း The Straits Times သတင်းစာ၌ ဖော်ပြခဲ့သည်။
 
ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားများ အနက်မှ တစ်ဦးဖြစ်သည့် တိုက်ဂါးဝုဒ်သည် စင် ကာပူနိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ်ရောက်ရှိနေစဉ် Marina Bay Sands(Singapore) ဟိုတယ်၏ စီစဉ်မှုဖြင့် ကစားခဲ့ခြင်း ဖြစ်သည်။ ယင်းကစားပွဲ၌ တိုက်ဂါးဝုဒ်နှင့် အတူ ဦးတေဇ၊ ဒုတိယဥက္ကဋ္ဌဦးဇော်မင်းနှင့် အမှု   ဆောင်ဒါရိုက်တာ  ဦးပြည့် ဖြိုးတေဇတို့ပါဝင်ကြောင်းသိရသည်။ တိုက်ဂါးသည် ယခုကဲ့သို့ ပရိုမိုး ရှင်းပွဲများ (ပြိုင်ပွဲမဟုတ်ဘဲ အပြင် လူများနှင့်ရိုက်ကစားခြင်း)ကို အာရှ တွင် ရိုက်လေ့မရှိဟုသိရသည်။

မြန် မာအားကစားသမား ဂေါက်ချန်ပီယံ တစ်ဦးဖြစ်သူ ဦးချန်းဟန်က ”အာရှ ဖက်ဆိုလို့ ထိုင်း၊ ရှန်ဟိုင်းနဲ့ ဒူဘိုင်း ပဲ လာကစားဖူးတဲ့ တိုက်ဂါးနဲ့ ဒီလို ရိုက်ခွင့်ရတဲ့ မြန်မာတွေအတွက်ဂုဏ် ယူပါတယ်။ ပြီးခဲ့တဲ့ သြစတြေးလျ အိုးပင်းဂေါက်ဖ် ပြိုင်ပွဲမှာ တိုက်ဂါးက ရှေ့နှစ်ရက်မှာ ထိပ်ဆုံးက ဦးဆောင်   နေခဲ့ပြီး နောက်ဆုံးရက် (၁၃-၁၁-၁၁)မှာ တတိယနဲ့ ဗိုလ်စွဲခဲ့တော့ လက်ပြန်တက်လာတယ် ခေါ်ရမှာ ပေါ့။ ခု ငါးလအတွင်းမှာ သူ့လက်က ဒါ အကောင်းဆုံးပဲ။ ဒီပုံ အတိုင်းဆို ရင် အနာဂတ်မှာ တိုက်ဂါးပြန်ဖြစ်နိုင် ခြေရှိပါတယ်။ လူတိုင်းက တွဲရိုက် ချင်ကြတဲ့ တိုက်ဂါးက ကျွန်တော် တို့ ဂေါက်ဖ် အခေါ် short making အမျိုးစုံ ရိုက်ပြနိုင်ခဲ့သူပါ။ လုပ်  Ball Control နိုင်တာမှာလည်း အားသာခဲ့တာပဲ”ဟု ပြောသည်။ 

Wednesday, November 16, 2011

A new era for Myanmar ဘာသာပြန်

  
ဇော်ဌေး

အခုအပတ် ဘာလီမှာ သမ္မတ အိုဘားမားဟာ အာဆီယံ အဖွဲ့ဝင် သူ့ရဲ့ လုပ်ဖော် ကိုင်ဘက်တွေနဲ့ တွေ့တဲ့အခါ အစီအစဉ် အသစ်၊ လုပ်ငန်း အသစ်တွေ ချပြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဝါရှင်တန်က အာရှ-ပစိဖိတ် ဒေသဟာ ၂၁ ရာစုမှာ အရေးပါတယ် ဆိုတာ အသိအမှတ် ပြုထားပြီး ဒီဒေသမှာ အမေရိကန် ဆက်ပြီး ရှိနေဖို့ ဆုံးဖြတ်ထားတယ် ဆိုတာကိုလည်း ရှင်းရှင်း လင်းလင်း ပြောခဲ့ပြီး ဖြစ်ပါတယ်။ 
 
မြန်မာဘက်ကတော့ အစိုးရ အပြောင်းအလဲ မဖြစ်ပေမယ့် တော်လှန်ရေး အတော်များများနဲ့ ကြုံခဲ့ရတယ်။ ဘာလင်တံတိုင်း ပြိုလဲမှု နောက်ဆက်တွဲ ဖြစ်ရပ်တွေ၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွေလည်း ပါတယ်။ ၂၀၁၀ မှာတော့ ရွေးကောက်ပွဲကို ကျင်းပ နိုင်ခဲ့တယ်။ မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေကို အရှေ့ အလယ်ပိုင်းက အုံကြွမှုတွေနဲ့ နှိုင်းယှဉ် ပြောနေလို့ မရပါဘူး။ မြန်မာနိုင်ငံက အာရပ်ကမ္ဘာက အဖြစ်တွေကို ကျော်လွှား ခဲ့ပြီးပါပြီ။ 
 
မြန်မာ့နိုင်ငံရေး လမ်းကြောင်းက ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက် အတိုင်း ချိတ်ဆက်ဖြစ်ပေါ် နေတာပါ။ အမေရိကန်နဲ့ အနောက် နိုင်ငံတွေက နားလည် သင့်တာက ကျွန်တော်တို့ သမ္မတဟာ ခိုင်မာတဲ့ ပြုပြင် ပြောင်းလဲရေးသမား ဖြစ်ပြီး မြန်မာနိုင်ငံက အာဆီယံ ဥက္ကဌ ရထားကို ရယူမယ့် ကိစ္စဟာ အဲဒီ အပြောင်းအလဲ တွေကို ပိုပြီး မြန်ဆန်စေမှာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတက နိုင်ငံတကာ အသိုင်းအဝန်းက ချပြလိုက်တဲ့ သူ့ရဲ့ လမ်းပြမြေပုံလည်း ဖြစ်ပါတယ်။ အမေရိကန် အနေနဲ့ မြန်မာ့ နိုင်ငံရေးဟာ တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲသွားမယ် ဆိုတာကို လက်ခံဖို့ လိုပါတယ်။ ပြောင်းလဲမှုတိုင်းဟာ ပကတိ အရှိတရား၊ တည်ငြိမ်ဖို့ လိုအပ်ချက်နှင့် စနစ်တကျ ရှိမှုတွေ အခြေခံပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာက မျှော်လင့်နေတဲ့ လူမှု အသိုင်းအဝန်းသစ်ကို တည်ဆောက် နေသလို တစ်ဖက်ကလည်း စနစ်ဟောင်းကြီးကို ပြင်ဆင်ဖို့ လုပ်နေရတယ်။ ဒါဟာ အရှေ့တောင် အာရှရဲ့ နိုင်ငံရေး ပြဇာတ် တစ်ပုဒ်လည်း ဖြစ်တယ်။ 
 
သမ္မတ ဦးသိန်းစိန်ဟာ အောက်ခြေ လူတန်းစားတွေ၊ လူလတ်တန်းစားတွေ၊ တိုင်းရင်းသား လူနည်းစုတွေ အပါအ၀င် နိုင်ငံရဲ့ မျှော်လင့်ချက် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း မီဒီယာတွေကို သမ္မတဟာ ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် အမှန်တကယ် လိုလားတယ်လို့ သူယုံကြည်တဲ့ အကြောင်း ပြောပြခဲ့တယ်။ ဒါပေမယ့် သူဟာ ခေတ်သစ်ကို သွားဖို့အတွက် နိုင်ငံတကာရဲ့ အခိုင်အမာ အားပေး ထောက်ခံမှု ရရှိဖို့ လိုပါတယ်။ ၀ါရှင်တန်နဲ့ ကျန်တဲ့ သူတွေဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီ နိုင်ငံအဖြစ် မြင်ချင်တယ် ဆိုရင် သူတို့ရဲ့ နှစ်လမ်းသွား မူဝါဒ (ထိတွေ့မှုနှင့် ပိတ်ဆို့ရေး နည်းလမ်းနှစ်သွယ် တစ်ပြိုင်တည်း ကျင့်သုံးမှုကို ရည်ညွှန်းပါသည်။ ဘာသာပြန်သူ) ကို ပြောင်းလဲဖို့ လိုနေပါပြီ။ 

A new era for Myanmar

When President Obama sees his counterparts among the Association of Southeast Asian Nations this week in Bali, he is expected to advance a number of major initiatives. Washington has made clear the Asia-Pacific region’s importance to the 21st century and its dedication to an enduring U.S. presence there. 
 


For its part, Myanmar has weathered numerous revolutions without regime change, including the “first wave,” after the fall of the Berlin Wall; the Saffron revolution in 2007; and multi-party elections in November 2010. The political situation in Myanmar cannot be compared with the uprisings in the Middle East because Myanmar itself overcame uprisings like those changing the Arab world.
 
Myanmar’s path is intricately tied to the needs of our country. Washington and the West need to understand that our president is a strong political reformer and that our proposal for Myanmar to assume the chairmanship of ASEAN in 2014 would accelerate the process. This is my president’s political road map for the international community. The United States must recognize that Myanmar’s politics will transform in steps. Every change must be based on reality, stability and systematic process. Myanmar must focus on overhauling the old system while building the society the international community has long hoped for. This is the political drama in Southeast Asia.
President Thein Sein is the hope of our entire nation, including ethnic minorities, people in the grass roots and the middle class. Aung San Suu Kyi said in an interview with local journalists that she believes President Thein Sein “is very genuine in his desire for the process of democratization.” But he needs strong support from the international community to usher in a new era. Washington and others must change their dual-track policy toward Myanmar if they want it to become a democratic country as measured by their values and norms. 
 
In the short term, Myanmar needs aid and trade, direct foreign investment and business opportunities. Financial sanctions must be lifted and upgrades made to public education and the health-care sector. Efforts must be made to develop the overall economy. If Myanmar does not overcome these battles, it cannot evolve in ways that would be a win for our people and the outside world.

မြစ်ကြီးနား ဗလမင်းထင်တံတားအနီး KIA ဗုံးခွဲပြန်

ဗလမင်းထင်တံတားကို google earth မှမြင်တွေ့ရပုံ

 ကေအိုင်အေတပ်တွေအနေနဲ့ ထိခိုက်ကျဆုံး ဒဏ်ရာရတာတွေများနေလို့ လက်စားချေတဲ့အနေနဲ့ မြစ်ကြီးနားမြို့ပေါ်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ဖေါက်ခွဲမှုတွေ ပိုမိုပြုလုပ်လျက်ရှိပါတယ် ။နိုဝင်ဘာ ၁၅ ရက်နေ့ကမြစ်ကြီးနားဗလမင်းထင် တံတား မြစ်ကြီးနားဝိုင်းမော်သွားကားလမ်းရဲ့ ညာဘက် ၁၀ပေခန့်အကွာမှာ မိုင်း တစ်လုံးပေါက်ကွဲခဲ့ပါတယ် ။ ပေါက်ကွဲမှုကြောင့် ဘီးခွန်ကောက်ခံသည့်နေရာ၏ ညာဘက် လူနေအဆောက်အဦတစ်လုံးပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရပါတယ် ။



" မိုင်းကွဲတာ ကျွန်မတို့ ဘီးခွန်ကောက်ခံနေသူတွေနဲ့ တံတားဖြတ်သန်းခကောက်ခံတဲ့သူတွေနေတဲ့ အိပ်ဆောင်မှာဖြစ်ခဲ့တာပါ ဖြစ်တာကည နာရီအချိန်လောက်မှာပါ ။လူတွေနဲ့ တိရိစ္ဆာန်တွေ ထိခိုက်မှုမရှိပါဘူး လူတွေမထိလို့တော်သေးတယ်လို့ပြောရမှာပါ ကျွန်မတို့နေတဲ့အဆောက်အဦကတော့ ဆယ်ပေ ပတ်လည်လောက် ပျက်သွားပါတယ် အနက် ခြောက်ပေလောက်ရှိတဲ့ ကျင်းတစ်ကျင်းလဲဖြစ်သွားပါတယ် " လို့တံတားဖြတ်သန်းခတွေကောက်ခံနေတဲ့ မသင်ဇာကျော်က ပြောပြပါတယ်။
 
နိုဝင်ဘာ ၁၄ ရက်နေ့ကလဲ ၀ိုင်းမော်မြို့နယ်မှာရှိတဲ့ ဆီနီခူးကျေးရွာနဲ့ မလိယန်ကျေးရွာအကြားမှာရှိတဲ့ နမ့်မလိချောင်းကူး တံတားကို KIA တပ်ရင်း(၄) အဖွဲ့ကမိုင်းထောင်ဖောက်ခွဲခဲ့လို့ မော်တော်ယာဉ်တွေလုံးဝ သွားလို့ မရဘူးဖြစ်နေပါတယ်။ ရွှေဘို-မြစ်ကြီးနားသွားတဲ့လမ်းမှာရှိတဲ့ ဆည်မြောင်းကူးပျဉ်ခင်းတံတား တစ်ခုကိုလဲနိုဝင်ဘာ (၁၅)ရက်နေ့မှာ ဖောက်ခွဲ ဖျက်ဆီးခဲပါတယ်။တံတားတွေ ဖျက်ဆီးနေသလို ရထားသံလမ်း ဖျက်ဆီးဖောက်ခွဲမှုတွေလဲများပြားနေပါတယ်။ နမ္မားနဲ့မြို့သစ်ကလေးရွာအကြားမှာရှိတဲ့ ရထားသံလမ်းကို နိုဝင်ဘာ(၁၅)ရက်နေ့ မနက်(၃)နာရီမှာ မိုင်းခွဲလိုက်ပါတယ်။ မိုးညှင်းမြို့ မီးရတားအဖွဲ့ကနေသွားရောက်ပြင်ဆင်လိုက်လို့ ခရီးသွားလာမှုအခက်အခဲမရှိ ခဲ့ကြောင်းသိရပါတယ်။

Tuesday, November 15, 2011

မြန်မာ - အရှေ့ တီမော ဘောလုံးပွဲ Highlights ( 1 - 0 )

၂၆ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အသက် ၂၃ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) အုပ်စုနောက်ဆုံး ပွဲစဉ်တစ်ပွဲ အဖြစ် နိုဝင်ဘာလ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် ၃ နာရီ ၃၀ မိနစ်က မြန်မာအသင်းနှင့် အရှေ့တီမော အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ပွဲချိန် ၃၄ မိနစ်တွင် မိုင်းအိုက်နိုင် သွင်းယူခဲ့သည့် တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အရှေ့တီမော အသင်းကို အနိုင်ရရှိခဲ့သည့် ပွဲ၏ Highlights ဖြစ်ပါသည် ။



အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို နိုဝင်ဘာ ၁၉ ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရှိရပါသည် ။

KIAက ရွာသားများကိုဖမ်းဆီးခေါ်ဆောင်သွားပြန်


မြစ်ကြီးနား  နိုဝင်ဘာ ၁၅
            ကချင်လွတ်မြောက်ရေးတပ်မတော် KIA အနေနဲ့ အခုရက်ပိုင်းအတွင်းမှာအကျအဆုံးတွေများပြား နေပါတယ်။စစ်ရေး အရ ဆုံးရှုံးမှုတွေများနေသလို မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ ပြည်သူလူထုတွေ၊ကချင်လူမျိုး စုခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်း ဆောင်တွေနဲ့ ကချင်ပြည်နယ်ကိုယ်စားလှယ်တွေရဲ့ ငြိမ်းချမ်းရေး လုပ်ရန်တောင်းဆိုချက်တွေနဲ့လဲရင်ဆိုင်နေရပါတယ်။ ကချင် ပြည်နယ်လူထုရဲ့ထောက်ခံမှုတွေကျဆင်းပြီး KIA ကို အကြမ်းဖက်လုပ်ရပ်တွေရပ်တန့်ဖို့ တောင်းဆိုခြင်းနဲ့လဲ ရင်ဆိုင်နေရပါ တယ်။ 
 
KIA တပ်တွေအနေနဲ့ ၀င်ငွေကောင်းတဲ့စခန်းတွေ၊ ဂိတ်တွေလက်လွှတ်ဆုံးရှုံးရပြီးတဲ့နောက်မှာ ငွေရရှိဖို့အတွက်နည်း လမ်းမျိုးစုံကိုအသုံးပြုနေပါတယ်။ ကေအိုင်အေအဖွဲ့တပ်ရင်း(၅)ကတပ်ကြပ်ကြီးမရန်နော်နဲ့ အဖွဲ့ဝင်(၂၀)ဦးဟာ နိုဝင်ဘာလ(၁၄) ရက်နေ့မှာ ရွှေကူမြို့နယ်၊ မိုးလှိုင်ကျေးရွာရဲ့မြောက်ဘက်မှာရှိတဲ့ နန့်မလယန်ချောင်းကိုရောက်ရှိလာပြီး ရွှေရှာဖွေလုပ်ကိုင်စား သောက်နေတဲ့ ရွာသူ၊ရွာသား(၇)ဦး ကိုဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။

အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတဲ့ရွာသားတွေကတော့-
၁။ ဦးပန်းဦး အမှတ်(၂)ရပ်ကွက်၊ ရွှေကူမြို့    ၄၅ နှစ် ။
၂။ ဦးအောင်ကြိုင် အမှတ်(၂)ရပ်ကွက်၊ ရွှေကူမြို့ ၄၂ နှစ် ။
၃။ ဥိးဒါဝိ အမှတ်(၄)ရပ်ကွက်၊ ရွှေကူမြို့   ၄၆ နှစ် ။
၎။ ဦးရှမ်းလေး မိုးလှိုင်ကျေးရွာ၊ ရွှေကူမြို့  ၄၄ နှစ် ။
၅။ ဦးလွယ်တောင် မိုးလှိုင်ကျေးရွာ၊ ရွှေကူမြို့  ၃၇ နှစ် ။
၆။ ဦးသိန်းစိုးဦး ကုက္ကိုတောရပ်ကွက် ၊ ဗန်းမော်မြို့ ၃၅ နှစ် ။
၇။ မနန်းသန်းသန်းအေး ၊ မိုးလှိုင်ကျေးရွာ ၊ ရွှေကူမြို့  ၂၀ နှစ် ။
ဖမ်းဆီးခံရတဲ့မိသားစုတွေအနေနဲ့ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ကချင်အတိုင်ပင်ခံအဖွဲ့ရဲ့နာယကဖြစ်တဲ့ ဒေါ်အင်ဖန်း ဂျာရာနဲ့ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့ထံ စာရေးသားတိုင်ကြားထားပါတယ်။ ငွေကြေးရဖို့ အတွက် ပြန်ပေးဆွဲတဲ့သဘောမျိုးလား၊ ဒါမှမဟုတ်စစ်ပွဲတွေမှာ စစ်သားအဖြစ်အသုံးပြုဖို့လားဆိုတာကို တော့ခွဲခွဲခြားခြားမသိရသေးပါဘူး။ အသက်(၂၀)သာရှိသေးတဲ့ ရှမ်းလူမျိုးနန်းသန်းသန်းအေးအတွက် သူ့ရဲ့မိခင်အနေနဲ့ တော်တော်ကြီးကို စိုးရိမ်နေတယ်လို့သိရပါတယ်။

မန္တလေးတွင် သံဃာ ၅ ပါးခန့်ဆန္ဒပြမှုဖြစ်ပွား ဘုရားဖူးများနှင့် ဒေသခံများစိတ်ပျက်



မြန်မာနိုင်ငံ၏ အထင်ရှားဆုံးသော ဘုရားစေတီများတွင် တစ်ခု အပါအဝင် ဖြစ်သော မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီးဝင်း မဟာဗုဒ္ဓဝင် ဗိမ္မာန်တော်ကြီးတွင် နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်၍ သံဃာ ၅ ပါး ခန့်က ဆန္ဒပြနေကြောင်း သိရှိရပါသည် ။

ဆန္ဒပြနေသော သံဃာများက အချက်လေးချက်ကိုသာသနာ့ဗိမ္မာန်လက်ရမ်းနေရာတွင် ချိတ်ဆွဲ တောင်းဆိုထားပြီး၎င်းတို့မှာ

၁။ မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ (Peace Here Right Now)
၂။ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ် (Free All Political Prisoners)
၃။ လွတ်လပ်မှုကိုပေးပါ (We Want Freedom)
၎။ ပြည်တွင်းစစ် ချက်ချင်းရပ် (Stop Civil War Now) တို့ဖြစ်သည်။

တံမြက်စီးဇောက်ထိုးနှင့် ဆန္ဒပြသံဃာများ

  မန္တလေးတိုင်း သံဃာ့နာယကအဖွဲ့မှ  မြတောင်ကျောင်း ဆရာတော်နှင့် မစိုးရိမ်ကျောင်း ဆရာတော်တို့က  ဝင်ရောက် ညှိနှိုင်းလျက် ရှိကြောင်းလည်းသိရပါသည် ။

လှည့်ကြည့်မည့်သူတောင်မရှိ

စိတ်ပျက်ထွက်ခွာ


"ကိုယ်တော်တွေ ကခပ်ငယ်ငယ်တွေပါပဲ ဘုရားကြီးနားမှာလာလုပ်တာ သိပ်စိတ်ပျက်ဘို့ကောင်းတယ် ၊ သူတို့လုပ်တာအရေးမကြီးဘူး အနယ်နယ်အရပ်ရပ်ကလာတဲ့ဘုရားဖူးတွေ စိတ်အနှောက်အယှက်ဖြစ်ရတယ် ၊ သိပ်လဲစိတ်မ၀င်စားပါဘူး စကာစကတော့ လူနည်းနည်းရှိတယ် ခုတော့ ဘယ်သူမှမရှိသလောက်ပါဘဲ "

"အစိုးရကနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဘို့ အစီအစဉ်ရှိရင်တောင် သူတို့လုပ်တာနဲ့ နောက်ရွေ့သွားဘို့ရှိတယ် အစိုးရက နိုင်ငံခြားမှာရောက်နေတဲ့သူတွေပြန်လာဘို့ ဖွင့်ပေးလိုက်လို့ ပြန်လာတဲ့အထဲက ကိုယ်တော်တစ်ပါးက ခေါင်းဆောင်တယ်ပြောပါတယ် ၊ အရင် RFA ရေဒီယိုမှာ အသံလွှင့်နေတဲ့ ဘုန်းကြီးဆိုလားပဲ ဦးမာဃဆိုလား ဦးသောပါက ဆိုလားပဲ သူဦးဆောင်လုပ်တာ ။" ဟုအဆိုပါနေရာသို့ရောက်ရှိနေသူ မန္တလေးဒေသခံတစ်ဦးက Voice Of Myanmar ကိုပြောကြားပါသည် ။

Monday, November 14, 2011

မြစ်ကြီးနားမြို့ပေါ်တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး လူအများအပြား သေဆုံး/ဒဏ်ရာရရှိ


 မြစ်ကြီးနားမြို့ပေါ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော်ရဲ့ လျှို့ဝှက်ခဲယမ်းမီးကျောက်များ သိုလှောင်ထား တဲ့ အိမ်မှာ ယနေ့ညတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်ရဲ့ အမိန့်အရ မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရဌာနဆိုင်ရာ အဆောက် အဦးများကို အရှိန်မြှင့်ဖောက်ခွဲဖို့အတွက် မြို့ပေါ် ရှိပြည်သူ့ စစ်မှုထမ်းများ လျှို့ဝှက်စွာ သိမ်းဆည်း ထားတဲ့ ခဲယမ်းများ သိုလှောင် ရာ စီတာပူ ရပ်ကွက်အနီး ကားကြီးဝင်းနားမှာရှိတဲ့ အိမ်တစ် အိမ်မှာ ယနေ့ည ၈း၄၅ ခန့်က ပြင်းထန်စွာ ပေါက်ကွဲ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ စီတာပူရပ်ကွက်ဟာ ကချင်လူမျိုးအများစုနေထိုင်ပြီး ယခုပေါက်ကွဲမှုဖြစ်ပွားတဲ့ အိမ်ဟာ ယခင်က ကချင်လွတ်မြောက်ရေး တပ်မတော် ဆက်ဆံရေးရုံးနဲ့ မလှမ်းမကမ်းမှာ ရှိနေပါတယ်။ 
မျက်မြင်တွေရဲ့ ပြောကြားချက်အရ  “ ၀ုန်း ”ဆို ပေါက်ကွဲမှု ဖြစ်ပွားပြီးတော့ ဆက်တိုက်ဆက်တိုက် ပေါက်ကွဲသံတွေကို ကြားရကြောင်းနဲ့ အဲဒီအိမ်ကို မီးစလောင်ပြီး ပေါက်ကွဲမှုတွေဖြစ်နေလို့ ဘယ်သူမှ အနားမကပ်ရဲဘဲ မီးညွန့်အားကောင်းလာကာ ဘေးအိမ်တွေကို ဆက်ပြီးတော့ ည ၁၁ နာရီအထိ မီးလောင်နေတာ ကို မြင်တွေ့ရကြောင်း၊ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကချင်ကလေးငယ် ၂ ဦးနဲ့ ကချင်ယောင်္ကျား ၅ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၈ ဦး အလောင်းတွေကိုတွေ့ရှိရပြီး အနီးပတ်ဝန်းကျင်မှာရှိတဲ့ လူ ၂၀ ခန့် ဒဏ်ရာရရှိသွားကြောင်း မျက်မြင်တွေက ပြောကြပါတယ်။ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးကို မီးလောင်ဒဏ်ရာ၊ မိုင်းစမှန်ဒဏ်ရာများနဲ့ ကချင်လူမျိုး ကလေးငယ် ၂၀ ဦးရောက်ရှိလာကြောင်းနဲ့ ဒဏ်ရာရသူအများစုက ကလေးငယ်တွေဖြစ်တယ်လို့ အမည်မဖော်လိုသူ ဆေးရုံတာဝန်ကျတစ်ဦးက ပြောကြားပါတယ်။

Sunday, November 13, 2011

မြန်မာ - ဖိလစ်ပိုင်ဘောလုံးပွဲ Highlights ( 5 - 0 )


နှစ်ဘက်လက်ခံနိုင်ဘွယ်အရေးအသားများဖြင့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သမ္မတထံပေးပို့သော ဒုတိယမြောက် အိတ်ဖွင့်ပေးစာ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်- နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်က မေတ္တာရပ်ခံ တင်ပြသည့် အိတ်ဖွင့် စာတစ်စောင်ကို ယနေ့ရက်စွဲဖြင့်(၂၀၁၁ ခု နိုဝင်ဘာလ ၁၂ ရက် ) ပေးပို့ခဲ့သည်။ အဆိုပါ အိတ်ဖွင့်စာ အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်သည်-

အသေးစိတ်ဖတ်ရှုနိုင်ရန်ပုံပေါ်သို့နှိပ်ပါ
 
သံတမန်ဟောင်းကြီးများဖြင့်ဖွဲ့စည်းထားသော မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ မေတ္တာ ရပ်ခံစာသည် နှစ်ဘက်လက်ခံနိုင်ဘွယ်သောအသုံးအနှုန်းများကို ဂရုတစ်စိုက်ရွေးချယ်သုံးနှုံးထားလေ၏ ။ မေတ္တာရပ်ခံစာဟူသည့်အမည်နှင်လိုက်လျောညီထွေစွာပင် မိမိတောင်းဆိုလိုသည်ကို တစ်ဘက်ကလိုက်လျောချင်ဘွယ်ဖြစ်အောင် မေတ္တာအရင်းခံ၍ တစ်ဘက်၏အတ္တမာနကို မထိခိုက်စေပဲ တောင်းဆို၏ ဤသည်ကို နိုင်ငံတော်အစိုးရမှ လက်ခံသဘောကျ၍သာ အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြထားခြင်းဖြစ်နိုင်၏ ။

"သမ္မတက ဘာလို့ဒီလောက်တွန့်တိုနေရတာလဲ သူ့အိပ်ထဲက စိုက်ပေးရတာလဲမဟုတ်ဘဲနဲ့ " ဆိုသော ထောင်ထွက်ဂတုံး ဇာဂနာ၏ တောင်းဆိုပုံစကားနှင့်အကွာကြီးကွာ၏ ၊ မြစ်ဆုံရပ်လိုက်လို့ နှုတ်ခမ်းမွှေးရိတ်လိုက်ပြီ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်လာရင် ဆံပင်ပါညှပ်မယ် ဟူသောအရူး မောင်ကျော်သူ၏ စကားနှင့်လည်း အကွာကြီးကွာပြန်လေ၏ တစ်ဖန် နိုင်ငံရေး လုပ်တတ်လှပါပြီဆိုပြီး သူတို့ကိုယ်သူတို့ ၀ါရင့်နိုင်ငံရေးသမားကြီး များအမည်ခံထားသူများ ၊ ပြည်တွင်းပြည်ပမှ မြန်မာအတိုက်အခံဆိုသူများ၏ တောင်းဆိုပုံများနှင့်လည်း ကွာခြားလှပါပေ၏ ။

ရိုးသားဖြောင့်မတ်မှန်ကန်သောနိုင်ငံရေးသဘောထားဖြင့် ဝိုင်းဝန်းတည်ဆောက်ကြပါစို့

(အစိုးရအဖွဲ့အတွင်း သဘောထားပျော့ပျောင်းသူ အုပ်စုနှင့် သဘောထားတင်းမာသူအုပ်စု ဟူ၍ အုပ်စု ၂ စု ကွဲပြားနေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် အစိုးရသတင်းစာတွင် ဖေါ်ပြလာသော ငါးမင်းဆွေ၏ ဆောင်းပါးဖြစ် သည် ၊ ဆောင်းပါးရှင်ငါးမင်းဆွေသည် ဒေါ်စုကြည် လွတ်လာပြီးနောက်ပိုင်းတွင် ဒေါ်စုကြည်အား ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့သည့်ဆောင်းပါးများကိုရေး သားခဲ့သူဖြစ်သည် ။)

ယခုတလော ပြည်ပအသံလွှင့် ဌာနတို့က မြန်မာ့နိုင်ငံရေး လောကတွင် သဘောထား တင်းမာသူ (Hard Liner) များနှင့် သဘောထား ပျော့ပျောင်းသူ(Soft Liner)များဟူ၍ နှစ်ဖွဲ့ရှိနေကြောင်း၊ မည်သည့် ပုဂ္ဂိုလ်တို့သည် သဘောထား တင်းမာသူများ ဖြစ်ကြောင်း၊ မည်သည့်ပုဂ္ဂိုလ်တို့သည် သဘောထား ပျော့ပျောင်းသူများဖြစ်ကြောင်း အမည်နာမနှင့်တကွ ပြောဆို လာကြသည်။ သဘောထား တင်းမာသူကို သဘောထားမှားယွင်းသူ၊ သဘောထားပျော့ပျောင်းသူကို သဘောထား မှန်ကန်သူဟု မီဒီယာများက ရှုမြင်ဇောင်းပေး ရေးသားလေ့ရှိကြပါသည်။
 
ပါလီမန် ဒီမိုကရေစီ နိုင်ငံရေးခေတ်က သန့်ရှင်း ဖဆပလ ခေါင်းဆောင် ဦးနုအား သဘောထား ပျော့ပျောင်းသူဟု ရှုမြင်ခဲ့ကြသည်။ ဦးနုသည် မဲဆန္ဒရှင် အများစုဖြစ်သော ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူတို့၏ ထောက်ခံမှုကို ရရှိစေရန် မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ နိုင်ငံအဖြစ် သတ်မှတ်ပေးမည်ဟု ပြောဆိုခဲ့သည်။ ထိုသို့ ပြောဆိုခဲ့ခြင်းကြောင့် ပြည်သူလူထု အများစုက ဦးနုကို ထောက်ခံခဲ့ကြသည်။ ပမညတ ခေါင်းဆောင် ဦးသိန်းဖေမြင့်က မြန်မာနိုင်ငံ ကို ဗုဒ္ဓဘာသာနိုင်ငံအဖြစ် သတ်မှတ်ခြင်းသည် အခြားဘာသာများ ကိုးကွယ် သော တိုင်းရင်းသားတို့နှင့် ပဋိပက္ခဖြစ်ပေါ်စေပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ထိခိုက်စေခြင်းကြောင့် မြန်မာနိုင်ငံအား ဗုဒ္ဓဘာသာနိုင်ငံ အဖြစ် သတ်မှတ်ခြင်းကို လက်မခံခဲ့ပါ။ ထိုစဉ်က ဦးသိန်းဖေမြင့်ကို သဘော ထားတင်းမာသူ အဖြစ်သတ်မှတ်ပြီး ပြည်သူအများစုက ထောက်ခံမှု မပေးခဲ့ကြပါ။ စာရေးဆရာကြီး ဦးသိန်းဖေမြင့်သည် သာသနာ တည်တံ့သန့်ရှင်းရန် ရည်ရွယ်ပြီး ''တက်ဘုန်းကြီး'' ဝတ္ထုကို ရေးသားခဲ့သောကြောင့် ရဟန်းရှင် လူအများစုက ဆရာကြီး ဦးသိန်းဖေမြင့်ကို မုန်းတီးခဲ့ကြသည်။ ရွေးကောက်ပွဲတွင် ဦးနုခေါင်းဆောင်သော သန့်ရှင်း ဖဆပလပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ဦးသိန်းဖေမြင့် ခေါင်းဆောင်သော ပမညတ ပါတီသည် အကြီးအကျယ် ရှုံးနိမ့်ခဲ့ပါသည်။
 
ဦးနု၏ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံအဖြစ် သတ်မှတ်ပေးမည် ဆိုသော ပြောကြားချက်ကြောင့် ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြသော ကချင် တိုင်းရင်းသားအချို့ လက်နက်ကိုင် တောခိုသွားခဲ့ကြသည်။ သို့အတွက် ကြောင့် ကချင်တိုင်းရင်းသားတို့၏ လက်နက်ကိုင်သောင်းကျန်းမှု စတင် ပေါ်ပေါက်ခဲ့ရသည်။ ဤဖြစ်ရပ်ကြောင့် တိုင်းရင်းသား ပြည်သူတို့၏ အသက် အိုးအိမ်များစွာ ဆုံးရှုံးခဲ့ရသည်မှာ ယနေ့ထိတိုင်အောင် ဖြစ်ပါသည်။ ဤဖြစ်ရပ်ကို ကြည့်လျှင် သဘောထား ပျော့ပျောင်းသည်ဟု ထင်မှတ်ခဲ့သော ဦးနု၏ နိုင်ငံရေး သဘောထား လုပ်ဆောင်မှုသည် မှန်ကန်ခြင်းမရှိခဲ့ပါ။ သဘောထား တင်းမာသည်ဟု ထင်မှတ်ခံခဲ့ရသော ဦးသိန်းဖေမြင့်၏ နိုင်ငံရေး သဘောထား လုပ်ဆောင်မှုသည် ရိုးသား ဖြောင့်မတ်မှန်ကန်သည်ဟု အသေအချာ ပြောဆိုနိုင်ပါသည်။
 
ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသိန်းဖေမြင့်နှင့် သခင်သန်းထွန်းတို့သည် လွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင် ဗမာပြည် ကွန်မြူနစ်ပါတီကို ဖွဲ့စည်းတည်ထောင် ခဲ့ကြသည်။ လွတ်လပ်ရေး ရပြီးသောအခါ သခင်သန်းထွန်းသည် ဗမာပြည် ကွန်မြူနစ်ပါတီ အာဏာရရှိစေရန် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ကျင့်သုံးခဲ့သည်။ ဦးသိန်းဖေမြင့်က ငြိမ်းချမ်းသော၊ အကြမ်း မဖက်သော နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးပမ်း လုပ်ကိုင်ခဲ့သည်။ သခင်သန်းထွန်း က ဦးသိန်းဖေမြင့်အား ရွှေပြည်အေး ကိုယ်တော်ဟု ခေါ်ဝေါ် သမုတ်ခဲ့သည်။ သခင်သန်းထွန်းသည် သဘောထား တင်းမာသော ကွန်မြူနစ်ဝါဒီဖြစ်ပြီး ဦးသိန်းဖေမြင့်သည် သဘောထား ပျော့ပျောင်းသော ကွန်မြူနစ်ဝါဒီဖြစ်သည်။ နောက်ဆုံးတွင် သခင်သန်းထွန်း၏ သဘောထားတင်းမာသော လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်သည် မအောင်မမြင်ဖြစ်ခဲ့ပြီး သခင်သန်းထွန်းသည် ပဲခူးရိုးမတောတွင်း တစ်နေရာတွင် တပည့်ဖြစ်သူ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထိုပြည်တွင်း သောင်းကျန်းမှုများကြောင့် နိုင်ငံနှင့်လူမျိုးလည်း များစွာအထိနာခဲ့ရသည်။ တင်းမာသော သဘောထားရှိသည့် သခင်သန်းထွန်း၏ နိုင်ငံရေး သဘောထားသည် ရိုးသားဖြောင့်မတ် မှန်ကန်ခြင်း မရှိခဲ့ပါ။ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ကျင့်သုံးသော သဘောထား ပျော့ပျောင်းသည့် ဦးသိန်းဖေမြင့်၏ နိုင်ငံရေး သဘောထားသည် ရိုးသားဖြောင့် မတ်မှန်ကန်ခဲ့သည်ကို ကျွန်တော်တို့ရှင်းလင်းစွာ တွေ့မြင်သင်ခန်းစာ ရခဲ့ကြပြီး ဖြစ်ပါသည်။

Tuesday, November 8, 2011

လွှတ်တော်အရေးတွေးမိသမျှ (၃)

ဒုတိယအကြိမ် ပြန်လည် ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးတွေ ရက်ပေါင်းငါးဆယ် နီးလာသလို အတော်လေးလည်း အသက်ဝင် လာပါတယ်။ ဥပဒေကြမ်း အတော်များများ အတည်ပြုနိုင်ခဲ့သလို ဥပဒေကြမ်း တစ်ချို့နဲ့ ပတ်သက်ပြီး အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကြားမှ သဘောထား ကွဲလွဲမှုတွေ ရှိလာလို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အတိုင်း ပြည်ထောင်စု လွှတ်တော်မှာ စုံညီထိုင်ပြီး ဆုံးဖြတ်ခဲ့ရတာ ကိုလည်း တွေ့ရပါတယ်။ 
 
နိုဝင်ဘာ ၂ ရက်နေ့ တုန်းကတော့ မြန်မာ့နိုင်ငံရေးကို စောင့်ကြည့်နေသူများ ကြားမှာရော၊ မီဒီယာ များမှာပါ အတော် ဂယက် ရိုက်သွားတဲ့ သတင်းတစ်ပုဒ် ပေါ်ထွက် လာပါတယ်။ အဲဒါကတော့ အောက်တိုဘာ ၂၈ ရက်နေ့ ပြည်ထောင်စု လွှတ်တော် နာယကလည်းဖြစ်၊ အမျိုးသားလွှတ်တော် ဥက္ကဌလည်း ဖြစ်တဲ့ ဦးခင်အောင်မြင့်က နာယက အနေနဲ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး ဒါမှမဟုတ် အတည်ပြုသည်ဟု မှတ်ယူရမယ့် ဥပဒေကြမ်းတွေကို သမ္မတ ဆီကို လက်မှတ်ထိုးဖို့ မပေးပို့မီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ တရားရုံးကို ပေးပို့ရန်ဆိုပြီး သူကိုယ်တိုင် အဆိုတင်ပြီး အပြန်အလှန် ဆွေးနွေးခွင့် မပေးဘဲ မဲခွဲခဲ့ပါတယ်။ 
 
နောက်ပိုင်းမှာ ပြည်သူ့လွှတ်တော် အမတ်တွေက ဒီလို ဆုံးဖြတ်မှုဟာ အခြေခံဥပဒေနဲ့ မညီဘူး ဆိုပြီး ကန့်ကွက်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တယ်။ အမျိုးသား လွှတ်တော်ကလည်း ထပ် အစည်းအဝေး ထိုင်ပြီး ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြု ခဲ့တဲ့ ထပ်အတည်ပြု ပြီးတဲ့နောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုကို ပြည်ထောင်စု လွှတ်တော်မှာ ပြန်ဆွေးနွေးဖို့ ဖြစ်လာပါတယ်။ ဖြစ်စဉ် အသေးစိတ် ကတော့ မီဒီယာတွေမှာ ပါပြီး ဖြစ်ပါတယ်။ 
 
ဒီဖြစ်စဉ်အပေါ် သုံးသပ်ချက် နှစ်မျိုး ထွက်လာပါတယ်။ ပထမ သုံးသပ်သူများ ကတော့ ဒါဟာ လွှတ်တော်တွေ တကယ် အသက်ဝင် လာတာကို ပြတာဖြစ်ပြီး မြန်မာနိုင်ငံ အသွင် ကူးပြောင်းရေး အတွက် အလားအလာ ကောင်းပဲလို့ ဆိုတယ်။ ဒုတိယ သုံးသပ်သူများ ကတော့ ဟိုတုံးက စစ်အစိုးရနဲ့ ပတ်သက်လာရင် ပြောလေ့ ရှိသလိုပဲ အကွဲအပြဲ ပုံစံခွက်ထဲ ထည့်ကြည့်ပြီး ဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့် အာဏာလုပွဲ၊ တနည်းပြောရရင် အပျော့နဲ့ အမာကြား အားပြိုင်ပွဲ အဖြစ် ပုံဖော်ကြည့်ကြသည်။ 
 
တကယ်တော့ အားပြိုင်ပွဲ ဖြစ်တယ် ဆိုရင်တောင် ဒီအားပြိုင်မှုဟာ လွှတ်တော်ဥက္ကဌ နှစ်ယောက်ကြား အားပြိုင်မှု မဟုတ်ဘဲ လွှတ်တော် နှစ်ရပ်မှာ ပါဝင်တဲ့ အမတ်များရဲ့ သဘောထား ကွဲလွဲမှုသာ ဖြစ်ပါတယ်။ ဒါဟာ လွှတ်တော် နှစ်ရပ်ရဲ့ သဘော သဘာဝ ကွာခြားမှုကြောင့် ဖြစ်တယ်လို့ လည်း ဆိုနိုင်ပါတယ်။ 
 
လွှတ်တော်နှစ်ရပ်ကို လုပ်ပိုင်ခွင့် အာဏာတန်းတူ ပေးထားတဲ့ စနစ်ကို အမေရိကန် အခြေခံဥပဒေမှာ စတင် ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ ၁၇၇၆ မှာအမေရိကန် နိုင်ငံ လွတ်လပ်ရေးရတော့ Articles of Confederation စာချုပ်အရ ကွန်ဖက် ဒရေးရှင်း ပုံစံနဲ့အုပ်ချုပ်ပြီး လွှတ်တော် တစ်ရပ်ပဲ ထားတယ်။ ပြီးတော့ ကွန်ဖက်ဒရေးရှင်း ပုံစံအတိုင်း ဗဟိုအစိုးရကို အာဏာ နည်းနည်းလေးပဲ ပေးထားတော့ ပြည်တွင်း ရေးရာရော၊ ပြည်ပရေးရာပါ ဘာမှလုပ်လို့ မရဘူး။ ပြည်နယ်ချင်း အငြင်းပွား ရင်လည်း ဗဟိုက ဖြေရှင်းပေးနိုင်တဲ့ အစွမ်း မရှိဘူး၊ ဗဟိုက ဥပဒေ ကိုလည်း ပြည်နယ်တွေက လိုက်နာချင်မှ လိုက်နာတယ်။ ဒါ့ကြောင့် ၁၇၈၇ မှာ အခြေခံဥပဒေ ရေးဆွဲရေး ညီလာခံ ပြန်လုပ်ပြီး အခု တွေ့နေရတဲ့ အခြေခံ ဥပဒေကို ဆွဲပါတယ်။ ဆွဲတဲ့အခါ ပြဿ နာလေးတွေရှိတယ်။ ပထမဆုံးပြဿနာက လူဦးရေကို အခြေခံပြီး ရွေးတဲ့ လွှတ်တော် တစ်ခုပဲရှိရင် လူဦးရေများတဲ့ ပြည်နယ် ကြီးတွေက လူဦးရေ နည်းတဲ့ ပြည်နယ်တွေကို လျစ်လျူရှုပြီး သူတို့ လုပ်ချင်ရာ လုပ်မှာ စိုးရိမ်တဲ့ ပြဿနာပါ။ နောက်ပြဿနာ ကတော့ အင်္ဂလိပ် လက်အောက်က လွတ်လပ်ရေး တိုက်ယူထားတဲ့ အမေရိကန် တွေက အင်္ဂလိပ် ပါလီမန် ပုံစံ အုပ်ချုပ်ရေးကို မကြိုက်ဘူး၊ နောက်ပြီး အင်္ဂလိပ် အထက်လွှတ်တော် House of Lords မှာ ရွေးချယ် မခံဘဲ သူကောင်းမျိုးတွေ အမတ် လုပ်တာမျိုး ကိုလည်း မလိုချင်ဘူး။ 

Monday, November 7, 2011

ဗုဒ္ဓစွယ်တော်မြတ် သမိုင်းအကျဉ်း

လူ့ဘ၀သည် ရခဲလှပါ၏။ လူ့ပြည်နှင့် နတ်ပြည်မှ အပ်နှစ်စင်းတို့ ထိပ်တိုက်တွေ့ရန်ထက် ခက်ခဲလှသည်ဟု ဆိုပါသည်။ ထို့ထက် ဗုဒ္ဓဘုရားရှင် ပွင့်တော်မူသော ကာလနှင့် ကြုံကြိုက်ရန် ပို၍ခဲယဉ်းလှပါသည်။ မြတ်စွာ ဘုရားရှင်နှင့် မကြုံကြိုက် သည့်တိုင် ဘုရားသာသနာ ထွန်းကားချိန်တွင် လူဖြစ်ရလျှင်ပင် လူဖြစ်ကျိုး နပ်လှပါသည်။ ယခုအခါ ထေရ၀ါဒ ဗုဒ္ဓသာသနာ အမွေအနှစ်နှင့် အလေ့အကျင့်တို့ ထိန်းသိမ်းတည်တံ့ ထွန်းကားရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့ ဗုဒ္ဓမြတ်စွယ်တော် သည် စတုတ္ထအချီ ဒေသစာရီ ကြွချီ လာပြီဖြစ်ပါသည် ။

နိုင်ငံတော် သမ္မတကြီး ၂၀၁၁ခုနှစ် မေလက သွားရောက်ခဲ့သော တရုတ်ပြည် ချစ်ကြည်ရေး ခရီးစဉ် အတွင်း မြန်မာပြည်သူများ အတွက် ပုဗ္ဗစေတနာ သဒ္ဓါထက်သန်စွာဖြင့် အစပျိုးစီစဉ်ခဲ့ခြင်း ဖြစ်သည်။ တရုတ်-မြန်မာ နှစ်ပြည်ထောင် ချစ်ကြည်ရေးကို အကြောင်းပြု၍ မိုင်ပေါင်း ရာထောင်ချီပြီး ဝေးကွာလှသည့် အရပ်မှ တန်ဆောင်တိုင် ခါတော်မီ ကြွချီလာမည့် မြတ်စွယ်တော်နှင့် ပတ်သက်၍ ကြိုတင်ကြည်ညို သဒ္ဓါပွားများ နိုင်ကြစေရန် ဤဆောင်းပါးဖြင့် ဓမ္မဒါနပြု တင်ပြအပ်ပါသည်။
 
သဗ္ဗညုတ ဉာဏ်တော်ရှင် ဗုဒ္ဓဘုရားသခင်၏ မြတ်စွယ်တော်ကို ကိုယ်တိုင်ဖူးမြော် ကြည်ညိုရသည့်အခါ သက်တော် ထင်ရှား သုံးလူ့ရှင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးအား စိတ်ဝယ်ထင်ထင် ယုံကြည်ကြိမ်ကြိမ် သဒ္ဓါရှိန်ဖြင့် အာရုံပြုနိုင်ရန်လည်း ရည်သန်ပါသည်။ မျိုးဆက်သစ် လူငယ် လူရွယ်များကိုလည်း ပထမ တစ်ကြိမ်ပင် ဖူးမြင်ရခြင်း ဖြစ်လင့်ကစား၊ အသိဉာဏ် ထက်မြက်သော အရွယ်တွင် ဗုဒ္ဓဂုဏ်တော်ကို နှလုံးသွင်း၍ နှလုံးသားဝယ် ဘုရားတည် နိုင်ကြစေရန်နှင့် ဗုဒ္ဓအဆုံးအမ (Buddha Thoughts) များကို နှလုံးသွင်း နိုင်ကြစေရန်လည်း ရည်သန်နှိုးဆော် အပ်ပါသည်။
 
ဗုဒ္ဓစွယ်တော်မြတ် သမိုင်းအကျဉ်း
လူ နတ် ဗြဟ္မာ သတ္တဝါ အပေါင်းတို့၏ ပူဇော်အထူးကို ခံယူတော် မူထိုက်သော ဗုဒ္ဓမြတ်စွာ ဘုရားသခင်သည် ၄၅ ၀ါပတ်လုံး လောက(၃)ပါးအား တရားဖြင့် စောင့်ရှောက်ပြီး နေစဉ် သက်တော် ၈၀ အရောက် ကဆုန် လပြည့်နေ့တွင် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့ပါသည်။ မြတ်စွာ ဘုရားပရိနိဗ္ဗာန် စံဝင်၍ တေဇောဓာတ်လောင် ကျွမ်းပြီးနောက် မကွဲမပြား တစ်သားတည်း တည်သော အသမ္ဘိဓာတ်တော်များ ဖြစ်သည့် စွယ်တော်လေးဆူ၊ ညှပ်ရိုးတော် နှစ်ဆူ၊ နဖူးသင်းကျစ်တော်တစ်ဆူ စုစုပေါင်း ခုနစ်ဆူနှင့် ဓာတ်တော်မွေတော်များ ကျန်ရစ်တော် မူခဲ့ပါသည်။
 
ကြွင်းကျန်ခဲ့သော စွယ်တော် အရွယ်ပမာဏမှာ ၁၉၅၉ ခုနှစ်တွင် ဆရာတော် ဦးအာလောက ရေးသားသော တစ်ဆယ့် ခြောက်ဌာန ဘုရားရှိခိုးတွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်-
- စွယ်တော်လုံးပတ်၊ မြဲ မှတ်ကြစေ၊ အချင်းထိပ်ဦး၊ ခြောက်မူးခန့်ပေ၊ နှစ်ကျပ်မူးယွန်း၊ အ၀န်းမှန်ပေ၊ အလျားမှတ်၊ နှစ်ကျပ်မတ်တင်းနေ။
- အမြစ်လုံးပတ်၊ ငါးမတ် ခန့်သာ၊ အောက်ထိပ် အမှူး၊ သုံးမူးပမာ၊ ရောင်ခြည်လောဟိ၊ နီဘိဖြူဝါ၊ နီဖန်များ၊ နည်းငြားဖြူအဝါ။
တေဇောဓာတ် လောင်ကျွမ်းသဖြင့် ရရှိလာသော ဓာတ်တော် မွေတော်များအား ရယူလိုသဖြင့် တိုင်းပြည်(၈)ပြည်ထောင်မှ ဘုရင်များ စစ်တပ်ချီ၍ စုဝေး ရောက်ရှိခဲ့ကြသည်။ မြတ်စွာဘုရားသခင်၏ ဓာတ်တော်များအား ငြိမ်းချမ်းစွာဖြင့် အညီအမျှ သုံးပုံစုပုံပြီး လူ့ပြည်၊ နဂါးပြည်၊ နတ်ပြည်တို့ ခွဲဝေယူခဲ့ကြသည်။ လူ့ပြည်အတွက် ဝေစုကို ရှင်ဘုရင် ရှစ်ပါးတို့ အညီအမျှ ထပ်မံခွဲဝေ ယူကြရာတွင် စွယ်တော် နှစ်ဆူလည်း ပါဝင်သည်။ ကျန်စွယ်တော် နှစ်ဆူမှာ နတ်ပြည်နှင့် နဂါးပြည်တို့သို့ ပင့်ဆောင်သွားခဲ့ကြကြောင်း မှတ်သားရ ပါသည်။ လူ့ပြည်ရှိ စွယ်တော် နှစ်ဆူအနက် တစ်ဆူမှာ သီရိလင်္ကာ နိုင်ငံသို့ ပင့်ဆောင်သွားခဲ့ပြီး ကျန်တစ်ဆူမှာ တရုတ်နိုင်ငံ လင်ကွမ်းကျောင်းတော်၌ မူရင်းအတိုင်း စံပယ်လျက် ရှိပါသည်။ သီရိလင်္ကာရှိ စွယ်တော်မှာ လက်ဝဲအောက်စွယ်တော် ဖြစ်ပြီး တရုတ်နိုင်ငံရှိ စွယ်တော်မှာ လက်ဝဲအထက် စွယ်တော် ဖြစ်ပါသည်။