xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: မှတပါး အခြားမရှိပြီ......

Friday, June 8, 2012

မှတပါး အခြားမရှိပြီ......

ကျွန်ုပ်ဤ ဘလော့ဆိုဒ်ကို တည်ထောင်ထားရခြင်းမှာ အများထင်သကဲ့သို့ အစိုးရကခိုင်း၍လည်းမဟုတ်ပါ ၊ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ရန်အတွက် ၊ ပြည်တွင်းပြည်ပ မီဒီယာများကို တိုက်ခိုက်ရန်အတွက်၊ အခြားလူပုဂ္ဂိုလ်တစ်ယောက်ယောက်ကို တိုက်ခိုက်ရန်အတွက်လည်းမဟုတ်ပါ ၊ အခြားနိုင်ငံတစ်ခုခုကြောင့်သော်လည်းကောင်း ၊ အဖွဲ့အစည်းတစ်ခုခုကြောင့်သော်လည်းကောင်း ၊လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကြောင့်သော်လည်းကောင်း ၊ မီဒီယာတစ်ခုခုကြောင့်သော်လည်းကောင်း ကျွန်ုပ်အသက်တစ်မျှချစ်သော အမိမြန်မာနိုင်ငံတော်ကြီးကို တိုင်းတပါးသြဇာခံဖြစ်မှာ ၊ မတည်မငြိမ်ဖြစ်မှာ စိုးရိမ်လှသောကြောင့် ထိုသို့ ဦးတည်လုပ်ဆောင်လာသည်ဟု ကျွန်ုပ်ထင်သော မည်သူ့ကိုမဆို ဆန့်ကျင်ရေးသားပါသည် ။

သို့ရာတွင် နှစ်ပေါင်းများစွာ အမိန့်ဖြင့် အုပ်ချုပ်လာသောစနစ်ဖြင့်ဖြတ်သန်းလာခဲ့ရသောကြောင့် ပြည်သူနှင့်အစိုးရသည် သီးခြားစီကွဲထွက်ပြီး ပဋိပက္ခအသွင်ကို ဆောင်နေခဲ့ပါသည် ၊ အလားပင်တူအစိုးရဘက်မှ ရပ်တည်ရန် တာဝန်ရှိသော တပ်မတော်နှင့် အစိုးရ၀န်ထမ်းများမှာလည်း ပြည်သူနှင့် ပဋိပက္ခအသွင် ဆောင်နေခဲ့ရပါသည် ၊ ထိုသို့သော အမိန့်ဖြင့်အုပ်ချုပ်ခဲ့သည့်စနစ်ကြောင့်ပင် တိုင်းပြည်မတိုးမတက်ဖြစ်ကာ ယခုအခြေအနေဆိုက်ရောက်ခဲ့ရကြောင်းကိုလည်း ကျွန်ုပ်အနေဖြင့် အငြင်းပွားရန်မရှိပါ ။

ထိုအကျိုးဆက်ကြောင့်ပင် သမ္မတကြီးဦးသိန်းစိန် အစိုးရတက်လာပြီးအချိန် အတော်ကြာသည့်တိုင်အောင်လည်း ထိုပဋိပက္ခအသွင်များသည် လျော့ပါး၍မသွားပါ ၊ အစိုးရကအလျော့ပေး လိုက်လျောလာသည်နှင့်အမျှ နှစ်ပေါင်းများစွာ မာန်လျော့ခဲ့ရသူများက တုန့်ပြန်ခွင့်ရသွားကာ အစိုးရကို ပြင်းပြင်းထန်ထန် တုန့်ပြန်ကြပါတော့သည်။

 ထိုသို့တုန့်ပြန်သည့်အထဲတွင် ပြည်သူ့အသံဖြစ်သော မီဒီယာများကလည်း ပြည်သူများဘက်မှနေကာ အစိုးရဘက်ကို တုန့်ပြန်မှုများအမှန်ပင်ရှိခဲ့ပါသည် ၊ ထိုတုန့်ပြန်မှုများကို သဘာဝကျသော ကိစ္စများအဖြစ်သာ ကျွန်ုပ်အနေဖြင့် မြင်ပါသည် ၊ နှစ်ပေါင်းများစွာ အမိန့်အာဏာဖြင့်အုပ်ချုပ်ခဲ့ရာမှ လွတ်မြောက်ခါစ ပြည်သူများအဖြစ်သာ မြင်ပါသည် ။

အစိုးရကလည်းပြည်သူကိုတစ်ဆင့်ပြီးတစ်ဆင့်အလျော့ပေးခဲ့သည်မှအပ ပြည်သူကို နားလည်ပေးနေသည်ကသာများပါသည် ၊ ယခင်အစိုးရများလက်ထက်ကသို့ (ချွင်းချက်အနည်းငယ်မှအပ)  ပြင်းပြင်းထန်ထန် တုန့်ပြန်သည်ဟု မရှိသလောက်ပင်ဖြစ်ခဲ့ပါသည် အဖမ်းအဆီးဟူ၍ မရှိသလောက်ပင်ဖြစ်ပါသည် ၊ယခုအချိန်တွင် အစိုးရသည် ပြည်သူကို ဒေသတွင်းနိုင်ငံများ၏ အစိုးရများထက်ပို၍ စိတ်ရှည်သည်းခံ ရမည်မှာလည်း အမှန်ပင်ဖြစ်ပါသည် ။

သို့ရာတွင်အစိုးရနှင့်ပြည်သူအကြား ကွာဟချက်ကြီးသည်ထက်ကြီးလာစေမည့်အသွင်ဆောင်သော ရေး သားချက်များ ရေးသားသူ ၊ ပြောဆိုသူများကို ဤဘလော့မှနေ၍ ကျွန်ုပ်နိုင်သောအားလေးဖြင့်  တုန့်ပြန်ရေးသားခြင်းအားဖြင့် တစ်ဘက်စောင်းနင်းဖြစ်မှုကို ပုဂ္ဂလိကနည်းဖြင့် ချိန်ညှိနေခြင်းသာဖြစ်ပါသည် ။

လွန်ခဲ့သောရက်ပိုင်းအထိ ရခိုင်ပြည်နယ် မှဖြစ်စဉ်များကိုဖေါ်ပြရေးသားရာတွင် သတင်းမီဒီယာတို့သည် ပုံစံအမျိုးမျိုးကွဲနေကြဆဲဖြစ်ပါသည် ၊ လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်ဖြိုခွဲဟူသော အသုံးအနှုံးများကို တွေ့နေရဆဲဖြစ်ပါသည် ၊ ရခိုင်လွှတ်တော်အမတ် ဒေါက်တာအေးမောင်သည် လည်းအခင်းဖြစ်ပွားရာအရပ်တွင်ကိုယ်တိုင်ရှိပါလျှက် လုံခြုံရေးတပ်ဖွဲ့ဝင်များဘက်မှ မလွန်မှန်းသိပါလျှက် လုံခြုံရေးတပ်ဖွဲ့ဝင်များဘက်မှ လိုက်ပြောသည်ဟု အထင်ရောက်မည်စိုးသောကြောင့် မရေမရာစကားများကိုသာ ပြောနေခဲ့သည်ကိုလည်းတွေ့ရပါသည် ၊ ဆိုလိုသည်မှာ အထက်တွင်ဆိုခဲ့သော ပြည်သူနှင့် အစိုးရသည် ပဋိပက္ခအသွင်ကို ဆောင်မြဲဆောင်နေခဲ့သေးသည်ကိုတွေ့ရပါသည် ။

ယနေ့တွင်မူ ထိုအရာများသည် ပျောက်ချင်းမလှ ပျောက်ကုန်ကြပါသည် ၊ ရခိုင်ပြည်နယ်အတွင်းဒေသအချို့တွင် ဘင်္ဂါလီများက ရခိုင်တွေကို ရိုက်နေလို့ဟူသောသတင်းတက်လာပြီးနောက်ပိုင်း ပြည်တွင်းမီဒီယာတို့သည် အစိုးရဘက်မှ ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များဘက် မှ ပါဝင်လာကြပါသည် ၊ ထိုကျုးကျော်သူများကိုလုံးဝလက်မခံကြောင်း ရေးကြပါသည် ။ ရဲတပ်ဖွဲ့ဝင်များ မလုံလောက်သဖြင့်တပ်မတော်သားများပါဝင်လာခြင်းကိုပင် အားရ၀မ်းသာကြိုဆိုကြပါသည် ၊ "စစ်တပ်"ဟူသော အသုံးအစား " မြန်မာ့တပ်မတော် " ဟု ၄င်း ၊" ရဲများက " ဆိုသည့်စကားရပ်များအစား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဟူသောအရေးအသားများက ဇာတ်တိုက်ထားသကဲ့သို့ပြောင်းလဲနေရာ ယူလာပါသည် ။

မီဒီယာသမားများသည် ချက်ချင်းဆိုသလိုပင် အစိုးရ၏ သတင်းပေးများအသွင်ဆောင်လာကြပါသည် ပြည်သူများအား အမျိုးသားရေးနိုးကြားတက်ကြွလာစေရန် တာဝန်ယူကြကုန်ပါသည် ၊ညသန်းခေါင်ကျော်သည့်တိုင် သတင်းများတက်နေဆဲဖြစ်ပါသည် ၊ "လုံခြုံရေးတပ်ဖွဲ့များနေရာယူထားသော်လည်း ဘင်္ဂလီတို့က ၀ိုင်းလာသဖြင့် လုံခြုံရေးအရ ပစ်ခတ်ရမှုများရှိလာ" ဟူသောအရေးအသားများကိုတွေ့လာရပါသည် ၊ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည်ကိုပင် "အစိုးရက ပုဒ်မ၁၄၄ ထုတ်ပြန်ကာ လုံခြုံရေးအခြေအနေများကို ထိန်းသိမ်း လိုက်ပြီ " ဟု ဖေါ်ပြလာကြလေသည် ။

ကျွန်ုပ် အနှစ်နှစ်အလလက တောင့်တခဲ့ရသောအရာသည် ဤအရာသာဖြစ်ပါသည် မြန်မာ့မီဒီယာ ၊ မြန်မာအစိုးရ ၊ မြန်မာ့ရဲတပ်ဖွဲ့ဝင် ၊ မြန်မာ့တပ်မတော်တို့သည်  တစ်စိတ်တ၀မ်းတည်းဖြစ်သွားသော ရှားရှားပါးပါးအခိုက်အတန့်ဖြစ်ပါသည်  " 

မြန်မာတွေ စည်းလုံးကြလေပြီ......၊ အရေးကြီး၍ သွေးနီးကြလေပြီ ၊ ဤစည်းရုံးမှုအဟုန်ကို ဘင်္ဂလီ အမှုန်တို့ ဘယ်မှာတောင့်ခံနိုင်ပါမည်နည်း ၊ ဒင်းတို့အတွက်မြန်မာပြည်တွင်ခြေချစရာနေရာသည် သချိုင်း မှတပါးအခြားမရှိတော့ပြီ...............။


ဒေါက်တာဆိတ်ဖွား