xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: တာဝန်ကျေကြသူများ

Saturday, June 9, 2012

တာဝန်ကျေကြသူများ

ရခိုင်ပြည်နယ်ဘက်တွင် ဖြစ်ပေါ်နေသော အရေးကိစ္စများတွင် ရိုဟင်ဂျာတို့၏ ကျူးကျော်စော်ကားမှု အထင်းသားပေါ်နေ၏ ၊နောက်ဆုံးရသတင်းများအရ  မြန်မာပြည်သူတို့၏ နေအိမ် ၅၀၀ ခန့်အပါအ၀င် ဆိုင်ခန်းများ တည်းခိုခန်းများ ဘဏ်အဆောက်အဦများ အဖျက်အဆီးခံရ၏ ပြည်သူတွေအသက် ဆုံးသူဆုံး ဒဏ်ရာရသူရ ဖြစ်ကုန်၏ ၊ ကျန်သူများလည်း ကျီးလန့်စာစားဆိုသလို ဖြစ်ကုန်၏ ။

အစိုးရသည် ဤအရေးကို သမ္မတကိုယ်တိုင် အနီးကပ်ကြီးကြပ်ကိုင်တွယ်၏ ၊ အချိန်နှင့်တပြေးညီ လုံခြုံရေးဆောင်ရွက်ချက်များ ဆောင်ရွက်၏ ဒုသမ္မတအပါအ၀င် ပြည်ထောင်စုဝန်ကြီးများကိုယ်တိုင် အခင်းဖြစ်ရာဒေသတွင် ရောက်ရှိ တာဝန်ထမ်းဆောင်နေကြ၏ ၊ ဒုက္ခရောက်နေသူတို့ကို လေယာဉ်ရဟတ်ယာဉ်များသုံးကာ နေရေးစားရေး ကျန်းမာရေး လတ်တလောဆောင်ရွက်နေ၏ ၊   ကြည်း၊ရေ၊ လေ တပ်မတော်သားများ ၊ ရဲတပ်ဖွဲ့ဝင်များ လည်းတက်တက်ကြွကြွ ပါဝင်ကြ၏ ၊တာဝန်ကျေကြ၏ ။

ပြည်တွင်းမီဒီယာများအထူးတာဝန်ကြေကြ၏ ကျွန်ုပ်နှင့် စကားစစ်ထိုးဘက်ဖြစ်သော ELEVEN မီဒီယာသည်လည်း ထိုတာဝန်ကျေသူများထဲတွင် ထိပ်တန်းကပါ၏ ၊ သတင်းထောက်များ ၊ citizen journalist ဟုခေါ်သော ဒေသခံပြည်သူများ တို့သည် အခင်းဖြစ်ပွားရာနှင့်အနီးကပ်ဆုံးနေရာများမှ တစ်နည်းဆိုရသော် အန္တရာယ်ကြားမှ သတင်းတို့ကို အဆက်မပြတ်ပို့လွှတ်၏ ၊သူတို့၏သတင်းတို့သည် အုပ်ချုပ်သူအစိုးရ၏ စီမံခန့်ခွဲမှုကို အထောက်အပံ့ပြု၏ ၊ ပြည်သူတို့၏ အမျိုးသားရေးစိတ်ကိုလည်းကောင်းကောင်းစွာနိုးကြားတက်ကြွစေ၏၊ တာဝန်ကျေကြ၏ ။

ထူထူးခြားခြားဆိုသလို တာဝန်ကျေနေသူတစ်ဦးမှာ ဖေ့စ်ဘုတ်စာမျက်နှာတွင် Hmuu Zaw အမည်ခံထားသူ ၊ သမ္မတရုံးမှ ညွန်ကြားရေးမှူး ဗိုလ်မှူးဟောင်း ဇော်ဌေး ဖြစ်၏ သူတစ်ယောက်တည်း ရသမျှသတင်းတို့ကို အချိန်နှင့်တပြေးညီတင်၏ ၊ အစိုးရ၏ ဆောင်ရွက်ချက်များကိုတင်၏ ၊ ရံဖန်ရံခါ သူ၏တသီးပုဂ္ဂလ ခံစားချက်များလည်းတင်၏ ၊ ပြည်တွင်းပြည်ပမှ သတင်းများ လူမှုကွန်ယက်များတွင် သူ၏သတင်းများ ပြောဆိုချက်များကို ကိုးကား ဖေါ်ပြ ကြရာ သူ၏ကောင်းမှုကြောင့်ပင် ပြည်သူများ အစိုးရဘက်ကသတင်းကိုရကြ၏ ၊ အမှန်မှာ ထိုအလုပ်သည် သူ၏အလုပ်မဟုတ် ပြန်ကြားရေးဝန်ကြီးဌာန၏အလုပ်ဖြစ်၏ ၊ ပြန်ကြားရေးဝန်ကြီးဌာနကမလုပ် သူကလုပ်၏ တာဝန်ကျေလှ၏ ၊ မည်သို့ပင် ပုဂ္ဂလိကခံစားချက်ဖြစ်ပါစေ သင်၏ပြောဆိုမှုများသည် အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ၊ အစိုးရ၏ ပုံရိပ်ကို ထင်ဟတ်စေသဖြင့် စစ်သားဟောင်းပီပီ အချို့သော စစ်သားဆန်ဆန် အရေးအသားမျိုး ရှောင်ရှားသင့်ကြောင်းအကြံပြုလို၏ ။

တာဝန်ကျေကြသူများထဲတွင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် ပြတ်၏ ၊ ရှင်း၏ ၊ နိုင်ငံရေးသမားများကဲ့သို့ ကြားကျသောစကားများကိုမဆို ၊ကြားညပ်မှာကိုဂရုမစိုက် ၊ ရိုဟင်ဂျာကိုလုံးဝမထောက်ခံကြောင်း ပြောင်ကျေညာ၏ ၊အစိုးရတာဝန်ရှိသူများ၏ စိတ်ထဲတွင်လည်း ဒီပုဂ္ဂိုလ်တွေကို ထောင်က လွှတ်ပေးရတာမှန်လိုက်လေခြင်း ၊ အားကိုးရလိုက်လေခြင်းဟု မှတ်ချက်ပြုနေကြမည်သာဖြစ်၏ ၊ တာဝန်ကျေလှသောကျောင်းသားခေါင်းဆောင်များပါတကား ။

အခြားတာဝန်ကျေကြသူများမှာ သေနတ်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်များ နောက်သို့ တုတ် ဓါးများဆွဲကာ လိုက်ပါရင်း ကျူးကျော်သူတို့ကို လိုက်ပါတိုက်ခိုက်နေသော ဒေသခံများဖြစ်၏ ၊ သူတို့သည် နယ်မြေကျွမ်းကျင်လှ၏ ၊ သူတို့ကြောင့်ပင် လုံခြုံရေးတာဝန်ထမ်းဆောင်သူများက လူဆိုးလူကောင်း အလွယ်တကူခွဲနိုင်၏ နိုင်ငံသား အစ္စလမ်ဘာသာဝင်များနှင့် ကျူးကျော်သူများ ကိုကောင်းစွာ ခွဲခြားနိုင်ခဲ့လေရာ ထိုသူများကို အထူးကျေးဇူးတင်ရ၏ ၊ ရှေ့တန်းစစ်မျက်နှာရောက် ဗိုလ်မှူးတစ်ဦးက " စစ်တိုက်ထွက်ရတဲ့အထဲမှာ ဒီတစ်ခါလောက်အားပါတာမရှိဘူးဗျာ ခုကျွန်တော်တို့နဲ့ရှိနေတာ ပေါ်တာတွေ မဟုတ်ဘူးဗျာ တကယ်ကို သူတို့စိတ်နဲ့လိုက်လာပြီး ခေါ်တော တွေကိုချတာဗျ သူတို့ကတောင်ကျွန်တော်တို့ထက်ပိုတက်ကြွနေလို့ စိတ်ထိန်းဘို့ ပြောနေရတယ်ဗျာ  ဒီမျိုးချစ် ဒေသခံတွေကို ကျွန်တော်တို့ရဲ့ မကောင်းမကန်း ရိက္ခာလေးတွေပဲကျွေးနိုင်တာ အားနာလိုက်တာဗျာ.... " ဟု ပြောကြားပါသည် ။

ကမ္ဘာ့နိုင်ငံအသီးသီးသို့အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြကုန်သော မြန်မာတို့သည်လည်း အွန်လိုင်းပေါ်တွင် ၂၄ နာရီပတ်လုံးဆိုသလို သတင်းဖြန့်ချိခြင်း ၊ ပြည်ပသတင်းဌာနများ၏ မဟုတ်မဟတ်ရေးသားမှုများကို စောင့်ကြည့်ခြင်း ၊ တွေ့လျှင်ချက်ခြင်းပျံ့နှံ့စေကာ အင်္ဂလိပ်စာကျွမ်းကျင်သူများက အင်္ဂလိပ်လို ၊ တရုတ်စာတတ်သူကတရုတ်လို ၊ ဂျပန်လိုတတ်သူက ဂျပန်လို ကုလားလိုတတ်သူများက ကုလားလို  စသည်ဖြင့် ချက်ခြင်းတုန့်ပြန်ကြလေ၏ အွန်လိုင်းပေါ်တွင် တစ်သက်လုံးပဋိပက္ခဖြစ်နေသူများပင်လျှင် ငြိမ်းချမ်းရေးရကုန်၏ ထိုငြိမ်းချမ်းရေးသာ အရှည်တည်တန့်သွားပါက ထိုအွန်လိုင်းပေါ်မှ ငြိမ်းချမ်းရေးကို ခေါ်တောငြိမ်းချမ်းရေး ဟု ခေါ်တွင်ရမည်သာ ဖြစ်၏ ။

အခြားတာဝန်ကျေကြသူများလည်းအမြောက်အများကျန်ရှိနေဦးမည်သာဖြစ်၏ ထိုသူအားလုံးကို ဤဆောင်းပါးဖြင့် ဦးညွှတ်ဂါရ၀ ပြုပါ၏ ။

ဒေါက်တာဆိတ်ဖွား