xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: သူမုန်းလည်းအမုန်းခံမယ်

Tuesday, June 12, 2012

သူမုန်းလည်းအမုန်းခံမယ်

ဒီရက်ပိုင်းအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားမဟုတ်တဲ့အကြောင်း တိုင်းသိ ပြည်သိ ၊ကမ္ဘာသိ ဖြစ်အောင်ထုတ်ဖေါ် ပြောကြားခြင်းမရှိတဲ့အတွက် ဝေဖန်သံတွေအတော်လေး ထွက်နေပါတယ် ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေဘက်ကလည်း "အမေဟာ နိုင်ငံရေး အမြင်ကျယ်တယ် " ၊ " တနေ့ ဒီ့ထက်ကောင်းတဲ့စကားတွေ ပြောပါလိမ့်မယ် " ဆိုပြီး ခုခံရေးသားနေတဲ့သူတွေလည်း အနည်းအကျဉ်းဆိုသလိုရှိနေပါတယ် ၊ ဒီလိုဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပြီး သူ့ဘက်က ကာကွယ်ရေးနေတဲ့သူကိုယ်တိုင် ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားမဟုတ်ဘူးဆိုတာ လက်ခံနေတဲ့အကြောင်း သူတို့ရဲ့စာတွေမှာ အထင်းသားပေါ်နေပါတယ် ၊ ဒေါ်အောင်ဆန်းစုကြည် တနေ့ ပြောလာလိမ့်နိုး မျှော်လင့်ချက်တွေ နဲ့ ခုခံရေးသားနေတာသာဖြစ်ကြောင်း တွေ့ရပါတယ် ။

ဒီ ၂ ဘက်မှာ ဒေါက်တာဆိတ်ဖွားဟာ ကန့်ကွက်တဲ့ဘက်ကနေပါတယ် ၊ ကန့်လည်းကန့်ကွက်ပါတယ် ၊ ဘာလို့ကန့်ကွက်တာလည်းလို့ မေးရင် ဒေါ်အောင်ဆန်းစုကြည်စကားနဲ့ပဲ ပြန်ပြောရမှာပါဘဲ ၊ ပြည်သူ့အသံကိုနားထောင်ရမယ် ဘာညာပြောပြီးတော့ အရေးရယ်အကြောင်းရယ်လဲကျရော ဒီလောက်ကျယ်တဲ့ ပြည်သူ့အသံကို နားမထောင်လို့ပါ လို့ ပြောရမှာပါဘဲ ။

ပြည်သူ့အသံဟာ အစိုးရနဲ့ ဆန့်ကျင်ဘက်ဖြစ်ရင် နားထောင်ပစ်လိုက်မယ် ၊ ပြည်သူ့အသံဟာ အစိုးရနဲ့ တစ်ဘက်တည်းဖြစ်ရင် ရူးချင်ယောင်ဆောင်မယ် တော့ လာမလုပ်နဲ့လေ.....၊ ပြည်သူတွေဟာ အရူးတွေမဟုတ်ပါဘူး ၊နလပိန်းတုန်းတွေ မဟုတ်ပါဘူး ။

ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ဒီရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်းသားမဟုတ်ပါဘူး လို့ဘာလို့ အသံမထွက်ရဲတာလည်းဆိုတာ ဆန်းစစ်ကြည့်ရအောင်ပါ ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာမှာ ရုရှား ၊ တရုတ် ဦးဆောင်တဲ့ အရှေ့အုပ်စုနဲ့  အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စု ဆိုပြီး နိုင်ငံရေး ၊ စစ်ရေး အုပ်စုကြီး ၂ စုမှာ အနောက်အုပ်စုက ထောက်ခံသူဖြစ်တယ် ဆိုတာ အရှိတရားဖြစ်တယ် ၊ ဒါဆိုရင် ဒီအနောက်အုပ်စုရဲ့ ထိပ်တန်းဦးဆောင်သူနိုင်ငံကြီး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ အင်္ဂလန်ဟာ ရိုဟင်ဂျာကို ဘယ်လိုသဘောထားလည်းကြည့်ရအောင်ပါ ။

အင်္ဂလန်ရဲ့ အစိုးရအာဘော်လို့ ဆိုနိုင်တဲ့  BBC သတင်းဌာနဟာ ဒီ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားထဲ ခဏခဏ ဆွဲသွင်းနေတာ အားလုံးသိပြီးသားမို့ စာရှည်မှာစိုးလို့မရေးတော့ပါဘူး ၊ ဒါပေမယ့် လူသိနည်းတာလေးတစ်ခု တင်ပြချင်ပါတယ် ၊ ဒီလင့်ကလေးကို နှိပ်လိုက်ရင် အမေရိကန်အစိုးရရဲ့ တရားဝင် ၀က်ဘ်ဆိုဒ် U.S. Department of State ဟာ ဒီအောက်ကပုံအတိုင်းတက်လာပါလိမ့်မယ် ။



ဒီစာမျက်နှာရဲ့ အလယ်လောက်က People ဆိုတဲ့ခေါင်းစဉ်အောက်မှာ မြန်မာပြည်မှာနေကြတဲ့အဓိက လူမျိုးစုကြီးတွေထဲမှာ ဗမာ ၊ ရှမ်း ၊ ကရင် ၊ ရိုဟင်ဂျာ ၊ ရခိုင် ၊ ကချင် ၊ ချင်း နဲ့ မွန် ဆိုပြီး ဖေါ်ပြထားတာကို ခုလိုတွေ့ရပါတယ် ။



ဒါကိုသိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုအစဉ်တစိုက်ထောက်ခံနေတဲ့ နိုင်ငံတွေရဲ့ အယူအဆကို ဆန့်ကျင်ပြီးမပြောရဲတာပါ ၊ ဒီလိုသိသိကြီးနဲ့  "အမေဟာ နိုင်ငံရေးအမြင်ကျယ်တယ် " ဘာညာဆိုတဲ့ဘက်မှာ မရပ်နိုင်ပါဘူး ၊ ရှင်းရှင်းလေးပါဘဲ ။

ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်နိုင်ငံတွေကိုမလွန်ဆန်နိုင်တဲ့အကြောင်း ထင်ထင်ရှားရှား  နောက်ဥပမာတစ်ခုရှိသေးတယ် ၊ ဒါကဘာလဲဆိုတော့ Myanmar ကို Burma , Burma လုပ်နေတဲ့ ကိစ္စဖြစ်တယ် ၊ ဒီ Burma ဆိုတဲ့ အမည်ဟာ အင်္ဂလိပ်တွေက မြန်မာပြည်ကို သူတို့ခေါ်တတ်သလို ၊ ခေါ်ချင်သလို ခေါ်တဲ့အမည်ဖြစ်တယ် ၊ ဗိုလ်ချုပ်မှူးကြီး စောမောင်လက်ထက်မှာ Myanmar လို့တရားဝင် ပြင်တယ် ၊ ဒါကို အနောက်အုပ်စုနိုင်ငံတွေက အဲဒီတုန်းကစစ်အစိုးရကို မထောက်ခံတဲ့သဘော ၊ ဆန့်ကျင်တဲ့သဘောနဲ့ Burma လို့ဆက်ခေါ်တယ် ၊ မြန်မာနိုင်ငံရဲ့တရားဝင်အမည်ဟာ ကုလသမဂ္ဂမှာ  Myanmar ပါလို့ဘယ်လောက်ပြောပြောမပြင်ဘူး ၊ ခုထိလည်းမပြင်ဘူး ၊ ဒီလိုသူတို့မပြင်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ခမျာမလည်း  ပြင်ပြီး မပြောရဲရှာဘူး မယုံရင်ကြည့်နေ ဟိုနိုင်ငံတွေကပြောင်းခေါ်တဲ့နေ့ သူလည်းပြောင်းခေါ်လိမ့်မယ် ။

ဒါကိုပဲသူက ၀န်မခံဘူး VOA နဲ့ တွေ့ဆုံခန်းတစ်ခုမှာ " ဒီလို Burma ကနေ Myanmar လို့ပြောင်းလဲ ခေါ်ဝေါ်တာကို ပြည်သူ့ဆန္ဒမပါဘဲ လုပ်တာဖြစ်လို့ သူမအနေနဲ့လက်မခံနိုင် ပါဘူး " လို့ ပြောပြန်တယ် ၊ ဒါဆိုရင် ဆိတ်ဖွားလည်းမေးတတ်တယ် ၊ အင်္ဂလိပ်က Burma လိုကခေါ်တုန်းက ပြည်သူ့ဆန္ဒခံပြီးတော့ ခေါ်သွားတာလား ၊ ဒီလိုပဲ သူခေါ်တတ်သလို ခေါ်သွားတာမဟုတ်ဘူးလား ။

ဒီလိုပြောရင် သူ့ဟာသူ Burma လို့ရှိနေတာကို ဘာလို့ ရှည်ပြီးတော့ Myanmar လို့သွားပြောင်းတာလည်းလို့ မေးစရာရှိတယ် ၊ ကိုယ့်နိုင်ငံ ကိုယ့်ဒေသ ကိုယ့်လူမျိုးအမည်တွေကို  ကျူးကျော် သိမ်းပိုက်သူများက သူတို့ နားလည်သလို အသံ ထွက်ခဲ့၊ ရေးခဲ့ကြတဲ့ ပြဿနာဟာ ကိုလိုနီ ဖြစ်ခဲ့ဘူးတဲ့ နိုင်ငံတိုင်း ကြုံခဲ့တဲ့ ပြဿနာ ဖြစ်တယ်။ လွတ်လပ်ရေး ရကာစ ဒီကိစ္စကို အလေးအနက်ထား ကိုင်တွယ်နိုင်တာ မရှိပေမယ့် ၁၉၈၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်းမှာတော့ ကိုလိုနီဘ၀ကနေ လွတ်လပ်ရေး ရလာတဲ့ နိုင်ငံအတော် များများဟာ မိမိတို့ အမည်များကို မိမိတို့ဒေသိယ အသံထွက် အတိုင်း ရေးကြ၊ ပြောကြ ပြင်ခဲ့ကြပါတယ် ။

ဒီလိုပြင်လိုက်လို့လည်း တရုတ်မှာ Peking က Beijing ဖြစ်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ နိုင်ငံအမည် စာလုံးပေါင်းကို မပြောင်းပေမယ့် မြို့အမည်တွေကို ပြောင်းတယ်  Bombay ကနေ Mumbai ၊ Calcutta ကနေ Kolkata ဖြစ်လာခဲ့ပါတယ်။ သီဟိုကတော့ အင်္ဂလိပ်ခေါ်တဲ့ Ceylon ကနေ မူလအမည်ဖြစ်တဲ့ Lanka ကို အမှီပြုပြီး Sri Lanka လို့ ပြောင်းခဲ့ပါတယ်။ ဒီအဖြစ်အပျက်မျိုးကို တခြားကိုလိုနီဖြစ်ဘူးတဲ့ နိုင်ငံတွေမှာလည်း တွေ့နိုင်တာပါဘဲ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး ။ 

 ရိုးရိုးလေး စဉ်းစားကြည့် ရအောင်ပါ  မြန်မာဆိုတဲ့ စကားလုံးကို အရင်က အင်္ဂလိပ်လို သတ်မှတ်ထားတာ မရှိဘူးဆိုပါစို့၊ အဲဒါဆိုရင် ကျွန်တော့်တို့က မြန်မာဆိုတဲ့ စကားကို အင်္ဂလိပ်လိုရေးရင် ဒီအသံထွက်ကို ဘယ်လို စာလုံးပေါင်း ပြမလဲ။ Myanmar လို့ ရေးပြမလား Burma လို့ ပေါင်းပြမှာလား။ ဒီလိုပဲ ရန်ကုန်ကို Yangon လို့ ရေးပြမလား Rangoon လို့ ရေးမလား၊ဒါရိုးရိုးလေးပါ....။


ဒါကိုပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဗမာမကြီး ပါးစပ်က Burma , Burma နဲ့လုပ်နေတာ သူများတွေတော့မသိဘူး ကျွန်တော်တော့ ဆဲသလိုနာတယ် ၊ ခုလည်း သွားပါလိမ့်ဦးမယ် ဥရောပနိုင်ငံတွေကို  ပြောပါလိမ့်ဦးမယ်  မျက်နှာလိုမျက်နှာရ Burma , Burma နဲ့ ၊ခေတ်စကားနဲ့ပြောရရင်တော်တော်အောက်တယ် ၊ လူငယ်တွေပြောသလိုပြောရရင် ရေရေလည်လည် ပဲ့တယ်ဗျာ ။

လူထုကထောက်ခံတယ်ဆိုတာ ၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နိုင်မယ်ထင်လို့ အရောင်အ၀ါတောက်ပအောင်လုပ်နိုင်မယ်ထင်လို့ ထောက်ခံတာ ၊ အားကိုးလို့ထောက်ခံတာ ကိုယ့်နိုင်ငံ နာမည်လေးခေါ်တာတောင် သူများမျက်နှာ ညိုမှာစိုးလို့မခေါ်ရဲတဲ့ သူကို ဘာလို့ထောက်ခံရမှာလည်း ၊ ဒီရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားမဟုတ်ပါဘူးဆိုတာကို မထောက်ခံတဲ့သူလက်ထဲကို တိုင်းပြည်ကိုဘာလို့ ပုံအပ်ရမှာလည်း၊ ပုံအပ်လိုက်ရင် လူသားချင်းစာနာနေတာနဲ့ ကုလားပြည်ဖြစ်သွားမှာပေါ့ ။

ဒီိလိုရေးတာ ဒေါ်စုကိုမုန်းခြင်းချစ်ခြင်းနဲ့ ဘာမှမဆိုင်ဘူး ၊ သူ့ကိုမုန်းခြင်းချစ်ခြင်းဟာ ကျွန်တော့်ကို ဘာမှ အကျိုးမဖြစ်ထွန်းစေဘူး ၊တိုင်းပြည်ကိုချစ်လို့ လူမျိုးကိုချစ်လို့ရေးတာ  ဒီလိုရေးတော့ မောင်ဆိတ်ဖွား မင်းကိုဒေါ်စုကို ထောက်ခံတဲ့ သူတွေက မုန်းမှာမသိဘူးလားလို့မေးရင် သိတာပေါ့လို့ ဖြေရမှာပါဘဲ ဒါဆိုဘာလို့ရေးလဲလို့ဆက်မေးရင် ရေးမယ့်သူမရှိလို့ရေးတာ  ဒေါ်စုကိုအားကိုးတကြီးနဲ့ထောက်ခံနေတဲ့သူတွေကို ချစ်လွန်းလို့ အမုန်းခံပြီးရေးတာပါဗျာ...... မုန်းချင်ရင်လည်း မုန်းလိုက်ကြပါတော့ ။

ဒေါက်တာဆိတ်ဖွား