xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: April 2012

Monday, April 30, 2012

NLD ၏ဆုံးဖြတ်ချက်ကို Voice Of Myanmar မှ လေးစား ၀မ်းမြောက်စွာကြိုဆို

 
ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ ( အသံဖိုင်) 

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ NLD အမတ်များ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည် ဖြစ်ကြောင်း ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် NLD ရုံးချုပ်၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါသည်။

ဤလုပ်ဆောင်ချက်ဖြစ်ပေါ်လာအောင်အဓိကဆုံးဖြတ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသူ အားလုံး ၊ နောက်ကွယ်မှကြိုးစားခဲ့ကြသူအားလုံး ၊ နိုင်ငံရေးပြဿနာအဖြစ်ကြီးထွားမလာစေအောင် ထိန်းသိမ်းဆောင်ရွက်ပေးခဲ့ကြသော မီဒီယာများအားလုံး ကို အထူးပင်လေးစားဂုဏ်ယူမိပါကြောင်းလေးလေးစားစား ဖေါ်ပြအပ်ပါသည် ။

Voice Of Myanmar


Sunday, April 29, 2012

လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုသည့် စကားရပ် တွင် အခြေခံဥပဒေကို လေးစားလိုက်နာ ပါမည်နှင့် ထိမ်းသိန်းကာကွယ် စောင့်ရှောက်ပါမည် ဟူသော စကားရပ် အငြင်းပွားမှုအပေါ် Voice Of Myanmar ၏သဘောထား

မျက်မှောက်ကာလ မြန်မာ့နိုင်ငံရေးတွင် NLD ပါတီလွှတ်တော်ဝင်ရေးမ၀င်ရေး အတွက် အရေးပါလှသော လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုသည့် စကားရပ် တွင် အခြေခံဥပဒေကို လေးစားလိုက်နာ ပါမည်နှင့် ထိမ်းသိန်းကာကွယ် စောင့်ရှောက်ပါမည် ဟူသော စကားရပ် အငြင်းပွားမှုသည် အတော်အတန်ပင်ရှေ့တန်းရောက်လာသည်ကိုတွေ့ရပါသည် ။

ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များအားလုံး လွှတ်တော်မတက်ရသည့် အကြောင်းရင်းကို နိုင်ငံရေးကိစ္စတစ်ရပ်ထက် နည်းစနစ်ပိုင်းဆိုင်ရာ မှားယွင်းမှုသက်သက် အဖြစ်သာ ရှုမြင်ရန် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူမ၏နေအိမ်သို့ အီတလီနိုင်ငံခြားရေးဝန်ကြီး လာရောက်တွေ့ဆုံအပြီး သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့ သော်လည်း စကားရပ်မပြင်လျှင် NLD ပါတီက သဘောထားပြောင်းကာ အလျော့ပေးမည့် အခြေအနေမျိုးမတွေ့ရ ။

နိုင်ငံတော်သမ္မတကြီးဘက်တွင်လည်း သူ၏လုပ်ပိုင်ခွင့်တွင်ရှိနေသော ရွေးကောက်ပွဲ ဥပဒေကို မဆိုင်းမတွဆိုသလို ပြုပြင်ပေးခဲ့သော်လည်း သူ၏လုပ်ပိုင်ခွင့်အောက်တွင်မရှိသော အခြေခံဥပဒေပါ စာသားကိုပြင်ဆင်ရမည့်ကိစ္စမှာ အတော်အတန်ပင် အကျပ်ရိုက်စေမည်မှာ အမှန်ပင်ဖြစ်ပါသည် ။ ထို့အပြင် အများပြောဆိုဝေဖန်နေသကဲ့သို့ အစိုးရအဖွဲ့အတွင်း ပြုပြင်ပြောင်းလည်းရေးကို လိုလားသော အပျော့ဂိုဏ်းနှင့် ပြုပြင်ပြောင်းလဲရေးကိုမလိုလားသော အမာဂိုဏ်း အမှန်ရှိခဲ့ပါမူ  အမာဂိုဏ်းက ပြုပြင်ပြောင်းလဲရေးသမားများအပေါ် အသာစီးရသွားစေနိုင်သော အခြေအနေမျိုး လည်း ဖြစ်ပါသည် ။

NLD အနေဖြင့်လည်း ရွေးကောက်ပွဲနည်းဥပဒေကဲ့သို့ သမ္မတအနေဖြင့်အလွယ်တကူ ပြင်ပေးနိုင် လိမ့်မည်ဟူသောအယူအဆဖြင့် ရှေ့နောက် ညီညွတ်စေရန် တောင်းဆိုလိုက်ပုံရပါသည် ၊ မထင်မှတ်ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးအထိ ဖြစ်သွားသောအခါ   နှစ်ဘက်ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေသို့ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ရောက်ရှိလာပြီဖြစ်ပါသည် ဤသို့သောအခြေအနေ သည်လည်း တိုင်းပြည်အနာဂါတ်အတွက် ကောင်းလှသည်မဟုတ်ပါ ၊ သို့အတွက်ကြောင့်ဤပြဿနာကို အကောင်းဆုံးဖြေရှင်းရန်အစောတလျင် လိုအပ်နေပြီဖြစ်ပါသည် ။

အခြေခံဥပဒေကို ပြုပြင်ရန်ကိစ္စမှာ သမ္မတအနေဖြင့် တစ်ဦးတည်းသဘော အစိုးရအဖွဲ့၏ သဘောဖြင့်ဆောင်ရွက်ရန်မလွယ်ကူ  လှကြောင်း NLD ကဲ့သို့ပါတီသည် မသိမဟုတ် သိရှိမည်သာဖြစ်ပါသည် ၊ သို့အတွက်ကြောင့် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဤကိစ္စကိုနိုင်ငံရေးပြဿနာအဖြစ်အကျယ်မချဲ့ကြရန် ၊ ဤပြဿနာသည် လုပ်ထုံးလုပ်နည်းပြဿနာသာဖြစ်ကြောင်း သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို ယုံကြည်မှုရှိပါကြောင်း အကြိမ်ကြိမ် ပြောဆိုနေခြင်းသည် ဤပြဿနာတွင် NLD ဘက်က သဘောထားပျော့ပြောင်းမှုရှိကြောင်း နိုင်ငံရေးအဓိပ္ပါယ် ကောက်ယူရမည်သာဖြစ်ပါသည် ။

သို့ဖြစ်ပါ၍ ယခု လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုသည့် စကားရပ် တွင် အခြေခံဥပဒေကို လေးစားလိုက်နာ ပါမည်နှင့် ထိမ်းသိန်းကာကွယ် စောင့်ရှောက်ပါမည် ဟူသော စကားရပ် အငြင်းပွားမှုကို ပြေလည်စေရန် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ လွှတ်တော်များ အနေဖြင့် NLD ပါတီသိက္ခာရှိစွာဝင်ရောက်နိုင်ရေး အခြားလမ်းကြောင်းတစ်ခု ဖွင့်ပေးရမည်ဟု ယုံကြည်ပါသည် ။

ဥပမာဆိုရသော် နိုင်ငံတော်သမ္မတကြီး (သို့တည်းမဟုတ် ) အစိုးရအဖွဲ့ ၊ လွှတ်တော်အသီးသီး၏ ဥက္ကဌများ (သို့တည်းမဟုတ် ) လွတ်တော်များက ယခုကဲ့သို့ မြန်မာနိုင်ငံရေးအပြောင်းအလဲကာလတွင် NLD ပါတီ လွှတ်တော်ထဲဝင်ရောက်ကာပူးပေါင်းဆောင်ရွက်မည့်အရေးကို မိမိတို့အနေဖြင့်မျှော် လင့်ကြိုဆိုနေပါကြောင်း ၊ NLD ပါတီတင်ပြသည့် ရွေးကောက်ပွဲဥပဒေပါစာသားနှင့် အခြေခံဥပဒေပါစာသား လိုက်လျောညီထွေ ဖြစ်ရမည်ဟူသော တောင်းဆိုချက်မှာလည်း သဘ၀ကျသည့်ကိစ္စရပ်ဖြစ်သည့်အတွက် လွှတ်တော်တွင် အာဂျင်ဒါ တစ်ရပ်အဖြစ် ထည့်သွင်း ဆွေးနွေးသွားကြမည်ဖြစ်ကာ ဥပဒေပါမူလအသုံးအနှုံးအစား NLD ပါတီကတင်ပြသော လေးစားလိုက်နာပါမည် (သို့မဟုတ် ) နှစ်ဘက်လက်ခံဘွယ်ဖြစ်သော မြန်မာစကားရပ် အစားထိုးပြင်ဆင်ခြင်းကို အခြေခံဥပဒေပါပြဌာန်းချက်များနှင့်အညီ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ထိုသို့ဆောင်ရွက်ရာတွင် NLD ပါတီလည်း လွှတ်တော်တွင်းဝင်ရောက်ကာ မိမိတို့နှင့်အတူ ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ယခုဖြစ်ပွားနေသော လုပ်ထုံးလုပ်နည်းပြဿနာသည် ပြေလည်ခြင်းသို့ ရောက်ရှိမည်ဟု အခိုင်အမာယုံကြည်ပါကြောင်း ၊NLD ပါတီ၏ မူလရည်ရွယ်ချက်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း အခြေခံဥပဒေက ခွင့်ပြုထားပြီး ဖြစ်ပါသောကြောင့် ဒီမိုကရေစီနည်းလမ်းတကျ အများဆန္ဒနှင့်အညီ ပြုပြင်သွားနိုင်မည် သာ ဖြစ်ပါကြောင်း ။ ထို့အပြင် ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်ခဲနက်ထောက်ခံခဲ့ကြသော ပြည်သူများ အနေဖြင့်လည်း NLD ပါတီလွှတ်တော်တွင်းဝင်ရောက်ကာ ပြည်သူ့အကျိုးများဆောင်ရွက်ခြင်းကို အမြန်မြင်တွေ့လိုနေကြပြီ ဖြစ်ပါသောကြောင့် ပြည်သူများကိုယ်စား မိမိတို့အနေဖြင့် NLD ပါတီလွှတ်တော်အတွင်းသို့ ၀င်ရောက်လာနိုင်ပါရန် မေတ္တာရပ်ခံပါကြောင်း သဘောထားတစ်ရပ်ထုတ်ပြန် ကာ လမ်းဖွင့်ပေးသင့်ပါသည် ။

NLD ပါတီအနေဖြင့်လည်း ထိုလမ်းကြောင်းကိုအကြောင်းပြုကာ သိက္ခာရှိရှိ လွတ်တော်အတွင်းသို့ ၀င်ရောက်လာခြင်းဖြင့် နှစ်ဘက်ပြေလည်မှုအတန်အသင့်ရရှိနိုင်မည် ဟုယုံကြည်ပါသည် ၊ အကယ်၍ NLD ပါတီအနေဖြင့် လွှတ်တော်ထဲ ၀င်ရောက်လာခဲ့သည်ဆိုပါသော် မူလစာသားအဟောင်းဖြင့် ကျမ်းသစ္စာကျိန်ဆိုခြင်းကို NLD ပါတီ၏ ဂုဏ်သိက္ခာအတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သတင်းထုတ်ပြန်ခြင်းမပြု ခြင်းအပါအ၀င် အခြား သတိပြုဘွယ်ရာများကို သတိကြီးကြီးထားလုပ်ဆောင်သင့်ပါသည် ဟု ယုံကြည်ပါကြောင်း ။


မြန်မာပြည်ငြိမ်းချမ်းပါစေ

Voice Of Myanmar



Thursday, April 26, 2012

ရိုဟင်ဂျာဆိုတာ ဘာလဲ..?

သမိုင်းတစ်ကွေ့ နိုင်ငံရေး အတွေ့အကြုံများ အကြောင်းရေးဖို့ အချက်အလက်တွေ\ပြန်ရှာနေ တုံး ရေဒီယိုမှာ၊ အင်တာနက်မှာ ရိုဟင်ဂျာ ဒုက္ခသည်ဆိုတာတွေကြားရသည်။ အစိုးရကို ဆန့်ကျင် နေ သူများကလည်း ဘာဖြစ်ဖြစ် အစိုးရကိုဆော်ဖို့အခွင့်အရေးရင် မနည်းဘူးဆိုပြီး ရိုဟင်ဂျာတွေကို ဂရုဏာသက်စရာအဖိနှိပ်ခံများအဖြစ် ဘေးတီးပေးကြသည်။ ထိုလုပ်ရပ်သည် မည်မျှ အန္တရာယ်ကြီး သည်ကို ထိုသူတွေသိပါရဲ့လား။ ကျွန်တော် ၀န်ထမ်းဘ၀ တစ်လျှောက်တွင်နှစ်အတော်များများ ရခိုင် ပြည်နယ်မှာ နေခဲ့သဖြင့် ဒီပြဿနာကိုထိတွေ့ခဲ့ရသဖြင့် သိသမျှကို ဝေမျှလိုက်ပါသည်။ ဘယ်သူမှန် ပြီးဘယ်သူမှားသည်ကိုတော့ စာဖတ်သူ လူငယ်များသာ စဉ်းစားကြပါ။

ပထမဆုံး ပြောလိုသည်က ရိုဟင်ဂျာဆိုသော စကားလုံးဖြစ်သည်။ ယနေ့ ရိုဟင်ဂျာကို မူဆလင်ဘာသာဝင် လူမျိုးတစ်မျိုးအဖြစ် ပြောနေသည်။ ကျွန်တော်စိန်ခေါ်လိုပါသည်။ မြန်မာဘုရင် လက်ထက် စစ်တမ်းတွေ၊ အင်္ဂလိပ်ဂေဇက်တီးယားတွေ၊ သမိုင်းတွေ၊ လွတ်လပ်ရေး ရပြီးခေတ် မှတ် တမ်းတွေမှာရိုဟင်ဂျာ လူမျိုးဆိုသည့် စကားလုံး ရှာကြည့်စမ်းပါ။ ဘယ်တော့မှတွေ့မည်မဟုတ်၊ အင်္ဂလိပ် လက်ထက်က ကောက်ခဲ့သော သန်းကောင်စာရင်းများ၊လွတ်လပ်ရေး ရပြီးနောက် ကောက်ယူခဲ့သည့် သန်းကောင်စာရင်းများတွင်ရိုဟင်ဂျာလူမျိုးဟု မရှိပါ။ ရိုဟင်ဂျာဆိုသော စကားလုံးမှာ စစ်တကောင်းကုလားများက ရခိုင်ပြည်သားများကို ခေါ်သည့် ရိုဟင်ရှာ ဆိုသည့် စကားကလာခြင်းဖြစ်သည်။ ဘင်္ဂလားကုလားများက သူတို့ကိုယ်သူတို့ ရခိုင်ပြည်သားနံမည်ခံလိုသဖြင့် ဒီစကားကို ၁၉၅၀ ပြည့်လွန်နှစ်များတွင်တီထွင်ခဲ့ခြင်းဖြစ်သည်။ ဒီ့အရင်က ဒီကုလားများအတွက် နံမည်ရှိပြီးသားဖြစ်သည်။ ဒါကတော့ ကုလားဆိုး သို့မဟုတ် မူဂျာဟစ်များ ဖြစ်သည်။ဒီကုလားဆိုးတွေ မြန်မာနိုင်ငံကို ဘယ်လို ရောက်လာခဲ့သနည်း ။

ဘင်္ဂလားပြည်နယ်နှင့် နယ်ချင်းဆက်နေသည့် ရခိုင်ပြည်နယ်တွင် ယခင်ကမူစလင်ကုလားများ ရှိခဲ့သည်။ သို့သော် ဒီလူတွေက ဒေသခံများမဟုတ်။ရခိုင်ဘုရင်များ စစ်နိုင်သဖြင့် ဖမ်းလာခဲ့သူများ၊ ရခိုင်လယ်ယာမြေများတွင် အလုပ်ကြမ်းလာ လုပ်သူများဖြစ်သည်။ ဘိုးတော်ဘုရား လက်ထက်စစ်တမ်းတွင်ရခိုင်ပြည်နယ်၌ ဘင်္ဂလားကုလား သုံးသောင်းကျော် ရှိသည်ဟုဖော်ပြခဲ့ဖူးသည်။ အင်္ဂလိပ်လက် အောက်ရောက်သောအခါ မြန်မာနိုင်ငံသည်အန္ဒိယနိုင်ငံ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့်အခါ ကုလားတွေ တံခါးမရှိ၊ဓားမရှိဝင်လာကြသည်။ ဆင်းရဲတဲ့ ကုလားတွေက လယ်ကူလီ လုပ်သည်။ ချမ်းသာတဲ့ကုလားက ငွေတိုးချေးစားသည်။ အင်္ဂလိပ်က စူးအက် တူးမြောင်းကြောင့်စပါးဈေးကောင်းတော့ လယ်သစ်တွေဖော်ဖို့ ကုလားတွေ ခေါ်လာသည်။ ထိုအချိန်ကတစ်နှစ်ကို နှစ်ကြိမ် ဘင်္ဂလားက ကုလားတွေကို သဘောင်္နဲ့ သွင်းကြောင်း။သဘောင်္ခကို အထူးနှုန်း သတ်မှတ်ပေးခဲ့ကြောင်း ရှေ့မီနောက်မှီရခိုင်လူကြီးများက ရှင်းပြဖူးသည်။ သေချာသည်ကတော့ အင်္ဂလိပ်လက်အောက်ရောက်စ ၁၈၃၂ ခုနှစ် စာရင်းအရ လူဦးရေ တစ်သိန်းခွဲရှိသည့် ရခိုင်ပြည်နယ်သည် ၁၉၃၂ ခုနှစ် သန်းကောင်စာရင်းအရ စစ်တွေခရိုင် တစ်ခုတည်း၌ပင် လူဦးရေခုနှစ်သိန်းခွဲ ရှိနေတာတွေ့ရ၏။ ထိုကဲ့သို့ ချက်ခြင်း တိုးလားသည့်လူများမှာ အင်္ဂလိပ်တို့ နေရာချပေးခဲ့သည့် ဘင်္ဂလား ကုလားများပင် ဖြစ်သည်။ထိုကဲ့သို့ တိုးလာသည့် ကုလားအများစုမှာ ဘင်္ဂလားဒေ့ရှ်နှင့် နယ်နမိတ်ချင်းဆက်နေသည့် ဘူးသီးတောင်၊ မောင်တော ဒေသတွင် နေထိုင်ကြသည်။ ထိုအချိန်ကထုတ်ခဲ့သည့် အင်္ဂလိပ် အစိုးရ ဘားမားဂေဇက် စာအုပ်တွင် ၁၈၇၁ ခုနှစ်တွင်မောင်တော မြို့နယ်၌ မူဆလင် ကုလားနှစ်သောင်း ရှစ်ထောင်ကျော် ရှိရာမှ ၁၉၁၁ခုနှစ်တွင် ကုလား တစ်သိန်းခုနှစ်သောင်းကျော် ဖြစ်လာသည်ဟု ဆိုသည်။ထိုဒေသတွင် ရောက်လာသော ကုလားများမှာ တစ်ဖြေးဖြေးနှင့် ရခိုင်များကို မောင်းထုတ်ရန် ကြိုးစား လာခဲ့သည်။

ယနေ့အထိ ရခိုင်လူမျိုးတို့ မေ့မရသည့် ကိစ္စတစ်ခုမှာ ၁၉၄၂ ခုနှစ် ရခိုင်-ကုလား အဓိကရုဏ်း ဖြစ်သည်။ ရခိုင်ပြည်နယ်မှ အင်္ဂလိပ်တပ်များဆုတ်ခွာသွားပြီး ဘီအိုင်အေတပ်များ ရောက်မလာမီ ကြားတွင် ဘူးသီးတောင်၊ရသေ့တောင်နဲ့ မောင်တောနယ်တွေမှာ ရှိသည့် ရခိုင်ရွာများကို ဘင်္ဂလာလီကုလားများက မီးရှို့ဖျက်ဆီးခြင်း၊ လူသတ်ခြင်းများ လုပ်ခဲ့သည်။

ပြဿနာ အစမှာမြေပုံမြို့နယ်တွင် ရခိုင်လူမျိုး သူကြီးတစ်ဦးကို သတ်ဖြတ်ခဲ့သည့်ကုလားနှစ်ဦးကို ရွာသားများက သတ်ပစ်ရာမှ စခဲ့သော်လည်း နောက်ဆုံးတွင်နယ်စပ်ဒေသမှ ရခိုင်လူမျိုးများကို ယခုခေတ်အခေါ် လူမျိုးတုံးသတ်ဖြတ်ခြင်းဖြင့် အဆုံးသတ် သွားခဲ့ရသည်။ ဆုတ်ခွာသွားသည့် အင်္ဂလိပ်
တပ်များက နယ်စပ်ဒေသ ကုလားများကို လက်နက်များ ထုတ်ပေးပြီး နယ်ခြားစောင့်တပ်သဖွယ် တာဝန်ပေးခဲ့ခြင်းကြောင့် အခြေအနေပိုဆိုး သွားခြင်းလည်း ဖြစ်သည်။ထိုပြဿနာကြောင့် ရခိုင်လူမျိုး နှစ်သောင်းခန့် သေဆုံးသည်ဟုရှေးလူကြီးများက ပြောကြ သော်လည်း အထောက်အထား မတွေ့ရ။

သို့သော်စစ်ပြီးခေတ် ကတ်စ်ဘီအစိုးရ အစီရင်ခံစာတွင် ထိုအချိန်က ရခိုင်ပြည်နယ်တောင်ပိုင်းသို့ ထွက်ပြေးလာသော ရခိုင်လူမျိုးများကို ပြန်လည် နေရာချပေးရာတွင် မူလက မောင်တောဒေသတွင် ရခိုင်ရွာ ၁၂၉ ရွာရှိခဲ့ရာ ၆၈ရွာသာပြန်လည်ထူ ထောင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ ထိုအချိန် ကစပြီးဘင်္ဂလီ ကုလားတို့က ဘူးသီးတောင်၊ မောင် တော ဒေသတွင် လူများစုဖြစ်သွားခဲ့သည်။

မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းနေချိန်တွင် အန္ဒိယနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းမှု များလည်း တစ်ပြိုင်တည်း ပေါ်ခဲ့သည်။ထိုသို့ဆောင်ရွက်စဉ် အန္ဒိယနိုင်ငံထဲမှ မူဆလင် အများစု နေထိုင်ရာဒေသများကို ခွဲထုတ်ပြီး ပါကစ္စတန်နိုင်ငံ ထူထောင်ပေးရေး လှုပ်ရှားမှုများပေါ်လာ၏။ ထိုသို့ ဖွဲ့စည်းမည့် ပါကစ္စတန် နိုင်ငံတွင် ဘင်္ဂလားပြည်နယ်ကအရှေ့ပါကစ္စတန် အဖြစ် ပါဝင်မည်ဖြစ်သည်။ ထိုအခါ ဘူသီးတောင်၊ မောင်တော ဒေသကကုလားများကလည်း ထိုဒေသများကို ပါကစ္စတန်နှင့် ပူးပေါင်းရန်တောင်းဆိုမှုများ ပြုခဲ့သည်။

၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းလန်ဒန်သို့ လွတ်လပ်ရေး ဆွေးနွေးရန်အသွား အန္ဒိယနိုင်ငံတွင်ခေါင်းဆောင်ကြီး နေရူးနှင့် တွေ့ခဲ့သည့် အကြောင်း ကြားဖူးကြ ပါသည်။သို့သော် ထိုခရီးစဉ်တွင် ဗိုလ်ချုပ်သည် ပါကစ္စတန်နိုင်ငံ သမ္မတဖြစ်လာမည့် အလီဂျင်းနားနှင့် တွေ့ခဲ့သည်ကို သိသူနည်းပေလိမ့်မည်။

တက္ကသိုလ်နေ၀င်း၏ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းစာအုပ်တွင် ဗိုလ်ချုပ်နှင့် တွေ့ဆုံပြီးနောက် အလီဂျင်းနားက ဘူသီးတောင်၊ မောင်တောဒေသကို ပါကစ္စတန်နိုင်ငံအတွင်း ထည့်သွင်းရန် တောင်းဆိုမှုများကိုလက်မခံကြောင်း၊ ထိုဒေသများသည် မြန်မာပိုင် ဖြစ်သည်ကို အသိအမှတ် ပြုကြောင်း ပြောကြား ခဲ့သည်ဟု ဖော်ပြထားပါသည်။

ထိုတောင်းဆိုမှုများ မအောင်မြင်သည့်အခါ မူဂျာဟစ် အမည်ခံ ကုလားဆိုးသောင်းကျန်း သူများ ပေါ်လာသည်။ နယ်စပ်ဒေသတွင် အခြေခံပြီး ဘူးသီးတောင်၊မောင်တော ဒေသကို သီးခြားပြည်နယ် ထူထောင်ဖို့ လုပ်ခဲ့သည်။ အစိုးရစခန်းများကို တိုက်သည်။ ရခိုင်လူမျိုးများကို မောင်းထုတ် သည်။တပ်မတော်ကလည်း ကေအင်ဒီအို အရေးနှင့် လုံးပန်းနေရသဖြင့် အမြစ်ပြတ်အောင်မတိုက်နိုင်၊ ၁၉၅၄ ခုနှစ်မှသာ နယ်စပ်ရှိ မူဂျာဟစ်တို့၏ တောင်ပြိုစခန်းကိုသိမ်းပိုက် နိုင်ခဲ့သည်။ ထိုအချိန်က သတင်းစာများကို ပြန်ဖတ်လျှင် ၁၉၄၈ မှ ၁၉၅၄ အကြားတွင် ကုလားဆိုးဟု သတင်းစာများက ခေါ်သည့် မူဂျာဟစ်များ မည်မျှ ရက်စက်ခဲ့သည်ကို တွေ့နိုင်သည်။

သို့သော် စစ်ရေးတွင် အရေးနိမ့်သွားသည့် ကုလားများက နိုင်ငံရေးနယ်တွင်ခေါင်းထောင်လာ ပြန်သည်။ ထိုကဲ့သို့ ခေါင်းထောင်နိုင်ခြင်းမှာမူ ဖဆပလတွင်တာဝန်ရှိပေသည်။ ထိုအချိန်က ရခိုင် ဒေသ ( ပြည်နယ်မဖြစ်သေး) တွင် ဖဆပလကအင်အားမကောင်းပဲ ရခိုင်တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးအဖွဲ့ ရတညကအင်အားကောင်းသည်။ ထိုအခါ ဖဆပလက ဘင်္ဂလီကုလားများကို ဖဆပ လအတွင်းဝင်ရန်နှင့်
အမတ်အရွေးခံရန် ခွင့်ပြုခဲ့သည်။

ဤသို့ဖြင့် မှတ်ပုံတင်မရှိသောကုလားများမှာ ကုလားသူကြီးက ထောက်ခံစာရေးပေးလျှင် မဲပေးခွင့်ရခဲ့သည်။ထို့ကြောင့် အဒူဂေါ်ဖား၊ စူလတန် အာမက်၊ အဘူခိုက်၊ အဘူဘော်ရှော့ ဆိုသည့် မုတ်ဆိတ် ဖားဖား ကုလားများ သည် ဖဆပလ အမတ်များ ဖြစ်လာသည်။

ကျန်းမာရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန် အဖြစ် စူလတန်မာမွတ်ဆိုသူဖြစ်ခဲ့ဘူးသည်။ လ၀က အတွင်းဝန် ကုလားတစ်ယောက်လည်း ရှိခဲ့သေးသည်။နံမည်မမှတ်မိတော့။ ကုလားကို လ၀က အတွင်းဝန် ခန့်ခဲ့သည်ဆိုလျှင်ဘာတွေဖြစ်မလဲ စဉ်းစားသာ ကြည့်ပေတော့။ ထိုခေတ် ဖဆပလ အစိုးရက ရာသီအလိုက်စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်ကိုင်ရန်အတွက် အရှေ့ပါကစ္စတန်မှကုလားများကို ပါမစ်ဖြင့် ၀င်ခွင့်ပြုခဲ့သည်။ ထိုသို့ဝင်လာသူ အများစုကပြန်မသွားပဲ ဘူးသီးတောင်၊ မောင်တောဒေသတွင် ကျန်နေခဲ့သည်။ ၁၉၅၉ ခုနှစ်အိမ်စောင့်အစိုးရတက်မှသာ ထိုသို့ ပါမစ်ဖြင့် ၀င်ခွင့်ပြုခြင်းကိုပိတ်ပစ်ခဲ့ရသည်။

ရိုဟင်ဂျာ ဆိုသည့် စကားလုံးကိုလည်း ၁၉၅၁ ခုနှစ်တွင် ဖဆပလ အမတ်ဖြစ်နေသည့် ကုလားများက စတင်တီထွင်ခဲ့ခြင်းဖြစ်သည်။ သူတို့သူတို့ကိုယ်သူတို့ ရခိုင်မူဆ လင်ဟု ဆိုသည်။ တကယ်တော့ ကုလားသည် ကုလား၊ ရခိုင်သည် ရခိုင်သာဖြစ်၏။ ရခိုင်လူမျိုးတွင် ဗုဒ္ဓဘာသာဝင်များ သာရှိသည်။မူဆလင်မရှိ။

တော်လှန်ရေး ကောင်စီလက်ထက်တွင် နယ်စပ်ဒေသ၌ ခိုးဝင်မှုများ ရှိသေးသော်လည်းယခင် ကလောက်မများတော့။ ကုလားဆိုးများလည်း နိဂုံးချုပ်သွားသည်။ သို့သော် ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေအတွက် ပြည်သူများထံမှ အဆိုပြုချက်များတောင်းသည့်အခါ ဘူးသီးတောင်၊ မောင်တောက ကုလားများကဘူးသီးတောင်၊မောင်တောဒေသကို မေယုတိုင်းဟု သီးခြားဖွဲ့စည်းရန်။အလံတွင်လည်း ကြယ် ၁၄ လုံးအစား ၁၅ လုံးထည့်ပေးရန် စာတမ်းများပြုစုတင်ပြခဲ့သည်။ အတော်ပင် အရှက်မဲ့ ရဲတင်း သောလုပ်ရပ်ဖြစ်၏။

ဤသို့ဆိုလျှင် ရိုဟင်ဂျာဆိုသည့် လူမျိုးရှိမရှိဆိုသည်ကိုရှင်းလောက်ပြီဟုထင်ပါသည်။ ထိုသို့ ခိုးဝင် အခြေချနေသည့် ကုလားများကိုစိစစ်ရန်အတွက် လမ်းစဉ်ပါတီ အစိုးရ လက်ထက်က ၁၉၇၈ ခုနှစ်တွင် လည်းကောင်း၊န၀တ အစိုးရ လက်ထက်က ၁၉၉၁ ခုနှစ်တွင်လည်းကောင်း မှတ်ပုံတင်စိစစ်မှု များပြုလုပ်ခဲ့သည်။ ထိုသို့လုပ်တိုင်း မှတ်ပုံတင်မရှိသည့်ကုလား များကဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေး ပြီး သူတို့ကို မြန်မာအာဏာပိုင်များကနှိပ်စက်သဖြင့် ထွက်ပြေးလာရပါသည် ဟု အော်သည်။ နှစ်ကြိမ် လုံးတွင်မြန်မာဘက်က လွတ်လပ်ရေးမရမီ ကာလထဲက မိဘများမြန်မာနိုင်ငံတွင်နေခဲ့ကြောင်း အထောက်အထား ပြနိုင်သူများကိုပြန်လက်ခံခဲ့သည်။ ထိုအခါ ခိုးဝင်လာ သူတွေက ဒုက္ခသည် နံမည်ခံပြီးဘင်္ဂလားဒေ့ရှ်မှ ကျန်နေခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည် ဟု နံမည်ခံလာကြသည်။ရိုဟင်ဂျာတပ်ဦး ဆိုပြီး သောင်းကျန်းသူ အဖွဲ့ဖွဲ့သည်။

အခု ထိုင်းမှာ၊ မလေးရှားမှာ ရှိနေသည့် ရိုဟင်ဂျာ ဆိုသူများသည်ဘင်္ဂလားဒေ့ရှ် မှ ထွက်ခွာလာသည့် ကုလားများသာဖြစ်သည်။ ထိုနိုင်ငံတွေကိုသွားသလို မြန်မာနိုင်ငံထဲသို့လဲ ခိုးဝင်ဖို့ ကြိုးစား နေဆဲဖြစ်သည်။

ဒါ့ကြောင့်လဲ အစိုးရက နယ်စပ်မှာ လ၀ကတွေကို အများအပြား ချထားပြီး နယ်စပ်ဒေသကို ထိန်းသိမ်း နေရသည်။ သို့သော် ကုလားများက မြန်မာနိုင်ငံမှထွက်ပြေးလာသည့် ရိုဟင်ဂျာ များဖြစ်သည်၊ မြန်မာတို့က နှိပ်စက်သဖြင့်ထွက်ပြေးလာရပါသည်ဆိုပြီး ထိုင်းမှာ၊ မလေးရှားမှာ နိုင်ငံရေးခိုလှုံခွင့်ရအောင် ကုလားမူ၊ ကုလားချွဲလုပ်သည်။ ဘာအကြောင်းဖြစ်ဖြစ် မြန်မာအစိုးရ ကို တွယ်ဖို့ အခွင့်အရေးရလျှင် တော်ပြီဆိုသည့် အတိုက်အခံများကလည်းရိုဟင်ဂျာ ပြဿနာကို မြန်မာအစိုးရ၏ နောက်ထပ် လူ့အခွင့်အရေးချိုးဖောက်မှု တစ်ခုအဖြစ် ပုံဖော်နိုင်အောင် မီဒီယာ ပေါ်တင်လာကြသည်။သို့သော် ယခုကိစ္စသည် တပ်မတော် အစိုးရနှင့်သာ သက်ဆိုင်သည့် ကိစ္စမဟုတ်၊အမျိုးသား ရေးဖြစ်သည်။

သမိုင်းတစ်လျှောက် မြန်မာနိုင်ငံထဲကိုနည်းမျိုးစုံဖြင့် ထိုးဖောက် လာခဲ့သည့် ကုလားများက သမိုင်းတွင် မရှိသည့်လူမျိုးစုနံမည်ကို ဖန်တီးပြီး မြန်မာနိုင်ငံထဲတွင် တရားဝင်ခြေကုတ်ယူဖို့လုပ် လာခြင်းဖြစ်သည်။ ဒီမိုကရေစီ ပြဿနာ မဟုတ်ပါ။ လူ့အခွင့်အရေး ပြဿနာမဟုတ်ပါ။ မိမိတို့ချင်း သဘောထား ကွဲပြားမှုများကို ဘေးချိတ်ပြီးရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း နိုင်ငံ တကာမျက်နှာစာမှာခိုင်ခိုင်မာမာ ရပ်တည်ရမည့် အချိန်ဖြစ်ပါ၏။


အဏ္ဏ၀ါစစ်သည်

Sunday, April 22, 2012

ဆရာကိုဆိတ်ဖွားပြောသော ဂျပန်မြန်မာ ဆက်ဆံရေးနှင့် rare earth ခေါ် ရှားပါးသတ္တုများအကြောင်း ( ၂ )

( ယခုအောက်တွင် ဆက်လက်ဖေါ်ပြမည့်အကြောင်းအရာတို့မှာ ဆရာကိုဆိတ်ဖွားမှ ကျွန်တော့်အား ပြောပြသော rare earth ခေါ် ရှားပါးသတ္တုများအကြောင်းဖြစ်ပါသည် ၊  စာမလေးစေရန်အတွက် ဆရာကိုဆိတ်ဖွားပြောသည့်အထဲမှ အချို့ ပညာရပ်ဆိုင်ရာ အသုံးတစ်ချို့ကို အရပ်သုံး စကားတစ်ချို့ဖြင့် ပြင်ဆင်အစားထိုးခဲ့ခြင်း စာချောစေရန် အထားအသိုပြင်ဆင်ထားခြင်းများ မှအပ ဆရာကိုဆိတ်ဖွား၏ မူရင်းအာဘော်အတိုင်းသာ ဖြစ်ပါသည် ။ စာရေးသူ  )

Rare Earth Elements ဆိုသည်မှာ
 

Rare Earth Elements ဆိုတာကတော့ Periodic Table မှာ အနီရောင်နဲ့ ၀ိုင်းပြထားတဲ့ ဒြပ်စင်တွေ ကို ခေါ်တာပါဘဲ ၊ စုစုပေါင်း ၁၇ မျိုးရှိတယ် ၊ သဘာဝမှာတော့ ဒီ Elements တွေကို အခြားဒြပ်စင်တွေနဲ့ပေါင်းပြီး အောက်ဆိုဒ်တွေ  အဖြစ်နဲ့ တွေ့ရများတယ် စာတွေမှာတွေ့ရတဲ့ RE , REE ,REM စတာတွေဟာ ဒီရှားပါးသတ္တုတွေကို အတိုခေါ်ကြတာပါဘဲ
  • RE = rare earth
  • REM = rare earth metals
  • REE = rare earth elements
  • REO = rare earth oxides
  • REY = rare earth elements and yttrium
  • LREE = light rare earth elements
  • HREE = heavy rare earth elements


Rare Earth ၏အစနှင့် စိတ်ဝင်စားဘွယ်အမည်များ

ဖင်လန်နိုင်ငံသား ဓါတုဗေဒ နဲ့ တွင်းထွက်ဗေဒ ပညာရှင် Johan Gadolin ဟာ ၁၈၀၀ ခုနှစ်လောက်က သူ့နိုင်ငံ ထဲက Ytterby ဆိုတဲ့ရွာကလေး ( ယနေ့တွင် အဆိုပါရွာလေးသည် ဆွီဒင်နိုင်ငံ ပိုင်နက်ထဲတွင်ရှိပါသည် ) မှာ ဒီနေ့အခေါ် gadolinite ခေါ်တဲ့ တွင်းထွက်တစ်မျိုးကို စတွေ့ခဲ့တာကနေ ဒီနေ့ Rare Earth ရဲ့ သမိုင်းက စတယ်လို့ ပြောရမယ် သူ့အရင်တွေ့တဲ့လူအချို့ရှိပေမယ့် သူ့လို သိပ္ပံနည်းကျ မဖေါ်ထုတ်နိုင်ခဲ့ဘူး ။ဒီ Ytterby ဆိုတဲ့ရွာလေးဟာ rare earth သမိုင်းမှာ အတော်အရေးပါတယ်  ဘာလို့လဲဆိုတော့ ရှားပါးသတ္တုဒြပ်စဉ် ၁၇ မျိုးထဲက Yttrium ,Gadolinium , Terbium Ytterbium ဒြပ်စဉ်တွေဟာ ဒီရွာလေးကနေစတွေ့တာ ဖြစ်နေလို့ပါဘဲ ။

Rare Earth တွေရဲ့အမည်တွေဟာလည်း စိတ်ဝင်စားစရာကောင်းတယ် ဥပမာ အနေနဲ့ ပြောရရင် Yttrium , Ytterbium ဆိုတဲ့ elements  တွေရဲ့ အမည်တွေဟာ ကို သူတို့ကို စပြီး တွေ့ခဲ့တဲ့ Ytterby ဆိုတဲ့ရွာကလေး အမည်ကို အစွဲပြုပြီးခေါ်ထားတာ Gadolinium ဆိုရင်လဲ ဒီလိုပါဘဲ သူ့ကို အရင်က   Ytterby ရွာကလေးကတွေ့လို့ Ytterbite လို့ခေါ်ခဲ့ပြီးမှ နောက်ပိုင်းမှ သိပ္ပံ ပညာရှင်ကြီး Johan Gadolin ကိုဂုဏ်ပြုတဲ့အနေနဲ့ Gadolinium လို့ ပြောင်းခေါ်ခဲ့တာ ၊ Lanthanum ဆိုတဲ့ element ရဲ့ အမည်ကတော့ တစ်မျိုး ဖြစ်တယ် သူက ဂရိဘာသာစကား "lanthanein" ကနေလာတာ အင်္ဂလိပ်လိုတော့ Hidden လို့ အဓိပ္ပါယ်ရတယ် ။ Lutetium ဆိုတဲ့ရှားပါး Elements ကတော့ သူ့ကိုစတင်တွေ့ရှိရတဲ့ Lutetia ဆိုတဲ့ မြို့ကို အစွဲပြုပြီးခေါ်တာ အဲဒီ Lutetia ဆိုတဲ့မြို့ဟာ ဒီနေ့ ကမ္ဘာကျော်ပဲရစ်မြို့ကြီးပေါ့ ။ကျန်တဲ့ elements တွေမှာလည်း ဒီလို စိတ်ဝင်စားစရာ ကောင်းတဲ့ အမည်ဖြစ်ပေါ်လာပုံလေးတွေ ရှိသေးတယ် ။


 Rare Earth ၏အသုံးဝင်ပုံများ

 Rare Earth ရဲ့အသုံးဝင်ပုံတွေကို ပြောရမယ်ဆိုရင် များလွန်းလို့ ပြောမဆုံးပေါင် တောသုံးထောင် ဆိုတာလို ဖြစ်နေမှာမို့ အကျဉ်းလောက် ပြောချင်တယ် ... ၊ ဥပမာအနေနဲကပြောရရင် aerospace components လို့ခေါ်တဲ့ အာကသ သိပ္ပံဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ aluminium-scandium alloy လို့ခေါ်တဲ့ သတ္တုစပ်တစ်မျိုးရဘို့ Scandium ဆိုတဲ့ Rare Earth Elements ဟာ မရှိမဖြစ်လိုတယ် ၊အလားတူပဲ နေ့စဉ်အများပြည်သူသုံးပစ္စည်းတွေ ဖြစ်တဲ့  ကွန်ပြူတာ memory တွေ ၊ Chip set တွေ ၊ DVD လေဆာ ပြားတွေ ၊ မိုဘိုင်းဖုန်းတွေ ၊ စမတ်ဖုန်းတွေရဲ့ Touch Screen တွေ LED TV တွေ  နာမည်ကျော် ipad  တို့လို Tablet တွေ ကင်မရာ LENS တွေ ကျန်းမာရေးကုထုံးတွေမှာ လိုတဲ့ လေဆာရောင်ခြည်ထုတ်လုပ်ရေးတွေ မှာ ဒီ Rare Earth Elements တွေဟာ တစ်ခုမဟုတ် တစ်ခု အဓိကလိုအပ်နေတယ် ။ Rare Earth Elements တွေမရှိရင် ဒါတွေမရှိတော့ဘူးပေါ့ ဒါဆိုရင် ကမ္ဘာသူကမ္ဘာသားတွေရဲ့ လူမှုရေး ကျန်းမာရေး စီးပွားရေးတွေ အားလုံးကို ရိုက်ခတ်လာတော့မယ် ။

ဒါ့အပြင် Rare Earth Elements စစ်ဘက်ဆိုင်ရာ လက်နက်ထုတ်လုပ်ရေးတွေမှာလည်း  မရှိမဖြစ်လိုနေတယ်Lanthanum ဟာ night-vision goggles လို့ခေါ်တဲ့ ညကြည့်မှန်ပြောင်းတွေ ၊ Neodymium  လို့ခေါ်တဲ့ Rare Earth Elements ဟာ  laser range-finders( လေဆာရောင်ခြည်သုံးပစ်မှတ်ရှာဖွေရေးစံနစ်), guidance systems (ဒုံးများကို ပစ်မှတ်ထိရောက်စေရန် လမ်းညွှန်ထိန်းချုပ်စံနစ် ), အခြားစစ်ဘက်သုံး အဆင့်မြင့်ဆက်သွယ်ရေးပစ္စည်းတွေ မှာ သူမပါရင် မဖြစ်တော့ဘူး ၊ အလားတူပဲ ပစ်မှတ်ကို အထူးတိတိကျကျ ထိရောက်အောင်ပစ်နိုင်တဲ့ precision-guided weapons တွေ အမေရိကန်တို့ရဲ့ နာမည်ကျော် ကိုယ်ပျောက်နည်းပညာ stealth technology တွေမှာ မဖြစ်မနေလိုအပ်တဲ့ "white noise" production တွေမှာ Samarium လို့ခေါ်တဲ့ Rare Earth Elements မပါရင် ဖြစ်ကိုမဖြစ်နိုင်လောက်အောင်ကို ဒီ  Rare Earth Elements တွေဟာ အရေးပါ အရာရောက်နေကြတယ်  ။


( Rare Earth Elements နှင့် ကမ္ဘာကြီး၏ ပြဿနာများ နောက်ဆုံးအခြေအနေ ၊ မြန်မာနိုင်ငံတွင် Rare Earth Elements များတွေ့ရှိနိုင်မှု ၊ ဂျပန် မြန်မာဆက်ဆံရေးတွင် Rare Earth Elements များ၏ အရေးပါပုံ နှင့် ဆရာကိုဆိတ်ဖွား၏ ခြုံငုံသုံးသပ်ချက်များကို မနက်ဖြန် တွင် ဆက်လက် ဖေါ်ပြပေးသွားပါမည် ။)

နေ၀င်း



Saturday, April 21, 2012

ဆရာကိုဆိတ်ဖွားပြောသော ဂျပန်မြန်မာ ဆက်ဆံရေးနှင့် rare earth ခေါ် ရှားပါးသတ္တုများအကြောင်း

ယခုတစ်ခေါက် မြန်မာပြည်ပြန်ရောက်သောအခါ မြန်မာသင်္ကြန်ရက်များနှင့်တိုက်ဆိုင်နေသဖြင့် ဆရာဒေါက်တာဆိတ်ဖွား ဆီသို့ ချက်ချင်းဆိုသလို မရောက်ရှိပဲ ယနေ့မှသာ ဆရာနေထိုင်ရာ  ချင်းချောင်းရိပ်သာလမ်း ရှိ နေအိမ်သို့ ရောက်ရှိခဲ့လေသည်။ ဆရာ့အိမ်ထဲသို့ရောက်သည်နှင့်  စာကြည့်ခန်းထဲတွင် စာအုပ်တစ်အုပ်ကို စိတ်ဝင်တစား ဖတ်ရှုနေသော ဆရာကိုဆိတ်ဖွားအား အဆင်သင့်ဆိုသလိုတွေ့ရှိ ရပြီး ဆရာတပည့်နှစ်ယောက် မြန်မာ့နိုင်ငံရေး အချိုးအကွေ့ ဖြစ်စဉ်အကြောင်း များ ပြောဖြစ်ကြလေ၏ ။

ထိုသို့ပြောကြသည့်အထဲတွင် အငြိမ်းစားယူသွားပြီးဖြစ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်းလည်းပါ၏ ၊ မကြာမီက ထိန်းသိမ်းထားရာမှ ပြန်လည်လွတ်မြောက်လာသော ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် အကြောင်းလဲပါ၏ ၊ NLD ပါတီ နေရာအားလုံးနီးပါးတွင် အနိုင်ရရှိသည့်အကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည်အကြောင်းလည်း ပါလေ၏ ၊ အစိုးရအဖွဲ့နှင့် လွှတ်တော် အားပြိုင်မှုများအကြောင်းလဲပါလေ၏ ၊ ထိုသို့ပြောဆိုနေသည့်အထဲတွင် နိုင်ငံတော်သမ္မတကြီး ၏ဂျပန်နိုင်ငံခရီးစဉ်အကြောင်းရောက်ရှိသွားသောအခါတွင် ကျွန်တော်က 

"ဆရာရယ် အခု သမ္မတကြီးရဲ့ ဂျပန်ခရီးစဉ်ကတော့ဖြင့် နိုင်ငံအတွက် သတင်းကောင်းတွေ ဆက်တိုက်ကြားနေရတယ် ဆရာ ODA တွေပြန်ပေးမယ် ရန်ကုန်မြို့ပြန်လည်တည်ထောင်ရေးကိစ္စတွေ ဖြစ်တဲ့ ရေပေးဝေရေး ၊ရေဆိုးထုတ်ရေး ၊ လျှပ်စစ်ဖြန့်ဝေရေးတွေမှာ ဂျပန်က အကူညီတွေပေးမယ် ၊ ကြွေး အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံကို လျော်ပေးမယ် ၊ အုပ်ချုပ်ရေးအတွက် ၀န်ထမ်းတွေသင်တန်းပေးဘို့ ယန်း သန်း၂၀၀ ပေးမယ် ၊ အိုင်စီတီကဏ္ဍတွေမှာ နည်းပညာကူညီမယ် ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မယ် ...စုံနေတာပါဘဲဆရာရယ်...တိုင်းပြည်အတွက် ၀မ်းသာစရာတွေ မဟုတ်လား " ဟု အားရ၀မ်းသာပြောလိုက်ရာ ....ဆရာကိုဆိတ်ဖွားက ပြုံးရုံသာပြုံးပြီး ခေါင်းညိမ့်ကာ...

မောင်ရင်က ကိုယ်ကရမှာတွေပဲပြောနေတော့တာကိုး..... ကိုယ်ကပြန်ပေးရမယ့်ဟာတွေ လည်း ပြန်ကြည့်ဦးမှရမယ် ဒီလိုပြောလို့ဂျပန်ကိုမလိုလားတဲ့သဘော မဟုတ်ဘူးနော် ပြည်တွင်းပြည်ပ သတင်းတွေမှာလည်း ဒီလိုပဲဖေါ်ပြကြတယ် ဂျပန်က မြန်မာကို ကူညီတယ်ပေါ့ ဒါပေမယ့် ဂျပန်နိုင်ငံအ ခုလိုအထောက်အပံ့တွေ ပြန်ပေး ကြွေးတွေလျော် လုပ်နေတာဟာ မြန်မာ့နိုင်ငံရေးအပြောင်းအလည်း တစ်ခုထဲကြောင့်တော့မဟုတ်ဘူး  ဂျပန်က မြန်မာဆီက ပြန်ယူမယ့်ဟာတွေလည်း ရှိနေတယ် ဆိုတာကို သိထားရမယ် မောင်ရင်တင်မဟုတ်ဘူး မြန်မာပြည်သူတွေအားလုံးလည်းသိထားသင့်တယ် ၊ သိအောင်လုပ်ပေးဘို့လဲ မီဒီယာတွေမှာတာဝန်ရှိတယ် ၊ ဒီလိုမဟုတ်ရင် ဂျပန်ကပေးတာတွေ ပဲဗမာက ရပြီး တို့ကဘာမှပြန်မပေးရဘူးလို့ ကမ္ဘာက အထင်ရောက်နေရင် တို့မြန်မာတွေဘက်က တစ်ပန်းရှုံးတာပေါ့ကွာ....

ဆရာကိုဆိတ်ဖွား စကားဆုံးလျှင်ဆုံးခြင်းပဲ  " ဆရာရယ် ကျွန်တော်တို့လို ဆင်းရဲတဲ့နိုင်ငံငယ်လေးဆီက ဂျပန်လို အစစချမ်းသာတဲ့နိုင်ငံက ဘာများရစရာရှိလို့လည်း ဆရာရယ် " ဟု မေးခွန်းထုတ်လိုက် ရာ ဆရာကိုဆိတ်ဖွားက 

"မောင်ရင် rare earth လို့ခေါ်တဲ့ ရှားပါးသတ္တုတွေ အကြောင်း ကြားဘူးမှာပေါ့ " ဟု မေးခွန်းပြန်လှန်ထုတ်လိုက်ရာ ကျွန်တော်က " ကြားတော့ကြားဘူးပါတယ် ဒါပေမယ့် သေချာတိတိပပတော့မသိပါဘူးခင်ဗျာ " ဟု ပြန်ဖြေလိုက်လေ ၏ ။

" ဒီလိုမောင်ရင်ရ ကမ္ဘာပေါ်မှာ rare earth လို့ခေါ်တဲ့ ရှားပါးသတ္တုတွေဟာ ဒီဘက်ခေတ်မှာ သိပ်ပြီး အသုံးဝင်လာတယ် ၊ ရှားပါးသတ္တုဆိုတဲ့အတိုင်း ရှားပါးလိုက်တာကလည်း မပြောနဲ့မောင်ရေ...  အပုံတစ်သန်းမှာ ဒီရှားပါးသတ္တုလေးတွေ ၈၀ ပုံလောက်ပါရင်ကိုပဲ ၀မ်းသာနေရတဲ့အဖြစ်မျိုး ကွ ၊ ဒီရှားပါးသတ္တုတွေကလည်း ကမ္ဘာပေါ်မှာ တရုတ်ပြည်က အများဆုံးထွက်တယ် ၊ ကမ္ဘာ့ ရှားပါးသတ္တု ဈေးကွက်ထဲက ၈၀%ကျော်ဟာ တရုတ်ပြည်က ထုတ်ရောင်းနေတာ ၊ ဒီလိုအခြေအနေကနေ မနှစ်ကတော့ တရုတ်ပြည်ဟာ သူ့ပြည်တွင်းလိုအပ်ချက်တွေ ရှိနေလို့ပါဆိုပြီးတော့ ဒီရှားပါးသတ္တုတွေ ပြည်ပတင်ပို့မှုတွေကို ရပ်ဆိုင်းပစ်လိုက်တယ်၊ အရင်စာချုပ် လက်ကျန်လေးတွေ ဆက်ပို့ပြီးရင် ဒါ တင်ပို့မှုကို လုံးဝ ရပ်ပစ်လိုက်တော့မယ်လို့ ဆိုတယ် "

"ဟာဒါဆိုရင် ကျန်တဲ့ လိုနေတဲ့နိုင်ငံတွေတော့  ဒုက္ခပေါ့နော် "

ဒါပေါ့မောင်ရင်ရာ... ဒီအထဲမှာ ဂျပန်နိုင်ငံဟာလည်း ထိပ်ဆုံးက ပါနေတာပေါ့ကွာ... ဂျပန်ဟာ ဒီရှားပါးသတ္တုမရရင် ပြဿနာတွေ အများကြီး ရှိတယ် ၊ ဆိုပါတော့ ipad တို့လို Tablet PC တွေ smart phone တွေ နောက်ပြီး ကွန်ပြူတာအစိတ်အပိုင်းတွေ နောက်ပြီး အာကာသဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်တဲ့နေရာမှာ ဒီ rare earth တွေဟာ မရှိမဖြစ်လိုအပ်တယ် ဒါမရှိရင် အဆင့်မြင့်မြင့်ထုတ်လို့ကိုမရဘူး  ၊ ခုကမ္ဘာ့ဈေးကွက်ရဲ့ ၈၀ % ကျော်ထုတ်လုပ်နေတဲ့ တရုတ်က မရောင်းတော့ဘူးဆိုတော့ ဒီပစ္စည်းတွေ ထုတ်နေတဲ့ စက်ရုံတွေ ၊ နိုင်ငံတွေ ၊ ကုမ္မဏီတွေဟာ အတော်ကို ခေါင်းရှုပ်နေရတဲ့အဖြစ်မျိုးကိုရောက်နေတယ် ။

" ဟာ...ဆရာပြောတာ စိတ်ဝင်စားစရာပါလားဆရာ ဒီ rare earth ဆိုတာ ဘယ်လိုဟာမျိုးတွေကို ခေါ်တာလည်း ၊ နောက်ပြီး ဘယ်လိုနေရာတွေမှာ သုံးရတာလည်း ၊ ဘယ်သူကစပြီးတွေ့တာလည်း ၊ နောက်ပြီး ကျွန်တော်တို့မြန်မာနိုင်ငံမှာရော ဒါတွေ ရှိလား ဆိုတာတွေ ကျွန်တော် သိချင်လာတယ် ဆရာ ၊ ဆရာအချိန်ရရင် နည်းနည်းအသေးစိတ်ပြီး ရှင်းပြပေးပါ ဒါကို ကျွန်တော်ပြန်ရေးပြီး ဆိုဒ်မှာတင်ချင်လို့ပါ ခင်ဗျာ.." ဟု ပြောပြောဆိုဆို မေးခွန်းများကို ဆက်တိုက်မေးလိုက်ရာ ဆရာကိုဆိတ်ဖွားသည် ကျွန်တော်သိချင်သည်များကို စိတ်ရှည်လက်ရှည်နှင့် ရှည်လျားစွာ ရှင်းပြလေသည် ။


နေ၀င်း

Thursday, April 19, 2012

မြေးအဘွား နှစ်ဦးအား စက်ခေါင်းမောင်းလက်ထောက်က ရုပ်ရှင်ဆန်ဆန် ကယ်တင်


မှတ်ချက်
 
ဒီသတင်းမျိုးရေးရင် နိုင်ငံ့ဝန်ထမ်းတွေကို ပြည်သူတွေလေးစားသွားမှာစိုးလို့ ဒါမှမဟုတ်ရင်လဲ ပြည်သူနဲ့နိုင်ငံ့ဝန်ထမ်းတွေကြား လျော့ပါးနေတဲ့ အပြန်အလှန် ချစ်ကြည်လေးစားမှုတွေ တိုးလာမှာစိုးလို့ ဒါမှမဟုတ်ရင်လည်း ရေးတဲ့လက်တွေနူမှာစိုးလို့ထင်ပါတယ်  အစိုးရသတင်းစာကလွဲလို့ ဘယ်သတင်းဌာနကမှ သတင်းမရကြဘူး ။


မရှိမကောင်း ရှိမကောင်း ၊ မပေါင်းလည်းခက် ပေါင်းလည်းခက်ကြသူများ



ဥရောပသမဂ္ဂက မြန်မာနိုင်ငံ အပေါ် အရေးယူပိတ်ဆို့ထားမှုများ အနက် လက်နက် တင်သွင်းတင်ပို့မှုမှလွဲပြီး ကျန်အရေးယူပိတ်ဆို့မှု အားလုံးကို တစ်နှစ်ကြာရပ်ဆိုင်းထားရန် သမဂ္ဂ၀င်နိုင်ငံများက မူအားဖြင့် သဘောတူညီလိုက်ပြီဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ် အလားတူပဲ ဗြိတိန်ကလည်း အကန့်အသတ်နဲ့ယာယီအားဖြင့်ရပ်ဆိုင်းပေးမယ် ၊ အခြားနိုင်ငံတွေကလည်း အလားတူ သဘောဆောင်တဲ့ အခြေအနေမျိုးနဲ့ စီးပွားရေးပိတ်ဆို့မှုကို ယာယီအားဖြင့်ရပ်ဆိုင်းပေးကြမယ် လို့ ဆိုပါတယ် ဒီလိုအနောက်နိုင်ငံတွေက ခုလိုလုပ်မှာကို ပြည်တွင်းက ဒေါ်အောင်ဆန်းစုကြည်က လည်း ထောက်ခံတယ်လို့ဆိုပါတယ်  ဒါတွေဟာ မကောင်းဘူးလို့ ပြောလို့မရ သလို ကောင်းတယ်လို့ လဲ ပြောလို့မရပါဘူး ။

ဘာလို့မကောင်းသလဲဆိုတော့ ဒီလို တစ်နှစ်တွေ ယာယီတွေအကန့်အသတ်တွေလုပ်နေရင်  ဥရောပနိုင်ငံတွေ  ဂျပန် အမေရိကန် အစရှိတဲ့ နိုင်ငံတွေက ခိုင်မာတောင့်တင်းတဲ့ ကုမ္ပဏီကြီးတွေဟာ အရင်းအနှီးကြီးကြီးနဲ့ အခြေခိုင်ခိုင် စိတ်ချလက်ချ လုပ်ရမယ့်အခြေအနေမျိုးတွေ မရှိသေးတဲ့အတွက် လာလည်းလာမှမဟုတ်ပါဘူး ဘာမှလဲ ရင်းနှီးမြှုပ်နှံမှာမဟုတ်ပါဘူး ပေါချောင်ကောင်းတွေ ရရင်ရသလောက်ဝင်လုပ်မယ် ပြန်ပိတ်ရင်လဲ ပြန်တာပေါ့ကွာဆိုတဲ့ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ကုမ္ပဏီတွေပဲဝင်လာပြီး မြန်မာတွေ အခက်အခဲတွေ တွေ့နေရဦးမှာမို့ပါ .....။

တခြားကောင်းတဲ့ဘက်ကတွေးရင်တော့ အခြေခိုင်တဲ့ ကုမ္ပဏီကြီးတွေ ၀င်ရောက်ရင်းနှီးမြှုပ်ဘို့အတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေ  မရှိသေးဘူး  The Union of Myanmar Foreign Investment Law ကလုပ်နေတုန်း ၊ money transaction အတွက် Banking ကောင်းကောင်းတွေ  အရင်ဝင်ရဦးမယ် ၊ stock exchange market တွေ လုပ်နေတုန်း ဒီဟာတွေအတွက် အချိန် တစ်နှစ်မကလိုတယ် ဒီ့အပြင် အဆင့်မီဆိပ်ကမ်းတွေ လျှပ်စစ်ဓါတ်အားလိုအပ်ချက်တွေကလည်းရှိနေတုန်းဆိုတော့ ခုဝင်မယ်ဆိုရင်လည်း ၀င်လို့အဆင်မပြေသေးတဲ့အတူတူ ဒီလိုအခြေခံအဆောက်အဦတွေ မြန်မြန်ပေါ် လာအောင် ဖိအားပေး တိုက်တွန်းတဲ့အနေနဲ့ ခုလို တစ်ဆင့်ခြင်းရုပ်သိမ်းတယ် ဆိုပြီး မြင်မယ်ဆိုရင် မြင်ပေးလို့ရတယ် ။

အကောင်းမြင်ပေးလို့မရတာက အစိုးရက အကျဉ်းသားတွေကို လပိုင်းအတွင်းမှာ ခုလိုပဲ တစ်ဆင့်ချင်း လွှတ်ပေးတုန်းက ဒါဟာ အကျဉ်းသားတွေကို နိုင်ငံရေးမှာဓါးစာခံလုပ်နေတာ မယားငယ်လစာပေးသလိုလုပ်နေတာစတဲ့ စွပ်စွဲချက်အမျိုးမျိုးနဲ့ မြန်မာမြန်မာချင်း အင်မတန်အသံကျယ်ခဲ့တဲ့ ပြည်တွင်း ပြည်ပ ကမီဒီယာတွေ ၊ Public Speaker လို့ခေါ်တဲ့ ပြည်သူ့ကိုယ်စား ပြောရေးဆိုခွင့်ရှိသူတွေ ၊ အတိုက်အခံနိုင်ငံရေးသမားတွေဟာ အနောက်နိုင်ငံတွေက ခုလိုကိုယ့်နိုင်ငံကို Sanction ကို နှစ်နဲ့ချီပြီး အချိန်ဆွဲပြီးနိုင်တိုင်းကျင့်နေတာကို ၊ ခင်ဗျားတို့စွပ်စွဲခဲ့သလို မယားငယ်ပေးပေး နေတာကို ဘာသံမှ မထွက်ရဲကြဘူး ၊ အ ကုန်ကြပြီ  ၊ နားမျက်စိတွေ ပင်းကုန် ကန်းကုန်ကြပြီ ၊ ရူးချင်ယောင် ဆောင်ကုန်ကြပြီ ...........။


ဒေါ်အောင်ဆန်းစုကြည် ကတော့ဖြင့်ရင် နေကောင်းတယ်မကောင်းဘူး ၊ ဦးထုပ်ဆောင်းတယ်မဆောင်းဘူး ဘယ်မင်းသားကတော့ဖြင့်ရင် မုန့်ဟင်းခါးထဲ ဘဲဥပါတာကြိုက်တယ်မကြိုက်ဘူး  ဘယ်မင်းသမီး အောက်စလွတ်တယ် မလွတ်ဘူး  ၊ ဘယ်အဆိုတော်ကတော့ဖြင့် ကလေးဘယ်နှစ်ယောက်မွေးမယ် မမွေးဘူး ဘယ်မော်ဒယ်ကတော့ဖြင့် ရင်သားကြီးလာအောင် ဆေးစားတယ်မစားဘူး ၊  ဘယ်အလှဖန်တီးရှင်အခြောက်ကတော့ ရက်အားတယ်မအားဘူးလောက်ရေးနေမယ့် အတူတူ ဘာမှမရေးတာအကောင်းဆုံးပါဘဲ .....။

ခင်ဗျားတို့ တိုင်းပြည်အတွက် လုပ်နေတယ်ဆိုတာ ယုံရခက်ကြီးပါဘဲ.....ဒီလိုစတုတ္ထမဏ္ဍိုင်မျိုး ရှိနေမယ့်အစား မရှိတာကမှကောင်းဦးမယ် ဗျာ.....မရှိမကောင်းရှိမကောင်း ၊ မပေါင်းလဲခက် ပေါင်းလဲခက် ၏ ဆိုတာ ခင်ဗျားတို့ကို ဆိုလိုတာများ ဖြစ်နေမလားတွေးနေမိတယ်....။

ဒေါက်တာဆိတ်ဖွား



Friday, April 13, 2012

ဘိုးတော်ကိုးကွယ် ၊ ချဲတွက်သောမြန်မာတို့နှင့် ကလင်ဒါကျ NLD

  တနေ့သ၌ ကျွန်ုပ်သည် မြန်မာလူမျိုးတို့၏ ထူးဆန်းသောဓလေ့စရိုက်များအကြောင်းကို စဉ်းစားနေလေ၏ ၊ ထိုသို့စဉ်းစားမိသည့်အထဲတွင် မြန်မာတို့၏ ရိုးရာယုံကြည်ကိုးကွယ်မှုများအကြောင်းလည်းပါ၏ ၊မြန်မာအများစုတို့သည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်အလျောက် ဗုဒ္ဓဘာသာကို အများစု ယုံကြည်ကိုးကွယ်ကြလေသည် ၊ တစ်ချိန်တည်းမှာပင် ထေရ၀ါဒ အဆုံးအမနှင့် လားလားဆန့်ကျင်သော နတ်ကိုးကွယ်ခြင်း ၊ ဘိုးတော် ယုံကြည်ခြင်း ၊ လက်ဖွဲ့ အင်း အိုင် အစရှိသည်တို့ကို အလွန်အမင်းယုံကြည်ခြင်းတို့ကို လည်း ပူးတွဲပြုလုပ်ကြပြန်လေ၏ ၊ ဘုရားစင်လည်းရှိ၏ နတ်အုန်းလဲဆွဲ၏ ၊ ဘိုးတော်ရုပ်ကိုလည်း ရေနွေးကြမ်းကပ်၏ ၊ အမ်းကုန်းဟုခေါ်သော ဦးတိပွားရုပ်ကိုလည်းတင်ထား၏ ၊ သူရဿတီမယ်တော်ကိုလည်း ပန်းဆက်ထားပြန်လေ၏ အံ့ဖွယ် မြန်မာတို့ပါတကားဟု တွေးမိ၏။

 ထိုသို့ပြုလုပ်ကြသူများထဲတွင် အဆင့်မြင့်ပညာတတ်ပါသည်ဆိုသော ပညာရှင်များလည်းပါ ၏ ၊ ဌာနဆိုင်ရာ အဆင့်မြင့်ရာထူးများကို ထမ်းဆောင်နေသူများလည်းပါ၏ ၊ ဆရာဝန်များလည်းပါ၏ စစ်ဗိုလ်များလည်းပါ၏ ၊ ကုန်သည်ကြီး ကုန်သည်လေး များမှ အစ ဈေးသည်များအဆုံး ပါ၏ ၊ ခြုံ၍ဆိုရသူ လူ့အဆင့်အတန်းမျိုးစုံပါ၏ ၊ ထိုသူတို့သည် စာပေပိဋကတ်အရာတွင်ကျွမ်းကျင်လှသော ဆရာတော် သမားတော်ကြီးများက ထိုသို့ပြုရန်မသင့်ပုံကို အကျိုးသင့်အကြောင်းသင့် ဆုံမတော်မူလျှင် ထိုဆရာတော်သမားတော်ကြီးများကို မဆိုင်းမတွဆိုသလို  မုန်းပစ်လိုက်ပြန်၏ ၊ ချဲနံပါတ်ပေးသော ဘုန်းကြီး ဘိုးတော် အစရှိသူတို့၏ ကျောင်းသင်ခန်းများတွင် လှူမည့်တမ်းမည့်သူများလှ၏ နေ့ညမပြတ် လူစည်ကားနေပြီး အမှန်တကယ် တရားကျင့်ကြံအားထုတ်နေတော်မူသော ဆရာတော်တို့ ထံတွင်ကား ကိုးကွယ်သူနည်းလှသည့် အဖြစ်ကိုကြည့်လျှင် ကိုးကွယ်သည့်အရာတွင် မြန်မာအများစုတို့ အလွဲကြီးလွဲနေပြီဟု မှတ်ယူရမည်သာဖြစ်၏ ။

အခြားဥပမာ တစ်ခုရှိသေး၏ ထိုင်းနိုင်ငံမှ ထုတ်သော ထီတစ်မျိုး၏ နောက်ဆုံး ဂဏန်း ၃ လုံးကို ယူကာ ချဲထီဟူသော အမည်ဖြင့် မြန်မာတို့ အစွဲကြီးစွဲနေသော ထီတစ်မျိုးရှိလေ၏ ၊ ထိုထီကို ထိုင်းနိုင်ငံတွင် လူအများရှေ့၌ ဖန်ပေါင်းချောင်ကဲ့သို့သောအရာထဲမှ ဂေါ်လီလုံးကလေးများကို နှိုက်ယူကာ ထီဖွင့်သည့်စံနစ်ဖြင့် ဆောင်ရွက်ကြသည်ကို ယခုကဲ့သို့ အိုင်တီခေတ်ကြီးထဲတွင် လူတိုင်းသိကြ၏ ၊ ထိုသို့သိပါလျှက်နှင့်ပင် မြန်မာတို့သည် ထိုဂဏန်းကို တွက်ကြလေ၏ ၊ ကြံကြံဖန်ဖန်တွက်နည်းပေါင်းမြောက်များစွာရှိလေ၏ ၊ ချိုင်းဟူသော ဂဏန်းများရေးထားသည့် စာရွက်အမျိုးမျိုးကို တစ်စိမ့်စိမ့်ကြည့်ကာ  ဖေါ်ထုတ်ကြသူများလည်းရှိ၏ ၊ နှစ်ရှည်လများက ပေါက်ဂဏန်းများကို စီကာစဉ်ကာရေးထားသည့် ကလင်ဒါ ဟူသော ပေါက်စဉ်ဇယားတစ်ခုပေါ်တွင် မျှားများ လေးထောင့်ကွက်များ ဖြင့် ရှုပ်ရှက်ခတ်အောင် ဆွဲရင်း ယခုလာမည့် ပေါက်ဂဏန်းကို မှန်းဆသူများကလည်းမရှား ၊ ထိုသို့ပြုလုပ်ရင်းမှ ဖေါ်ထုတ်ရရှိသော ဂဏန်းကို ကလင်ဒါကျ ဂဏန်းဟု ခေါ်ပြန်လေ၏ ။ ချဲပေးသော ဘိုးတော် ၊ ဘုန်းကြီးအစရှိသူတို့၏ ကိုယ်လက်နှုတ်အမူအယာ ၊ စားသောအစားအသောက် ၀တ်ဆင်သော အရောင် တို့ကို တစ်နေကုန်ထိုင်ကြည့်ကာ ချဲဂဏန်းဖေါ်နေသော အံ့ဖွယ် မြန်မာများလည်းရှိလေ၏ ။ကြက်ကန်းတိုး၍ တိုက်ဆိုင်သွားသူများလည်းရှိလေ၏ ၊ လွဲသွားသူတို့ကား ပို၍များ၏ ထိုသို့လွဲသွားသည့်တိုင် မြန်မာတို့သည် အရှုံးကို လက်မခံပဲ ပါဝါနှင့်ထွက်သွားသည်ဆိုကာ ဇွတ်ရော အတင်းရောဆိုသလို တည့်ယူကြပြန်လေ၏ ထိုပါဝါမှာလည်း မြန်မာပါဝါ ၊ ထိုင်းပါဝါဟူပြီး နှစ်မျိုးနှစ်စားခွဲကာ မိမိအယူအဆနှင့်မကိုက်မချင်းဇွတ် တွက်ယူကြပြန်လေ၏ ထူးဆန်းလှသော မြန်မာတို့၏ စိတ်ပါတကားဟု မှတ်ချက်ပြုမိလေ၏ ။

မြန်မာတို့အရူးထသည့် ချိုင်းတစ်မျိုး


  ထိုသို့ပြုလုပ်ကြသူများထဲတွင် အထက်က ဖေါ်ပြခဲ့သကဲ့သို့ အဆင့်မြင့်ပညာတတ်ပါသည်ဆိုသော ပညာရှင်များလည်းပါ ၏ ၊ ဌာနဆိုင်ရာ အဆင့်မြင့်ရာထူးများကို ထမ်းဆောင်နေသူများလည်းပါ၏ ၊ ဆရာဝန်များလည်းပါ၏ စစ်ဗိုလ်များလည်းပါ၏ ၊ ထိုချဲထီကို ဖမ်းရန်တာဝန်ရှိသော ရဲများလည်းပါ၏ ကုန်သည်ကြီး ကုန်သည်လေး များမှ အစ ဈေးသည်များအဆုံး ပါ၏ ၊ ခြုံ၍ဆိုရသူ လူ့အဆင့်အတန်းမျိုးစုံပါနေပြန်လေ၏ ။ထိုထီကိုလွယ်လွယ်ကူကူနှင့်ထိုးရသည်မဟုတ် အစိုးရက လောင်းကစားဥပဒေနှင့် ထိန်းချုပ်ထားသည့်ကြားမှ ပုန်းကာဝှက်ကာဖြင့်မရရအောင်ထိုးရခြင်းဖြစ်လေ၏ ၊ ပေါက်လျှင်လည်းအလျှော်ရရန်မသေချာ ၊ ဒိုင်မည်သူမည်ဝါမှန်းမသိပဲ တဆင့်ခံဖြင့်ထိုးကာ အရူးကြီး ရူးကြလေသူ အများအပြားပင်ရှိသည်ကို တွေ့ ရပြန်ရာ ထိုမြန်မာတို့၏ အနာဂါတ်ကို တွေးရင်း စိတ်မသက်မသာဖြစ်မိ ၏ ။ထိုသို့လွဲနေကြသူများမှာ လူနည်းစုမဟုတ် လူများစုဖြစ်သည်ကို မြန်မာပြည်သူအားလုံး သိရှိကြလေ၏ ။ထီထိုးသည့်အရာတွင်လည်း မြန်မာတို့ လွဲပြန်လေပြီ...........။

မာယာမပါ ပရိယာယ်မပါ ရိုးရှင်းဖြောင့်မတ်တည်ကြည်လှသော သဗ္ဗေညုတရွှေဥာဏ်တော်ကြီးဖြင့် ဆုံမတော်မူခဲ့သော ဗုဒ္ဒ၏ အဆုံးအမများအခိုင်အမာရှိပါလျှက် တလွဲကိုးကွယ်ယုံကြည်နေကြသောမြန်မာတို့ ၊ မာယာမပါ လှည့်ကွက်မပါ ကံသက်သက်ဖြင့်လှည့်ထုတ်သော ထီမှန်းသိပါလျှက် ချိုင်းဖြင့်မှန်းသူမှန်း ကလင်ဒါ ဖြင့်ဖမ်းသူဖမ်း ဘိုတော် အားကိုးဖြင့် တွက်သူတွက် ဖြစ်ရလောက်အောင် တက်တက်စင် အယူအဆလွဲနေသော မြန်မာတို့  မာယာ ပရိယာယ်များလှသော နိုင်ငံရေး ရွေးချယ်မှုတွင် အမှန်နဲ့ နီးစပ်စွာ ရွေးချယ်နိုင်ပါရဲ့လားဆိုတာ စဉ်းစားစရာ ပါ.... ......အများစုရွေးချယ်ခဲ့သည်ဆိုတိုင်း အမှန်ဖြစ်ပါရဲ့လား တွေးနေမိတယ်.....။

ဒေါက်တာဆိတ်ဖွား

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံ



 ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ်ကင်မရွန်းသည် မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိလာပြီး နေ့လည် ၁၂ နာရီခွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည် ၊ ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တက္ကသိုလ် ရိပ်သာလမ်းရှိ သူမ၏နေအိမ်တွင် တွေ့ဆုံမည်ဖြစ်ပြီး ဆက်တိုက်ဆိုသလို သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရှိရပါသည် ။

မစ္စတာဒေးဗစ်ကင်မရွန်း၏ ယခု မြန်မာနိုင်ငံခရီးစဉ်သည် သမိုင်းဝင်ခရီးစဉ်တစ်ခုဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံးလာရောက်သော ဗြိတိန်ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည် ။

Voice Of Myanmar

Tuesday, April 10, 2012

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မနက်ဖြန်တွေ့ဆုံဆွေးနွေးမည်

 
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်တို့သည် မနက်ဖြန် ဧပြီလ ၁၁ ရက်နေ့ မှာ နေပြည်တော် တွင်တွေ့ဆုံကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည် ၊ ဆွေးနွေးမည့်အကြောင်းအရာအသေးစိတ်ကိုမူ သိရှိရခြင်းမရှိသေးကြောင်း အမည်မဖေါ်လိုသူ အစိုးရအဆင့်မြင့်အရာရှိကြီး တစ်ဦးကပြောပါသည် ။

မြန်မာ့အပြောင်းအလဲများကို ဦးဆောင်သူနှစ်ဦးအဖြစ် ထင်ရှားသော သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၁ ခုနှစ်သြဂုတ်လ အတွင်းက ပထမအကြိမ် တွေ့ဆုံခဲ့ပြီး နောက် မြန်မာနိုင်ငံ၏အပြောင်းအလဲများ အကောင်းဘက်သို့ဆက်တိုက် ဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး ဒေသတွင်းနှင့်ကမ္ဘာနိုင်ငံအသီးသီးကပါ ထောက်ခံချီးကျူးခဲ့ကြရသဖြင့် ယခုတစ်ကြိမ်တွေ့ဆုံမှုကိုလည်း ပြည်သူအများက စိတ်ဝင်စားလျှက်ရှိကြောင်း သိရှိရပါသည် ။
Voice Of Myanmar

Friday, April 6, 2012

အမေရိကန်က ဘာတွေလုပ်မှာလဲ

ဧပြီလ ၄ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်က မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ရာမှာ တိုးတက်မှုများ ရရှိခဲ့တဲ့ အခြေအနေ၊ ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်ခဲ့ အခြေအနေ နှစ်ခုကို တုန့်ပြန်တဲ့ အနေနဲ့ မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူထားမှု တစ်ချို့ကို ဖယ်ရှား ပေးမယ်လို့ ပြောခဲ့တယ်။ နောက် နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာရှိတွေက သတင်းစာ ဆရာများကို တယ်လီ ကွန်ဖရင့် လုပ်ပြီး အသေးစိတ် ရှင်းပြပါတယ်။ အဲဒီ သတင်းနှစ်ခုကို အခြေခံပြီး အမေရိကန် နိုင်ငံရဲ့ တုန့်ပြန်မှုဟာ ဘယ်လို အကျိုး သက်ရောက်မှု ရှိမယ် ဆိုတာ လက်လှမ်း မီသလောက် ရှင်းပြချင်ပါတယ်။
ကလင်တန်ရဲ့ ပြောကြားချက်မှာ အမေရိကန်ဘက်က လုပ်ဆောင်မယ့် အစီအစဉ် ၅ ခုပါတယ်။
ပထမ လုပ်ငန်းက သံအမတ် ပြန်ထားဖို့ ကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စကို ဇန်နဝါရီလ အကျဉ်းသားတွေ ပြန်လွှတ်ကထဲက ကြေညာ ထားပါတယ်။ အခုတော့ အမေရိကန်ဘက်က ခန့်ချင်တဲ့လူကို မြန်မာဘက်ကို အဆိုပြုမယ်လို့ ဆိုပါတယ်။ မြန်မာဘက်က လက်ခံရင် အမည်စာရင်း တင်သွင်းမှုကို တရားဝင် ကြေညာမှာ ဖြစ်ပါတယ်။ အမေရိကန် အခြေခံ ဥပဒေအရ အဲဒီ သံအမတ် ခန့်အပ်မှုကို အထက် လွှတ်တော်က အတည်ပြုရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ အမေရိကန် ကွန်ဂရက် အနေနဲ့လည်း မြန်မာနိုင်ငံက တိုးတက်မှုများကို အသိအမှတ် ပြုထားပြီး ဖြစ်လို့ အတည်ပြုနိုင်ဖို့ အချိန် သိပ်လိုမယ် မထင်ပါဘူး။ သံအမတ် ခန့်အပ်မှုဟာ ၁၉၈၈ နောက်ပိုင်း ပထမဆုံး အကြိမ် ဖြစ်တဲ့အတွက် နိုင်ငံရေးအရ အဓိပ္ပါယ် ကြီးမားတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။
ဒုတိယ လုပ်ငန်းကတော့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အေဂျင်စီ UNDP ကို မြန်မာနိုင်ငံ အတွင်းမှာ ပုံမှန်လုပ်ငန်း လုပ်ဆောင်ခွင့်တွေ ပေးအပ်မှာ ဖြစ်ပြီး အမေရိကန် နိုင်ငံရဲ့ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID ကိုလည်း မြန်မာနိုင်ငံမှာ တရားဝင် ရုံးဖွင့် ဆောင်ရွက်စေမှာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံဟာ ကုလသမဂ္ဂကို ရန်ပုံငွေ အများဆုံး ထည့်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမေရိကန်က UNDP ကို အစိုးရနဲ့ တိုက်ရိုက် ပူးပေါင်း ဆောင်ရွက်ခြင်း မလုပ်ဖို့၊ UNDP အကူအညီနဲ့ နိုင်ငံတကာ၊ ပြည်တွင်း အင်န်ဂျီအိုများက ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်တဲ့ အခါမှာလည်း အစိုးရဌာနတွေ၊ ဒေသ အာဏာပိုင်တွေနဲ့ ပူးပေါင်း မလုပ်ဖို့၊ အစိုးရ လုပ်ငန်းတွေကို အကူအညီပေးရာ ရောက်မယ့် ကိစ္စတွေမှာ မလုပ်ဖို့ တားမြစ် ထားပါတယ်။ နှစ်စဉ်လည်း UNDP က မြန်မာနိုင်ငံထဲက သူတို့ လုပ်ငန်းတွေဟာ အစိုးရကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး အကျိုး သက်ရောက်မှု မရှိပါဘူး ဆိုတာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနကို အာမခံရတယ်။ ဒါ့ကြောင့် အခု ဒီကန့်သတ်ချက်ကို ဖယ်ရှားပြီး ပုံမှန် လုပ်ဆောင်ခွင့် ပြုတဲ့အတွက် UNDP ဟာ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲမှု လျှော့ချရေးတွေမှာ အစိုးရ ၀န်ကြီးဌာနများနဲ့ သဘော တူညီချက် ရယူပြီး နိုင်ငံတွင်း အစီအစဉ်များကို အကောာင်အထည် ဖော်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာ ပြည်သူတွေ အတွက် အင်မတန် အကျိုးရှိတဲ့ အချက်ပါပဲ။ အမေရိကန် အစိုးရရဲ့ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID ဟာ တော်လှန်ရေး ကောင်စီ မတက်ခင်က မြန်မာနိုင်ငံမှာ ရုံးဖွင့်ပြီး အကူအညီ ပေးခဲ့တယ်။ တော်လှန်ရေး ကောင်စီ လက်ထက်မှာ ရုံးပိတ်ခိုင်း လိုက်ပါတယ်။ အခုမှ ပြန်ဖွင့်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ USAID က အရင်တုံးက ဘန်ကောက်ရုံးကနေ အကူအညီ ပေးခဲ့တာ ဖြစ်ပြီး မနှစ်က ဒေါ်လာ ၃၅ သန်း အကူအညီ ပေးခဲ့တယ်။ ဒါပေမယ့် အင်န်ဂျီအိုတွေကို ပေးတာဖြစ်ပြီး အစိုးရကို တိုက်ရိုက် မပေးပါဘူး။ အခုတော့ အခြေအနေ ပြောင်းသွား တော့မယ် ထင်ပါတယ်။ ဒီအကူအညီတွေကို အများဆုံး ရနိုင်တာတော့ ပညာရေး၊ ကျန်းမာရေး၊ ကောင်းမွန်သော အုပ်ချုပ်မှုနဲ့ ဒီမိုကရေစီ ထွန်းကားရေး အတွက် အထောက် အကူ ဖြစ်မယ့် လုပ်ငန်းများ ဖြစ်ပါတယ်။
တတိယ လုပ်ငန်း ကတော့ အမေရိကန် နိုင်ငံက ပုဂ္ဂလိက အဖွဲ့အစည်းများကို မြန်မာနိုင်ငံ အတွင်းမှာ ပရဟိတ အကျိုးအမြတ် မယူတဲ့ လုပ်ငန်းများမှာ ပါဝင် ကူညီ ဆောင်ရွက် ခွင့်ပြုပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာရှိတွေက အသေးစိတ် ရှင်းပြရာမှာ အမေရိကန် ဖောင်ဒေးရှင်းတွေ၊ ပညာရေး၊ ကျန်းမာရေး အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံထဲက ကျန်းမာရေး၊ ပညာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဒီမိုကရေစီ မြှင့်တင်ရေးနဲ့ တစ်ခြား စီးပွားရေး အကျိုးအမြတ် မယူတဲ့  လုပ်ငန်းများမှာ ကူညီခွင့်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းက လူမှု အဖွဲ့အစည်းတွေ ပိုပြီး တိုးတက်ဖို့ အခြေအနေပေးတဲ့ အပြင် မြန်မာ လူငယ်တွေ ပညာတော်သင်ဆုတွေ ပိုရနိုင်မယ့် အခွင့်အရေး၊ တက္ကသိုလ်တွေ အနေနဲ့ နိုင်ငံတကာ အကူအညီများ ပိုရနိုင်မယ့် အခွင့်အရေးတွေကို လမ်းပွင့် သွားစေမှာ ဖြစ်ပါတယ်။
စတုတ္ထ လုပ်ငန်းကတော့ မြန်မာ အဆင့်မြင့် အစိုးရ အရာရှိကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များကို အမေရိကန် နိုင်ငံကို လာရောက် ခွင့်ပိတ်ပင်ထားတာကို ပယ်ဖျက်ပြီး နှစ်ဘက်ကြား ပိုမိုထိတွေ့ ဆက်ဆံဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ကလင်တန်က select government officials and parliamentarians လို့ သုံးသွားတော့ အားလုံးကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ နားလည်ရပါတယ်။ အရင်က ဒဏ်ခတ် ပိတ်ဆို့မှု စာရင်းထဲမှာ ပါနေတဲ့ လူတွေထဲက ပြုပြင် ပြောင်းလဲရေးကို ဆက်လက် ဆန့်ကျင် နေတယ်လို့ ယူဆသူများကိုတော့ လာခွင့်ပြုမှာ မဟုတ်ဘူးလို့ နားလည်မိပါတယ်။ အမေရိကန် အရာရှိတွေက ရှင်းလင်းရာမှာလည်း ဒီသဘောကို ရှင်းပြ သွားပါတယ်။
ပဉ္စမ လုပ်ငန်းကတော့ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ၊ ငွေကြေး ၀န်ဆောင်မှု လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်ဖို့ အကန့် အသတ်နဲ့ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ကလင်တန်က a targeted easing of our ban on the export of U.S. financial services and investment လို့ သုံးပြီး ပြောသွားပါတယ်။ ဒါ့ကြောင့် တစ်ချို့ ကန့်သတ်ချက်တွေ ကတော့ ဆက်ရှိနေဦးမယ့် သဘောပါပဲ။ အမေရိကန် အရာရှိတွေက ငွေကြေး ၀န်ဆောင်မှုနဲ့ ရင်းနှီး မြှုပ်နှံမှုအပေါ် ကန့်သတ်ချက်တွေကို အဆင့်ဆင့် လျှော့ပေါ့ ပေးသွားမယ်လို့ ဆိုတယ်။ သူတို့က မြန်မာနိုင်ငံမှာ အကြွေး ၀ယ်ယူခွင့်ကဒ် သုံးတာ အပါအ၀င် အီလက်ထရောနစ် ငွေကြေး ၀န်ဆောင်မှု ကိစ္စတွေ ထွန်းကား လာအောင် ကူညီမယ်၊ အမေရိကန် ဘဏ်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရုံးဖွင့်ခွင့် ရမယ်လို့ ဆိုတယ်။ ဒီတော့ အရင်က ပိတ်ထားတဲ့ ဒေါ်လာ အသုံးပြုပြီး နိုင်ငံတကာ  အရောင်း အ၀ယ်တွေမှာ ငွေချေခွင့် မပြုတာ၊ နောက်ပြီး အမေရိကန် ဘဏ်တွေမှာ ငွေစာရင်း ဖွင့်ခွင့် မရတာတွေ မရှိတော့ဘူး ဆိုတဲ့ သဘော ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ လူတိုင်းရမှာ မဟုတ်ဘူး။ အမေရိကန် အရာရှိတွေက ပြုပြင် ပြောင်းလဲရေးကို ဆန့်ကျင်နေသူတွေ၊ နောက်ပြီး မြန်မာနိုင်ငံထဲက နံမည်ပျက် စာရင်း သွင်းထားတဲ့ ဘဏ် တစ်ချို့နဲ့တော့ လုပ်ငန်း ဆက်စပ်ပြီး လုပ်ခွင့်ရမှာ မဟုတ်ဘူးလို့ ဆိုတယ်။ ရင်းနှီး မြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ပြည်သူ အများကို တိုက်ရိုက် အကျိုးရှိစေမယ့် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အားပေးမယ်။ စိုက်ပျိုးရေး၊ ခရီးသွား လုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်းမျိုးတွေ ဖြစ်တယ်လို့ ဥပမာ ပေးသွားပြီး သတ္တုနဲ့ ကျောက်မျက် ကဏ္ဍကတော့ အားမပေးဘူးလို့ ဆိုတယ်။
အမေရိကန် အရာရှိတွေက အခု လျှော့ပေါ့ ပေးမှုများဟာ အခြေခံ နှစ်ချက်ပေါ်မှာ မူတည်ပြီး လုပ်တာ ဖြစ်တယ်။ ပထမ အခြေခံမူက အစိုးရထဲက ပြုပြင် ပြောင်းလဲရေး သမားများနဲ့ သူတို့ရဲ့ မူဝါဒများကို ထောက်ခံ အားပေးကြောင်း ပြသဖို့ ဖြစ်တယ်။ နောက်အခြေခံမူက ပြုပြင် ပြောင်းလဲရေးကို ဆန့်ကျင် နေသူတွေ ရှိနေသေးတဲ့ အတွက် သူတို့ကို နောက်ကြောင်း ပြန်လှည့်ရင် ဘာတွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာ သတိပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
 
ပိတောက်မြေ

Thursday, April 5, 2012

နိုင်ငံတော်သမ္မတကြီး ဖတ်မိစေလိုပါသည်

 
အမေရိကန်ပြည်ထောင်စု အနောက်မြောက်ဘက်တစ်လွှားမှာ ဒီလို ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကြီး ၂၀ ကျော်နဲ့ တစ်နှစ်ကို လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၇၀ ကျော် ထုတ်လုပ်ကာ လူနေအဆောက်အဦးနဲ့ စက်ရုံအလုပ်ရုံပေါင်း ၄ သန်းကျော်ကို လျှပ်စစ် ဓါတ်အားထုတ်ပေးနေတဲ့ First Energy ကုမ္ပဏီကြီးရဲ့ ကျောက်မီးသွေးသုံးစက်ရုံအလုပ်လုပ်ပုံနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ထိန်းသိမ်းထားနိုင်ပုံကို သရုပ်ဖေါ်ထားတဲ့ 3D animated coal plant tour လေးပါခင်ဗျား...။


  
ကျောက်မီးသွေးစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံကထွက်လာတဲ့ စွန့်ပစ်ထွက်ကုန်တွေနဲ့ အဆင့်မြင့်ကွန်ကရစ်တွေဖေါ်စပ်ပြီး နိုင်ငံရဲ့ လမ်းဖေါက်လုပ်ရေး လုပ်ငန်းတွေ ၊ အဆောက်အဦးတည်ဆောက်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ပါတယ်ခင်ဗျား ။ 


၂၀၁၁ခု စာရင်းဇယားများအရ တစ်ကမ္ဘာလုံးလျှပ်စစ်ထုတ်လုပ်မှုရဲ့ ၄၁ % ၊ အမေရိကန်ပြည်ထောင်စုတစ်ခုလုံးရဲ့ ၄၅% ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ၇၉% ၊ အိန္ဒိယနိုင်ငံတစ်နိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်မှုရဲ့၆၉%ဟာ ကျောက်မီးသွေးက ထုတ်လုပ်ပါသည်ခင်ဗျား ။ ကမ္ဘာကလက်ခံသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီသည့် နည်းစဉ်များ ရှိနေပြီးဖြစ်ပါသည်ခင်ဗျား ။


တစ်ဘက်တွင် သဘာဝပတ်ဝန်းကျင်အတန်အသင့်ထိခိုက်သည်မှာမှန်သော်လည်း အခြားတစ်ဘက်တွင် လျှပ်စစ်ရရှိမှုကြောင့် သန်းနှင့်ချီသောပြည်သူလူထုနေ့စဉ်စားဝတ်နေရေး အတွက် လောင်စာအဖြစ် သုံးနေရသော ထင်းမီးသွေးများ သုံးစရာမလိုတော့သဖြင့် သစ်တောပေါင်းများစွာကို အကာအကွယ်ပေးနိုင်မည့်အပြင် ထိုမီးဖိုများမှနေ့စဉ်ထုတ်လွှတ်သော ကာဘွန် တန်ပေါင်းများစွာ ကိုလည်းလျှော့ချနိုင်မည် ဖြစ်ပါသောကြောင့် တစ်ဘက်ကဆုံးရှုံးသွားသော သဘာဝပတ်ဝန်းကျင်ကို အခြားတစ်ဘက်တွင်  ပြန်လည် ထိန်းသိမ်းနိုင်မည်သာ ဖြစ်ပါသည် ။


ကမ္ဘာ့စံနှုံးများအရ ၁၀၀၀ မီဂါဝပ်ရှိသော ကျောက်မီးသွေးသုံးစက်ရုံတစ်ရုံမှ တစ်နှစ်ထုတ်လုပ်နိုင်မည့် လျှပ်စစ်ပမာဏသည် ကီလိုဝပ်နာရီပေါင်း ( ၇ ) ဘီလီယံ ခန့်ထွက်ရှိမည်ဖြစ်ရာ ၁၀၀ ၀ပ်မီးချောင်း ၈ သန်းခန့်ကို ၂၄ နာရီ တစ်နှစ်ပတ်လုံး မီးလင်းစေနိုင်သော ပမာဏဖြစ်ပါသည် ။ ထိုပမာဏသည်ပင်လျှင် ယခု ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နမိတ်အတွင်း သုံးနေသော ပမာဏထက်ပိုပါသည် ။ ၄၀၀၀ မီဂါဝပ်ကို ရပ်ဆိုင်းမိပါသောကြောင့်လျှင် ထိုထက် ၄ ဆ ဆုံးရှုံးသွားပြီးဖြစ်ပါသည် ။ 


ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံများတည်ဆောက်ခြင်းသည် ဆည်တမံများတည်ဆောက်ခြင်းကဲ့သို့ ဆယ်စုနှစ်ချီ၍ ကြာသော စီမံကိန်းများ မဟုတ်သဖြင့် တိုင်းပြည်၏ အပြောင်းအလဲကို ရေတိုကာလအတွင်း ပြည်သူများခံစားနိုင်မည့် အရေးလည်း မြန်မာတို့ လက်လွှတ်ခဲ့ရပြီ ဖြစ်ပါသည် ။


သို့ဖြစ်ပါ၍  အမျိုးသားအကျိုးစီးပွားကို ရှေးရှု၍ ထားဝယ်ရေနက်ဆိပ်ကမ်း ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ စီမံကိန်းအား ရပ်ဆိုင်းလိုက်ခြင်းအပေါ် ပြန်လည်သုံးသပ်ပေးစေလိုပါသည်ခင်ဗျား ။ ၄၀၀၀ မီဂါဝပ်စက်ရုံစီမံကိန်းသည် တစ်နေရာတည်းတွင် ကြီးမားသောပမာဏဖြစ်ပါက  မိမိနိုင်ငံသုံးအတွက် သင့်တင့်သောပမာဏ ကိုခွင့်ပြုပေးစေလိုပါသည်ခင်ဗျား ။


သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းစောင့်ရှောက်လိုသူများ အနေဖြင့်လည်း အမျိုးသားအကျိုးစီးပွားကိုရှေးရှုကာ ပူးပေါင်းပါဝင်ကြစေလိုပါသည် ။
 
မီဒီယာများအနေဖြင့် တစ်ဘက်နိုင်ငံကပြည်သူများ လက်မခံသောစက်ရုံကြီး မိမိနိုင်ငံဘက်မှာ လာဆောက်ခြင်းအပေါ် မချင့်မရဲဖြစ်ပြီး မျိုးချစ်စိတ်အရင်းခံ ကာ စေတနာဖြင့် ထောက်ပြခြင်းဖြစ်နိုင် ပါသည် ။ အကယ်၍သာ ပတ်ဝန်းကျင်ထိခိုက်မှုနည်းပြီး တိုင်းပြည်အတွက် အကျိုးရှိပါမူ သို့တည်းမဟုတ် မိမိတိုင်းပြည်၏ သဘာဝပတ်ဝန်းကျင် အတန်အသင့်ထိခိုက်ခြင်းသည် သန်း၆၀ သော ပြည်သူ့အတွက်သက်သက်သာ ဖြစ်ပါမူ  မီဒီယာသမားများသည်လည်း မြန်မာနိုင်ငံသား များ တိုင်းပြည်ချစ်သူများသာ ဖြစ်ကြပါကြောင်း တင် ပြအပ်ပါသည် ။
 
လာမည့်လွှတ်တော်အစည်းအဝေးများတွင်   အဆိုပါ ကျောက်မီးသွေးစွမ်းအင်သုံးလျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစီမံကိန်းများအား  တင်ပြဆွေးနွေးကာ ပြည်သူ့ကိုယ်စားလှယ်များ၏ ထောက်ခံမှုရရှိမည် ဆိုပါက ပြည်လည် တည်ဆောက်စေခြင်းဖြင့် မြန်မာပြည်သူတို့၏ လူမှုဘ၀မြင့်မားလာရေး ကို စောင့်ရှောက်ပေးစေလိုပါသည်ခင်ဗျား။




Voice Of Myanmar

အားလုံးပျော်နိုင်ဖို့

ရွေးကောက်ပွဲကြီး ပြီးသွားပါပြီ။ ပြည်သူတွေလည်း ပျော်၊ နိုင်ငံတကာ ကလည်း ကျေနပ်တဲ့ ပွဲလည်း ဖြစ်ပါတယ်။ သမ္မတကြီး အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေအပေါ် နိုင်ငံတကာက ပိုပြီး ယုံကြည်မှု ရအောင် လုပ်နိုင်ခဲ့ပါပြီ။ အားလုံးနိုင်တဲ့ ပွဲလို့ ပြောရမှာပဲ။ ဒါပေမယ့် ပွဲပြီးမီးသေ ဖြစ်လို့လည်း မရသေးပါဘူး။ ဒီတော့ ဒီရွေးကောက်ပွဲ ကနေ ဘာတွေ ဆက်လုပ်ဖို့ လိုမလဲ စဉ်းစား ကြည့်ရအောင်။
ပထမဆုံးကတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းတွေ ပိုပြီး ထိရောက်အောင် လုပ်ဖို့ပါပဲ။ အခုဟာက ရွေးကောက်ပွဲ ကော်မရှင်က ပြည်ထောင်စု အဆင့်မှာပဲ အမြဲတမ်း ဖွဲ့စည်းထားပြီး ပြည်နယ်၊ တိုင်း၊ ခရိုင်နဲ့ မြို့နယ်၊ ကျေးရွာ အဆင့်တွေမှာ ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရပ်မိရပ်ဘ တွေနဲ့ ဖွဲ့စည်း ထားတာကို တွေ့ရပါတယ်။ ကော်မရှင် အမြဲတမ်း ဝန်ထမ်း၊ ကော်မရှင်ပိုင် ပစ္စည်း ဥပမာ ကွန်ပျူတာ စသည်ဖြင့် မရှိဘူး။ ဒါ့ကြောင့် သတင်းစာ ရှင်းလင်းပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ကော်မရှင်ဟာ ထိပ်ပိုင်းပဲရှိပြီး အောက်ခြေ အဆင့်မှာ ကျန်တဲ့ ဌာနတွေကို မှီခို လူပစ္စည်းတွေ သုံးနေရတယ်လို့ ဆိုတယ်။ ဒါဟာ မဲစာရင်းတွေ မပြည့်စုံခြင်း၊ မှတ်ပုံတင် နံပါတ်တွေ လွဲနေခြင်း များရဲ့ အဓိက အကြောင်း တစ်ချက်လည်း ဖြစ်တယ်။ အခု ၂၀၁၄ မှ သန်းခေါင်စာရင်း ကောက်မယ်၊ ၂၀၁၅ မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် မဲစာရင်းတွေ ပိုပြီး ပြည့်စုံအောင် စာရင်း ထိန်းသိမ်းဖို့၊ ရွေးကောက်ပွဲ ရလဒ်တွေကို အမြန်ဆုံး ပေးပို့နိုင်ဖို့ အတွက် ရွေးကောက်ပွဲ ဆိုင်ရာ Software တွေ လိုမှာ အမှန်ပဲ။ ကုလသမဂ္ဂနဲ့ အီးယူမှာ ဒါမျိုးတွေ အကူအညီ ပေးတဲ့ အတွေ့အကြုံတွေ ရှိပြီး ဖြစ်လို့ အခုထဲက ရွေးကောက်ပွဲ ကော်မရှင်ကို စတင် ကူညီ ပေးသင့်ပါပြီ။
နောက်ကိစ္စ တစ်ခုကတော့ အခု ရွေးကောက်ပွဲဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေး ဖြစ်စဉ်ထဲ ဝင်ပါလာအောင် လုပ်နိုင်ခဲ့တယ်။ ဒါဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေး  အတွက် အလားအလာကောင်းပဲ။ ဒါပေမယ့် ဒီနိုင်ငံရေး ဖြစ်စဉ်ထဲမှာ ဝင်မပါသေးတဲ့ တိုင်းရင်းသား အဖွဲ့တွေ အများကြီး ရှိသေးတယ်။ ဒီအဖွဲ့တွေ အနေနဲ့ ဝင်လာ ပါလာအောင် နိုင်ငံရေးအရ စည်းရုံး ဆွဲဆောင်တဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အားတစ်ခု ဖြစ်လာနိုင်တယ်။ ဒီလိုသာ လုပ်နိုင်ခဲ့ရင် နိုင်ငံရဲ့ အနာဆွေးကြီး ဖြစ်နေတဲ့ လက်နက်ကိုင် တိုက်ပွဲများ အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။
နောက်ဆုံးနဲ့ အရေးကြီးဆုံးကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒီအောင်မြင်မှုကို ဘယ်လို အသုံးချမလဲ ဆိုတာပါပဲ။ အောက်ခြေပါတီ ထောက်ခံသူတွေ အနေနဲ့ မန္တလေးမှာ အလွန်အကျွံ အောင်ပွဲခံမှုတွေ ရှိခဲ့ပြီး ဒါကို ဒေါ်အောင်ဆန်းစုကြည်က သတိ ပေးခဲ့ရတယ်။ လွှတ်တော် ထဲကို ရောက်လာမယ့် အင်န်အယ်လ်ဒီ အမတ်များ အနေနဲ့လည်း ကျန်ပါတီများ၊ အထူးသဖြင့် ပြည်ခိုင်ဖြိုး အမတ်များ၊ တပ်မတော်သား အမတ်များနဲ့  ကောင်းမွန်တဲ့ ဆက်ဆံရေးကိုသာ တည်ဆောက်နိုင်မယ် ဆိုရင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေက ပိုပြီးမြန်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ လွှတ်တော်ထဲ ရောက်တာနဲ့ အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေးကို အရင် စလုပ်မယ် ဆိုတဲ့ အယူအဆ ရှိသူများနဲ့ လက်ရှိ အခြေခံ ဥပဒေက အချက်တွေ၊ အခြေခံ ဥပဒေအရ ပေါ်လာတဲ့ အင်စတီကျူးရှင်း တွေကို အသက်ဝင်အောင် အရင် လုပ်ပြီးမှ ပြုပြင်ရေးကို လုပ်သင့်တယ် ဆိုတဲ့ အယူအဆ ရှိသူများလို့ တွေ့နေရ ပါတယ်။
မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဟာ အခွာ၊ အကူး၊ အခိုင် ဆိုတဲ့ အဆင့် သုံးဆင့်မှာ အခုအချိန်က အခွာ အဆင့်ပြီးလို့ အကူးအဆင့်ကို ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲ အပြီး အခြေအနေဟာ ပီပြင်တဲ့ အသွင် ကူးပြောင်းရေးကို စလိုက်တာပဲလို့ ဆိုနိုင်ပါတယ်။ ဒီအခြေအနေမှာ ပါဝင်သူတွေ အားလုံး လက်ဆမှန်ဖို့ လိုတယ်လို့ ထင်ပါတယ်။ အခြေခံ ဥပဒေထဲက အချက်တစ်ချို့ ကတော့ ပြောင်းရမှာပဲ။ သမ္မတကလည်း မိန့်ခွန်းထဲမှာ ပြောပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးမှာ Timing အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကျန်တဲ့ အဖွဲ့ အစည်းများက ခြိမ်းခြောက်မှု အဖြစ် မမြင်စေဘဲ ကူးပြောင်းရေးကို လုပ်နိုင်ဖို့ လိုပါတယ်။
အင်္ဂလိပ် ဝန်ကြီးချုပ် ချာချီကတော့ အောင်မြင်မှု ရတဲ့အချိန်ဟာ အန္တရာယ် အများဆုံး အချိန်ပဲလို့ ဆိုတယ်။ အောင်မြင်မှု ကြောင့် အချိန်အဆ၊ အဆုံးအဖြတ် မှားတတ်တာကို ဆိုတာပါ။ မြန်မာ့ နိုင်ငံရေးမှာလည်း အားလုံး ပျော်ချင်တယ် ဆိုရင် အဲဒီ အဆိုအမိန့် လေးကို နှလုံးသွင်းဖို့လိုမယ် ထင်ပါတယ်။
ပိတောက်မြေ

အမှောင်လှိုင်းထဲက ငမွဲတို့တိုင်းပြည်

  (ဇန်န၀ါရီလ ၉ ရက်နေ့က ရေးထားတဲ့ ဆောင်းပါးလေးကို ခုလိုမီးတွေပျက်နေချိန်မှာ သတိရလာလို့ ပြန်တင်ပေးလိုက်ပါတယ်)

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအတွင်း တည်ဆောက်ရန်စီစဉ်ထားတဲ့ မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်မည့် ကျောက်မီးသွေးဓာတ်အားပေး စီမံကိန်းကို အစိုးရက ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယနေ့နံနက်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တယ်လို့ သတင်းတွေအရ သိရပါတယ် ။

အကြောင်းကတော့ အဲဒီစီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်နိုင်သည့် အပြင်  ကျောက်မီးသွေး စီမံကိန်း၏ ဆိုးကျိုးများကို  မီဒီယာများက ထောက်ပြ၀ိုင်းဝန်းရေးသားမှုများ စသော အကြောင်းများကြောင့် အစိုးရက စီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ် ။

တစ်ခုပေးမှတစ်ခုရတဲ့ လောကကြီးမှာ ဘာမှမပေးပဲလိုချင်လို့ကတော့ ဘာမှမရနိုင်ပါဘူး ၊ အသက်ရှည်ချင်လား အိုရပါ့မယ် ၊ မအိုချင်ဘူးလား အူဝဲဆိုတာနဲ့ ခေါက်ကနဲသေလိုက် မအိုရတော့ပါဘူး ၊ ခုလဲဒီလိုပါဘဲ လျှပ်စစ်စွမ်းအင်လိုချင်လား သဘာဝပတ်ဝန်းကျင်ဆုံးရှုံးမှုတစ်ခုခု အနည်းနဲ့အများပေးရပါ့မယ် ၊ ဘာမှမပေးချင်ဘူးလား အမှောင်ထဲမှာငုတ်တုတ် နေလိုက် ဒါဘဲရှိပါတယ် ။ဘာမှလဲမပေးချင်ဘူး မီးလဲလင်းချင်တယ် ခေတ်လဲမီချင်တယ်ဆိုလို့ကတော့ရကိုမရပါဘူး။

ရုရှားနဲ့ ညူကလီးယားဓါတ်ပေါင်းဖိုလုပ်ပြီး လျှပ်စစ်ထုတ်မယ်ဆိုတုန်းကလဲ ၀ိုင်းကန့်ကွက်လို့ ရုရှားနဲ့မျက်နှာပျက်ပြီး အစိုးရကရပ်ပေးလိုက်ရတယ် ။ ဒီတော့ ရေအားကထုတ်မယ်လုပ်တယ် ဒီတော့လဲ သဘာဝပတ်ဝန်းကျင် ဘာဖြစ်တယ်ညာဖြစ်တယ် ဆိုလို့ မြစ်ဆုံစီမံကိန်းကို တရုတ်နဲ့မျက်နှာပျက်ပြီး အစိုးရက ရပ်ပေးလိုက်ရတယ် ။ ခုကျောက်မီးသွေးကနေ ထုတ်မယ်ဆိုတော့လဲ လာပြန်ပြီ ဒီသဘာဝပတ်ဝန်းကျင် ကြောင့် ထိုင်းနဲ့မျက်နှာပျက်ပြီး ရပ်ပေးလိုက်ရပြန်ပြီ ။

  Data from the BP Statistical Review 

ဒီပုံက ကမ္ဘာ့လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုရဲ့ ထက်ဝက်နီးပါးကို ကျောက်မီးသွေးက ထုတ်လုပ်နေတယ်ဆိုတာကို ပြနေပါတယ် ၊ အခုမြန်မာပြည်မှာလုပ်သလိုသာ  ကျောက်မီးသွေးကလျှပ်စစ် ထုတ်တာ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်လို့ တစ်ကမ္ဘာလုံးရပ်လိုက်ကြမယ်ဆိုရင် ကမ္ဘာကြီးတစ်ဝက် အမှောင်ကျသွားပါ့မယ်။ဒီအထဲမှာ ညူကလီးယားစွမ်းအင်တွေနဲ့ ခေတ်မီလှပါတယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ % ၊ တရုတ်ပြည်ရဲ့ ၇၉% ၊ အိန္ဒိယရဲ့ ၆၉ %ဟာ ချက်ချင်းအမှောင်ထဲကိုရောက်သွားပါ့မယ် ။

 
ကျောက်မီးသွေးကထုတ်မယ်ဆိုတိုင်း ငယ်ငယ်က ကျောက်မီးသွေးသုံးမီးရထားကြီးလို မီးခိုးတွေတလူလူထွက်ပြီး တလောကလုံး ဒုက္ခရောက်ကုန်တော့မယ်လို့ ဒီနေ့လို နည်းပညာတွေ တိုးတက်လှတဲ့ ခေတ်ကြီးမှာ တွက်လို့ မ၇တော့ပါဘူး clean coal technology ဆိုတာ ပေါ်နေပါပြီ ဒီနည်းပညာမှာ ကျောက်မီးသွေးကို raw Material အဆင့်မှာသန့်စဉ်လို့ရပါတယ် ၊ 


ဒါ့အပြင် လောင်ကျွမ်းတဲ့အဆင့် coal burning stage မှာလည်း totally burning process တွေကိုသုံးပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့ချလို့ရပါသေးတယ် ၊ ဒီလိုအခြေအနေမျိုးနဲ့ နိုင်ငံအတွက် လျှပ်စစ်လဲရ သဘာဝပတ်ဝန်းကျင်လဲ ထိခိုက်မှုသက်သာ ဆိုတဲ့ win - win အခြေအနေမျိုးကို ရနိုင်ပါတယ် ။

ဒီလိုပြောလိုက်တိုင်း မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် တစ်ခုတည်းကိုပဲ တရားသေဆုတ်ကိုင်ပြီး ပြောနေဆိုနေတဲ့ သဘာဝပတ်ဝန်းကျင်ဝါဒီတွေက ဘာကိုထောက်ပြသလဲဆိုရင် GAS ကနေထုတ်ဘို့ ထောက်ပြတတ်ကြပါတယ် ။ သဘာဝဓါတ်ငွေ့ကနေထုတ်လုပ်တာတဲ့နေရာမှာ အားသာချက်တွေ ရှိသလို အားနည်းချက်တွေလဲ အများကြီးရှိပါတယ် ။ဥပမာဆိုပါတော့ဗျာ ထားဝယ်ရေနက်ဆိပ်ကမ်း မှာ gas နဲ့လျှပ်စစ်ထုတ်ပြီဆိုပါစို့ သဘာဝဓါတ်ငွေ့ကို source တစ်ခုကနေယူရပါ့မယ် ၊ ဒီ source က သတ်မှတ်ကာလတစ်ခုထိ ၁၀၀ % ရနေမယ်လို့မသေချာပါဘူး ၊ အချိန်မရွေး မြေအောက်လှုပ်ရှားမှုကြောင့် pressure ကျပြီး ပိတ်လိုက်ရတဲ့ ဓါတ်ငွေ့တွင်းတွေကမ္ဘာပေါ်မှာ အများကြီးပါ ၊ ဒိလိုအခြေအနေမျိုးရုတ်တရက် ဖြစ်လာပြီဆိုရင် ထားဝယ်စက်မှုဒေသကြီးတစ်ခုလုံး ခဏရပ်ပြီးနောက်ထပ် GAS တစ်တွင်းရှာလိုက်ဦးမယ်ဆိုပြီး လုပ်လို့မရပါဘူး ။

နောက်တစ်ခုက သဘာဝဓါတ်ငွေ့ထွက်တဲ့နေရာကနေ ပိုက်လိုင်းအရှည်ကြီးတွေနဲ့ သွယ်တန်းရတာ ဖြစ်လို့ ဒီပိုက်လိုင်းတစ်လျှောက် တစ်စုံတစ်ယောက်က နှောက်ယှက်ဖျက်ဆီးလို့ပဲဖြစ်ဖြစ် ၊ သဘာဝဘေး အန္တရယ်တစ်ခုခုကြောင့် ဖြစ်ဖြစ် တစ်ခုခု ဖြစ်တိုင်း ဒီစက်မှုဒေသကြီးတစ်ခုလုံးဟာ တော်ကြာရပ်လိုက် ၊ တော်ကြာပြန်ကောင်းလိုက် ဖြစ်လို့မရပါဘူး ။


တစ်ခြားအခြေအနေတွေ အများကြီးရှိပါသေးတယ် ၊ ဒါမြင်သာတဲ့ဥပမာ ၂ ခုကို ထုတ်နှုတ်တင်ပြတာသာဖြစ်ပါတယ် ။ ကျောက်မီးသွေးစက်ရုံက ဒီလိုမဟုတ်ပါဘူး ကျောက်မီးသွေး အရင်းအမြစ်သာရှိနေ ပါစေ သူဟာ ၁၀၀% ထုတ်လုပ်နိုင်ဘို့သေချာပါတယ် ၊ စက်ချွတ်ယွင်းရင် အရန်ထားတဲ့ စက်က ထပြီးလည်လိုက်ရုံပါဘဲ ၊ ဒါကြောင့်ခေတ်မီလှပါတယ်ဆိုတဲ့ အမေရိကန် ပြည်ထောင်စုလိုနိုင်ငံမျိုးဟာ ဘယ်လောက်ပဲ သဘာဝဓါတ်ငွေ့တွေ ရှိနေပါစေ ၊ ဘယ်လောက်ပဲ ညူစွမ်းအင်တွေ ရှိနေပါစေ ကျောက်မီးသွေးကနေထုတ်တဲ့ စနစ်ကို လက်မလွှတ်တာဖြစ်ပါတယ် ။

 
 ကျောက်မီးသွေးစက်ရုံကိုလည်း မီဂါဝပ် အတန်အသင့်လျော့ချ ၊ သဘာဝဓါတ်ငွေ့စက်ရုံလည်း တည်ဆောက်ပြီး အမျိုးသားအကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက် ခြင်းသည်သာလျင် အကောင်းဆုံးဖြေရှင်းနည်းဖြစ်နိုင်ပါသည် ။

သဘာဝပတ်ဝန်းကျင်ကြောင့်သာ အရာရာကို လိုက်ရပ်ပေးနေရင် ကျွန်တော်တို့ တိုင်းပြည်ဟာ အမှောင်လှိုင်းထဲက ငမွဲတို့ တိုင်းပြည် ဘ၀ကနေ တက်တော့မှာကို မဟုတ်ပါဘူး....

အခြားဆက်စပ်မှုရှိသောဆောင်းပါး

ဒါဖတ်ပြီးမှ ထားဝယ်ရေနက်ဆိပ်ကမ်းက ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ စီမံကိန်းကို ကန့်ကွက်ပါ

Wednesday, April 4, 2012

စိတ်တိုလွန်းလို့ရေးလိုက်တယ်

ဒီရက်ပိုင်းပြည်သူတွေကြားမှာ စိတ်အနှောက်အယှက်ဖြစ်နေရတဲ့ အကြောင်းကိုပြောပါဆိုရင် မီးပျက်တဲ့ကိစ္စဟာ ထိပ်ဆုံးကပါနေမှာပါဘဲ မီးပျက်တဲ့အတွက် နောက်ဆက်တွဲတွေကတော့ အများကြီးပေါ့ဗျာ ပြောရင်ဆုံးမှာမဟုတ်ပါဘူး စီးပွားရေး၊ လူမှုရေး ၊ ပညာရေး ၊ ကုန်ထုတ်လုပ်ရေး အကုန်လုံး ကျွဲကူးရေပါဆိုသလို အကုန်ထိခိုက်ကုန်တာပါဘဲ ဒါဘာမှ ထူးပြီးတွက်ပြနေစရာမလိုပါဘူး ။
 

  Data from the BP Statistical Review 

ဒီပုံကိုကြည့်ပါ ကမ္ဘာကျော်  BP ကုမ္ပဏီကြီးရဲ့  Statistical Review မှာဖေါ်ပြထားတဲ့ ကမ္ဘာတစ်လွှားမှာ လျှပ်စစ်ထုတ်လုပ်မှု အရင်းအမြစ်တွေကို လေ့လာတင်ပြထားတဲ့ အချက်အလက်တွေပါ ကျောက်မီးသွေးကနေ ၄၁% ထိ ထုတ်လုပ်နေပါတယ် ရေအားက ၁၆% ၊ သဘာဝဓါတ်ငွေ့က ၂၁% ထုတ်နေရပါတယ် ။အမေရိကန်ပြည်ထောင်စုရဲ့ ၄၅% ၊ တရုတ်ပြည်ရဲ့ ၇၉% ၊ အိန္ဒိယရဲ့ ၆၉% ဟာ ကျောက်မီးသွေးကနေထုတ်ရပါတယ် ။

မြန်မာပြည်မှာကတော့ သဘာဝပတ်ဝန်းကျင်ကို လေနဲ့ကာကွယ်နေတဲ့ ဦးအုန်းတို့လို နာဂစ်ကို သောက်တလွဲမှန်းခဲ့တဲ့ ထွန်းလွင်တို့လို သဘာဝပတ်ဝန်းကျင်သမားလိုလို ဘာလိုလိုလူတွေက သဘာဝပတ်ဝန်းကျင်ရှုထောင့် တစ်ခုတည်းကနေကြည့်ပြီး တောင်ပြောမြောက်ပြော ပြော ၊  အစိုးရက တစ်ခုခုလုပ်မယ်ဆိုရင် ထိုင်ကန့်ကွက် တဲ့ အလုပ်ကလွဲလို့ ဘာအလုပ်မှမရှိတဲ့ လူတွေက များနေတော့ ၊ နောက်ဆုံးမှာအစိုးရက ထားဝယ်မှာလုပ်မယ့် မီဂါဝပ် ၄၀၀၀ ကျောက်မီးသွေးစက်ရုံစီမံကိန်း ရပ်ပေးလိုက်ရတယ် ဒီတော့ ခုမီးပျက်ပြီ ဒီကောင်တွေ ဘာလုပ်ပေးနိုင်လဲ ၊ ဘာမှမလုပ်ပေးနိုင်ဘူး အရင်ကမီးပျက်ရင် ဟိုစီမံကိန်းပြီးရင် ကောင်းလာနိုး ၊ ဒီစီမံကိန်းပြီးရင်ကောင်းလာနိုး မျှော်လို့၇သေးတယ် ခုမျှော်စရာတောင်မရှိတော့ဘူး ။သိပ်စိတ်ပျက်ဘို့ကောင်းတယ် ။

ရိုင်းရိုင်းပဲပြောလိုက်မယ် လင်လိုချင်ရင် အပျိုရည်ပျက်ရမယ် ၊ အပျိုရည်မပျက်ချင်ရင် လင်မယူနဲ့ ဒါပဲရှိတယ် လင်လဲလိုချင် အပျိုရည်လည်းမပျက်ချင်ဘူးဆိုတဲ့ အချိုးမျိုးလာချိုးနေတဲ့ ဒီသဘာဝပတ်ဝန်းကျင်သမားလိုလို ဘာလိုလို ငကြောင်တွေရယ် ဒီငကြောင်တွေနဲ့ရောယောင်ကြောင်နေတဲ့ ဖလဖခ မီဒီယာတွေရယ်ကို တွေ့တဲ့နေရာမှာ နုတ်နုတ်စဉ်းပစ်ချင်တဲ့စိတ်တွေ တဖွားဖွားပေါ်နေတယ် ။


ဆိတ်ဖွား



Tuesday, April 3, 2012

TIME မဂ္ဂဇင်းကြီးမှာ မဲဆက်ပေးကြပါစို့

 
ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းကြီးရဲ့ ကမ္ဘာ့သြဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်က အမှတ်စဉ် ၁၃ ၊ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က အမှတ်စဉ် ၅၄ မှာ အသီးသီးရပ်တည်လျှက်ရှိပါတယ် ။ မဲပေးလိုသူများ တိုင်းမ် မဂ္ဂဇင်းကြီးရဲ့ အင်တာနက်စာမျက်နှာမှာ မဲပေးနိုင်ကြောင်းသိရှိရပါတယ် ။အပြီးသတ်ရွေးချယ်မှုကို ဧပြီလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ကြေငြာမှာ ဖြစ်ကြောင်းလည်းသိရပါတယ် ။


သမ္မတကြီးဦးသိန်းစိန်ကို မဲပေးလိုသူများ ဒီနေရာ ကိုနှိပ်ပြီးမဲပေးနိုင်ပါတယ် ။


ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးလိုသူများ ဒီနေရာ ကိုနှိပ်ပြီးမဲပေးနိုင်ပါတယ် ။

အဆင့်လိုက် မဲရရှိမှုအခြေအနေကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ် ။

တိုင်းချစ်ပြည်ချစ်စိတ်ရှိသူများ ၊ မြန်မာကိုကမ္ဘာကသိစေလိုသူများ မြန်မာနိုင်ငံသား ထင်ရှားကျော်ကြားပုဂ္ဂိုလ်များအား တက်ညီလက်ညီ မဲပေးကြပါရန် Voice Of Myanmar မှ တိုက်တွန်းရေးသားအပ်ပါတယ် ။

Voice Of Myanmar

Monday, April 2, 2012

တိုက်စစ်မှူးကောင်းတစ်ယောက် လက်ရွေးစင်အသင်းသို့ ရောက်ရှိခြင်း



 မြန်မာနိုင်ငံရဲ့ ကြားဖြတ်ရွေးကောက်ပွဲကြီးကား အောင်မြင်စွာနှင့် ပြီးဆုံးခဲ့ပေပြီ ၊ အများမျှော်လင့်တောင့်တနေသော NLD ပါတီလည်း နေရာတိုင်းလိုလိုတွင် အနိုင်ရရှိသွားခဲ့ပေပြီ ၊ NLD ပါတီအနိုင်ရသဖြင့် ရွေးကောက်ပွဲကြီးမတရား ဟူသောအသံများလည်း ခလုပ်ပိတ်လိုက်သကဲ့သို့ ရပ်၍သွားခဲ့ပေပြီ ၊ NLD ပါတီဝင်များနှင့် ထောက်ခံကြသူများ အောင်ပွဲခံနေကြသည်မှာလည်းကြားဖြတ် ရွေးကောက်ပွဲ နှင့်မတူပဲ ၂၀၁၂  ဧပြီ ၁ ရက်နေ့မတိုင်မီကတည်းက သင်္ကြန် ကျသကဲ့သို့ ဖြစ်နေသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တားယူရသည်အထိဖြစ်ခဲ့၏ ၊ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့လေပြီ ။

ရှုံးနိမ့်သွားသူတို့ရော အနိုင်ရသွားသူတို့ရော မြန်မာနိုင်ငံသားများသာဖြစ်ကြသည် ထူး၍ ၀မ်းနည်းရန်မလိုသလို အလွန်အမင်း ၀မ်းသာရန်လည်းမလိုအပ်ပါပေ ၊ ဘောလုံးစကားနှင့်ပြောရပါမူ နိုင်ငံတကာ ပွဲများကန်ရန်အတွက် တစ်သင်းတည်းကို နှစ်ဘက်လူခွဲကန်ကာ လူရွေးသည့်အဆင့်၏ အစိတ်အပိုင်းတစ်ခု ပြီးဆုံးသွားခြင်းမျှသာဖြစ်လေသည် ၊  မိမိရွေးချယ်လိုက်သော PLAYER များ ပွဲလယ်တင့်စေရန် PLAYER များကိုယ်တိုင် လေ့ကျင့်ပြင်ဆင်သွားရန်လိုအပ်သလို အဘက်ဘက်မှ ပံ့ပိုးထောက်ပံ့မှုများလိုနေဦးမည်သာ ဖြစ်ပေသည် ၊ အရှိန်တံ့သွား၍မဖြစ် ၊ စိတ်ဝမ်းကွဲ၍မဖြစ် ပွဲပြီးမီးသေဖြစ်၍မရ ၊ တကယ်က အခုမှ စရမည်သာဖြစ်ပါသည် ။

မြန်မာ့နိုင်ငံရေး လက်ရွေးစင်အသင်းတွင် ခေတ်အဆက်ဆက် အားနည်းလှသော ရှေ့တန်းတိုက်စစ်မှုးနေရာတွင် ဒေါ်အောင်ဆန်းစုကြည်ဟူသော ပါရမီရှင်တိုက်စစ်မှူးကောင်း တစ်ဦးကို မြန်မာပြည်သူတို့ ရွေးချယ်ပေးလိုက်နိုင်ပြီဖြစ်ပါ၍ အနာဂတ် မြန်မာ့နိုင်င့ရေးလက်ရွေးစင်အသင်းကြီးသည် အင်အားအတော်တောင့်လာသည်မှာကား အမှန်ပင်ဖြစ်ပါသည်  ။ မြန်မာ့နိုင်ငံရေးလက်ရွေးစင် အသင်းကြီး၏ ပိုင်ရှင်အစစ်ကား မြန်မာနိုင်ငံသားမိဘပြည်သူများသာ ဖြစ်ကြပါသည် ၊ဤသို့ဆိုသော် ဖာဂူဆန် ၊ မော်ရင်ဟိုတို့ကဲ့သို့ အသင်းကြီးကိုအဓိကမောင်းနှင်မည့်သူမှာ မြန်မာ့ပြုပြင်ပြောင်းလဲရေးသမားကြီးဟုကမ္ဘာကပင်သတိထားမိလာနေသော သမ္မတကြီး ဦးသိန်းစိန်ပင် ဖြစ်ပါလိမ့်မည် ဒေါ်အောင်ဆန်းစုကြည်ကတော့ အဆုံးအဖြတ်ဂိုးများကို ကိုယ်တိုင်လည်းသွင်း သူများကို လည်း ဖန်တီးနိုင်ခဲ့ပါသော် မြန်မာတို့သည် ကမ္ဘာ့ဖလားနှင့် အဘယ်မှာဝေးပါတော့မည်နည်း၊ အဘယ်မှာ မအောင်နိုင်ပဲရှိပါတော့မည်နည်း ၊ အဘယ်မှာပွဲလယ်မတင့်ပဲရှိပါတော့မည်နည်း ။

မင်းထက်