xmlns:fb="https://www.facebook.com/2008/fbml"> Voice Of Myanmar: နတ်တွေများ သတင်းထောက်လုပ်နေပြီလား ELEVEN MEDIA

Monday, January 14, 2013

နတ်တွေများ သတင်းထောက်လုပ်နေပြီလား ELEVEN MEDIA


ELEVEN မီဒီယာရဲ့ ကချင်ဒေသမှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲနဲ့ပတ်သက်တဲ့သတင်းပါ ၊ KIA က တံတားချိုး ၊ လူနေရပ်ကွက်ထဲမိုင်းခွဲ ၊ ရထားလမ်းမိုင်းထောင် သတင်းတွေရေးရင်တော့ ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်တို့ ၊ ဒီသတင်းနဲ့ပတ်သက်ပြီး KIA ကိုအတည်ပြုမေးမြန်းသော်လည်း ယခုထိဆက်သွယ်လို့မရသေးတို့ ၊ မြန်မာအစိုးရကစွပ်စွဲထားပါတယ်တို့ ဆိုတဲ့အသုံးအနှုံးတွေရေးပြီးတော့ ၊ ခု လိုင်ဇာလဲ ဗုံးကျရော............

 "  ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက် နံနက် (၈း၁၅) မိနစ် အချိန်တွင် ဒေါ့ဖုန်းယန် တပ်မတော် စခန်းမှ ၁၀၅ မမ လက်နက်ဖြင့် လိုင်ဇာမြို့ပေါ် လူနေရပ်ကွက်များသို့ (၄) ချက်ပစ်ခဲ့ပြီး (၃) လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။ " ဆိုပါလား ....

တပ်မတော်ရဲ့ ဘယ်စခန်းက ၊ လိုင်ဇာရဲ့ ဘယ်နေရာကို ၊ ဘာလက်နက်အမျိုးအစားနဲ့ ၊ ဘယ်အချိန် ၊ ဘယ်နှစ်ချက်ပစ် ၊ ဘယ်နှစ်လုံးကွဲ .....ဟား..ဟ နတ်တွေများ မင်းတို့ သတင်းဌာနမှာ သတင်းထောက်ခန့်ထားလားကွာ.... KIA ကပြဿနာကြီးအောင် တရုတ်ပြည်ထဲပစ်ထည့်တာတို့ ၊ လူနေရပ်ကွက်တွေဘက်ကို ပြန်ပစ်တာတို့ ရော မဖြစ်နိုင်ဘူးလား ......


သူ့ပထွေး လူစီးရထားကိုမိုင်းခွဲတဲ့သတင်းကျတော့ ဟိုလိုလို ဒီလိုလိုနဲ့  ဘယ်သူခွဲတယ်ဆိုတာမပါဘဲ ရေးထားတယ် ၊ ဘာစစ်ရေးအမြင်မှမရှိတဲ့ အောက်တန်းစား သတင်းမီဒီယာတွေမင်းမူနေသ၍ ဒီတိုင်းပြည်ကြီးပွားစရာအကြောင်းမမြင်ပါ ။

ဒေါက်တာဆိတ်ဖွား